← Chapters

အထက်ခွင့်ပြုချက် ပါလား

Vol. 169 Ch. 2406

အထက်ခွင့်ပြုချက် ပါလား

Vol. 169 Ch. 2406

“ ဟယ်လို … ဘာများ ကူညီပေးရမလဲ ….”

လင်းရီ ဝင်လာသည်ကိုမြင်တော့ တာဝန်ကျ အရာရှိတစ်ဦးက မေးမြန်းလိုက်သည်။

“ ဟယ်လို ရဲဘော် … ကျုပ်က ရှင်းရှန်းဗျူရိုရုံးခွဲကပါ … ဒီကို အမှုတစ်ခုအကြောင်း လာစုံစမ်းတာပါ ….”

လင်းရီသည်လည်း ရဲအရာရှိတစ်ဦး ဖြစ်နေကြောင်း သိလိုက်ရတော့ တာဝန်ကျ အရာရှိက မတ်တပ်ရပ်လိုက်ပြီး သူ့ အမူအရာက ပို၍ သက်တောင့်သက်သာ ဖြစ်လာသည်။

“ ဘာအမှုလဲ … အပြန်အလှန်ပူးပေါင်း စုံစမ်းတဲ့ အမှုလား ….”

“ အခုထိတော့ အတည်မပြုရသေးဘူး … ကျုပ်တို့ဆီမှာလည်း ဒီက အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့ အမှု တစ်ခုရှိနေတာကြောင့်မလို့ လာပြီး စစ်ဆေးကြည့်တာ ….”

“ ကောင်းပြီ … ငါ မင်းကို ရာဇဝတ်မှု စုံစမ်းရေး ဌာနဆီ ခေါ်သွားပေးမယ် … အသေးစိတ်ကိုတော့ သူတို့ဆီမှာပဲ မေးကြည့်လိုက်တော့ ….”

“ အိုကေ … ကျေးဇူးပါ ….”

တာဝန်ကျ ရဲအရာရှိ၏ ဦးဆောင်မှုအောက်တွင် လင်းရီသည် ဒုတိယထပ်ရှိ ရာဇဝတ်မှု စုံစမ်းရေး ဌာနသို့ ရောက်ရှိလာခဲ့သည်။

အထဲသို့ မဝင်မီ ၊ လင်းရီ အတွင်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ လူငါးယောက်က စုဝေးထိုင်ပြီး ဆေးလိပ်ငွေ့တို့က အခန်းထဲ ပြည့်နှက်နေသည်။ အကုန်လုံးက ဆေးလိပ်သမားများ ဖြစ်ကြ၏။

လုပ်ဖော်ကိုင်ဖက်တစ်ဦးက လူစိမ်းတစ်ယောက်ကို အထဲခေါ်လာတာမြင်တော့ လူငါးဦးလုံးက စကားပြောနေသည်ကို ရပ်တန့်သွားခဲ့ကြသည်။

“ ဘာကိစ္စလဲ …”

ပြောလိုက်သူက စားပွဲနောက်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ရှိနေသည့် လူများအနက် အသက်အကြီးဆုံးလည်း ဖြစ်၏။

ယခုလို အခြေအနေမျိုးတွင် များသောအားဖြင့် စကားအရင်ပြောလာသူက ခေါင်းဆောင်ပင်။

“ ကပ္ပတိန်လျို … ရှင်းရှန်းရဲစခန်းက ဒီရဲ့ ရဲဘော်က ဝမ်ကျန့်ရှုအမှုကို စစ်ဆေးကြည့်ချင်လို့ပါတဲ့ … ဒါကြောင့်မို့ ကျုပ် ဒီကို ခေါ်လာပေးတာပါ …” တာဝန်ကျ ရဲအရာရှိက လင်းရီကို မိတ်ဆက်ပေးလိုက်သည်။

“ ရဲဘော် … ဒါကတော့ ငါတို့ရဲ့ ခေါင်းဆောင် ၊ လျိုဝန်ကျဲ …”

“ ဟယ်လို … ကျုပ်နာမည် လင်းရီပါ ….”

