← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 40 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 40 Ch. 407-408

အပိုင်း(၄၀၇)

အဇူရာတိမ်ဂိုဏ်း၏ နယ်မြေ ၆ ခု

ကောင်းကင်နှလုံးသားမိန်းမပျို ဖြူ‌‌ေဖျာ့‌ေန‌ေသာ မျက်နှာထားဖြင့် ကောင်းကင်နှလုံးသားခန်းမထဲ ပြန်ရောက်လာခဲ့ပြီး ထိုင်ချလိုက်လေသည်။

မကြာခင်တွင် ကျွန်းပေါ်မှ နတ်အာရုံများစွာ သူ့ဆီရောက်လာခဲ့ပြီး မေးလိုက်၏။

“ကျွန်းသခင် ခြိမ်းခြောက်မှုပျောက်သွားတယ်လို့ ကျွန်တော်တို့ ခံစားလိုက်ရတယ် သူ့ကို ဖြေရှင်းလိုက်ပြီလား”

ကောင်းကင်နှလုံးသားမိန်းမပျို ခါးသက်သက်ပြုံးလိုက်ကာ

“မဟုတ်ဘူး အဲ့ဒီ၀တ်ရုံနက်ကို သတ်လို့မရဘူး ဘယ်စွမ်းအားကမှ သူ့ကိုထိလို့တောင်မရဘူး ပိုအရေးကြီးတာက သူ့နောက်မှာ ဆရာသခင်တစ်ယောက် ရှိနေသေးတယ်

ငါအမတရတနာ အချိန်လွန်းပျံကိုသုံးပြီး သူ့ကို အနာဂတ် ၁၅နှစ်ဆီ ပို့လိုက်တာ

ဒါပေမယ့် အမတရတနာပါ သူနဲ့အတူပျောက်ကွယ်သွားခဲ့တယ် အဲ့တာက အခု ငါတို့ရဲ့ အမတလက်နက်တစ်ခုကို ဆုံးရှုံးလိုက်ရပြီလို့ ဆိုလိုနေတယ် နောက်ထပ် ၀တ်ရုံနက်တစ်ယောက်ထပ်ပေါ်လာရင် ငါတို့သူ့ကို တားဆီးနိုင်တော့မှာမဟုတ်ဘူး ဒါမှမဟုတ် နောက် ၁၅နှစ်မတိုင်ခင် ငါ‌ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကို မရောက်ခဲ့ရင် ဒါမှမဟုတ် အစစ်အမှန်အမတ ဖြစ်မလာခဲ့ရင် ငါတို့ကောင်းကင်နှလုံးသားကျွန်းက ပျက်ဆီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်”

တိတ်ဆိတ်မှုက ခန်းမထဲတွင် ကြီးစိုးသွားခဲ့သည်။

ကောင်းကင်နှလုံးသားမိန်းမပျိုသည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမအတွက် နောက်တစ်ဆင့်ကိုတက်ဖို့ပင် အလွန်အမင်းခက်ခဲနေပြီ ဖြစ်ကာ အစစ်အမှန်အမတဖြစ်လာဖို့ကတော့ ပြောစရာပင် မလိုတော့ပေ။

တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ကပ်ဘေးကို ၁၅နှစ်အကွာသို့ ရွှေ့လိုက်ခြင်းသာ ဖြစ်သည်။

“အခု ငါတို့တွေ အခြားအင်အားစုတွေနဲ့ပူးပေါင်းဖို့သာ တတ်နိုင်တော့မယ်” ကောင်းကင်နှလုံးသားမိန်းမပျို တိတ်တဆိတ်ပြောလိုက်၏။

ကောင်းကင်နှလုံးသားကျွန်းသည် ကမ္ဘာ့ရေးရာများနှင့် အမြဲဝေးဝေးတွင် နေခဲ့သော်လည်း ဤတစ်ကြိမ်‌တွင်တော့ ကပ်ဘေးက သူတို့ကို ဖျက်ဆီးသွားလုနီးပါးပင်။

ယိလင်မြင်ခဲ့သော အနာဂတ်ကပ်ဘေးအကြောင်းတွေးလိုက်မိချိန်တွင်တော့ ကပ်ဘေးကိုသူတို့တင် ရင်ဆိုင်ရမည်မဟုတ်ဘဲ တစ်ကမ္ဘာလုံး ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူမတွေးလိုက်မိသည်။

“အနည်းဆုံးတော့ ငါတို့မှာ ပြင်ဆင်ချိန် ၁၅နှစ်ရှိပါသေးတယ်” သူမဆက်ပြောလိုက်၏။

“ငါတို့ကျိန်းသေပေါက် မဟာမိတ်ရှာရမယ်”

ကျင့်ကြံသူတစ်ယောက် မေးလိုက်သည်။

“ဒါဆို ကျွန်တော်တို့ဘယ်သူနဲ့ မဟာမိတ်ဖွဲ့ရမှာလဲ”

ကောင်းကင်နှလုံးသားမိန်းမပျို အတွေးနက်သွားခဲ့၏။ သူတို့မဟာမိတ်ဖွဲ့ဖို့ သင့်တော်သော အင်အားစုနှစ်ခု ရှိသည်။

