အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) လေပွေကဲ့သို့ ခြေလှမ်းများ
လဲ့ချန်က ဒဏ်ရာရထားသော လက်မောင်းကို ထိန်းကိုင်လျက် ပြောလိုက်သည်။
"သွားကြရအောင်... အိမ်ပြန်မယ်..."
သူတို့ နှစ်ယောက်မှာ လှည်းအိုကြီးကို ဆွဲ၍ ရွာရှိရာသို့ ခြေမသန်မသန်ဖြင့် လျှောက်လာကြသည်။
ရွာအဝင်ဝသို့ ရောက်သည်နှင့် ရွာသားအုပ်စုက ချက်ချင်းပင် ဝိုင်းရံလာကြသည်။
"ဒါက ဘာအသစ်အဆန်းလဲ..."
ကုန်စည်များ တင်ဆောင်လာသည့် အမျိုးသမီးတစ်ယောက်က အနီးကပ် စိုက်ကြည့်နေ၏။
"အကုန်လုံး အမည်းရောင် ဖြစ်နေတာပဲ၊ ကြီးမားတဲ့ သားရဲ တစ်ကောင်နဲ့ တူတယ်"
တုတ်ကောက်ကို မှီတွယ်ရင်း ရောက်လာသည့် အဘိုးအို တစ်ယောက်က ပြောသည်။
"တောဝက် ဖြစ်မလား..."
စူးစမ်းလိုစိတ်ရှိသူများ ပိုမိုများပြားလာပြီး ထိုအမည်းရောင်အရာမှာ အဘယ်အရာ
ဖြစ်သနည်းဟု သိလို၍ ဝိုင်းအုံလာကြသည်။
လဲ့ချန်နှင့် အားကော်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူ့ကိုမျှ ရှင်းပြမနေတော့ပေ။
ကျွန်တော့် စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိသည်။
* အမြန်ဆုံး အိမ်ပြန်မယ်၊ ရေချိုးမယ်၊ ပြီးရင် ကောင်းကောင်း အိပ်စက်မယ်*
အိမ်နှင့် ခြေလှမ်းအနည်းငယ်သာ လိုတော့သည့်အခါ တံခါးပေါက်ရှေ့တွင် ရပ်နေသည့် မိန်းမချောလေး တစ်ယောက်ကို လဲ့ချန် မြင်လိုက်ရသည်။
သူမက ဟိုကြည့်သည်ကြည့် လုပ်နေ၏။ ချီလန် ဖြစ်သည်။
လဲ့ချန် သူမကို မြင်လိုက်ရသောအခါ ထိုနေ့က ဝက်ဝံနှင့် တိုက်ပွဲဖြစ်စဉ်က ကျန်ရစ်သော ကြောက်ရွံ့မှုများ ပြန်လည် ပေါ်လာသည်။
သူက ကျယ်လောင်စွာ အော်ခေါ်လိုက်၏။
"မိန်းမ..."
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ချီလန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏ အကြည့်တို့က လဲ့ချန်ဆီသို့ တန်းတန်းမတ်မတ် ရောက်သွားသည်။
"ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ... ကျွန်မ စိုးရိမ်လိုက်တာ”
"အဆင်ပြေပါတယ် လန်အာ... ကိုယ် ပြန်ရောက်လာပြီ"
လဲ့ချန်က ချီလန်၏ ဆံပင်များကို နှစ်သိမ့်ပေးသည့်အလား သပ်တင်ပေးလိုက်သည်။
"ဒါ... ဒါက ဘာလဲ..."