လျိုဝန်ကျဲက သာမန်လျှံကာ ခေါင်းညိတ်လိုက်ပြီး “ မင်းက ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ အမှုကို စုံစမ်းချင်တယ်ပေါ့ …”

“ ဟုတ်တယ် … ဝမ်ကျန့်ရှုရဲ့ အမှု …”

“ ဝမ်ကျန့်ရှုက ကိုယ့်ဘာကိုယ် သတ်သေသွားခဲ့တာ … အမှုကိုလည်း ပိတ်သိမ်းလိုက်ပြီ …" လျိုဝန်ကျဲက သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ အခုချိန်လောက်ဆို အလောင်းတောင် သင်္ဂြိုလ်ပြီးနေလောက်ပြီကို မင်းက ဘာတွေ စစ်ဆေးချင်နေသေးတာ …”

“ ကျုပ်စိတ်ထဲ သံသယ ဖြစ်ဖို့ ကောင်းနေလို့ပါ … အမှုက သတ်သေတာ မဖြစ်နိုင်ဘူး … ရည်ရွယ်ချက်ရှိရှိ အသတ်ခံရတာ ဖြစ်နိုင်တယ် …”

သူ ထိုစကားလုံး ပြောလိုက်သည်နှင့် ကျန်လေးဦးလုံးက လျိုဝန်ကျဲကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ရှုလာခဲ့ကြသည်။

လျိုဝန်ကျဲ၏ အမူအရာသည်လည်း အတော်လေး နက်မှောင်သွားခဲ့ပြီး လင်းရီကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ မင်း ပြောချင်တဲ့သဘောက …. ငါတို့က အမှုကို ကိုင်တွယ်တဲ့နေရာမှာ ပြဿနာ ရှိတယ်ထင်ပြီး မင်းကိုယ်တိုင် စုံစမ်းစစ်ဆေးချင်တယ်ပေါ့ ဟုတ်လား … ဒါမှမဟုတ် … မင်းက မင်းကိုယ်မင်း ငါတို့ ဒီမှာရှိနေတဲ့လူတိုင်းထက် သာနေတယ်လို့ ထင်နေတာလား ….”

“ ကပ္ပတိန်လျို … ခင်များ အထင်လွဲနေပါပြီ … ကျုပ်က အဲ့သဘောမျိုး ဆိုလိုချင်တာ မဟုတ်ပါဘူး … ဒီတိုင်း အမှုဖိုင်တွဲကို တစ်ချက်ကြည့်ချင်ရုံလေးတင်ပါပဲ …”

လျိုဝန်ကျဲသည် လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်ပြီး “ သေသွားတဲ့လူရဲ့ မိသားစုက မင်းကို လာဘ်ထိုးထားလို့ မဟုတ်လား …”

“ ဟမ် … ဘာကို လာဘ်ထိုးရမှာ … “

“ အခင်းဖြစ်ပြီးတော့ နစ်နာသူရဲ့ မိသားစုက ငါတို့ကို တစ်ယောက်ယောက်က ဝမ်ကျန့်ရှုကို ထိခိုက်စေခဲ့တာဆိုပြီး အမှုပြန်ဖွင့်စေချင်နေကြတာ …. ဒါပေမယ့် ပြဿနာက သူ ရေချိုးဇလုံထဲ ရေချိုးနေတဲ့အချိန် ဆံပင်လေမှုတ်စက် ပြုတ်ကျသွားခဲ့တာကြောင့်ပဲ … အဲ့မှာ ဓာတ်လိုက်ပြီး သေသွားခဲ့တယ် … ဒါကို မိသားစုဝင်တွေက နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုတွေ ရှိတယ်ဆိုပြီး စွတ်အော်နေကြတာ …”

လျိုဝန်ကျဲသည် လင်းရီကို စိုက်ကြည့်လိုက်ပြီး သူ၏ အားကောင်းလှသည့် အရှိန်အဝါများဖြင့် လင်းရီကို ခြိမ်းခြောက်ဖို့ ကြိုးစားနေသည်။

“ ဆိုတော့ နစ်နာသူရဲ့ မိသားစုက မင်းဆီရောက်လာခဲ့ပြီး မင်းရဲ့ လုပ်ပိုင်ခွင့်အောက်မှာ အမှုကို ဆက်ပြီး စုံစမ်းပေးဖို့ တောင်းဆိုလာတယ် … မင်း အဲ့ဒါကြောင့် ငါ့ဆီ ရောက်လာခဲ့တာ မဟုတ်လား ….”

