အခန်း (၁၂၁၇-၁၂၁၈)
Vol. 122 Ch. 1217-1218
အခန်း (၁၂၁၇) တောင်ပိုင်းတိုက်ကြီးမှာ တောင်ပိုင်းဧကရာဇ် တစ်ပါးသာရှိတယ် ၂
၎င်းက ခြေလှမ်းပေါင်းမရေမတွက်နိုင်အောင် လှမ်းခဲ့ပြီးပြီဖြစ်ရာ ဤနောက်ဆုံးခြေလှမ်းတွင် မည်သို့ ယိမ်းယိုင်သွားနိုင်မည်နည်း။
သူ၏အရိုးများမှ အက်ကွဲသံများနှင့် ကျိုးပဲ့သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
တောင်ပိုင်းဧကရာဇ်၏ခေါင်းက တစ်လက်မချင်းစီ မြင့်တက်လာပြီး ယခင်အတိုင်းပင် နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။ "ငါက.."
ဗြဲ..
ရှန်းယီ၏ကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံက ရုတ်တရက်ဆုတ်ဖြဲခံလိုက်ရပြီး သူ၏အရေပြားမှ သွေးစက်များ စိမ့်ထွက်လာခဲ့၏။
အစောပိုင်းက တောင်ပိုင်းဧကရာဇ်၏ရိုးရှင်းသော အမူအရာလေးတစ်ခုကပင် နတ်ဆိုးသုတ်သင်ရေးအမိန့်ပြား ခြောက်နှင့်ခြောက် အသွင်ပြောင်းခြင်းအဆင့်နှင့် ညီမျှသော တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးကို သေလုမတတ်ဖြစ်စေခဲ့သည်။
ရှန်းယီက မူလရင်းမြစ် ကိုးဆယ့်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အဆုံးတွင် သူသည် ခြောက်နှင့်ခြောက်အသွင်ပြောင်းလဲခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး သူ၏အသွင်ပြောင်းလဲခြင်းကို မပြီးမြောက်သေးချေ။
သို့သော် တောင်ပိုင်းဧကရာဇ်ဆူပူလာမှုကို ရင်ဆိုင်ရချိန်တွင် သူက ရှောင်လွှဲမည့် အရိပ်အယောင် မပြခဲ့ပေ။ ယင်းအစား သူက လေးလံသော ခြေလှမ်းတစ်လှမ်းဖြင့်အောက်သို့ ဆင်းသက်လာခဲ့လေ၏။
ဘုန်း
ယခုလေးတင် မြှောက်ထားသော တောင်ပိုင်းဧကရာဇ်၏ခေါင်းက နောက်တစ်ကြိမ် ဖိနှိပ်ခံလိုက်ရပြီး ဟိန်းဟောက်သံပင် ရုတ်တရက် ပြတ်တောက်သွား၏။
ရှန်းယီက နောက်ဆုံးတွင် သူ၏တင်းကျပ်စွာ စေ့ထားသောနှုတ်ခမ်းပါးများကို ဖွင့်လိုက်ရာ သူ၏သပ်ရပ်ပြီးဖြူဖွေးသော သွားများက နီရဲသောသွေးများဖြင့် စွန်းထင်းနေပြီဖြစ်သည်။ ပျစ်ချွဲသောသွေးများက သူ၏မေးရိုးကို လျင်မြန်စွာ ဖုံးအုပ်သွားပြီး သူ၏ကော်လာကို စိုရွှဲသွားစေ၏။
"ဒါကို မှတ်ထား" သူက သူ၏မေးရိုးကို လက်ခုံဖြင့် ပေါ့ပေါ့ပါးပါးသုတ်လိုက်ပြီး သူ၏ခြေရင်းရှိ အသားတောင်ကြီးကိုငုံ့ကြည့်ကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ "တောင်ပိုင်းတိုက်ကြီးမှာ တောင်ပိုင်းဧကရာဇ်တစ်ပါးပဲ ရှိတယ်"
"အဲဒါ ငါ နန်ယန် ပဲ"
သူ၏စကားများ ဆုံးသွားသည်နှင့်အမျှ ရှန်းယီ၏သွေးစွန်းနေသော လက်ကတိတ်ဆိတ်စွာ ကျဆင်းသွားလေသည်။
စဉ့်စီရင်စု ပြည်သူများ၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ခမ်းနားကြီးကျယ်သော ရွှေရောင်ခန္ဓာ ဓမ္မကိုယ်ထည်က လက်နှစ်ဖက်လုံးကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး အနောက်မှကြက်သွေးရောင်ငှက်ဓားရှည်ကို ကိုင်ဆောင်လိုက်သည်။
ရွှေရောင်လက်ဖဝါးများက ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးဓားရှည်ကို ပြောင်းပြန်ကိုင်ထားကာ ဓားသွားက တောင်ပိုင်းဧကရာဇ်၏ခေါင်းဆီသို့ တည့်မတ်စွာ ညွှန်ပြနေ၏။
မျက်တောင်တစ်ခတ်အတွင်း ဓား၏ကိုယ်ထည်ပေါ်တွင် နီရဲသောမျဉ်းကြောင်းများ ပေါ်လာပြီးနောက် အထက်သို့ လှိုင်းထသွားကာ ကောင်းကင်ကန့်လန့်ကာနှင့် ဆက်သွယ်ထားသော မီးတောက်စီးကြောင်းလေးခုအဖြစ် ပြောင်းလဲသွားပြီး နတ်ငှက်တစ်ကောင်၏အတောင်ပံများ သို့မဟုတ် ဓားရှည်ကိုဆွဲထားသော သံကြိုးများအလားဖြစ်နေလေ၏။
ကောင်းကင်တစ်ခုလုံး သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
နောက်တစ်ခဏတွင် ဓားက ရုတ်တရက် ကျဆင်းလာပေသည်။
ဒုတ်..