ချီလန် စိတ်အေးသွားပြီးနောက် သူမ၏ အကြည့်တို့က လှည်းပေါ်ရှိ အမည်းရောင် အရာကြီးဆီသို့ အလိုလို ရောက်သွား၏။
"ဟဲဟဲ... ဒါက ကောင်းတဲ့အရာပဲ”
လဲ့ချန်၏ အသံကြောင့် ချီလန်က ပို၍ သိချင်လာသည်။
"ရှင်က အမြဲတမ်း လျှို့ဝှက်နေတာပဲ အိမ်ထဲ အခုပဲ ဝင်ခဲ့တော့... ရှင်က နံစော်နေတာပဲ၊ သွားပြီး ရေချိုးလိုက်စမ်း”
သူတို့သုံးယောက် အိမ်ဝင်းထဲသို့ ဝင်သွားပြီး လဲ့ချန်က လှည်းပေါ်မှ ပစ္စည်းများကို အမြန် ဖြည်ချလိုက်သည်။
အဝတ်စကို ဖယ်ရှားလိုက်သောအခါ ထိုနေရာတွင် ကြီးမားလှသော ဝက်ဝံအမည်းကြီးတစ်ကောင်က လှည်းပေါ်တွင် ပက်လက်အနေအထားဖြင့် ကြမ်းတမ်းစွာ ရှိနေသည်။
"အိုး... ဘုရားရေ"
"ဒါက... ဝက်ဝံကို တကယ်ပဲ ဖမ်းလာတာလား"
"မရီးရေ... ဘယ်လိုလဲ ကျွန်တော်တို့ တော်တယ် မဟုတ်လား..."
ချီလန်မှာ အံ့အားသင့်သွားပြီး အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားသည်။
ချီလန်မှာ သတ္တိရှိသူဖြစ်သော်လည်း ဤမျှ ကြီးမားလှသော သားရဲကို မျက်စိရှေ့တွင် မြင်လိုက်ရသောအခါ သူမ၏ ခြေထောက်တို့မှာ အားနည်းသွားသည်။
"အစ်ကိုချန်... ဒီဝက်ဝံက ကြောက်ဖို့ ကောင်းလိုက်တာ..."
"ဘာကို ကြောက်နေတာလဲ သူက သေနေပြီလေ ဒါက တန်ဖိုးရှိတဲ့ ပစ္စည်းတွေပဲ... ဝက်ဝံသားရေက ဈေးကောင်းရတယ် မနက်ဖြန်ကျရင် အသားအရည် ခွာပြီး ခရိုင်မြို့မှာ သွားရောင်းမယ်"
"အိုး... ဒါဆိုရင် ပိုက်ဆံရမှာပေါ့"
ဤစကားကို ကြားလိုက်သောအခါ ချီလန်၏ ကြောက်လန့်နေသော မျက်ဝန်းတို့မှာ ချက်ချင်းပင် အရောင်တောက်ပလာ၏။
ထိုအချိန်တွင် အိမ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး တံခါးပေါက်နောက်မှ ခေါင်းငယ်နှစ်ခု ပြူထွက်လာသည်။
ရှောင်ရှောင်က အရင်ဆုံး ပြေးထွက်လာပြီး သူမ၏ ကြီးမား ဝိုင်းစက်သော မျက်လုံးများဖြင့် ဝင်းထဲရှိ ဝက်ဝံအမည်းကြီးကို စိုက်ကြည့်နေသည်။
"ဝိုး အဖေ... တကယ်ပဲ ဝက်ဝံကို ဖမ်းလာတာလား အဖေက တော်လိုက်တာ"
ကလေးမလေးမှာ လဲ့ချန်ဆီသို့ အမြန် ပြေးသွားပြီး သူ့လက်မောင်းကို ဆွဲကာ လှုပ်ယမ်းလိုက်သည်။
"အု..."
