← Chapters

မင်းသားကြီးအာရှာဗန်၏ ဆုံးဖြတ်ချက်

Vol. 69 Ch. 1026

မင်းသားကြီးအာရှာဗန်၏ ဆုံးဖြတ်ချက်

Vol. 69 Ch. 1026

အန်ဒရူးဆီးမက်၏ အဆိုပြုချက်မှာ အင်ပါယာစစ်ဌာနချုပ်ရုံး၏ ဩဇာရှိပုဂ္ဂိုလ်အများအပြားနောက်ခံပြုထားသည်။

ထိုပုဂ္ဂိုလ်အများစုက သူတို့၏ ထက်ရှမှုကိုဆုံးရှုံး ထားသူများဖြစ်သည်။ ဇိမ်ခံဘဝနှင့် အချိန်က သူတို့၏ ခန္တာနှင့် ဝိညာဉ်ကို တိုက်စားသွားခဲ့သည်။

ဖေးကိုထောက်ခံကြသူအများစုက အရှုံးမပေးလိုသော လူငယ်အများစုသာဖြစ်သည်။ သူတို့က သူတို့၏ တာဝန်ကိုထမ်းဆောင်နိုင်လိုသော အခွှင့်ရေးလိုချင်ပြီး ရဲရင့်ကာ သူရဲခေါင်းများကို အားကျကြသည်။ သိုသော်လည်းအရေအတွက်ပိုင်းတွင်နည်းပါးကာ ရာထူရာခံကလည်းနိမ့်သည်။ ဤ အစည်းအဝေးပွဲ၌ ပြောရေးဆိုခွှင့်ရှိကြသူများမဟုတ်ပေ။

“ ဇင်းနစ်က စစ်အင်အားတစ်သန်းရှိတဲ့ အဆင့်တစ်အင်ပါယာပါ အရင်ခေတ်က နိမ့်ကျတဲ့အခြေအနေမှာတောင် အင်ပါယာရက်ဆင်ရဲ့လက်ထက်မှာ နယ်မြေတွေချဲ့ထွင်းနိုင်ပြီး ဝင့်ကြွားနိုင်ခဲ့တယ် အဲ့အချိန်တုန်းက ခင်ဗျားတို့က အင်ပါယာရက်ဆင်ရဲ့လက်အောက်မှာ သိက္ခာအပြည့် အကြောက်အလန့်ကင်းကင်း အမှုထမ်းခဲ့ကြတဲ့ စစ်သူကြီးတွေပဲ ခုဘယ်လိုလုပ် ကြောက်လန့် အားနည်းနေကြတာလဲ ခင်းဗျားတို့ရဲ့အရင်သတ္တိတွေ ဘယ်ရောက်ကုန်တာလဲ “ နောက်ဆုံးတန်းနားက လူငယ်စစ်သည်တစ်ဦးက စားပွဲကိုလက်ဖြင့်ဒေါသတကြီးရိုက်ရင်းပြောသည်။

သူက ဂယ်ရီကာဟေးအမည်ရှိသော တပ်မှူးဖြစ်သည်။ စိန့် ပီတာဘတ်တိုက်ပွဲ၌ စွမ်းဆောင်ရေကောင်းခဲ့သူဖြစ်ကာ ထိုတိုက်ပွဲမှရရှိခဲ့သော အောင်မြင်မှုကြောင့် ရာထူးတက်လာသူဖြစ်သည်။ သူက ဆင်းရဲသောနောက်ခံရှိပြီး လက်ရှိအခြေအနေသို့ တစ်ဆင့်ခြင်းကိုယ့်အားကိုယ်ကိုးကာ

တက်လာသူဖြစ်သည်။ လက်ရှိ အင်ပါယာစစ်ရုံးချုပ်အစည်းအဝေးပွဲတွင်နားထောင်ခွှင့်ရသည်ကပင် ကံကောင်းနေပြီဖြစ်သည်။

