← Chapters

ကြမ်းတမ်းရက်စက်မှု

Vol. 69 Ch. 1029

ကြမ်းတမ်းရက်စက်မှု

Vol. 69 Ch. 1029

အင်ပါယာလွှတ်တော်၏ အဓိကနန်းဆောင်အတွင်း………..

အပြင်ဘက်နံရံကို ကျောက်တုံးများနှင့်တည်ဆောက်ထားသော တံတိုင်းကြီးဖြင့် အရပ်မျက်နှာအနှံ့ကာကွယ်ထားသည်။ ဤနေရာက ကိုယ်ပိုင်ခံတပ်ကြီးသဖွယ်ဖြစ်နေသည်။ မင်းသားနှစ်ပါးက ကောင်းမွန်စွာလျှို့ဝှက်ထားနိုင်ရာအင်ပါယာလွှတ်တော်က သတိမထားမိပေ။

စစ်သည်များပြေးထွက်လာချိန်တွင်တော့ အတော်များများသေဆုံးသွားရပြီး ကျန်ရှိသော စစ်သည်အနည်းငယ်နှင့် ဂိတ်တံခါးကိုပိတ်ချနိုင်လိုက်သည်။ ကာကွယ်ရေးယန္တရားများ၏ ကောင်းမွန်မှုကြောင့် အင်ပါယာလွှတ်တော်မှာ စစ်သည်အများအပြားဆုံးရှုံးရသည့်တိုင် ခံတပ်ကိုမကျရှုံးအောင် ခုခံထားနိုင်ခဲ့သည်။

“ ဘယ်ကနေ သတ္တိတွေရှိနေတာလဲ မင်းတို့ အင်ပါယာလွှတ်တော်ကို ဘယ်လိုတိုက်ရဲနေတာလဲ ပုန်ကန်ချင်နေကြတာလား “ ဝတ်ကောင်းစားလှဝတ်ဆင်ထားသော တော်ဝင်တစ်ီဥးမှ ခံတပ်အတွင်းမှ အော်ဟစ်နေသည်။

“ ဝှစ် “

လေခွင်းသံက သူ့မေးခွန်းအတွက်အဖြေဖြစ်သည်။ ဒူးလေးမှပစ်ထွက်သွားသောမြားက ထိုတော်ဝင်၏ လည်မျိုကို စိုက်ဝင်သွားသည်။

မည်သည့်စကားမျှမဆိုဘဲ သံသွေးတပ်ဖွဲ့မှ စစ်သည်များက ခံတပ်ကြီးကို သိမ်းရန်စတင်ကြတော့သည်။

ဤရက်များအတွင်း အင်ပါယာလွှတ်တော်နှင့် စစ်တပ်အကြား အကြိတ်အခဲများက ပိုပိုစုဝေးလာသည်။ စစ်သားများမှ အင်ပါယာလွှတ်တော်က အင်ပါယာ၏ သိက္ခာမငဲ့ပဲ တော်ဝင်များ၏ အကျိုးအမြတ်များအတိုင်း ဆုံးဖြတ်ချက်ချနေ၍ မုန်းတီးနေသည်။ အင်ပါယာလွှတ်တော်သည်လည်း တပ်ဖွဲ့အချို့ကို ထိန်းချုပ်ထားသည်ဖြစ်ရဦ လွှတ်တော်ကို စီးနှင်းရန် အတော်လျှို့ဝှက်ခဲ့ရသည်။ အကယ်၍ စောစီးစွာသတင်းပေါက်ကြားပါက တော်ဝင်များနှင့်ပူးပေါင်းထားသည့် တပ်မှူးများ၏ အုံကြွမှုကြောင့် အခြေအနေပိုရှုပ်ထွေးမည်ဖြစ်သည်။

ကောင်းကင်ယံတိုင် လွှင့်ပျံနေသည့် ဟစ်ကြွေးသံများထွက်ပေါ်လာသည်။ အင်ပါယာလွတ်တော်ရုံးက လှိုင်ကြားမှ လှေငယ်အလား အချိန်မရွေးမှောက်သွားမည်နှယ်ဖြစ်နေသည်။

