← Chapters

အခန်း (၁၆၅-၁၆၇

Vol. 18 Ch. 165-167

အခန်း (၁၆၅-၁၆၇

Vol. 18 Ch. 165-167

အခန်း(၂၆၅)

“ အရှင်မင်းကြီးက သူ့ကို… ”

ယင်းကို ပိုင်စုစု ကြားသောအခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက စိတ်ထဲမှာ ရေရွတ်လိုက်ပြီး အရှင်မင်းကြီး၏ အတွေးကို မှန်းဆလိုက်သည်။

တောင်ပိုင်းမြေရိုင်းဒေသက အလွန်ကျယ်ပြောသည်။ ဤနေရာမှ ဝိညာဉ်စွမ်းအားက အလွန်ပေါကြွယ်ဝသည်။ ဤနေရာက ကျင့်ကြံရန် အထူးသင့်တော်သော နေရာကောင်းများအနက် တစ်ခုဖြစ်သည်။ တောင်တန်းဒေသထဲတွင် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော တိရိစ္ဆာန်များနှင့် ကျေးငှက်များ အများကြီး ရှိသည်။

ဝိညာဉ်သားရဲများ၏ အရေအတွက်က မသေးငယ်သော်လည်း တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးနှင့် နှိုင်းယှဉ်သော် သူတို့က ဟိုနေရာတစ်ခု သည်နေရာတစ်ခု ရှိနေကြသည်။ သူတို့က တောင်တန်းဒေသထဲမှာ ပြန့်ကျဲနေကြသည်။

သီရှီထျန်သည် ဤအတောအတွင်းမှာ သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို မည်သို့တိုးတတ်လာအောင် လုပ်ဆောင်သင့်ကြောင်း စဉ်းစားနေခဲ့သည်။ သူက အလွန်သန်မာသော်လည်း ရန်သူတိုင်းကို အောင်မြင်နိုင်သော မဟာတန်ခိုးရှင်မဟုတ်ပေ။ ယခုမှ သူက မိစ္ဆာသားရဲတစ်ကောင်မျှသာ ရှိသေးသည်။ သူက ဒဏ္ဍာရီလာ မိစ္ဆာသူတော်စင် သို့မဟုတ် မိစ္ဆာနတ်ဘုရားတစ်ပါး မဟုတ်သေးပေ။ အကယ်၍ သူက သူ့တစ်ယောက်တည်းကို မှီခိုအားထားနေမည်ဆိုလျှင် အားနည်းနေလိမ့်မည်။ မည်သို့ဖြစ်ပါစေ လက်နှစ်ဖက်က လူအုပ်ကြီးကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူသန်မာလာသည့်အခါ သူ့အနောက်မှ အင်အားစုသည်လည်း အတူလိုက်ပါ သန်မာလာရမည်။

ဖြစ်နိုင်သည်မှာ သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အနာဂတ်မှာ မိစ္ဆာမျိုးနွယ်စု အားကိုးအားထားရသော လက်တစ်စုံ ဖြစ်လာလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မိစ္ဆာမျိုးနွယ်စု ပြန်လည်ခေါင်းမော့လာနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။

အကယ်၍ သူက သုညမှ စတင်ပြီး အင်အားစုတစ်ခု တည်ဆောက်ချင်သည်ဆိုလျှင် ယင်းက လွယ်ကူလိမ့်မည် မဟုတ်ချေ။ ဖြစ်ပေါ်လာနိုင်ခြေရှိသော ပြဿနာများနှင့် ကိစ္စရပ်များကို တစ်ခုချင်းစီ သူစဉ်းစားရမည်။ ယင်းက အိမ်တစ်လုံးဆောက်ခြင်းနှင့် ဆင်တူသည်။ အကယ်၍ သင်က နှစ်ထပ်အိမ်တစ်လုံး ဆောက်လုပ်ချင်သည်ဆိုလျှင် ပထမအထပ်ကို အရင်ဦးစွာ စတင်ဆောက်လုပ်ရလိမ့်မည်။ သို့မှသာ ဒုတိယအထပ်ကို နောက်ထပ် ဆောက်လုပ်နိုင်လိမ့်မည်။ ပထမအထပ် မဆောက်ရသေးဘဲ ဒုတိယအထပ်ကို မဆောက်နိုင်ပေ။

ထို့ကြောင့် သီရှီထျန်က အခြေခံအုတ်မြစ်ကောင်းချရန် စဉ်းစားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူက အလွန်မြင့်မားသော အိမ်တစ်လုံးကို ဆောက်လုပ်ချင်သောကြောင့်ပင်။ အခြေခံအုတ်မြစ်ခိုင်မာမှသာလျှင် အထပ်အများကြီး ဆောက်လုပ်နိုင်လိမ့်မည်။ ထိုအတွက် သူက သူ့အပေါ် သစ္စာရှိသော ဝိညာဉ်သားရဲများဖြစ်ကြသည့် ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများကို မိစ္ဆာကျင့်ကြံခြင်းနည်းလမ်း သင်ကြားပေးခဲ့သည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အခြေခံအုတ်မြစ်အဖြစ် မျောက်မင်းဝိုင်ကို ရွေးချယ်ခဲ့သည်။ သူက ကပ်စေးမနှဲဘဲ မျောက်မင်းဝိုင်ကို ချိုင့်ဝှမ်းထဲမှ တိရိစ္ဆာန်အားလုံးကို သောက်သုံးစေခဲ့သည်။ ယင်းက သူတို့၏ ရုပ်ခန္ဓာကိုယ်ကိုသာမက ဉာဏ်ရည်ကိုလည်း ဖွင့်ဖြိုးစေလိမ့်မည်။

တစ်နှစ်ကျော်ကြာသွားပြီးနောက် သူ၏ အစီအစဉ်က အမှန်တကယ် အလုပ်ဖြစ်လာသည်။ ယခု ချိုင့်ဝှမ်းထဲမှာ ဝိညာဉ်သားရဲများ၏ အရေအတွက်က လေးထောင်ငါးထောင်ခန့် ရှိလာသည်။ ထို့ပြင် အချိန်ကြာသွားသည်နှင့်အမျှ ဝိညာဉ်သားရဲအရေအတွက်က ထပ်မံ တိုးပွားလာလိမ့်မည်။ သို့သော်လည်း ယင်းက မလုံလောက်သေးပေ။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ တိုးတတ်မှုအလျင်က သူ့ကို စိတ်မကျနပ်စေပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက ပိုပြီးအလျင်လိုလာသည်။

သူက လူသားလောကဆီသို့ တစ်နှစ်ခွဲကြာ သွားရောက်ခဲ့သည်။ ထိုအတောအတွင်းမှာ သူက မသေမျိုးကျင့်ကြံခြင်းလောကနှင့် ထွေထွေထူးထူး မပတ်သက်ခဲ့သော်လည်း ကျင့်ကြံခြင်းလောက၏ အခြေခံအုတ်မြစ်က မည်မျှခိုင်မာကြောင်း သူခံစားနိုင်ခဲ့သည်။

ဥပမာ ချင်မိသားစု၏ သတိုးသားလောင်းရှာဖွေပွဲက အနယ်နယ်အရပ်ရပ်မှ လူငယ်ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ရောက်လာကြသော လူငယ်ကျင့်ကြံသူများထဲမှာ အခြေတည်နယ်ပယ် ကျင့်ကြံသူများက မနည်းပေ။ ဖြစ်နိုင်သည်မှာ သူတို့က လေလွင့်ကျင့်ကြံသူများ သို့မဟုတ် ချင်မိသားစု၏ အနီးနားမှ ဂိုဏ်းများမှ တပည့်များ ဖြစ်ကြသည်။ ထို့ပြင် သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများကိုလည်း မြင်တွေ့ခဲ့သည်။

ယင်းကို ကြည့်ခြင်းအားဖြင့် မသေမျိုးကျင့်ကြံခြင်းလောကမှာ မရေမတွက်နိုင်သော ပညာရှင်ကျင့်ကြံသူများရှိကြောင်း ထင်ရှား၏။ ယခု သူမြင်နေရသည်မှာ အပေါ်ယံမျှသာ ဖြစ်၏။ မသေမျိုးကျင့်ကြံခြင်းလောကထဲမှာ မြှုပ်ကွယ်နေသော အင်အားကို သာမန်လူများက နားလည်နိုင်ကြမည် မဟုတ်ချေ။ မိစ္ဆာမျိုးနွယ်စုနှင့် နှိုင်းယှဉ်သော် ကွာခြားမှုက မိုးနှင့်မြေပမာ အလွန်ကြီးမားသည်။

