← Chapters

အခန်း (၁၂၁၁-၁၂၁၂)

Vol. 122 Ch. 1211-1212

အခန်း (၁၂၁၁-၁၂၁၂)

Vol. 122 Ch. 1211-1212

အခန်း (၁၂၁၁) ငါ့ကို ဘာလို့ တောင်ပိုင်းဧကရာဇ်လို့ ခေါ်လဲဆိုတာ မင်း သိသင့်တယ်

စဉ့်စီရင်စု၊ မြို့တံခါးဝတွင်

ဧကရာဇ်ချီ လွှမ်းခြုံထားသော စစ်သည်နှစ်တန်းက သတိအနေအထားဖြင့် မတ်မတ်ရပ်နေကြ၏။ ခါးတွင် သံတံဆိပ်များချိတ်ဆွဲထားသော နတ်ဆိုးဖမ်းဆီးသူများကမြို့ရိုးကို မှီထားပြီး ဖြတ်သန်းသွားလာနေသူများ၏မျက်နှာများကို အကဲခတ်ရန် သူတို့၏မျက်လုံးများကို အောက်သို့ငုံ့ထားကြ၏။

ဤနေရာတွင်သာမက မဟာတောင်ပိုင်းတိုက်ကြီး၏ စီရင်စုနှစ်ဆယ့်ခုနစ်ခုလုံးတွင် ဤမြင်ကွင်းမျိုး ဖြစ်နေပါသည်။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်က စဉ့်စီရင်စုတွင် ခေတ္တရပ်နားနေသောကြောင့် မြို့တံခါး၏ကျန်းနှစ်ဆယ်အကွာတွင် အရိပ်အောက်တွင် အမည်ခံစစ်သူကြီးနှစ်ဦးပင် ထိုင်နေကြပြီး အလကား စကားပြောနေပုံရသော်လည်း တကယ်တမ်းတွင် သူတို့၏ တည်ရှိမှုက လမ်းမရှည်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

မည်သူမျှ သတိမထားမိသော နေရာများတွင် မဟာတောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို တိတ်ဆိတ်သော နတ်ဆိုးကျောက်တုံးများက အနီးကပ် စောင့်ကြည့်နေကြောင်း ပြောစရာပင် မလိုတော့ပေ။

၎င်းတို့ထဲတွင် တာ့လော်မသေမျိုးအရှင်များနှင့် နှိုင်းယှဉ်နိုင်သော တတိယအဆင့် မဟာနတ်ဆိုးကြီးများပင် ပါဝင်နေ၏။

ဤကဲ့သို့တင်းကျပ်သော လုံခြုံရေးနှင့် ကာကွယ်ရေးများအောက်တွင်။

အလေးထမ်းသမားများကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး စီရင်စုမြို့တော်အတွင်းသို့ ဝင်ရောက်လာကြသည်။ တစ်ဦးမှာ အရပ်ရှည်ပြီး တောင့်တင်းကာပခုံးပေါ်တွင် အထုတ်အပိုးတစ်ခု တင်ထားပြီး အခြားတစ်ဦးမှာပိန်ပါးကာ ခါးကိုင်းနေပြီး ခေါင်းငုံ့လျက် နောက်မှ လိုက်ပါလာ၏။

စစ်သည်များ၏ဆက်တိုက် မေးမြန်းစစ်ဆေးမှုများအပြီးတွင် သူတို့က အေးဆေးတည်ငြိမ်စွာပင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထိုနှစ်ဦးက နတ်ဆိုးဖမ်းဆီးသူများ၏မျက်စိအောက်မှ ဖြတ်သွားပြီး အမည်ခံစစ်သူကြီးများကို ကျော်ဖြတ်သွားကြကာ သူတို့၏နှုတ်ခမ်းများက စကားပြောနေသကဲ့သို့ လှုပ်ရှားနေ၏။ သို့သော် အမည်ခံစစ်သူကြီးများက မည်သည့်အသံမျှ မကြားရသည်ကို မဆိုနှင့်၊ အနည်းငယ်မျှသောပုံမှန်မဟုတ်မှုကိုပင် သတိမထားမိခဲ့ကြပေ။

"ငါတို့ ဘာလို့ ဒီကို ရောက်နေတာလဲ" ပိန်ပါးသော အထမ်းသမား၏မျက်လုံးများထဲတွင် သံသယ အရိပ်အယောင် အနည်းငယ်ရှိနေလေသည်။

သူတို့က ခရီးဝေးကိုခြေလျင်လျှောက်ကာ နတ်ဘုရားစွမ်းရည်များကို အသုံးမပြုနိုင်ဘဲ လာခဲ့ကြရသဖြင့် မပင်ပန်းသော်လည်း အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ သူတို့၏ခွန်အားဖြင့် မဟာတောင်ပိုင်းတိုက်ကြီးကို ထိုးဖောက်ဝင်ရောက်ရန် သီးခြားနေရာများကို ရွေးချယ်ရန် အမှန်တကယ် လိုအပ်ပါသည်လော။