ကြက်သွေးရောင်ငှက် ဓားရှည်တစ်ခုလုံးက အသားတောင်ကြီး၏ခေါင်းကို ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားလေ၏။
မြင့်တက်နေသော မီးတောက်များကြားတွင် ရှန်းယီက ဧရာမဓားကြီးရှေ့တွင် လျစ်လျူရှုစွာ ရပ်နေပြီး သူ၏စုတ်ပြဲနေသောဝတ်ရုံစများက ရိုင်းစိုင်းစွာ လွင့်ခါမနေတော့ဘဲ မီးတောက်လေပြင်းထဲတွင် ညင်သာစွာလွင့်ခါနေကာ ဤတိုက်ပွဲ၏အဆုံးသတ်ကို အမှတ်အသားပြုနေလေ၏။
တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်က မိုးကြိုးပစ်ခံရသကဲ့သို့ ရုတ်တရက်တောင့်တင်းသွားပြီး သူ၏ရက်စက်ကြမ်းကြုတ်သော မျက်လုံးများက တဖြည်းဖြည်းအာရုံစူးစိုက်မှု ပျောက်ဆုံးသွားခဲ့၏။
သူ၏ကျောပေါ်ရှိ နဂါးရစ်ခွေသံမဏိတုတ်၊ ခါးရှိ နတ်ဆိုးဖိနှိပ်ခြင်းတုတ် နှင့် ကျယ်ပြန့်သော ပင်လယ်ရေပြင်တို့သည် သူ၏ခေါင်းရှိ ကြက်သွေးရောင်ငှက် ဓားရှည်နှင့် ထူးဆန်းသော ဆက်သွယ်မှုတစ်ခုကို ဖန်တီးလိုက်ပုံရပါသည်။
မှော်ရတနာလက်နက် လေးခု၏အရှိန်အဝါများက ယှက်နွှယ်သွားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နက်မှောင်သောရွှေရောင်အလင်းဘီးတစ်ခုကို ဖန်တီးလိုက်၏။
ဤသည်က ရှန်းယီ၏ကမ္ဘာပင်။
အလင်းကိုးသွယ်အလံနှင့် မီးနဂါး ရထားလုံးတို့၏ဟန့်တားမှုမှတစ်ဆင့် သူက ထိုအရာကို တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့လေသတည်း။
"ဟူး"
တောင်ပိုင်းဧကရာဇ်၏တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ကြည်လင်နေသော ကောင်းကင်ကို မှင်တက်စွာ စိုက်ကြည့်နေကာ အံ့သြစရာကောင်းလောက်အောင် ရှန်းယီ၏စကားများကို ပြန်လည်မချေပခဲ့ပေ။
ဤသူပြသခဲ့သောနည်းလမ်းများဖြင့် အောင်ပွဲကို သေချာစေရန်မှာ လုံးဝမလုံလောက်ခဲ့ချေ။
တိုက်ပွဲ တစ်လျှောက်လုံးတွင် သူ၌အခြေအနေကို ပြောင်းပြန်လှန်ရန်အခွင့်အရေးများစွာ ရှိခဲ့ပါသည်။
သို့သော် ပြိုင်ဘက်က သူ့ကိုအခွင့်အရေး တစ်ကြိမ်လေးမျှ မပေးခဲ့ပေ။
ထို့အပြင် ဤနန်ယန်စစ်သူကြီး၏သတိထားတတ်မှု တစ်ခုတည်းက အောင်ပွဲအတွက်လုံလောက်မည် မဟုတ်ချေ။
ပုန်းအောင်းရမည့် အချိန်တွင် သူ ပုန်းအောင်းခဲ့သည်။ ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားရမည့် အချိန်တွင် သူ ဘယ်သောအခါမျှ မတုံ့ဆိုင်းခဲ့ပေ။
မည်သည့် အမှား သို့မဟုတ် ချို့ယွင်းချက်မျှ မလုပ်ဘဲ သူက အခွင့်အရေးတိုင်းကို မလွတ်တမ်း ဆုပ်ကိုင်ခဲ့၏။ ဤသည်က အကြောက်မက်ဖွယ်အကောင်းဆုံးအရာ ဖြစ်သည်။
တောင်ပိုင်းဧကရာဇ်၏နှုတ်ခမ်းထောင့်တွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အလင်းဘီး ပြည့်စုံသွားသောအခါ သူ၏သူငယ်အိမ်များက တောက်ပမှု လုံးဝ ပျောက်ဆုံးသွားလေ၏။
[တတိယအဆင့် အသားလင်ကျီးကို သတ်ဖြတ်ပြီးပြီ၊ စုစုပေါင်းသက်တမ်း ကပ်ဘေး တစ်သောင်း၊ ကျန်ရှိသောသက်တမ်း ကပ်ဘေး ရှစ်ထောင် နှစ်ရာ၊စုပ်ယူပြီး]
"..."