ပထမတစ်ခုမှာ ၀မ်လင်းဂိုဏ်းဖြစ်ပေသည်။ ထိုဂိုဏ်း၏ဂိုဏ်းချုပ် ကျိုးရွှမ်ရှန်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်ပြီး သူ့ခွန်အားနှင့်ဆိုလျှင် ၀တ်ရုံနက်လူကို ကိုင်တွယ်နိုင်လောက်၏။ အကယ်၍ သူမသာ ၁၅နှစ်မတိုင်ခင် ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်သွားနိုင်ခဲ့ပြီး သူတို့နှစ်ယောက်အင်အားကိုသာ ပေါင်းစည်းနိုင်ခဲ့လျှင် သူတို့အတွက် အခွင့်အရေး ရှိလာနိုင်ပေသည်။

ဒုတိယရွေးချယ်စရာကတော့ အဇူရာတိမ်ဂိုဏ်းဖြစ်၏။ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများသည် ၀တ်ရုံနက်များကို တိုက်ခိုက်ရာတွင် အဓိကသော့ချက်များ ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။

သို့သော် ထိုနေရာတွင် ပြဿနာတစ်ခုရှိနေ၏။

အဇူရာတိမ်ဂိုဏ်းနှင့်၀မ်လင်းဂိုဏ်းသည် ရန်သူများဖြစ်နေခြင်းဖြစ်ပြီး တစ်ဖက်ကိုရွေးလိုက်လျှင် နောက်တစ်ဖက်ကို ဆုံးရှူံး‌ရပေလိမ့်မည်။

သူတို့ ကျိုးရွှမ်ရှန်း၏ အထွတ်အထိပ်စွမ်းအားကို ယုံကြည်သင့်ပါသလော။ ဒါမှမဟုတ် အဇူရာတိမ်ဂိုဏ်း၏ မိစ္ဆာများအပေါ်တွင် မျှော်လင့်ချက်ထားလိုက်သင့်ပါသလော။ ကောင်းကင်နှလုံးသားမိန်းမပျိုကိုယ်တိုင်ပင် ချက်ချင်း မဆုံးဖြတ်နိုင်ခဲ့ပေ။

သို့သော် သူမ လောစရာမလိုပေ။ သူတို့တွင် အချိန် ၁၅နှစ် ကျန်နေသေးသည်။

ကောင်းကင်နှလုံးသားကျွန်းနှင့်ယှဉ်လျှင် လန်ကျားအထွတ်အမြတ်မြေ ရှို့ယိဘုရားကျောင်းနှင့်ယွင်ရှောင်နန်းတော်တို့က အများကြီး အေးချမ်းနေခဲ့၏။

၀တ်ရုံနက်လူများ ပေါ်လာခဲ့စဉ်က သူတို့သည် ယွင်မုန့်စိမ့်တောနှင့်အနီးဆုံးတွင် ရှိသော ဂိုဏ်းများဖြစ်သောကြောင့် သတိအပြည့်ထားခဲ့ကြရသည်။

အနားရှိ တားမြစ်နယ်မြေထဲက ၀တ်ရုံနက်မကောင်းဆိုးဝါးများ ထွက်လာနေချိန်တွင် ဘယ်သူက မကြောက်လန့်ဘဲ နေနိုင်ပါမည်နည်း။

သို့သော် သူတို့ ထို၀တ်ရုံနက်များကို အဇူရာတိမ်ဂိုဏ်းဆီပို့ကာ အကျဉ်းချခိုင်းလိုက်ပြီးနောက် မကောင်းဆိုးဝါးများ ထပ်ပေါ်မလာတော့သောကြောင့် သူတို့ တဖြည်းဖြည်း စိတ်သက်သာရာ ရလာခဲ့ကြ၏။

ဤအဖြစ်အပျက်ကြောင့် သူတို့ဘေးက ယွင်မုန့်စိမ့်တောကို အဘယ်ကြောင့်တားမြစ်နယ်မြေဟုခေါ်လဲ သူတို့ကောင်းကောင်းကြီး သိသွားခဲ့ကြသည်။

ကြောက်ရွံ့မှုကြောင့် ထိုအင်အားစုသုံးခုလုံး စိမ့်တောထဲ စုံစမ်းဖို့ လူလည်း မလွှတ်ရဲခဲ့ကြပေ။

သူတို့လူများ အသွားသာရှိပြီး အပြန်မရှိမှာကို သူတို့ကြောက်နေခဲ့ကြ၏။ စိမ့်တောထဲရှိ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုခုကို သူတို့ကိုယ်တိုင်သွားနှိုးလိုက်မိမှာကိုလည်း သူတို့ကြောက်နေခဲ့ပြန်သည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ မလွှတ်ခဲ့ခြင်း ဖြစ်၏။

တဖြည်းဖြည်းနှင့် ၀တ်ရုံနက်ကပ်ဘေးက ‌ကျင့်ကြံခြင်းကမ္ဘာပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။

ထိုစဉ် ယိလင်၏ ကမ္ဘာပေါ်ရှိ အင်အားကြီးဂိုဏ်းများအားလုံးဆီ အလည်အပတ်သွားရောက်မှု ခရီးစဉ် ပြီးဆုံးချိန်သို့ ရောက်ရှိသွားခဲ့၏။