သူက စိန်ပီတာဘတ်မြို့ ခုခံပွဲ၌ ဖေးနှင့်အတူတိုက်ခိုက်ခွှင့်ရခဲ့ပြီး သန်မာသောဖေး၏ ပုံစံကို မြင်ခွှင့်ရခဲ့သည်။ ထို့ကြောင့် သူက အင်ပါယာသိုင်းသူတော်စင်ကို အပြည့်အဝထောက်ခံသူဖြစ်လာခဲ့သည်။ အခြားသော သာမန်စစ်သည်များကဲသို့ပင်သူက ဖေးကိုလေးစားအားကျသူဖြစ်ပြီး ဖေးက ပင်လယ်မျိုးနွယ်နှင့်ပူပေါင်းသည်ကို မယုံကြည်ပေ။

ဤသို့ ကာဟေးစတင်၍ ထပြောသည်နှင့် အခြားသော လူငယ်အရာများကလည်း ထ၍ပြောကြသည်။

“ တပ်မှူးကာဟေးပြောတာမှန်တယ် ကျုပ်တို့ ဒီလိုမောက်မာတဲ့ကောင်တွေကို အလျှော့ပေးလိုက်ရင် ဇင်းနစ်အင်ပါယာဟာ အဇာရို့သ်တိုက်ကြီးမှာ လူရယ်စရာဖြစ်လာမှာပဲ “

“ ဘယ်လိုပဲဖြစ်ဖြစ် မစ္စတာသိုင်းသူတော်စင်က ဆိုးရွားတဲ့အခြေအနေအောက်မှာ ဇင်းနစ်အင်ပါယာကို ကယ်တင်ခဲ့တယ် ဒါတောင်မင်းတို့က သူ့ကို စွန့်ပစ်ဦးမယ်ဟုတ်လား ပြည်သူတွေကို အရှက်ရအောင်လုပ်နေတာပဲ “

“ ချမ်းဘောဒ့်ဘုရင်က ဇင်းနစ်ပြည်ရဲ့အနာဂတ်ပဲ မင်းတို့က အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ နေအဆင့်အရှင်သခင်ကို ပစ်ပယ်ဖို့လုပ်နေတာလား ဒါသစ္စာဖောက်မှုပဲကွ “

“ ကျုပ်တို့ ဒီမလာခင်က တပ်မှူးအဆင့်အထက် စစ်အရာရှိတွေအားလုံး သိုင်းသူတော်စင်ကိုကာကွယ်ဖို့ လက်မှတ်ထိုးထားကြတယ် ကျုပ်တို့က ဇင်းနစ်အင်ပါယာနဲ့ အင်ပါယာသိုင်းသူတော်စင်အတွက်တိုက်ပွဲဝင်ဖို့အသင့်ဘဲ ကျုပ်တို့သေရမှာမကြောက်ဘူး “

လူငယ်အရာရှိများအားလုံးယခုဖြစ်ရပ်ကြောင့်အရှက်ရ ဒေါသထွက်နေကြသည်။

ယခုအချိန်၌ သူတို့၏ ခံယူချက်နှင့် သဘောထားကို သူတို့ထက်ရာထူးမြင့်သော သူများရှေ့တွင်ထပြောရဲကြသည်။ သူတို့၏ စစ်သားကောင်းဖြစ်လိုစိတ် နိုင်ငံကာကွယ်လိုစိတ်တို့က ဖုံးလွှမ်းသွားပြီဖြစ်သည်။

ထိုကဲ့သို့ ပြောဆိုမှု မေးခွန်းထုတ်မှုများအောက်တွင် အန်ဒရူးဆီးမက်ခေါင်းဆောင်သော တော်ဝင်များ အရာရှိကြီးများအားလုံးမျက်နှာအမူအရာအမျိုးမျိုးပြောင်းသွားကြသည်။ အချို့က ခေါင်းငုံ့သွားသည်။ အချို့က နောင်တရသွားပြီး အချို့ကတော့ ဒေါသထွက်သွားသည်။

မိတ်လိုက်ခါနီး မိတ်ဖက်လုခံရသော တိရစ္ဆာန်ကဲ့သို့ အန်ဒရူးဆီးမက်ကဒေါသတကြီးထအော်သည်။ “ ပါးစပ်ပိတ်ထားကြ မင်းတို့ဘာသိလို့လဲ ငါတို့က အင်ပါယာသိုင်းသူတော်စင်ကို သစ္စာဖောက်တာမဟုတ်ဘူး သူနဲ့အတူ ဇင်းနစ်တပြည်လုံးကို အပါခံမလို့လား သန်းနဲ့ချီတဲ့လူတွေကိုကယ်ဖို့ လူတစ်ယောက်ကို စွန့်ပယ်တာ ဘာမှားလို့လဲ “

