← Chapters

အင်ပါယာဌာနချုပ်၌အငြင်းအခုံ

Vol. 69 Ch. 1025

အင်ပါယာဌာနချုပ်၌အငြင်းအခုံ

Vol. 69 Ch. 1025

ထို့ပြင် ဂျက်ဆီးက ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူက မြင့်မြတ်သောဘုရားကျောင်းကို ကိုယ်စားပြုပြီး ထိုအရာက မည်သူမျှမထိပါးရဲသော အရာဖြစ်သည်။

လအဆင့်အရှင်သခင်အများစုက လွတ်လပ်သောဆရာသခင်များဖြစ်ကြသည်။ အဘယ်ကြောင့် ဘုန်းတော်ကြီးတစ်ီဥး ချမ်းဘော့ဒ်ပြည်ဘက်မှဝင်ပါသည်ကို မသိသော်လည်း မတိုက်ခဲရဲကြပေ။ သူတို့ ခုပင်မခုခံရဲကြပေ။

ကြောက်ရွံ့မှုကြောင့် ရဲစွမ်းသတ္တိများပျောက်ကုန်သည်။

ချမ်းဘော့ဒ်မှဆရာသခင်များ ပြန်လည်ခုခံသူအချို့ကို သတ်ဖြတ်ပြီးနောက် ဤအရှင်သခင်များ၏ ယာယီစုဖွဲ့မှုမှာပြိုလဲသွားသည်။

သူတို့က လမ်းဘေးခွေးများသဖွယ် ဦးတည်ရာအနှံ့ကြုံရာပြေးကြတော့သည်။ အတော်ကြည့်ရဆိုးသောမြင်ကွင်းဖြစ်သည်။ သူတို့သာ ဦးဆောင်သူတစ်ဦးနောက်လိုက်၍ စုပေါင်းတိုက်ခိုက်ပါက အရေအတွက်အရ အားသာမှုတစ်ချို့ ရဦးမည်ဖြစ်သည်။ ကံဆိုးသည်က ပထမ တစ်ယောက်ထပြေးသည်နှင့် စုစည်းမှုမရှိတော့ဘဲ အားလုံးထပြေးကြခြင်းဖြစ်သည်။

ယခုချိန်ထိ ရှင်သန်နိုင်ခဲ့သော လအဆင့်လက်ရွေးစင်များမှာ ဦးတည်ရာသို့ အမြီးတန်းအောင်ပင်ပြေးသွားကြသည်။

ဂျက်ဆီး၊ အင်ဇာဂီ နှင့် ဒရက်ဆလာတို့မှာ အသားစီးရနေကြသော်လည်း အကုန်လုံးကိုလိုက်လံ၍ မရှင်းလင်းနိုင်ကြပေ။ အရေအတွက်အရ သူတို့က သုံးယောက်ပဲရှိသဖြင်င့် အကုန်လုံးကို လိုက်မသတ်နိုင်ပေ။

“ ထားလိုက်တော့ ငါတို့ အကုန်လုံးလိုက်မသတ်နိုင်ဘူး “ အင်ဇာဂီက ရယ်မော၍ ပြောသည်။ “ ငါတို့ ဒီအရူး တွေကိုလွှတ်ပေးလိုက်တာ ကောင်းတယ် ဒါမှ ချမ်းဘောဒ့် ရဲ့ အင်းအားကို လူတွေ သိမှာ အဲ့ဒါဆို လာနှောက်ယှက်တဲ့ အရူး အရေအတွက်လည်းနည်းသွားတာပေါ့ ငါတို့ ဒီအရူးတွေကို ဂရုမစိုက်ပေမယ့် လာသမျှ လိုက်ရှင်းနေရရင် စိတ်ညစ်စရာကြီး “

ဒရက်ဆလာသည်လည်း ဆက်မလိုက်တော့ပဲ ရပ်တန့်လိုက်သည်။ သူသည်လည်း အင်ဇာဂီ၏ စကားကို လက်ခံကြောင်းထင်ရှားသည်။

ချောမောသော ဘုန်းတော်ကြီး ဂျက်ဆီးက ပြုံးလျက်ပြောသည်။ “ ဘုရားသခင် ငါ့အပြစ်တွေအတွက်ခွှင့်လွှတ်ပါစေ ငါတကယ်ပဲ သူတို့ကို မသတ်ချင်ဘူး “