ထိုသူများအားလုံးနှင့်တွေ့ပြီးသောအခါ ဘယ်သူကမှ ကမ္ဘာပေါ်ရှိ မိစ္ဆာကပ်ဘေးကို ဂရုမစိုက်မှန်း သူမ သိရှိသွားခဲ့လေသည်။

ဘယ်သူကမှ မိစ္ဆာကပ်ဘေးအကြောင်း တကယ်မယုံကြည်တာလည်း ပါ၏။ အားလုံးက မိစ္ဆာကပ်ဘေးဆိုလျှင် အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများကိုသာ ရည်ညွန်းနေခဲ့ကြသည်။

ထိုသို့သောအခြေအနေတွင် ယိလင်သတိပေးစကားများက အရာမထင်ခဲ့ပေ။

“ဟူးးး…”ယိလင် ခပ်ပေျာ့‌ေပျာ့သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမ၏ ကာကွယ်သူ ၀မ်ချင်းကို ပြောလိုက်သည်။

“ကျွန်မသူတို့ကို မိစ္ဆာကပ်ဘေးအကြောင်း သတိပေးပြီးသွားပြီလေ ဘာလို့ ဘယ်သူကမှ ဂရုမစိုက်ကြတာလဲ”

၀မ်ချင်းတခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

“ကမ္ဘာကြီးက အေးချမ်းနေခဲ့တာ ကြာသွားလို့ပဲဖြစ်ရမယ်”

ယိလင် တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်သည်။

ကျင့်ကြံခြင်းကမ္ဘာကြီး၏ သမိုင်းကြောင်းများစွာကို သူမ ကောင်းကင်နှလုံးသားကျွန်းတွင် ဖတ်ဖူး၏။

ထို့ကြောင့် ဤကမ္ဘာကြီးပေါ်တွင် စစ်မှန်သောငြိမ်းချမ်းရေးဖြစ်တည်နေတာ နှစ်ထောင်ဂဏန်းအနည်းငယ်ပင် ရှိနေပြီဖြစ်မှန်း သူမ သိပေသည်။

အထူးသဖြင့် မွန်းစတားများကို တောင်တစ်သိန်းတောင်တန်းနောက်သို့ ပို့လိုက်ပြီးချိန်တွင်ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ပဋိပက္ခဆိုသည်မှာ ဂိုဏ်းအချင်းချင်းဖြစ်သော ပဋိပက္ခများလောက်သာ ကျန်ရှိတော့သည်။

ထို့အပြင် ဂိုဏ်းကြီးများကလည်း တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မျှချေဖြစ်နေအောင် နေထိုင်ကြသောကြောင့် ထိုပဋိပက္ခများက သိပ်ကြီးမလာတတ်ပေ။

ဤနှစ်ထောင်ဂဏန်းအနည်းငယ်အတွင်း အဖြစ်အပျက်ကြီးဟူ၍ နှစ်ခုသာ ဖြစ်ပွားခဲ့သည်။

ပထမတစ်ခုမှာ မွန်းစတားများကို နှင်မထုတ်နိုင်ခင်တွင် ထိုမွန်းစတားများက အင်အားကြီးဂိုဏ်းတစ်ခုကို ဖျက်ဆီးသွားသော ဖြစ်ရပ်ဖြစ်သည်။

‌ဒုတိယတစ်ခုကတော့ အဇူရာတိမ်ဂိုဏ်းလို ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ပျက်ဆီးလုနီးနီးဖြစ်သွားခဲ့ရသော မိစ္ဆာများ ဆင်းသက်လာမှု ဖြစ်၏။

ထိုဖြစ်ရပ်များက ကြောက်စရာကောင်းသော်လည်း ဂိုဏ်းတစ်ဂိုဏ်းတည်းကိုသာ ဦးတည်ပြီးဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ကြည့်လျှင် ကြီးမားသော ကိစ္စမဟုတ်ဘူးဟု ပြော၍ ရပေသည်။

နောက်ဖြစ်ရပ်ကြီးတစ်ခုရှ်ိဦးမည်ဆိုလျှင် လွန်ခဲ့သောတစ်နှစ်က ဂိုဏ်းကြီးများပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို သိမ်းပိုက်ဖို့ကြိုးစားသော ကိစ္စသာ ရှိနိုင်တော့၏။

သို့သော် ထိုကိစ္စက လျင်မြန်စွာပြီးဆုံးသွားခဲ့ပြီး ဂိုဏ်းကြီး ၉ဂိုဏ်းက ထိုကိစ္စအတွက် လျော်ကြေးများစွာ ပေးခဲ့ရသည်။

ထိုကိစ္စများထဲက ဘယ်ကိစ္စကိုမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးဟု မဆိုနိုင်ပေ။

ဤသို့ ငြိမ်းချမ်းနေ‌တာနှစ်ပေါင်းများစွာကြာ‌သွားသောကြောင့်လည်း ဘယ်သူမှ မိစ္ဆာကပ်ဘေးအကြောင်း ဂရုမစိုက်ကြတော့ခြင်း ဖြစ်၏။

