← Chapters

အတူတကွတိုက်ခိုက်ခြင်း

Vol. 69 Ch. 1024

အတူတကွတိုက်ခိုက်ခြင်း

Vol. 69 Ch. 1024

အနက်ရောင်ဆံပင်ရှည်နှင့် နတ်သူငယ်တစ်ယောက်သူဖွယ် ချောမောခန့်ညားသော လူငယ်လေးမှာ နွေဥ◌ီးပူပြင်းဂိတ်၌ ဖေးကယ်တင်ခဲ့သော လူငယ်လေးဖိလစ်အင်ဇာဂီဖြစ်သည်။ သူက ဖေး၏ ပထမဆုံးတပည့်ဖြစ်ကာ မွေးရာပါ အာကာသနေရာလပ်တွင်း၌ပုန်းကွယ်နိုင်စွမ်းနှင့် ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသူဖြစ်သည်။

သူကအနက်ရောင် မီးခိုးတန်းသဖွယ် အနက်ရောင်လျှပ်စီးတန်းသဖွယ် လျှင်မြန်စွာပြေးဝင်သွားသည်။ သူဖြတ် သန်းသွားသည့်နေရာတိုင်း အော်သံများ သွေးများ ဆူညံပြန့်ကျဲသွားသည်။ ရန်သူများက အော်ဟစ်တိုက်ခိုက်ရန်ပြင်သော်လည်း ကိုယ်ပေါ်တွင် ဒဏ်ရာများသာတိုးတိုးလာသည်။

“ သူကဒီနေရာမှာပဲ “

“ မကြောက်ကြနဲ့ လုပ်ကြံသတ်ဖြတ်သူဆိုတာ သူ့ အစအနပေါ်တာနဲ့ ပိုက်ကွန်ထဲကမြေခွေးလိုပဲ ခုခံနိုင်စွမ်းရှိတော့တာမဟုတ်ဘူး သူ့ကို ဝိုင်းပိတ်စို့နိုင်အောင်ကြိုးစားကြ မစိုးရိမ်နဲ့အဲ့ဒါဆို သူ့ကိုသတ်နိုင်ပြီ “

“ အားအပြည့်နဲ့ အတူတူတိုက်ကြစို့ “

“ အမျိုးမျိုးသော စစ်သည်တော်စွမ်းအင်များ မှော်စွမ်းအင်များ လေထဲတွင်ပျံ့နှံ့သွား၏။ အ‌စောပိုင်းအလန့်တကြားဖြစ်မှုပြီးနောက် လအဆင့်လက်ရွေးစင်များမှာ ပြန်လည်၍ တည်ငြိမ်လာကြသည်။ လူအင်အားလည်း အသာရနေကြ၍ဖြစ်သည်။

သူတို့အားလုံးက လအဆင့်လက်ရွေးစင်များဖြစ်ကြသည်။ စိတ်ဓာတ်နှင့် စည်းကမ်းပိုင်းတွင် လစ်ဟင်းမှုရှိကြသော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံရှိသော လက်ရွေးစင်များဖြစ်ကြ၏။

လူစုအတွင်းရှိ မှော်ဆရာများက စတင်၍ မှော်အစွမ်းများထုတ်၍ တိုက်ခိုက်လာကြသည်။ လေထုတဲသို့ မှော်အစွမ်းများ ပြန့်သွားပြီးနောက် လေထုမှာ လေးလံ၍ ထူထဲလာသည်။ မှော်ဆရာများက နွံမှော်ဂါထာ၊ စေးကပ်ခြင်းမှော်ဂါထာ အလေးချိန်တိုးစေခြင်းမှော်ဂါထာနှင့် အထူးအကျဉ်းချခြင်းမှော်ဂါထာတို့ကို တွဲစပ်သုံးလိုက်၍ဖြစ်သည်။

မှော်အစွမ်းများစွာက မုန်တိုင်းအတွင်းမှ မိုးစက်များသဖွယ် ပတ်ပတ်လည်၌ လျှပ်စီးတန်းသဖွယ်ပြေးနေသော ပုံရိပ်ထံတိုးဝင်သွားသည်။ ထို့ကြောင့်ပုံရိပ်၏ အမြန်နှုန်းမှာ နွံထဲမှ ခရုတစ်ကောင်သဖွယ်နှေးကွေးသွားသည်။