အင်ဇာဂီနှင့် ဒရက်ဆလာတို့စွံ့အသွားကြသည်။ ဤဘုန်းတော်ကြီးက လူသတ်ရသည်ကိုမကြိုက်ဟုဆိုသော်လည် ယခုတိုက်ပွဲ၌ အများဆုံးသတ်ခဲ့သူဖြစ်သည်။ သို့တိုင်အောင် သူက ဤသို့ပြောနိုင်သေးသည်။

အချိန်အကြာကြီးအတူရှိပြီးနောက် အားလုံးး ဤဘုန်းတော်ကြီးလေးက နူးညံ့ပုံရသော်လည်း တိုက်ပွဲ၌ ငရဲ ဆန်သူဖြစ်သည်။ သူဆုံးဖြတ်ပြီးပါက နဂါးကိုးကောင်ပင်ပြန်ကန်၍ မဆွဲနိုင်ပေ။

ယခုတော့ ကောင်းးကင်ယံမှတိုက်ပွဲ၏ ပေါက်ကွဲသံများပိုပို ကျယ်လောင်လာသည်။ မျက်လုံးကို တင်းကြပ်စွာပိတ်ထားသော ဒရက်ဆလာက ကောင်းကင်ယံရှိ တိုက်ပွဲကို အာရုံ ခံပြီး တွေဝေစွာပြောသည်။ “ ငါတို့ အရှင်မ အယ်လီနာကို အတူတူ သွားကူကြမလား “

ဘုန်းတော်ကြီးဂျက်ဆီးလည်းထိုစကားကြောင့်မနေနိုင်ဘဲ ပြုံးမိသွားသည်။

အင်ဇာဂီလည်း ချမ်းဘောဒ့်သို့ ရောက်ရှိသည်မှာမကြာသေးသော သူ့အဖော်ကို ရှင်းပြရတော့သည်။ “ စိတ်မပူပါနဲ့ အန်ဂျီအင်ပါယာက အယ်လ်ဒါဘီဆိုတဲ့သူက နေအဆင့်ရောက်တာမကြာသေးဘူး သူ့အဆင့်ကလည်းမတည်ငြိမ်သေးဘူး နံနက်ခင်းနေအဆင့်မှာဘဲရှိသေးတာ မိဖုရားအယ်လင်နာက နံနက်ခင်းနေအဆင့်ရဲ့အထက် တောက်ပသောနေအဆင့်မှာရှိတာ ပြီးတော့သူမက တိုက်ခိုက်ရေးပါရမီရှင်တစ်ဦးပဲလေး ဘုရင်အလက်ဇန္ဒားအောက်ပဲအားနည်းတာ ချမ်းဘောဒ့်မှာ သူမက ဒုတိယ အသန်မာဆုံးပဲ “

ပြော၍ သိပ်မကြာမှီမှာပင် ကောင်းကင်မှကျဆင်းလာသည်။ ထို့နောက် အစိမ်းရောင်သစ်သားစွမ်းအင်နှင့် ရေမီးစွမ်းအင်တို့ တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်နေသော ပေါက်ကွဲမှုများပျောက်ကွယ်သွားသည်။

တောက်ပသော အနီရောင် အလင်းတန်းများထွက်ပေါ်လာပြီးနောက် လူငယ်သုံးယောက်၏ အမြင်များ ဝေဝါးသွားသည့်နှယ်ခံစားလိုက်ရသည်။ ထို့နောက် အနီရောင်ချပ်ဝတ်နှင့် အယ်လီနာမှာ သူတို့အရှေ့တွင်ပေါ်လာသည်။ သူအ၏ လက်တွင်တော့ သတိလစ်နေပြီး အသက်ငွေ့ငွေ့သာကျန်နေသည့် နေအဆင့် အရှင်သခင် အယ်လ်ဘီဒါကိုကိုင်ဆွဲထားသည်။

အယ်လီနာ၏ အစွမ်းက အင်ဇာဂီပြောသည်ထင်ပင်ပိုသေးသည်။ အယ်လ်ဘီဒါမှာ သူ့နေအဆင့်သဘာဝလွန်အစွမ်းကိုပင် မထုတ်ဖော်နိုင်ခဲ့ပေ။ အယ်လီနာအနေနှင့် အယ်လ်ဘီဒါကိုသာမသတ်လို၍အရှင်ဖမ်းချင်းမပြုလိုပါက ဆယ်ချက်အတွင်းအသေသတ်နိုင်စွမ်းရှိသည်။