စဉ့်စီရင်စု တစ်ခုလုံးက တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားလေသည်။
တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးက သူတို့၏ကုလားထိုင်များတွင် နောက်သို့ မှီလျက် မျက်လုံးများ ပြူးကျယ်နေကာ မဟာတောင်ပိုင်းတိုက်ကြီး၏ ဤထိပ်တန်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရလေ၏။
တူညီသော တတိယအဆင့် နယ်ပယ်တွင် ရှိနေသော်လည်း သူတို့က အသက်ရှူကျပ်မှုကိုသာ ခံစားရနိုင်ပါသည်။
ဝူရှန်းက အသက်ရှူမဝဖြစ်နေပြီး သူ၏အမြင်အာရုံတွင် တောက်လောင်နေသော မသေမျိုးဓားရှည်အတွင်းရှိ အနက်ရောင်ပုံရိပ်ကိုသာ မြင်တွေ့နေရပါသည်။
သူ နေ့ညမပြတ် စဉ်းစားခဲ့သော ကြီးကျယ်ခမ်းနားသည့် စကားလုံးများအားလုံး ပေါင်းစပ်လိုက်လျှင်ပင် နန်ယန်သခင်ကြီး၏နောက်ဆုံး တည်ငြိမ်သော စကားများ၏အကျိုးသက်ရောက်မှုကို မယှဉ်နိုင်ခဲ့ချေ။
တစ်ချိန်က အနိုင်ယူ၍မရနိုင်သော တောင်ပိုင်းဧကရာဇ်၊ ကောင်းကင်တစ်ခွင် လွှမ်းမိုးသွားသော ထိုကြောက်မက်ဖွယ်ကမ္ဘာပျက်မည့် ပုံရိပ်ကြီး။
ယခုအခါ ပြိုင်ဘက်၏ခြေရင်းတွင် တိတ်ဆိတ်စွာ ဒူးထောက်နေလေပြီ။
"သခင်ကြီး သုံးဦး"
ယဲ့လန်က တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦး၏အနောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သွေးများကိုလက်ကိုင်ပဝါဖြင့် သုတ်ဖယ်လိုက်ကာ ကောင်းကင်ယံရှိ ရှန်းယီကို မော့ကြည့်လိုက်ပြီး သူမ၏အသံက အကြောင်းပြချက် တစ်ခုခုကြောင့် အက်ကွဲနေ၏။ "တောင်ပိုင်းတိုက်ကြီးက ရှင်သန်သွားပြီ"
တောင်ပိုင်းဧကရာဇ် ကျဆုံးသွားသည့် အခိုက်အတန့်တွင် မဟာတောင်ပိုင်းတိုက်ကြီး တစ်ခုလုံးက နတ်ဘုရားမင်းဆက်၏လုံခြုံရေးကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အင်အားစုတစ်ခုကို ထပ်မံ စုစည်းနိုင်တော့မည် မဟုတ်ချေ။
မဟာဂိုဏ်းကြီးများ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက... သို့သော် ၎င်းက လူသားဧကရာဇ်၏ဧကရာဇ်ချီကို မျှဝေခံစားရန်ဖြစ်သော သူတို့၏ကနဦး ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်ပေလိမ့်မည်။
ဗောဓိဂိုဏ်းဖြစ်စေ၊ မသေမျိုးသုံးပါးဂိုဏ်း၏ အကြီးအကဲဖြစ်စေ သူတို့၏ရည်ရွယ်ချက်မှာ ဤအမွှေးတိုင်၏အခြေခံအုတ်မြစ်ကို ဖျက်ဆီးရန် မဟုတ်ဘဲ လူသားဧကရာဇ်ကို အစားထိုးရန် ဖြစ်သောကြောင့် သူတို့၏တပည့်များကို ဤကဲ့သို့ မိမိကိုယ်ကိုယ်ဖျက်ဆီးမည့် လုပ်ရပ်မျိုး လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် မဟာတောင်ပိုင်းတိုက်ကြီးက လူတစ်ဦးတည်း၏ ခွန်အားကို အားကိုး၍ နတ်ဘုရားမင်းဆက်တစ်ခုလုံးတွင် တစ်ခုတည်းသော ဖောက်ထွင်း၍မရနိုင်သည့် တိုက်ကြီး ဖြစ်လာခဲ့လေပြီ။
"ပြီးတော့ သူ..."
ယန်လန်ထင်က သူ၏ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ သူ၏နှုတ်ခမ်းများက တုန်ယင်နေ၏။
တောင်ပိုင်းဧကရာဇ်ကျဆုံးခြင်းကို အမှန်တရားတစ်ခုအဖြစ် လက်ခံပြီးနောက် သူ၏စိတ်က နောက်ဆုံးတွင် အရာများကို စတင် ဆက်စပ်တွေးတောလာပြီး ရှင်းလင်းမှုအချို့ ရရှိလာခဲ့၏။
သူ၏ဤနန်ယန်စစ်သူကြီးက ဘာမှမရှိရာမှ တစ်ခုခုကို ဖန်တီး၍ မရနိုင်ပေ။
သူက တောင်ပိုင်းတိုက်ကြီးကို ကြီးစိုးရန် ဤကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ရခြင်း၏ အကြောင်းရင်းမှာ ထိုမဟာဂိုဏ်းကြီးများထံမှ ၎င်းကို လုယူရန် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်ပေသည်။
အစောပိုင်းက တောင်ပိုင်းဧကရာဇ် သူ့ကို ခေါ်ခဲ့သကဲ့သို့... ဗောဓိသတ္တ။
မဟာတောင်ပိုင်းတိုက်ကြီးက အသက်ရှင်သွားပြီဖြစ်သော်လည်း တောင်ပိုင်းဍုမေဏု၏ ကြီးမားသော အစီအစဉ်ကို ဖျက်ဆီးခဲ့သော သစ္စာဖောက်က မည်သို့ ဖြစ်လာမည်နည်း။
"ကျွန်မ မသိဘူး"
ယဲ့လန် ၏ အက်ကွဲနေသော အသံတွင် ငိုရှိုက်သံ အနည်းငယ် ပါဝင်နေလေသည်။
ဤမျှ ကူကယ်ရာမဲ့မှုကို သူမ နောက်ဆုံးအကြိမ် ခံစားခဲ့ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ၏ဆေးတောင်ထိပ်လုံးဝ သုတ်သင်ရှင်းလင်းခံရကြောင်း သိလိုက်ရသည့် ညက ဖြစ်ပေသည်။
သူမ မည်မျှပင် ပြင်းပြင်းထန်ထန် တွေးတောစေကာမူ ရှန်းယီက ဤနစ်မွန်းမှုထဲမှ မိမိကိုယ်ကိုယ် မည်သို့ ရုန်းထွက်နိုင်မည်နည်း၊ တောင်ပိုင်းဍုမေဏုရှိ အစစ်အမှန် ဗုဒ္ဓများနှင့် ဗောဓိသတ္တများက သူ့ကို မည်သို့ ခွင့်လွှတ်ပေးမည်နည်း ဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
နယ်ပယ်နှစ်ခုကို ကျော်လွန်ပြီး ဒြပ်စင်ငါးပါး၏ အပြင်ဘက်တွင် ရှိနေသော သတ္တဝါများထံမှ အသက်ရှင်လွတ်မြောက်နိုင်သူ ဤလောကတွင် အမှန်တကယ် ရှိနိုင်ပါသည်လော။
"..."
