အခန်း (၁၀၈၁)
Vol. 105 Ch. 1081
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(Error အချို့ကြောင့် ၁၀၄ က အပိုင်း ၂၀ ရဲ့ ဆယ်ပိုင်းက ၁၀၅ ဖြစ်သွားတယ်ဗျ။ အခု ပြန်ပြင်ပြီးပါပြီ။ အဲတုန်းက ၁၀၅ ကို ဝယ်လိုက်ရတဲ့သူတွေ အခု ပြန်မဝယ်ရပါဘူးနော်။ အပိုင်း ၂၀ ကို ၁၀၀၀ ပါဗျ။ ဆယ်ပိုင်း ၁၀၀၀ မဟုတ်ရပါဘူး။)
ထိုမိန်းမမှာ တကယ်ကို ရူးသွပ်သွားလေပြီ။ တုပိုင်ကို သတ်ရန်အတွက် နဂါးစွမ်းအင် အကာအကွယ်ကို ပိတ်ချလိုက်ရာ မြင့်မြတ်နယ်မြေ တစ်ခုလုံးမှာ မိစ္ဆာများအောက်သို့ ကျရောက်သွားတော့သည်။ အကာအကွယ် မရှိတော့သဖြင့် သူတို့၏ မြင့်မြတ်နယ်မြေမှာ ကျူးကျော်ဝင်ရောက်လာမည့် မိစ္ဆာအင်အားစုများကို ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့သွားရလေပြီ။
မြင့်မြတ်နယ်မြေ၏ အဓိပတိပင်လျှင် ဘုရင်မအား ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိ၏။ သူ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အစေခံခဲ့သည့် ဘုရင်မ၌ ဤမျှ ရက်စက်ယုတ်မာသည့် တစ်ကိုယ်ကောင်းဆန်မှုများ ရှိနေလိမ့်မည်ဟု အိပ်မက်ထဲ၌ပင် မတွေးမိပေ။ သူမ၏ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို ဖြေဖျောက်ရန်အတွက် မြင့်မြတ်နယ်မြေတစ်ခုလုံးကို စတေးရန်ပင် ဆန္ဒရှိနေ၏။
နယ်မြေတစ်ခုလုံးရှိ အလင်းရောင်များက တစ်ခဏမျှ တွန့်လိမ် ပုံပျက်သွားပြီးနောက် စွမ်းအင်အကာအကွယ်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ကျွန်မရဲ့ချစ်သူ ကံကြမ္မာမိစ္ဆာဘုရင်... ကျွန်မဆီ လာခဲ့ပါ။ တုပိုင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး သူ့မိန်းမကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပေးပါ။"
သို့သော်...။ ကမ္ဘာမြေမျက်နှာပြင်၏ အထက် အဝေးတစ်နေရာ၌ ရှိနေသည့် ကံကြမ္မာ မိစ္ဆာဘုရင်က မည်သည့် တုံ့ပြန်မှုမှ မပေးလာပေ။
ဘုရင်မ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုတို့ ဖြတ်ပြေးသွား၏။ သူမက အသံကို ပိုမြှင့်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်သည်။ "ကျွန်မရဲ့ချစ်သူ ကံကြမ္မာမိစ္ဆာဘုရင်... ကျေးဇူးပြုပြီး ကျွန်မဆီ လာခဲ့ပါ။ တုပိုင်ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး သူ့မိန်းမကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပေးပါ။"