အင်ပါယာစစ်ဌာနချုပ်အတွင်းမှအငြင်းအခုံ ၂

“ မစ္စတာ ဘရွတ်ဆီကအမိန့်လာတယ် ငါကချမ်းဘောဒ့်ကိုပြန်ကာကွယ်ရမယ် နင်တို့သုံးယောက်က ဒီသုံ့ပန်းကို ဖမ်းပြီး စိန့်ပီတာဘတ်ကိုသွားအရှင်မင်းကြီးဆီပို့ရမယ် “ အယ်လီနာက ပြောသည်။

“ အာ အရှင်မင်းကြီးက မြို့တော်စိန့်ပီတာဘတ်မှာလား “

“ အရှင်မင်းကြီး ပြန်ရောက်နေတာလား “

လူငယ်လေးသုံးယောက်လုံး အံ့ဩသွားကြသည်။

လက်တလော၌ ကောလဟာလအမျိုးမျိုးထွက်ပေါ်နေခြင်းသည်။ ချမ်းဘောဒ့်သားများမှာ ဖေး၏ အစွမ်းကိုယုံကြည်သော်လည်း စိုးရိမ်မှုတော့ ရှိကြဆဲဖြစ်သည်။ ယခုဖေး မြို့တော်တွင် လုံခြုံစွာရှိနေသည်ကိုကြားတော့ စိတ်သက်သာသွားကြသည်။ ယခုမတွေးရသေးသော်လည်း ဆန္ဒရှိပါက မြို့တော်သို့တယ်လီပို့သွားကာတွေ့နိုင်သည်မဟုတ်ပါလော။

စိန့်ပီတာဘတ်မြို့ အင်ပါယာစစ်ရုံးချုပ်

အင်ပါယာစစ်ရုံးချုပ်အဆောက်အဦးကြီးကာ နက်မှောင်ခန့်ညားလှသည်။ အဆောက်အဦးအရောင် ပုံစံအရှိန်အဝါက ဖြတ်သွားဖြတ်လာများကို ထိပ်လန့်ကြောက်ရွံ့စေနိုင်သည်။

ဤနေရာက ဇင်းနစ်တွင်အစွမ်းထက်ဆုံးနေရာဖြစ်ပြီး အလွှမ်းမိုးနိုင်ဆုံးနေရာလည်းဖြစ်သည်။ ဇင်းနစ်စစ်သည်တော်တစ်သန်းကျော်၏ လှုပ်ရှားမှု မှန်သမျှကို ဤနေရာမှ အမိန့်ပေးထိန်းချုပ်သည်။ ဤနေရာမှထုတ်လိုက်သောအမိန့်များက လူပေါင်းများစွာ၏ သေခြင်းရှင်ခြင်းကိုဆုံးဖြတ်နိုင်သည်။

တိုက်ကြီး၏ အမှတ်နှစ်သိုင်းသူတော်စင်တပည့် ဒီအလက်ဇန္ဒရိုက ဇင်းနစ်ကိုပေးသောရာဇသံပြည့်ရန် အချန်၂၄နာရီအလိုဖြစ်သည်။ စိန့်ပီတာဘတ်မြို့အတွင်းရှိလူများမှာ ထိပ်လန့်ကြောက်ရွံ့နေကြသည်။

ဂုဏ်သိက္ခာရောအင်အားပါ ခုခံ၍မရနိုင်အောင်သန်မာသူမျိုးနှင့် ကြုံချိန်တွင်တော့ ချမ်းဘောဒ့်၏ တော်ဝင်များမှာ မိမိတို့အကျိုးကိုသာ ရှေ့တန်းတင်ကြတော့သည်။ အင်ပါယာစစ်ဌာနချုပ်ရုံး၏ အရာရှိကြီးများလည်း ထူးမခြားနားပေ။