ရှန်းယီ၏လက်ရှိ ကျင့်ကြံခြင်းဖြင့် စဉ့်စီရင်စုရှိ စကားပြောဆိုမှုများကို သဘာဝကျကျပင် နေ့အလင်းရောင်ကဲ့သို့ရှင်းလင်းစွာ ကြားနေရလေသည်။
သို့သော် သူ၏မျက်နှာပေါ်တွင် မည်သည့် စိုးရိမ်ပူပန်မှု အရိပ်အယောင်မျှ မရှိခဲ့ချေ။
ကိစ္စက မပြီးသေးဘဲ ဝမ်းနည်းပူဆွေးရန်နှင့် ညည်းတွားရန် အချိန်နှင့် အလှမ်းဝေးနေသေး။
ရှန်းယီသည် တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်ပေါ်မှ ဆင်းသက်လာပြီး တဖြည်းဖြည်း ကျုံ့ဝင်သွားသော အသားတောင်ကြီးကို နောက်သို့ လှည့်ကြည့်လိုက်ရာ မကြာမီမြင့်မားကျယ်ပြန့်သော ဧရာမ အသားတောင်ကြီးမှ သူ၏ဘွတ်ဖိနပ် အမြင့်ခန့်သာရှိသော စုတ်ပြဲနေသည့် လင်ကျီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤမြင်ကွင်းကို ကိုယ်တိုင် မျက်မြင်တွေ့ရမှသာလျှင် တုန်လှုပ်မှုကို ခံစားရနိုင်ပေသည်။
ဤမျှ သေးငယ်သော လင်းကျီလေး တစ်ခုက အမှန်တကယ်ပင် တောင်ပိုင်းတိုက်ကြီးတွင် ဤမျှ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် တစ်လှမ်းချင်း တက်လှမ်းခဲ့ခြင်းဖြစ်၏။
ရှန်းယီက ၎င်းကို ကောက်ယူရန် ကိုင်းညွတ်လိုက်ပြီးနောက် ထိုက်ရွှီ အတွင်းသို့ ဝင်ရောက်သွားလေသည်။
စနစ်မျက်နှာပြင်က လျင်မြန်စွာ ပွင့်လာလေသည်။
သူ ယခုလေးတင် ရရှိခဲ့သော နတ်ဆိုးသက်တမ်း ရှစ်ထောင်ကျော်က ထူထဲသောအဝါရောင်မြူခိုးများအဖြစ် လျင်မြန်စွာပြောင်းလဲသွားခဲ့၏။
ရှန်းယီက ၎င်းထဲမှနောက်ဆုံး ရွှေရောင်ချည်မျှင် ရှစ်မျှင်ကို ထုတ်ယူလိုက်သည်။
အသွင်ပြောင်းလဲခြင်းများ၏အထွတ်အထိပ် ဆိုသည်မှာ မိမိ၏တာအိုလမ်းကြောင်းကို ပြီးမြောက်ခြင်း ဖြစ်ပေသည်။
ယခုအခါ သူ၏တာအိုကို ကာကွယ်သော ဗောဓိသတ္တ ဓမ္မကိုယ်ထည်သည် ပြီးပြည့်စုံလုနီးပါး ရောက်ရှိနေပြီဖြစ်ရာ မည်သည့်ဖြည့်စွက်မှုမဆို ပိုလျှံစေတော့မည့်သကဲ့သို့ပင်။
ဤနောက်ဆုံး...
ရှန်းယီက သူ၏အတွင်း၌ ထိုင်နေသော သူ၏ရွှေရောင်ခန္ဓာ ဓမ္မကိုယ်ထည်ကို လှမ်းကြည့်လိုက်၏။ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏နတ်ဝိညာဉ်က အပိုရွှေရောင်ချည်မျှင်များ အားလုံးကို လမ်းညွှန်ကာ ရွှေရောင်ခန္ဓာ ဓမ္မကိုယ်ထည်၏နဖူးပေါ်သို့ သက်ရောက်စေလိုက်သည်။
သူက ဤလောက၏လုပ်ဆောင်ချက်များကို ထာဝစဉ်စောင့်ကြည့်ရန် ဓမ္မကိုယ်ထည်အတွက် မျက်လုံးများကို ဖွင့်ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
ကမ္ဘာကြီးနှင့် ပေါင်းစည်းခြင်း..
မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်ချည်မျှင်များက ပေါင်းစုံသွားပြီး ဓမ္မကိုယ်ထည်၏နဖူးတွင် တောက်ပသော ဒေါင်လိုက်မျက်လုံးတစ်လုံးကို ဖန်တီးလိုက်ပေသည်။
တစ်ချိန်တည်းမှာပင် ရှန်းယီက ဓမ္မကိုယ်ထည်၏ မျက်နှာပြင်ပေါ်တွင် ခဏမျှသာဖြစ်ပေါ်လာသော အမြင့်ဆုံး တာအိုပုံစံတစ်ခုကို မြင်လိုက်ရ၏။
"ငြိမ်သက်ခြင်း..."
ဝမ်းနည်းစရာမှာ တာအိုပုံစံက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
သူ၏လက်ရှိ နယ်ပယ်ဖြင့် သူက ထိုအဆင့်သို့ အမှန်တကယ်မရောက်ရှိသေးဘဲ ခဏတာ လှမ်းကြည့်လိုက်ရခြင်းမျှသာ ဖြစ်ပါသည်။
ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း၏အထွတ်အထိပ်၊ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းလှမ်းလျှင် မဟာလွတ်လပ်ခြင်းဖြစ်ပေလိမ့်မည်။
"ဟူး"
မဟာတာအို၏သွေးဆောင်မှုရှေ့တွင်ပင် ရှန်းယီက သူ၏စိတ်ခံစားမှုများကို လျင်မြန်စွာငြိမ်သက်သွားစေခဲ့သည်။
သူက လှည့်ကာ ထိုက်ရွှီမှ ထွက်လာပြီး တောင်ပိုင်းတိုက်ကြီး၏ အပြင်ဘက် နေရာဆီသို့ ဦးတည်သွား၏။
……
ဘုန်း...ဘုန်း
အလွန်လျှင်မြန်သောပုံရိပ်တစ်ခုက တောင်များနှင့် သစ်တောများကိုဖြတ်၍ ရူးသွပ်စွာ ထွက်ပြေးနေ၏။
၎င်း၏အသက်ရှူသံက တုန်ခါနေပြီး အလွန်အမင်း ထိတ်လန့်နေကြောင်းရှင်းလင်းစွာ သိသာနေကာ နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးမပြုရဲဘဲ အသည်းအသန်ထွက်ပြေးရန် သူ၏ခြေထောက်များကိုသာ အားကိုးနေရသည်။
နောက်ဆုံးတွင် နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့်..
ဤနဂါးပုတ်သင်ညို နတ်ဆိုးအရှင်က နတ်ဘုရားမင်းဆက်၏နယ်နိမိတ်များမှ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သော်လည်း စိတ်သက်သာရာရသောအမူအရာကို ထုတ်ဖော်တော့မည့်ဆဲဆဲတွင် ၎င်းက နေရာတွင်အေးခဲသွားခဲ့၏။
"အဲဒါကြောင့် မင်းက ဒီမှာ ရောက်နေတာကိုး" သူ၏နားထဲရှိ နောက်ပြောင်သောအသံက နတ်ဆိုးအရှင်၏အမူအရာကို ခါးသီးမှုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သူက လှည့်ကြည့်ရန်ပင်အလုပ်ရှုပ်မခံတော့ဘဲ စိတ်ပျက်အားငယ်စွာဖြင့်ခေါင်းကို ငုံ့ထားလိုက်၏။ "သခင်ကြီးတို့၊ ဒီနတ်ဆိုးလေးက တကယ်ပဲ... ရှေ့ဆက်မသွားနိုင်တော့ပါဘူး"
တရှပ်ရှပ်ခြေသံများအရ အနည်းဆုံး လူငါးဦး သို့မဟုတ် ခြောက်ဦးခန့် ရှိကြောင်းသက်သေပြနေသည်။
သူတို့ထဲမှ တစ်ဦးက နဂါးပုတ်သင်ညို နတ်ဆိုးအရှင်၏အနောက်သို့ ပေါ့ပေါ့ပါးပါး လျှောက်လာပြီး သူ့ပခုံးကို ပုတ်ကာ ရယ်မောလိုက်၏။ "စိတ်မပူပါနဲ့၊ မင်း လုပ်နိုင်တယ်လို့ ငါ ပြောရင် မင်း သေချာပေါက် လုပ်နိုင်ပါတယ်"
အခန်း (၁၂၁၈) မင်းနဲ့အတူ ဘယ်သူရှိနေလဲ
နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က သူ၏ပခုံးပေါ် တင်ထားသော လက်ကို ဘေးတိုက် လှမ်းကြည့်လိုက်၏။
နောက်ဆုံးတွင် ထွက်ပြေးရန် နောက်ဆုံးအတွေးကိုပါ စွန့်လွှတ်လိုက်လေပြီ။
သူ၏အမူအရာက မှောင်မိုက်သွားပြီး ဖြည်းညှင်းစွာလှည့်ကာ ထိုသူ့ထံသို့ရိုသေစွာ လက်အုပ်ချီလိုက်၏။ "ဒီနတ်ဆိုးလေးက ရွှေဖားပြုတ်ဗောဓိသတ္တကို ဂါရဝပြုပါတယ်"
