← Chapters

လုံရှာ မင်း သေရမယ်

Vol. 81-85 Ch. 1206

လုံရှာ မင်း သေရမယ်

Vol. 81-85 Ch. 1206

သူတို့ လုံရှာ၏ သတ်ဖြတ်ခြင်းမှ ထွက်ပြေးနိုင်မည် ဆိုလျင်တောင်မှ ယဲ့ဖန်၏ လက်အောက်မှ မည်သို့ လွတ်မြောက်နိုင်ပါ မည်နည်း။

ဤနေရာ၌ တကယ် ကြောက်စရာကောင်းသူမှာ လုံရှာ မဟုတ်ဘဲ အစမှအဆုံးတိုင် တစ်ခါမှ မတိုက်ခိုက် သေးသည့် လူသာ ဖြစ်သည်။

သူ ဘာမှမလုပ်သော်လည်း အရာအားလုံးကို သူ ထိန်းချုပ်နိုင်သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းလေသည်။ ထိပ်ဆုံးနေရာမှ ဘုရင်တစ်ပါးလိုပင်။

လက်ရှိတွင် သူတို့၏ ကံတရားကို လက်ခံလိုက်ပုံရပြီး ငြိမ်၍ မျက်လုံးမှိတ်လိုက်သည်။ သူတို့ လုံးဝ မျှော်လင့်ချက် မဲ့နေ၏။ လက်ရှိတွင် လုံမိသားစုဝင်များအားလုံး ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိတော့ပေ။

နူကျန်းရှစ်အာက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်၍ အောင့်သက်သက် ပြုံးလိုက်သည်။

“တစ်နေ့ လုံမိသားစုက မင်းလက်ထဲမှာ ပျက်စီးရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထို့နောက် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူတို့နှစ်ယောက်လုံး၏ ဦးခေါင်းကို ကွဲကြေသွားအောင် လုပ်လိုက်သဖြင့် သူ့၌ သွေးများ ရွှဲစိုသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် ဤကြောက်စရာကောင်းသော မြင်ကွင်းအား မျက်လုံး အပြူးသားဖြင့် ကြည့်နေမိသည်။

*လုံမိသားစုရဲ့ နဂါးအသွင်ပြောင်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ယောက်က အရမ်း မျှော်လင့်ချက်မဲ့သွားလို့ သူတို့ ကြိုးစားခဲ့သမျှကို လက်လျှော့ပြီး အခြားသူတွေကို သတ်ခွင့် ပေးလိုက်တာလား*

“ဂလု”

လူတိုင်း မနည်း တံတွေးမျိုချလိုက်မိပြီး လက်ရှိ သူတို့၏ မျက်စိရှေ့မှ အဖြစ်အပျက်ကို မယုံနိုင် ဖြစ်နေကြသည်။

*လုံမိသားစုမှာလည်း ကုန်းပေါ် ရောက်နေတဲ့ငါးလို အသတ်ခံရတဲ့ နေ့မျိုး ရှိတာပဲလား*

ဤသည်ကို ကြည့်ပြီး လုံမိသားစု၏ လူငယ်များနှင့် စုန့်မိသားစုဝင်များအားလုံး တုန်လှုပ်သွားပြီး မယုံနိုင် ဟန်များနှင့် ဖြစ်နေကြသည်။

“လုံမိသားစုရဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်အားလုံး သေသွားပြီလား၊ ငါ့ … ငါ့ကို ဒါ အမြင်မှားနေတာ မဟုတ်ဘူးလို့ ပြောစမ်းပါ”

လုံမိသားစု၏ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များက အခြားသူထံ၌ ချက်ချင်း အသတ်ခံလိုက် ရလိမ့်မည်ဟု သူတို့ မယုံနိုင်ပါ။ ထို့အပြင် သတ်သည့်သူကလည်း လုံမိသားစု၏ အမှိုက်ကောင် ဖြစ်နေလိမ့်မည်ဟု သူတို့ လက်မခံနိုင်သေးပေ။

သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ဆက်ပြောလိုက်သည့် စကားကြောင့် သူတို့ ငိုမတတ် ဖြစ်သွားရသည်။

“လုံမိသားစုနဲ့ စုန့်မိသားစု ဒီနေ့ ဒီမှာ သေရမယ်”