ကျင့်ကြံခြင်း စွမ်းအားများကြောင့် သူမ၏ စိတ်အားငယ်စွာ အော်ဟစ်တောင်းဆိုသံမှာ နန်းတော်တစ်ခုလုံး၌ မိုးခြိမ်းသံသဖွယ် ဟည်းထသွားပြီး မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။ မရေမတွက်နိုင်သည့် နဂါးသွေးနွယ်ဖွား နိုင်ငံသားများအားလုံး သူမ၏ အသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ သူတို့မှာ သူတို့၏ နားကိုပင် သူတို့ မယုံနိုင်လောက်အောင် အံ့ဩမှင်သက်သွားကြကာ အေးခဲသွားကြရ၏။
ရုတ်တရက် ထိတ်လန့်နေသည့် လူတစ်ယောက်က ကောင်းကင်ယံသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ "ကြည့်ကြပါဦး... စွမ်းအင်အကာအကွယ်ကြီး ပျောက်သွားပြီဟေ့။"
နဂါးသွေးနွယ်ဖွား လူအုပ်ကြီးကြား၌ အကြီးအကျယ် ထိတ်လန့်ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြီး တော်ဝင်နန်းတော်ဆီသို့ အုံနှင့်ကျင်းနှင့် ပြေးသွားကြသည်။ လုံးဝ မယုံနိုင်စရာပင်။
သူတို့၏ ယခင် ဘုရင်မ ၊ လက်ရှိ လွှတ်တော်အကြီးအကဲမှာ တကယ်ပဲ ကံကြမ္မာ မိစ္ဆာဘုရင်၏ ချစ်သူ ဖြစ်နေသည်လော။ ဧကရာဇ် တုပိုင်ကို သတ်ရန်အတွက် သူတို့အားလုံး ပျက်သုဉ်းစေရန် တစ်ခုတည်းသော အကာအကွယ်ကို တကယ်ပဲ ဖျက်ဆီးပစ်လိုက်သည်လော။
သို့သော်...။ ဧကရာဇ်တုပိုင်က သေဆုံးသွားခဲ့ပြီ မဟုတ်ဘူးလော။
အရူးအမူးဖြင့် ပိုမို များပြားလာသည့် နဂါးသွေးနွယ်ဖွား လူအုပ်ကြီးမှာ နန်းတော်ဝင်းအတွင်းသို့ ဝင်ရောက်လာကြသည်။ စုရုံးရောက်ရှိလာသည့် လူအုပ်ကြီးကို လုံးဝ သတိမထားမိဘဲ ဘုရင်မက ရူးသွပ်စွာ ဆက်လက် အော်ဟစ်နေ၏။
"ကံကြမ္မာမိစ္ဆာဘုရင်... ရှင် ကျွန်မကို ကြားလား။ ပြီးခဲ့တဲ့အကြိမ်က တုပိုင်ကို ကျွန်မတို့ သတ်နိုင်ခဲ့ပေမဲ့ အခု သူ သေရာကနေ ပြန်ရှင်လာပြီ။ ကျွန်မဆီ အခုချက်ချင်း လာခဲ့ပါ။ ရှင့်အတွက် အကာအကွယ်ကို ကျွန်မ ဖယ်ပေးထားတယ်။ သူ့ကို လာပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်... သူ့မိန်းမ ရန်ယဲ့ရှောင်ကို ညှဉ်းပန်းနှိပ်စက်ပစ်လိုက်။"
သူမ၏ ယုတ်မာလှသည့် ကြေညာချက်မှ စကားလုံးတိုင်းသည် နဂါးသွေးနွယ်ဖွားများထံ ရောက်ရှိလာ၏။ သူတို့၏ ကနဦး အံ့အားသင့်မှုမှာ ပြင်းထန်လှသည့် ဒေါသမီးတောက်ကြီး အဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားတော့သည်။
သူတို့ တစ်ချိန်က အသည်းနှလုံးထဲမှ ရိုသေလေးစားခဲ့ရသည့် ဘုရင်မက မည်သို့လုပ်၍ ဤမျှ ရှက်ရွံ့ခြင်းကင်းမဲ့ကာ ဖောက်ပြန်ယုတ်မာနေရသည်နည်း။
အိမ်ရှေ့စံမင်းသားမှာ သူရဲဘောကြောင်ကာ အိပ်မက်ဆိုး မိစ္ဆာဘုရင်ထံ အညံ့ခံခဲ့သော်လည်း အနည်းဆုံးတော့ အညံ့မခံမီ တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ဘုရင်မကမူ မူလကတည်းက ကံကြမ္မာ မိစ္ဆာဘုရင်နှင့် လျှို့ဝှက် ပူးပေါင်းထားခြင်း ဖြစ်သည်။ သူမက သစ္စာဖောက် ယုတ်မာပြီး ရှက်ရွံ့ခြင်း ကင်းမဲ့နေသည့် မိန်းမယုတ်ကြီးပင်။
ကံကြမ္မာမိစ္ဆာဘုရင်၏ တိတ်ဆိတ်မှုက ကြာမြင့်လာသည်နှင့်အမျှ ဘုရင်မသည်လည်း ပိုပြီး ထိတ်လန့်လာရသည်။ သူမက ထပ်မံ အော်ဟစ်လိုက်ပြန်၏။
နောက်ဆုံး၌ ကံကြမ္မာ မိစ္ဆာဘုရင်က အကြောင်းပြန်လာသည်။ "ဖာသည်မ... မင်းစောက်ပေါက်ကို ပိတ်စမ်း။ ငါ အလုပ်များနေတယ်။ စက္ကန့်တိုင်းမှာ စွမ်းအင်ယူနစ် သန်းပေါင်းရာနဲ့ချီပြီး စုပ်ယူဖို့ အလုပ်ရှုပ်နေတာ။ မင်းကို ဂရုစိုက်ဖို့ ဘယ်သူ့မှာ အချိန်ရှိနေလို့လဲ။"
သူ၏ လေသံမှာ ပျင်းရိလေးတွဲနေကာ လုံးဝ စိတ်ပျက်ငြီးငွေ့နေသည့်ဟန် အပြည့်ပင်။
ဘုရင်မ၏ မျက်နှာမှာ လုံးဝ ဖြူဆုတ်သွား၏။ သူမက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ကံကြမ္မာမိစ္ဆာဘုရင်... ရှင် ကျွန်မကို ချစ်တယ်လို့ ပြောခဲ့တယ်လေ။ ကျွန်မတို့ရဲ့ ပတ်သက်မှုတွေကရော... ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ အတူတူ အကြိမ်ရာနဲ့ချီ အိပ်ခဲ့ကြတာတွေက လုံးဝ အဓိပ္ပာယ် မရှိဘူးလား။"
သူမ၏ ပေါက်ကွဲသံက နားထောင်နေကြသည့် နိုင်ငံသားတိုင်း၏ အမြင်ကို လုံးဝ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။ ဘုရင်မက ကံကြမ္မာ မိစ္ဆာဘုရင်နှင့် အတူအိပ်ခဲ့သည်လော။ သောက်ကျိုးနည်းလှ၏။
ကံကြမ္မာ မိစ္ဆာဘုရင်က ကျောချမ်းဖွယ်ကောင်းလောက်အောင် အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။ "ပထမဆုံးအနေနဲ့ ငါ မင်းကိုချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ငါက လိမ်ပြောချင်ရင်တောင် မင်းလိုလူမျိုးအတွက် အဲဒီလို ဈေးပေါတဲ့ စကားလုံးတွေကို အလဟဿ မဖြုန်းတီးဘူး။"
"ငါ အဲဒီတုန်းက မင်းနဲ့ အိပ်ခဲ့တာက နဂါးဘုရင်နဲ့ သူ့သမီးကို ဖျက်ဆီးပစ်ဖို့ လိုအပ်နေလို့ပဲ။ ဒါ့အပြင် ညတွေကလည်း ရှည်လျားတယ်လေ။ ပြီးတော့ မင်းကလည်း ငါ့ရင်ခွင်ထဲကို သဘောတကျ ပစ်ဝင်လာတာဆိုတော့ ငါက ဘာလို့ အခမဲ့ ဝန်ဆောင်မှုကို ငြင်းရမှာလဲ။"
"ငါ့ကို မင်းရဲ့ချစ်သူလို့ တကယ် ယုံနေတယ်ဆိုရင်တော့ မင်းကိုယ်မင်း လှည့်စားနေတာပဲ။ ငါ့အတွက်တော့ မင်းက လမ်းဘေးက ဖာသည်မ တစ်ယောက်နဲ့ ဘာမှ မကွာခြားဘူး။"
တကယ့်ကို ရက်စက်လှသည့် စကားလုံးများပင်။
ဘုရင်မ၏ မျက်နှာမှာ အမုန်းတရားတို့ဖြင့် တွန့်လိမ်ရှုံ့မဲ့သွား၏။ သို့သော် တစ်စက္ကန့်မျှ မကြာမီမှာပင် သူမ၏ ဂုဏ်သိက္ခာကို မျိုချလိုက်ကာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ချိုသာဆွဲဆောင်မှုရှိသည့် လေသံကို အတင်းအကျပ် ဖန်တီးလိုက်သည်။
သူမက ညင်သာစွာ ချွဲနွဲ့လိုက်၏။ "ကံကြမ္မာမိစ္ဆာဘုရင်... တုပိုင်က ရှင့်ရဲ့ အကြီးမားဆုံး ရန်သူလေ။ ပြီးတော့ သူ သေရာကနေ ပြန်ရှင်လာပြီ။ ကျွန်မတို့ ပူးပေါင်းပြီး သူ့ကို အတူတူ ရှင်းလင်းပစ်လိုက်ကြရင် မကောင်းဘူးလား။"
ကံကြမ္မာ မိစ္ဆာဘုရင်က သရော်လိုက်သည်။ "ပူးပေါင်းမယ်... ဟုတ်လား။ မင်းရဲ့ စွမ်းအားက ငါနဲ့ယှဉ်ရင် ပုရွက်ဆိတ် တစ်ကောင်လိုပဲ။ ဘာကိစ္စနဲ့ ငါက မင်းရဲ့အကူအညီကို လိုအပ်ရမှာလဲ။"
သူ၏ လှောင်ပြောင်မှုက သူမ၌ ကျန်ရှိနေသေးသမျှ ဂုဏ်သိက္ခာကို လုံးဝ ရိုက်ချိုးပစ်လိုက်သော်ငြား ဘုရင်မ၏ အသံမှာ ပိုမို စိတ်အားငယ်လာပြီး ကျိုးနွံသွားသည်။
သူမက ခယတောင်းပန်လိုက်သည်။ "ကံကြမ္မာမိစ္ဆာဘုရင်... ရှင့်အနားမှာ အစေခံမလေး တစ်ယောက် မလိုအပ်ဘူးလား။ ကျွန်မရော ဘယ်လိုလဲ။ ရှင် လိုချင်တာ ဘာမဆို ကျွန်မ လုပ်ပေးမယ်။ တွေးကြည့်လို့ရတဲ့ အနိမ့်ကျဆုံး ၊ အယုတ်ညံ့ဆုံး နည်းလမ်းတွေနဲ့ ရှင့်ကို ကျွန်မ ပြုစုယုယပါ့မယ်။ မမေ့နဲ့နော်... ကျွန်မက နဂါးမိဖုရားရဲ့ နေရာကို အစားထိုး ယူခဲ့ဖူးတယ်။ ရှင့်အတွက် သူ့ပုံစံ ပြောင်းပေးလို့ရတယ်။ အဲဒါက ရှင် အမြဲတမ်း စိတ်ကူးယဉ်ခဲ့တဲ့ အရာမဟုတ်ဘူးလား။"
သူမသည် အသက်ရှင်ဖို့ကိုသာ ဂရုစိုက်သည်။ အကယ်၍ မိစ္ဆာဘုရင်က သူမကို ကယ်တင်ရန် မြင့်မြတ်နယ်မြေသို့ လာရန် ငြင်းဆန်ပါက သူ၏ မိစ္ဆာနန်းတော်ဆီသို့ ကိုယ်တိုင် ထွက်ပြေးမည် ဖြစ်သည်။
ကံကြမ္မာ မိစ္ဆာဘုရင်က သဘောကျစွာ ရယ်မောလိုက်၏။ "ကောင်းပြီလေ... မင်း ငါ့ဆီကို ရောက်အောင်လာနိုင်ရင် ကြိုဆိုပါတယ်။ ငါတို့ အတူတူ ရူးသွပ်စရာ ကစားပွဲတချို့ကို ကစားကြတာပေါ့။"
ထိုစကားများကို ကြားလိုက်ရသော် နဂါးသွေးနွယ်ဖွား စစ်သည်များ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး နန်းတော်ကို ဝန်းရံလိုက်ကြသည်။ သစ္စာဖောက်ဖာသည်မ ဘုရင်မအား အလွတ်မပေးရန် သူတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြ၏။
သို့သော် ဘုရင်မကမူ ဝမ်းသာလုံးဆို့နေပြီ ဖြစ်သည်။ သူမက တောက်ပသည့် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ရူးသွပ်စွာ ပျံတက်သွားသည်။ အပြင်ဘက်ရှိ အစောင့်များကို လုံးဝ ဂရုမစိုက်ဘဲ အရှေ့တိုင်းနဂါး၏ စွမ်းအားဖြင့် ဘေးကင်းစွာ လွတ်မြောက်နိုင်မည်ဟု မျက်ကန်း ယုံ ယုံနေ၏။
"ဝုန်းးး။"
"ဝုန်းးး။"
"ဝုန်းးး။"
သို့သော် သူမ မည်မျှပင် မြန်ဆန်စွာ ပျံသန်းစေကာမူ ၊ မည်သည့် အရပ်မျက်နှာဆီသို့ ထွက်ပြေးရန် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်သည်။ လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားသည့် မမြင်နိုင်သော ၊ ထိုးဖောက်မရသည့် စွမ်းအင် အကာအကွယ်ကြီးက ကာထား၏။
ထွက်ပေါက်ရှာရန် အသည်းအသန် လုံးပန်းနေသော်ငြား လှောင်အိမ်ထဲ ပိတ်မိနေသည့် ကြွက်တစ်ကောင်ကဲ့သို့ လုံးဝ ပိတ်မိနေသည်။
သူမက အရူးတစ်ယောက်လို တုပိုင်ထံသို့ လှည့်ကာ အော်ဟစ်လိုက်၏။ "အားးး... ငါ ထွက်သွားလို့ မရဘူး။ ငါ လွတ်အောင်ပြေးလို့ မရဘူး။ ဒါပေမဲ့ ဘာဖြစ်လဲ။ တုပိုင်... ငါ မင်းအမေကို သတ်ခဲ့တယ်။ နဂါးဘုရင်ကိုလည်း ငါသတ်ခဲ့တယ်။ ငါ့ရဲ့ ကိုယ်ပိုင်ဆရာ ၊ ကယ်တင်ရှင်ကို ငါ သတ်ခဲ့တယ်။ မင်း ငါ့ကို မုန်းနေတော့ရော ဘာဖြစ်လဲ။ မင်းအမေအတွက် မင်း တကယ် လက်စားချေနိုင်မယ် ထင်နေတာလား။ စိတ်ပျက်အောင် လုပ်ရတဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်ရပေမဲ့ ငါက အရှေ့တိုင်းနဂါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ငါက မသေမျိုးပဲ။ မင်း ငါ့ကို ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။"
တုပိုင်ကမူ မျက်နှာသေဖြင့်သာ သူမအား စိုက်ကြည့်နေသည်။
ထိုမိန်းမ လုံးဝ ရူးသွပ်သွားလေပြီ။ မိစ္ဆာဘုရင်ထံမှ ခံစားချက်ကင်းမဲ့သည့် ငြင်းပယ်ခံရမှုမှာ သူမ ခံစားဖူးသမျှထဲ၌ အပြင်းထန်ဆုံး ထိုးနှက်ချက်ပင်။ သူမ၏ စရိုက်မှာ အိမ်ရှေ့စံမင်းသားနှင့် တစ်ထပ်တည်း တူညီနေသော်ငြား အဆပေါင်းများစွာ ပိုမို ရက်စက်ပြီး ရှက်ရွံ့ခြင်း ကင်းမဲ့နေ၏။
တစ်ချိန်က လှပခဲ့သည့် မျက်နှာမှာ ရုပ်ဆိုးကာ အမုန်းတရားများဖြင့် ပြည့်နှက်နေလျက် သူမ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ "ငါက မသေမျိုးပဲ။ မင်း ငါ့ကို ဘယ်တော့မှ သတ်လို့မရဘူး။ မင်းအမေကို ငါ သတ်လိုက်တုန်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲ သိလား။ မင်းကတော့ အဲဒီမှာရပ်ပြီး လက်စားတောင် မချေနိုင်ဘူးလေ။ တကယ့်ကို သနားစရာကောင်းလိုက်တာ။ ကံကြမ္မာမိစ္ဆာဘုရင် မင်းကို သတ်တာကို ငါ ကြည့်ရလိမ့်မယ်။ ပြီးရင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို သူ သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်တာကိုလည်း ငါ စောင့်ကြည့်နေမယ်။"
တုပိုင်က သက်ပြင်းချလိုက်သည်။ "ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းပြီး သနားဖို့ကောင်းလိုက်လဲ။"
ပြောပြီးနောက် နဂါးတောင်ဝှေးရှိ မှန်ကို မြှောက်လိုက်ရာ တောက်ပနေသော အလင်းရောင်က လူးလှိမ့်နေသည့် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။
တစ်ခဏအကြာ၌... မျက်စိကျိန်းမတတ် တောက်ပသည့် ရွှေရောင် အလင်းတန်းတစ်ခု ဘုရင်မ၏ ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် ဆွဲခွာခံလိုက်ရ၏။ ထိုအရာ သူမ ခိုးယူထားသည့် အရှေ့တိုင်းနဂါး၏ စွမ်းအားပင်။
အစစ်အမှန် နဂါးသောင်းချီတို့၏ ဘုရင် တစ်ပါးအနေဖြင့် တုပိုင်သည် သူမ တရားမဝင် ရယူထားသည့် နဂါးစွမ်းအင်ကို အလွယ်တကူပင် ရုပ်သိမ်းနိုင်စွမ်း ရှိနေသည်။
တုပိုင်က အေးစက်စွာ သရော်လိုက်သည်။ "မင်းက သာမန် နဂါးအစေခံ တစ်ယောက်ကလွဲပြီး ဘာမှ မဟုတ်ဘူး။ နဂါးမျိုးနွယ်ရဲ့ စွမ်းအားတွေကို ကိုင်တွယ်အသုံးပြုခွင့် မင်းမှာ တစ်ခါမှ မရှိခဲ့ဘူး။"
ဘုရင်မက သူမ၏ ကိုယ်ထဲမှ ကြီးမားလှသည့် နတ်ဘုရားတစ်ပါးကဲ့သို့သော စွမ်းအားများ လျင်မြန်စွာ ယိုစိမ့်ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည်။ ဘဝ၌ ပထမဆုံး အကြိမ်အဖြစ် အစစ်အမှန် ထိတ်လန့်ကြောက်ရွံ့မှုက သူမ၏ နှလုံးအား ဆုပ်ကိုင်သွား၏။
သူမက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ ငါက နဂါးအစေခံပဲ။ ငါက နဂါးအစေခံပဲ... အားးး"
ထို့နောက် ကြမ်းပြင်ထက်၌ သနားဖွယ်ကောင်းလောက်အောင် အရုပ်ကြိုးပြတ် ခွေကျသွားတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။