← Chapters

အခန်း (၁၂၁၉-၁၂၂၀)

Vol. 122 Ch. 1219-1220

အခန်း (၁၂၁၉-၁၂၂၀)

Vol. 122 Ch. 1219-1220

အခန်း (၁၂၁၉) မင်းနဲ့အတူ ဘယ်သူရှိနေလဲ ၂

"သဘာဝအတိုင်း မွေးဖွားလာတဲ့အရန်လူတွေပဲ"

"ရွှေဖားပြုတ်"

နောက်ဆုံးတော့ ဗောဓိသတ္တ အနည်းငယ်က မထိန်းနိုင်တော့ဘဲ ပြစ်တင်ကြိမ်းမောင်းလိုက်ကြသည်။

စကားဖြင့် စော်ကားခံရသည့် ရတနာခုနစ်ပါး ဗောဓိသတ္တကမူ တည်ငြိမ်နေဆဲဖြစ်ပြီး အချိန်အတန်ကြာစဉ်းစားပြီးနောက် သူ၏လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်ကာ ပြောလိုက်၏။ "မင်းပြောတာ မှန်ပါတယ်။ ဂိုဏ်းရဲ့ ညွှန်ကြားချက်တွေကို လျစ်လျူရှုမိတဲ့အတွက် ငါ တကယ်ပဲ အပြစ်ရှိစိတ် ခံစားနေရတာပါ။ နောက်ဆက်တွဲ မင်း ဘာပဲဆုံးဖြတ်ဆုံးဖြတ် မင်းရဲ့ အစီအစဉ်တွေအတိုင်း ငါ လိုက်နာပါ့မယ်"

သူ တကယ်ပဲအနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။

ထို့အပြင် ရွှေဖား၏စကားများကလည်း အဓိပ္ပာယ်ရှိနေ၏။ ဤမဟာကပ်ဘေးကြီးက သူ့၏ကနဦး သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့တာကြာနေပြီဖြစ်သည်။ လက်ရှိ အခြေအနေကို ကြည့်လျှင် တစ်ဖက်လူကဲ့သို့ ဗုဒ္ဓ၏တပည့်များကသာ ဤဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ကံပါလာသူများဖြစ်နေ၏။

သူ့နှင့် အခြားသူများကတော့ အရန်လူများသာလျှင်ဖြစ်၏။ အလုပ်ကို စောစောစီးစီးပြီးပြတ်အောင်လုပ်ပြီး အေးချမ်းစွာကျင့်ကြံရန် တောင်ပိုင်းဍုမေဏုသို့ ပြန်သွားခြင်းက ပိုကောင်းလိမ့်မည်။

ဤစကားကိုကြားလျှင် ရွှေဖားပြုတ်က ဂနာမငြိမ်ဖြစ်နေသည့် နဂါးပုတ်သင်ညိုကို ဂုဏ်ယူဝင့်ကြွားစွာလှမ်းကြည့်ပြီး ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။ "တောင်ပိုင်းဧကရာဇ်က နတ်ဘုရားမင်းဆက်ရဲ့အာရုံစိုက်မှုကို လွှဲပြောင်းပေးထားတယ်။ ငါတို့က တခြား တစ်ဖက်ကနေ တိုက်ခိုက်ကြမယ်"

"ခုနစ်ရက်အတွင်း စီရင်စုကိုးခုကို ဖောက်ထွင်းပြီး သုံးဆယ်ရာခိုင်နှုန်းကို အသက်ရှင်လျက်ချန်ထားလိုက်။ ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်တယ်"

ဤကိစ္စက မရေမတွက်နိုင်သည့် သက်ရှိများနှင့် သက်ဆိုင်နေသော်လည်း သူ့ပါးစပ်ထဲတွင်တော့ ရိုးရှင်းသည့် ကိန်းဂဏန်းအနည်းငယ်သာဖြစ်နေ၏။

"..."