မိသားစုနှစ်ခုလုံးက သူ့အား ပုရွက်ဆိတ်တစ်ကောင်သဖွယ် သတ်မှတ်၍ နှိမ်ချဆက်ဆံကာ ရှိသမျှ နည်းလမ်း အားလုံးဖြင့် အနိုင်ကျင့် ညှင်းဆဲ၍ စိတ်ရှိသလို ပြောဆိုဆက်ဆံခဲ့ကြသည်။ ယခုတော့ သူတို့၏ လုပ်ရပ်အတွက် သွေးဖြင့် ပြန်ပေးဆပ်ရပေတော့မည်။

“လုံရှာ ငါ့ကို မသတ်ပါနဲ့၊ တကယ်တော့ ငါ နင့်ကို ချစ်နေပါသေးတယ်”

စုန့်ကျဲရင်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ရှေ့၌ ချက်ချင်း ဒူးထောက်၍ အသည်းအသန် တောင်းပန်လေသည်။ သူမမျက်လုံး၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူမ မသေချင်သေးပါ။ လက်ရှိတွင် သူမ ကြောက်လွန်း သဖြင့် မျက်ရည်လည်ရွဲ ဖြစ်နေလေသည်။ ယခုအချိန်တွင် လုံရှာတစ်ယောက် သူမအပေါ် ခံစားချက် အနည်းအကျဉ်း ရှိနေပါစေဟုသာ သူမ ဆုတောင်းနေမိသည်။

“တကယ်တော့ ငါလည်း မင်းကို ချစ်နေပါသေးတယ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က စုန့်ကျဲရင်၏ ပါးကို ခပ်ဖွဖွ ပွတ်လိုက်သည်။

“တကယ်လား”

စုန့်ကျဲရင်၏ မျက်လုံးများက ဝင်းလက်သွားပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို စိတ်လှုပ်ရှားစွာ မော့ကြည့်၍ သူ့လက်အား နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဆွဲကိုင်သကဲ့သို့ ဆုပ်ကိုင်လာသည်။

*ဒီနေ့ ငါ အသက်ရှင်နိုင်မယ့်ပုံပဲ*

စုန့်ကျဲရင် အလွန်အမင်း ဂုဏ်ယူနေ၏။ လုံရှာက အလွန် တုံးအလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမ သူ့ကို တစ်စက်ကလေးမျှ မချစ်သော်လည်း သူကတော့ သူမကို ယခုအထိ ချစ်နေသေးသည်။

*ဒီအရူးရဲ့ အရူးအမူး စွဲလမ်းစိတ်ကြောင့်ပဲ ငါ ဒီအန္တရာယ်ကနေ လွတ်နိုင်တာပဲ*

“လုံရှာ စိတ်မပူပါနဲ့၊ ငါ နင့်ကို နောက်ဆို စိတ်ရင်းနဲ့ ဆက်ဆံပါ့မယ်၊ ငါ့လက်ကျန်ဘဝတစ်လျှောက်လုံး နင် ချစ်ရတဲ့ ကလေးလေး ဖြစ်ပေးပါ့မယ်”

စုန့်ကျဲရင်က ချစ်စိတ်များဖြင့် ပြည့်နှက်နေသော ချိုသာသည့် စကားလုံးများဖြင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ လူသတ်ချင်စိတ်အား ပျော့ပျောင်းလာအောင် လုပ်နေသည်။

“အနာဂတ်မှာ ငါတို့ကို ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာကို သွားကြမယ်၊ ပြီးရင် ကလေးတွေ တစ်ပြုံကြီး မွေးကြမယ်၊ သာမန်ဘဝလေးမှာ ပျော်ပျော်နေကြရအောင်၊ ငါ နင်ကလွဲပြီး ဘာကိုမှ မလိုချင်ပါဘူး”

ဤစကားသည် မုသားစကားသာ ဖြစ်သည်။ ယနေ့ လုံရှာ ဘာလုပ်လိုက်သလဲ သူမ သိနေသောကြောင့် ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။ လုံမိသားစုက ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပါ။ ယခုကိစ္စပြီးသည်နှင့် လုံမိသားစု၏ သတ်ဖြတ်ခြင်းကို လုံရှာ ခံရလျင်လည်း သူမ လုံးဝ ဂရုစိုက်မိမည် မဟုတ်ပေ။ သူမ အသက်ရှင် နိုင်သရွေ့ လုံရှာကိုဖြစ်ဖြစ် လုံမိသားစုကိုပဲဖြစ်ဖြစ် သူမ မျက်နှာလုပ်မှာပင်။

