← Chapters

ချမ်းဘောဘုရင်၏တားမြစ်ထားသောအကြောင်

Vol. 69 Ch. 1033

ချမ်းဘောဘုရင်၏တားမြစ်ထားသောအကြောင်

Vol. 69 Ch. 1033

အင်ပါယာစစ်ဌာနချုပ်….

ပြင်းရှရှသွေးနံ့က လေထုထဲပျံ့နှံ့နေပြီး အဆောက်အဥ◌ီးတိုင်းတွင်သွေးများစိုရွှဲနေသည်။ ညလေညှင်းလေက တိုက်ခတ်နေသော်လည်း ဤအခြေအနေကို ပေါ့ပါးသွားစေခြင်းမရှိပေ။

အင်ပါယာစစ်ဌာနချုပ်မှာ သားသတ်ရုံအလားဖြစ်သွားသည်။ အရာရှိတစ်ဝက်လောက်သာမန်စစ်သည်များ၏ ဓားအောက်တွင်သေသွားရသလို တစ်ချို့သော စစ်သည်များ နောက်လိုက်များ တော်များသည်လည်း ကွပ်မျက်ခံလိုက်ရသည်။ သံသွေးတပ်မှစစ်သည်များ၏ ဓားများပင်တွန့်လိမ် အက်ကွဲကုန်သည်။

ခေါင်းများက စုဝေးခန်း၏ အလယ်တွင်တောင်ကဲ့သို့ စုပုံနေပြီး သွေးများလည်းချောင်းစီးနေသည်။ ညကအေးသည်ဖြစ်ရာ သွေးများ၏ အပူငွေ့များကြောင့် အခိုးများထနေရာ ငရဲပြည်အလားဖြစ်နေသည်။

သံသွေးတပ်မှ စစ်သည်များမှာ ကိုယ်ကိုမတ်မတ်ရပ်၍ တည််ကြည်သောမျက်နှာထားနှင့် လက်နက်များကို အောက်စိုက်၍ ရပ်နေကြသည်။

မင်းသားအာရှာဗန်မှာမူ စိတ်အာရုံပြန့်လွင့်နေပုံရသည်။ သူက တစ်စုံတစ်ခုကို အာရုံစိုက်၍ တွေးတောဆုံးဖြတ်နေပုံရသည်။ သူ၏ လက်များကိုခေါင်းပေါ်တင်၍ ကြမ်းခင်းကိုစူးစိုက်ကြည့်နေသည်။

ထိုတိတ်ဆိတ်မှုက စည်းဝေးခန်းမအတွင်းရှိအခြေအနေကို ပို၍ ပင်တင်းမာစေသည်။

လက်ရှိအသက်ရှင်ကျန်ရစ်သော ထိပ်တန်းစစ်အရာရှိများ တော်ဝင်များမှား အဆုံးမသတ်နိုင်သော အိပ်မက်ဆိုးအတွင်းကျရောက်နေသည်ဟု ခံစားနေကြရသည်။ အားလုံးက မင်းသားအာရှာဗန်လက်ဝှေ့ယမ်းပြီး သေမိန့်ချမည်ကို ထိပ်လန့်နေကြသည်။

‘ ဝှစ် ‘

မီးအချက်ပြမှု တစ်ခု ကောင်းကင်သို့ တက်လာပြီး ဆူညံသော လေခွင်းသံက အစည်းဝေးခန်းမ၏ တိတ်ဆိတ်နေမှုကို ဖြိုခွင်းသွားသည်။

ကြာရှည်စွာ တိတ်ဆိတ်နေသော မင်းသားအာရှာဗန်က စတင်လှုပ်ရှားလာ၏။ တောင်လိုပုံနေသော လူဦးခေါင်းများကို ကြည့်ရင်း သူ့မျက်နှာတွင် အနည်းငယ်သနားသော အရိပ်အယောင်ပေါ်လာသည်။

မင်းသားက လက်ဝှေ့ယမ်းလိုက်သည်နှင့် တော်ဝင်များ၏ ထိပ်လန့်နေသော အကြည့်အောက်တွင် သံသွေးစစ်သည်များက ရှင်းလင်းရေးစတင်လုပ်ဆောင်သည်။ သူတို့က သွေးများကိုရှင်းလင်းပြီး ခေါင်းများကို အပြင်သို့ထုတ်သွားသည်။

“ ကိုယ်လူတို့ မင်းတို့သွားနိုင်ပြီ “ ကျန်ရှိနေသော အရာရှိများ တော်ဝင်များကို မင်းသားကဆိုသည်။