ဗောဓိသတ္တ အနည်းငယ်ကပြန်လည်မချေပဘဲ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ကြသည်။

ရွှေဖားပြုတ်ပြောသလိုပင် မဟာတောင်ပိုင်းတိုက်ကြီး၏အဖြစ်အပျက်က အခြားတိုက်ကြီး သုံးခုနှင့် ယှဉ်လျှင်တကယ်ပင်နှေးကွေးလွန်းနေ၏။ ဤအတိုင်းသာဆက်သွားလျှင် မသေမျိုးသုံးပါးဂိုဏ်းကလက်အားသွားသည့်အခါ ဤနယ်မြေ၏ထိန်းချုပ်မှုက တောင်ပိုင်းဍုမေဏုနှင့်သက်ဆိုင်တော့မည်မဟုတ်ပေ။

"သေချာတာပေါ့၊ မလှုပ်ရှားခင်..." ရွှေဖားပြုတ်ဗောဓိသတ္တက ရှေ့သို့တစ်လှမ်းချင်း တက်သွားပြီး လွတ်ဟာနေသည့် ကောင်းကင်ကိုရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်၏။

ဓမ္မကိုယ်ထည်ကိုမဖော်ထုတ်သော်လည်း ထူထဲသည့် ရွှေရောင်မြစ်တစ်စင်းက ကောင်းကင်ယံကို မြင့်တက်သွားပြီး ကောင်းကင်တစ်ခွင် လှုပ်ခါသွားစေ၏။

"ပထမဆုံး ငါတို့ဒီခိုးကြောင်ခိုးဝှက်လုပ်နေတဲ့လူတွေကို ဖြေရှင်းဖို့ လိုတယ်" သူက သူလက်သီးဖြင့် ထိုးခဲ့သည့်နေရာကို ကြည့်လိုက်ပြီး ဖုန်းကွယ်ခြင်း အစီအရင်ထဲမှ ဖိအားပေးကာထွက်လာရသည့် ပုံရိပ်နှစ်ခုကို လှောင်ပြောင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"အခြားသူတွေရဲ့အနောက်ကနေ အချောင်နေအချောင်းစားချင်တာလား၊ မင်းတို့ မသေမျိုးသုံးပါးဂိုဏ်းက တကယ်ကိုဆုတ်ယုတ်လာတာပဲ"

ထိုနှစ်ဦးက ရွှေရောင်မြစ်ကို အလျင်စလို ရှောင်တိမ်းလိုက်ပြီး သူတို့၏ကိုယ်ဟန်တွေကို လျင်မြန်စွာ ထိန်းလိုက်ကြ၏။

သူတို့က အခြားသူများမဟုတ်ဘဲ မသေမျိုးသုံးပါးဂိုဏ်း၏ကျောက်စိမ်းရေကန် ဘိုးဘေး နှင့် ရှန်းတောင်ဘိုးဘေးတို့သာ ဖြစ်ကြသည်။

"ဟက်၊ပြီးခဲ့တဲ့အကြိမ် ငါမင်းကို တွေ့တုန်းက မင်းက မဟာရအာဟတ်တစ်ပါးပဲ ရှိသေးတယ်။ အခု မင်းက ဗောဓိသတ္တတစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ကျောက်စိမ်းရေကန်ဘိုးဘေးက ကျယ်ပြန့်သည့် ဝတ်ရုံလက်စများကိုဝှေ့ယမ်းပြီး နောက်ပြောင်သြဲ့သို့ပြောလိုက်သော်လည်း သူ့မျက်လုံးထဲတွင်တော့တော့ နက်ရှိုင်းသည့်အကြောက်တရားများလင်းလက်သွား၏။

တောင်ပိုင်းဍုမေဏုတစ်ခွင်တွင် ရွှေဖားပြုတ် ဆိုသည့်နာမည်က ဗောဓိသတ္တအများအပြားထက်ပင် ပိုပြီးသာလွန်နေသည်။

မည်သို့ပင်ဖြစ်စေပဲ တစ်ဖက်လူက အနာဂတ်ဗုဒ္ဓ၏တပည့်တစ်ဦးဖြစ်ပြီး မသေမျိုးသုံးပါးဂိုဏ်းတွင်ဆိုပါက ဂိုဏ်းချုပ်လက်အောက်မှ တိုက်ရိုက်တပည့်တစ်ဦးနှင့် ညီမျှပါလိမ့်မည်။

ဤနေရာက မဟာလွတ်လပ်ခြင်းအနာဂတ်ရှိသူများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး ဗုဒ္ဓနှလုံးသားကိုပိုင်ဆိုင်ထားသည့် ဤလူတစ်ယောက်တည်းကသာ အထူးရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

