ရွှေရောင်နေသူရဲ
Vol. 69 Ch. 1032
“ မင်းရဲ့ပြိုင်ဘက်က ငါဘဲ “
လူဖီကို အောင်မြင်စွာကယ်တင်ပြီးနောက် ဆွတ်တန်မှာ လအဆင့်လက်ရွေးစင်နှစ်ဥ◌ီးကို ရင်ဆိုင်လိုက်သည်။ သူက လေထုထဲသို့လက်သီးဆုပ်လိုက်ပြီး ရွှေရောင်စွမ်းအင်များထွက်ပေါ်လာကာ လေထုကိုလောင်ကျွမ်းသွားသည်။ ထို့နောက် ရွေရောင်လှံတစ်ချောင်းလေထုထဲမှပေါ်ထွက်လာသည်။ ထိုလှံက သုံးမီတာရှည်ကာ ကလေးလက်မောင်းလုံးခန့်တုတ်ပြီး လှံကိုယ်ထည်၌ ရုန်းများထိုးထားသည့်နှယ်ရှိသည်။ ထိုလှံအတွင်း၌ စွမ်းအင်များစီးဆင်းနေသည်ပုံထင်ရသည်။
ဆွန်တန်၏ လှံတံကို နောက်ဆုံးအကြိမ်ဖေးနှင့်ဆွန်တန်တို့တိုက်ခိုက်စဉ်က ဖေးဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဖေးသူ့ကို လှံတံတစ်ခု လက်ဆောင်ပေးခဲ့သည်။ ထိုလှံက လူပုတို့၏ဘိုးဘေးနန်းဆောင်တွင်အချိန်ကိုကျော်လွန်၍ ကျန်ရှိခဲ့ခြင်းဖြစ်ပြီး ဖေးထိုနေရာမှရခဲ့ခြင်းဖြစ်သည်။ ထိုလှံက အဆင့်လေးတိုက်ခိုက်ရေးလက်နက်ဖြစ်ကာ အတော်လေး အစွမ်းထက်သည်။
ဆွန်တန်ကလှံတံကို လှုပ်ခါလိုက်သောအခါ ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းများဖြာကျလာသည်။ ထို့နောက် နတ်ဘုရားတို့ဒေါသထွက်နေသည့်အလား ရွှေရောင်အလင်းတန်းများက လအဆင့်လက်ရွေးစင်များထံတိုးဝင်ဖုံးလွှမ်းသွားသည်။
ယခုဆွန်တန် နှစ်ယောက်တစ်ယောက်တိုက်ပွဲတိုက်ခိုက်နေပြီး အင်ပါလွှတ်တော်၏ အစောင့်နှစ်ဦးကို အောက်စည်းမရောက်ပဲ ဟန့်တားနိုင်နေသည်။
“ မဖြစ်နိုင်ဘူး “ မွန်းစတားအိုကြီး စတုတ်မှာ ဒေါသတကြီးအော်ဟစ်နေသည်။
သူ၏ မီးခိုရောင်ဖြူဖွေးနေသော ဆံပင်များထောင်မတ်ကာ ခန္တာကိုယ်တစ်ခုလုံး စွမ်းအင်များဖုံးလွှမ်းနေသည်။ လက်ရှိဖြစ်ရပ်က သူ့ကိုစော်ကားနေသလိုဖြစ်သဖြင့် သူဒေါသထွက်နေခြင်းဖြစ်သည်။ သူက ဂျူနီယာတစ်ယောက်ကို အခြားလအဆင့်လက်ရွေးစင်တစ်ဦးအကူအညီနှင့်တိုက်သည့်တိုင်အနိုင်မရသေးပေ။ ဆွန်တန်က ကလေးသာသာဖြစ်ပြီး စတုတ်က နှစ်ပေါင်းများစွာကြာအောင်နာမည်ကြီးခဲ့သော လအဆင့်လက်ရွေးစင် တစ်ဦးဖြစ်ပြီး ယနေ့ဖိနှိပ်ခံနေရသည်။ ထို့ကြောင့် ဖြစ်နေသောဒေါသက သွေးများပေါက်ထွက်လုနီးပါးဖြစ်နေသည်။