“ အား “ တစ်ယောက်ယောက်က အလန့်တကြားထအော်သည်။ “ မဟုတ်ဘူး မင်းသား ချမ်းသာပေးပါ ကျွန်တော်ဘာမှမသိပါဘူး ကျွန်တော်က တော်ဝင်မိသားစုကို သစ္စာရှိပါတယ် “

စည်းဝေးခန်းမအတွင်း၌ဒူး‌ထောက်၍ အသနားခံသံများထွက်ပေါ်လာသည်။

“ ငါ့လူတို့ မင်းတို့က သစ္စာရှိမူးမတ်တွေပဲ တော်ဝင်မိသားစုအပေါ် သစ္စာရှိတယ် အရေးကြီးတဲ့အခြေအနေမှာတောင်မှပေါ့ မင်းတို့အတွက်ငါဂုဏ်ယူတယ် မင်းတို့စမ်းသပ်မှုအောင်မြင်ကြပါတယ် ဘက်မှားရွေးတဲ့လူတွေကတော့ သွေးမြေကျမှာပဲ အရွေးမှန်တဲ့ မင်းတို့ကတော့ ဂုဏ်အသရေကိုရမယ် ဒီကိစ္စကပြီးပြီဖြစ်လို့ မင်းတို့ပြန်လို့ရပါပြီ “ မင်းသားအာရှာဗန်က ထိုသို့ဆိုသည်။

ထိုစကားဆုံးသည်နှင့် အဆောက်အဦးတွင်းမှလူများမှာ တုန်ခါနေသော ခြေများဖြင့် ကြောက်ရွံ့နေသည့်ကြားမှ ထွက်ခွာကြတော့သည်။ သူတို့အပြင်ရောက်တော့ မြို့တော်အတွင်းတွင် ချပ်ဝတ်အပြည့်ဝတ်ဆင်ထားသော စစ်သည်များက သွေးများပေကျန်၍ ကင်းလှည့်နေကြသည်ကို တွေ့လိုက်ကြရသည်။ ထိုအခါမှ ယနေ့ သွေးစွန်းပွဲက ထင်သည်ထက်ပိုကျယ်ပြန့်ကြောင်းသိလိုက်ကြသည်။

ချမ်းဘော့ဒ်ဘုရင်၏တားမြစ်ထားသောအကြောင်း ၂

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့ကံကောင်းသည်ဟု ခံစားလိုက်ကြသည်။

ညလေညှင်းက တသွေသွေတိုက်နေပြီး သူတို့စကားမစရဲကြပေ။ သူတို့အားလုံးလေးလံသောခြေလှမ်းများဖြင့် အိမ်သို့ပြန်နေကြသည်။

မည်သူမျှ ချမ်းဘောဒ့်ဘုရင်ကိုအပြစ်ပေးသည့် ကိစ္စက ပြောင်းပြန်လှန်သွားမည်ဟု မထင်ခဲ့ပေ။ ချမ်းဘော့ဒ်ဘုရင်ပေါ်မလာသော်လည်း သူ့ကို ဆန့်ကျင်သည့်အဖွဲ့များမှာ ပျက်သုဉ်းသွားပြီဖြစ်သည်။

ချမ်းဘော့ဒ်ဘုရင်က တားမြစ်ထားသောအရာဖြစ်လာသည်။ သူ့ကိုသွားရှုပ်၍မရပေ။ မဟုတ်ပါက ကိုယ့်သင်္ချိုင်းကိုယ်ရှာသလိုပင်ဖြစ်သည်။

………………..

သွေးချောင်းစီးညက ဟိုတယ်အနားတွင်နေသူများမှအပ ပြည်သူများအတွက်တိတ်ဆိတ်သောညဖြစ်ခဲ့သည်။

အဇာရို့သ်တိုက်ကြီးမြောက်ပိုင်းမှ အင်ပါယာ ၂၂ခု၏ သံတမန်များမှာ နဂါးနတ်ဘုရားဖြတ်သွားချိန်နှင့်တိုးသော ကြွက်များအလားလှုပ်ပင်မလှုပ်ရဲပေ။

