← Chapters

အခန်း (၁၀၈၂)

Vol. 105 Ch. 1082

အခန်း (၁၀၈၂)

Vol. 105 Ch. 1082

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သူမ တရားမဝင် ယူထားသည့် အရှေ့တိုင်းနဂါး၏ စွမ်းအားများကို တုပိုင်က ရုတ်သိမ်းလိုက်လေပြီ။ ထိုအရာနှင့်အတူ သူမ၏ မသေမျိုးစွမ်းရည်မှာလည်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သည့် သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီးနောက် မြေပြင်ထက်သို့ ခွေကျသွား၏။ သူမက ကိုယ်ကိုကွေးကာ တုပိုင်ထံသို့ တွားသွားလာပြီး သူ၏ ခြေထောက်များကို ဆုပ်ကိုင်လျက် တုန်ယင်နေသည့် အသံဖြင့် တောင်းပန်လိုက်သည်။ "သခင်လေး... ကျေးဇူးပြုပြီး... ကျွန်မ တောင်းပန်ပါတယ်။ သခင်လေးရဲ့ အမေမျက်နှာကို ထောက်ပြီး ကျွန်မ အသက်ကို ချမ်းသာပေးပါ။"

တုပိုင်ကမူ ရေခဲတမျှ အေးစက်နေသည့် မျက်နှာထားဖြင့် သူမအား ငုံ့ကြည့်လိုက်၏။ သူ၏ မိခင်ကိုပင် ထည့်သွင်းပြောဆိုရဲသည့် သတ္တိက ရယ်စရာပင်။

မြင့်မြတ်နယ်မြေ၏ ဖာသည်မက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ "ဟုတ်တယ်... ကျွန်မ သူ့ကို သစ္စာဖောက်ခဲ့တယ်။ ဟုတ်တယ်... ကျွန်မ သူ့ကို သတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ရေတွက်လို့မရတဲ့ နှစ်တွေတစ်လျှောက်လုံး သူ့ကို ကျွန်မ သစ္စာရှိရှိ အစေခံခဲ့တာပါ။ ကျွန်မ အမှားလုပ်ခဲ့ရင်တောင် သူ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးခဲ့သေးတယ်။"

လှပသော်လည်း ရွံရှာဖွယ်ကောင်းသည့် မျက်နှာကို ကြည့်ကာ တုပိုင်က သက်ပြင်းချလိုက်၏။ "မင်းက တကယ်ကို သနားဖို့ကောင်းတယ်။ အိမ်ရှေ့စံမင်းသားထက်တောင် ပိုဆိုးသေးတယ်။"

တုန်ယင်နေလျက် ဘုရင်မက အခြားနည်းလမ်းတစ်ခုကို ကြိုးစားကြည့်လိုက်သည်။ "ကျွန်မက လှပတယ်။ ကျွန်မက ဆွဲဆောင်မှု ရှိတယ်။ ရှင် ဖြစ်စေချင်တဲ့ ဘယ်လိုနည်းလမ်းနဲ့မဆို ရှင့်ကို ကျွန်မ အစေခံနိုင်ပါတယ်။ ရှင့်ကို ကျွန်မ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်..."

သို့သော် စကားမဆုံးမီမှာပင် သွေးပျက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

တုပိုင်က သူမ၏ ဆံပင်အား ဆောင့်ဆွဲကာ ကြမ်းတမ်းစွာ ခွာချပစ်လိုက်သည်။ အရှေ့တိုင်းနဂါး၏ စွမ်းအား မရှိတော့သဖြင့် သူမသည် မသေနိုင်သူ မဟုတ်တော့ပေ။ အရှင်လတ်လတ် အရေခွံခွာခံရသည့် နာကျင်မှုက သေဆုံးခြင်းထက် အဆပေါင်းများစွာ ဆိုးရွားလှ၏။

သူမက စူးစူးဝါးဝါး နာကျင်စွာ အော်ဟစ်လိုက်ရသည်။ "အားးးးး"

သွေးများ ရွှဲနစ်နေလျက် မြေကြီးပေါ်၌ လူးလှိမ့်နေပြီး ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်ပေးရန် အူသံပါအောင် အော်ဟစ်တောင်းဆိုလိုက်၏။ "ကျွန်မကို သတ်လိုက်ပါ။ ကျေးဇူးပြုပြီး ကျွန်မကို သတ်လိုက်ပါတော့။"

တုပိုင်က တောက်ပနေသည့် အလင်းဓားတစ်လက်ကို ဖန်တီးလိုက်ကာ မြန်ဆန်သန့်ရှင်းသော ခုတ်ချက်တစ်ချက်ဖြင့် သူမ၏ လည်ပင်းကို ဖြတ်ချလိုက်၏။