“တကယ်လား၊ ဒါဆိုရင်တော့ ငါ တကယ်ကို ပျော်မိသွားပြီ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပြုံးလိုက်သည်။ သို့သော် ဘာကြောင့်မှန်းမသိသော်လည်း ထိုအပြုံးက အလွန် ထူးဆန်း၍ ကျောချမ်းဖွယ်ကောင်းပုံ ရနေ၏။

“ဒါပေါ့၊ ငါ နင့်အပေါ် အရင်က လုပ်ခဲ့သမျှကို ဝန်ခံပါတယ်၊ ဒါပေမဲ့ နောက်ဆို ငါ ဒီ့ထက်မက နင့်အပေါ် အစွမ်းကုန် ကောင်းသွားပေးပါ့မယ်”

စုန့်ကျဲရင်က အတည်ပြောလိုက်သည်။

“ငါလည်း မင်းအပေါ် ကောင်းပါ့မယ်၊ ငါ မင်းကို ချစ်တယ်”

ထိုစကားအဆုံး၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

“ဂျွတ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပြုတ်တူကဲ့သို့ လေးလံ အားပြင်းသည့် သူ့ခြေထောက်တစ်ဖက်ကို မြှောက်၍ စုန့်ကျဲရင်၏ ခြေထောက်ကို နင်းချေ လိုက်သည်။

“အား …. လုံရှာ နင် ဘာလုပ်တာလဲ”

စုန့်ကျဲရင် ထအော်လိုက်သည်။ သူမမျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။

“မင်း ငါ့ကို ချစ်တယ်လို့ ပြောခဲ့တယ်၊ မင်း အရင်က ငါ့ကို ဒီလိုပုံစံမျိုးနဲ့ ချစ်တယ် ပြောပြီး လုံယင်ရှို့နဲ့ ငါ့ခြေထောက်ကို ချိုးခိုင်းလိုက်တယ်လေ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အေးစက်နေသော မျက်လုံးများဖြင့် ရယ်မောလိုက်သည်။

“အခု မင်း ငါ့ကို ချစ်ခဲ့တဲ့နည်းအတိုင်း မင်းကို ပြန်ချစ်နေတာလေ၊ ငါ မင်းကို သိပ်ချစ်တာပါ”

သူ့အပြုံးက နတ်ဆိုး၏အပြုံးကဲ့သို့ ရက်စက်၍ ကြောက်စရာ ကောင်းလှသည်။

“မဟုတ်ဘူး မဟုတ်ဘူး၊ လုံရှာ၊ ငါ မှားမှန်း သိပါတယ်၊ ငါ့ကို လွှတ်ပေးပါ၊ ငါ တောင်းပန်ပါတယ်၊ ငါ့ကို လွှတ်ပေးပါဟာ”

သူက သူမကို အရူးလုပ်နေခြင်းသာဖြစ်ကြောင်း စုန့်ကျဲရင် နားလည်သွားသည်။

“ဒီဝေဒနာကို ထပ်မခံနိုင်တော့ဘူးလား၊ အရင်တုန်းက မင်းတို့ကြောင့် ငါ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ကျိုးကြေခဲ့ရတာ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က စနောက်သလို ရယ်မော၍ ခြေထောက်ကိုမြှောက်ကာ ထပ်နင်းပြန်သည်။ ယခုတစ်ခေါက်တွင်တော့ လက်ချောင်းများ ဖြစ်လေသည်။ လက်ငါးချောင်းလုံး ကျိုးသွားလေတော့သည်။

ယခင်တုန်းက စုန့်ကျဲရင်သည် လုံယင်ရှို့အား သူ၏ လက်ချောင်းများကို ချိုးပစ်ရန် ပြောခဲ့သည်။ အကြောင်း ရင်းမှာ စုန့်ကျဲရင်၏ ရင်သားကို သူ မတော်တဆ ထိမိသွား၍ ဖြစ်သည်။

“အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”

စုန့်ကျဲရင်သည် မြေကြီးနှင့် ခေါင်းကိုတိုက်၍ ဆက်တိုက် တောင်းပန်နေ၏။ သူမလက်ချောင်းများ ကျိုးကြေနေပြီး ဝေဒနာက သူမအား ရူးမတတ် ဖြစ်သွားစေသည်။ သို့သော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က မကြား သယောင်ပြု၍ အေးစက်စွာ နေနေ၏။