“ ဒီကိစ္စက နစ်နာသူရဲ့ မိသားစုနဲ့ မဆိုင်ပါဘူး … ကျုပ် ကိုယ့်သဘောနဲ့ကိုယ် လာခဲ့တာပါ …”

“ ကောင်းပြီလေ … ငါမင်းကို အခက်တွေ့အောင် လုပ်မနေတော့ဘူး … မင်းမှာ အထက်ရဲ့ ခွင့်ပြုမိန့် ပါလား ….”

လျိုဝန်ကျဲသည် ထိုင်ခုံနောက်ကျောသို့ မှီလိုက်ပြီး “ တကယ်လို့ အထက်က အမှုကို ပြန်စုံစမ်းဖို့ ပြောလာတယ်ဆိုရင် ငါ့ဘက်က ပူးပေါင်းပေးဖို့ အဆင်သင့်ပဲ … အေး … မပါဘူးဆိုရင်တော့ … မင်းရဲ့ ရည်ရွယ်ချက်တွေက မေးခွန်းထုတ်ချင်စရာပဲ …”

“ ဆိုတော့ ပြောရရင် … ခင်များက အမှုဖိုင်တွဲကို ကျုပ်ဆီ မပေးချင်ဘူးဆိုတဲ့ သဘောပေါ့ …”

“ ငါ အဲ့လို မပြောမိပါဘူး …. အားလုံးက လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဖို့ လိုတယ် … တကယ်လို့ မင်းမှာ တရားဝင် ခွင့်ပြုမိန့် ပါတယ်ဆိုရင် ငါ့ဘက်ကလည်း ပြဿနာ မရှိဘူး … မပါဘူးဆိုရင်တော့ ဆောရီးပဲ … ဒါတွေက လျှို့ဝှက်သိမ်းဆည်းထားရတဲ့ ဖိုင်တွေ …. မင်းရဲ့ အဆင့်က အဲ့တာတွေ ကြည့်ဖို့ မလုံလောက်သေးဘူး ….”

လျိုဝန်ကျဲက လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး “ တခြားမရှိတော့ဘူးဆို လစ်လိုက်တော့…. ဒီလာပြီး ဇယားလာရှုပ်မနေနဲ့ …”

လင်းရီ ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ဘာမျှ ပြန်မပြောဘဲ နေရာမှ လှည့်ထွက်လာခဲ့လိုက်၏။

“ ဟက် …”

လူငယ်တစ်ဦးက နှာမှုတ်လိုက်ပြီး “ အတော် ခေါင်းမာတဲ့ စောက်ကလေး. .. ဒီလာပြီး ကြီးကြီးကျယ်ကျယ်နဲ့ အမှုဖိုင် ထုတ်ပေးဆိုပဲ … သူ့ကိုယ်သူ ဘာကောင်များ ထင်နေလဲ မသိဘူး … သူတို့ ခေါင်းဆောင်ကိုယ်တိုင် ရောက်လာရင်တောင် အဲ့လိုမျိုး မျက်နှာသာပေးခံရမှာ မဟုတ်ဘူး ….”

“ ကဲပါ … အဲ့ကောင်ကို မေ့ထားလိုက် … “ လျိုဝန်ကျဲက အမှုမထားသည့်နှယ် ဆိုလိုက်ပြီး “ သူလည်း အဲ့လိုလုပ်ဖို့ ပိုက်ဆံရထားလို့ နေမှာပေါ့ … အဲ့ဒီ လူချမ်းသာတွေကလည်း တော်တော် ပိန်းတဲ့ကောင်တွေ … ဘာမှမသိတဲ့ ငနဲတစ်ကောင်ကိုမှ ပိုက်ဆံသွားပေးနေရတယ်လို့ …. ဘယ်လိုတွေ စဉ်းစားနေမှန်း ငါ နားကို မလည်တော့ဘူး ….”