မင်းသားကြီးအာရှာဗန်၏ ဆုံးဖြတ်ချက် ၂

“ ဒီသတ္တိရှိပြီးခေါင်းမရှိတဲ့ကောင်တွေက ခံစားချက်တွေနဲ့ပဲတွေးနေတာ ယထာဘုတကျကျမတွေးတတ်ကြဘူး “ နောက် တော်ဝင်တစ်ယောက်က ထိုသို့ရယ်မောလျက်ပြောသည်။

“ ဘုရင်အလက်ဇန္ဒားက သူ့ဘိုးဘေးတွေရဲ့ဂုဏ်အရေကိုညှိုးနွမ်းစေပြီးလူသားမျိုးနွယ်ရဲ့သစ္စာဖောက် ပင်လယ်မျိုးနွယ်နဲ့ပူးပေါင်းသူဖြစ်တယ် ရာဇဝတ်သားဖြစ်တယ် ငါတို့ သူနဲ့ဝေးဝေးကနေသင့်တယ် “ နောက်တော်ဝင်တစ်ယောက်ကထပ်ပြောသည်။ သူကဆီးမက်ကိုထောက်ခံသော တောင်ပိုင်းအရှင်သခင်တစ်ဦးဖြစ်သည့်ဒိုင်ယာဖြစ်သည်။

ထို့နောက်သူက ကောက်ကျစ်စွာပြုံးပြီး လူငယ်အရာရှိကိုပြောသည်။ “ ထူးဆန်းတယ် မင်းက ချမ်းဘောဒ့်ဘုရင်ကို ဘာလို့ဒီလောက်ကာကွယ်ပေးနေတာလဲ သူနဲ့အရင်ထဲက ပူးပေါင်းထားတာလား မင်းရော ပင်လယ်မျိုးနွယ်နဲ့ပူးပေါင်းသူလား “

တကယ်ကို အခြေအမြစ်မရှိသော်လည်း သူက စစ်အရာရှိငယ်လေးကို ချက်ချင်းပင် စွတ်စွဲပြောဆိုလိုက်သည်။

“ မင်း “ ပထမဆုံးစကားထပြောသော ကာဟေးပင်လျှင် ဒေါသထွက်လွန်းပြီးဘာမျှမပြောနိုင်ဖြစ်သွားသည်။

ယခုတော့ ဤအဆိပ်ပြင်းသော တော်ဝင်များမှာ ဇင်းနစ်အင်ပါယာအတွက်ပင် မစဉ်းစားတော့ဘဲ နိုင်ငံရေးပြိုင်ဘက်ကို အနိုင်၍ရရန်လုပ်ကြံပြောဆိုတော့သည်။ အမှန်ပင် အရှက်ကင်းမဲ့ပြီးမိုက်မဲသူများဖြစ်သည်။

“ ဟမ် ဘာလဲပြောစရာစကားမရှိတော့ဘူးလား “ ဒိုင်ယာက ကာဟေးကိုဆက်လက်၍ဖိနှိပ်၏။ “ ငါအထင်ပြောရရင်မင်းကချမ်းဘောဒ့်ဘုရင်အတွက်ပြောပေးနေတာပဲ မင်းက အင်ပါယာအတွက်စိတ်နှစ်ထားတဲ့ပုံပေါ်ပေမယ့် တကယ်က ရက်စက်ကောက်ကျစ်တဲ့သူပဲ ဇင်းနစ်တော်ဝင်မိသားစုနဲ့ ဒီအလက်ဇန္ဒရို ပဋိပက္ခဖြစ်ရင်ကြားထဲက အင်အားကောင်းလာတဲ့ ချမ်းဘောဒ့်ပြည်ကပဲစားသွားမယ် ချမ်းဘောဒ့်ပြည်ကလည်း အဆင့်တစ်ပဏ္ဏာဆက်နိုင်ငံ မကတော့ဘူး “

“ မဟုတ်တာတွေ မင်းကစွတ်ဆွဲပြောဆိုနေတာပဲ “ လူငယ်အရာရှိများမှာဒေါသထွက်လွန်း၍ အဆုတ်များပေါက်ကွဲလုမတတ်ဖြစ်သွားသည်။