သားရဲတစ်သောင်းဂိုဏ်းသည် ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ သို့ဖြစ်၍ ယင်း၏ အစစ်အမှန်အင်အားက သူမျှော်မှန်းသည်ထက် အများကြီး သာလွန်နေလိမ့်မည်။

သူသည် အချိန်တိုလေးအတွင်းမှာ မိစ္ဆာသူတော်စင်တစ်ပါး သို့မဟုတ် မိစ္ဆာနတ်ဘုရားတစ်ပါး မဖြစ်လာနိုင်ပေ။ ထို့ကြောင့် သူ၏ ရည်မှန်းချက်ကို ရရှိရန် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အလုံးစုံအင်အားကို သူမှီခိုရလိမ့်မည်။ သို့ဖြစ်၍ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အင်အားကို မြန်နိုင်သမျှမြန်မြန် တိုးမြှင့်ရန် ဆန္ဒစောနေခြင်းပင်။

ထို့ပြင် သူ့ခေါင်းထဲမှာ အစီအစဉ်တစ်ခု ရှိသည်။ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာများကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစည်းချင်သည်။ ထို့နောက် သူက ခရမ်းရွှေကုန်းမြေမှာရှိသော မိစ္ဆာမျိုးနွယ်စု၏ ကိုယ်ပိုင်အင်အားကို တိုးမြှင့်ပေးရန် ရည်ရွယ်ထားသည်။

မြေအောက်လောကထဲတွင် ကြွက်များက မရေမတွက်နိုင်အောင် ရှိသည်။ ထို့ပြင် အရေအတွက် အကန့်အသတ်မဲ့သော မြေအောက်လှိုဏ်ခေါင်းများက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး၌ ပြန့်ကျဲနေကြသည်။ မြေအောက်လှိုဏ်ခေါင်းများ၏ တည်ရှိမှုကြောင့် တောင်ပိုင်းမြေရိုင်းဒေသ၏ မြေအောက်ထဲမှာ ကြွက်တိုင်းပြည်တစ်ခု ဖြစ်ပေါ်နေသည်။ ထို့ကြောင့် အကယ်၍ သူက ထိုကြွက်မျိုးနွယ်စုကို သိမ်းသွင်းနိုင်သွားမည်ဆိုလျှင် တောင်ပိုင်းမြေရိုင်းဒေသ၏ သတင်းအချက်အလက်များကို ပိုင်ဆိုင်သွားလိမ့်မည်။ ကြွက်များဆီမှာ တမူထူးခြားသော စွမ်းရည်မရှိသော်လည်း သူတို့၏ အရေအတွက်အားသာချက်နှင့် တွင်းတူးနိုင်သော စွမ်းရည်က သတင်းထောက်လှမ်းရန် အထူးသင့်တော်သည်။

ထို့ပြင် သူက ကြွက်များကို အမိန့်ပေးပြီး ဝိညာဉ်ဆေးပင်များနှင့် သစ်သီးပင်များကို လိုက်လံရှာဖွေခိုင်းနိုင်လိမ့်မည်။ ယင်းက သူ့အတွက် အလွန်အကျိုးရှိသည်။ သို့ဖြစ်၍ သူက ကြွက်မျိုးနွယ်စုကို မျိုးတုန်းသတ်ဖြတ်ပစ်မည့်အစား သူတို့ကို သူ့လက်အောက်ထဲ သိမ်းသွင်းရန် စဉ်းစားလိုက်သည်။

ထိုသို့ဆိုလျှင် သီရှီထျန်က မည်သို့ကြောင့် ကြွက်စစ်သူကြီးကို ထိုသို့ပြောလိုက်ကြောင်း နားလည်ပေးနိုင်ပေသည်။

ကြွက်စစ်သူကြီး၏ မျက်လုံးက အမြန်ရွေ့လျားသည်။ သူက ချက်ချင်း အရိုအသေပေးလိုက်သည်။

“ အရှင်မင်းကြီး… ဒီလက်အောက်ငယ်သားက အရှင့်ထံနဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ လက်အောက်ကို ခိုဝင်ဖို့ ဆန္ဒရှိပါတယ်… အရှင်မင်းကြီး ဘာပဲခိုင်းခိုင်း ကျွန်တော် လုပ်ဆောင်ပါမယ်… အရှင်မင်းကြီးက ကျွန်တော့်ကို အရှေ့သွားခိုင်းရင် အနောက်ကို ဘယ်တော့မှ ကျွန်တော် လှည့်မကြည့်ပါဘူး… အရှင်မင်းကြီးကို အကူအညီပေးနိုင်အောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ် ”

ဤအခိုက်အတန့်မှာ ကြွက်စစ်သူကြီးသည် သီရှီထျန်၏ စကားကို မငြင်းဆန်ဝံ့ပေ။ သို့မဟုတ်လျှင် သူက နေရာမှာတင် အသက်ပျောက်သွားလိမ့်မည်။

သို့သော်လည်း ကြွက်စစ်သူကြီး၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အနက်ရောင်အလင်းတန်းတစ်ခုက ဖျတ်ခနဲ ထွက်ပေါ်လာပြီး ကြွက်စစ်သူကြီး၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ ကြွက်စစ်သူကြီးသည် ရုတ်တရက် သတိလက်လွတ်ဖြစ်သွားပြီး ယင်းကို မျိုချလိုက်သည်။

“ အရှင်မင်းကြီး… အဲ့ဒါက… ”

ကြွက်စစ်သူကြီးက သီရှီထျန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး ပြောသည်။ သူက ထိုသို့ဖြစ်လာမည်ကို မမျှော်လင့်ထားသောကြောင့် ထိုပစ္စည်းကို မျိုချမိသွားသည်။ သူက ယင်းကို ပြန်အန်ထုတ်ချင်လျှင်ပင် သီရှီထျန်၏ အရှေ့မှာ ထိုသို့မလုပ်ဆောင်ဝံ့ချေ။

“ ဘာမှမစိုးရိမ်ပါနဲ့… ငါမင်းကို ပေးလိုက်တာ ငါ့ရဲ့ မူပိုင်အဆိပ်တစ်မျိုးပါ… အဲ့ဒါကို ဒုစရိုက်ခုနစ်ပါးအဆိပ်လို့ ခေါ်တယ်… အဲ့ဒါကို မင်းစားလိုက်တဲ့အခါ တစ်နှစ်အတွင်း ဖြေဆေးမရဘူးဆိုရင် မင်းရဲ့ အူတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလိမ့်မယ်… မင်းက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာရင်တောင် ဒါမှမဟုတ် မင်းက ကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်ပြီး စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာရင်တောင် အဲ့ဒီအဆိပ်ကို ဖြေနိုင်မှာမဟုတ်ဘူး… မင်း ငါ့အပေါ်မှာ တကယ်သစ္စာရှိတယ်ဆိုရင် တစ်နှစ်ပြည့်သွားတိုင်း ငါမင်းကို ဖြေဆေးပေးမယ်… အဲ့လိုမဟုတ်ရင်တော့ အဆိပ်ထကြွလာတဲ့နေ့က မင်းရဲ့ သေနေ့ပဲ… တောင်ပိုင်းမြေရိုင်းဒေသထဲကနေ ထွက်ပြေးဖို့ မစဉ်းစားနဲ့… မဟုတ်ရင် မင်းနောင်တရသွားလိမ့်မယ် ”

သီရှီထျန်က မထူးမခြားနား ပြောသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက အေးစက်နေသည်။

“ မင်း ငါ့အပေါ် တကယ်သစ္စာရှိတာကို ငါအတည်ပြုနိုင်တဲ့အခါကျရင် မင်းကို ငါဖြေဆေးပေးမယ် ”

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး… ဒီငယ်သားက အရှင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး ”

ကြွက်စစ်သူကြီးက စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့လိုက်သည်။ သို့တိုင် သူက သူ၏ သစ္စာရှိမှုကို ဖော်ပြရန်အလို့ငှာ အသံကျယ်ကျယ် အော်ပြောလိုက်သည်။

“ ကောင်းပြီ… မြေအောက်လောကထဲက ကြွက်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာတော့ ငါမင်းကို သင်ပြပေးဖို့ မလိုလောက်ဘူး… ကြွက်ဘုရင်မရှိတော့ဘူးဆိုတော့ မင်းက ကြွက်ဘုရင်အသစ်ဖြစ်လာလိမ့်မယ်… အားလုံး အဆင်သင့်ဖြစ်တဲ့အခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ မင်းလာခဲ့ပါ ”

စက်ကရာသည် စကားဆုံးသွားသည်နှင့် တခြားဘာကိုမှ ဂရုမစိုက်တော့ပေ။ သူက ကြွက်စစ်သူကြီးကို အေးစက်စက် တစ်ချက်ကြည့်ပြီးလျှင် ပိုင်စုစုထံသို့ ခေါင်းလှည့်လိုက်သည်။