တစ်ဖက်လူက အနာဂတ်ဗုဒ္ဓကိုင်ဆောင်ထားသည့် ကြီးမြတ်သည့် နည်းစနစ်နှစ်ခုထဲက တစ်ခုကို ကျင့်ကြံထား၏။

တတိယအဆင့်ကို မကြာသေးခင်ကမှ ဝင်ရောက်လာသည့် ဤရွှေဖားပြုတ်က သက်သေပြနေလေပြီဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်းက တစ်ဖက်လူထက်သိသာထင်ရှားစွာ သာလွန်နေပေမယ့် လက်သီးတစ်ချက်တည်းဖြင့် အတင်းအကျပ်ထုတ်ဖော်စေခဲ့၏။

အကယ်၍သူသာ မဟာလွတ်လပ်ခြင်းကိုအမှန်တကယ်ရရှိသွားမည်ဆိုလျှင် ဧကရာဇ်နှင့် အစစ်အမှန် ဗုဒ္ဓကလွဲလျှင် သူ့ကို မည်သူကမှ နှိမ်နင်းနိုင်မှာ မဟုတ်ပေ။

"သင့်ရဲ့ကြီးမားတဲ့တိုးတက်မှုအတွက် ဂုဏ်ပြုပါတယ် ရွှေဖားပြုတ်တာအိုမိတ်ဆွေ၊ ဒါပေမယ့် မင်းရဲ့စကားတွေက နည်းနည်းကြမ်းတမ်းနေတယ်"

ရှန်းတောင်ဘိုးဘေးက မျက်လုံးကို အနည်းငယ် မှေးလိုက်၏။ "ငါတို့အားလုံးက တူညီတဲ့ ဂိုဏ်းနှစ်ခုက လူတွေပဲ။ ငါက စီနီယာတွေရဲ့သွန်သင်ချက်တွေကိုနားထောင်ဖို့ တောင်ပိုင်းဍုမေဏုကို မကြာခဏသွားခဲ့ဖူးတော့ ငါတို့က အနည်းဆုံးတော့ လုပ်ဖော်ကိုင်ဖက် တစ်ဝက်လောက်လို့ သတ်မှတ်လို့ ရပါတယ်။ ငါတို့က အချောင်နေအချောင်းစားချင်တာလို့ ပြောတာက ငါတို့ကို အထင်သေးလွန်းရာ ကျတယ်။ ငါတို့က ဒီမှာ ထူးဆန်းတာ တစ်ခုခုကို သတိထားမိလို့ လာကြည့်ရုံပါ"

"အကယ်၍ ဒါက မင်းကို ဘဝင်မကျစေဘူးဆိုရင် ငါတို့ အခုချက်ချင်း ထွက်သွားပါ့မယ်"

မြောက်ပိုင်းတိုက်ကြီး၏ရည်ရွယ်ချက်က ဤနေရာ ပရမ်းပတာဖြစ်သွားပြီးနောက်တွင် ဝေစုတစ်ခုယူဖို့သာ ဖြစ်သည်။

သို့သော် တောင်ပိုင်းတိုက်ကြီးထံမှ ဘာတိုးတက်မှုမှ မတွေ့ရသေးပေ။

မှော်ရတနာလက်နက်၏အသုံးပြုပုံကို ကနဦး နားလည်ပြီးနောက် ရှန်းတောင်ဘိုးဘေးက စိုးရိမ်လာပြီး အခြေအနေကိုအကဲဖြတ်ရန် နတ်ဘုရားမင်းဆက်ဆီလာဖို့ ကျောက်စိမ်းရေကန်ဘိုးဘေးကို ဆက်သွယ်ခဲ့သည်။

သူ့၏စိတ်ကူးက ရိုးရှင်းပါသည်။ နတ်ဆိုးများကို ပစ်မှတ်ထားမည့်အစား ဤဘုန်းကြီးများအနောက်သို့ လိုက်တာက ပိုကောင်း၏။ မှော်ရတနာလက်နက် လက်ထဲတွင်ရှိနေရာ တစ်ဦးချင်း တိုက်ခိုက်ရာမှာ သူတို့ကအသာစီးရနေပြီး အခွင့်အရေးကိုမဆုပ်ကိုင်နိုင်မှာကို မကြောက်ကြပေ။

မျှော်လင့်မထားဘဲ ဘုန်းကြီးများက ရုတ်တရက် စုဝေးလာပြီး သူတို့နှစ်ယောက်ကို ရှာတွေ့သွားခဲ့၏။