“ သေခါနီး လူနာတစ်ယောက်က ဘယ်ဆရာဝန်နဲ့ပြရပြရပဲလေကွာ ဟားဟား ….”

လျိုဝန်ကျဲက သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး နောက်စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “ သူ့အကြောင်းပြောတာ တော်ပြီ … ငါတို့ စောနက ပြောနေတာ ဘယ်နားရောက်သွားပြီလဲ … စကားပြန်ဆက်ကြစို့ …”

“ ကားထဲမှာ အလောင်းရှိနေတယ်ဆိုတဲ့ တစ်ပတ်ရစ်ကား အမှုအကြောင်းလေ ….”

“ ဟုတ်တယ် ဟုတ်တယ် … အဲ့တစ်ခုပဲ …. စောနက နေရာကနေ ဆက်ပြောကြစို့ ….”

လျိုဝန်ကျဲက သူ၏ ကိုယ်နေဟန်ထားကို တစ်မျိုး ပြန်ပြောင်းလိုက်ပြီး စကားဆက်ပြောသည်။

သို့သော် မိနစ်အနည်းငယ်ကြာပြီးနောက် အမျိုးသမီး အရာရှိတစ်ဦးက တံခါးဝရှေ့သို့ ရောက်လာခဲ့ပြီး

“ ကပ္ပတိန်လျို … ခေါင်းဆောင်က ရှင့်ကို ရုံးခန်းလာခဲ့ပါဦးတဲ့ ….”

“ ဒါရိုက်တာမာက ငါ့ကို ခေါ်နေတာလား ….” လျိုဝန်ကျဲ အေးခဲသွားခဲ့ပြီး “ ဘာကိစ္စလဲ ပြောလိုက်သေးလား ….”

“ သူ မပြောလိုက်ဘူး … ရှင့်ကို လွှတ်လိုက်ဖို့ပဲ ပြောလာတာ ….”

“ ကောင်းပြီ … ငါ အခုပဲ သူ့ဆီ သွားလိုက်မယ် ….”

အမျိုးသမီးအရာရှိ ထွက်ခွာသွားခဲ့ပြီးနောက် လျိုဝန်ကျဲ တီးတိုးရေရွတ်လိုက်၏။ “ ဒါရိုက်တာမာ ငါနဲ့ ရုတ်တရက် တွေ့ချင်နေတာ ဘာကိစ္စကြောင့်နဲ့များ ဖြစ်မလဲ ….”

“ ကျွန်တော် မှတ်မိပြီ … ဒါရိုက်တာကျိုးက သိပ်မကြာခင်တုန်းကပဲ အနားယူသွားခဲ့တာလေ … အခု သူ့ရာထူးနေရာက လွတ်နေတယ် … ကပ္ပတိန်ကို ရာထူးတိုးပေးမယ့် အကြောင်းလား မသိဘူး ….”

လျိုဝန်ကျဲ၏ မျက်လုံးတို့ လက်ခနဲ ဖြစ်သွားခဲ့ပြီး ၀မ်းသာအားရ ဖြစ်သွားခဲ့၏။ စဉ်းစားကြည့်လိုက်တော့ အတော်လေး ဖြစ်နိုင်ချေများ၏။ သို့သော်လည်းပဲ လူဆိုတာ ကိုယ့်ကိုယ်ကို နှိမ့်ချရမည်မလား။

“ မဖြစ်နိုင်လောက်ပါဘူးကွာ … ငါ့သက်တမ်းအတွေ့အကြုံက မလုံလောက်သေးပါဘူး ….”

“ သက်တမ်း အတွေ့အကြုံတွေ ဘေးချိတ်ထားလိုက်စမ်းပါ … ဒီနေ့ခေတ်ကြီးမှာ အရည်အချင်းက အဓိကပဲ … ကပ္ပတိန်လျိုရဲ့ အရည်အချင်းနဲ့သာဆိုရင် ဒါရိုက်တာရာထူးတိုးသွားတာက လုံးဝ သာမန်ပဲ ….”

“ ဟုတ်တယ် ဟုတ်တယ် … အမြန်သွားကြည့်လိုက်လေ … ဒါရိုက်တာမာ စောင့်နေရဦးမယ် ….”