လဲ့ချန်မှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လျက် အသံအနည်းငယ် ထွက်ပေါ်သွားသည်။
ရှောင်ရှောင် ဖက်လိုက်သောအခါ လဲ့ချန်၏ ဒဏ်ရာကို ထိမိသွားပြီး အနာထဲမှ သွေးများ ယိုစီးလာကာ အင်္ကျီလက်အများစုမှာ နီရဲသွားသည်။
"အဖေ... သွေးတွေ ထွက်နေပြီ"
ဒါကို မြင်လိုက်ရသော ရှောင်ရှောင်မှာ စိုးရိမ်လွန်း၍ အသံများပင် တုန်ရီနေသည်။
"တောင်းပန်ပါတယ်... သမီး မရည်ရွယ်ပါဘူး"
"ရှောင်ရှောင်... မငိုနဲ့... အဖေက သန်မာပါတယ်၊ အဆင်ပြေသွားမှာပါ"
လဲ့ချန်က ရှောင်ရှောင်၏ ခေါင်းကို ပုတ်လျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အမြဲတမ်း ဘာမှမဖြစ်ဘူးလို့ပဲ ပြောနေတာ ကျွန်မ သိပါတယ်..."
ချီလန်က အမြန်ပြေးလာသည်။
“ဒီလောက်ဖြစ်နေတာတောင် တဇွတ်ထိုး လုပ်နေသေးတယ် ရှောင်ရှောင်... အိမ်ထဲ အမြန်ဝင်ပြီး ဆေးသေတ္တာယူခဲ့"
ကလေးမလေးက မျက်ရည်များဖြင့် ခေါင်းညိတ်၍ အိမ်ထဲသို့ ပြေးဝင်သွားပြီး လဲ့ချင်းကို အော်ခေါ်လိုက်သည်။
လဲ့ချင်း အိမ်ထဲမှ ထွက်လာပြီး ဝက်ဝံကို တစ်ချက်သာ ကြည့်လိုက်သည်။
ထို့နောက် သူသည် သွေးများဖြင့် ပြည့်နေသော အစ်ကိုဖြစ်သူ လဲ့ချန်၏ လက်မောင်းကို ကြည့်လိုက်၏။
"အစ်ကို... ဒီအကောင်ကြီးက ကိုင်တွယ်ရ မလွယ်ဘူးလေ။ ဘာလို့ အန္တရာယ်ကို ဒီလောက်ထိ စွန့်စားရတာလဲ အစ်မက အစ်ကို့ကို ဆူမှာကို ကြည့်နေဦး"
"ရှင်ကတော့ အရမ်းတဇွတ်ထိုးလုပ်တာပဲ... အန္တရာယ်ကို ဘယ်တော့မှ ဂရုမစိုက်ဘူး
ချီလန်က ဆူပူနေသော်လည်း သူမ၏ လက်များကမူ လဲ့ချန်၏ ဒဏ်ရာကို ပတ်တီးစည်းပေးရန် အမြန်လှုပ်ရှားနေသည်။
"နောင်ဆိုရင် တောမလိုက်ပါနဲ့တော့... တစ်မိသားစုလုံး အစ်ကို့ကိုပဲ အားကိုးနေရတာလေ
"ကောင်းပါပြီ... ကောင်းပါပြီ... ဒါက အနာ အနည်းငယ်ပဲပါ"
လဲ့ချန်က ဘာမှမပြောတော့သော်လည်း သူ့မိသားစု၏ ဂရုစိုက်မှုကို ခံစားရ၍ ရင်ထဲတွင် နွေးထွေးသွားသည်။
လဲ့ချန်၏ ဇနီးနှင့် ကလေးများကိုကြည့်ရင်း လဲ့အားကော်မှာ နှောင့်ယှက်ခြင်း မပြုတော့ဘဲ သူ့အိမ်သို့ ပြန်၍ ရေချိုးလိုက်သည်။
မိသားစုမှာ ညစာစားပွဲဝိုင်းတွင် စုရုံးနေကြသည်။