“ စုစု… ငါတို့ အပေါ်ပြန်ကြမယ် ”

ကြွက်ဘုရင်သေဆုံးသွားသည့်အခါ သူတို့ကြားမှ ရန်ငြိုးက အလိုလို ပြေငြိမ်းသွားသည်။ မြေအောက်တိုင်းပြည်ထဲမှ ကြွက်အားလုံးကို သူသိမ်းသွင်းနိုင်သည့်အခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အင်အားက ပိုပြီးသန်မာလာလိမ့်မည်။

ထို့ပြင် သူက ထူးခြားဆန်းကြယ်သော ပုလဲတစ်လုံးကိုလည်း ရရှိခဲ့သည်။ ယင်းက ရှားပါးရတနာတစ်ခုဖြစ်သည်။ တစ်နည်းဆိုရသော် ဤမြေအောက်လောကခရီးစဉ်က သူ့အတွက် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းနိုင်မှုက အလွန်ကြီးမားသည်။

မြေအောက်လှိုဏ်ခေါင်းသည် ကြွက်ဘုရင်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ပြိုကျပျက်စီးသွားသည်။ သို့သော်လည်း ယင်းက သီရှီထျန်အတွက် အခက်အခဲမဟုတ်ပေ။ သူက အပေါ်သို့ ပြန်တတ်ရန် လှိုဏ်ခေါင်းအသစ်တစ်ခုကို ကိုယ့်ဘာသာ ဖောက်လိုက်သည်။ သူက အပြင်မှာ ကြာကြာမနေဘဲ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။ ကျူးအာက ချိုင့်ဝှမ်းထဲမှာ သူ့ကို စောင့်နေဆဲပင်။ ယခု သူလုပ်ဆောင်ရမည့် ကိစ္စအားလုံး ပြီးဆုံးသွားပြီဖြစ်လေရာ တောင်ပိုင်းမြေရိုင်းဒေသ၏ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို သူသွားတွေ့ရန် အချိန်ကျလာ၏။

တစ်ဖက်လူကို အမှန်တကယ် သူစိတ်ဝင်စားသည်။

ထို့ပြင် တခြားကိစ္စများကို သူဘေးချိတ်ထားလျှင်ပင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက အလွန်လှပသည်။ ထိုချိုင့်ဝှမ်းအတွင်းမှာ အမျိုးအစားစုံလင်သော ပန်းပင်များက ပွင့်လန်းနေကြသည်။ ပန်းမျိုးတစ်ရာ၏ အမွှေးနံ့သည်လည်း ချိုင့်ဝှမ်းထဲမှာ လှိုင်လှိုင်သင်းနေသည်။ ရောင်စုံလိပ်ပြာများက ချိုင့်ဝှမ်းထဲမှာ အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံသန်းနေကြသည်။

ယင်းက အလွန်ရှားပါးသော မြင်ကွင်းတစ်ခုပင်တည်း။

မှန်ပေသည်။ ချိုင့်ဝှမ်းထဲမှာ ပန်းပင်များသာရှိခြင်း မဟုတ်ပေ။ အလွန်မြင့်မားသော ရှေးဟောင်းသစ်ပင်များလည်း ရှိသည်။ သို့သော် သစ်ပင်များ၏ အရေအတွက်က အလွန်နည်းပါးသည်။ သို့သော်လည်း ချိုင့်ဝှမ်းအတွင်းမှ ရှေးဟောင်းသစ်ပင်များသည် တခြားနေရာများထက် ပိုပြီးထူထဲမြင့်မားကြသည်။ ဥပမာ ကျူးအာ၏ အမနေထိုင်သော နေအိမ်သည် ရှေးဟောင်းသစ်ပင်တစ်ပင်ကို အမှီပြု၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ထိုနေအိမ်နှင့် အနီးမဝေးတွင် အလားသဏ္ဍာန်တူသော နောက်ထပ် ရှေးဟောင်းသစ်ပင်တစ်ပင် ရှိသည်။ သစ်ပင်၏ ပင်စည်က အလွန်ကြီးမားလေရာ လူသုံးလေးယောက် ဝိုင်းဖက်ရန် လုံလောက်သည်။ သစ်ပင်က အလွန်မြင့်မားလေရာ မိုးတိမ်နှင့်ပင် ထိစပ်နေဟန် ရ၏။

သစ်ပင်၏ အကိုင်းအခတ်များက ထူထူထဲထဲ ရှိနေကြသည်။ သစ်ပင်အကိုင်းများနှင့် သစ်ရွက်များက အလွန်ထူထဲလေရာ ဤဧရိယာတစ်ဝိုက်၌ နေပြောက်မထိုးနိုင်ပေ။ သစ်ပင်သည် အလွန်သန်စွမ်းသော အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။

မည်သူမှ မသိကြသည်မှာ ထိုရှေးဟောင်းသစ်ပင်က တခြားသစ်ပင်များနှင့် ကွဲပြားခြားနားနေသည်။ ယင်း၏ အသွင်သဏ္ဍာန်က တခြားသစ်ပင်များနှင့် အတူတူဖြစ်သော်လည်း သစ်ပင်၏ ပင်စည်ထဲတွင် ထူးဆန်းသော လူတစ်ယောက်က မတ်တတ်ရပ်နေသည်။

ယင်းက အပြည့်အစုံ မမှန်ပေ။ ထိုလူက သစ်ပင်နှင့် တစ်သားတည်း ပေါင်းစည်းနေသည်ဟုဆိုလျှင် ပိုပြီးမှန်လိမ့်မည်။ သူက မျက်လုံးမှိတ်ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အသွေးအသားက လေမရှိသော ပူဖောင်းတစ်လုံးနှယ် ပိန်ချုံးနေသည်။ သူ၏ မျက်နှာသည်ပင် ချွင်းချက်မဟုတ်ပေ။ သူ၏ အရိုးများကိုပင် အရေပြားပေါ်မှာ ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ သူက ခြောက်သွေ့နေသော သစ်သားတုံးနှင့် ဆင်တူသည်။

သူ၏ အရှိန်အဝါက လုံးဝ မပေါ်ထွက်နေပေ။ သူက လူသေကောင်ပမာ တိတ်ဆိတ်နေသည်။ သို့သော် စက္ကန့်အနည်းငယ် ကြာသွားတိုင်း သူ၏ နှလုံးက တစ်ကြိမ်ခုန်သွားသည်။ နှလုံးခုန်သံသည် ခြင်အော်သံပမာ အလွန်တိုးညင်းသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သစ်ပင်နှင့် တစ်သားတည်း ပေါင်းစည်းနေလေရာ အပြင်လူများက နတ်ဘုရားစိတ်အာရုံကို စေလွှတ်၍ စူးစမ်းမည်ဆိုလျှင်ပင် သူ့ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်က တမူထူးခြားသော အတတ်ပညာတစ်ခုကို ကျင့်ကြံထားကြောင်း ထင်ရှားပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာသတိထားကြည့်မည်ဆိုလျှင် ထိုပုဂ္ဂိုလ်က ရှေးဟောင်းသစ်ပင်ထံမှ ပမာဏများပြားသော အသက်ဓာတ်ကို စုပ်ယူနေကြောင်း ရှာတွေ့သွားလိမ့်မည်။

ထို့ကြောင့် ရှေးဟောင်းသစ်ပင်သည် အပြင်ဘက်မှ ကြည့်လျှင် အလွန်သန်စွမ်းပုံပေါ်သော်လည်း အမှန်မှာ အတွင်းဘက်၌ အသက်ဓာတ်ခမ်းခြောက်နေသည်။

အခန်း(၂၆၆)

ထိုပုဂ္ဂိုလ်သည် ရှေးဟောင်းသစ်ပင်ထံမှ စွမ်းအင်အနှစ်သာရကို သူ့ကိုယ်ကျိုးအတွက် စုပ်ယူနေသည်။ ယင်းက အရှက်မဲ့သော သူခိုးလုပ်ရပ် ဖြစ်သည်။ သူက သူ့အပိုင်မဟုတ်သော စွမ်းအားကို ခိုးယူနေသည်။ ထို့ပြင် သူက မည်သည့်အရာမှ ပြန်မပေးပေ။ ရှေးဟောင်းသစ်ပင်၏ စွမ်းအင်အနှစ်သာရ ကုန်ခမ်းသွားသည့်အခါ ယင်း၏ ဘဝက အဆုံးသတ်သွားလိမ့်မည်။ ယခု ရှေးဟောင်းသစ်ပင်သည် အပြင်ပန်းအရ သန်စွမ်းကြံ့ခိုင်နေသော်လည်း အမှန်မှာ ယင်းက ကြိုးအဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