“ အိုကေ … ငါအခု သွားတော့မယ် … တကယ်ပဲ အဲ့ကိစ္စ ဖြစ်နေမယ်ဆိုရင်တော့ မင်းတို့ကောင်တွေ အဝသောက်ဖို့သာ ပြင်ထားလိုက်တော့ကွာ ….”

“ ဟားဟား … ဒါဆိုလည်း ကျုပ်တို့တွေ ကပ္ပတိန်လျိုဆီက သတင်းကောင်းကို စောင့်နေပါ့မယ် ….”

လျိုဝန်ကျဲသည် သူ၏ အင်္ကျီအဝတ်အစားကို သေချာ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်ပြီး တတိယထပ်သို့ ပျော်ရွှင်မြူးတူးစွာဖြင့် ထွက်လာခဲ့၏။

ဒေါက် ဒေါက် ဒေါက် …

“ ဝင်ခဲ့ ….”

လျိုဝန်ကျဲ တံခါးခေါက်လိုက်သောအခါ အထဲမှ ခွင့်ပြုသံ ထွက်လာသည်။ သူ တံခါးကို တွန်းဖွင့်လိုက်သည်။ လျိုဝန်ကျဲ မျက်နှာရှိ အပြုံးသည်လည်း ရုတ်ချည်း အေးခဲသွားခဲ့တော့၏။

အတွင်းရှိ ဆိုဖာပေါ်တွင် လူနှစ်ဦးက လက်ဖက်ရည်သောက်နေကြလျက် ရှိ၏။

တစ်ဦးက သူတို့ ထိပ်ပိုင်း ခေါင်းဆောင် မာကျိန်းရှန်း ဖြစ်ပြီး ကျန်တစ်ဦးကတော့ အစောပိုင်းတုန်းက အရာရှိငယ်လေး … လင်းရီပင်။

လင်းရီကို မြင်လိုက်ရတော့ လျိုဝန်ကျဲ၏ ရင်ဘက်ထဲ ဒေါသလှိုင်းတို့ ပွထလာခဲ့ရသည်။ ထိုကောင်က အထက်လူကြီးအထိ သွားတိုင်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

သို့သော် မကြာမီမှာပဲ တစ်ခုခု မူမမှန်သည်ကို သတိပြုမိသွားခဲ့သည်။

ရာထူးဝါစဉ်အရဆိုလျှင် … ဤနှစ်ယောက်က ယခုလို အတူထိုင်ပြီး လက်ဖက်ရည် သောက်မနေသင့်ပေ။

မျက်စိရှေ့ရှိ ထူးဆန်းသည့် မြက်ကွင်းက မင်သက်အံ့ဩဖွယ် ကောင်းလွန်းလှပေသည်။

“ လျိုဝန်ကျဲ …. မင်း ဘာတွေ ဖြစ်နေတာတုန်းကွ … တစ်ယောက်ယောက်က အမှုစုံစမ်းဖို့လာရင် မင်းဘက်က ပူးပေါင်းပေးရမှာ … လူကို မောင်းထုတ်ရမှာ မဟုတ်ဘူး …. မင်း ရဲအရာရှိ ဆက်လုပ်ချင်သေးလား … မလုပ်ချင်ဘူးဆိုလည်း ထွက်သွား ….”

လျိုဝန်ကျဲမှာ ခေါင်းမဖော်နိုင်လောက်အောင် ဆူခံနေရပြီး မျက်လုံးထောင့်ကပ်၍ လင်းရီကို တစ်ချက် ကြည့်လိုက်၏။

ဟူး ….

လင်းရီကတော့ ရေနွေးကြမ်းခွက်ကို သက်တောင့်သက်သာ မှုတ်ရင်း တစ်ကျိုက်မော့သောက်လိုက်သည်။

လျိုဝန်ကျဲ စတင် ထိတ်လန့်လာခဲ့ပြီး စိတ်ထဲ၌ ကျယ်လောင်စွာ အော်ဟစ်မေးမြန်းနေမိ၏။

ဒီကောင် … သူ့မှာ တကယ်ပဲ အင်အားကြီးတဲ့ နောက်ခံ တစ်ခုခု ရှိနေတာများလား …

All Chapters