ရှေးဟောင်းခေတ်မှရာဘာလက်သီးသိုင်း
Vol. 69 Ch. 1031
လူဖီကထူးဆန်းသောလက်သီးနည်းစနစ်ကို အသုံးပြုနေသည်က ထင်းရှားသည်။ သူ့လက်သီးများက စပရိန်တစ်ခုလို ပျော့ပြောင်းနေပြီး မည်သည့်ထောင့်ကမဆို တိုက်ခိုက်နိုင်ရာပို၍ပင်အစွမ်းထက်နေ၏။ ထိုပြင် လက်သီးချက်များကလည်း ပြင်းထန်လှသည်။ လက်သီးချက်ထိတိုင်း ကျောက်နံရံများပင် စက္ကူသဖွယ်ဖောက်ထွက်ချိုးဖြတ်ခံလိုက်ရသည်။
တံတိုင်းကြီးပြိုကျသွားသောအခါ ဖုန်းများသဲများထသွားသည်။ ခရစ်ဆွန်တန်သည်လည်း လူဖီထိုလက်သီးသိုင်းကို စကျင့်သည်ကိုမြင်သောအခါက အံ့ဩသင့်ခဲ့သေးသည်မဟုတ်ပါလော။
သူက သိုင်းတော်ဝင်မိသားစုတစ်ခုမှဖြစ်ရာသိုင်းဗဟုသုတ အလွန်ကျယ်ပြောပြီး သိုင်းပညာအတော်များကို သိရှိသည်။ ယခုသိုင်းပညာကို သူမသိသလို ကြားပင်မကြားဖူးပေ။ ဤ သိုင်းပညာက အစွမ်းအလွန်ထက်ပြီး ခုခံရလည်းအလွန်ခက်သည်။
လူဖီ၏ လက်များက အရိုးမဲ့နေသည့်ပုံဖြစ်နေပြီး အရွယ်အစားပြောင်းလဲနိုင်သလို တိုက်ခိုက်ရာ အရပ်မျက်နှာကိုလည်းပြောင်းလဲနိုင်သည်။ သူ့လက်များက စပါးကြီးမြွေများသဖွယ်ဖြစ်နေသည်။ ဖန်တီးသူက အားအတော်စိုက်၍ လမ်းကြောင်းအသစ်ဖောက်ထားကြောင်း သိနိုင်သည်။
လူဖီ၏ ဤလက်သီးသိုင်းက ရာဘာလက်သီးသိုင်းက သိုင်းသူတော်စင် အလဇန္ဒားထံမှလာခြင်းဖြစ်သည်။
ထို့ကြောင့် အင်ပါယာသိုင်းသူတော်စင်ကို ဆွန်တန်က ပို၍လေးစားသွားသည်။ သိုင်းသူတော်စင်ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုးသာ ထိုသို့စွမ်းဆောင်နိုင်မည်ဖြစ်သည်။
မြေပြင်၌ ခဏမျှတိတ်ဆိတ်သွားပြီး ခံတပ်သိမ်းစစ်ဆင်နွှဲနေသော တပ်သားများထံမှအားပေးသံများထွက်ပေါ်လာသည်။ သူတို့က ဟစ်ကြွေးရင်း ပြိုကျနေသောတံတိုင်းထံပြေးဝင်လာသည်။ တံတိုင်းမရှိသည်နှင့် အင်ပါယာလွှတ်တော်၏ အားနည်းသောခံစစ်က ကြမ်းတမ်းသောသံသွေးတပ်သားများကိုမခုခံနိုင်တော့ပေ။ ခနမျှလွှတ်တော်ခုခံရေးတပ်သားများခုခံပြီး လက်နက်ချအရှုံးပေးကြတော့သည်။