"ဒီလိုမျိုး လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး" လူငယ်ဘုန်းကြီးက နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး သူ၏အနောက်တွင် မဟာနတ်ဆိုးကြီးကို သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်သို့ တစ်ခါက လိုက်ပါပို့ဆောင်ပေးခဲ့သော ဝူရှန်၊ ထျန်းလော့ နှင့် ရတနာခုနစ်ပါးဗောဓိသတ္တစသည့် အရှင်များက အေးချမ်းစွာရပ်နေကြ၏။
လက်ဆင့်ကမ်းလာသော သွန်သင်ချက်များအရ ဗောဓိသတ္တများအနေဖြင့် နတ်ဆိုးများနှင့် အလွန်နီးကပ်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်သင့်ပြီး မသေမျိုးသုံးပါးဂိုဏ်းအား ခိုင်လုံသော သက်သေအထောက်အထားများမပေးမိစေရန် ကိစ္စရပ်များကို နောက်ကွယ်မှသာတွန်းအားပေးသင့်၏။
နှစ်ဖက်စလုံးက အမွှေးတိုင်ပူဇော်မှုများအတွက် ယှဉ်ပြိုင်ကြသောအခါ ထို ချီသန့်စင်သူများက သေမျိုးလောကတွင်ပြဿနာရှာရန် ဤကဲ့သို့သောအရာများကို အသုံးပြုကြပါလိမ့်မည်။
သို့သော် တိုက်ကြီးလေးခုကိုကြည့်လိုက်လျှင် မဟာတောင်ပိုင်းတိုက်ကြီး၏ထူးဆန်းသော အခြေအနေမျိုးကို မည်သည့်တိုက်ကြီးကမျှ ရင်ဆိုင်ခဲ့ရခြင်း မရှိချေ။
အင်ပါယာခုံရုံး၏တပ်စွဲထားမှုထက်များစွာ ပိုမိုအားကောင်းသော နတ်ဆိုးစစ်တပ်တစ်ခုကို စီစဉ်ထားခဲ့ကြောင်းရှင်းလင်းနေသော်လည်း ယခုအချိန်အထိ စံအိမ်တစ်ခုတည်းကိုပင် ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း မရှိသေးချေ။
ရတနာခုနစ်ပါးဗောဓိသတ္တက မဟာလွတ်လပ်ခြင်း သန့်စင်သောကမ္ဘာဗောဓိသတ္တ နှင့် တိုင်ပင်ရန် တောင်ပိုင်းဍုမေဏုသို့ပြန်သွားရန် ကနဦးက စီစဉ်ထားခဲ့၏။
သို့သော် ရွှေဖားပြုတ်ဗောဓိသတ္တက ရုတ်တရက် ရှေ့ထွက်လာခဲ့လေသည်။
ဤအရာက တတိယအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ပထမဆုံး မစ်ရှင်ဖြစ်ရာ ဤမျှကြီးမားသောကျရှုံးမှုကို သူလက်မခံနိုင်ခဲ့ပေ။
ထို့ကြောင့် အနာဂတ်ဗုဒ္ဓရွေးချယ်သော တပည့်တစ်ဦးဟူသည့် သူ၏အဆင့်အတန်းကို အသုံးပြုကာ အခြေအနေကို အတင်းအကျပ်ထိန်းချုပ်လိုက်ပြီး ဗောဓိသတ္တတစ်စုကို ဦးဆောင်ကာ နတ်ဘုရားမင်းဆက်၏အပြင်ဘက်တွင် စောင့်ကြည့်နေခဲ့၏။
လူတိုင်းကို အံ့အားသင့်စေခဲ့သောအရာမှာ ဗောဓိဂိုဏ်းကို စိုးရိမ်နေပုံရသော တောင်ပိုင်းဧကရာဇ်က သူ၏တည်နေရာကို တမင်တကာ ဖုံးကွယ်ထားခဲ့သော်လည်း ရွှေဖားပြုတ်၏ အစစ်အမှန် ဗုဒ္ဓနှလုံးသားနှင့် ကြီးမားသောကံကြမ္မာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပြီး သူက နဂါးပုတ်သင်ညို နတ်ဆိုးအရှင်ကိုအမှန်တကယ်ရှာတွေ့ခဲ့၏။
နတ်ဆိုးအရှင်၏အထိတ်တလန့် ထွက်ပြေးမှုကို မျက်မြင်တွေ့ရခြင်းက... တောင်ပိုင်းဧကရာဇ် ကိုယ်တိုင်တပ်များကို ဦးဆောင်ခဲ့လျှင်ပင် တောင်ပိုင်းတိုက်ကြီးတွင် ဟာကွက်တစ်ခုကို ဆုတ်ဖြဲနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်းနေချေ၏။
"အရှင် ကျေးဇူးပြုပြီး ဒီနတ်ဆိုးလေးကို မခြောက်လှန့်ပါနဲ့တော့။ တိုက်ပွဲအလယ်မှာ ထွက်ပြေးခဲ့တာက ကျွန်တော် အမှားလုပ်မိတာ အမှန်ပါပဲ။ ဒီနတ်ဆိုးလေးကို ခင်ဗျား ဘယ်လို ကိုင်တွယ်ချင်လဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"
ဤကဲ့သို့သော ဗောဓိသတ္တအုပ်စု၏ဝိုင်းရံမှုကို ခံရသဖြင့် နဂါးပုတ်သင်ညိုနတ်ဆိုးအရှင်က တူညီသော တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ၎င်း၏ဂုဏ်သိက္ခာကို လုံးဝ စွန့်လွှတ်လိုက်ပြီး လက်နက်ချရန် သိသာထင်ရှားစွာ ပြင်ဆင်ထားလေ၏။
၎င်းက သက်ပြင်းကို ပြင်းပြင်းထန်ထန် ချလိုက်သည်။ "ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ ဂိုဏ်းက ကျွန်တော်တို့ကို အသက်ရှင်ဖို့ လမ်းမချန်ထားခဲ့ဘူး"
နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က တောင်ပိုင်းဧကရာဇ်၏နောက်သို့ လိုက်ရင်း အရာအချို့ကို သင်ယူခဲ့ကာ သူ၏စိတ်ကများစွာ ပိုမို ရှင်းလင်းလာခဲ့ချေ၏။
အောင်ပွဲအပြီး စတေးခံရန် ရည်ရွယ်ထားသော မဟာနတ်ဆိုးကြီးများ အုပ်စုမှာ အစစ်အမှန် နတ်ဘုရား၏ လက်တွင်းမှ လွတ်မြောက်ပြီးနောက် အားလုံး သေဆုံးသွားခဲ့ပြီး ၎င်းနှင့် တောင်ပိုင်းဧကရာဇ်သာ ကျန်ရစ်တော့၏။ ဤအဆင့်တွင် တိုက်ကြီးကို ဖောက်ထွင်းဝင်ရောက်ခြင်းက အဓိပ္ပာယ် တစ်စုံတစ်ရာရှိနေသေးသည်လော။
တောင်ပိုင်းတိုက်ကြီးကို အမှန်တကယ် ဖောက်ထွင်းနိုင်ခဲ့လျှင်ပင် ဟင်းရည်သောက်ပြီး အသားစားရမည့်အစား သူတို့က မဟာဂိုဏ်းကြီး၏ပထမဆုံး ရှင်းလင်းခံရသူများ ဖြစ်လာရန် အလားအလာ များနေချေ၏။
ထို့ကြောင့် တောင်ပိုင်းဧကရာဇ် အစိုးရရုံးအတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က စဉ့်စီရင်စုမှ ပြတ်သားစွာထွက်ပြေးခဲ့ပြီး မြေရိုင်းနယ်မြေများဆီသို့ ပြန်သွားရန်ရည်ရွယ်ကာ နတ်ဘုရားနယ်မြေကြီးနှင့် ပတ်သက်၍ ဘယ်တော့မှ ထပ်မံ ဂရုမစိုက်တော့ရန် ဆုံးဖြတ်ခဲ့သည်။
"ဟိုဘက်မှာ တောင်ပိုင်းဧကရာဇ် ဘယ်လို အခြေအနေ ရှိနေလဲ" ရွှေဖားပြုတ်ဗောဓိသတ္တက ပုတီးကို ညင်သာစွာကစားနေ၏။
"ကျွန်တော် မသိဘူး" နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က ခေါင်းကို ဘေးသို့လှည့်လိုက်ပြီး နတ်ဘုရားတိုက်ကြီးများသို့ပြန်သွားရန် မဖြစ်နိုင်တော့ကြောင်း သိထားသဖြင့် သူ၏ကံကြမ္မာကို လက်ခံလိုက်၏။
၎င်းကိုမြင်သောအခါ ရွှေဖားပြုတ်ဗောဓိသတ္တ၏အပြုံးက ပိုမိုအေးစက်သွားသော်လည်း သူက ဘာမျှထပ်မပြောတော့ဘဲ လက်ဖဝါးကို ပေါ့ပေါ့ပါးပါး မြှောက်ကာ နဂါးပုတ်သင်ညို၏အကြေးခွံများရှိသော မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ခေါင်းကို အတင်းအကျပ် ဆွဲလှည့်လိုက်သည်။
"မင်း တောင်ပိုင်းတိုက်ကြီးကို ဖောက်ထွင်းနိုင်တယ်လို့ ငါ ပြောခဲ့တယ်လေ"
"..."
မည်မျှပင်အားနည်းနေပါစေ နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်း နယ်ပယ်တွင် ရှိနေဆဲဖြစ်ရာ နတ်ဆိုးစွမ်းအားကို အနည်းငယ်အသုံးပြုလိုက်ရုံဖြင့် ၎င်းရှေ့ရှိ ဤလူငယ်ဘုန်းကြီးကို အလွယ်တကူ ခါထုတ်ပစ်နိုင်ချေ၏။
သို့သော် သူတို့၏အကြည့်ချင်း ဆုံသွားသောအခါ ဘုန်းကြီး၏အနည်းငယ် မကောင်းဆိုးဝါးဆန်သော မျက်လုံးများကို မြင်လိုက်ရသဖြင့် ၎င်း၏ ကျောရိုးတစ်လျှောက် ရှင်းပြ၍မရနိုင်သော အေးစိမ့်မှုတစ်ခု ဖြတ်ပြေးသွားသည်။
"တောင်ပိုင်းဧကရာဇ်ကို ထားလိုက်ဦး၊ အရှင်တို့ပြီးခဲ့တဲ့အကြိမ်ကခေါ်လာခဲ့တဲ့ မဟာနတ်ဆိုးကြီးတွေ အားလုံး မဟာတောင်ပိုင်းတိုက်ကြီးမှာ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ကြပြီ။ ဒီနတ်ဆိုးလေး တစ်ကောင်တည်းနဲ့ကတော့... တကယ်... တကယ်ကို..."