“ ဟားဟားဟား ငါတို့ ဒီကောင်ကို အတူတူ တိုက်ပြီးဖျက်ဆီးလိုက်ကြရအောင် “

စစ်သည်တော်များက သူတို့၏ အဆုံးစွန်းသောတိုက်ခိုက်မှုကို ရက်စက်မှုအပြည့်ဖြင့် ထုတ်ဖော်လိုက်ကြသည်။ ထိုတိုက်ခိုက်မှုများက နေရာအပြည့်တိုက်ကွက်များဖြစ်ရာ ပစ်မှတ်တစ်ခုထဲဦးတည်၍တိုက်စရာမလိုပေ။

“ အုန်း အုန်း အုန်း အုန်း “

တိုက်ခိုက်မှုများက ရောင်စုံစစ်သည်တော် စွမ်းအင်အမျိုးမျိုးအဖြစ် နေရာအနှံ့ထိမှန်သွားပြီး ပေါက်ကွဲမှုမျိုးစုံထွက်ပေါ်လာသည်။ ကြမ်းတမ်းရက်စက်သော စွမ်းအားများက နေရာလပ်ကိုပင်တုန်ခါသွားစေပြီး မီတာရာဂဏန်းအကျယ်တစ်ခုလုံး စွမ်းအင်များပြည့်နှက်သွားသည်။

“ အောင်မြင်သွားပြီ “

“ ဒီလိုအစွမ်းအဆင့်မျိုးနဲ့ဆိုရင် ချမ်းဘော့ဒ်သားသေလောက်ပါပြီ “

သူတို့၏ တိုက်ခိုက်မှုများအောင်မြင်သည်ကို မြင်တော့လအဆင့်လက်ရွေးစင်များ အောင်ပွဲခံလိုက်ကြသည်။

“ ရန်သူတွေက ဒီလောက်အစွမ်းမထက်ပါဘူး သူတို့က သတ်လို့မရတဲ့ မွန်းစတားတွေမဟုတ်ဘူး ခုဆိုချမ်းဘောဒ့်သားလေးယောက်ပဲကျန်တော့တယ် အရေအတွက်ပိုင်းအရဆို အတော်လေးအားနည်းနေပြီ “ လအဆင့်လက်ရွေးစင်များထိုသို့တွေးလိုက်ပြီးနောက် ကိုယ့်ဘာသာကိုယ်စိတ်အေးသွားကြသည်။

ထိုကဲ့သို့ ယုံကြည်ချက်မိုးထိုးသွားပြီးနောက် လအဆင့်လက်ရွေးစင်များမှာ ချမ်းဘောဒ့်သားများကို သတ်ဖြတ်လိုစိတ်အပြည့်နှင့်ကြည့်လာကြသည်။

“ ဟားဟားဟား ချမ်းဘော့ဒ်သားတွေက သာမန်ပါဘဲ လာကျန်တဲ့လူတွေကိုသတ်ရအောင် ငါတို့ကို မစ္စတာဒီအလက်ဇန္ဒရိုက ရက်ရက်ရောရော ဆုချလိမ့်မယ် “ လအဆင့်လက်ရွေးစင်အချိ့စတင်၍ ဘဝင်မြင့်လာကြပြီး ကောက်ကျစ်စွာပြုံးလိုက်ကြသည်။

ကျန်အသက်ရှင်သူသုံးဦးနှင့်အတူရပ်နေသော အညိုရောင်ဆံပင်တိုတိုနှင့်ဘုန်းတော်ကြီးက အားလုံးကို သနားဟန်ဖြင့်ကြည့်နေသည်။ သူက ကောင်းကင်၌ ရပ်နေရင်း လအဆင့်လက်ရွေးစင်များကို ဉာဏ်ရည်မပြည့်မှီ သူများသဖွယ် သဘောထားကြည့်နေခြင်းဖြစ်သည်။

မကြာခင်မှာပင် အပြောင်းအလဲစတင်ဖြစ်လာသည်။ လူအုပ်အတွင်း၌ မိမိကိုယ်ကို ဝင့်ကြွားနေသော လက်ရွေးစင်များ၏ အသံများတိတ်ကျသွားသည်။ အနက်ရောင်အရိပ်တစ်ခု၏ ဖြတ်ကျော်မှုကိုခံလိုက်ရပြီးနောက် သူတို့၏ လည်မျို၌အေးစက်စက် ခံစားချက်တစ်ခုကိုရလိုက်ကြသည်။ ထို့နောက် သူတို့၏ ကိုယ်တွင်းရှိစွမ်းအင်များမှာ ရေဘားဖွင့်လိုက်သော ရေပိုက်ခေါင်းကဲ့သို့ စွမ်းအင်များ အတားအဆီးမရှိထွက်သွားသည်။