"စဉ့်စီရင်စုက မဟာတောင်ပိုင်းတိုက်ကြီးရဲ့ စီရင်စုနှစ်ဆယ့်ခုနစ်ခုရဲ့အလယ်လောက်မှာ ရှိတယ်။ နတ်ဘုရားမင်းဆက်ရဲ့ကျွမ်းကျင်သူတွေက အဲဒီ အသုံးမကျတဲ့ကောင်တွေအုပ်စုကို ရှင်းလင်းပြီးတဲ့နောက်မှာ ဧကရာဇ်ဖြစ်တဲ့ ငါ့ရဲ့တည်ရှိမှုကို သိနေလောက်ပြီ။ သူတို့ရဲ့ စိတ်တွေက အခုဆို ငါဧကရာဇ်အပေါ် အာရုံစိုက်နေလောက်ပြီ။ ကာကွယ်ရေးတွေကြိုတင်ပြင်ဆင်ချင်ရင် သူတို့ရဲ့အင်အားစုတွေကို တစ်နေရာတည်းမှာ စုစည်းထားလိမ့်မယ်။ ဒီနေရာက သူတို့အခြေအနေ တစ်ခုလုံးကိုထိန်းချုပ်ဖို့ အကောင်းဆုံးပဲ"

အရပ်ရှည်သော အထမ်းသမားက အာရုံစိုက်ထားဆဲဖြစ်ပြီး ရွှံ့ပေနေသော သူ၏ခြေဗလာက ပိုမို မြန်ဆန်စွာ လှမ်းနေ၏။ မျက်နှာချင်းဆိုင် ထိုင်နေသော ထိုစတုတ္ထအဆင့်ကျင့်ကြံသူ နှစ်ဦး၏တည်ရှိမှုကလည်း သူ၏အတွေးကို အထောက်အကူပြုနေသည်။ အခြားစီရင်စုမြို့တော်များက ဤကဲ့သို့သောအလေးပေးမှုကို မရရှိခဲ့ပေ။

"ပြီးတော့..."

သူက အသံကို ဆွဲကာမည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။ "ဧကရာဇ်ဖြစ်တဲ့ ငါက မင်းကိုမယုံကြည်သလို သူတို့ကိုလည်း ငါ မယုံကြည်ဘူး"

ဤစကားကို ကြားသောအခါ ပိန်ပါးသော အထမ်းသမားက အနည်းငယ်မျက်မှောင်ကြုတ်သွားသော်လည်း တစ်ဖက်လူကိုမစော်ကားရဲပေ။

မည်သို့ပင်ဆိုစေ တစ်ဖက်လူ ရည်ညွှန်းသော သူတို့ဆိုသည်မှာ ဗောဓိဂိုဏ်းနှင့် မသေမျိုးသုံးပါးဂိုဏ်း ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ ဤမဟာဂိုဏ်းကြီး နှစ်ခုနှင့် နှိုင်းယှဉ်ပါက မိမိကိုယ်ကို မယုံကြည်ခြင်းမှာ အသေးအဖွဲသာဖြစ်ပုံရ၏။

တစ်ခဏအကြာတွင်။

တောင်ပိုင်းဧကရာဇ်က သူ၏ဦးထုပ်အစွန်းကို အနည်းငယ် ပြင်လိုက်ပြီး ခြေလှမ်းကို နှေးလိုက်ကာ ရှေ့ရှိခမ်းနားကြီးကျယ်သော အစိုးရရုံးကို ကြည့်လိုက်ပါသည်။

၎င်းက တောင်ပိုင်းတိုက်ကြီး၏စီရင်စုနှစ်ဆယ့်ခုနစ်ခုအတွင်း တစ်ကောင်တည်း ကျန်ရှိနေသော နတ်ဆိုးအရှင်နှင့်အတူ လူသူကင်းမဲ့သော နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်လာသကဲ့သို့ တမင်တကာလှည့်လည်သွားလာနေခြင်းမှာ ၎င်း၏စွမ်းအားကို ကြွားလုံးထုတ်ရန် မဟုတ်သကဲ့သို့ ကြောက်ရွံ့မှုကြောင့်အချိန်ဆွဲရန်လည်း မဟုတ်ပေ။

မည်သို့ပင်ဆိုစေ အမွှေးနံ့သာပြာလက်ဝါးရာ၏ သတိပေးချက်ကြောင့် နတ်ဘုရားမင်းဆက်ဆီသို့ အတင်းအကျပ်လာခဲ့ရသော်လည်း ၎င်းကြောက်ရွံ့သောအရာမှာ မဟာလွတ်လပ်ခြင်း သန့်စင်သောကမ္ဘာ ဗောဓိသတ္တကိုသာ ဖြစ်၏။ ဍုမေဏုတောင် ပေါ်မလာပါက ၎င်းက ဤမဟာတောင်ပိုင်းတိုက်ကြီးတွင်လောကကို အထင်သေးစွာငုံ့ကြည်နေသော အုပ်ချုပ်သူ ဖြစ်နေခဲ့လေပြီ။

သို့သော် ယခင်က ၎င်းကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုများကို နတ်ဘုရားမင်းဆက်က လုပ်ဆောင်နိုင်စွမ်း မရှိကြောင်းသေချာပြီး ဂိုဏ်းနှစ်ခုကြားရှိ ပွင့်လင်းစွာဖြစ်စေ၊ လျှို့ဝှက်စွာဖြစ်စေ ပြိုင်ဆိုင်မှုများမှ အများဆုံး ဆင်းသက်လာခြင်းဖြစ်နိုင်ပါသည်။

တောင်ပိုင်းဧကရာဇ်အနေဖြင့် တိုက်ကြီးကို ဖောက်ထွင်းရန် အန္တရာယ်အကျခံခြင်းကို လက်ခံနိုင်သော်လည်း ဤတစ်ကြိမ်တွင် ထို ဗောဓိသတ္တများနှင့် မသေမျိုးအရှင်များ ဟုခေါ်ဆိုသူများ အပါအဝင် မည်သူကမျှ ၎င်း၏တည်နေရာကို ခြေရာခံနိုင်မည် မဟုတ်ချေ။