“ မင်းက ထပ်ပြီးအကြောင်းပြချက်တွေပြောချင်နေသေးတာလား “ ဒိုင်ယာက သူ့အသံကို လူငယ်အရာရှိများစကားဆက်မပြောနိုင်စေရန် မြှင့်၍ပြောလိုက်သည်။

သူကစစ်အရာရှိငယ်လေးများကို စကားပြောခွှင့်မပေးဘဲ မင်းသား အာရှာဗန်ဘက်လှည့်ကာပြောသည်။ “ အရှင့်သား ချမ်းဘောဒ့်ဘုရင်က ခုရာဇဝတ်သားဖြစ်နေပါပြီ ဒါကို ဒေသတစ်ခုလုံးကလည်းသိနေပါတယ် သူကဒီဒေသရဲ့ အင်ပါယာများစွာကို အပြစ်ပြုထားသူပါ သူကမောက်မာပြီးဇင်နစ်အင်ပါယာမိသားစုကို မျက်လုံးထဲမထားဘဲ စိန့်ပီတာဘတ်မြို့ထဲကိုလည်း အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်တဲ့သူပါ သူက ပြစ်မှုများစွာကိုကျူးလွန်ထားပြီး ဇင်းနစ်ရဲ့အနာဆွေးတစ်ခုပါ သူကို ဒီအလက်ဇန္ဒရိုလိုလူမျိုးလက်ထဲ အပ်မှ တော်ဝင်မိသားစုရောအင်ပါယာအတွက်ပါအကျိုးရှိမှာပါ ခုတော့ထိပ်တန်း အရာရှိတွေ အကုန်ထောက်ခံထားပြီးပါပြီ ဒီအဆင့်နိမ့်အရာရှိတွေက တိုင်းပြည်အတွက်ကောင်းတာမသိဘဲ ဘက်လိုက်နေတာက သံသရာဝင်စရာပါ အင်ပါယာသူရဲခေါင်းခန်းမကနေ ဖမ်းဆီးစစ်ဆေးတာကိုခံသင့်ကြပါတယ် “

အခန်းထဲရှိ လူများ၏ မျက်နှာအမူအရာများအမျိုးမျိုးဖြစ်သွားသည်။ မင်းသားအာရှာဗန်နှင့် အလက်ဇန္ဒားအကြားတွင်ဖြေရှင်းမရသော ပဋိပက္ခရှိထားသည်ကို အားလုံးသိထားကြသည်။

မင်းသားအာရှာဗန်က အလံစုံမြို့တွင် ချမ်းဘော့ဒ်ဘုရင်အလက်ဇန္ဒားဘက်တော်သား စစ်တပ်အရာရှိများနှင့် တပ်ကိုရှင်းရန်ကြိုးစားဖူးသည်။ ထိုဖြစ်ရပ်က ဘုရင်အလဇန္ဒားကိုဒေါသထွက်စေပြီး စိန်ပီတာဘတ်မြို့ထဲသို့ပင်ဖောက်ဝင်ကာ မင်းသားကိုပြည်သူများအရှေ့တွင်ချိန်းခြောက်ပြောဆိုက အရှက်ရစေခဲ့သည်။ ဤပုဂ္ဂိုလ်နှစ်ဦးက မီးနှင့်ရေလိုပေါင်းစပ်မရနိုင်သောအရာများဖြစ်ကြသည်။

ဒိုင်ရာက ယခင်ကိစ္စများကိုပါ ထည့်သွင်းပြောဆိုပြီး အခြေအနေကိုမီးလောင်ရာလေပင့်ကာ မင်းသားအာရှာဗန်ကိုဒေါသထွက်စေပြီး လူငယ်အရာရှိများကို အပစ်ပေးစေလိုခြင်းဖြစ်သည်။ အတော်ကို ကောက်ကျစ်ရက်စက်လှသည်။

မင်းသားကြီးအာရှာဗနိ၏ဆုံးဖြတ်ချက် ၃

လက်ရှိတွင်တော့ လူတိုင်းက ဘာအမြင်မျှထုတ်ဖော်မပြောသေးသော မင်းသားအာရှာဗန်ကို ဝိုင်းကြည့်နေကြသည်။