ကျောချမ်းဖွယ် ငိုယိုအော်ဟစ်သံမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ သူ၏ မိခင်ကို သစ္စာဖောက်ခဲ့သည့် ယုတ်မာသော အစေခံ ၊ ဘုရင်မ သေဆုံးသွားလေပြီ။ ရှက်ဖွယ်ကောင်းလှသည့် သူမ၏ ဘဝကား နောက်ဆုံး၌ အဆုံးသတ်သွားပြီ ဖြစ်၏။

သေဆုံးသွားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ အစစ်အမှန် ပုံစံဖြစ်သည့် ဦးချိုပါသော မြွေ ၊ ကျောင်းဟု လူသိများသည့် ရေနဂါးတစ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

တုပိုင် တာ့နင်အင်ပါယာ၌ ရေနဂါးများစွာနှင့် ယခင်က ဆုံတွေ့ဖူး၏။ ယခုမူ အရာအားလုံး ရှင်းလင်းသွားလေပြီ။ သူမ မည်သည့်အတွက်ကြောင့် မိခင်ဖြစ်သူထံ၌ အစေခံတစ်ယောက်သာ အမြဲတမ်း ဖြစ်နေခဲ့ရသည်မှာ ရှင်းလင်းနေသည်။

ရေနဂါးဆိုသည်မှာ နဂါးတစ်ပိုင်းသာ ဖြစ်ပြီး မြင့်မြတ်သည့် အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာရန် ထာဝရ တားမြစ်ခံထားရ၏။ သာမန်လောက၌ ရေနဂါးတစ်ကောင်သည် သားရဲတို့၏ ဘုရင်အဖြစ် စိုးစံနိုင်သော်လည်း နဂါးကမ္ဘာ၌မူ အဆင့်နိမ့် အစေခံကျွန်များမှလွဲ၍ ဘာမှမဟုတ်ချေ။

ဤသည်မှာ သူမ၏ ပြင်းထန်လှသည့် မနာလိုမှုနှင့် အမုန်းတရားတို့၏ မြစ်ဖျားခံရာ အရင်းအမြစ်ပင်။

သူမ သေဆုံးသွားချိန်၌ မြင့်မြတ်နယ်မြေ၏ အဓိပတိက ဘေး၌ ဒူးထောက်လျက် အပြင်းအထန် ဦးညွှတ်နေသည်။ အသက်ချမ်းသာပေးရန် တစ်ခွန်းမှပင် ထုတ်မပြောရဲဘဲ အကြိမ်ကြိမ် ဦးညွှတ်နေရုံသာ ရှိ၏။

တုပိုင်က သူ့အား တစ်ချက်ပင် စောင်းငဲ့မကြည့်ပေ။ ရန်ယဲ့ရှောင်က ရှေ့သို့ တက်လာကာ အဓိပတိ၏ ခေါင်းကို လျင်မြန်စွာ ခုတ်ဖြတ်လိုက်သည်။ သေဆုံးသွားချိန်၌ပင် အဓိပတိ၏ ခေါင်းမဲ့ခန္ဓာကိုယ်မှာ ဦးညွှတ်ရန် ကြိုးစားနေဆဲဖြစ်ကာ တဆတ်ဆတ် တုန်ယင်နေ၏။

ထိုအခိုက်၌ပင် ကံကြမ္မာ မိစ္ဆာဘုရင်၏ အသံက တုပိုင်၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။

မိစ္ဆာဘုရင်က လှမ်းနှုတ်ဆက်လိုက်၏။ "တုပိုင်... ငါတို့ နောက်ဆုံးတိုက်ပွဲအတွက် အချိန်ကျပြီ ထင်တယ်... မဟုတ်ဘူးလား။"

တုပိုင်က ပြတ်တောင်းတောင်း ပြန်ဖြေလိုက်သည်။ "အင်း...။"

"ဘယ်တော့လဲ။"

တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ "ဒီနေ့ပဲ။"

ကံကြမ္မာ မိစ္ဆာဘုရင်သည် ကမ္ဘာမြေပေါ်ရှိ တုပိုင်၏ အကြီးမားဆုံးသော နောက်ဆုံးရန်သူ ဖြစ်၏။ သူ့ကို နှိမ်နင်းနိုင်သွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာလောကကြီးသည်လည်း နောက်ဆုံး၌ လွတ်မြောက်သွားပေလိမ့်မည်။

မိစ္ဆာဘုရင်က ပေါ့ပေါ့ပါးပါးပင် အဆိုပြုလိုက်သည်။ "နားထောင်... ငါ တော်တော်လေး အလုပ်များနေတယ်။ လက်ရှိ ငါက ကမ္ဘာ့အလယ်ဗဟိုက စွမ်းအင်တွေကို တစ်ကြိမ်ကို ယူနစ် သန်းရာချီပြီး စုပ်ယူစားသုံးနေတာ။ မင်းဆီ လာရှာဖို့ ငါ့မှာ အချိန်မရှိဘူး။ အဲဒီအစား မင်း ငါ့ဆီ လာမလား။"