သို့သော်လည်း ဆွန်တန်၏ လှံတံက နတ်ဘုရားတို့၏ ဝိညာဉ်သဖွယ် မရပ်တန့်နိုင်သော စွမ်းအားများပြည့်နေပြီး လှပသောတိုက်ကွက်များကို ထုတ်ဖော်နေသည်။ ရွှေရောင်စွမ်းအင်များက ရွှေရောင်နဂါးများသဖွဖယ်ကောင်းကင်ယံတွင် ဝဲပျံရင်း လအဆင့်လက်ရွေးစင်နှစ်ဦးကိုတိုက်ခိုက်နေသည်။ သူက မွန်တာနာနှင့် စတုတ် မွန်းစတားအိုကြီးနှစ်ယောက်ကို တစ်ကိုယ်ထဲ ထိန်းနေခြင်းဖြစ်သည်။ သူ၏ သတ္ထုဓာတ်စွမ်းအင်များက တားဆီးသမျှအတားအဆီးမှန်သမျှကို အပိုင်းပိုင်းဖြတ်ပစ်သည်။ မကြာခင်မှာပင် သူ့ပြိုင်ဘက်များမှာ မည်သို့မျှမတိုက်ခိုက်နိုင်တော့ဘဲ ခုခံရသည့်အဆင့်သို့ရောက်သွားသည်။
ရွှေနေသူရဲကောင်း၏ တိုးတက်နှုန်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက လအဆင့်သို့ရောက်သည်က နှစ်လပင်မကြာသေးသော်လည်း နှစ်ပေါင်းများစွာလအဆင့်ရောက်နေသူများကို ဖိနှိပ်နိုင်ပေသည်။
ထို့နောက် ကောင်းကင်မှ ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ လင်းလက်လာပြီး ဆွန်တန်၏ ကိုယ်မှ ထက်ရှသောအရှိန်အဝါများနှင့်အတူ လူမကြည့်နိုင်လောက်အောင် တောက်ပလာသည်။ အခြေအနေက သံသွေးတပ်သားများ၏ ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနေသည်။
မကြာခင်မှာပင် အင်ပါယာလွှတ်တော်၏ တံတိုင်းများပြိုလဲသွားပြီဖြစ်သည်။ လူဖီပြန်လည်ပါဝင်လာခြင်းနှင့်အတူ သံသွေးတိုက်၏ ခံတပ်ချိုးဖျက်မှုက ပြိုင်ဘက်ကင်းသွားသည်။ ကြယ်ခြောက်ပွင့်စစ်သည်က သာမန်စစ်သည်များအတွက် ပြိုင်ဘက်ကင်းသောတည်ရှိမှုဖြစ်သည်။
အင်ပါယာလွှတ်တော်၏ စစ်သည်၂၀၀၀မှာ လအဆင့်လက်ရွေးစင် များပေါ်လာစဉ်က ပြန်လည်ခုခံကြသေးသည်။ သို့သော်လည်း ခရစ်ဆွန်တန် ပေါ်လာသည်နှင့် သာမန်စစ်သည်များမှာ အရေးမလှဖြစ်ပြီး အင်းအား၆၀၀ကျရှုံးက ကျန်သည့်အင်ပါး၁၄၀၀မှာလည်း အရေးနိမ့်သည်နှင့် လက်နက်များချကာ ဒူးထောက်၍ အညံ့ခံကြသည်။
“ ခွှင့်လွှတ်ပေးပါ ခွှင့်လွှတ်ပေးပါ ကျွန်တော်တို့မှားသွားပါတယ် “
အင်ပါယာလွှတ်တော်ဥက္ကဌလည်း အခြေအနေမကောင်းလှပေ။ တစ်ကိုယ်လုံးရှုပ်ပွပြီး သွေးသံရဲရဲဖြစ်နေသည်။ သူက မှော်စာလိပ်တစ်ခုထုတ်ပြီး ပေါ်တယ်တစ်ခုဖွှင့်ကာ ထွက်ပြေးရန်ပြင်သော်လည်း လူဖီ၏ ပြန်လည်ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။
ယခုတော့မောက်မာပြီး ရက်စက်သည့် တော်ဝင်မျိုးနွယ်ဝင်မှာဒူးထောက်၍ အသက်ချမ်းသာပေးရန်တောင်းပန်တော့သည်။ လူဖီလည်း ထိုလူကိုရွံလွန်း၍ ဘာမျှမပြောဘဲလက်သီးတစ်ချက်ဖြင့်ပင် အဆုံးသတ်ပေးလိုက်သည်။