"စိတ်ချပါ၊ ဒီနေ့ကစပြီး မင်းက တောင်ပိုင်းတိုက်ကြီးမှာ နာမည်အကြီးဆုံးနတ်ဆိုး ဖြစ်လာလိမ့်မယ်"
ရွှေဖားပြုတ်ဗောဓိသတ္တက သူစကားများကိုအပြုံးဖြင့် ဖြတ်ပြောလိုက်ပြီး သူ၏ကျယ်ပြန့်သော သင်္ကန်းစများလွင့်ခါသွားကာ ဗုဒ္ဓအလင်းရောင်များစုစည်းသွားပြီး နတ်ဆိုးအရှင်၏လည်ပင်းပတ်လည်တွင် တင်းကျပ်သော ရွှေရောင် ကွင်းတစ်ခုကို ဖန်တီးလိုက်ကာ ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားလေ၏။
"ခင်ဗျား" နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က နောက်ဆုံးတွင်တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ဘုန်းကြီး၏ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း သူ၏မျက်လုံးများက ချက်ချင်းပင် သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သူ၏လက်မောင်းများက ကြီးထွားလာပြီး မကြာမီ သူ၏တစ်ကိုယ်လုံး ဖောင်းကားလာကာ သံချပ်ကာကိုဆုတ်ဖြဲပြီး လူတိုင်း၏မျက်စိရှေ့တွင် ပေထောင်ချီမြင့်မားသော ဧရာမ ပုံသဏ္ဌာန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသတ္တဝါများက သူတို့၏အသက်တမ်းကို ကမ္ဘာကပ်ဘေးများဖြင့် ရေတွက်ရသူများဖြစ်ရာ နဂါးပုတ်သင်ညိုက ဘုန်းကြီး၏ရည်ရွယ်ချက်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။
ဒီဘုန်းကြီးက... တောင်ပိုင်းတိုက်ကြီးကို ကိုယ်တိုင် ဖောက်ထွင်းဝင်ရောက်ဖို့ ဒီနတ်ဆိုးကို အကာအကွယ်အဖြစ် အသုံးပြုချင်နေတာပဲ။
သို့သော် ရွှေရောင်ကွင်းစိုက်ဝင်နေသဖြင့် နဂါးပုတ်သင်ညို နတ်ဆိုးအရှင်က သူ၏လည်ချောင်း ပြတ်တောက်လုမတတ်တင်းကျပ်နေသည်ကို ခံစားရပြီး ပြီးပြည့်စုံသောစကားတစ်ခွန်းကိုမျှ မပြောနိုင်တော့ပေ။ ဒေါသတကြီးဖြင့် သူကခြေဆောင့်လိုက်ရာတံတွေးများ လွင့်စဉ်သွားပြီး နောက်ဆုံးတွင် အက်ကွဲသော ဟိန်းဟောက်သံတစ်ခုကိုသာ ထုတ်လွှတ်နိုင်လိုက်၏။ "ဂါး"
"ကျွတ်"
ရွှေဖားပြုတ်ဗောဓိသတ္တက ရူးသွပ်နေသော သတ္တဝါကြီးအောက်တွင်တည်ငြိမ်စွာ ရပ်နေပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"..."
ရတနာခုနစ်ပါးဗောဓိသတ္တနှင့် အခြား အာဟတ်များက ဤမြင်ကွင်းကိုစောင့်ကြည့်နေကြပြီး တစ်ယောက်ချင်းစီကမျက်ခုံးများကို အနည်းငယ် ပင့်လိုက်ကြ၏။
ရွှေရောင်ကွင်းက နတ်ဆိုးများကို နှိမ်နင်းရန် ရည်ရွယ်၍ အနာဂတ်ဗုဒ္ဓ ချီးမြှင့်ထားသော ရတနာတစ်ခုဖြစ်ကြောင်းထင်ရှားသော်လည်း ၎င်းကို ရွှေဖားပြုတ်က ဤကဲ့သို့ အသုံးပြုနေလေ၏။
"မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ က ငါတို့ကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ ညွှန်ကြားမထားဘူး"
"ငါတို့ ပြန်သွားပြီး တိုင်ပင်သင့်သလား" သူတို့၏တုံ့ဆိုင်းမှုများကိုကြားသောအခါ ရွှေဖားပြုတ်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏အကြည့်က စူးရှလာခဲ့၏။
သူက သူတို့အပေါ်အကြည့်ဝေ့ဝဲလိုက်သည်။ "တိုင်ပင်ရမယ်"
စကားမဆုံးမီမှာပင် ရွှေဖားပြုတ်ဗောဓိသတ္တက လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏အကြည့်က ရတနာခုနစ်ပါး ဗောဓိသတ္တ အပေါ်ရောက်သွားသည်။ "တောင်ပိုင်းတိုက်ကြီးကို ဖောက်ထွင်းဖို့ ဂိုဏ်းရဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီး ဟယ်တောင်မှာတရားဟောနေတုန်း ခင်ဗျားရဲ့ ဗုဒ္ဓအလင်းရောင်အခွာခံလိုက်ရလို့ ဒီနေ့အထိ တိုးတက်မှုမရှိတော့ဘူးပဲ"
အတွေ့အကြုံရောနယ်ပယ်မှာပါ သာလွန်သော စီနီယာတစ်ဦးကို ရင်ဆိုင်ရချိန်တွင် သူ၏စကားများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး လေးစားမှုကင်းမဲ့နေသည်။ "ခင်ဗျားတို့ဆီကိုသာ လွှဲထားပေးရင် အခြားတိုက်ကြီးသုံးခုရဲ့ယုံကြည်မှုစွမ်းအင်တွေက ခွဲခြမ်းခံရပြီးမဟာတောင်ပိုင်းတိုက်ကြီးကတော့ အေးချမ်းသာယာပြီးကြီးပွားတိုးတက်နေသေးမှာကို ကျွန်တော်စိုးရိမ်တယ်"