“ သူတို့ ပုန်ကန်နေကြတာပဲ သူတို့အင်ပါယာလွှတ်တော်ကို စီးနှင်းဖို့ကြိုးစားနေတာ သစ္စဖောက်တွေ စစ်သည်တွေရော မိသားစုတွေပါ ကြိုဆွဲသေဒဏ်ပေးသင့်တယ် “

“ ဘာဖြစ်တာလဲ ဘာလို့ဒီလိုဖြစ်လာတာလဲ ငါတို့ဘယ်လိုလုပ်ကြာမလဲ ကြာရှည်မခံတော့ဘူး ငါတို့ထပ်မခုခံနိုင်တော့ဘူး “

ပုံမှန်အားဖြင့် မောက်မာသော အင်ပါလွှတ်တော်၏ တော်ဝင်များမှာ ထိပ်လန့်ပြီး စိတ်ဓာတ်ကျနေကြသည်။ ခြေများပျော့ခွေနေပြီး မျက်နှာများလည်းဖြူလျော်နေကြသည်။

“ တိတ်ကြစမ်း မင်းတို့ဘာတွေဖြစ်နေတာလဲ သံသွေးတပ်ဖွဲ့နဲ့ အင်ပါယာလှည့်ကင်းပဲ အာရှာဗန်နဲ့ ဒိုမင်ဂွက်အရူးနှစ်ကောင်းပေါင်းလုပ်ကြံတာလား သူတို့က ပုန်ကန်ကြမလို့လား “ ထိုသို့ပြေလိုက်သူက အင်ပါယာလွှတ်တော်၏ ဥက္ကဌဖြစ်သည်။

“ ဥက္ကဌကြီး ကျွန်တော်တို့ဘာလုပ်ကြမလဲ ခံတပ်တံတိုင်းက နိမ့်လွန်းတယ် အချိန်ခနလောက်ပဲရမယ် မကြာခင်မှာပဲ အဲ့စစ်သားတွေဖောက်ဝင်လာလိမ့်မယ် ကျွန်တော်တို့က မပြင်ဆင်ထားတော့ စစ်အင်အာ၂၀၀၀လောက်ပဲရှိတယ် ကျွန်တော်တို့တစ်ခုခုလုပ်မှရမယ် “ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော တော်ဝင်ခြောက်ဦးက ဘေးတွင်ရပ်နေရင်း လွှတ်တော်ဥက္ကဌကြီးကိုပြောသည်။ သာမန်အချိန်များတွင် မောက်မာနေတတ်သော တော်ဝင်များမှာ ယခုတော့ကြောက်လန့်နေကြပြီဖြစ်သည်။

“ ဒိုမင်ဂွက်၊ အာရှာဗန်ဒီကလေးနှစ်ယောက်က တစ်ခါထဲနဲ့ ငါတို့ကို အပြတ်ရှင်းချင်နေတာပဲ ဒီတော့လည်း ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့ပေါ့ မင်းတို့ မမေ့နဲ့ သူတို့က သာမန်စစ်သားတွေပဲ ငါတို့မှာ လွှတ်တော်ကာကွယ်စောင့်ရှောက်သူ လအဆင့် ၃ယောက်တောင်ရှိတာ သူတို့အတွက် ငါတို့ကိုကယ်ထုတ်သွားဖို့က မခက်ပါဘူး “

အင်ပါယာ လွှတ်တော်ဥက္ကဌက မည်သည့်စိုးရိမ်မှုမှ ရှိပုံမရပေ။

ထိုအခါမှ အခြားတော်ဝင်များလည်း သက်ပြင်းချနိုင်သွားသည်။ သူတို့ဘက်တွင် လအဆင့်သုံးဦးရှိပြီး ထိုအထဲမှ တစ်ဦးက နှစ်ပေါင်းများစွာကထဲက ကျော်ကြားကဲ့သောမွန်းစတားအိုကြီးဖြစ်သည်။ သာမန်စစ်သည်များအဖို့ မည်သို့မျှမတားဆီးနိုင်ပါ။

အောက်ရှိတစ်ဖက်သတ်ဖြစ်နေသော တိုက်ပွဲကိုကြည့်ပြီး လွှတ်တော်ဥက္ကဌမှာ အံကြိတ်မိသွားသည်။