မည်သည့်နေရာ၊ မည်သည့်အချိန်တွင် လှုပ်ရှားရမည်ကို သူသာလျှင် သိရှိသင့်သည်။

"ဟူး"

အရပ်ရှည်သော အထမ်းသမားက သူ၏ပခုံးပေါ်မှ အထုတ်ကို ချလိုက်ပြီး အစွန်းတစ်ဖက်ကို မြေကြီးပေါ်တွင် ပေါ့ပေါ့ပါးပါးထောက်ထားလိုက်သည်။

သူက မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ရာ သူ၏စမျက်နှာပေါ်တွင် ယစ်မူးသည့်အမူအရာတစ်ခု ပေါ်လာ၏။

"ရှာတွေ့ပြီ"

စွပ် စွပ်... အထုတ်က ကျောက်အုတ်ကြမ်းပြင်ကို ပွတ်တိုက်သွားပြီး အရပ်ရှည်သော အထမ်းသမားက မျက်လုံးများကို မှိတ်ထားလျက်လှေကားပေါ်သို့ အေးဆေးတည်ငြိမ်စွာ တက်သွားကာ တံခါးခုံကို ကျော်ဖြတ်ပြီး စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။

လူတိုင်းက သူ၏တည်ရှိမှုကို လျစ်လျူရှုထားပုံရလေ၏။

အဖြူရောင် ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးက အဝင်ဝတွင် သူ့ကိုပွတ်တိုက်ဖြတ်ကျော်သွားပြီး အစိုးရရုံးမှထွက်ခွာတော့မည့်ဆဲဆဲတွင် ရုတ်တရက် မိုးကြိုးပစ်ခံရသကဲ့သို့ အေးခဲသွား၏။

ယဲ့လန်က ပြင်းထန်လာသောနှလုံးခုန်သံကို ခံစားလိုက်ရပြီး သူမ၏နှလုံးသားကို မသိစိတ်အရ ဖုံးအုပ်လိုက်၏။

သူမ၏အခြားလက်တစ်ဖက်က ခါးရှိ နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားကို ဆုပ်ကိုင်ထားသည်။ သူမ၏မှင်တက်နေသော အကြည့်အောက်တွင် သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်းစွမ်းအားများ ပြည့်နှက်နေသော ကျောက်စိမ်းတံဆိပ်က ရုတ်တရက် ရွှေရောင်မြူခိုးများလှိုင်းထလာ၏။

ခွပ်

သူမ၏လက်ထဲရှိ နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားက အပိုင်းပိုင်းအစစကွဲအက်သွားသည်နှင့်အတူ စူးရှသော အသံတစ်ခုက သူမ၏နားထဲတွင် မြည်ဟည်းသွားခဲ့သည်။

သူမ၏ကျောပြင်က မျက်တောင်တစ်ခတ်အတွင်း ချွေးအေးများဖြင့် ရွှဲနစ်သွားသည်။ သူမက ရုတ်တရက်လှည့်ကြည့်လိုက်ရာ ခန်းမထဲရှိ စည်ကားနေသောလူအုပ်ကြီးကိုသာ မြင်လိုက်ရပြီး ပျော်ရွှင်ဖွယ်အသံများက တိတ်ဆိတ်ခြင်းမရှိဘဲ အရာအားလုံးက ပုံမှန်အတိုင်းပင်။

သို့သော် ယဲ့လန်၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူမ၏သူငယ်အိမ်များက လိုက်လံ ကြည့်ရှုနေကာအရှေ့တွင် အလောင်းများ ပြန့်ကျဲနေသောကြမ်းပြင်ကို မြင်နေရသကဲ့သို့ဖြစ်နေသည်။

သူ... ရောက်လာပြီ။

...

အစိုးရရုံးအတွင်းပိုင်းရှိ ခြံဝင်းငယ်လေးထဲတွင်..

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးက စီရင်စုမြို့တော်အသီးသီးမှ နေ့စဉ် ပေးပို့သော သတင်းစကားများကို မည်သည့် သဲလွန်စကိုမျှ အလွတ်မပေးလိုဘဲ လေးနက်စွာပြန်လည် စစ်ဆေးနေကြ၏။

ရန်မင်လီက စားပွဲပေါ်ရှိ မြေပုံဆီသို့ အကြည့်မပို့မီ သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများက စီရင်စုနှစ်ဆယ့်ခုနစ်ခုပေါ်တွင် အကြိမ်ကြိမ် လှည့်ပတ်နေလေသည်။

ခါးသီးသော အပြုံးဖြင့် သူက ပြောလိုက်၏။ "သူ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ လာသင့်သည်ဖြစ်စေ၊ မလာသင့်သည်ဖြစ်စေ အရေးမကြီးဘူးလို့ ငါ ပြောပြီးပြီ။ ငါတို့သာ ဒီလို အချည်းနှီး ဆက်စောင့်နေမယ်ဆိုရင် သူ မရောက်လာခင်မှာတင် ငါမောပန်းပြီး သေသွားမှာကို ငါ စိုးရိမ်တယ်"

တတိယအဆင့် ကျွမ်းကျင်သူ တစ်ဦးအနေဖြင့်ပင် အစဉ်မပြတ်တင်းမာနေမှုက ရေရှည်မခံနိုင်ပေ။

"သူ ပေါ်လာရင်တောင် ရှင် ပျော်မှာ မဟုတ်ပါဘူး" ဖုန်းရှီက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် လှမ်းကြည့်လိုက်ပြီး ယန်လန်ထင်က သူ ဖတ်ပြီးခါစ စာအုပ်ငယ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ကာ အသစ်တစ်အုပ်ကို ယူလိုက်၏။

