← Chapters

ဒီနေ့ မင်း ဒီမှာ သေရမယ်

Vol. 81-85 Ch. 1207

ဒီနေ့ မင်း ဒီမှာ သေရမယ်

Vol. 81-85 Ch. 1207

လူတိုင်း ကောင်းကင်ထက်သို့ ထိတ်လန့်ချောက်ချားသော အကြည့်များဖြင့် ပြိုင်တူနီးပါး မော့ကြည့်လိုက်မိသည်။

*ဒီနတ်ဆိုးကို တစ်ချက်တည်းနဲ့ သွေးအန်အောင် လုပ်နိုင်တဲ့ ဒီလူက ဘယ်သူလဲ*

*ဒီအဖြစ်က တကယ်ကို မယုံနိုင်စရာပဲ*

ယဲ့ဖန်တောင်မှ မျက်မှောင်ကို တင်းနေအောင် ကြုတ်မိသွားသည်။

*ရောက်လာတဲ့လူက မကောင်းတဲ့လူပဲ*

တိမ်ပေါ်၌ အသက်ကြီးသော်လည်း ခံ့ညားသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။

“ဒုတိယဦးလေး”

ထိုသူကို မြင်သောအခါ အောက်ဘက်မှ လုံမိသားစုဝင်များက ဝမ်းသာအားရ ပြိုင်တူ အော်ခေါ်လိုက်မိသည်။ ရောက်လာသည့်သူက သူတို့၏ ဒုတိယဦးလေး ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

“လုံမိသားစုရဲ့ ဒုတိယဦးလေး၊ ဒါ ... ဒါဆို ချွန်းယန်အဆင့် ရောက်နေတဲ့လူပဲ”

ဘေးလူများအားလုံး အသက်ပင် မရှူနိုင်ဘဲ ဒုတိယဦးလေးအား မယုံနိုင်စွာ ကြည့်နေကြသည်။ ထိုသူသည် နှစ်တစ်ထောင် သက်တမ်းရှိနေသည့် လူအိုကြီး တစ်ယောက်ဖြစ်ပြီး ကျုံးကျိုး အင်ပါယာတွင်း၌ မသိသူမရှိသော အကျော်ဇေယျ တစ်ယောက် ဖြစ်လေသည်။

ဤဒုတိယ သခင်ကြီးသည် အလွန် သန်မာသည်ဟု ယုံတမ်းပုံပြင်များ ရှိသည်။ သူသည် ငယ်စဉ်ကတည်းက သတ်ဖြတ်ခြင်း၌ မွေ့လျော်သည်ဟု ဆို၏။ သူသည် ဘဝတစ်လျှောက်လုံး မရေတွက်နိုင်သော တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ရန်သူပေါင်း တစ်သောင်းနှင့်အထက်ကို သတ်ခဲ့သည်။ သူ ဒဏ်ရာ ဆက်တိုက် ရခဲ့သော်ငြားလည်း ပြိုင်ဘက်များကို ထပ်ခါထပ်ခါ သတ်ဖြတ်ခဲ့လေသည်။

နောက်ဆုံးတွင် သူသည် သတ်ဖြတ်ရင်းနှင့် ခွန်အား သန်မာလာပြီး ချွန်းယန်အဆင့်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ့ဘဝ၌ ရှုံးနိမ့်မှု အနည်းငယ် ရှိခဲ့သော်ငြားလည်း ထူးချွန်သော နာမည်ကျော်ဟု ခေါ်နိုင်ပေသည်။ သူသည် တကယ့်ကို စစ်နတ်ဘုရားတစ်ပါးလိုပင်။

လုံရှာကို လက်ဝါးတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်သည်က အံ့ဩစရာ မရှိတော့ချေ။ သူ့ကဲ့သို့ မိစ္ဆာအိုကြီးက လုံရှာကဲ့သို့သော နောက်မျိုးဆက်မှလူကြောင့် ထိခိုက်သွားမည် မဟုတ်ပါ။

ထိုအခိုက်တွင် ဒုတိယဦးလေးက မြေကြီးပေါ်မှ ဆိုးရွားစွာ ပုံပျက်နေသော လုံယင်ရှို့၏ အလောင်းကို ကြည့်ပြီး မျက်နှာထား တင်းမာလာပြီး ကြောက်စရာ ကောင်းလာ၏။

သူ့မျက်လုံးများသာ ဓားဖြစ်ပါက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခန္ဓာကိုယ်၌ ဓားထောင်ချီ၍ ထိုးစိုက်နေ လောက်သည်။ အဘယ်ကြောင့်ဆိုသော် လုံယင်ရှို့သည် သူ၏ မြေးဖြစ်ပြီး သူ အချစ်ရဆုံး မြေး ဖြစ်နေ သောကြောင့်ပင်။