လက်ရှိတွင် မင်းသားအာရှာဗန်၏ အင်ပါယာစစ်ဌာနချုပ်ရှိ အဆင့်အတန်းက အထွတ်အထိပ်ဖြစ်သည်။

သူက ထီးနန်းဆက်ခံခွှင့် မသေခြာသေးသည့်တိုင် အင်ပါယာ၏ ပြိုင်ဘက်ကင်း နံပါတ်တစ်တပ်ဖွဲ့ သံသွေးတပ်ဖွဲ့ကို ထိန်းချုပ်ထားပေသည်။ သူက အဓိက တပ်မကြီးဆယ်ခုအနက်ငါးခုကို အမိန့်ပေးနိုင်ပြီး လူသစ်လေ့ကျင့်ရေးကိုလည်း ဦးစီးထားရာ အင်ပါယာ၏ စစ်အင်အားတစ်ဝက်လောက်ကို ထိန်းချုပ်ထားသကဲ့သို့ဖြစ်သည်။

သူ၏အင်အားပါရမီတို့ဖြင့် အာရှာဗန်မှာ အင်ပါယာစစ်ဌာချုပ်၌ အတော်လွှမ်းမိုးနိုင်သည်။ အင်ပါစစ်ဌာချုပ်၌ နောက်ဆုံးစကားဆိုသူဟုဆိုနိုင်ပေသည်။

ယခုတော့ လူငယ်စစ်အရာရှိများလည်းဒေါသထွက်ကာ ဘာမျှမတတ်နိုင်ဖြစ်နေကြသည်။

အားလုံးက ဇင်းနစ်၏ နံပါတ်တစ် စစ်နတ်ဘုရားကို ကြည့်နေကြသည်။ စစ်နတ်ဘုရားနှင့် ချမ်းဘောဒ့်ဘုရင်တို့က ရန်ငြိုးရှိနေရာအားလုံးဆုံးဖြတ်ချက်ကိုကြိုသိနေသယောင်ပင်။

အန်ဒရူးဆီးမက်နှင့် ဒိုင်ယာကဲ့သို့ တော်ဝင်များမှာ အရာအားလုံးတွက်ဆထားသည့်အတိုင်းဖြစ်လာမည့်အလားပြုံးပျော်နေကြသည်။

သို့သော်လည်းတိတ်ဆိတ်နေသည့် မင်းသား အာရှာဗန်မှာ ရုတ်တရက် ခေါင်းမော့လာပြီး အန်ဒရူးဆီးမက်နှင့် ဒိုင်ယာတို့ကို ထက်ရှသော အကြည့်တို့နှင့် ကြည့်သည်။ ထို အဆိပ်ပြင်းသည့် မြွေတို့ ခေါင်းငုံ့သွားမှ သူက စကားဆိုသည်။ “ မင်းလိုကောင်က ဒီလို ဂုဏ်အရေ၊ ကျက်သရေနဲ့ ပြည့်စုံတဲ့ နေရာမှာရှိနေဖို့ မထိုက်တန်ဘူး “

“ ဒိုင်ယာနှင့် အန်ဒရူးဆီးမက်တို့မှာအခြေအနေကိုနားမလည်နိုင်ဖြစ်ပြီး ဘာလုပ်ရမည်မသိဖြစ်နေသည်။

“ ဇင်းနစ်အင်ပါယာစတည်ထောင်ချိန်ကစပြီး ခုချိန်ထိတိုက်ပွဲမှာကျရှုံးတဲ့စစ်သူကြီးပဲရှိတယ် အင်အားကြီးလို့ အရှုံးပေးတာ မရှိခဲ့ဘူး “

အာရှာဗန်က ထရပ်လိုက်ရာ သူ၏ ခြုံလွှာက လေထဲ တလွင့်လွင့် ဖြစ်သွားသည်။ ထို့နောက်သူက ခန့်ညားထည်ဝါသော အရှိန်အဝါထုတ်၍ စကားပြောသည်။

