ထိုပုဂ္ဂိုလ်
Vol. 69 Ch. 1027
ကံဆိုးစွာပင် သံသွေးတပ်မှ တပ်သားများက အနည်းငယ်မျှပင် ငဲ့ညှာမပေးခဲ့ပေး။
သွေးများစွန်းထင်းနေပုံရသော ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည် တောင့်တင်းသန်မာသော စစ်သည်နှစ်ီဥးက အော်ဟစ်နေသည့် တော်ဝင်နှစ်ီဥးကို ဆွဲမလိုက်ကြသည်။ ထို့နောက် အခန်းအပြင်သို့ဆွဲထုတ်သွားကြသည်။ ဒိုင်ရာနှင့် ဆီးမက်တို့က မင်းသားအာရှာဗန်အမည်ကို အော်ဟစ်နေကြရာ သံသွေးစစ်သည်များက ထိုနှစ်ယောက်၏ပါးစပ်ကို ကြမ်းတမ်းစွာလက်နက်များဖြင့်ရိုက်နှက်လိုက်ရာ ဒေါသထွက်သံဝူးဝူးဝါးဝါးမအပ မည်ံသည့်အသံမျှမထွက်နိုင်တော့ချေ။
နှစ်မိနစ်မပြည့်ခင်မှာပင် စူးရှရှအော်ဟစ်သံထွက်ပေါ်လာတော့သည်။
မကြာခင်မှာပင် သံသွေးတပ်ဖွဲ့မှအရာရှိများ သွေးတစ်စက်စက်ကျနေသည့်ခေါင်းနှစ်လုံးကိုင်၍ ပြန်ဝင်လာသည်။ ထို့နောက် သူတို့က ထိုင်နေသောအင်ပါစစ်ရုံးချုပ်အရာရှိများကိုကြည့်ကာ နှာခေါင်းရှုတ်၍ ခေါင်းများကိုပစ်ချလိုက်သည်။ ထိုခေါင်းများက အန်ဒရူးဆီးမက်နှင့်ဒိုင်ရာတို့ဖြစ်ကြသည်။
“ သူတို့တကယ်အသတ်ခံလိုက်ရတာပဲ “ ထိုသို့တွေးမိကာ အားလုံးရှော့ရသွားကြသည်။
ဤတော်ဝင်နှစ်ဦးက အဆင့်အတန်းမြင့်မားပြီး အဆက်အသွယ်ကောင်းသူများဖြစ်ကြသည်။ သူတို့ကို အင်ပါယာသူရဲကောင်းနန်းတော်၏ ဆုံးဖြတ်ချက် ဧကရာဇ်ရက်ဆင်၏ ဆုံးဖြတ်ချက်မပါဘဲ ကွပ်မျက်ခြင်းက မင်းသားအာရှာဗန်မှာလောကြီးလွန်းပြီး ရက်စက်လွန်းသည်။
စည်းဝေးခန်းထဲရှိလူအားလုံး ခန်းမထိပ်တွင်ထိုင်နေသော မင်းသားအာရှာဗန်ကိုမကြည့်ရဲတော့ဘဲ ခေါင်းငုံ့သွားကြသည်။
မင်းသား အာရှာဗန်မှာ စည်းဝေးခန်းမ ထိပ်တွင်ထိုင်အေးစက်စက်မျက်နှာထားနှင့်ထိုင်နေသည်။ သူက သေဆုံးသွားသူနှစ်ဦး၏ ဦးခေါင်းကိုလှမ်းပင်မကြည့်ချေ။ အေးစက်စက်နှင့် တွေးနေပုံရပြီး သူဘာစဉ်းစားသည်ကိုတော့ မည်သူမျှမသိချေ။
အချို့ လူများက နောက်ဖက်မှ ထွက်ပြေးရန်ကြိုးစားကြသော်လည်း သံသွေးတပ်သားများ၏ တားဆီးခြင်းကိုခံလိုက်ကြရသည်။
တော်ဝင်တစ်ချို့သာ အင်ပါယာရက်ဆင်နောက်လိုက်ပြီး တိုက်ပွဲဆင်နွှဲဖူးသည့် အစွမ်းထက်သူများဖြစ်ကြသော်လည်း နှစ်ပေါင်းများစွာကြာအောင်စည်းစိမ်ခံစားခြင်းကြောင့် အတော်လေး ပျော့ညံ့နေကြပြီဖြစ်သည်။ သူတို့ အနေနှင့် သာမန် သံသွေးတပ်သားများကို ယှဉ်နိုင်သော်လည်း ဆရာအဆင့်ရှိသူများကိုတော့ မယှဉ်နိုင်ပေ။ ထို့အပြင် ကြယ်ခုနှစ်ပွင့်အဆင့်ရှိသော ဤနေရာ၌ အစွမ်းထက်ဆုံးဖြစ်သည့် မင်းသားအာရှာဗန်လည်း ရှိနေရာ မည်သူမျှမတိုက်ခိုက်ရဲကြပေ။