ယခု လုံယင်ရှို့က အမှိုက်ကောင် လုံရှာ၏ လက်ထဲ၌ သေသွားရသဖြင့် သူ အလွန်အမင်း မခံမရပ်နိုင် ဖြစ်လာ ရသည်။

လုံရှာသာ သူ့လက်ထဲ ရောက်လာပါက သေသည်ထက် ဆိုးသော ဘဝမျိုးနှင့် ကြုံတွေ့ရအောင် လုပ်မည်ဟု သူ တွေးလိုက်မိသည်။

“လုံရှာ နင် ခုနက ငါ့ကို မသတ်ခဲ့ဘူး၊ အဲ့ဒါကို နင် တစ်သက်လုံး နောင်တရတော့မှာ၊ နင် နောက်ဘယ်တော့မှ ဒီလို အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး၊ ဟားဟားဟား”

စုန့်ကျဲရင်က အလွန် ဂုဏ်ယူဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလေသည်။ ဒုတိယဦး‌လေး ရောက်လာပြီ ဖြစ်သဖြင့် လုံရှာ မုချသေရပေတော့မည်။

“လုံရှာ ဒုတိယဦးလေး ရောက်လာပြီလေ၊ မင်း ဘာလို့ မြန်မြန် မတောင်းပန်တာလဲ”

“အခု မင်းကို ယဲ့ဘုရင်က ကယ်နိုင်တယ်လို့ လူပိန်းနည်းနဲ့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”

လုံမိသားစုဝင်များ တစ်‌ယောက်ပြီး တစ်ယောက် စိတ်အေးကာ သက်ပြင်းချလိုက်ပြီးနောက် ညစ်ကျယ်ကျယ် ရယ်မောလာကြသည်။ သူတို့ အားကိုးရမည့်လူကို တွေ့လိုက်ရသကဲ့သို့ ခုန်ပေါက်၍ အလွန် ပျော်ရွှင်နေသည်။

နလန်ရှောင်နှင့် အခြားသူများ မသိမသာ စိုးရိမ်စိတ် ဝင်လာသည်။ တစ်ဖက်လူက ချွန်းယန်အဆင့်သို့ ရောက်နေသည့် လူဖြစ်သည်။ ယဲ့ဖန်က သူ့ကို တကယ် တားဆီးနိုင်ပါမည်လော။

ဘေးလူများကလည်း ပြုံးစစ မျက်နှာပေးမျိုး ဖြစ်လာကြသည်။ ယခု ပွဲကြီးပွဲကောင်း ကြည့်ရပေတော့မည်။ ဒုတိယ ဦးလေးက ရန်သူကို ကိုယ်တိုင် မြင်လိုက်ရသဖြင့် ယဲ့ဖန် မည်မျှ တစ်မူထူးခြားနေပါစေ၊ သူ့အတွက် သေလမ်းသာ ရှိတော့သည်။

ချွန်းယန်အဆင့် သိုင်းပညာရှင်၏ လက်အောက်တွင် သူတို့အားလုံးက ပုရွက်ဆိတ်သာသာမျှသာ ရှိလေသည်။

“ဒုတိယဦးလေး၊ ရှင် လုံရှာကို ဓားတစ်ထောင်နဲ့ ခုတ်ပိုင်းပြီး လုံမိသားစုက သေသွားရတဲ့ လူတွေအတွက် လက်စားချေပေးပါ”

“ပြီးတော့ ယဲ့ဖန်ကိုလည်း ဒီအတိုင်း ထားလို့ မဖြစ်ဘူး၊ သူကလည်း ကြံရာပါတွေထဲက တစ်ယောက်ပဲ”

လုံမိသားစုဝင်များက ယဲ့ဖန်နှင့် လုံရှာတို့ကို ခက်ထန်သော မျက်လုံးများဖြင့် ကြည့်၍ တစ်ယောက်ပြီး တစ်ယောက် တိုင်ကြားနေကြသည်။ သူတို့၏ စိတ်ထဲ၌ ဒုတိယဦးလေးက သူတို့ ခံရသည်များကို ပြန်လည် ချေဖျောက်ပေးပါစေဟု ကြိတ်၍ ဆုတောင်းနေမိသည်။

“လုံရှာ ဒူးထောက်ပြီး အသေခံစမ်း”

ဒုတိယဦးလေးက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို ငုံ့ကြည့်၍ မောက်မာစွာ ပြောလိုက်သည်။

“ထွီ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အလွန် အထင်သေးသော မျက်နှာပေးဖြင့် ဘေးသို့ တံတွေးထွေးပြလိုက်သည်။

“ကောင်းပြီလေ သိပ်ကောင်းတယ်၊ အစက ငါ မင်းအဘိုးရဲ့ မျက်နှာကို ထောက်ပြီး မင်း အေးအေးဆေးဆေး သေရအောင် လုပ်ပေးမလို့ပဲ၊ မင်းက အကောင်းအဆိုး မသိမှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