၎င်းကို မြင်သောအခါ ရန်မင်လီက စုတ်သပ်လိုက်ပြီး ဤခေါင်းမာသော အဘိုးကြီးပင်လျှင် နောက်ပြောင်ရန်အချိန်မရှိလောက်အောင် အလုပ်များနေကြောင်း သဘောပေါက်သွားကာ သူတို့ မည်မျှ ဖိအားများအောက်တွင် ရှိနေကြောင်းကို များစွာ ဖော်ပြနေပအသည်။

သူက မြေပုံကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေပြီး ထိုးထွင်းသိမြင်မှု အချို့ရရှိရန် မျှော်လင့်နေ၏။ "သူ လာမလား မလာဘူးလား ဆိုတာ ငါ ဆုံးဖြတ်ရမယ့် ကိစ္စမှ မဟုတ်တာ"

ထိုအချိန်တွင် ပန်းကန်လုံးတစ်လုံးခန့် ထူထဲသော တံပိုးကြီးတစ်ခုက သူ၏ပခုံးနောက်မှ ဆန့်ထွက်လာပြီး မြေပုံ၏အလယ်ဗဟို၊ စဉ့်စီရင်စုမြို့တော်နှင့် သက်ဆိုင်သောအပိုင်းလေးပေါ်သို့ ညင်သာစွာ ပုတ်လိုက်ပါသည်။

အခန်း (၁၂၁၂) ငါ့ကို ဘာလို့ တောင်ပိုင်းဧကရာဇ်လို့ ခေါ်လဲဆိုတာ မင်း သိသင့်တယ် ၂

သူ၏နားထဲတွင် တိုးညှင်းသော တီးတိုးသံတစ်ခု ထွက်ပေါ်လာသည်။ "သူတို့ ဒီကိုရောက်နေပြီ၊ ဒီမှာပဲ"

မျက်တောင်တစ်ခတ်အတွင်း ရန်မင်လီ၏ဆံပင်များ ထောင်မတ်သွား၏။ တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ် ဖြစ်လာကတည်းက သူ့အနီးသို့ ဤမျှ တိတ်ဆိတ်စွာချဉ်းကပ်နိုင်သူ မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကပ်ဘေးစွမ်းအားက သူ၏တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လာပြီး အနောက်သို့ လှည့်ကြည့်ရန် မသိစိတ်အရ ကြိုးစားလိုက်၏။

သို့သော် ထိုတံပိုးက ရန်မင်လီ၏ပခုံးကို ဖိချလိုက်ပြီး ရိုးရှင်းသောသာမန် ပစ္စည်းတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကို ကုလားထိုင်ပေါ်တွင် မည်သို့ချုပ်နှောင်ထားနိုင်သည်ကို မသိရှိနိုင်ပေ။

"မလှုပ်နဲ့" တီးတိုးသံက ခြင်တစ်ကောင်ကဲ့သို့ ဖြစ်နေဆဲဖြစ်သော်လည်း သူတို့သုံးဦးစလုံးက ၎င်းတွင် မကျေနပ်မှုအရိပ်အယောင်အနည်းငယ်ကို ကြားလိုက်ရသည်။

၎င်းက ဖိနှိပ်ခံရခြင်း၏မကျေနပ်မှုပင်။

ဤကဲ့သို့သော မကျေနပ်မှုမျိုးက လွတ်မြောက်ရန် လမ်းကြောင်းတစ်ခုကို အသည်းအသန်လိုအပ်နေသည်။

"နောက်ထပ် ထပ်လှုပ်ရင်... ငါ မင်းကို သေအောင်ရိုက်သတ်ပစ်မယ်"

အရပ်ရှည်သော အထမ်းသမားက တံပိုးကိုလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ဝါးခမောက်ကို ညင်သာစွာ ချွတ်လိုက်ရာ သူ၏ပါးစပ်ကဟသွားပြီး ဖြူဖွေးသောသွားများကို လျှာဖြင့် သပ်လိုက်ကာ မုတ်ဆိတ်မွေးကြမ်းများဖြင့် ပြည့်နေသော သူ၏မျက်နှာပေါ်တွင် ခြိမ်းခြောက်နေသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာ၏။

လမ်းဘေး လူမိုက်များကဲ့သို့ကြမ်းတမ်းသော ခြိမ်းခြောက်မှုဖြစ်သော်လည်း မဟာတောင်ပိုင်းတိုက်ကြီး၏နာမည်ကျော် မဟာနတ်ဆိုးကြီးတစ်ကောင်ထံမှ ထွက်ပေါ်လာသောအခါ ပို၍ပင်ကြောက်စရာကောင်းနေခဲ့သည်။

ရန်မင်လီက သူ၏ဦးနှောက် တုန်ခါနေသကဲ့သို့ ခံစားလိုက်ရပြီးခဏတာ စိတ်အခြေအနေပြိုလဲသွားပြီးနောက် သူ၏အာရုံစိုက်မှုက ယခင်ကထက် ပိုမို စူးစိုက်လာကာ တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းများကို အသည်းအသန်စဉ်းစားနေ၏။

သို့သော် ထိုသို့ဖြစ်လင့်ကစား တင်းမာမှုကြောင့် ပို၍လေးလံလာသော သူ၏အသက်ရှူသံမှာ ဦးနှောက်ဖြင့် ထိန်းချုပ်၍မရသော မသိစိတ်အရ တုံ့ပြန်မှုတစ်ခုသာဖြစ်သည်။

"လမ်းတစ်လျှောက်မှာ ကောလာဟလ အများကြီး ကြားခဲ့ရတယ်"