ပြန်လည်တိုက်ခိုက်ကြသော ဆရာသခင်များရှိသေးသော်လည်း လူဖီ၏လက်အောက်တွင်မှောက်သွားကြသည်။ လူဖီ၏ လျှင်မြန်ဖျက်လက်သော လက်သီးများက ဆယ်မီတာအထိပင်ရှည်လျားလှ၏။
တစ်ချို့သော ဓားလက်နက်များက လူဖီ၏ လက်ကိုခုတ်မိသည်။ သို့သော်လည်း ထိုအရာများက ချပ်ဝတ်ပါးကိုပိုင်းဖြတ်နိုင်သော်လည်း လူဖီကိုခုတ်သည်နှင့် မာကျောသောရာဘာတုံးကိုခုတ်မိသည့်အလား ပြန်ကန်ထွက်သွားသည်။ လူဖီ၏ ခန္တာကိုယ်က အသွေးအသားဖြင့် မဖွဲ့တည်ထားသည့်အလား ခုတ်ဖြတ်ရန်မဖြစ်နိုင်ဖြစ်နေသည်။
“ အဘိုးကြီး ဘယ်လိုလုပ်ငါ့ဆရာကို မကောင်းပြောရဲတာလဲ ငါမင်းကို အသားလုံးလုပ်ပစ်မယ် “
လူဖီက အင်ပါယာလွှတ်တော်ဥက္ကဌကိုကြည့်ပြီး သူ့လက်များကို မီတာနှစ်ဆယ်လောက်ဆန့်ထုတ်လိုက်သည်။ ထို့နောက် ပြိုကျနေသော နံရံစွန်းနှစ်ခုကိုကိုင်၍ သူ့ရာဘာလက်များကို လေးကိုင်သဖွယ်သုံးကာ ခန္တာကိုယ်ကို ပစ်လွှတ်လိုက်သည်။ သူ့ခန္တာကိုယ်က မီတာ၆၀လောက်လွင့်တက်သွားပြီး လွှတ်တော်ဥက္ကဌထံ ပြေးဝင်သွားသည်။
လူဖီ၏ ရာဘာလက်သီးသိုင်းက ဒဏ္ဍာရီလာခေတ်မှ ရှားပါးသော နည်းစနစ်တစ်ခုဖြစ်သည်။ ထိုလက်သီးသိုင်းက ကိုယ့်လမ်းကိုယ်ဖောက်သည့်ပညာရပ်ဖြစ်ပြီး အခြားသောအဓိကနည်းစနစ်များမှခွဲထွက်နေသည်။ ထိုပညာရပ်က ဖရိုးဖရဲခေတ်တွင်နာမည်ကြီးပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို ပင်ယှဉ်တိုက်နိုင်သဖြင့် ဂုဏ်သတင်းမွှေးကြောင်း နတ်ဆိုးဘုရင်၏ဓားတွင် မှတ်တမ်းတင်ထားသည်။
လူဖီ ဖေး၏ တပည့်ဖြစ်လာပြီးနောက် ဤနည်းစနစ်ကိုစိတ်ဝင်စားသည့်အပြင် ဖေးစမ်းသပ်စစ်ဆေးကြည့်ရာ လူဖီက ရာဘာလက်သီးသိုင်း၏ လိုအပ်ချက်နှင့်လွန်စွာကိုက်ညီသော ရာဘာနှလုံးသားခန္တာကိုယ်ကို ပိုင်ဆိုင်ထားကြောင်းသိလိုက်ရသည်။
ထို့ကြောင့် လူဖီက အလွယ်တကူကျင့်ကြံနိုင်ပြီး လျှင်မြန်စွာသန်မာလာခြင်းဖြစ်သည်။ ထို့ပြင် ဖေးက လွန်စွာတန်ဖိုးကြီးသော ဆေးမြစ်များစွာကို လူဖီအတွက်အသုံးပြုပေးသေးသည်။ တစ်လကြာပြီးနောက် လူဖီထိုလက်သီးသိုင်းအဆင့်တစ်ကိုအောင်မြင်ကာ အဆင့်ခြောက်သိုင်းစစ်သည်ဖြစ်လာခဲ့သည်။