“ ရွှတ် ”

သစ်သားတုံးနှင့်ဆင်တူသော ထူးဆန်းသည့် ထိုပုဂ္ဂိုလ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက အလွန်ထူးဆန်းသည်။ သူ၏ ဘယ်ဘက်မျက်လုံးထဲ၌ အဖြူရောင်အခိုးအငွေ့များ စုဝေးနေစဉ် သူ၏ ညာဘက်မျက်လုံးထဲ၌ အနက်ရောင်အခိုးအငွေ့များ စုဝေးနေသည်။ အဖြူရောင်အခိုးအငွေ့က ရှင်သန်ထမြောက်ခြင်းနှင့် အသက်ဓာတ်ကို ကိုယ်စားပြုဟန် ရ၏။ အခြားတစ်ဖက်မှာတော့ အနက်ရောင်အခိုးအငွေ့က အမှောင်ထုနှင့် သေခြင်းကို ကိုယ်စားပြုဟန် ရ၏။

ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအင်နှစ်မျိုးက သူ၏ မျက်လုံးများထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ယင်းက အလွန်ထူးဆန်းသည်။ သတ္တိနည်းသော လူများဆိုလျှင် သူတို့က ထိုပုဂ္ဂိုလ်၏ မျက်လုံးကို ကြည့်လိုက်သည့်အခါ အလိုလို ကြက်သီးမွေးညင်းထသွားလိမ့်မည်။ ယင်းက သစ်ပင်များ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ကိုယ်စားပြုဟန် ရ၏။ သို့မဟုတ် ယင်းက အချိန်၏ အနှစ်သာရ ဖြစ်နိုင်သည်။

“ ယီးပဲ အရာအားလုံးသိဆရာကြီး… ခွေးအိုကြီး… ငါက မင်းရဲ့ နောင်သားမျိုးဆက်တချို့ကိုပဲ သတ်ခဲ့တာကို… ပြီးတော့ မင်းဆီမှာ နောင်သားမျိုးဆက်တွေ အများကြီးပဲ ရှိတဲ့ဟာ… ဒါပေမဲ့ မင်းက ငါ့ကို အလွတ်မပေးဘဲ နှစ်တစ်ထောင်ကြာအောင် လိုက်ဖမ်းခဲ့တယ်… ငါက ဒီလောကရဲ့ အံ့ဖွယ်အကောင်းဆုံး မန္တန်တွေထဲက တစ်ခုဖြစ်တဲ့ ‘ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ’ကို ကျင့်ကြံထားလို့ပေါ့… မဟုတ်ရင် မင်းလက်ထဲကနေ ငါထွက်ပြေးနိုင်မှာ မဟုတ်ဘူး ”

“ ခွေးအိုကြီး… မင်းအရမ်းလွန်သွားပြီ… ‘ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ’ကို ဆဌမအဆင့်ထိပဲ ငါကျင့်ကြံရသေးလို့ အဲ့လောက် မင်းမောက်မာနေတာ… ငါပြန်ကောင်းမွန်လာတဲ့ တစ်နေ့ကျရင် မင်းဆီကနေ ရန်ကြွေးပြန်တောင်းမယ် ”

နတ်ဘုရားအလင်းနှစ်ခုက သူ၏ မျက်လုံးများထဲမှ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူက တီးတိုးရေရွတ်နေပြီး တစ်စုံတစ်ယောက်ကို ကျိန်ဆဲနေသည်။ သူ၏ လေသံကို အကဲဖြတ်ရလျှင် သူက အလွန်ဒေါသထွက်နေပုံပေါ်သည်။

“ အဲ့ခွေးအိုကြီးက တကယ်ရက်စက်တယ်… ငါအရှင်သခင်ကုရုံက လောကကို အုပ်စိုးခဲ့ပြီး မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်… ငါ့ကိုယ်ငါ အရမ်းရက်စက်တယ်လို့ ထင်မှတ်ခဲ့ပေမဲ့ မင်းထက် နည်းနည်း နိမ့်ကျနေတုန်းပဲ… ရှေးခေတ်မှာ မင်းအသက်ရှင်နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး… အခု ငါ့မှာ စွမ်းအားနည်းနည်းပဲ ကျန်ရှိတော့တယ် ”

အရှင်သခင်ကုရုံက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။ သူအံကြိတ်လိုက်သည့်အခါ ကြောက်စရာကောင်းသော သူ၏ မျက်နှာက ပိုပြီးချောက်ချားဖွယ်ကောင်းသွားသည်။ အကယ်၍ သူသာ သေမျိုးလောကဆီသို့ သွားရောက်မည်ဆိုလျှင် သူ့မျက်နှာတစ်ခုတည်းက လူအများအပြားကို တုန်လှုပ်ချောက်ချားသွားစေလိမ့်မည်။

“ ဒါပေမဲ့ ကောင်းကင်ဘုံက ငါ့ကို ပစ်မထားဘူး… ဒီနေရာမှာ ထူးဆန်းတဲ့ ပန်းပင်ကို ရှာတွေ့စေခဲ့တယ်… သူ ကပ်ဘေးဒုက္ခကျော်လွှားတဲ့အချိန် ငါအခွင့်အရေးတစ်ခုရှာပြီး သူ့ကို ဝါးမျိုလိုက်မယ်ဆိုရင် ငါ့ရဲ့ နဂိုကျင့်ကြံခြင်းစွမ်းအားကို ပြန်ရရှိသွားလိမ့်မယ်… ဒါတင်မကဘူး… ကံကောင်းရင် ငါက မူလအကန့်အသတ်ကို ကျော်လွန်သွားပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်လိမ့်မယ်… နှစ်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ… သူ့ရဲ့ ကပ်ဘေးဒုက္ခက နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆိုရင် ရောက်လာလိမ့်မယ်… မြန်စမ်း… ဒီထက်ပိုမြန်စမ်း… ငါ နောက်ထပ် မစောင့်နိုင်တော့ဘူး… မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို အခုထိ ငါရှာမတွေ့သေးလို့ပေါ့… နို့မဟုတ်ရင် ဒီနေရာမှာ ဒီလောက်နှစ်တွေအကြာကြီး ငါပုန်းအောင်းနေမှာ မဟုတ်ဘူး ”

အရှင်သခင်ကုရုံက နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်နှာက ပိုပြီးအရုပ်ဆိုးသွားသည်။ သူ့အကြည့်က ရှေးဟောင်းသစ်ပင်ကို ဖောက်ထွင်းသွားပြီး အိမ်လေးထဲသို့ ကျရောက်သွားသည်။ သို့သော်လည်း သူ့အကြည့်က တဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။ နောက်အခိုက်အတန့်မှာ သူက မျက်လုံးပြန်မှိတ်လိုက်ပြီး သူ၏ အရှိန်အဝါကို နောက်တစ်ကြိမ် ဖုံးကွယ်လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ပေါ်မှ အသက်ဓာတ်က ပျောက်ကွယ်သွားသည်။ သူက အသက်မဲ့သော သစ်သားတုံးနှင့် လုံးဝ မခြားနားတော့ပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ရှေးဟောင်းသစ်ပင်၏ စွမ်းအင်အနှစ်သာရကို တိတ်တဆိတ် စုပ်ယူနေသည်။

အံ့ဩဖွယ်ကောင်းသည်မှာ ရှေးဟောင်းသစ်ပင်ထဲ၌ ထိုသို့ပုဂ္ဂိုလ်တစ်ယောက် တည်ရှိနေသည်ကို မည်သူမှ မသိကြချေ။ ယင်းက တစ်စုံတစ်ယောက်ကို ဆံပင်မွှေးများ ထောင်မတ်သွားစေရန် ပြုလုပ်နိုင်သည်။

“ ကျူးအာ… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက ဘယ်မှာလဲ… တောင်ပိုင်းမြေရိုင်းဒေသရဲ့ အလယ်မှာလား ”

တောင်ပိုင်းမြေရိုင်းဒေသ၏ ထူထဲသော တောအုပ်တစ်ခုထဲတွင် ရှည်လျားသော သစ်ပင်ကြီးများ၊ ကျောက်ဆောင်ကျောက်တုံးများ ရှိသည်။ ဤအခိုက်အတန့်မှာ သေးငယ်သော ဇာမဏီငှက်တစ်ကောင်နှင့် ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦးက တောအုပ်ထဲမှာ ရွေ့လျားသွားနေကြသည်။

အမျိုးသားသည် ဇာမဏီငှက်ကို ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။

“ ဘယ်နေရာမှာလဲ ”

အမျိုးသားသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ သီရှီထျန် ဖြစ်သည်။ သူသည် မြေအောက်ကြွက်တိုင်းပြည်မှ ပြန်လာပြီးနောက် ကျူးအာနှင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ မသွားမီ တစ်ရက်အနားယူခဲ့သည်။

သူက ဇာမဏီငှက်နောက်သို့ လိုက်သွားစဉ် ဤလမ်းကြောင်းက တောင်ပိုင်းမြေရိုင်းဒေသ၏ အလယ်ဗဟိုဆီသို့ ဦးတည်နေကြောင်း ရှာတွေ့သွားသည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ယောက်ရှိပြီး ထိုသူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဟုခေါ်သော နေရာမှာ နေထိုင်ကြောင်း သီရှီထျန် သိသည်။ သို့သော်လည်း ချိုင့်ဝှမ်း၏ တည်နေရာအတိအကျကို သူမသိပေ။ မည်သို့ဖြစ်ပါစေ တောင်ပိုင်းမြေရိုင်းဒေသက အလွန်ကြီးမားသည်။ ဤနေရာမှာ မိစ္ဆာမျိုးနွယ်စုသာမက ကျေးငှက်များနှင့် တိရိစ္ဆာန်များလည်း စုဝေးနေထိုင်ကြသည်။ ထို့အတူ ဤတောင်တန်းဒေသထဲမှာ အန္တရာယ်များသော နေရာများ ရှိသည်။ ဥပမာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အနောက်ဘက်မှ ရှေးဟောင်းအုတ်ဂူ ဖြစ်သည်။ အကယ်၍ သူက အုတ်ဂူထဲသို့ မဆင်မခြင် ဝင်ရောက်သွားမည်ဆိုလျှင် မည်သို့မည်ပုံမသိလိုက်ဘဲ ချက်ချင်း အသက်ထွက်သွားလိမ့်မည်။

သီရှီထျန်သည် တောင်ပိုင်းမြေရိုင်းဒေသ၏ ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ် မရောက်ဖူးပေ။ ထို့ကြောင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ တည်နေရာအတိအကျကို သူမသိပေ။

“ ဟုတ်တယ်… အကိုသီ ပြောတာ မှန်တယ်… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက တောင်ပိုင်းမြေရိုင်းဒေသရဲ့ အလယ်မှာ တည်ရှိတယ်လို့ အမပြောတာ ကျူးအာကြားဖူးတယ်… အဲ့ဒီနေရာမှာ အမျိုးအစားစုံလင်တဲ့ ပန်းပင်တွေ စုဝေးနေကြတယ်… အဲ့ဒါက ရှားပါးတဲ့ ရတနာကုန်းမြေ ဖြစ်တယ်… အဲ့ဒီနေရာမှာ ဝိညာဉ်စွမ်းအားက တခြားနေရာတွေထက် အများကြီး ပိုသိပ်သည်းတယ်… အဲ့ဒီမှာ ဝိညာဉ်ရေပူစမ်းလည်း ရှိတယ်… အကိုသီ အဲ့ဒီကို ရောက်သွားတဲ့အခါ သိလိမ့်မယ်… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထက် လုံးဝ မနိမ့်ဘူး… အရွယ်အစား နည်းနည်း ပိုသေးရုံပဲ ”

ဇာမဏီငှက်က တတွတ်တွတ် စကားပြောသည်။ သူက အပြင်လူများနှင့် တစ်ခါမှ မတွေ့ဆုံဖူးပေ။ ထို့ပြင် သူက ဉာဏ်များသောသူ မဟုတ်ပေ။ ထို့ကြောင့် သူစကားပြောသည့်အခါ အိတ်သွန်ဖာမှောက် ပြောသည်။ သူက သူသိထားသမျှ အားလုံးကို ပြောသည်။ စကားပြောသည့်အခါ စိတ်လှုပ်ရှားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟုတ်လား… ဒါဆို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ သေချာပေါက် ငါသွားကြည့်ရမယ် ”

သီရှီထျန်က မထူးမခြားနား ပြုံးသည်။ ထို့နောက် သူက မျက်လုံးကစားလိုက်ပြီး ပြောသည်။

“ ချိုင့်ဝှမ်းရဲ့ နာမည်က ပန်းမျိုးတစ်ရာဆိုတော့ ပန်းအမျိုးအစားတစ်ရာက ချိုင့်ဝှမ်းထဲမှာ တစ်နှစ်ပတ်လုံး ပွင့်နေတာလား ”

“ ဟား ဟား… ချိုင့်ဝှမ်းထဲမှာ ပန်းအမျိုးအစား ရာပေါင်းများစွာ ရှိတယ်… ငါ့အမပြောတာတော့ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက တကယ်တော့ ပန်းမျိုးစုံရဲ့ တောင်ပို့တစ်ခု ဖြစ်တယ်တဲ့… ပန်းပင်တွေက သူ့အချိန်ကျရောက်တဲ့အခါ ပွင့်လန်းလာလိမ့်မယ်… နှစ်တိုင်း မတူညီတဲ့ ပန်းပင်တွေက ချိုင့်ဝှမ်းထဲမှာ ပွင့်လန်းနေလိမ့်မယ်… ငါ့အမက ဂန္ဓမာပန်းကို အကြိုက်ဆုံးပဲ… ချိုင့်ဝှမ်းထဲမှာ ဂန္ဓမာပန်းတွေ အများကြီးပဲ… ပြီးတော့ ချိုင့်ဝှမ်းထဲမှာ လိပ်ပြာလေးတွေက အမြဲပျံဝဲနေကြတယ်… သူတို့က အရမ်းလှတယ်… အမသဲအာနဲ့ ငါက အရမ်းရင်းနှီးတယ်… ချိုင့်ဝှမ်းကို ရောက်တဲ့အခါ အကိုသီကို သူနဲ့ မိတ်ဆက်ပေးမယ် ”

“ ပန်းတောင်ပို့… အဲ့ဒါက ဘာကိုပြောတာလဲ ”

သီရှီထျန်သည် ကျူးအာပြောခဲ့သော စကားများထဲတွင် ထိုစကားလုံးကို အထူးအလေးအနက်ထားလိုက်သည်။ ထို့ကြောင့် သူက ချက်ချင်း မေးလိုက်သည်။

“ ပန်းတောင်ပို့… ကျူးအာလည်း သိပ်နားမလည်ဘူး ”

ကျူးအာက ခေါင်းခါလိုက်ပြီး သီရှီထျန်၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။ သူက ခေါင်းစောင်းလိုက်ပြီး ဂရုတစိုက် ပြန်စဉ်းစားလိုက်သည်။

ထို့နောက် သူက ပြောသည်။

“ အမ ငါ့ကို တစ်ခါက ပြောပြဖူးတယ်… ပန်းတောင်ပို့က ခရမ်းရွှေကုန်းမြေရဲ့ ရှားပါးပန်းပင်အားလုံး မျိုးတုန်းသွားပြီးနောက် ပြုလုပ်ခဲ့တဲ့ ပန်းသင်္ချိုင်းတဲ့… သူတို့မျိုးတုန်းသွားတဲ့အခါမှာ ပန်းပင်တချို့ ချန်ထားခဲ့ကြတဲ့ပုံပဲ… ကျန်တာကိုတော့ ကျူးအာလည်း သေချာမသိဘူး… ဟဲ ဟဲ… အကိုသီ မြန်မြန်သွားရအောင်… ငါ့အမကို ချိုင့်ဝှမ်းထဲမှာ အကြာကြီး စောင့်မနေစေချင်ဘူး ”

ယင်းကို သီရှီထျန်ကြားသောအခါ သူ၏ ခြေလှမ်းကို အမြန်လျှောက်လိုက်သည်။ သိမ်မွေ့သော လေပြေလေညင်းက သူ၏ ဘေးနားမှ ဖြတ်သန်းသွားသည်။ သူ၏ ခြေလှမ်းများက ပေါ့ပါးလာပြီး သူ၏ အလျင်က ထပ်မံ တိုးမြှင့်သွားသည်။ မကြာမီ သူက မိစ္ဆာလေကို စီးနင်းလိုက်သည်။

မိစ္ဆာလေက အရှေ့သို့ ရွေ့လျားသွားနေစဉ် သီရှီထျန်က တွေးတောလိုက်သည်။ သို့သော်လည်း သူ၏ အမူအရာက လုံးဝ မပြောင်းလဲသွားပေ။ သူက ယခင်အတိုင်း မထူးမခြားနားပုံစံ ရှိနေသည်။ သူက ကျူးအာ ရုတ်တရက် ထုတ်ဖော်ခဲ့သော သတင်းအချက်အလက်များကို စဉ်းစားလိုက်သည်။ ယင်းက အများကြီးမဟုတ်သော်လည်း အချက်အလက်တချို့ကို သူအတည်ပြုနိုင်ခဲ့သည်။