"အဲဒီထဲမှာ နန်ယန်ဆိုတဲ့ နာမည်က အရင်းနှီးဆုံးပဲ"

"မေးလို့ ရမလား၊ မင်းတို့ထဲက ဘယ်သူက နန်ယန်စစ်သူကြီးလဲ"

အရပ်ရှည်သောအထမ်းသမားက ဝါးခမောက်ကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်၏။ ယခုအခါ နတ်ဘုရားမင်းဆက်၏မဟာတောင်ပိုင်းတိုက်ကြီး အလယ်ပိုင်းတွင်နက်ရှိုင်းစွာ ရောက်ရှိနေပြီး လွှမ်းမိုးနေသောဧကရာဇ်ချီဖြင့် ဖုံးလွှမ်းခံထားရကာ နတ်ဘုရားမင်းဆက်၏ထိပ်တန်း ကျွမ်းကျင်သူများဖြင့် ဝိုင်းရံထားသော်လည်း သူက သက်တောင့်သက်သာနှင့် အလျင်စလို မရှိပုံပေါ်ကာ သူ၏နှလုံးသားထဲရှိ ပဟေဠိကို ဖြေရှင်းရန် စိတ်ကူးပင် ရှိနေသေး၏။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းတိုက်ကြီးတွင် ကြုံတွေ့ခဲ့ရမှုများအရ ၎င်း၏ကျရှုံးသွားသော အစီအစဉ်များအားလုံးက ဤဘွဲ့အမည်နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေပုံရသောကြောင့်ပင်။

တောင်ပိုင်းဧကရာဇ်က အရာအားလုံးကို အပြစ်အနာအဆာကင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိပြီး ဤကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် မည်သည့် မြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်သနည်း ဆိုသည်ကို အမှန်တကယ် သိချင်နေခဲ့၏။

၎င်းက ၎င်း၏ကိုယ်ပိုင် အစီအစဉ်များကို နှောင့်ယှက်ခဲ့ပြီး တိုက်ကြီးကို အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန် ချဉ်းကပ်မှုတစ်ခုဖြစ်စေခဲ့သည်။

၎င်းက ၎င်း၏အရှေ့ရှိ လူသုံးဦးကို ဖြည်းညှင်းစွာ အကဲခတ်ကြည့်လိုက်၏။ "မင်းတို့ တစ်ယောက်မှ စကားမပြောဘူးလား"

ထိုအမျိုးသား၏မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများက ညင်သာစွာတုန်ခါသွားပြီး တိတ်ဆိတ်စွာ ရယ်မောလိုက်၏။ "ဒီလိုဆိုမှတော့ မင်းတို့ သုံးယောက်လုံးက နန်ယန်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့"

ဤသည်က အဖြေမလိုအပ်သော မေးခွန်းတစ်ခု ဖြစ်သည်။

အကယ်၍ အမှန်တကယ် စွမ်းဆောင်နိုင်သူ တစ်ဦးဆိုပါက သဘာဝကျကျပင် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည်ဖြစ်ပြီး အကယ်၍ သေဆုံးသွားပါက နန်ယန် ဖြစ်စေ၊ မဖြစ်စေ သက်ဆိုင်မည် မဟုတ်ပေ။

တံပိုးဖြင့် ဖိနှိပ်ခံထားရသော်လည်း လူသုံးဦး၏ စူးစိုက်ကြည့်နေမှုအောက်တွင် ၎င်းက တံပိုးကို ရိုးရှင်းလွယ်ကူစွာပင် လွှတ်ပေးလိုက်၏။

ထို့နောက် ထိုအမျိုးသားက လူသုံးဦး၏အရှေ့တွင် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး လိမ့်ဆင်းလာသောမိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသော သမ်းဝေမှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဝါး.."

ဤတိုးညှင်းသော အသံနှင့်အတူ သူ၏သန်မာသော ခန္ဓာကိုယ်က ရုတ်တရက် မီးခိုးရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ယခင်က တင်းကျပ်နေသောအရေပြားများက ရေလှိုင်းများကဲ့သို့ လှိုင်းထလာပြီးအလွှာများအဖြစ် ပြောင်းလဲသွားကာ သူ၏တစ်ကိုယ်လုံးက လေထိုးနေသောပူဖောင်းတစ်ခုအလား ရူးသွပ်စွာဖောင်းကားလာသည်။

"တိုက်ခိုက်ကက" ယန်လန်ထင်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှေးဟောင်း မှတ်တမ်းများတွင် ဤမဟာနတ်ဆိုးကြီး၏ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသော ပုံသဏ္ဌာန်နှင့် ပတ်သက်၍ အစိုးရိမ်ရဆုံးသောဖော်ပြချက်အတွင်းပါဝင်လေသည်။

တစ်နည်းအားဖြင့် ဤသားရဲက မည်သည့် နည်းလမ်းကိုမျှ အသုံးပြုရန်ပင်မလိုအပ်ပေ။ ၎င်း၏အစစ်အမှန်အသွင်ကို ဖော်ပြရုံဖြင့် စဉ့်စီရင်စုမြို့တော် တစ်ခုလုံးကို အပျက်အစီးများအဖြစ် ပြောင်းလဲပစ်နိုင်၏။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးစလုံးက တစ်ပြိုင်နက်တည်း နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားကို ထုတ်ယူလိုက်ကြသည်။