“ဒီကိစ္စမှာ လန်ကျားအထွတ်အမြတ်မြေနဲ့ အဇူရာတိမ်ဂိုဏ်းကတော့ အတော်လေး အမျှော်အမြင်ရှိတယ် သူတို့က မိစ္ဆာကပ်ဘေးအတွက် ပြင်ဆင်နေကြတယ် သူတို့က မိစ္ဆာတွေနဲ့ အနီးဆုံးလူတွေမလို့လည်း ဖြစ်နိုင်တယ်…” ယိလင် တီးတိုးရေရွတ်လိုက်သည်။

“စီနီယာ၀မ်ချင်း အဇူရာတိမ်ဂိုဏ်းကို နောက်တစ်ကြိမ် အလည်သွားကြစို့”

မကြာခင်တွင် သူတို့အဖွဲ့ အဇူရာတိမ်ဂိုဏ်းဆီ ပြန်ရောက်လာခဲ့ကြ၏။

သူတို့ရောက်ချိန်တွင် အဇူရာတိမ်မြို့သစ်ကြီးက ပြီးစီးနေခဲ့ချေပြီ။

မြို့ထဲတွင် အပြီးမသတ်ရသေးသော နေရာများ ကျန်ရှိနေသေးသော်လည်း ဧရာမမြို့ကြီးက ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။

မိုးထိအောင်မြင့်သော နံရံကြီးများက မြို့ကို၀န်းရံထားခဲ့ပြီး နံရံများပေါ်တွင် များစွာသော အကာအကွယ်ကဗ္ဗည်းများရှိနေခဲ့ကာ ထိုကဗ္ဗည်းများက အလှဆင်ထားရုံ သက်သက်မဟုတ်တာလည်း ထင်ရှားလှ၏။

ယိလင် မြို့ဆီရောက်လာသောအခါ မြို့၀င်ပေါက်ကိုပင် မနည်းရှာနေခဲ့ရသည်။

သူတို့ရှာနေရင်း ရွှေအမြုတေအဆင့်တစ်ယောက် သူတို့ဆီပျံသန်းရောက်ရှိလာခဲ့ပြီး နွေးထွေးစွာ ပြောလိုက်၏။

“အဇူရာတိမ်မြို့က အများကြီးပြောင်းလဲသွားပြီလို့ စီနီယာအစ်ကိုကြီးက ပြောလိုက်ပါတယ် အဲ့တာကြောင့် အဝေးကဂုဏ်သ‌ေရရှိဧည့်သည်တွေကို လမ်းပြပေးဖို့အတွက် ကျွန်တော့်ကိုလွှတ်လိုက်တာပါ

ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ ရွှမ်ဝူဂိတ်ဆီ လိုက်ခဲ့ပေးပါ”

ယိလင်နှင့်အခြားသူများ ထိုတပည့်နောက်မှ ရွှမ်ဝူဂိတ်ဆီ လိုက်သွားခဲ့ကြသည်။

မြို့ထဲရောက်သောအခါ သူတို့ချက်ချင်းဆိုသလို သူတို့ ရှေ့က အလွန်ကြီးမားသော တိုက်ပွဲကွင်းပြင်ကြီးတစ်ခုကို မြင်လိုက်ကြရ၏။

ထိုပြိုင်ကွင်းကြီး၏ ပတ်ပတ်လည်တွင် လူသောင်းချီထိုင်နိုင်သော ခုံနေရာများ ရှိနေခဲ့သည်။

“အဇူရာတိမ်မြို့မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်မလား” ယိလင် စိတ်၀င်တစားမေးလိုက်၏။

“ဘာလို့ ဒီနေရာမှာ တိုက်ပွဲကွင်းပြင်ကြီးတစ်ခုရှိနေတာလဲ”

တပည့် ပြုံးလိုက်သည်။

“ဒီမြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတော့ တိုက်ခိုက်ချင်တဲ့လူတွေအတွက် ဖွင့်ထုတ်စရာနေရာတစ်ခု လိုတယ်လို့ စီနီယာအစ်ကိုကြီးကထင်တယ်လေ

ဒီနေရာက အဲ့ဒီဖွင့်ထုတ်စရာနေရာပါပဲ

ဒီတိုက်ပွဲကွင်းပြင်ကြီးရှိတဲ့ ပတ်ပတ်လည်‌နယ်မြေကို ရွှမ်ဝူနယ်‌ေမြလို့ ခေါ်ပါတယ်

အရင်အဇူရာတိမ်မြို့ပါ၀င်တဲ့နယ်မြေကို အဇူရာတိမ်နယ်‌ေမြလို့ ခေါ်ပါတယ် ပြီးတော့ အဇူရာနဂါး ဗာမီလီယန်ငှက် ကျားဖြူ လိပ်နက် ဆိုတဲ့နယ်မြေ လေးခုလည်း ရှိပါသေးတယ် ဒီမြို့ကြီးမှာ အားလုံးပေါင်း နယ်မြေ ၆ ခုရှိပါတယ်