လက်ရှိအခြေအနေအရ အရင်ဆုတ်ခွာခြင်းကသာ ပညာရှိရာကျလိမ့်မည်။

"နှုတ်ဆက်ပါတယ်"

ရှန်းတောင်ဘိုးဘေးက ကျောက်စိမ်းရေကန် ဘိုးဘေးကို အချက်ပြလိုက်ပြီးနောက် လှည့်ကာ ဆုတ်ခွာရန်မင်္ဂလာတိမ်တိုက်ကို ခေါ်ယူဖို့ ပြင်ဆင်လိုက်၏။

ထိုအခိုက်အတန့်တွင် ရွှေဖားပြုတ်ဗောဓိသတ္တက ရက်စက်သသည့်အပြုံးတစ်ခုဖြင့် သူ့၏သင်္ကန်းလက်စကို ညင်သာစွာဝှေ့ယမ်းလိုက်သည်။

နောက်တစ်ခဏမှာ ရတနာခုနစ်ပါးဗောဓိသတ္တက သက်ပြင်းချလိုက်ပြီး လက်အုပ်ချီလိုက်တာနှင့် သူ့အနောက်က ရတနာခုနစ်ပါးအလင်းဘီးက လျင်မြန်စွာ လင်းလက်သွားပြီး သူတို့နှစ်ယောက်ကို ဝိုင်းရံလိုက်၏။

"ဒါက ဘာသဘောလဲ" ရှန်းတောင် ဘိုးဘေး၏ မျက်ခွံတွေတုန်ယင်သွားပြီး မြေပြင်ကို ပြန်ကြည့်ကာ အတင်းပြုံးပြီး "မင်းက ငါတို့ကို ဖမ်းဆီးထားဖို့ ရည်ရွယ်နေတာလား"ဟု မေးလိုက်၏။

"ငါ မင်းတို့ကို ဖမ်းဆီးထားဖို့ ရည်ရွယ်ချက် မရှိဘူး"

ရွှေဖားပြုတ်ဗောဓိသတ္တက နှုတ်ခမ်းထောင့်တွေကို ကွေးတက်လိုက်ပြီး သူ၏လက်ဖဝါးတွေကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်ာ "ငါ မင်းတို့ကို သတ်ဖို့ ရည်ရွယ်ထားတာ"

ဤစကားများနှင့်အတူ ရှန်းတောင်ဘိုးဘေး၏ မျက်နှာက လုံးဝမဲမှောင်သွား၏။

မြောက်ပိုင်းတိုက်ကြီးဆီက အမိန့်တွေရပြီးနောက်မှာပင် သူ့၏အတွေးတွေက ယုံကြည်အှုစွမ်းအင်အတွက် ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုသည့် အပေါ်မှာသာရှိနေပြီး အသေတိုက်ခိုက်ရမည်ကိုအတွေးခဲ့ဖူးပေ။

"ရွှေဖားပြုတ်‌အရှင်၊ မင်း နောက်ပြောင်နေတာလား၊ မသေမျိုးသုံးပါးဂိုဏ်းနဲ့ ဗောဓိဂိုဏ်းက အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တာ..."

"အစစ်အမှန်နတ်ဘုရားတွေကိုတောင် ငါသတ်ခဲ့ပြီးပြီ။ ဂိုဏ်းအကြီးအကဲရဲ့တရားဟောပွဲတွေမှာတောင်ယူစရာနေရာမရှိတဲ့ မင်းတို့နှစ်ယောက်ကတော့ပြောစရာတောင် မလိုဘူး"

ရွှေဖားပြုတ်၏မထီမဲ့မြင်ပြုသည့် အသံ ပြန့်နှံ့သွားတာနှင့်အမျှ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည့် ကျောက်စိမ်းရေကန်ဘိုးဘေးကမျှော်လင့်ချက်အထားတော့ဘဲ သူ့၏လက်ချောင်းထိပ်တွင်စွမ်းအင်တစ်ခုပုံဖော်နေပြီဖြစ်ကာ လှောင်ပြောင်လိုက်၏။

"မင်းက ငါ့ကိုတကယ်ပဲ ဖမ်းစီးထားနိုင်တဲ့အတိုင်း စကားပြောနေတာပဲ"

