← Chapters

သွေးချောင်းစီးသောည

Vol. 69 Ch. 1028

သွေးချောင်းစီးသောည

Vol. 69 Ch. 1028

အင်ပါယာလှည့်ကင်း တပ်ဖွဲ့

ဤအဖွဲ့အစည်းက အင်ပါယာစစ်ဌာနချုပ်ရုံးမှလွဲလျှင် စိန့်ပီတာဘတ်၌ အလွှမ်းမိုးနိုင်ဆုံသောတပ်ဖွှဲ့ဖြစ်သည်။ ဤနေရာတွင် တောအုပ်တစ်ခုသဖွယ်အဆောက်အအုံများပြည့်နေပြီး ခန့်ညားထည်ဝါလှသည်။

အင်ပါယာလှည့်ကင်းမှ စစ်သည်များက သာမန်အားဖြင့် အပေါ့စားချပ်ဝတ်နှင့် ဝတ်စုံများကိုသာဝတ်ဆင်တတ်ကြသော်လည်း ယခုတော့ သံကြပ်ဝတ်နှင့် လက်နက်များကိုကိုင်ဆွဲထားကြသည်။ တပ်ဖွဲ့၏ ခုနှစ်ရာနှုန်းလောက်က စိန့်ပီတာဘတ်မြို့လမ်းတစ်လျှောက် လှည့်လည်နေပြီး သူတို့၏ တင်းမာသောမျက်နှာထားကြောင့် အခြေအနေကတင်းကြပ်နေသည်။

ဟောခန်းမကြီးထဲတွင်တော့ နတ်ဆိုးမ ပဲရစ်မှာ ဝတ်စုံရှည်ကိုဝတ်ဆင်ထားခြင်းမရှိဘဲ ချပ်ဝတ်ကိုဝတ်ဆင်ထားသည်။ သူမ၏ ရွှေအိုရောင်ဆံပင်ရှည်မျာက ရတံခွန်တစ်ခုလိုဝဲဖြာကျနေပြီး နှင်းဆီပွင့်တစ်ခုကိုထိုးထားရာ အမြင်ဆန်းဖြင့်တစ်မျိုးလှနေ၏။

ယခုတော့ သူမ၏ သေးသွယ်သော လက်များ၌ အသွားနှစ်ဖက်ဓားကိုကိုင်ထားပြီး သူမ၏ မျက်နှာတွင်သတ်ဖြတ်တော့မည့်အမူအရာမျိုးရှိနေသည်။ သူမ၏သွင်ပြင်က ချောမောပြီး ရဲရင့်နေသည်။

မုဆိတ်နီ ဂရန်နယ်လိုမှာ တိတ်ဆိတ်နေပြီး အေးစက်စက်ရှိကာ အခြေအနေတစ်ခုထဲကျရောက်နေဟန်ရှိသည်။ သူကတစ်ခုခုလုပ်ရမည်ကို မစောင့်နိုင်တော့ပုံရသည်။ ထိုအခြေအနေမျိုးက သူ့အတွက်ရှားပါးလှသည်။ သူ့အနားတွင်မူ လက်နက်အပြည့်အစုံနှင့်ပဲရစ်က ရပ်နေသည်။

မင်းသားရိုဒီဂွက်၏ ဘယ်လက်ရုံးညာလက်ရုံးနှစ်ဦးလုံး အင်ပါယာလှည့်ကင်းရုံးသို့ ရောက်ရှိနေပြီး သူတို့၏ တည်ကြည်လေးနက်နေ‌သော မျက်နှာအမူအရဦအရ ကိစ္စကြီးတစ်ခုဖြစ်တော့မည်မှန်းသိနိုင်သည်။

သူတို့နှစ်ဦးဘေးတွင် အနက်ရောင်ခြုံထည်ဝတ်ဆင်ထားသူတစ်ဦးရပ်နေပြီး သူက လျှို့ဝှက်ဆန်းကြယ်နေသည်။