အခြားနယ်‌ေမြတွေအားလုံးကတော့ လူတွေနေထိုင်စရာတွေရှိပါတယ် ဒါပေမယ့် ဒီရွှမ်ဝူနယ်‌ေမြကတော့ ထူးခြားတယ် ဒီနယ်‌ေမြမှာက တိုက်ပွဲကွင်းပြင်ကြီး တစ်ခုပဲ ရှိတာပါ

အခုဆို မြို့ထဲကလူတွေအတွက် တိုက်ခိုက်ဖို့ မြို့ပြင်ထွက်စရာမလိုတော့ပါဘူး ဒီတိုက်ပွဲကွင်းပြင်ထဲက စင်ပေါ်မှာပဲ ယှဉ်ပြိုင်လို့ရတယ် တိုက်ခိုက်ဖို့အတွက် မြို့တော်၀န်ရုံးကိုအရင်သတင်းပို့ဖို့တော့ လိုတာပေါ့”

ဤနေရာသည် သွေးပူလွယ်သော ကျင့်ကြံသူများအတွက် ဖွင့်ထုတ်စရာနေရာတစ်ခုဖြစ်သလို ကြည့်ရှုသူများအတွက်လည်း ဖျော်ဖြေမှု ရနိုင်၏။ ထို့အပြင် မြို့အတွက်လည်း ဘဏ္ဍာငွေရရှိဦးမည်ဖြစ်သောကြောင့် အတော်လေး ကောင်းမွန်သော နေရာပင်။

အပိုင်း(၄၀၈)

မဟာမိတ်

အဇူရာတိမ်နယ်‌ေမြသို့ရောက်ပြီးနောက်တွင် လမ်းပြတပည့်ပြုံး၍ ပြောလိုက်သည်။

“စီနီယာတို့ ကျွန်တော့်တာ၀န်က ဒီနေရာမှာ ပြီးဆုံးသွားပါပြီ ဒီနေရာကစပြီး ဂိုဏ်းထိကို ကိုယ့်ဟာကိုယ်သွားရတော့မှာပါ အဇူရာတိမ်မြို့က တည်ဆောက်ဆဲကာလဆိုတော့ ကျွန်တော်တို့ရဲ့ ဧည့်၀တ်ကြေမှုနဲ့ ပတ်သက်ပြီး လိုအပ်ချက်လေးတွေ ရှိသွားခဲ့ရင် ခွင့်လွှတ်ပေးပါ စီနီယာ”

ပြောပြီးသည့်နောက် ထိုတပည့် ထွက်ခွာသွားခဲ့၏။

ယိလင်နှင့်အခြားသူများကတော့ အံ့အားသင့်နေရင်း အဇူရာတိမ်ဧည့်ဂေဟာဆီ ဆက်လက်ဦးတည်သွားခဲ့ကြသည်။

သူတို့ တခဏသာ ခရီးထွက်သွားခဲ့ခြင်းဖြစ်သော်လည်း ထိုတခဏလေးအတွင်းမှာပင် အဇူရာတိမ်မြို့သည် အကြီးအကျယ်ပြောင်းလဲသွားခဲ့၏။

အဇူရာတိမ်ဧည့်ဂေဟာသို့ရောက်သောအခါ ချွန်းရှောင် ချက်ချင်းဆိုသလို သူတို့ကို ဂိုဏ်းဆီသွားရောက်ရန် စီစဉ်ပေးလိုက်သည်။

“တာအိုမိတ်ဆွေယိလင်” ကျန်းယန်တိုက်ရိုက်ပင် မေးလိုက်၏။

“ဂိုဏ်းကြီးတွေအကုန်လုံးဆီ သွားပြီးပြီဆိုတော့ အခြေအနေဘယ်လိုရှိလဲ”

ယိလင်သက်ပြင်းချလိုက်သည်။

“အများစုက မိစ္ဆာကပ်ဘေးအကြောင်း အလေးအနက်မထားကြဘူး ကြည့်ရတာ ပြင်ဆင်ထားတာက ရှင်တို့ဂိုဏ်းတစ်ဂိုဏ်းတည်းပဲ ရှ်ိပုံပဲ”

ကျန်းယန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။

“သူတို့ကိုလည်း နားလည်ပေးလို့ရပါတယ် သူတို့မှ မိစ္ဆာကပ်ဘေးကို တစ်ခါမှ မကြုံဖူးကြဘဲ ဘယ်ကြောက်ကြမလဲ ပြီးတော့ မိစ္ဆာကပ်ဘေးအကြောင်း မိစ္ဆာတွေကိုယ်တိုင်ဆီက ကြားခဲ့ရတာလည်း မဟုတ်ဘူးလေ

ဒါ‌ေပမယ့် နောက်ဆုံးတော့ ကမ္ဘာကြီးပျက်ဆီးကိန်းဆိုက်တဲ့အချိန်မှာ တစ်ယောက်ယောက်ကတော့ ကျိန်းသေပေါက် ဒီ၀န်ထုပ်၀န်ပိုးကို ထမ်းထားပြီး ရှေ့တန်းမှာ နေရမှာပဲ