ထိုတံဆိပ်များအတွင်းရှိ ဧကရာဇ်ချီက ယဲ့လန် ပိုင်ဆိုင်သောအရာထက်များစွာ သာလွန်ပေသည်။

နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြသဖြင့် ဤအခိုက်အတန့်တွင် အချင်းချင်း၏ ရည်ရွယ်ချက်များကို နားလည်ရန် မည်သည့် ဆက်သွယ်မှုမျှ မလိုအပ်ပေ။ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ရန်မင်လီနှင့် ဖုန်းရှီတို့က အထမ်းသမား၏ ဘယ်နှင့် ညာ လက်မောင်းများကို ဆုပ်ကိုင်လိုက်ပြီး ယန်လန်ထင်က ၎င်း၏ခါးကို ရစ်ပတ်လိုက်၏။

သူတို့က ၎င်းကို ကောင်းကင်ယံသို့ ပို့ဆောင်ရန် ရည်ရွယ်လျက် ကပ်ဘေးစွမ်းအားများကို တစ်ပြိုင်နက်တည်း ခေါ်ယူလိုက်ကြသည်။

"..."

ဝူရှန်းက အရေးတကြီးနှင့် အလျင်စလို ခြေလှမ်းများဖြင့် ချဉ်းကပ်လာသော်လည်း ခြံဝင်း အဝင်ဝသို့ ရောက်သောအခါ ရှင်းပြ၍မရနိုင်အောင် ရပ်တန့်သွား၏။

သူက မှင်တက်စွာရပ်နေပြီး ခြံဝင်းထဲသို့ စိုက်ကြည့်နေသည်။

လွန်ခဲ့သောတစ်ခဏက လူကြီးသုံးဦးက အထမ်းသမားကို နှိမ်နင်းလိုက်သကဲ့သို့ ဖြစ်နေသော်လည်း ထိုမီးခိုးရောင်အသားတောင်ကြီး လျင်မြန်စွာဖောင်းကားလာမှုနှင့်အတူ သူတို့က လေပြင်းထဲတွင် ယိမ်းယိုင်နေသော ဧရာမ ကောင်းကင်သစ်ပင်ကြီး၏သစ်ကိုင်းများကို တွယ်ကပ်နေသည့် ပုရွက်ဆိတ် သုံးကောင်အလား ဖြစ်နေ၏။

ဝူရှန်းက အပြင်ပန်းတွင် တည်ငြိမ်နေပုံရသည်မှ မျက်တောင်တစ်ခတ်အတွင်း ပါးစပ်အဟောင်းသားနှင့် မှင်တက်သွားသည်အထိ ပြောင်းလဲသွားသည်။

ရင်းနှီးနေသော ထိုပုံရိပ်က သူ့ကို သူ၏ငယ်ဘဝ၊ သူ၏မိသားစု သုတ်သင်ရှင်းလင်းခံရသောနေ့သို့ မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ခေါ်ဆောင်သွားသကဲ့သို့ ဖြစ်နေပြီး သူ၏မှတ်ဉာဏ်ထဲတွင် အစဉ်အမြဲစွဲထင်နေမည့် ကောင်းကင်ယံရှိ ခဏတာမျှသာဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ထိုပုံရိပ်ကို မော့ကြည့်ခဲ့ရသောနေ့သို့ ပြန်လည်ရောက်ရှိသွားစေ၏။

ဝူရှန်းက နှစ်ပေါင်းများစွာ ကြမ်းတမ်းသော ကိုယ်တိုင်လေ့လာသင်ယူမှုကို လုပ်ဆောင်ခဲ့သည်။ ညစဉ်ညတိုင်း သူက ထိုပုံရိပ်ရှေ့တွင် နောက်တစ်ကြိမ် ရပ်တည်ကာ သူ၏စိတ်အတွင်းမကျေနပ်ချက်များကိုဖြေဖျောက်ရန် ရဲရင့်စွာဟိန်းဟောက်ကာစကားများကို ပြောဆိုမည့်နေ့ကို စိတ်ကူးယဉ်ခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူ လုပ်နိုင်သမျှမှာ ထိုအလှမ်းဝေးပြီး ရောက်ရှိနိုင်မည်မဟုတ်သော အမြင်မှ အနည်းငယ်ပိုနီးကပ်သော အနေအထားသို့ ပြောင်းလဲကာ အထက်သို့ အံ့အားသင့်စွာ ကြည့်နေခြင်းသာ ဖြစ်၏။

သူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော စကားများက မသိစိတ်အရတုန်ယင်နေမှုများကြားတွင် တုန်ခှုပ်နေသောစကားလုံး အနည်းငယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

"တောင်... တောင်ပိုင်းဧကရာဇ်"

စကားများအပြည့်အဝ မပြောရသေးမီမှာပင်မီးခိုးရောင် အသားတောင်ကြီးက စီရင်စုမြို့တော် တစ်ခုလုံး၏ အရွယ်အစားခန့် ကြီးထွားလာပြီး စဉ့်စီရင်စု၏မရေမတွက်နိုင်သော အသက်ပေါင်းများစွာအထက်တွင် ဆိုင်းလန့်နေကာ နေနှင့် လကို ဖုံးကွယ်ပြီး ကျယ်ပြန့်သော တိမ်ဖြူများကို ပြန့်ကျဲသွားစေလျက် ကမ္ဘာမြေကို အမှောင်ထုထဲသို့ ကျဆင်းသွားစေ၏။

"ငါ့အတွက် ကြွလိုက်စမ်း"

ထိုစဉ်က လက်တစ်ထောင် ဗောဓိသတ္တကို ရင်ဆိုင်ခဲ့ရချိန်တွင်ပင် ယန်လန်ထင်က ခန်းမကြီးထဲမှ ရုန်းထွက်နိုင်ခဲ့သည်။