ရှောင်ရှောင်က ထမင်းကို စားရင်း "အဖေ... မနက်ဖြန် ဝက်ဝံသားရေ ရောင်းပြီးရင် သမီးကို သကြားလုံး ဝယ်ပေးမလား" ဟု မေးလိုက်သည်။
"ဝယ်ပေးမှာပေါ့... ကလေးလေးရယ်"
"မနက်ဖြန် အဖေက သမီးကို ခရိုင်မြို့ ခေါ်သွားမယ်။ သမီး လိုချင်တာ အကုန် ဝယ်ပေးမယ်
"အစ်ကို... ညီမလည်း အဝတ်သစ် ဝယ်ချင်တယ်”
လဲ့ချင်းက ဝင်ပြောသည်။
"ရပါတယ်... အကုန်ဝယ်ပေးမှာပေါ့”
လဲ့ချန်က လက်ကို ဝှေ့ယမ်းကာ သဘောတူလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် မိုးလင်းခါနီး၌ လဲ့ချန်က အိပ်ရာမှ ထ၍ အလုပ်ရှုပ်နေသည်။
သူက ဓားမကို ကိုင်၍ ဝင်းထဲသို့ ထွက်ကာ ဝက်ဝံသားရေကို လျင်မြန်စွာ ခွာလိုက်သည်။ ထို့နောက် သန့်ရှင်းသော ရေဖြင့် အကြိမ်ကြိမ် ဆေးကြောလိုက်သည်။
သွေးများ ရောနှောနေသော ရေများမှာ မြေပြင်ပေါ်သို့ ပေကျံနေသည်။
သို့သော် သူ့လက်ထဲတွင်ရှိသော သားရေမှာ ကြည့်လေ ကြည့်လေ ပို၍ လှပလာသည်။
"ဒီဝက်ဝံသားရေ... တောက်... တကယ့်ကို ကိုင်ရတာ ကောင်းလိုက်တာ
ချီလန်က နောက်မှ လိုက်ကြည့်လျက်
"ဒါဆို ဈေးကောင်းရမှာ အသေအချာပဲ”
"မင်း အစောကြီး ထလာတာလား"
"နေကို ကြည့်ရတာ မနက်ဖြန်ဆိုရင် အခြောက်ခံလို့ ရတော့မယ်။ မနက်စောစောစီးစီး မိသားစုလိုက် ခရိုင်မြို့ သွားကြရအောင်"
လဲ့ချန်၏ အိမ်တွင် သဟဇာတ ဖြစ်နေသော်လည်း လျိုတာကျူးနှင့် ဝေ့လောင်တာတို့ကြားရှိ လေထုမှာ လုံးဝ ကွဲပြားခြားနားနေ၏။
"ကြားမိလား အဲဒီကောင် လဲ့ချန်က မနေ့က ဝက်ဝံအကြီးကြီးတစ်ကောင် တကယ် ဖမ်းလာနိုင်တယ်တဲ့"
လျိုတာကျူးက နှုတ်ခမ်းကို စူလိုက်သည်။
"အကြီးကြီးလား စိတ်ကူးမယဉ်ပါနဲ့ သူ ဒီလောက်လွယ်လွယ်နဲ့ ပိုက်ဆံရသွားအောင် ဘယ်လိုလုပ် ခွင့်ပြုမှာလဲ"
ဝေ့လောင်တာက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ရာ ဒဏ်ရာရထားသော ကျောပြင်က နာကျင်နေဆဲဖြစ်သည်။
နောက်ဆုံးအကြိမ်က ဒဏ်ရာမှာ အပြည့်အဝ မပျောက်သေးသော်လည်း လဲ့ချန်ကို လက်စားချေချင်စိတ်မှာ ပို၍ ပြင်းထန်လာသည်။ ဘယ်လို လက်စားချေရမလဲ။
"ဒီကောင် ဒီလောက်ထိ စွမ်းနိုင်မယ်လို့ မထင်ထားဘူး ငါ့မှာ အကြံတစ်ခု ရှိတယ်..."