တိုက်ပွဲမှာ မကြာခင်မှာပင်ပြီးဆုံးသွားပြီး အင်ပါယာလွှတ်တော်မှာရှုံးနိမ့်သွားပြီဖြစ်သည်။ ကောင်းကင်ယံရှိဆရာသခင်များ၏ တိုကပွဲမှာလည်း ပြီးဆုံးတော့မည်ဖြစ်သည်။
ရွှေရောင်နေသူရဲ ၂
ဆွန်တန်၏ နဂါးလှံက အနည်းငယ်ပိုအားနည်းသော မွန်တိုရာ၏ လယ်မျိုကိုဖောက်ကာ သူ့အသတ်ကိုနှုတ်ယူလိုက်သည်။ ထက်ရှသော သတ္ထုဓာတ်စွမ်းအင်က ခန္တာကိုယ်အတွင်းထိုးဖောက်ဝင်ရောက်သွားပြီး သွေးမြူများအဖြစ်ပြောင်းလဲသွားစေသည်။
မွန်စတားအိုကြီး စတုတ်သည်လည်း ဒဏ်ရာများရရှိထားသည်။ ဖေးနှင့် တိုက်ခိုက်စဉ်က ရရှိထားသောဒဏ်ရာများမှာ မသက်သာသေးပေ။ သူ ၅၀ရာနှုန်းသာ အင်းအားသုံးနိုင်သေးသည်။
ကြမ်းတမ်းသော ဆွန်တန်နှင့် တိုက်ခိုက်ရာတွင်သူသေခြင်းတရားကို အာရုံခံမိလာသည်။ တစ်ခနမျှ သူ့ခေါင်းထဲတွင် သူလုပ်ခဲ့သော မကောင်းမှု ဒုစရိုက်များပြန်မြင်ယောင်လာသည်။ သူညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများ၏ မျက်နှာများကိုလည်း တစ်ခုခြင်းပြန်မြင်ယောင်လာ၏။
ထိုမျှစက္ကန့်ပိုင်းလေး အာရုံလွင့်ပြန်မှုရလဒ်က သူ့နှလုံးသားတွင်းတိုးဝင်သွားသောဆွန်တန်၏လှံချက်ဖြစ်သည်။
ထူးဆန်းသောအပြုံးကိုပြုံး၍ မွန်းစတားအိုကြီးမှာပါးစပ်မှ သွေးများထွက်လျက်နောက်ဆုတ်သွားသည်။ “ငါဒီမြေမှနှစ်ပေါင်းများစွာကြီးစိုးခဲ့ပြီး လူတော်တော်များများသတ်ခဲ့တယ် ငါနောင်တမရပါဘူး ချမ်းဘော့ဒ်ဘုရင်သာငါ့ကိုမတိုက်ထားရင် မင်းငါ့ကိုနိုင်ဖို့အခွှင့်အရေးဘယ်ရှိမှာလဲ ငါသေရရင်တောင် မင်းလိုအားနည်းတဲ့ဂျူနီယာလက်ထဲမှာမသေနိုင်ဘူး ငါကံကြမ္မာကိုငါပဲဆုံးဖြတ်မယ် “
ထိုသို့ပြောပြီးနောက် ကောင်းကင်ထက်၌ ပေါက်ကွဲသံကြီးနှင့်အတူ မီးလုံးကြီးတစ်လုံးပေါ်ထွက်လာသည်။ မွန်စတားအိုကြီး သူ့ကိုယ်သူဖောက်ခွဲလိုက်ခြင်းဖြစ်သည်။
ဆွန်တန်က သူ့လှံကိုရုတ်သိမ်းလိုက်ပြီးနောက် မြေပြင်သို့ လက်ဝါးဖြင့်လှမ်း၍ တိုက်ခိုက်ရမဝသေးသော လူဖီကို ဖမ်းယူလိုက်သည်။ ထို့နောက် သိုင်းသူတော်စင်တောင်သို့ အလင်းတန်းအဖြစ်ပြောင်း၍ ပြန်သွားလိုက်သည်။ အောက်ရှိစစ်သားများထံမှ သူတို့ကိုအားပေးသောသံတစ်ခနက်ထွက်လာသည်။
ယခုတိုက်ပွဲပြီးနောက် ဇင်းနစ်အင်ပါယာရှိ ခြစားနေသော တော်ဝင်များမှအမြစ်မှမြေလှန်ပြီးပြီဖြစ်သည်။
စစ်သားများက စစ်မြေပြင်ကိုစတင်၍ ရှင်းလင်းကြသည်။