မကြာခင်မှာပင် စစ်အတွင်းရေးမှူးတစ်ချို့ သံချပ်နက်ဝတ်စစ်သည်များခြံရံ၍ ဝင်လာပြီး စာရွက်စာတမ်းကိုင်ဆောင်ထားရာမှ စုပုံလိုက်သဖြင့် စာအုပ်များ တောင်လိုပုံသွားသည်။
ယခုတော့ အဆောက်အဦးတစ်ခုလုံး ပိတ်ဆို့ ဝန်းရံခံထားရပြီး စစ်ရေးအတွင်းရေးမှူးများက တုန်ယီသောအသံဖြင့် စာဖတ်ပြနေကြသည်။
ဤ စာရွက်စာတမ်းများက လက်တလောတွင် တော်ဝင်များလက်ခံရရှိထားသော ပို့လွှတ်ထားသောစာများဖြစ်သည်။ စာပါအကြောင်းအရာများက ရှော့ဖြစ်စရာပင်။ တော်ဝင်များက ရန်သူ၏တိုက်ခိုက်မှုကိုခံရချိန်တွင် အင်ပါယာဆုံးဖြတ်ချက်မပြုရသေးခင်မှာပင် အညံ့ခံကြခြင်းဖြစ်သည်။ များသောအားဖြင့် စာအများစုမှာ လက်တလောတွင် မြောက်ပိုင်းအဇာရိုသ်တိုက်ကြီး၌ အားကောင်းလားသော အန်းဂျီအင်ပါယာနှင့် တော်ဝင်များအကြားမှ ပေးစာများဖြစ်သည်။
သတင်းပိုင်းကျွမ်းကျင်သူများအဖို့ အန်ဂျီးအင်ပါယာက ဒီအလက်ဇန္ဒရိုနှင့် ကျွမ်းဝင်ကြောင်းသိကြသည်မဟုတ်ပါလော။ သူတို့က ဇင်းနစ်သို့ ဒီအလက်ဇန္ဒရိုနှင့်အတူလာရန် နေအဆင့်အရှင်သခင်တစ်ဦးပင်လွှတ်လိုက်သေးသည်။
စာများတွင် တော်ဝင်များအနေနှင့် အန်ဂျီးအင်ပါယာကိုအညံ့ခံပြီးနောက် ဒီအလက်ဇန္ဒရို ဇင်းနစ်ကိုဖျက်ဆီးပြီးသည်နှင့် မူလရာထူးများအတိုင်းဆက်လက်စည်းစိမ်ခံရမည်ဟုပါရှိသည်။
စစ်ရေးအတွင်းရေးမှူးများက စာများကိုမရပ်မနားဖတ်သွားကြသည်။ ထို့နောက်အခန်းတွင်းရှိလူများမှာ ခြေထောက်များပျော့ခွေသွားပြီး မျက်နှာများဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ အကြောက်လွန်ပြီး အသံပင်လျှင်မထွက်နိုင်ကြချေ။
ကြမ်းတမ်းသော သံသွေးတပ်သားများ ဝင်ရောက်လာပြီး နာမည်အခေါ်ခံရသော တော်ဝင်မှန်သမျှ မည်သည့်အဆင့်ရှိပါစေ အပြင်ထုတ်ကွပ်မျက်ခြင်းခံလိုက်ကြရသည်။
“ မဟုတ်ဘူး ငါတို့ကအပြစ်ရှိရင်တောင် အင်ပါယာသူရဲခေါင်း နန်းတော်ကစစ်ဆေးပြီး အင်ပါယာလွှတ်တော်နဲ့ ဧကရာဇ်ရက်ဆင်ကပဲ အပြစ်ပေးခွှင့်ရှိတယ် “
“ မင်းသားခွှင့်ပေးပါ ကျွန်တော့ကိုခွှင့်လွှတ်ပေးပါ ကျွန်တော်အစွပ်စွဲခံရတာပါ ကျွန်တော်နဲ့ ကျွန်တော့မိသားစုက အမြဲ မင်းသားဘက်မှာ ရပ်တည်ခဲ့တာပါ “
“ မင်းက စည်းကျော်နေတာပဲ ဒါကသစ္စာဖောက်မှုပဲ အင်ပါယာရက်ဆင်ကခွှင့်လွှတ်မှာမဟုတ်ဘူး မင်းပုန်ကန်ချင်နေတာလား “