ပထမအနေနှင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းသည် တောင်ပိုင်းမြေရိုင်းဒေသ၏ တမူထူးခြားသော နေရာတစ်နေရာ ဖြစ်သည်။ ယင်း၏ တည်နေရာနှင့် အံ့ဖွယ်ထူးခြားမှုကြောင့် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက သာမန်မဟုတ်ပေ။ ထို့ပြင် သူက ပန်းတောင်ပို့ကို အမှတ်မထင် ကြားလိုက်ရ၏။ ပန်းတောင်ပို့က ပန်းသင်္ချိုင်းကို ဆိုလိုသည်။ ဖြစ်နိုင်သည်မှာ ပန်းတောင်ပို့ဆီမှာ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုရှိရမည်။ ထို့အတူ မေးခွန်းတချို့က သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။

မည်သို့ကြောင့် ရှားပါးပန်းပင်များကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ မြှုပ်နှံထားရသနည်း။ အတိတ်မှာ မည်သို့ဖြစ်ပျက်ခဲ့သနည်း။

ဒုတိယအနေနှင့် သူက ကျူးအာပြောပြောနေသော အမဆိုသူ၏ သရုပ်ကို ခန့်မှန်းနိုင်သွားသည်။ သူ့အမက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ရှားပါးပန်းပင်တစ်မျိုး ဖြစ်နိုင်၏။ သူက ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးသွားပြီးနောက် မိစ္ဆာမျိုးနွယ်စု၏ ပန်းဝိညာဉ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်မည်။ ထိုခန့်မှန်းမှုက အခြေအမြစ်မရှိသောအရာ မဟုတ်ပေ။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ အများဆုံး တည်ရှိသောအရာက အမျိုးအစားစုံလင်သော ပန်းပင်များ ဖြစ်သည်။

ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ တည်နေရာအရ ထိုနေရာမှာ ဝိညာဉ်စွမ်းအင် အလွန်ပေါကြွယ်ဝသည်။ သို့ဖြစ်၍ ပန်းပင်တစ်ပင်က ဝိညာဉ်အသိဉာဏ်ရှိလာပြီး အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်ကာ လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားခြင်းသည် မဖြစ်နိုင်သောအရာ မဟုတ်ပေ။

မိစ္ဆာမျိုးနွယ်စုထဲတွင် ငှက်များနှင့် တိရိစ္ဆာန်များသည် ဝိညာဉ်အသိဉာဏ်နိုးထနိုင်သည်နှင့် မိစ္ဆာများ ဖြစ်လာကြလိမ့်မည်။ ပန်းပင်များနှင့် သစ်ပင်များသည်လည်း ထို့နည်းတူပင်။ မည်သို့ဖြစ်ပါစေ ပန်းပင်များနှင့် သစ်ပင်များသည်လည်း သက်ရှိများ ဖြစ်ကြသည်။ ဝိညာဉ်အသိဉာဏ်ရှိလာကြသည်နှင့် သူတို့က မိစ္ဆာများဖြစ်လာကြလိမ့်မည်။ မိစ္ဆာများထဲတွင် ပန်းပင်များနှင့် သစ်ပင်များက သာလွန်ထူးခြားသည်။ ပန်းပင်များနှင့် သစ်ပင်များသည် ဝိညာဉ်အသိဉာဏ်နိုးထနိုင်သည်နှင့် တမူထူးခြားသော မှော်စွမ်းရည်များကို ပိုင်ဆိုင်သွားကြလိမ့်မည်။

အခန်း(၂၆၇)

ဥပမာ အမျိုးအစားတူညီသော ပန်းပင်များအချင်းချင်း ပြောဆိုဆက်သွယ်နိုင်ကြသည်။ ထို့ပြင် တခြားမှော်စွမ်းရည်များလည်း ရှိသည်။ ပန်းပင်များနှင့် သစ်ပင်များသည် မိစ္ဆာဖြစ်လာရန် အလွန်အမင်း ခက်ခဲသည်။ သို့သော်လည်း သူတို့အောင်မြင်သွားသည့်အခါ သူတို့က မိစ္ဆာမျိုးနွယ်စု၏ ပညာရှင်များ ဖြစ်လာကြလိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့၏ ရှားပါးမှုကြောင့် သူတို့က အဆင့်အတန်း အလွန်မြင့်မားကြသည်။

လမ်းတစ်လျှောက်တွင် သူက ဇာမဏီငှက်နှင့် စကားပြောနေရင်း စိတ်ထဲမှာ တွေးတောလိုက်သည်။ မိစ္ဆာလေကို စီးနင်းထားသောကြောင့် သူ၏ အလျင်က မနှေးကွေးပေ။ ဇာမဏီငှက်၏ လမ်းညွှန်ပေးမှုကြောင့် သူက အန္တရာယ်များသော ဧရိယာများကို မြန်ဆန်စွာ ဖြတ်ကျော်သွားသည်။ သိပ်မကြာမီ သူတို့က နောက်ဆုံးပန်းတိုင်ဆီသို့ ရောက်ရှိသွားသည်။

“ အကိုသီ… ဟိုးကို ကြည့်… ငါတို့ရောက်ပြီ… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက အရှေ့မှာ… မမ မမ… ငါပြန်လာပြီ ”

ဇာမဏီငှက်က သူ့အရှေ့ကို ကြည့်လိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ဝမ်းသာစွာ ခုန်ပေါက်လိုက်သည်။

“ ဒီနေရာက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းလား… တကယ်လှတာပဲ ”

သီရှီထျန်က ချိုင့်ဝှမ်းအရှေ့မှာ ရပ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ချိုင့်ဝှမ်းအပြင်ဘက်၌ အမျိုးအစားစုံလင်သော သစ်ပင်များက ရှင်သန်ကြီးထွားနေကြသည်။ ချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်တွင် တောင်ကုန်းများက နိမ့်ချည်မြင့်ချည် သွယ်တန်းနေကြသည်။ သစ်ပင်ကြီးများက ထိုတောင်ကုန်းများပေါ်မှာ ရှင်သန်နေကြသည်။ သို့ဖြစ်၍ အဝေးမှ လှမ်းကြည့်သော် သစ်ပင်များက ပရမ်းပတာ တည်ရှိနေဟန် ရ၏။ သို့သော်လည်း သေချာကြည့်မည်ဆိုလျှင် ထိုသစ်ပင်များက မိုးမြေနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေဟန် ရ၏။ ထို့ပြင် ပွင့်ချပ်အမျိုးမျိုးက မြေကြီးပေါ်မှာ ကျဆင်းနေကြသည်။ ယင်းက ထူးခြားဆန်းကြယ်သော အနုပညာကို ပေးသည်။

သို့တိုင် ယင်းက ချိုင့်ဝှမ်းအပြင်ဘက်မှာသာ ရှိသေးသည်။ ချိုင့်ဝှမ်းက သူ့အရှေ့မှာ ရှိနေသော်လည်း ယင်းက မိုးမြေကြားမှာ ပျောက်ကွယ်နေသည်ဟု သူခံစားရသည်။ ချိုင့်ဝှမ်းထဲ၌ ပန်းပေါင်းစုံရနံ့က ပျံ့လွင့်နေသည်။ ချိုင့်ဝှမ်းထဲ၌ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအား ရှိသည်။ ပန်းပေါင်းစုံရနံ့က လေထဲမှာ ပျံ့လွင့်နေပြီး ဝိညာဉ်စွမ်းအားနှင့် ရောယှက်သွားသည့်အခါ ချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်တွင် ထူးဆန်းသော မြူခိုးအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ချိုင့်ဝှမ်း၏ အတွင်းပိုင်းက အနည်းငယ် ဝေဝါးနေသည်။

လေထဲတွင် အရောင်အသွေးစုံလင်သော လိပ်ပြာများက ပန်းပင်များကြားတွင် ဝမ်းသာပျော်ရွှင်စွာ ကခုန်နေကြသည်။ ယင်းက အိမ်မက်တစ်ခုနှင့် ဆင်တူသည်။ ထိုသို့လှပသော မြင်ကွင်းက အိမ်မက်ထဲမှာသာလျှင် ထွက်ပေါ်လာနိုင်သည်။

“ ဖတ်… ဖတ်… ”

သူတို့က ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ လျှောက်သွားကြပြီး ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားကြသည်။

“ သီရှီထျန်က သူ့ရဲ့ ကတိအတိုင်း ရောက်လာပါပြီ… ခင်ဗျားကို ကျုပ်အနှောင့်အယှက်မပေးမိဖို့ မျှော်လင့်ပါတယ် ”