ခပ်လှမ်းလှမ်းရှိ အဆောက်အဦးထိပ်တွင် နတ်ဆိုးအမျိုးသမီးပဲရစ်မှာ သက်ပြင်းချနေသည်။ သူမ၏ မျက်နှာတွင်အပြုံးတစ်ပွင့်ရှိနေပြီး သူမ၏ ချပ်ဝတ် ဓားတို့တွင်သွေးများစွန်းထင်းနေသည်။
ဤ သွေးစွန်းသောညတွင် စိန့်ပီတာဘတ်မြို့၌ နေရာအနှံ့တိုက်ပွဲများဖြစ်နေသည်။
ခြစားနေသည့် နိုဘယ်များမှာ သေခြင်းတရားနှင့်ကြုံရမည်ကိုသိ၍ လက်နက်ချအရှုံးမပေးကြပေ။ သူတို့က ပြန်တိုက်ခိုက်ရန်လုပ်ကြပြီး ဖုန်းကွယ်ထားသည် အင်အားကိုထုတ်ပြကြသည်။ နှစ်ဖက်လုံးဝှက်ဖဲများထုတ်သုံးလိုက်ကြရသည်။
ကံကောင်းသည်က မင်းသားနှစ်ပါးလုံးမှာ လျှို့ဝှက်နိုင်ခဲ့သကဲ့သို့ ကောင်းစွာလည်း ပူးပေါင်းနိုင်ခဲ့သည်။ တော်ဝင်များက မည်သည့်သတိပေးချက်မှမရဘဲ အလစ်အငိုက်တိုက်ခိုက်ခံလိုက်ကြရသည်။ သူတို့က တစ်ယောက်ခြင်း ဝိုင်းရံသတ်ဖြတ်ခံလိုက်ရပြီး တစ်ယောက်ကိုတစ်ယောက်သတိပေးနိုင်ခြင်းလည်းမရှိခဲ့ကြပေ။
ယခုက ညသန်းခေါင်ယံချိန်တွင်သာရှိသေးပြီ နေထွက်ရန်၆နာရီကြာလိုသေးသည်။ ရှင်းလင်းရေးက အပြည်အဝအောင်မြင်ခဲ့သည်။
မဟာအစီအစဉ်၏ ပထမဆုံးခြေလှမ်းက ကွပ်မျက်ရန်ဖြစ်သည်။ သို့သော်လည်း ဇင်းနစ်အင်ပါယာ၏ အခြေအနေက အရေးကြီးနေပြီး ဤအောင်မြင်မှုတစ်ခုထဲနှင့် မပြောင်းလဲနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဇင်းနစ်အင်ပါယာမှာ မိုးလင်းသည်နှင့် ကြောက်မက်ဖွယ်ရာ ရန်ဘက်ကို ရင်ဆိုင်ရတော့မည်ဖြစ်၍ ဖြစ်သည်။ တိုက်ကြီးတစ်ခုလုံးအတွက်သိုင်းသူတော်စင်၏ နံပါတ်နှစ် ဒီအလက်ဇန္ဒရို ရောက်လာမည်ဖြစ်ပြီး သူ့နှင့်ယှဉ်ဘက် မရှိပါက ဇင်းနစ်၏ ကြမ္မာမှာ ဆိုးရွားတော့မည်ဖြစ်သည်။
အမျိုးမျိုးသော အချက်ပြမီးများ ကောင်းကင်ယံတွင်ထွန်းလင်းနေသည်။ ထို့နောက် ရှင်းလင်း၍ ပြင်ဆင်ခြင်းများ အကြီးအကျယ်စတင်တော့သည်။
“သွားကြစို့ “ ပဲရစ်က မီးတောက်များကိုကြည့်ရင်း စိတ်အေးသည့် အမူအရာနှင့်ဆိုသည်။
ထို နတ်ဆိုးအမျိုးသမီး၏ ဘေးတွင်တော့ ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံဝတ်လူရှိနေသည်။ ထိုလူက နေရာလပ်နှင့် ပေါင်းစပ်နေပြီး သူတည်ရှိနေသော်လည်း သူ့နေရာမှ မည်သည့်အရာမှ မခံစားရဘဲ လစ်လပ်နေသလိုပင်။ သူ၏ အစွမ်းက နောက်တစ်ဆင့်တွင်ရှိကြောင်းသိနိုင်သည်။
ချက်ချင်းပင် နှစ်ဦးသား အမှောင်ထဲတိုးဝင်ပျောက်ကွယ်သွားသည်။
END