ရုတ်တရက် သတ်ဖြတ်ခြင်းအရှိန်အဝါအပြည့်ထုတ်ထားသော စစ်သည်တစ်ဦးပြေးဝင်လာပြီး အင်ပါယာလှည့်ကင်းတပ်ဖွဲ့များ အသင့်ဖြစ်နေကြောင်းသတင်းပို့သည်။

“ အချိန်ကြလာပြီစီစဉ်ထားတဲ့အတိုင်းလုပ်ရအောင် “ ပဲရစ်ကအသွားနှစ်ဖက်ဓားကိုကိုင်၍ ဦးဆောင်ထွက်လာသည်။

“ သံသွေးတပ်ဖွဲ့က လူတွေက ယုံကြည်ရပါ့မလား “ မုတ်ဆိတ်နီ ဂရန်နယ်လိုကဆိုသည်။

“ ဒီတစ်ကြိမ်တော့ သူတို့ယုံကြည်ရပါတယ် “ ပဲရစ်က နောက်ပင်လှည့်မကြည့်ပဲဖြေသည်။

သူမစကားကြားပြီးနောက် ဂရန်နယ်လို သက်ပြင်းချပြီး သူ့ဘေးရှိ ခြုံလွှာနက် ဝတ်ဆင်ထားသူကိုကြည့်လိုက်သည်။ သူက တစ်ခုခု ပြောချင်သော်လည်း မပြောဘဲ သူ့စကားများကို ပြန်လည်မြိုချလိုက်သည်။ ထို့နောက် ငွေမျက်နှာဖုံးကိုဆွဲချလိုက်ပြီး ခေါင်းဆောင်းကိုပိတ်လိုက်သည်။ ငွေချပ်ဝတ်ဝတ် တိုက်ပွဲနတ်ဘုရားလို သူ့ခန္တာကိုယ်မှ သတ္ထုသံ တချွင်ချွင်မြည်နေသည်။

ဆန်းကြယ်သော ဝတ်ဆုံနက်ဝတ်ပုဂ္ဂိုလ်မှာ ဂရန်နယ်လို၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။

အချိန်ခန အတွင်းမှာပင် အင်ပါယာလှည့်ကင်းတပ်ဖွဲ့ဝင်တစ်သောင်းခန့်က အဆောက်အဦးများအတွင်းမှ ထွက်လာပြီး အဖွဲ့လေးငါးဖွဲ့ခွဲကာ စိန့်ပီတာဘတ်မြို့တွင်းသို့ထွက်ခွာသွားကြသည်။

တိုက်ကြီး၏ လူသားခေတ် နှစ် ၁၀၃၄၂၊ အင်ပါယာ သက္ကရာဇ် ၈၅ ခုနှစ်တွင် စိန့်ပီတာဘတ်မြို့၌ သွေးများချောင်းစီးလာသည်။

နောင်ခေတ်၏ နယ်ကဗျာဆရာများ သမိုင်းပညာရှိများက ဤ သွေးသံရဲရဲအကြောင်း မျိုးမျိုးစုံရှုမြင်ကြသော်လည်း ဤညက ချမ်းဘော့ဒ်၏ ကာလရှည်ကြာ စစ်ဘက်၏အာဏာရယူမှုအစပြုရာဖြစ်ကြောင်းဆိုကြသည်။

ဤအာဏာသိမ်းမှု၏ အကျိုးကြောင့်ပင် ဇင်းနစ်အင်ပါယာလေးမှာ ဖရိုဖရဲခေတ်၏ အမျိုးမျိုးသော စစ်ပွဲများကြားတွင်ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းဖြစ်သည်။