လူဖီက ဖေးကို အဖေအရင်းတစ်ယောက်လို လေးစားသူဖြစ်သည်။ ထို့ကြောင့် သူက လွှတ်တော်ဥက္ကဌ၏ စော်ကားသည့်စကားများကို သည်းမခံနိုင်ပေ။ ထို့ကြောင့် ခံတပ်ကျသည်နှင့်ထိုအဘိုးကြီးကို သူ အလွတ်မပေးခြင်းဖြစ်သည်။
“ အားကယ်ကြပါဦး ကယ်ကြပါဦး “
ရှေးဟောင်းခေတ်မှရာဘာလက်သီးသိုင်း ၂
လေပြင်းများ တိုက်ခတ်လာရာ ကောက်ကျစ်တတ်သော လွှတ်တော်ဥက္ကဌကြီးလည်း ကြောက်လန့်သွားသည်။ သူ့စိတ်ထဲတွင် လူဖီ၏ လက်သီးသိုင်းက စွဲထင်နေရာ မကောက်ကျစ်နိုင်တော့ပဲ အလန့်တကြား အော်ဟစ်တော့သည်။
အစောင့်အချို့ ပြေးဝင်လာပြီး လူဖီမကပ်နိုင်အောင် ဒိုင်များနှင့် လမ်းကြောင်းကို ကာထားကြသည်။
“ ဘမ်း ဘမ်း ဘမ်း “
လူဖီရောက်မလာမှီ သူ့လက်သီးက အရင်ရောက်လာ၏။ လက်သီးချက်က ဒိုင်များကိုကွဲ ကြေသွားစေပြီး အစောင့်များကို လွင့်ထွက်သွားစေသည်။
“ ဘမ်း “
အောက်သို့ကျလာသော အစောင့်များ အသက်ရှင်သည်လား သေသည်လားမပြောနိုင်ပေ။
အင်ပါလွှတ်တော်ဥက္ကဌကြီးမှာ ထိုမြင်ကွင်းကြောင့် ထိပ်လန့်သွားပြီးလှည့်ပြေးတော့သည်။ ပြေးနေရင်းပင် ချော်လဲပြီး မျက်နှာပြင်ကျကာ သွားကျွတ်သွားသဖြင့် ပါးစပ်မှာ သွေးသံရဲရဲဖြစ်သွားသည်။
သူက ပါးစပ်မှသွေးသံရဲရဲနှင့် အော်ဟစ်နေသည်။ “ မစ္စတာ မွန်တိုရာ မစ္စတာစတုတ် ကယ်ပါဦး ကျုပ်ကိုကယ်ပါဦး “
ထိုအမည်များက ကျန်ရှိသော အင်ပါယာလွှတ်တော်၏ လအဆင့်နှစ်ဦး၏ အမည်ဖြစ်သည်။
စတုတ်က မြို့တော်တွင်မွန်းစတားအိုကြီးအဖြစ်ထင်ရှားသည်။ သူ ထင်ရှားသည်က နှစ်များစွာကြာနေပြီး စိတ်တိုကာ ကြမ်းတမ်းသူဖြစ်သည်။ သူက လူပေါင်းများစွာသတ်ဖြတ်ခဲ့ပြီး မည်သူမျှ သူ့ကို ရန်မစရဲပေ။ သူက အင်ပါယာရက်ဆင်ပြီးနောက် အသန်မာဆုံးသူအဖြစ်မြို့တော်တွင်ကျော်ကြားသည်။