အဇူရာတိမ်ဂိုဏ်းနဲ့ လန်ကျားအထွတ်အမြတ်မြေက ပထမခြေလှမ်းကို လှမ်းထားပြီးပါပြီ

ဆိုတော့ ကောင်းကင်နှလုံးသားကျွန်းကရော ကျွန်တော်တို့နဲ့အတူရပ်တည်မှာလား”

သူ့စကားလုံးများက အတော်လေး သူရဲကောင်းဆန်လှပြီး သူကိုယ်တိုင်က အထီးကျန်နေသော သူရဲကောင်းတစ်ယောက်လိုပင်။

သူတော်စင်သခင်သာဆိုရင်တော့ သူ့စကားလုံးများကို တစ်လုံးမှ ယုံမည် မဟုတ်ပေ။

သို့သော် ယိလင်ကတော့ သူ့ကိုယုံကြည်သွားခဲ့သည်။

သူမသည် ကျန်းယန်အကြောင်းသေချာမသိသေးသူ မဟုတ်ပါလော။

သူ့ကိုလေးလေးနက်နက်ကြည့်ရင်း သူမ ပြောလိုက်၏။

“ကျွန်မအဇူရာတိမ်ဂိုဏ်းကို ပြန်လာရတဲ့ ရည်ရွယ်ချက်က ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ပါပဲ ကောင်းကင်နှလုံးသားကျွန်းက အဇူရာတိမ်ဂိုဏ်း လန်ကျားအထွတ်အမြတ်မြေတို့နဲ့ အတူလက်တွဲပြီး အနာဂတ်မှာ မိစ္ဆာကပ်ဘေးကို ရင်ဆိုင်ချင်ပါတယ်”

ကျန်းယန် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူမသည်အဘယ်ကြောင့် ကမ္ဘာတစ်၀န်းခရီးတစ်ခေါက်ထွက်ပြီးရုံနှင့် အလွယ်လေး သဘောတူလိုက်ပါသနည်း။

ယိလင်သည် သူ့ဆန္ဒကိုဖော်ပြပြီးဖြစ်သောကြောင့် ‌ကျန်းယန် မလောတော့ပေ။ သူပြုံးပြီးသာ မေးလိုက်၏။

“ကျွန်တော်တို့ဘက်ကလည်း ကောင်းကင်နှလုံးသားကျွန်းနဲ့ လက်တွဲရတာ ၀မ်းသာမိပါတယ် ဒါပေမယ့် တာအိုမိတ်ဆွေရဲ့ စကားက ကောင်းကင်နှလုံးသားကျွန်းကို ကိုယ်စားပြုနိုင်ရဲ့လား”

“ပြုနိုင်တယ်” ၀မ်ချင်း၀င်ပြောလိုက်သည်။

“သူ့မှာ ကောင်းကင်နှလုံးသားကျွန်းရဲ့ ကိစ္စအ၀၀ကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာရှိတယ်”

“အို့”

ကျန်းယန် လုံး၀ အံ့အားသင့်သွားခဲ့၏။ နတ်ဝိညာဉ်အဆင့်လေးတစ်ယောက်တွင် အဘယ်ကြောင့် ထိုကဲ့သို့သော အခွင့်အာဏာမျိုး ရှိနေရပါသနည်း။

ယိလင်သည် သူ့လိုပင် ကောင်းကင်နှလုံးသားကျွန်းတွင် အထူးအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းပေလော။

၀မ်ချင်း သူ့ကိုအဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

“နင်တောင် ဝိညာဉ်အခြေတည်အဆင့‌်လေးနဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ ကိစ္စမှန်သမျှကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေတာမလား”

သူမ ယိလင်၏အနေအထားကိုတော့ ရှင်းမပြခဲ့ပေ။

ကျန်းယန် အသာအယာခေါင်းငြိမ့်ပြလိုက်ကာ သူမ ရှင်းပြချက်ကို လက်ခံလိုက်၏။

“ကောင်းကင်နှလုံးသားကျွန်းက ကျွန်တော်တို့နဲ့ အတူရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ အနေအထားကို ဘယ်လိုချပြဖို့ စီစဉ်ထားလဲ”

ယိလင် လေးလေးနက်နက်ဖြေလိုက်သည်။

“ကျွန်မ ကောင်းကင်နှလုံးသားကျွန်းကိုပြန်ရောက်ရင် အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ကြောင်း ဂိုဏ်းကနေ တရား၀င်ထုတ်ပြန်မယ် ပြီးရင်တော့ ကျွန်မတို့ ဂိုဏ်းနှစ်ခုက ပူးပေါင်းမှုတွေ စလုပ်လို့ရပြီ”

ကျန်းယန်လည်း လေးလေးနက်နက်ပြန်ပြောလိုက်၏။

“ကောင်းတယ် ကျွန်တော်တို့ဘက်က ကောင်းကင်နှလုံးသားကျွန်းရဲ့ ကြေငြာချက်ကို စောင့်နေပါ့မယ် ကြေငြာပြီးသွားရင်တော့ အဇူရာတိမ်ဂိုဏ်းနဲ့ လန်ကျားအထွတ်အမြတ်မြေပေါင်းပြီး ကျွန်တော်တို့ အင်အားစုသုံးခုက တစ်ခုတည်းဖြစ်သွားပြီဖြစ်ကြောင်း ကြေငြာချက် ထုတ်လိုက်ပါ့မယ်”