ထိုမတိုင်ခင်ညက ချမ်းဘော့ဒ်ဘုရင်၏ လူဆိုသူနှစ်ဦးက ဟိုတည်းအတွင်းဝင်ရောက်လာပြီး အန်ဂျီအင်ပါယာသံတမန်ခေါင်းဆောင်ကို ခြေများရိုက်ချိုး၍ ဘုရင်အလက်ဇန္ဒားကိုစော်ကားသူမှန်သမျှကိုသတ်ဖြတ်ပစ်ခဲ့သည်။ ထိုနောက်ကျန်သံတမန်များကို မျက်နှာများဖူးယောင်သည့်အထိရိုက်နက်ခဲ့သည်။

ဘုရင်အလက်ဇန္ဒားကိုသတ်မည်ဟူသော ထိုသံတမန်များမှာ ထိပ်လန့်သွားကြသည်။ ကျားရှေ့ရောက်သော သိုးအုပ်လိုဖြစ်သွားကြ၏။

မနေ့မှစ၍ ထိုသံတမန်များမှာ အံတကြိတ်ကြိတ်နှင့် အခန်းတွင်းအောင်းကာ မမောက်မာရဲကြတော့ပေ။ သူတို့က ဒီအလက်ဇန္ဒရိုတို့အုပ်စုရောက်လာပြီး ဇင်းနစ်သားများကို အနိုင်ကျင့် ဘုရင်အလက်ဇန္ဒားကိုသတ်မည်ကိုမစောင့်နိုင်ကြတော့ပေ။ ထိုအခါမှ လာရိုက်နက်သူနှစ်ဦးကို အရှင်လတ်လတ်အရေဆုတ်မည်ဟု ကြုံးဝါးနေကြသည်။

“ ကောင်းတယ် ပိုဖရိုဖရဲဖြစ်လေကောင်းလေပဲ နေထွက်လာတာနဲ့ ဇင်းနစ်ပြည်အဆုံးသတ်ပြီ အဲ့ကျရင်ငါတို့တွေယောကျ်ားတွေအားလုံကိုသတ်ပြီး မိန်းမတွေကိုကျွန်ပြုရမယ် “

သံတမန်များမှာ အခန်းအောင်းရင်းကျိန်ဆဲနေကြသည်။

သွေးသံရဲရဲညမှာ တဖြည်းဖြည်းငြိမ်သက်သွားသည်။ စိန့်ပီတာဘတ်မြို့သည်လည်း တဖြည်းဖြည်း ပြန်တိတ်ဆိတ်သွားသည်။

အချိန်က လျှင်မြန်သောမြေရေကြောင်း ဦးတည်ရာတစ်ဖက်သာရှိသည်။ ညတစ်ဖြည်းမှောင်ရာ ပြန်၍ အလင်းကတစ်စတစ်စ ပြန်ထွက်လာသည်။ ထို့နောက် ကောင်းကင်တွင်မြင်ရသော ကြယ်များတဖြည်းဖြည်း ကျဲပါးလာသည်။ ကောင်းကင်ကြီးစပေါ်ထွက်လာချိန်တွင်တော့ ကြယ်အနည်းငယ်သာကျန်တော့ပြီး မြို့တော်တွင်း၌ အမိန့်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

စစ်သည်များက လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားပြီး မျက်နှာများတွင် အကြောက်တရားကင်းမဲ့ကာ ဆုံးဖြတ်ချက်ပျက်သားနေပုံရသည်။ တန်ဖိုးကြီးမားသော မှော်လက်နက်မျိုးစုံကိုလည်း မြို့တံတိုင်းပေါ်တွင် ထုတ်ထားပြီး လက်နက်များက အစွယ်ထုတ်ပြနေသည့် သားရဲအလားပင်။

ရာနှင့်ချီသော မှော်မျှော်စင်များမှာ မြို့တစ်တိုင်းတစ်လျှောက်မှော်ဓာတ်များကိုစုပ်ယူကာ မီးခပ်ဖျော့ဖျော့တောက်လောင်နေပြီး ပစ်မှတ်များကို ပစ်ရန် မောင်ဖြုတ်သည်ကို စောင့်နေသည်။

အရှေ့ဘက်ဂိတ်ရှိစောင့်ကြည့်မျှော်စင်များတွင် အဖိုးတန်ချပ်ဝတ်များကို ဝတ်ဆင်ထားသော တော်ဝင်များက အဝေးကောင်းကင်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေကြသည်။

အရှေ့မှ ထွက်လာသောအလင်းက ပို၍ပို၍ တောက်ပလာသည်။ ဤအခိုက်အတန့်က ဇင်းနစ်၏ ကံကြမ္မာကိုဆုံးဖြတ်မည့် ကာလဖြစ်သည်။

END

All Chapters