တုပိုင်က တိုတိုတုတ်တုတ်ပင် သဘောတူလိုက်၏။ "ကောင်းပြီ။"

"အရမ်းကောင်းတယ်။ ကမ္ဘာ့အလယ်ဗဟိုမှာ မင်းကို ငါ စောင့်နေမယ်။ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့။"

ဘုရင်မ အသတ်ခံရပြီး အစစ်အမှန်ပုံစံ ပေါ်လာပြီးနောက် တုပိုင် သူမ၏ အလောင်းကို ကောက်ယူကာ နန်းတော်တံခါးပေါက် ဟာနေသည့် နေရာမှတစ်ဆင့် အပြင်သို့ ပစ်ချလိုက်၏။ အလောင်းကို မြင်လိုက်ရခြင်းက အပြင်ဘက်ရှိ ထောင်သောင်းချီသည့် နဂါးသွေးနွယ်ဖွားများအကြား ရူးသွပ်မှုတစ်ရပ်ကို မီးမွှေးပေးလိုက်ပြီး အကြွင်းအကျန် ဘာတစ်ခုမှ မကျန်သည်အထိ စွမ်းအင်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

လူအုပ်ကြီးမှာ လူစုကွဲမသွားကြပေ။ သူတို့က တုပိုင်နှင့် တွေ့ဆုံခွင့်ရရန် နန်းတော်အပြင်ဘက်၌ ဆက်လက် စောင့်ဆိုင်းနေကြ၏။

သို့သော် တုပိုင်မှာ လတ်တလော၌ အလုပ်များနေသည်။ သူနှင့် ရန်ယဲ့ရှောင်တို့ သီးသန့် အချစ်နယ်ကျွံနေကြစဉ် အခန်းတွင်း၌ ရုတ်တရက် အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။

မိုဟန်က သူတို့ကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်သည်။ "တုပိုင်... ရှင် ပြန်ရောက်ပြီလား။ ရှင်တို့ ဘာလုပ်နေကြတာလဲ။"

ထို့နောက် ရန်ယဲ့ရှောင်ဘက်သို့ လှည့်ကြည့်လိုက်၏။ "အစ်မ... အစ်မက ဘာလို့ ဒူးထောက်နေတာလဲ။"

ရန်ယဲ့ရှောင် အံကြိတ်လိုက်သည်။ "မိုဟန်... တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား။"

မိုဟန်က အပြစ်ကင်းစင်စွာ ပြန်ဖြေလိုက်၏။ "ဒါမဲ့ နံရံကို ဖြတ်လျှောက်လာလို့ ရနေတာပဲဟာကို..."

တုပိုင်မှာ ဆွံ့အသွားရသည်။ "မင်းက ဘာလို့ အခုမှ ပေါ်လာရတာလဲ။"

မိုဟန်က မျက်တောင်ခတ်ပြလိုက်သည်။ "ကျွန်မ အိပ်နေလို့ပါ။ တုပိုင်... ရှင် ပြန်ရောက်လာတာ ကောင်းတယ်။ ရှင့်ကို ကျွန်မ ပြောစရာရှိတယ်... အရင်ဘုရင်မက လူကောင်း မဟုတ်ဘူးနော်။"

တုပိုင် အံ့ဩသွား၏။ "သတိပေးတဲ့အတွက် ကျေးဇူးပါပဲ... ဒါပေမဲ့ သူ သေသွားပြီ။"

မိုဟန် ခေါင်းညိတ်လိုက်သည်။ "အိုး..."

ထို့နောက် နှာခေါင်းရှုံ့လိုက်၏။ "ရှင်တို့နှစ်ယောက် လုပ်နေတာက ရွံစရာကြီး။"

ရန်ယဲ့ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ "ရွံစရာကောင်းနေရင် ဘာလို့ ထွက်မသွားတာလဲ။ ငါတို့ ပြီးမှ ပြန်လာခဲ့လေ။"

မိုဟန်က နှုတ်ခမ်းစူလိုက်၏။ "ရွံစရာကောင်းတာတော့ ရွံစရာကောင်းတာပဲလေ။"

ထို့နောက် လှည့်ကာ နံရံကို တိုက်ရိုက် ဖြတ်လျှောက်ပြီး ထွက်သွားတော့သည်။

ရန်ယဲ့ရှောင်က သက်ပြင်းချလိုက်၏။ "သူ သဝန်တိုနေတာပါ။ ယောကျ်ား... ကျွန်မတို့ ဆက်ကြရအောင်။"

တုပိုင်က ပြုံးလိုက်သည်။ "သဘောတူတယ်။"