လူအင်အားနည်းနေကယ ပြိုင်ဘက်များထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ရတနာခုနစ်ပါး ဗောဓိသတ္တ ပါဝင်နေတာပင် မြောက်ပိုင်းတိုက်ကြီးမှချီးမြှင့်ထားသည့်အဆောင်လက်နက်ဟာ သာမန် အလှဆင်ပစ္စည်းလေးမဟုတ်ဘူးပေ။

ဤဘုန်းကြီးများတွင် နက်ရှိုင်းသည့်အရင်းအမြစ်များရှိသောကြောင့် အနိုင်ရဖို့က မဖြစ်နိုင်သော်လည်း ထွက်ပြေးရန်အတွက်တော့ မခက်ခဲသင့်ပေ။

"တိုက်ခိုက်ကြ"

ရွှေဖားပြုတ်ဗောဓိသတ္တက သူ၏အပြုံးကို ရုတ်သိမ်းလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ရပ်နေလိုက်၏။ နောက်တစ်ခဏမှာတော့ အဆုံးအစမရှိသည့်တိမ်တိုက်များကြားထဲတွင် ဖားပြုတ်တစ်ကောင်ပေါ်ထိုင်နေသည့် ခမ်းနားကြီးကျယ်သည့် ဓမ္မကိုယ်ထည်တစ်ခုက ကောင်းကင်နှင့် မြေပြင်ကြား၌ရုတ်တရက် ပေါ်ထွက်လာသည်။

၎င်း၏ရှေ့တွင်တော့ ဂနာမငြိမ်ဖြစ်နေသည့် နဂါးပုတ်သင်ညိုပင် သိသိသာသာသေးငယ်လေ၏။

အခန်း (၁၂၂၀) မသေမျိုးဧကရာဇ်က တစ်ယောက်ထဲလိုတာ

"အစစ်အမှန်ဗုဒ္ဓရဲ့တပည့်ဖြစ်တဲ့ မင်းလောက် ပိုပြီး မောက်မာတဲ့သူ တောင်ပိုင်းဍုမေဏုတစ်ခုလုံးမှာ ရှိမယ် မထင်ဘူး"

တစ်ဖက်လူက သူ၏ဓမ္မကိုယ်ထည်ကို ထုတ်ဖော်ပြသပြီးဖြစ်ရာ ဆက်လက် ဆွေးနွေးရန် အဓိပ္ပာယ် မရှိတော့ပေ။

ရှန်းတောင်ဘိုးဘေးက ဒေါသတကြီး ဆဲဆိုလိုက်ပြီး အသက်လုတိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။

"..."

ဤစကားကိုကြားသောအခါ ကျန်ရှိနေသော ဗောဓိသတ္တများက ထူးဆန်းသော အမူအရာများဖြစ်သွားကြပြီး သဘောမတူကြောင်း ရှင်းလင်းစွာပြသနေသည်။

သူတို့အားလုံးက တည်ငြိမ်သောပုံရိပ်တစ်ခုကို တွေးတောလိုက်ကြ၏။

ကံမကောင်းစွာဖြင့် ရွှေဖားပြုတ်က ထိုလူကို သည်းမခံနိုင်ကြောင်း သိသာထင်ရှားသည်။ ၎င်းက ကပ်ဘေး၏တိုက်ပွဲနှင့် သက်ဆိုင်နေသောကြောင့် သူ မည်သည့်အရာပင်လုပ်ဆောင်စေကာမူ တစ်ဖက်လူကို တမင်တကာလျစ်လျူရှုထားပြီး အခြား ဗောဓိသတ္တများနှင့်အတူ သူ့ကိုဖယ်ကြဉ်ထားပုံရသည်။

သို့မဟုတ်ပါက ယနေ့တွင် သူတို့က ဤမသေမျိုးသုံးပါးဂိုဏ်း၏ဘိုးဘေးနှစ်ဦးကို မျက်စိပွင့်သွားစေနိုင်ပါလိမ့်မည်။

မကြာမီ ဗောဓိသတ္တများက သူတို့၏အတွေးများကို ဖယ်ရှားလိုက်ကြပြီး သူတို့၏ဓမ္မကိုယ်ထည်များကို ခေါ်ယူရန် ပြင်ဆင်လိုက်ကြ၏။

သို့သော် အလင်းရောင်က ရုတ်တရက်မြင့်တက်လာပြီး တောင်များနှင့်မြစ်များကို လင်းထိန်သွားစေသည့်အချိန်တွင်ပင် တည်ငြိမ်အေးဆေးကာ အလျင်စလိုမရှိသောခြေသံတစ်ခုက လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။

တောင်တောအုပ်ထဲတွင်

အရပ်ရှည်ပြီးသွယ်လျသော လူငယ်တစ်ဦးက ဖြည်းညှင်းစွာလျှောက်လာရာ သူ၏ဖိနပ်ရှည်အောက်တွင်ခြောက်သွေ့နေသော သစ်ရွက်များ ကြေမွသွားပြီး ခရွတ်ခရွတ်အသံကို ထွက်ပေါ်စေသည်။

သူက အနက်ရောင်ဝတ်ရုံအသစ်ကို ဝတ်ဆင်ထားပြီးအလယ်ဗဟိုသို့ တိတ်ဆိတ်စွာ လျှောက်လာကာ မတ်မတ် ရပ်နေခဲ့သည်။

"ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တ လား"

ရုတ်တရက်ပေါ်လာသော ဤပုံရိပ်က မသေမျိုးသုံးပါးဂိုဏ်း၏ဘိုးဘေးနှစ်ဦးကို ရှင်းလင်းစွာ ဇဝေဇဝါဖြစ်သွားစေပြီး ဝူရှန်ဗောဓိသတ္တ၏အော်ဟစ်သံကို ကြားပြီးနောက် ကျောက်စိမ်းရေကန် ဘိုးဘေး၏မျက်နှာက များစွာ ပိုမို ဆိုးရွားသွားသည်။

ဤသည်မှာ ရန်သူဘက်သို့ အခြား တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကို ထပ်မံပေါင်းထည့်လိုက်ခြင်း ဖြစ်ကြောင်း ပြောစရာပင်မလိုတော့ပေ။

ထို့အပြင် သူက အမည်မသိပုံရိပ်တစ်ခု မဟုတ်ပါ။

သူမက သူ့ကို ပေလျိုမြစ်၏အပြင်ဘက်တွင် တစ်ကြိမ်တွေ့ဖူးပြီး ထိုအချိန်က သူကလည်း မဟာအာဟတ်တစ်ပါးသာဖြစ်သော်လည်း သူက မသေမျိုးသုံးပါးဂိုဏ်း၏ကောင်းကင်ပါရမီရှင်များစွာကို တိုက်ပွဲတစ်ပွဲတည်းတွင် သတ်ဖြတ်ခြင်းဖြင့် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် နာမည်ကြီးလာခဲ့သည်။

မျှော်လင့်မထားဘဲ သူတို့နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင် သူက ရွှေဖားပြုတ်ကဲ့သို့ပင် နယ်ပယ်အဆင့်တက်နေလေပြီ။

ဤကဲ့သို့ကြမ်းတမ်းပြီး ရက်စက်သော ပါရမီရှင်မျိုးပ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်လိုက်သည်နှင့် သာမန်အဆင့်တူများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

ဤသည်က ဒုက္ခပင်။

ရွှေဖားပြုတ်ဗောဓိသတ္တက မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ကံကြမ္မာကို ကျိန်ဆဲလိုက်၏။ "မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

သူက အရာအားလုံးကို သေချာစေ့စပ်စွာ စီစဉ်ထားခဲ့ပြီး အကျိုးအမြတ်များကို ရိတ်သိမ်းတော့မည့်အချိန်တွင် ဤလူကဖယ်ရှားမရသော ကပ်ခွာတစ်ခုအလား အရှက်မရှိဘဲ သူ၏နောက်သို့ လိုက်လာခဲ့သည်။

"တော်သင့်ပြီ"

ရွှေဖားပြုတ်က အေးစက်စွာ နှာမှုတ်လိုက်၏။ အစစ်အမှန် ဗုဒ္ဓ၏တပည့်တစ်ဦးအနေဖြင့် သူက ထူးဆန်းပြီးကြမ်းတမ်းနိုင်သော်လည်း သဘောထားသေးသိမ်ပြီး သူ၏ဂိုဏ်းတူတပည့်များကို ဖိနှိပ်သူအဖြစ်ပေါ်လွင်စေ၍မရပေ။