ဒုတိယဦးလေး အလွန် ဒေါသထွက်နေပြီး ဒေါသကြောင့် နဖူးမှ သွေးကြောများပင် ထောင်တက်လာသည်။ သူ့တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များ ထွက်လာပြီး ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသဖြင့် ‌ရှေးခေတ် နတ်မင်းတစ်ပါးဟုပင် ထင်မှတ်မှားရသည်။

သူသည် အလွန် ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်သည်။ သူ့ခေတ်သူ့အခါ၌ အကြမ်းတမ်းဆုံးလူ ဖြစ်ခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် တိုက်ပွဲဝင်ခွန်အားတို့ကြောင့် ယှဉ်နိုင်သူ မရှိလုနီးပါး ဖြစ်ခဲ့ဖူးသည်။

ထိုအချိန်က သူသည် မြေပြင်အား သွေးချောင်းစီးစေခဲ့ပြီး တောင်များ ပြိုပျက်ကာ မရေတွက်နိုင်သော သူရဲကောင်းများနှင့် နာမည်ကျော်များ သူ့လက်ထဲ၌ ပျောက်ကွယ်ခဲ့ရသည်။ ထို့ကြောင့် ထိုအချိန်က သူ့အား လူတိုင်း ထိတ်လန့် ကြောက်ရွံ့ကြသည်။

“ဝုန်း”

သူ့လက်ဝါးအား နောက်တစ်ကြိမ် အောက်သို့ ရိုက်ချလိုက်ပြီးနောက် သူ့လက်ဝါးက ဧရာမ လက်ဝါး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။ ရက်စက် ကြမ်းကြုတ်သလို နှိုင်းယှဉ်မရအောင် သန်မာလွန်းလှသည်။

ဤလက်ဝါးချက်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား အသားပြားအဖြစ် ပြောင်းလဲနိုင်စေမည်မှာ မလွဲမသွေပင်။ စုန့်ကျဲရင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေနေပြီး စိတ်ထဲမှ ကြိတ်၍ အော်ဟစ်နေမိသည်။

“သူ့ကိုသတ်လိုက်၊ အဲ့သူတောင်းစားကို သတ်ပစ်လိုက်”

“အသေခံ ဟုတ်လား၊ မင်း ငါ့ကို အရင်မေးခဲ့လား”

ရုတ်ချည်းဆိုသလိုပင် တိုးညင်း၍ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက လူတိုင်း၏ စိတ်အား စိတ်ဖောက်သွားသလို ဖြစ်သွားစေသည်။

လူတိုင်း မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင် လက်ဝါးချက်အောက်၌ နောက်ထပ် လူရိပ်တစ်ခု ရောက်နေ သည်ကို တွေ့လိုက်ရသည်။

“ယဲ့ဖန် ဘာလုပ်နေတာလဲ၊ လုံရှာနဲ့အတူ လိုက်သေမလို့လား”

“ဒီအရူးကတော့ သူတို့နှစ်ယောက်သာ ပေါင်းလိုက်ရင် ချွန်းယန်အဆင့် သိုင်းပညာရှင်ရဲ့ ခွန်အားကို တားဆီး နိုင်မယ်လို့ လူပိန်းနည်းနဲ့ တွေးနေတာလား”

“ငါ နားလည်ပြီ၊ သူတို့မှာ ညီအစ်ကိုလို နက်ရှိုင်းတဲ့ သံယောဇဉ် ရှိနေတာပဲ၊ သူတို့ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ မမွေးခဲ့ပင်မယ့် တစ်နှစ်တည်း တစ်ရက်တည်းမှာ အတူတူ သေချင်နေကြတာကိုး”

လူတစ်စုက အလွန် အထင်သေး ရွံရှာဟန်ဖြင့် လှောင်ရယ်နေကြပြီး ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။

“ယဲ့ဘုရင်က စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်၊ မင်းတို့ ဘာလို့ ဝင်မပါတာလဲ၊ မင်းတို့ သူ သေတာကို တကယ် ထိုင်ကြည့်မလို့လား”

ထန်မင်လီနှင့် အခြားသူများ တုပ်တုပ်မလှုပ်သည်ကို မြင်ပြီး နလန်ရှောင် ချက်ချင်း ဒေါသထွက်လာ၏။ ထိုအခါ ထန်မင်လီက သူ့အား တည်ငြိမ်စွာ ငဲ့ကြည့်လာပြီးနောက် ပျက်ရယ်ပြုလာသည်။

“သေတာကို ထိုင်ကြည့်တယ်၊ ဘယ်သူက သေမှာမို့လို့ မလိုတာတွေ လုပ်ရမှာလဲ”