“အနာဂတ်မှာ မိစ္ဆာကပ်ဘေးကျရောက်လာတဲ့အခါ ကျွန်တော်တို့ မဟာမိတ်က ကမ္ဘာပေါ်က လူအားလုံးအတွက် အကျိုးရှိတာတစ်ခုခု လုပ်ပေးနိုင်ဖို့ ကျွန်တော် လေးလေးနက်နက်မျှော်လင့်မိပါတယ်

ပြီးတော့ မဟာမိတ်တွေဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းကြား ပိုနက်ရှိုင်းတဲ့ ပူးပေါင်းမှုတွေ ရှိလာဖို့လည်း မျှော်လင့်ပါတယ်

ဥပမာပြောရရင် လတ်တလော အဇူရာတိမ်ဂိုဏ်းက ၀တ်ရုံနက်တွေကို အကျဉ်းချထားပေးရတော့ အဇူရာမဟာတိမ်၀င်္ကပါက အတော်လေး ၀န်ပိနေတယ်လေ အဲ့တာကြောင့် ၀င်္ကပါကို အားဖြည့်ပေးဖို့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ အရေးပေါ် လိုအပ်နေပါတယ်

တကယ်လို့ကောင်းကင်နှလုံးသားကျွန်းကသာ ကျွန်တော်တို့ကို ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေထောက်ပံ့ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်ဝောာ်တိုဘက်ကလည်း တန်ဖိုးကြီးပစ္စည်းတွေနဲ့ ပြန်လဲလှယ်ပေးချင်ပါတယ်

ဥပမာ တာအိုပေါင်းစည်းခြင်းဆေးလုံးလို ရတနာမျိုးပေါ့ ဒါကကျွန်တော်တို့ရဲ့ မဟာမိတ်အပေါ် စစ်မှန်မှု ပြသခြင်းတစ်မျိုးပါ”

ယိလင်တုန်လှုပ်သွားခဲ့သည်။

“ရှင်က တာအိုပေါင်းစည်းခြင်းဆေးနဲ့ ကုန်သွယ်ချင်တာလား”

ကျန်းယန် အသာအယာပြုံးလိုက်၏။

“ကျွန်တော်တို့က မဟာမိတ်တွေပဲမဟုတ်လား လန်ကျားအထွတ်အမြတ်မြေကိုတော့ တာအိုပေါင်းစည်းခြင်းအဆင့် ဆေးလုံးတစ်လုံးကို ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ ကုန်သွယ်ပါတယ်

တကယ်လို့ ကောင်းကင်နှလုံးသားကျွန်းကလည်း ကုန်သွယ်ချင်တယ်ဆိုရင် ဈေးနှုန်းက အတူတူပဲ ဖြစ်ပါလိမ့်မယ်

ဒါပေါ့ ကောင်းကင်နှလုံးသားကျွန်းမှာ ကမ်းလှမ်းစရာ အခြားရတနာတွေရှိသေးရင်လည်း အဇူရာတိမ်ဂိုဏ်းက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရအောင် ကုန်သွယ်ပေးပါ့မယ်”

လတ်တလောတွင် အဇူရာမဟာတိမ်၀င်္ကပါ၏ စွမ်းအားကို အမြင့်ဆုံးအခြေအနေထိရောက်အောင် မြှင့်ဖို့ ကျန်းယန် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးများ တကယ်လိုအပ်နေခြင်း ဖြစ်သည်။

ချင်းယွင်ကျိပြောစကားအရ ၀င်္ကပါ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေရန် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ကျော်သုံးဖို့ လိုနေသေး၏။

သူတို့သည် လန်ကျားအထွတ်အမြတ်မြေထံမှ ၁ရာကျော် ရခဲ့ပြီးဖြစ်လေရာ ယခုအခါ ကောင်းကင်နှလုံးသားကျွန်းထံမှ ထပ်ရဖို့ မျှော်လင့်နေခြင်း ဖြစ်သည်။

ယိလင် ကျန်းယန်ကိုကြည့်ကာ အသာအယာခေါင်းငြိမ့်ပြလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက စစ်မှန်မှုကို ပြသနေမှတော့ ကျွန်မတို့ဘက်ကလည်း အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ ကုန်သွယ်ချင်ပါတယ်

ပြီးတော့ အဲ့တာအပြင် ကျွန်မတို့မှာ ဂိုဏ်းပေါင်းများစွာက လိုချင်နေကြတဲ့ ကမ္ဘာ့တုနှိုင်းမဲ့ရတနာတစ်မျိုးဖြစ်တဲ့ ပင်လယ်နက်အနှစ်သာရ လည်းရှိတယ်

အဲ့ဒီရတနာကိုလည်းအဇူရာတိမ်ဂိုဏ်းလိုချင်သလောက်ကို သင့်တော်နဲ့ဈေးနဲ့ကုန်သွယ်ချင်တယ်”