ထိုပုဂ္ဂိုလ် ၂
နာမည်အခေါ်ခံရသော တော်ဝင်များမှာ အမျိုးမျိုးတုန့်ပြန်ကြသည်။ တစ်ချို့က အသနားခံကြ၏ တစ်ချို့က အော်ဟစ်ဆူပူပြီး တစ်ချို့ကတော့ ရုန်ကန်ကြသည်။ မည်သို့ပင်ဆိုစေကာမှူ အားလုံးတူညီစွာ အဆုံးသတ်ကြသည်။ အားလုံးကွပ်မျက်ခံရပြီး သူတို့၏ ခေါင်များ အခန်းအလည်တွင်တောင် တစ်လုံးသဖွယ်ပုံခံထားရ၏။
တစ်ခနလေးမှာပင်တော်ဝင်နှစ်ဆယ်ကျော် ကွပ်မျက်ခံလိုက်ရသည်။ အချို့က ထွက်ပြေးကြသော်လည်းသံသွေးတပ်သားများ၏ မြားဖြင့်ပစ်ခတ်ကာ ဖြူးကောင်သဖွယ်အပြောင်းခံလိုက်ရသည်။
ဤဖြစ်စဉ်တစ်လျှောက်တွင် မင်းသားအာရှာဗန်မှာ စိတ်ပျံ့လွှင့်နေသည်နှယ်ဖြစ်သည်။ အော်ဟစ်သံများနှင့်ဆူညံ ပွက်လောရိုက်နေသော်လည်း မင်းသားကဂရုမစိုက်ချေ။ ကွပ်မျက်မှုက ဆက်လက်ဖြစ်ပေါ်နေသည်။
အကြီးဆုံးမင်းသမီး၏ အိမ်တော်က တော်ဝင်နန်းဆောင်နှင့်သိပ်မဝေးလှပေ။
မင်းသားအာရှဗန်၏ ဘက်တော်သားဖြစ်သော မင်းသမီးကြီး တနာရှာမှာ ဇင်းနစ်၏ နိုင်ငံရေးနယ်ပယ်တွင်ဩဇာကြီးမားပြီး သတင်းအချက်အလက်ထိန်းချုပ်ရာတွင်ထင်ရှားသူဖြစ်သည်။ ဤထက်မြက်သော အမျိုးသမီးက မင်းသားအာရှာဗန်၏ လက်ရုံးဖြစ်သကဲ့သို့ စိန့်ပီတာဘတ်မြို့ကိုတစ်ဝက်ထိန်းချုပ်နိုင်သူလည်းဖြစ်သည်။ သူမက ဇင်းနစ်သမိုင်းတွင်အထက်မြတ်ဆုံးအမျိုးသမီးဖြစ်နိုင်ပေသည်။
မင်းသမီး တနာရှာက ချမ်းဘော့ဒ်ဘုရင်အစွမ်းထက်လာခြင်း၌ အရေးပါသူတစ်ဦးဖြစ်သည်။ ဇင်းနစ်၏ ပဏ္ဏာဆက်နိုင်ငံများ ပြိုင်ပွဲမကျင်းပမှီက မင်းသမီးနှင့်ချမ်းဘော့ဒ်ဘုရင်တို့မှာ အတော်လေးရင်းနှီးကြောင်း အချို့သတင်းအနှံ့ခံကောင်းသည့် တော်ဝင်များသိထားကြသည်။
ကံဆိုးစွာပင် အကြီးဆုံးမင်းသားအာရှာဗန်၏ ချမ်းဘော့ဒ်ဘုရင်အပေါ်ရန်လိုလာမှုနှင့်အတူ သူတို့နှစ်ဦး၏ ဆက်ဆံရေးတင်းမာသွားတော့သည်။ ထိုနေ့ ချမ်းဘော့ဒ်ဘုရင် ဒေါသပုံထ၍ စိန့်ပီတာဘတ်သို့ ချိုးဖောက်ဝင်လာပြီး မင်းသားအာရှာဗန်ကို လက်သီးတစ်ချက်ဖြင့်ထိုးကာ အရာအားလုံးကို အဆုံးသတ်လိုက်ပြီး အင်ပါယာတစ်ခုလုံးကိုရှော့ရစေခဲ့သည်။ ထိုနေ့က မပြန်ခင် ဘုရင်အလက်ဇန္ဒားက ဒါက စိတ်ပျက်စရာပဲဟုဆိုခဲ့သည်။
ထိုစကားကို အများက မင်းသမီးတနာရှာကို ပြောခဲ့သည်ဟုယုံကြည်ခဲ့ကြ၏။ ထိုစကားက မင်းသမီးတနာရှာအပေါ်မည်သို့ သက်ရောက်သည်ကို မသိကြသကဲ့သို့ မင်းသမီးက ချမ်းဘော့ဒ်ဘုရင်ကို မည်သို့ မြင်သည်ကိုလည်းမည်သူမျှမသိကြပေ။