စက်ကရာက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချိုင့်ဝှမ်းဆီသို့ အော်ပြောလိုက်သည်။ သူက အရှေ့သို့ မဆင်မခြင် မလျှောက်သွားပေ။

“ ငါ့နာမည်က ချန်းရှီပါ… ချိုင့်ဝှမ်းထဲမှာ ငါနင့်ကို စောင့်နေတယ် ”

သီရှီထျန်၏ အော်သံ ဆုံးသွားသည်နှင့် သိမ်မွေ့နူးညံ့သော စကားသံက ချိုင့်ဝှမ်းထဲမှ ထွက်ပေါ်လာသည်။ ယင်းက သဘာဝအသံနှင့် ဆင်တူသည်။

“ ဒါဆို ကျုပ်အနှောင့်အယှက်ပေးမိရင် စိတ်မရှိပါနဲ့ ”

ထိုအသံကို သီရှီထျန်ကြားလိုက်စဉ် ကြည်လင်သော နွေဦးစမ်းရေက သူ့နှလုံးသားထဲသို့ စီးဆင်းလာသည့်အလား သူခံစားမိသွားသည်။ သူ၏ အသိစိတ်က သက်တောင့်သက်သာရှိသွားသည်။ တမူထူးခြားသော ထိုအသံကို အနာဂတ်မှာ သူမေ့သွားရန် အလွန်ခဲယဉ်းလိမ့်မည်။ သူ၏ သံသယကြီးမှုကို သဘာဝခံစားမှုက အစားထိုးသွားသည်။ ဤသည်မှာ သူက မိတ်ဆွေဟောင်းနှင့် တွေ့ဆုံရန် ရောက်လာသည့်အလားပင်။ ထိုခံစားချက်ကြောင့် သူက အသံပိုင်ရှင်အား တွေ့ဆုံရန် ဆန္ဒပြင်းပြလာသည်။

သို့သော်လည်း ထိုအတိုင်း အတင်းအဓမ္မ ဝင်ရောက်သွားခြင်းက အလွန်ရိုင်းစိုင်းသည်။

မည်သို့ဖြစ်ပါစေ သူက အတိတ်မှာ လူသားတစ်ယောက်ဖြစ်ခဲ့သည်။ သူက ဟွာရှားပြည်မှာ ကြီးပြင်းလာခဲ့သည်။ ဟွာရှားပြည်သည် နှစ်ငါးထောင်သက်တမ်းရှိသော ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက သာမန်လူများ မသိနိုင်သော လောကဝတ်များနှင့် ယဉ်ကျေးမှုများကို သင်ကြားခဲ့သည်။ သူက နှစ်ဆယ့်တစ်ရာစုမှာ ကြီးပြင်းလာခဲ့သော်လည်း ရိုးရာယဉ်ကျေးမှုများကို မေ့မသွားခဲ့ပေ။ ယခု သူက ခရမ်းရွှေကုန်းမြေမှာ ရှိနေသည်ဆိုလျှင်ပင် ဤကုန်းမြေ၏ ယဉ်ကျေးမှုများက ဟွာရှားပြည်နှင့် သိပ်မကွာလှပေ။ မည်သို့ဖြစ်ပါစေ ဤနေရာမှာ နေထိုင်ကြသော လူအများစုက မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။ ရလဒ်အနေဖြင့် သူ၏ လုပ်ဆောင်မှုများနှင့် အပြုအမူများမှာ ရှေးခေတ်အငွေအသက် ကိန်းအောင်းနေသည်။

လောကဝတ်အရ စကားပြောပြီးနောက် သူက သိုလှောင်အိတ်ကို ညင်သာစွာ ပုတ်လိုက်သည်။ ဝိညာဉ်အလင်းက သိုလှောင်အိတ်ပေါ်မှာ ထွန်းလင်းသွားသည်။ မကြာမီ ရှေးကျသော ကြိုးခုနစ်ချောင်းတပ်ကုချင်းက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထိုရှေးဟောင်းကုချင်းက တမူထူးခြားသည်။ အစိမ်းရောင်ချီက ကုချင်းပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။ ကုချင်း၏ အဆုံးသတ်တစ်ဖက်စီတွင် သီချင်းဆိုနေသော ဖီးနစ်များနှင့် လေပေါ်မှာ ပျံသန်းနေသော ဖီးနစ်များ၏ ရုပ်ပုံများရှိသည်။ ကုချင်းပေါ်မှ ရုပ်ပုံများက လွန်စွာလက်ရာမြောက်ပြီး အသက်ဝင်သည်။ တစ်စုံတစ်ယောက်သည် ကုချင်းကို ကြည့်လိုက်သည်နှင့် စိတ်အေးချမ်းသွားပြီး ပျော်ရွှင်သွားလိမ့်မည်။

ထိုကုချင်း၏ နာမည်သည် ဖုန်းလွင် ဖြစ်သည်။ ယင်းကို သီရှီထျန်က ကုချင်းဘုံထဲတွင် သူသတ်ဖြတ်ခဲ့သော မကောင်းဆိုးဝါးဝိညာဉ်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ မှန်ပေသည်။ ယင်းက လက်နက်သန္ဓေသားတစ်ခုသာ ဖြစ်၏။

ထိုလက်နက်သန္ဓေသား၏ အရည်အသွေးက သူရရှိခဲ့သော ခရမ်းရောင်ဗုံကဲ့သို့ မကောင်းမွန်သော်လည်း ယင်းက အဆင့်မြင့်အဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်နေဆဲပင်။

တစ်စုံတစ်ယောက်က ထိုကုချင်းကို ကိုယ်ပိုင်ရတနာအဖြစ် သန့်စင်လိုက်မည်ဆိုလျှင် ယင်းက ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ တစ်စုံတစ်ယောက်က ယင်းကို သက်စောင့်ဓမ္မလက်နက်အဖြစ် အသုံးပြုပြီး သေချာဂရုတစိုက် ပျိုးထောင်ပေးမည်ဆိုလျှင် ယင်းက အနာဂတ်မှာ ဓမ္မရတနာတစ်ခု ဖြစ်လာလိမ့်မည်။

သူက ဖုန်းလွင်ကုချင်းကို လက်ထဲမှာ ကိုင်ထားရင်း ချိုင့်ဝှမ်းထဲသို့ လျှောက်သွားသည်။

ချိုင့်ဝှမ်း၏ အတွင်းနှင့်အပြင်ဘက်၊ အနုပညာခံစားမှုနှင့် သူ့အရှေ့မှ မြင်ကွင်းသည် ကောင်းကင်ဘုံသဖွယ် အောက်မေ့ရသည်။ သိမ်မွေ့သော လေပြေက သူ့မျက်နှာကို ပွတ်သပ်သွားသည်။ ပန်းပေါင်းစုံမွှေးရနံ့က သူ၏ နှာခေါင်းဝသို့ ဝင်ရောက်လာသည်။ သူတစ်ခါအသက်ရှူလိုက်တိုင်း မတူညီသော ပန်းရနံ့ကို ရှူမိသွားသည်။ အသက်တစ်ရာရှူချိန်ကြာပြီးနောက် သူက မတူညီသော ပန်းရနံ့အမျိုးအစားတစ်ရာကို ရှူမိသွားသည်။ ယင်းက သူ့နှလုံးသားကို သိမ်မွေ့နူးညံ့စေသည်။

တစ်စုံတစ်ယောက်သည် ဤသို့ရောက်လာပြီးလျှင် ပြန်ထွက်သွားရန် တုံ့ဆိုင်းသွားလိမ့်မည်။ ပန်းခင်းထဲမှာ သူလမ်းလျှောက်နေစဉ် ထန်ပိုဟူ၏ “ မက်မွန်ပန်းဥယျာဉ်သီချင်း ”က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ဒီနေရာကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းလို့ တကယ်ပဲ ခေါ်ထိုက်ပါတယ်… ဒီနေရာက မြင်ကွင်းနဲ့ ရှုခင်းက ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနဲ့ နှိုင်းယှဉ်ရင် လုံးဝ မနိမ့်ကျဘူး… တကယ်တော့ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက ပိုပြီးသာတယ်… ဒီလိုနေရာမှာ ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံခြင်းအမြန်နှုန်း နှေးကွေးနေမှာကို စိုးရိမ်ဖို့မလိုတော့ဘူး ”

သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အသံထွက်ပေါ်လာသော ဦးတည်ရာသို့ လျှောက်သွားသည်။ သူက အရှေ့သို့ လှမ်းကြည့်လိုက်လေရာ ရေကန်တစ်ကန်ကို မြင်တွေ့သွားသည်။ ရေကန်၏ အလယ်တွင် ကြော့ရှင်းတင့်တယ်သော မဏ္ဍပ်တစ်ခု ရှိသည်။ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦးက မဏ္ဍပ်၏ ဘေးမှာ မတ်တတ်ရပ်နေသည်။ သူက မဏ္ဍပ်အပြင်ဘက်မှ ကြာပန်းများကို ငေးကြည့်နေသည်။ သူ့ဘေးတွင် ဇမာဏီငှက်က တစ်စုံတစ်ခုကို တတွတ်တွတ် ပြောနေသည်။

လမ်းတစ်လျှောက်၌ သီရှီထျန်သည် သူ၏ ဘေးပတ်ဝန်းကျင်မှ ပန်းပင်အမျိုးမျိုးက တစ်ယောက်နှင့်တစ်ယောက် အလှချင်းပြိုင်နေကြကြောင်း မြင်တွေ့သွားသည်။ ပန်းပင်အားလုံးဆီမှာ ကိုယ်ပိုင်အလှနှင့် ကိုယ်ပိုင်အနုပညာရှိကြသည်။ ဤနေရာတွင် ဂန္ဓမာပန်းပင်များက အများဆုံး ဖြစ်သည်။ သူ့အမက ဂန္ဓမာပန်းပင်များကို အနှစ်သက်ဆုံးဖြစ်သည်ဟု ဇာမဏီငှက် ပြောခဲ့ခြင်းက အမှန်ဖြစ်သည်။

ချိုင့်ဝှမ်းသည် မကျယ်ဝန်းပေ။ သို့ဖြစ်၍ မဏ္ဍပ်ဆီသို့ ရောက်ရန် အချိန်အကြာကြီး သူမလျှောက်ခဲ့ရချေ။ မိန်းကလေးသည် သူ့အား ကျောပေး၍ မတ်တတ်ရပ်နေသည်။ ထို့ကြောင့် တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ သူမမြင်နိုင်ပေ။ သို့သော်လည်း သူ၏ နောက်ကျောကို ကြည့်ရုံဖြင့်ပင် ထိုမိန်းကလေးက အရုပ်ဆိုးသူမဖြစ်နိုင်ကြောင်း သူသေချာသည်။ သူက မဟာဆန်ပြီး သူ့မှာ ကိုယ်ပိုင်ကျက်သရေ ရှိသည်။ သူ၏ ခန္ဓာကိုယ်အချိုးအစားက ပြစ်ချက်မဲ့စွာ ပြီးပြည့်စုံသည်။ သို့ဖြစ်၍ ထိုမိန်းကလေးက ပြိုင်စံရှားအလှပိုင်ရှင်တစ်ဦးဖြစ်ကြောင်း သူခန့်မှန်းနိုင်သွားသည်။

“ ကျုပ်သီရှီထျန်က မိန်းကလေးကို လက်ဗလာနဲ့ လာမတွေ့ဝံ့ပါဘူး… ဒီဟာက အရင်တစ်ခေါက်က ခရီးစဉ်မှာ မမျှော်လင့်ဘဲ ကျုပ်ရရှိခဲ့တဲ့ အရာပါ… ကျုပ်ရဲ့ ဒီလက်ဆောင်ကို မင်းမငြင်းဆန်ဖို့ မျှော်လင့်ပါတယ် ”

သီရှီထျန်က သူ့အရှေ့မှ မိန်းကလေး၏ နောက်ကျောကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ထဲမှ ဖုန်းလွင်ကုချင်းကို မဏ္ဍပ်ထဲမှ ကျောက်စိမ်းစားပွဲခုံပေါ်မှာ တင်လိုက်သည်။

“ ရှင့်ကို ဖိတ်ခေါ်ခဲ့တဲ့လူက ကျွန်မပါ… ရှင်ဒီကို ရောက်လာတာပဲ ကျွန်မ ဝမ်းသာလှပါပြီ… လက်ဆောင်တွေ ဘာတွေ ယူလာစရာမလိုပါဘူး ”

မိန်းကလေးက ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သည်။ ထိုအခါ တိုင်းပြည်ပျက်စေနိုင်သော ပြိုင်စံရှားမျက်နှာက စက်ကရာ၏ အရှေ့မှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ကြော့ရှင်းတင့်တယ်မှု၊ နန်းဆန်မှု၊ သိမ်မွေ့ညင်သာမှုနှင့် မွန်မြတ်သန့်စင်မှု အစရှိသော ကောင်းချီးများက သူ၏ မျက်နှာပေါ်မှာ ပေါင်းစုံနေဟန် ရ၏။ ထိုမိန်းကလေး၏ အလှတရားကို စကားလုံးများဖြင့် ဖော်ညွှန်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူက ဤလောက၏ ကောင်းချီးအားလုံးကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် ထိုမိန်းကလေးအား မြင်လိုက်သည်နှင့် သူ့အပေါ် ချက်ချင်း ခံစားချက်ကောင်းမွန်သွားလိမ့်မည်။

“ ကျုပ်ရဲ့ နာမည်က သီရှီထျန်ပါ… မိန်းကလေးက တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုရဲ့ အကြီးအကဲပါ… ဒါကြောင့် ကျုပ်က ဘယ်လိုလုပ် လက်ဗလာနဲ့ လာနိုင်မှာလဲ… ဒါက သေးငယ်တဲ့ လက်ဆောင်လေးပါ… ကျေးဇူးပြုပြီး ကျုပ်ရဲ့ လက်ဆောင်ကို မငြင်းပါနဲ့… ပြီးတော့ ကျုပ်ကို ရှီထျန်လို့ ခေါ်နိုင်ပါတယ် ”

သီရှီထျန်သည် ချန်းရှီ၏ ပြိုင်စံရှားမျက်နှာကို မြင်လိုက်ရသောအခါ တဒင်္ဂ အံ့ဩမှင်သက်သွားသည်။ ထိုမိန်းကလေး၏ အလှတရားကို သူမချီးကျူးဘဲ မနေနိုင်ပေ။ ကံကောင်းသွားသည်မှာ သူက ဤမတိုင်ခင် မိန်းမလှများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ပိုင်ဟူ၏ အလှက ချန်းရှီအောက် လုံးဝ မလျော့ပေ။ သို့သော်လည်း ထိုမိန်းကလေးနှစ်ယောက်က တစ်ယောက်တစ်မျိုးစီ လှပကြသည်။ ပိုင်ဟူက ညှို့ဓာတ်ပြင်းသော အလှပိုင်ရှင် ဖြစ်သည်။ သူ့မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဆွဲဆောင်မှု ရှိ၏။ အခြားတစ်ဖက်မှာတော့ ချန်းရှီ၏ အလှက ပိုင်ဟူနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ချန်းရှီက အဖြူရောင်ကြာပန်းကဲ့သို့ မွန်မြတ်သန့်စင်သော အလှပိုင်ရှင်ဖြစ်သည်။

ထို့ကြောင့် သီရှီထျန်သည် ချန်းရှီကို ပထမဆုံးအကြိမ် မြင်လိုက်သောအခါ သူ့နှလုံးက တဒုန်းဒုန်း ခုန်မြည်လာသည်။ ဖော်မပြနိုင်သော စည်းချက်က သူ့နှလုံးခုန်သံနှင့်အတူ ဖြစ်ပေါ်လာသည်။ သူက ချန်းရှီကို နောက်ထပ် မကြည့်ဝံ့တော့ဘဲ အကြည့်လွှဲလိုက်သည်။

“ ဟီး ဟီး... အကိုသီ… ဒီမှာ ယဉ်ကျေးနေဖို့ မလိုပါဘူး… ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားပါ… လာ လာ… ဒီမှာထိုင်ပြီး စကားပြောကြရအောင် ”

ကျူးအာ၏ မျက်လုံးထဲမှာ ဉာဏ်များသောအကြည့် ထွက်ပေါ်လာသည်။ သူက ချန်းရှီကိုတစ်လှည့် သီရှီထျန်ကိုတစ်လှည့် ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။ သူက စကားဆုံးသည်နှင့် ထိုင်ခုံပေါ်မှာ အရင်ဆုံး ထိုင်လိုက်သည်။

စားပွဲခုံပေါ်တွင် အမျိုးအစားစုံလင်သော သစ်သီးဝလံများကို တည်ခင်းထားသည်။ ထို့ပြင် ဝိုင်ကရားတစ်အိုးလည်း ရှိ၏။ မွှေးပျံ့သော ဝိုင်ရနံ့က ဝိုင်ကရားအိုးထဲမှ ပျံ့လွင့်နေသည်။

All Chapters