တော်ဝင်သမိုင်းပညာရှင်များကလည်း ဤညအကြောင်းကောင်းမွန်စွာမှတ်တမ်းတင်နိုင်ခဲ့ကြသည်။

သွေးချောင်းစီးသောည ၂

ထိုညကဖြစ်နိုင်ချေမရှိခြင်း ကွပ်မျက်ခြင်းများပြည့်နေသောညဖြစ်သည်။ ပလ္လင်အတွက် အမြဲတိုက်ခိုကနေသော မင်းသား အာရှာဗန်နှင့် မင်းသား ဒိုမင်ဂွက်တို့မှာ သူတို့ဘဝတွင် တစ်ခါထဲသော ပူးပေါင်းမှုကို လုပ်ဆောင်ခဲ့သည်။ မင်းသားနှစ်ဦးက ပူးပေါင်းပြီး သတ်ဖြတ်ခြင်းဓားကိုမြှောက်ကာ အတိတ်၏ အသရေ သိက္ခာကိုစံစားနေသော ခြစားသည့်တော်ဝင်များကိုရှင်းလင်းခဲ့ကြသည်။ တော်ဝင်များက သတိထားမိခြင်းမရှိကြပေ။ မင်းသားနှစ်ပါးက သူတို့အပေါ်သစ္စာရှိသော တော်ဝင်များအပါအဝင် ဇင်းနစ်အပေါ်မရေမရာဖြစ်နေပြီး ရန်သူကိုလက်နက်ချလိုသော တော်ဝင်အများအပြားကိုရှင်းလင်းခဲ့သည်။ ထိုဖြစ်ရပ်က ဇင်းနစ်သမိုင်းတွင် အကြီးကျယ်ဆုံးသော ခြစားသည့်တော်ဝင်များကို ရှင်းလင်းသည့်ဖြစ်ရပ်ဖြစ်သည်။ ရက်စမ်းကြမ်းတမ်းသော ရှင်းလင်းမှုဖြစ်သည်။ သို့သော် ဇင်းနစ်သာ ရှေ့ဖရိုဖရဲခေတ်တွင် ဆက်လက်တည်ရှိလိုပါက ဤသို့သော အတွင်းအနာဆွေးများကို ရှင်းလင်းရမည်ဖြစ်သည်။ ဤကား မင်းသားနှစ်ပါးပူးပေါင်းမှု၏ အခြေခံလည်းဖြစ်သည်။

အချို့သော သမိုင်းပညာရှင်များ သုတေသီများက မူ ဤဖြစ်ရပ်ကို ပိုနက်နဲစွာတွေးကြသည်။

ဘုရင်အလက်ဇန္ဒားထင်ရှားလာမှုနှင့် အတူ တော်ဝင်များအား အများအပြားသတ်ဖြတ်မှု ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် သွေးချောင်းစီးညတွင် ဘုရင်အလဇန္ဒားမပါဝင်ဟု မပြောနိုင်ပေ။ ဇင်းနစ်အဆင့်တစ် ပဏ္ဍာဆက်နိုင်ငံမှ အင်ပါယာဖြစ်လာပြီး နှစ်၁၀၀အကြာတွင် အင်ပါယာမှာ စတင်၍အိုမင်လာသည်။ ထို့ကြောင့် အဟောင်းကိုရှင်းရ သွေးသစ်လောင်းရန်လိုလာပြီဖြစ်သည်။

ဘုရင်အလက်ဇန္ဒား၏ အစွတ်စွဲခံရမှုက ဤဖြစ်ရပ်အတွက် မီးစဖြစ်သည်။ ဧကရာဇ်ရက်စင်၏ နှုတ်ဆိတ်မှုကလည်း ဤဖြစ်ရပ်ကိုခွှင့်ပြုသည့်အလားပင်။ လူအများက ဧကရာဇ်ရက်ဆင်၏ မင်းသားများအပေါ်ဉာဏ်ကြီးမှုကို နားမလည်ကြပေ။ သူတို့က အဘယ့်ကြောင့် ဘုရင်အလက်ဇန္ဒားအပေါ် ဧကရာဇ်က သဘောထားကြီးသည်ကို နားမလည်ကြပေ။ ထိုပဟေဠိ၏ အဖြေက ဖရိုဖရဲခေတ်ကုန်ခါနီးတွင်ပေါ်လာလေသည်။