ယခုတော့ အဆောက်အဦးအလည်ရှိ အစည်းအဝေးခန်းတွင် ပြင်းထန်သောငြင်းခုံမှုများဖြစ်နေသည်။

ယခုအစည်းဝေး၏ အကြောင်းအရာက အင်ပါယာသိုင်းသူတော်စင် အလက်ဇန္ဒားနှင့်ပတ်သတ်၍ မည်သို့ ဆောင်ရွက်ရမည်ကိုဆုံးဖြတ်ရန်ဖြစ်သည်။ တစ်ဖက်တွင် အင်ပါယာရက်ဆင်ပြီးနောက်ထွက်ပေါ်လာသော စိန့်ပီတာဘတ်ကိုကယ်တင်ခဲ့သော လူငယ်ပါရမီရှင်ဖြစ်ပြီး တခြားတစ်ဖက်တွင်လည်း အစွမ်းထက်ပြီး ရက်စက်ကြမ်းတမ်းသည် တိုက်ကြီး၏ သိုင်းသူတော်စင်၏ တပည့်က ချမ်းဘောဒ့်ဘုရင်ကို သတ်ဖြတ်ချင်နေသည်။ ထို့ကြောင့်ဆုံးဖြတ်ရခက်နေကြသည်။

တချို့ကတော့ ဆုံးဖြတ်ရအတော်လေးလွယ်နေသည်။

“ ငါတို့ထဲက အများစုက ချမ်းဘောဒ့်ဘုရင်ကို လူသားမျိုးနွယ်ကိုဆန့်ကျင့်မှုသတ်မှတ်ဖို့သဘောတူပြီး အနည်းစုက တိတ်ဆိတ်နေတယ် ငါးယောက်ကပဲ ကန့်ကွယ်တယ် ဆိုတော့ ငါတို့ဆုံးဖြတ်ချက်ချလို့ရပြီ အနည်းဆုံးတော့ ဒီကိစ္စန့ပတ်သတ်ပြီး ဆုံးဖြတ်ချနိုင်ခဲ့ပြီ “ ဤသို့ပြောသူက အနီရောင်မုတ်ဆိတ်ရှိပြီး အဖိုးတန်အဝတ်အစားများဝတ်ဆင်ထားသည်ံ တော်ဝင်လူဝကြီးတစ်ဦးဖြစ်သည်။

ထိုလူက အဆင့်တစ် တော်မိသားစု အန်ဒရူးမိသားစု၏ ခေါင်းဆောင် အန်ဒရူးဆီးမက်ဖြစ်သည်။ သူက တောင်ပိုင်းရှိစစ်ရေးမြို့ဆယ်မြို့ကိုကြီးကြပ်ရပြီး ထိုဒေသကို အုပ်ချုပ်သူဖြစ်သည်။

အင်ပါယာဆယ်ခုမဟာမိတ်တပ်များက သန်မာသည့်အပြင် ဤအန်ဒရူးဆီးမက်လာဘ်စားမှုများကလည်း ထိုဒေသ၏ စစ်ရေးကိုအားပျော့သွားစေပြီး တောင်ပိုင်းဒေသ အင်ပါယာဆယ်ခု မဟာမိတ်များလက်အောက်သို့ကျရောက်သွားသည်ံအကြောင်းဖြစ်သည်။

သို့သော်လည်း အန်ဒရူးမိသားစုက နိုင်ငံရေးတွင်နက်နဲစွာခြေကုပ်ထားနိုင်ရာ အင်ပါယာမြို့သို့ ပြန်ပြေးနိုင်ခဲ့ပြီးနောက် တော်ဝင်မိသားစု၏ စစ်ဆေးမှုကိုခံရသော်လည်း သူ့တော်ဝင်ဘွဲ့ကို ဆက်ထိန်းထားနိုင်သေးသလို အင်ပါယာစစ်ရုံးချုပ်တွင်ပါ ပါဝင်ခွှင့်ရနေသေးသည်။

အန်ဒရူးဆီးမက်က ချမ်းဘော့ဒ်ဘုရင်ကို စတေးပြီး ဇင်းနစ်ကိုကယ်တင်ရမည်ဟုတွေးသူများထဲမှတစ်ဦးဖြစ်သည်။ သူက တော်ဝင်များစွာကို ဘုရင်အလက်ဇန္ဒားအား အပ်နှံရန်စည်းရုံးခဲ့သည်။ သူရည်ရွယ်ချက်က ဒီအလက်ဇန္ဒရိုကိုအညံ့ခံပြီး ငြိမ်းချမ်းရေးထိန်းသိမ်းရန်ဖြစ်သည်။

END

All Chapters