“ ဒါပေမယ့်ဒီကလေးနှစ်ယောက်ကိုဒီအတိုင်းလွှတ်မပေးနိုင်ဘူး “

ကြမ်းတမ်းရက်စက်မှု ၂

ရက်စက်ကြမ်းတမ်းဟန် ပေါ်လာပြီး လွှတ်တော်အမတ်က ဆိုသည်။ “ ငါတို့ သူတို့အတွက် အများကြီးလုပ်ပေးတာတောင် သူတို့ဒီလိုလုပ်တာလား ရတယ်လေ ငါတို့ကို လူ့ကျင့်ဝတ်မရှိဘူးလို့ အဆိုးမဆိုနဲ့ မြို့တွင်းနဲ့ မြို့ပြင်မှာ ငါတို့ထိန်းချုပ်ထားတဲ့ တပ်နှစ်တပ်ရှိသေးတယ် လအဆင့် အစောင့် အရှောက်တစ်ယောက်လွှတ်ပြီးပြောလိုက် မင်းသားအာရှာဗန်က သူ့သံသွေးတပ်နဲ့ တော်ဝင်နန်းတော်နဲ့ အင်ပါယာလွှတ်တော်ကို ဝိုင်းပြီး ထီးနန်းလုဖို့ကြိုးစားနေတယ်လို့ သူဪတို့ကိုပြောလိုက် သံသွေးတပ်ကိုတိုက်နိုင်တယ်လို့ မြို့ထဲဝင်ပြီးတာလုယက် ရွှေ ငွေ မိန်းမ ကြိုက်တာယူလို့ “

“ စစ်သားတွေကို စည်းဖျက်ခိုင်းပြီး လုယက် သတ်ဖြတ်ခိုင်းမလို့လား “

ထိုကြမ်းတမ်းသော အမိန့်ပေးမှုက အခြားတော်ဝင်များကို ရှော့ဖြစ်သွားစေသည်။

“ ဒီလို အမိန့်ပေးရင်တောင် အောင်မြင်ဖို့ ရာနှုန်းနည်းတုန်းပဲ မင်းသားနှစ်ပါးက ဇင်းနစ်ရဲ့ စစ်တပ်တစ်ဝက်ကို အုပ်စိုးထားတာ ကျုပ်တို့နှစ်တပ်ထဲနဲ့အောင်မြင်ပါ့မလား ပြီးတော့ မင်းသား အာရှာဗန်က စစ်နတ်ဘုရားပဲ သူကြိုတွေးမိပြီး ပြင်ဆင်ထားမှာပဲ “ တော်ဝင်တစ်ယောက်က စိုးရိမ်စွာပြောသည်။

“ ဟား ဟား ဟား သူတို့လုပ်နိုင်ရင်လည်းမထူးပါဘူး သူ့လက်အောက်မှာ လအဆင့် လက်ရွေးစင်တွေမရှိဘူးလေ ငါလိုအပ်တာက မြို့တော်နဲ့ အင်ပါယာတော်ဝင်မိသားစု ဖရိုဖရဲဖြစ်တာကိုပဲ မြို့တော်ပဲ သွေးချောင်းစီးပြီး တပ်ဖွဲ့နှစ်ခုလုံးပြုတ်သွားလဲ ကိစ္စမရှိဘူး တော်ဝင်မိသားစုရဲ့ ရက်စက်မှုအတွက် သူတို့ကို စတေးပြီး ငါတို့ဂုဏ်အသရေကိုယူကြတာပေါ့ ငါတို့တစ်ညပဲသည်းခံရမှာ မနက်ဖြန်နေထွက်တာနဲ့ ဒီအလက်ဇန္ဒရိုက ရောက်လာပြီပဲ ဒီကလေးနှစ်ယောက် စစ်သည်တစ်သန်းအမိန့်ပေးနိုင်တောင်ဘာအရေးလဲ “

လွှတ်တော်ဥက္ကဌ၏ လေသံအေးစက်ပြီး ကြောက်မက်ဖွယ်ရာဖြစ်နေသည်။ သူ့အစီအစဉ် ကအင်ပါယာတစ်ခုလုံး ကိုသစ္စာဖောက်ခြင်းဖြစ်ပြီး စက်ဆုတ်စရာကောင်းလှသည်။