အင်ပါယာလွှတ်က အင်အားကြီးပြီး တော်ဝင်အများအပြားထိန်းချုပ်ထားသည့် မျက်နှာလွှဲမရသော အင်အားစုဖြစ်သည်။

အင်ပါယာတည်ထောင်စ၌ အမျိုးမျိုးသောတော်ဝင်များနှင့် အင်အားစုများကို နှစ်သိမ့်ရန် အင်ပါယာလွှတ်တော်ကို တည်တောင်ခဲ့ခြင်းဖြစ်သည်။ ဧကရာဇ် ရက်ဆင်အထွှတ်အထိပ်၌ ရှိစဉ်က ဤလွှတ်တော်မှာ နိုင်ငံရေးတွင် နေရာသိပ်မရှိခဲ့ပေ။ တော်ဝင်အိုကြီးများအတွက် ဘဝနေဝင်ချိန် အချိန်ဖြုန်းရာသာဖြစ်ခဲ့သည်။

ဧကရာဇ်ရက်ဆင်ဖျားနားပြီး အင်အားရုတ်လျော့လာပြီး စီမံခန့်ခွဲမှုအချို့ လက်လွှတ်လိုက်ပြီးနောက် အင်ပါယာလွှတ်တော်က ၎င်းမမှန်းဘူးသည် အာဏာကိုစတင်ရရှိလာသည်။ တော်ဝင်များက အင်ပါယာတော်ဝင်မိသားစုနှင့် အင်ပါယာစစ်ရုံးချုပ်ထံမှ အာဏာကိုခွဲဝေယူလာနိုင်ပြီး ဇင်းနစ်၏ တချို့အရာများကို ဆုံးဖြတ်နိုင်လာကာ အင်အားစုတစ်ခုဖြစ်လာခဲ့သည်။

ဘုရင်အလက်ဇန္ဒားကိစ္စ၌ တော်ဝင်များက အတော်လေးကြိုးစားခဲ့ကြသည်။ သူတို့က သူတို့၏ အကျိုးစီးပွား မထိခိုက်လိုဘဲ အင်အားပြည့် စစ်ကိုမဆင်နွှဲလိုပေ။ ဒီအလက်ဇန္ဒရိုကဲ့သို့သော ခပ်ကြမ်းကြမ်းကိုင်တွယ်သူနှင့် ပဋိလပက္ခမဖြစ်လိုပဲ အင်ပါယာ၏အကျိုးစီးပွားကိုပေး၍ ညှိနိုင်လိုခဲ့သည်။

သွေးချောင်းစီးည မတိုင်မှီနေ့က အင်ပါယာ ၂၂ခုမှ သံတမန်များကိုခေါ်တွေ့ခဲ့ကြသည်။ တော်ဝင်များက အင်ပါယာတော်ဝင်မိသားစုကိုစိန်ခေါ်ကာ ပြသနာရှာကြသည်။

အင်ပါယာစစ်ဌာနချုပ်ရုံးကို သံသွေးတပ်ကလည်းကောင်း အင်ပါယာလွှတ်တော်ကို အင်ပါယာကင်းလှည့်တပ်ဖွဲ့ကလည်းကောင်း ဝန်းရံ၍ သတ်ဖြတ်ခဲ့သည့်သတင်းက တော်ဝင်မိသားစုများ၏အိမ်ထံရောက်သွားချိန်၌ ၎င်းတို့သည်လည်း အဝိုင်းခံလိုက်ရပြီဖြစ်သည်။ ကောင်းကင်ထိပျံ့လွင့်နေသောအော်သံများနှင့်အတူ ကြောက်ရွံ့နေသော တော်ဝင်များမှာ စစ်သည်များ၏ ဓားချက်အောက်တွင် တစ္ဆေများအဖြစ်သို့ပြောင်းသွားသည်။

END

Hail the king

All Chapters