အသိသာဆုံးသော အချက်တစ်ခုက မင်းသမီးမှာ ကျန်းမာရေးပိုမိုဆိုရွားလာသည် ဟူသောအချက်နှင့်လူမြင်ကွင်းမှပျောက်ကွယ်သွားခြင်းဖြစ်သည်။ မင်းသားအာရှာဗန်၏ အယုံကြည်ရဆုံး ငယ်သားများပင် မင်းသမီး၏ သတင်းအချက်အလက်ပေးပို့မှုကို မမြင်ကြရတော့ပေ။
ကောလဟာလများအရ မင်းသားနှင့် မင်းသမီးတို့မှ ချမ်းဘော့ဒ်ဘုရင် အရေးကြောင့် မနီးကပ်ကြတော့ပေ။ စစ်ရေးပါရမီရှင်နှင့် ထောက်လှမ်းရေးပါရမီရှင် မောင်နှမနှစ်ဦးမှာလမ်းခွဲလိုက်ကြပုံရသည်။ သူတို့၏ ပြီးပြည့်စုံစွာ ဇင်းနစ်ကိုအုပ်စိုးခဲ့ပုံက သမိုင်းဖြစ်သွားပြီဖြစ်သည်။
မျိုးစုံသော ကောလဟာလများပြည့်နေသော်လည်း အမှန်တရားကတော့မရိုးရှင်းလှပေ။
အခြွေအရံအနည်းငယ်သာထားသော မင်းသမီးကြီး၏ အိမ်တော်၌ မင်းသမီးကြီးမှာ အိမ်တော်နောက် ဥယျာဉ်အတွင်းရှိ ဝါးကုလားထိုင်ပေါ်တွင် ရိုးရှင်းသော ရိုးရာဝတ်စုံဖြူကို ဝတ်ထားပြီးထိုင်နေသည်။ သူမက ကောင်းကင်ကို ကြည့်ကာ တစ်စုံတစ်ခု တွေးနေဟန်ရှိသည်။ သူမ၏ မျက်လုံးများတွင်တော့ ဝမ်းနည်းရိပ်သန်းနေသည်။
သူမ၏ ဘေးတွင်တော ခရမ်းရောင်ဝတ်စုံနှင့် ဇိန်းက တက်တက်ကြွကြွရှိနေသည်။
“ ခုဆိုရင် မင်းသားအာရှာဗန်စပြီး လှုပ်ရှားနေလောက်ပြီမဟုတ်လား “ မင်းသမီး တနာရှာက သက်ပြင်းချပြီးခပ်တိုးတိုးမေးသည်။
“ လက်ရှိသတင်းတွေအရတော့ အင်ပါယာစစ်ရုံးချုပ်က အခြေအနေတွေအားလုံးက မင်းသားရဲ့လက်ထဲမှာပါပဲ စိတ်မပူပါနဲ့ သွေးသံတပ်ဖွဲ့ကို စိန်ပီတာဘတ်မှာယှဉ်နိုင်တာမရှိပါဘူး ပြီးတော့စစ်ရေးပါရမီမှာလည်း မင်းသားကအထူးချွန်ဆုံးပါ “ ဇိန်းက မင်းသမီးတနာရှာကို နှစ်သိမ့်သည်။
“ အာ အဲ့တာကောင်းတယ် ပဲရစ်ကို အချက်ပြလိုကတော့ သူတို့စလှုပ်ရှားလို့ရပြီလို့ “ မင်းသမီးတနာရှာက ဆိုသည်။
“ မင်းသမီး အင်ပါယာလှည့်ကင်းတပ်ဖွဲ့က ဒုတိယမင်းသားရိုဒီဂွက်ရဲ့လက်အောက်ကနော် သူတို့က စိတ်ချရပါ့မလား အမြဲတမ်းကျွန်မတို့နဲ့ ဆန့်ကျင့်ဘက်လေ “ ဇိန်းက မင်းသမီးကို သတိပေးသည်။
“ မပူပါနဲ့ ပဲရစ်က အဲ့လောက်မတုံးပါဘူး ဒီကိစ္စရဲ့အတိမ်အနက်ကို သူနားလည်ပါတယ် ဟိုပုဂ္ဂိုလ်လဲ အနားမှာရှိတော့ အဲ့လူက ဒီကိစ္စအောင်မြင်အောင်လုပ်မှာပါ “ ထိုအခိုက်အတန့်၌ မင်းသမီး၏ စိုးရိမ်မှုများက အထွတ်အထိပ်သို့ရောက်သွားသည်။
“ ဟိုပုဂ္ဂိုလ်ဆိုတာက “ ဇိန်းက မင်းသမီးမည်သူကိုပြောချင်မှန်းသိပုံရသည်။
end