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။

“ပြဿနာမရှိဘူး နောက်တစ်ခေါက် ကျွန်တော်တို့ကုန်သွယ်တဲ့အခါ ကျေနပ်လောက်တဲ့အဖြေမျိုး ပေးပါ့မယ် ပြီးတော့ တာအိုမိတ်ဆွေယိလင် ဒါကိုတစ်ချက်ကြည့်ပါဦး…”

သူလက်မြှောက်ကာ ကမ္ဘာ့မြေပုံကိုထုတ်လိုက်ပြီး ပင်လယ်ကောင်းကင်မျှော်စင်နယ်မြေကို လက်ညှိုးထိုးပြလိုက်၏။

“အဇူရာတိမ်ဂိုဏ်း လန်ကျားအထွတ်အမြတ်‌ေမြနဲ့ ကောင်းကင်နှလုံးသားကျွန်းတို့က မဟာမိတ်ဖွဲ့လိုက်ပြီ ဒါပေမယ့် ကျွန်တော်တို့နယ်မြေတွေကြားထဲမှာ ပင်လယ်ကောင်းကင်မျှော်စင်နယ်မြေက ခံနေတယ်

တကယ်လို့ သူတို့သာ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ကျွန်တော်တို့ အင်အားစုလေးခုက လုံး၀ ချိတ်ဆက်မိသွားလိမ့်မယ် ကမ္ဘာပေါ်က ဘယ်လိုအဖြစ်အပျက်မျိုးကိုမဆို ချက်ချင်း မျှဝေခံစားနိုင်ကြလိမ့်မယ်

ဒါပေမယ့် သူတို့က ပူးပေါင်းဖို့ ငြင်းဆန်လိုက်ရင်တော့ ကျွန်တော်တို့မဟာမိတ်တွေ အပြည့်အ၀ချိတ်ဆက်နိုင်တော့မှာ မဟုတ်ဘူး

အဲ့တာကြောင့် တာအိုမိတ်ဆွေတို့ အိမ်ပြန်လမ်းမှာ ကောင်းကင်နှလုံးသားကျွန်းဆီ၀င်ပြီး ကျွန်တော်တို့မဟာမိတ်ထဲ ပါ၀င်ဖို့ နားချပေးဖို့ မျှော်လင့်မိပါတယ် ကျွန်တော်တို့ဘက်ကလည်း လူလွှတ်ပြီး ပင်လယ်ကောင်းကင်မျှော်စင်နဲ့ ညှိနှိုင်းမှာပါ”

“ပြဿနာမရှိဘူး” ယိလင် ချက်ချင်းသဘောတူလိုက်သည်။

“ကျွန်မတို့အင်အားစုတွေက ပင်လယ်နဲ့နီးတဲ့အင်အားစုတွေပဲဆိုတော့ ကျွန်မတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ် ကျွန်မတို့ သူတို့ကို စည်းရုံးနိုင်လောက်မယ့် အခွင့်အရေးရှ်ိတယ်”

ပင်လယ်ကောင်းကင်မျှော်စင် သူတို့အင်အားစုများကြားထဲ ရောက်နေခြင်းက ကြောင်တောင်တောင်နိုင်သည်ဟု သူမလည်း ခံစားနေခဲ့ရ၏။

ထို့အပြင် ပင်လယ်ကောင်းကင်မျှော်စင်သာ သူတို့မဟာမိတ်ထဲ ပါ၀င်လာလျှင် မိစ္ဆာကပ်ဘေးကို ရင်ဆိုင်ရာ၌ အများကြီး ပိုလွယ်ကူသွားနိုင်ပေသည်။

ကျန်းယန် အလွန်ပျော်သွားခဲ့၏။

ဤအရာက တစ်ခု၀ယ်တစ်ခုလက်ဆောင်ရခြင်းမျိုးပင် မဟုတ်ပါလော။

အကယ်၍ သူတို့သာ ပင်လယ်ကောင်းကင်မျှော်စင်ကို အောင်အောင်မြင်မြင်သိမ်းသွင်းနိုင်ခဲ့လျှင် ကမ္ဘာ့အင်အားစု ချိန်ခွင်လျှာက ၃ခု ၇ခု မှ ၄ခု ၆ခု သို့ရောက်ရှိသွားပေလိမ့်မည်။

အနာဂတ်တွင် မိစ္ဆာစီနီယာများမရှိတော့လျှင်တောင် အဇူရာတိမ်ဂိုဏ်း၏ ဖိအားက များစွာ လျော့နည်းသွားမည်သာ။

အတန်ကြာအောင် စကားပြောပြီးနောက်တွင် ကျန်းယန် ယိလင်တို့ကို နွေးနွေးထွေးထွေးပင် တောင်အောက်အထိ ပြန်လိုက်ပို့ခဲ့လိုက်သည်။

ထို့နောက် ချင်းယွင်ကျိသူ့ဘေးတွင်ပေါ်လာခဲ့ပြီး ထွက်ခွာသွားသောအဖွဲ့ကို ကြည့်ရင်းပြုံးကာ ပြောလိုက်၏။

“မဟာမိတ်လက်ထပ်ပွဲက အလုပ်ဖြစ်လိမ့်မယ်လို့ ငါထင်နေတုန်းပဲ” သူအရွှန်းဖောက်လိုက်လေသည်။

“ဆရာ!!”

All Chapters