သို့သော် ယခုအခါ တောင်ပိုင်းဧကရာဇ်က လှုပ်ရှားမှုတစ်ခုမျှ မလုပ်သေးဘဲ ဤအဘိုးကြီးက အသံကွဲသွားသည်အထိ ဟိန်းဟောက်လိုက်၏။

သူက သူတို့ထဲတွင် သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ခဲ့သော ကျင့်ကြံသူတစ်ဦးအနေဖြင့် နတ်ဆိုးသုတ်သင်ရေးအမိန့်ပြား ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် အရာဝတ္ထုကို ကိုင်ဆောင်ထားကာ ထူထပ်သော ဧကရာဇ်ချီက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပြီး ရွှေရောင်ဝတ်ရုံတစ်ခုကို ဖန်တီးထား၏။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးက သူတို့၏လက်ဖဝါးများကို အဆီပြင်များထဲသို့ ဖိသွင်းလိုက်ပြီး မီးခိုးရောင် အသားတောင်ကြီးကို ကောင်းကင်ယံသို့ နောက်ထပ်တစ်ကြိမ် မနည်း ပို့ဆောင်နိုင်ခဲ့ကာ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု အမှန်တကယ် မစတင်မီမှာပင် မောပန်းနွမ်းနယ်နေသည့် လက္ခဏာများ ပြသနေပြီ ဖြစ်၏။

အစောပိုင်းက သမ်းဝေမှုက ရယ်မောသံများအဖြစ်သို့ ပြောင်းလဲသွားသည်။

တောင်ပိုင်းဧကရာဇ်က ဆန့်တန်းထားသော လက်မောင်းများကို နောက်ဆုံးတွင် ရုပ်သိမ်းလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ပုရွက်ဆိတ်ကဲ့သို့သော ယန်လန်ထင်ကို လျစ်လျူရှုစွာကြည့်လိုက်ကာ ခေါင်းခါလိုက်၏။ "မင်းက နန်ယန်မဖြစ်နိုင်ဘူး"

ထို့နောက် ၎င်းက ဖုန်းရှီကို ကြည့်လိုက်သည်။ "မင်းလည်း မဟုတ်ဘူး"

နောက်ဆုံးတွင် အသားတောင်ကြီးက ရန်မင်လီကို မထီမဲ့မြင်ပြုစွာ လှမ်းကြည့်လိုက်၏။ "မင်းက ပိုတောင် မဖြစ်နိုင်ဘူး"

အသက်ရှူသွင်းလိုက်ပြီး ၎င်းက ရုတ်တရက် အောက်သို့ နိမ့်ကျသွားသည်။

ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုဖြင့် တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးအပေါ်ရှိ ဧကရာဇ်ချီက ရုတ်တရက်ပြန့်ကျဲသွားပြီး သူတို့၏ မျက်နှာများက သွေးထွက်မတတ် နီရဲသွားကာ ကျင့်ကြံခြင်းအဆင့်အလိုက် ဆင်းသက်လာသည့် အစီအစဉ်အတိုင်း သူတို့က သွေးများမှုတ်ထုတ်လိုက်ကြ၏။

"ဖူး" သူတို့ အသီးသီး၏ နည်းလမ်းများကို ထုတ်ဖော်ပြသရန် အခွင့်အရေးမရခဲ့ပေ။ အကယ်၍ သူတို့က လွှတ်ပေးရန် ငြင်းဆန်ပါက ဤကဲ့သို့ တိုက်ရိုက်ဖိချေခံရကာ သေဆုံးသွားတော့မည့်အလား ဖြစ်နေ၏။

သူတို့၏ခန္ဓာကိုယ်များအတွင်း ဖြတ်သန်းစီးဆင်းနေသော လွှမ်းမိုးနိုင်သည့် စွမ်းအားများအပြင်။

သူတို့၏နားထဲရှိ မိုးခြိမ်းသံကဲ့သို့သော ရယ်မောသံက အလွန် နားကွဲမတတ်ဖြစ်ပြီး သူတို့၏နတ်ဝိညာဉ်များကို ပြိုကွဲလုနီးပါး ဖြစ်စေကာ မျက်လုံးအိမ်များတွင် သွေးကြောများပေါ်လာစေ၏။

တောင်ပိုင်းဧကရာဇ်က စိတ်ဝင်စားမှု စတင် လျော့နည်းလာပြီး သုံးဦးစလုံးကို ဖိချေတော့မည့်ဆဲဆဲတွင် ၎င်း၏မျက်ခွံများ ရုတ်တရက် ပင့်တက်သွားသည်။လေထဲတွင် တွန့်လိမ်မှုများပေါ်လာပြီး သူတို့သုံးဦးစလုံးကို ဝါးမြိုသွားသည့်ကြီးမားသော မမြင်ရသည့် ပါးစပ်ကြီးတစ်ခုအလား ဖြစ်နေ၏။

"..."