အတူတကွတိုက်ခိုက်ခြင်း ၂

အောက်ကိုငုံ့ကြည့်တော့ သူတို့၏ လည်မျိုးမှ သွေးများစီးကျလာပြီး အသက်စွမ်းအင်က ခန္တာကိုယ်မှ စီးထွက်သွားသည်ကို ခံစားလိုက်ကြသည်။ ထို့နောက်တွင်တော့ အသိစိတ်ပျောက်ကွယ်သွားပြီး အလောင်းအဖြစ်မြေပေါ်သို့ကျဆင်းသွား၏။

“ သူ မသေသေးဘူးလား “

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

“ သူကမသေနိုင်တဲ့ မွန်းစတားလား “

လူအုပ်ကြီးထဲတွင် လူများ သဲထိတ်ရင်ဖို ဖြစ်သွားကြပြီး အကြောက်တရားများ ဖုံးလွှမ်းခံလိုက်ကြရသည်။

“ ဟားဟားဟား မင်းတို့က ဘာမှနားမလည်တဲ့မောက်မာတဲ့လူပြက်တွေဘဲ ဘယ်လိုလုပ်ပြီး ငါ့ အရှင်ရဲ့နယ်မြေထဲဝင်လာရဲတာလဲ ချမ်းဘောဒ့်ကိုကျူးကျော်ရဲတာလဲ မင်းတိုလို မောက်မာ အသိဉာနည်းပြီး အရှက်မရှိတဲ့လူတွေကို ငါ့ရဲ့ ငရဲအထိအတွေ့ ဓားက ရှင်သန်ခွှင့်ပေးနိုင်မှာမဟုတ်ဘူး “

ထိုအသံထွက်ပေါ်လာပြီးနောက် အနက်ရောင်ပုံရိပ်က လျှပ်စီးတန်းအလားထပ်မံ၍ ရွေ့လျားသွားပြန်သည်။ ထို့နောက် နေရာအနှံ့သွေးများဖြာကျသွားပြန်သည်။

ကောင်းကင်ထက်ရှိ လအဆင့်လက်ရွေးစင်များ မုန်တိုင်းတွင်းမှကောက်ရိုးစလေးများလို့ အလန့်တကြားရှောင်တိမ်းနေကြသည်။ သူတို့က ထိပ်လန့်လွန်း၍ ကိုယ်တွင်းမှ ဝိညာဉ်လွင့်ထွက်သွားတော့မည့်အလားခံစားနေကြသည်။

ချမ်းဘောဒ့်မှလုပ်ကြံသတ်ဖြတ်သူ၏ ခွန်အားမှမလွှမ်းမိုးနိုင်သော်လည်း သူက အလွန်မြန်ပြီး သူ၏ကိုယ်ယောင်ဖျောက်နိုင်စွမ်းကလည်းမြင့်မားလှသည်။ သူကို ထောက်လှမ်းခြင်း ထိအောင်လုပ်ခြင်းတို့ကို မအောင်မြင်နိုင်ရာ အခြေအနေက ပိုမိုခက်ခဲနေသည်။

“ အုန်း အုန်း အုန်း “

တချိန်ထဲမှာပင်ကောင်းကင်ယံရှိ နေအဆင့်အရှင်သခင်နှစ်ဦး၏ တိုက်ပွဲကလည်းပိုမို၍ ပြင်းထန်လာသည်။ သူတို့၏ တိုက်ပွဲက ဝေးကွားသောနေရာတွင်ဖြစ်နေသော်လည်း လက်ကျန်စွမ်းအင်များ၏ ရိုက်ခက်မှုက ဤနေရာထိ တုန်လှုပ်စေသည်။ မည်သူက အသာရနေသည်ကို မပြောနိုင်ပေ။

“ မင်းတို့နှစ်ယောက်ရပ်ကြည့်မနေနဲ့တော့ ငါတို့ တိုက်ပွဲကိုဖြစ်နိုင်သမျှ အပြတ်ဖြတ်ရမယ် အတူတိုက်ကြရအောင် မစ္စတာဘရွတ်ဆီက အမိန့်လာတယ် ငါတို့ စိန့်ပီတာဘတ်ကို အမြန်သွားရမယ် “