“စုန့်ကျဲရင် မင်း ငါ့ကို တစ်ရာ့သုံးကြိမ် နှိပ်စက်ခဲ့တယ်”

“လုံယင်ရှို့က ငါ့ကို ခုနစ်ဆယ့်ငါးကြိမ် နှိပ်စက်ခဲ့တယ်”

“သူ စောသေသွားတာ စိတ်မကောင်းစရာပဲ၊ အဲ့ဒါကြောင့် သူ့အကြွေးကို မင်း ပေါင်းဆပ်ရမယ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အသာ ပြုံးလိုက်သည်။

“နှိပ်စက်တာတွေ ပြီးသွားတာနဲ့ မင်း မသေသေးဘူးရင်ဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမှာပါ”

*ဘာ*

လူတိုင်း အုတ်အောင်သောင်းတင်း ဖြစ်သွားကြသည်။ စုစုပေါင်း အကြိမ်အရေအတွက်က တစ်ရာ ခုနစ်ဆယ့် ရှစ်ကြိမ် ဖြစ်သည်။ ဤသို့သော နှိပ်စက်မှုမျိုးကို ခံပြီးလျင် မည်သူက မသေဘဲ ရှိမည်နည်း။ မသေလျင်တောင်မှ တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်သည်။

“ရွှစ်”

သွေးများ ပန်းထွက်လာသလို စုန့်ကျဲရင်၏ မျက်နှာတွင်လည်း ဒဏ်ရာ သုံးခု ဖြစ်ပေါ်လာသည်။

“လုံရှာ နင် အခါတစ်ထောင်မက‌ သေသင့်တာ၊ နင် သေကိုသေသင့်တယ်”

စုန့်ကျဲရင် ဒေါသတကြီး အော်ဟစ်လာ၏။ သူမအတွက် အလှအပသည် တစ်ခုတည်းသော လက်နက်ဖြစ်သလို သူမ ဂုဏ်အယူရဆုံး အရာလည်း ဖြစ်ပေသည်။ သို့သော် လုံရှာက သူမအလှကို ဖျက်ဆီးလိုက်သဖြင့် သူမကို သတ်လိုက်သည်ထက်ပင် ပို၍ ခံရခက်သေးသည်။

“မျိုးမစစ်ကောင် စောင့်နေလိုက်၊ လုံမိသားစုက နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး၊ ယဲ့ဖန်လည်း သေမှာ”

စုန့်ကျဲရင်၏ မျက်လုံးတွင် မကျေနပ်စိတ်များဖြင့် ပြည့်နှက်နေပြီး အားပါးတရ ကျိန်ဆဲ၍ တံတွေးထွေး လိုက်သည်။ ထို့နောက် သူမက ဆိုးယုတ်စွာ ရယ်မောလာသည်။

“လုံရှာ ငါ နင့်ကို ပြောဖို့မေ့နေတာ၊ လွန်ခဲတဲ့ နာရီဝက်တုန်းက ငါ ကျောက်စိမ်းအဆောင်ကို ချိုးပြီး ဒီမှာ ဖြစ်သမျှကို မှတ်တမ်းတင်ပြီးတော့ လုံမိသားစုကို ပို့လိုက်ပြီ”

“အခုလောက်ဆို သူတို့ ဒီကို လူလွှတ်ပြီးနေလောက်ပြီ၊ သူတို့ ဘယ်သူ့ကို ဒီလွှတ်လိုက်လဲ နင် သိချင်တယ်မလား”

ထိုစကားကို ကြားသောအခါ လုံမိသားစုနှင့် စုန့်မိသားစုတို့ ထိတ်လန့်သွားပြီး ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွား ကြသည်။ သူတို့၌ မျှော်လင့်ချက် ရှိနေသေးသည်။

ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို လုံမိသားစုက သိပြီးလောက်သည်။ ထို့ကြောင့် သူတို့က အလွန် ရက်စက်သော လူမျိုးကို စေလွှတ်လောက်သည်။

“လုံရှာ မိစ္ဆာကောင်၊ မင်း သေချင်နေတာပဲ”

ထိုအခိုက်တွင် ကောင်းကင်ထက်မှ ကျယ်လောင်သော အသံနှင့်အတူ ဧရာမ ရွှေရောင် လက်ဝါးတစ်ဖက် ကျဆင်း လာ၏။

“ဒုန်း”

မြေဆီလွှာ အက်ကွဲလာပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင် သွေးအန်သွားရသည်။

All Chapters