လျိုတာကျူးက အနားသို့ တိုးကပ်လာသည်။
"ဘယ်လိုအကြံလဲ အမြန်ပြောပါဦး”
"လဲ့ချန်က ပြဿနာတွေ ရှာနေတာ ကြာတော့မှာ မဟုတ်ဘူး သူတို့ကို ဖယ်ရှားပစ်ပြီး အကုန်လုံးကို သိမ်းဆည်းလိုက်ရအောင် ငါ့အတွက် လျော်ကြေးလို့ သဘောထားပြီး ညီအစ်ကိုတွေလည်း အဝ စားရမှာပေါ့"
"ခေါင်းဆောင်က ဉာဏ်ကောင်းလိုက်တာ ဒါဆို သဘောတူပြီ ဒါပေမဲ့ အဲဒီကောင်ကို ဘယ်လို ဖယ်ရှားမလဲ”
ဝေ့လောင်တာက စားပွဲကို လက်ဖြင့် ခေါက်လိုက်သည်။ “ဒေါက်…ဒေါက်…ဒေါက်” အသံ ထွက်ပေါ်လာသည်။
"မဟုတ်မမှန် သတင်းတစ်ခု ဖြန့်လိုက် သူ အဲဒီ ထောင်ချောက်ထဲ ဝင်လာလိမ့်မယ်”
ဤစကားကို ကြားသောအခါ လျိုတာကျူးက ခေါင်းညိတ်လိုက်သည်။
"ခေါင်းဆောင်က... တကယ့်ကိုဉာဏ်ကောင်းတယ် ဒီအစီအစဉ်က တကယ် ထက်မြက်တယ်"
သူက လက်ကို ပွတ်သပ်လိုက်သည်။
“ဒါဆို သူ အာရုံလွဲနေချိန်မှာ ဝက်ဝံသားရေကို ခိုးယူသွားကြတာပေါ့”
"ဒီညမှာ အာ့ကျူးကို ရွာရဲ့ အနောက်ဘက် တောင်ပေါ်မှာ ရွှေလင်းယုန်တစ်ကောင် ပေါ်လာတယ်လို့ သတင်းဖြန့်ခိုင်းလိုက်မယ် ဘယ်သူက မက်မောမှာ မဟုတ်ပါ့မလဲ လဲ့ချန်လည်း ငြိမ်နေမှာ မဟုတ်ဘူး"
အစီအစဉ်မှာ ပြီးမြောက်သွားပြီ။ အခု အကောင်အထည် ဖော်ရုံသာ ရှိတော့သည်။
လဲ့ချန်မှာမူ သူတို့၏ ကြံစည်မှုများကို မသိရှိဘဲ မြွေခြံတွင် အလုပ်ရှုပ်နေသည်။
မြွေရေခွံများ အကုန်လုံး ရောင်းထွက်သွားပြီ
ဖြစ်ပြီး မြွေသည်းခြေမှာ ဈေးအကောင်းဆုံး ဖြစ်သဖြင့် အကောင်းဆုံး ဆေးဝါးများ ထုတ်လုပ်ရန် သုံးကြသည်။ သို့သော် လဲ့ချန်က မြွေတွေကို အကုန်လုံး မသတ်နိုင်ခဲ့ပေ။
"ထားပါတော့ အရင် သိမ်းထားလိုက်မယ်။ အဆင်မပြေရင် ပျားတွေ မွေးပြီး ပျားရည် ရောင်းမယ်"
သူ သိမ်းဆည်းနေစဉ် ဟင်းသီးဟင်းရွက်ဥယျာဉ်မှ ပြန်လာသော ချီလန်နှင့် တွေ့ဆုံမိသည်။
"ဒီနေ့ ဟင်းသီးဟင်းရွက်တွေ တကယ် ကောင်းတယ် နေ့လယ်ကျရင် ရှင် စားကောင်းအောင် ချက်ပေးမယ်ရှင် အရမ်း ပင်ပန်းနေပုံရတယ်”