သူ့ အစီအစဉ်အောင်မြင်ပါက တော်ဝင်မိသားစုက မြို့တော်ကို ပြန်ထိန်းချုပ်နိုင်လျှင်ပင် မြို့သေကြီးပြန်ရသည်နှင့်ခြားမည်မဟုတ်ပေ။

“ ဒါပေမယ့် “ တော်ဝင်တစ်ဦးက ကြားဖြတ်ပြောသည်။ “ ကျွန်တော်တို့က ဒီအလက်ဇန္ဒရိုစိတ်ဘယ်လိုရှိမှန်းသိတာမဟုတ်ဘူး သူက မောက်မာပြီး ရက်စက်တယ်လို့ကြားတယ် “

“ ဘာမှမပူနဲ့ ငါသူနဲ့ ချိတ်ဆက်ပြီးသွားပြီ ဒီညငါတို့က သူရဲ့သူလျှိုပဲ ဒီညငါတို့ မြို့တော်ကိုသာ ဖရိုဖရဲ ဖြစ်အောင်လုပ်နိုင်ရင် နက်ဖြန်ကျ ငါတို့ ဂုဏ်သိက္ခာအရှိဆုံးအရာရှိတွေဖြစ်မှာပဲ အကောင်းဆုံးရင်းမြစ်တွေနဲ့ မြင့်မားတဲ့ အဆင့်အတန်းကိုရမယ် ငါတို့ပိုရရင်တောင်ရဦးမှာ နောက်ကျ အင်ပါယာလွှတ်တော်က ဇင်းနစ်ရဲ့အုပ်စိုးသူဖြစ်လာရင်တောင်ဖြစ်လာမှာ ငါတို့ကို ဘယ်သူမှခြိမ်းခြောက်နိုင်တော့မှာမဟုတ်ဘူး “ လွှတ်တော်ဥက္ကဌကဆိုသည်။

အဖိုးကြီးစကားကြောင့် အားလုံး မှင်သက်သွားကြသည်။ အဘိုကြီးစကားက ရှင်းလင်းလှသည်။ သူက သစ္စာဖောက်ဖို့ကြိုတင်ပြင်ဆင်ထားပြီး အားလုံးကိုသူနှင့်အတူ သစ္စာဖောက်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

လူများ၏ မျက်နှာရှိတွေဝေနေဟန်ကိုမြင်တော့ လွှတ်တော်ဥက္ကဌက အော်ဟစ်သည်။ “ ငါလူတို့ ဒါကသစ္စာဖောက်တာမဟုတ်ဘူး တော်ဝင်မိသားစုက အရင်ရက်စက်တာ ငါတို့က ဒါကို ခုခံမှုအတွက်ပဲလုပ်တာ အဲ့အရူးနှစ်ယောက်ကတော်ဝင်တွေရဲ့သွေးစွန်းထင်းနေတဲ့ချမ်းဘော့ဒ်ဘုရင်ကို ကာကွယ်နေခြင်ကြတာ အဲ့လူသတ်သမားအသတ်ရှင်နေသ၍ ငါတို့ကောင်းကောင်းနေရမှာမဟုတ်ဘူး အခုတော့ တော်ဝင်မိသားစုက သန့်စင်ရေးစနေပြီ ငါတို့ကိုတွန်းအားပေးနေတာ ငါတို့သေရင်တောင် တော်ဝင်မိသားစုပါလိုက်သေရမယ် “

မီးရောင်အောင်တွင် ဥက္ကဌ၏မျက်နှာကြီးက နတ်ဆိုးတစ်ကောင်လို ကြမ်းတမ်းရက်စက်လှသည်။ ရုတ်တရက် အဆောက်အဦးတွင်းမှ အလင်းတန်းတစ်ခုထွက်လာသည်။

“ လူတစ်ယောက် ထွက်ပြေးဖို့ကြိုးစားနေတယ် လအဆင့်လက်ရွေးစင်ဘဲ မြန်မြန်တားကြ “ သံသွေးတပ်မှ တပ်သားများက အော်ဟစ်လိုက်သည်။

All Chapters