တောင်ပိုင်းဧကရာဇ်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အောက်ဘက်ရှိမြေပြင်ကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေ၏။

မကြာမီ ၎င်း၏အကြည့်က ထိုခြံဝင်းဆီသို့ ပြန်ရောက်သွားသည်။

ဘယ်အချိန်က ဖြစ်သွားမှန်း မသိဘဲ ထိုကျင့်ကြံသူ သုံးဦးက မြေပြင်ပေါ်သို့ပြန်ရောက်နေပြီး သွယ်လျသော ပုံရိပ်တစ်ခု၏အထောက်အပံ့ဖြင့် ကုလားထိုင်များပေါ်တွင် အားနည်းစွာ ထိုင်နေကြ၏။

အနက်ရောင်ဝတ်ရုံက ညင်သာစွာ လွင့်ခါနေပြီး ထိုသူက ယန်လန်ထင်၏ခန္ဓာကိုယ်ပေါ်ရှိ ကျန်ရှိနေသော အင်အားများကို ဖယ်ရှားပေးရန် ကိုင်းညွတ်လိုက်ကာ ထို့နောက် မတ်မတ်ပြန်ရပ်လိုက်ပြီး တိတ်ဆိတ်စွာ လှည့်ကာ ကောင်းကင်ယံရှိ မီးခိုးရောင် အသားတောင်ကြီးကို စူးစိုက်ကြည့်လိုက်၏။

ဤသည်က စဉ့်စီရင်စုတွင် သူတို့နှစ်ဦး ပထမဆုံး အကြည့်ချင်းဆုံခြင်း ဖြစ်သည်။

တောင်ပိုင်းဧကရာဇ်က ဖြူဖျော့ပြီး ချောမောသော မျက်နှာကို မှတ်မိနေ၏။ သူက ဤမျက်နှာကို တစ်ကြိမ်သာ မျက်မြင်တွေ့ခဲ့ရသော်လည်း ရှင်းလင်းစွာ မှတ်မိနေသည်။

သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်မှ မဟာတောင်ပိုင်းတိုက်ကြီးတွင်ပြန်လည်ဆုံတွေ့ခြင်းအထိ မပြောင်းလဲသောအရာမှာ ထိုမျက်ခုံးနှင့် မျက်လုံးများထဲရှိ မထီမဲ့မြင်ပြုမှုနှင့် မောက်မာမှုတို့ပင်။

"ဟားဟားဟား..."

တောင်ပိုင်းဧကရာဇ်က ၎င်း၏လည်ချောင်းထဲမှ ရယ်မောသံတစ်ခုထွက်ပေါ်လာကာ ၎င်းက ယခင်ကကဲ့သို့ မကျေနပ်မှုများပါဝင်နေပြီး ဤမကျေနပ်မှုက မကြာမီမှေးမှိန်သွားကာ ဒေါသဖြင့် အစားထိုးခံလိုက်ရ၏။

ပြဿနာမှာ ဂိုဏ်းနှစ်ခုကြားရှိ ပဋိပက္ခတွင် တည်ရှိနေပြီး သူက အလယ်တွင်ပိတ်မိနေကြောင်း ၎င်း သိထားသော်လည်း ဘယ်သောအခါမျှ သံသယမဝင်ခဲ့သောအရာမှာ သူတို့က တူညီသော တောင်ပိုင်းဍုမေဏုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့ကိုတိုက်ကြီးကို အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန် တွန်းအားပေးခဲ့ပြီး အခြားတစ်ယောက်ကမူ နတ်ဆိုးမျိုးနွယ်ကို အသုံးပြုကာနာမည်ရရန်ကြိုးစားခဲ့၏။

တောင်ပိုင်းဧကရာဇ်က သူသည် ထိုဘုန်းကြီးများအုပ်စု၏မောင်းနှင်ခြင်းကိုခံရသော ခွေးတစ်ကောင် ဖြစ်မှန်းမသိဖြစ်သွားခဲ့သည်ဟု ယူဆခဲ့သော်လည်း သူက အမဲလိုက်ခွေးတစ်ကောင်ပင် မဟုတ်ဘဲလှောင်အိမ်အတွင်းမှ ဘုန်းကြီးများ၏လှောင်ပြောင်ခြင်းကိုခံရသည့် ကစားစရာ တစ်ခုမျှသာဖြစ်ကြောင်း သဘောပေါက်သွား၏။

"ဒါဆိုရင်၊ ဟား..ဟား.ဒါဆိုရင် ဗောဓိသတ္တက တကယ်တော့ နန်ယန်ဖြစ်နေတာကိုး"

သူက အသက်ရှူရပ်သည်အထိ ရယ်မောလိုက်ပြီးနောက် ရှန်းယီ၏အထီးကျန်စွာ ရပ်နေမှုအောက်တွင် လျင်မြန်စွာပြန်လည်တည်ငြိမ်မှုရသွားကာ သူ၏အမူအရာက ဒေါသဖြင့်ရှုံ့မဲ့သွား၏။

မဟာဂိုဏ်းကြီးကို မှီခိုခြင်းက ဤကဲ့သို့ မောက်မာနိုင်ခွင့်ပြုထားသော်လည်း ဤလောကရှိ အခက်ခဲဆုံးသောအမှန်တရားကို မေ့လျော့သွားခဲ့သည်။

"ငါက တောင်ပိုင်းဧကရာဇ်ဆိုတဲ့ နာမည်ကို ဘာကြောင့် သုံးရဲပြီး ဒီနေ့အထိ အသက်ရှင်နေနိုင်ရတာလဲဆိုတာကို ဗောဓိသတ္တမကြာခင် နားလည်လာလိမ့်မယ်"

စကားများမဆုံးမီမှာပင် တောင်ပိုင်းဧကရာဇ်၏မျက်လုံးများက လှောင်ပြောင်မှုများဖြင့်ပြည့်နှက်နေပြီး ထိုကိစ္စများကို ဂရုမစိုက်တော့ဘဲ ဘုန်းကြီးတစ်ပါးကို သူ၏ရှေ့တွင် မောက်မာစွာ စကားပြောစေသောအရာများက အလွန်အရေးမပါလှပေ။

လူပြက်တစ်ယောက်မျှသာ ဖြစ်၏။

All Chapters