သို့မဟုတ်ပါက အကယ်၍ ဆရာဖြစ်သူကြားသိသွားပါက သူ သေချာပေါက် အပြစ်ပေးခံရပါလိမ့်မည်။

"ငါတို့က လမ်းကြောင်းတူပြီး မင်းလည်း ဒီကိုရောက်နေပြီဆိုမှတော့ အောင်မြင်မှုရဲ့တစ်စိတ်တစ်ပိုင်းကို ခွဲပေးလိုက်မယ်"

ဤစကားကိုကြားသောအခါ ဘိုးဘေးနှစ်ဦးက ဖြည်းညှင်းစွာချဉ်းကပ်လိုက်ကြပြီး တစ်ဦးက အရှေ့သို့ကြည့်ကာအခြားတစ်ဦးက အနောက်သို့ ကြည့်လျက်နှစ်ဦးစလုံးက တင်းမာမှုကို ခံစားနေကြရသည်။

သို့သော် လူတိုင်း၏အကြည့်အောက်တွင်..

ရှန်းယီက မည်သည့် ကျေးဇူးတင်မှု အရိပ်အယောင်မျှ မပြသဘဲ သူ၏ဖိနပ်ထိပ်များကို စိုက်ကြည့်ရန် မျက်လွှာအသာချရုံကာ လျစ်လျူရှုစွာ ပြောလိုက်၏။ "မင်းနဲ့ ဘယ်သူက လမ်းကြောင်းတူနေလို့လဲ"

"..."

ဤစကားကို ကြားသောအခါ အခြား ဗောဓိသတ္တများက အနည်းငယ်မှင်တက်သွားကြပြီး ဇဝေဇဝါဖြစ်မှု အချို့ဖြင့်လှမ်းကြည့်လိုက်ကြသည်။

မသေမျိုးသုံးပါးဂိုဏ်း၏ဘိုးဘေးနှစ်ဦးက လေထဲတွင်မှင်တက်သွားကြပြီး အခြေအနေကတစ်စုံတစ်ခုပြောင်းလဲသွားသည်လောဟု တွေးတောလိုက်ကြသည်။

ဤ ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တက ရွှေဖားပြုတ် နှင့် အဆင်မပြေဘဲ သူတို့ကိုကူညီရန် ဤနေရာသို့ ရောက်လာခြင်းများလော။

ရွှေဖားပြုတ်က ပို၍ပင် ဒေါသထွက်သွားသည်။ "မင်း ဘာဆိုလိုတာလဲ။ အခြားသူရဲ့ကျေးဇူးကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာမသိဘူးလား"

သူက ရက်ရောစွာ အလျှော့ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤကောင်က သူ့အတွက်ဘယ်အရာကကောင်းလဲဆိုတာမသိဘူးဆိုလျှင် ၎င်းက သူ၏အပြစ် မဟုတ်တော့ပေ။

"ဟင်း.."

ရှန်းယီက သူ၏အနက်ရောင်ဝတ်ရုံကို ပြင်ဝတ်လိုက်ပြီး စကား‌ပြောဆိုရန်ခက်ခဲသော အရူးတစ်စုကိုရင်ဆိုင်နေရသကဲ့သို့ တိုးညှင်းစွာသက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

"ဒီကပ်ဘေးက ဘာအတွက်လဲ"

"ငါမမှားဘူးဆိုရင် မသေမျိုးဧကရာဇ်လို့ခေါ်တဲ့သူကို ရွေးချယ်ဖို့ဖြစ်ရမယ်"

သူ၏အသံက တစ်ခဏတာရပ်တန့်သွားပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများကိုပင့်ကာ သူ၏ ရှေ့ရှိ ပုံရိပ်အချို့ကိုကြည့်လိုက်ရာ သူ၏နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်သောအပြုံးတစ်ခု ရှိနေပါသည်။ "မသေမျိုးဧကရာဇ်က အများကြီး လိုလို့လား"

စကားများ မဆုံးမီမှာပင်။

ထိုကြည်လင်သော အနက်ရောင်မျက်လုံးများ၏အကြည့်အောက်တွင် လူတိုင်းနီးပါးသူတို့၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။

မသေမျိုးဧကရာဇ်တစ်ဦးအနေဖြင့် ကောင်းကင်အောက်ရှိ အရာအားလုံး၏သခင်ဖြစ်ရာ သေချာပေါက်တစ်ဦးတည်းသာ လိုအပ်ပါသည်။

All Chapters