“ ချမ်းဘော့ဒ်ဘုရင် ဒီအလက်ဇန္ဒရိုက ဇင်းနစ်ရဲ့ အင်ပါယာ သိုင်းသူတော်စင်ဖြစ်တယ် သူအပြစ်ရှိလို့ အပြစ်ပေးရင် ဇင်းနစ်အင်ပါယာကပဲ အပြစ်ပေးရမယ် တခြားသူတွေက လက်ညှိုး ဘယ်ချိန်က ထိုးခွှင့်ရှိသွားတာလဲ ဒီအလက်ဇန္ဒရိုက လူသားသိုင်းသူတော်စင်ရဲ့ နံပါတ်နှစ်တပည့်ဆိုလည်းဘာဖြစ်လဲ ငါတို့က စစ်သည်အင်အားတစ်သန်းရှိတဲ့ ဇင်းနစ်ပဲ ငါတို့က ကျားတွေ နဂါးတွေဖြစ်တယ် နက်ဖြန်တိုက်ပွဲကို ငါတို့တိုက်မယ် “

သူ့စကားများက အခန်းတွင်းမှလူများကို စိတ်အားထက်သန်သွားစေသည်။

ယခု လူများကို မှင်သက်စေသည်က ဇင်းနစ်စစ်နတ်ဘုရား၏ အရှိန်အဝါများမဟုတ်ဘဲ နှုတ်ထွက်စကားများကဖြစ်သည်။ တွေဝေတုန့်ဆိုင်းခဲ့ သူများမှာ နောင်တရ အပြစ်ရှိသလိုခံစားနေရပြီဖြစ်သည်။

“ အရှင်မင်းသား……….ချမ်းဘောဒ်ဘုရင်…….ခင်ဗျားတို့….. “ ဒိုင်ယာမှာ မင်းသားအာရှာဗန်က ထိုသို့ပြောလာမည်ဟု ထင်မထားပေ။ သူတင်မက အခြားမည်သူမျှလည်း ဤသိုဖြစ်လာမည်ဟုထင်မထားကြပေ။

“ အမိန့်နာခံကြစမ်း ဒိုင်ယာနဲ့ ဆီးမက်ကို ဖမ်းကြ ပြီးရင်သူတို့ကို ကြိုးဆွဲချ ကွပ်ရမယ် အများသူငါ နောင်ကြဉ်အောင်သူတို့အလောင်းကိုပြသရမယ် “ နတ်ဆိုးတစ်ကောင်အလား အေးစက်သော မျက်နှာထားနှင့် မင်းသားအာရှာဗန်ကအမိန့်ချသည်။

ခြေသံများထွက်ပေါ်လာပြီးနောက် အနက်ရောင်ချပ်ဝတ် ဝတ် စစ်သည်များ စည်းဝေးခန်းထဲသို့ပြေးဝင်လာကြသည်။

အံ့ဩစရာမှာ ထိုလူများက သံသွေးတပ်သားများဖြစ်နေခြင်းဖြစ်သည်။ မည်သည့်အချိန်ကထဲက အစားထိုးထာမှန်မည်သူမျှမသိကြပေ။ ထိုစစ်သည်များက သတ်ဖြတ်လိုစိတ်များထုတ်လျက် စည်းဝေးခန်းမကိုဝိုင်းက တိုက်ခိုက်ရန်အသင့်ပြင်ထားကြသည်။

တစ်စုံတစ်ခုတော့ဖြစ်ပျက်တော့မည်ဖြစ်သည်။

“ ကြည့်ရတာ မင်းသား အာရှာဗန်ပုန်ကန်တော့မှာလား ဘယ်လိုလုပ် အင်ပါယာစစ်ဌာနချုပ်ကို စစ်တပ်နဲ့သူဝိုင်းရဲတာလဲ ဲ

“ အရှင်မင်းသား ကျွန်တော်မျိုးတို့ကို ချမ်းသားပေးပါ “

“ မင်းငါ့ကိုသတ်လို့မရဘူး မင်းက ဇင်းနစ်ပြည်ရဲ့မင်းသားဆိုပေမယ့် မင်းမှာငါ့ကိုစီရင်ခွှင့်အာဏာမရှိဘူး “

ဒိုင်ယာနှင့်ဆီးမက်တို့မှာ မသေရစေရန် တောင်းပန်သူကတောင်းပန် ခြိမ်းခြာက်သူက ခြိမ်းခြာက်ပြုနေကြသည်။

End

Hail the king

All Chapters