အင်ဇာဂီက သူ့အဖော်နှစ်ယောက်ကိုမကျေနပ်သည့်အလားပြောသည်။

ခပ်လှမ်းလှမ်း တွင် ခနမျှ တိတ်ဆိတ်နေသော ဒရက်ဆလာက သူ့၏ စိတ်ညာဉ်စွမ်းအင်နည်းစနစ်ကို ထပ်မှန်သုံးလိုက်ရာ ရန်သူများ၏ မျက်နှာတွင်နာကျင်ဟန်အမူအရာများထွက်လာပြန်သည်။ အင်ဇာဂီ ထိုအချိန်တွင် ရန်သူများ၏ အနားသို့ လျှပ်စီးတန်းလိုပြေးဝင်သွားပြီး အသက်များကိုနှုတ်ယူတော့သည်။

အင်ဇာဂီနှင့် ဒရက်ဆလာတို့ပူးပေါင်းတိုက်ခိုက်မှုက ပြီးပြည့်စုံလှသည်။

“ အား ငါထိတွေ့တော့မယ့်သွေးတွေအတွက်ဘုရားသခင်ခွှင့်တော်မူပါ ဂျက်ဆီးက ပြီးပြည့်စုံမှုအတွက်သတ်တာ လူသတ်တာမဟုတ်ဘူး မိစ္ဆာရှင်းတာ “ ဘုန်းတော်ကြီးက သနားဂရုဏာအပြည့်ဖြင့်ပြောနေသော်လည်း သူ့လက်ကမူ ရက်စက်စွာ ခုတ်ပိုင်းနေသည်။

ဘုန်းတော်ကြီး ဂျက်ဆီး၏ နောက်ကျောမှာ မြင့်မြတ်စွမ်းအင်များထွက်ပေါ်လာပြီး ငွေရောင်တောင်ပံနှစ်ခုထွက်ပေါ်လာသည်။ ထိုတောင်ပံများက ထက်ရှလှပြီး မီတာတစ်ရာခန့်ကြီးမားကျယ်ပြန့်ကာ ကိုယ်ပိုင်အသက်ရှိသည့်ပုံပေါ်နေသည်။ ထိုတောင်ပံများနှင့်အတူ ဂျက်ဆီးမှာ မြင့်မြတ်သော အိန်ဂျယ်တစ်ပါးအလား ခန့်ညားထည်ဝါနေသည်။

“ ကောင်းချီးတောင်ပံများ “ ထိုအရာများက ဂျက်ဆီး၏ အဆုံးစွန်းသောတိုက်ကွက်ဖြစ်သည်။

ထို့နောက် ချောမောသောဘုန်းတော်ကြီး ဂျက်ဆီးက ဟိန်းဟောက်လိုက်ပြီး သူ့တောင်ပံမှ ငှက်မွှေးများ ကျွတ်ကျလာသည်။ ထို့နောက် ထိုအရာများက ဓားပျံများအလား ကောင်းကင်ယံရှိ လအဆင့်လက်ရွေးစင်များထံတိုးဝင်သွားသည်။

“ အားးးးးး “

“ ကယ်ကြပါဦး “

“ ငါအရှုံးပေးပါပြီ ငါ့ကိုမသတ်ပါနဲံ “

ကောင်းကင်မှ သွေးမိုးများကျဆင်းလာပြီး အော်သံများ တောင်းပန်သံများနှင့်ဆူညံသွားသည်။

ဂျက်ဆီးက လတစ်ပိုင်းအဆင့်သို့ရောက်သည်က ကြာမြင့်နေပြီဖြစ်ကာ အလွန်အစွမ်းထက်သည်။ နေအဆင့်အရှင်သခင်များနှင့် ချမ်းဘောဒ့်၏ နံပါတ်တစ်ပုဂ္ဂိုလ် ရွှေသူတော်စင် လမ်းပတ်တို့မှလွဲလျှင်အစွမ်းထက်ဆုံးချမ်းဘောဒ့်သားဖြစ်သည်။

ရလာဒ်ကတော့ လုံးဝတစ်ဖက်သတ်ပင်ဖြစ်သည်။

end

All Chapters