ဖေးမြို့တော်ထဲ ဖောက်ဝင်လာပြီး မင်းသားအာရှာဗန်ကို မေးခွန်းထုတ်စဉ် ဤအဖိုကြီးမောက်မာစွာပေါ်လာဖူးသည်။ ထိုအချိန်က မင်းသားအာရှဗန်နှင့် အင်ပါယာလွှတ်တော်မှာ ဆက်ဆံရေးကောင်းပြီး တစ်ယောက်ကိုတစ်ယောက်အသုံချနေချိန်ဖြစ်သည်။ အဖိုးကြီးက ဖေး၏ ခေးအော့ဖလ္လင်ကိုလောဘတတ်လုယူရန် ကြိုးစားခဲ့သော်လည်း တူချက်မိကာ အမှောက်သိပ်ခံရပြီး သေမလိုဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ မျက်နှာမပြဘဲ ဒဏ်ရာကုသနေသူဖြစ်သည်။
လွှတ်တော်ဥက္ကဌအသံထွက်လာသည်နှင့် လအဆင့်လက်ရွေးစင်နှစ်ဦးချက်ချင်းပေါ်လာသည်။
အနီရောင်နှင့် အပြာရောင် စွမ်းအင်မီးတောက်နှစ်ခုမှာ ခံတပ်အတွင်းအနက်ပိုင်းမှနေ၍ ပြင်းထန်သောအရှိန်အဝါများထုတ်ဖော်ကာထွက်လာသည်။ ထို့နောက် စွမ်းအင်နှစ်ခုက မုန်တိုင်းတစ်ခုဖန်တီးလိုက်ပြီး ခံတပ်ကိုစီးနှင်းနေသော စစ်သည်များကို ကောက်ရိုးစများသဖွယ်လွှင့်ထွက်သွားစေသည်။ မြေပြင်၌လည်း ကျောက်တုံးအများအပြားကိုလွင့်ပျံသွားစေပြီး စစ်သည်များကို ဒဏ်ရာအပြင်းအထန်ရသွားစေသည်။
လအဆင့်လက်ရွေးစင်နှစ်ဦးပေါ်လာသည်က ကြီးကျယ်သောဖြစ်ရပ်များကိုဖြစ်သွားစေသည်။
ကြယ်ခြောက်ပွင့်ဖြစ်သော လူဖီပင်လျှင်သက်ရောက်မှုခံလိုက်ရသည်။ သူက လဲပြိုမသွားစေရန်ပြိုကျနေသောခံတပ်နံရံကိုကိုင်ထားပြီး လက်များကမီတာနှစ်ဆယ်လောက်ရှည်ကာ ခန္တာကိုယ်ကလေထဲလွင့်မြောနေသည်။ သူတစ်ဦးသာ လေမုန်းတိုင်း၏ သက်ရောက်မှုမခံရခြင်းဖြစ်သည်။
“ သတ် သတ် သတ် သူ့ကိုသတ် “ အင်ပါယာလွှတ်တော်ဥက္ကဌက မုန်းတီးစွာအော်သည်။ သူက ခွေးတစ်ကောင်ကို လိုက်သလိုအလိုက်ခံခဲ့ရသည်။ ထို့ကြောင့် လူဖီကိုမုန်းတီးနေခြင်းဖြစ်သည်။
လအဆင့်လက်ရွေးစင် မွန်တိုရာက ခေါင်းငြိမ့်လိုက်ပြီး အပြာရောင်စွမ်းတစ်ခုကို လူဖီထံ အလင်းတန်းအဖြစ်ပစ်လွှတ်လိုက်သည်။
“ ဟမ့် “ တိုက်ပွဲကို အဝေးမှကြည့်နေသော ခရစ်ဆွန်တန်က နှာခေါင်းရှုပ်ပြီး ရုတ်တရက်လှုပ်ရှားလိုက်သည်။
သူက လက်ညှိုးကို အသာအယာညွှန်လိုက်ပြီး လက်ညှိုးမှ ရွှေရောင်အလင်းတန်းထွက်သွားပြီး အပြာရောင်အလင်းကို အလွယ်လေးချေဖျက်လိုက်သည်။
END