နလန်ရှောင် ရုတ်တရက် တွေဝေသွားသည်။ ထို့နောက် တိုက်ပွဲဖြစ်နေရာသို့ အသည်းအသန် ပြန်လှည့်ကြည့်၍ ယဲ့ဖန်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ လှုပ်ရှားမှုတိုင်းအား မမြင်လိုက်မှာကို စိုးနေသည့်ပုံပင်။

ထိုအချိန်တွင် ယဲ့ဖန်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ သူ့မျက်လုံးများက ဒေါသမီးကြောင့် တောက်ပနေပြီး မျက်လုံးထဲတွင် ကြယ်တာရာ အခုတစ်သောင်း မျောလွင့်နေသည်ဟုပင် ထင်မှတ်မှားရသည်။

ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

“ငါ့ရှေ့က ထွက်သွားစမ်း”

သူ၏ အသံတစ်ခုတည်းနှင့် တောတောင်နှင့် ရေမြေများ လှုပ်ခါသွားရသည်။ မြေဆီလွှာတစ်ခုလုံး ချက်ချင်း အက်ကွဲ ပြိုကျလာပြီး ကျောက်တုံးကျောက်ဆောင်များ လွင့်ပျံလာသည်။ တစ်လောကလုံး ကမ္ဘာပျက်သည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။

ထိုစဉ် ယဲ့ဖန်၏ အနောက်ဘက်တွင် ကြောက်စရာကောင်းသော ဧရာမ မိစ္ဆာကြီးတစ်ကောင် ပေါ်လာသည်ကို လူတိုင်း ပြတ်သားစွာ မြင်လိုက်ရသည်။ ၎င်းသည် မှင်ကဲ့သို့ နက်မှောင်နေပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာ ရှိသလို အသက်ရှူရ ကျပ်လောက်အောင် ဖိနှိပ်နိုင်သည့် အရှိန်အဝါမျိုးနှင့်လည်း ပြည့်နှက်နေ၏။

၎င်းက ယဲ့ဖန်နှင့်အတူ ကောင်းကင်ယံသို့ မော့ကြည့်၍ အော်ဟစ်လာသည်။ ၎င်းသည် ယဲ့ဖန်၏ သယ်ဆောင်သူ ဖြစ်ပြီး အခြားကျင့်စဉ်များ၏ ဆင့်ကဲ ပြောင်းလဲမှုဖြစ်သော ပြိုင်ဘက်ကင်း နတ်ဆိုးကြီးတစ်ကောင် ဖြစ်သည်။

၎င်း၏အသံလှိုင်းမှ မဖော်ပြနိုင်လောက်သော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ထိုးတက်သွားသည်။ ယင်းစွမ်းအင်လှိုင်းကြောင့် နေမင်းနှင့် လတို့ပင် ပျက်စီးသွားနိုင်သည်ဟု ထင်မှတ်ရ လေသည်။ ဤမြင်ကွင်းက ကြောက်စရာကောင်းလှသည်။

“ဂျွတ်”

ထို့နောက် ရွှေရောင် လက်ဝါးသည် ချက်ချင်း အက်ကွဲပျက်စီးသွားပြီး ဒုတိယဦးလေးသည်လည်း နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်သွားလေသည်။

ဆယ်မီတာမျှ လွင့်ထွက်သွားပြီးမှ သူ့ခန္ဓာကိုယ်ကို ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။ ထို့အတူ သူ့မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။ ကျန်လူများအားလုံး၏ မျက်နှာတွင်လည်း ကြောက်စိတ်များ စိုးမိုးလာသည်။ သူတို့သည် ငရဲကျနေသည်ဟု ခံစားမိကာ ဤသို့ ထိတ်လန့်စရာ အဖြစ်အား လက်မခံနိုင် ဖြစ်နေလေသည်။

*ခုနက တကယ်ပဲ နတ်ဆိုးကြီးတစ်ကောင်က မိုးမြေကို အော်ဟစ်လိုက်တာလား*

*ဒုတိယဦးလေးလို စစ်နတ်ဘုရားကိုတောင်မှ လွင့်ထွက်သွားအောင် လုပ်နိုင်တာလား*

ယဲ့ဖန်၏ နတ်ဆိုးစွမ်းအင်များက တစ်ဟုန်ထိုး ထွက်ပေါ်နေပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ထက် အဆတစ်ရာမက ပိုမို ပြင်းထန်လေသည်။ သူသည် ဒုတိယဦးလေးကို စူးစိုက်ကြည့်၍ တစ်လုံးချင်းစီ ပြောလိုက်သည်။

“ငါ့ညီအစ်ကိုကို ဒဏ်ရာရအောင် လုပ်မှတော့ မင်း ဒီနေ့ ဒီမှာ သေရမယ်”

All Chapters