**--**--**--**--**--**--**--**

အချိန်အတန်ကြာပြီးနောက် မိုဟန်နှင့် နန်းဆောင်၌ တုပိုင် တွေ့ဆုံ၏။ သူမက ဇိမ်ခံရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူကိုပါ ဆောင်းထားရာ အလွန်တရာ ကျက်သရေရှိလှသည်။

မိုဟန်က တုပိုင်အား မကျေနပ်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ "တုပိုင်... တစ်နှစ်ကျော်လောက် ရှင် ဘယ်တွေရောက်နေတာလဲ။"

တုပိုင်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ "အဝေးကြီး တစ်နေရာကို သွားနေတာ။"

မိုဟန်က တုံ့ဆိုင်းဆိုင်းဖြင့် ဆက်မေးလိုက်၏။ "စောစောက ရန်ယဲ့ရှောင်နဲ့ ရှင်တို့ လုပ်နေတာကြီးက... ရွံစရာကောင်းလားဟင်။"

တုပိုင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။"

"နမ်းတာထက် ပိုရွံစရာကောင်းလား။"

တုပိုင်က ပြုံးစစဖြင့် ဖြေလိုက်၏။ "အများကြီး ပိုဆိုးတယ်။"

မိုဟန် နှုတ်ခမ်းစူလိုက်သည်။ "လွန်ခဲ့တဲ့ တစ်နှစ်က ရှင် ရုတ်တရက်ကြီး ပျောက်သွားသလို ကျွန်မ ခံစားလိုက်ရတယ်။ ဘာဖြစ်တာလဲဟင်။"

"စိတ်ပိုင်းဆိုင်ရာ နှောင်ဖွဲ့မှုကနေ ရုန်းထွက်နိုင်သွားလို့ပါ။"

မိုဟန်က စိုးရိမ်တကြီး မေးလိုက်၏။ "ဒါဆို ကျွန်မတို့ နမ်းတဲ့အခါ ရွံစရာကောင်းပြီး ထုံကျဉ်နေသလို ခံစားရဦးမှာလား။"

တုပိုင်က ပခုံးတွန့်ပြလိုက်သည်။ "ငါလည်း မသိဘူး။"

မိုဟန်က ကိုယ်ကိုကိုင်းကာ သူ့အား ညင်သာစွာ နမ်းလိုက်၏။

ခဏအကြာ၌ တုန်ယင်သွားပြီး ကြောက်ရွံ့စွာဖြင့် တစ်ကိုယ်လုံး နောက်တွန့်သွားသည်။ ထို့နောက် သူမ၏ ရင်ဘတ်ဖိလိုက်၏။ "ကျွန်မကို နေမကောင်းဖြစ်အောင် လုပ်နေတုန်းပဲ။ ကိုယ်ထဲကနေ ခုန်ထွက်သွားတော့မလို ခံစားရတယ်။"

ထို့နောက် လေးနက်ပြီး တိုးညင်းသည့် လေသံဖြင့် မေးလိုက်သည်။ "တုပိုင်... ကျွန်မက အသုံးမကျဘူးလားဟင်။"

သေချာပေါက် မဟုတ်ပေ။ တုပိုင် အိမ်ရှေ့စံမင်းသားကို အနိုင်ယူပြီး အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို ချေမှုန်းရာ၌ သူမက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့၏။

တုပိုင်က ပြုံးလိုက်သည်။ "သေချာပေါက် အသုံးကျတာပေါ့။"

မိုဟန်က တိုးတိုးလေး ဝန်ခံလိုက်၏။ "ဒါပေမဲ့ ကျွန်မက အရူးမ။ ကျွန်မ ဘာဆိုဘာမှ နားမလည်ဘူး။"

တုပိုင်က ညင်သာစွာ ရှင်းပြလိုက်သည်။ "အရူးတစ်ယောက် ဖြစ်နေတာ ဘာမှ မှားယွင်းမနေပါဘူး။ တစ်ချိန်ကျရင် အဲဒါက အနာဂတ်အတွက် ကြီးမားတဲ့ အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။"

သူက ခေတ္တရပ်လိုက်၏။ "တစ်နေ့ နောက်ဆုံးအချိန်ကျရင်... မင်းက နဂါးမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူ တကယ် ဖြစ်လာနိုင်တယ်။"

ထိုကဲ့သို့သော ကံကြမ္မာမျိုး ဘယ်သောအခါမှ ဆိုက်ရောက်မလာရန် တုပိုင် မျှော်လင့်မိသော်လည်း အကယ်၍ ဖြစ်လာပါက လုံးဝ ရှောင်လွှဲ၍မရသည့် လက်တွေ့အမှန်တရား ဖြစ်လာမည်ကို သူ သိနေသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters