← Chapters

အခန်း (၇၉၁-၇၉၂)

Vol. 67 Ch. 791-792

အခန်း (၇၉၁-၇၉၂)

Vol. 67 Ch. 791-792

အခန်း (၇၉၁) သက်တမ်း ကွဒရီလီယံ ၂၀

ကွမ်ဖာအမတနန်းတော် ၏ ခမ်းနားကြီးကျယ်သော ခန်းမဆောင်ကြီး အတွင်း၌ တိတ်ဆိတ်နေခဲ့၏။ ယခင်က စိတ်အားထက်သန်နေခဲ့ကြသော ထိုတပည့်များသည် အားလုံး တိတ်ဆိတ်နေကြပြီး တစ်ဦးစီတိုင်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အနည်းငယ် ရောယှက်နေသော အနေရခက်သည့် အမူအရာများ ရှိနေကြသည်။

ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား သည် ခန်းမဆောင် အတွင်းရှိ လူတိုင်းကို အေးစက်သော အကြည့်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။

"ကောင်းကင်သားတော် ပြိုင်ပွဲရဲ့ ကပ်ဘေးက ပိုပြီး အရေးပါတယ် ဆိုတာ ရှင်းနေတာပဲ... အမှောင်နတ်ဘုရား က သက်ရှိဘယ်နှစ်ယောက်ကို အန္တရာယ် ပေးနိုင်လို့လဲ... ကောင်းကင်သားတော် ပြိုင်ပွဲက သက်ရှိသတ္တဝါ ဘယ်လောက်ကို သက်ရောက်မှု ရှိမလဲ... တကယ်လို့ မဟာကမ္ဘာ သုံးထောင် ကို ပြန်လည် ဖွင့်လှစ်ပြီး ပုံဖော်နိုင်တယ် ဆိုရင်တောင် သေဆုံးသွားတဲ့ သက်ရှိတွေအတွက်ရော ဘယ်လိုလုပ်မလဲ... သူတို့က အသက်ရှိသစ်တွေနဲ့ အစားထိုးခံရုံ သက်သက်ပဲ ဖြစ်လိမ့်မယ်... တကယ်လို့ ကောင်းကင်သားတော် ပြိုင်ပွဲကို မြန်မြန် မဖြေရှင်းနိုင်ဘူး ဆိုရင် တခြား မိစ္ဆာနတ်ဘုရား တွေ အဆက်မပြတ် ထွက်ပေါ်လာနေဦးမှာပဲ..."

ရုတ်တရက် အသံတစ်ခုသည် ခန်းမဆောင်ကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အမတနတ်ဘုရား များ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား သည် အံ့အားသင့်သွားသော အမူအရာဖြင့် သူ၏ မျက်ခုံးများကို ပင့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် စကားပြောသူမှာ အခြားသူ မဟုတ်ဘဲ လီရွှမ်မြှောင် ဖြစ်သောကြောင့်ပင်။

လီရွှမ်မြှောင် သည် တက်လှမ်းလာသူ တစ်ဦးဖြစ်ပြီး တက်ရောက်လာသော အမတများ အားလုံးတွင် အတွေ့အကြုံ အနည်းဆုံး ဖြစ်သော်လည်း သူသည် ဤကဲ့သို့သော စော်ကားသည့် စကားများကို ပြောဆိုဝံ့ခဲ့သည်။ သူတို့အထဲမှ အချို့သော အမတနတ်ဘုရား များသည် ကောင်းကင်သားတော် ၏ လက်အောက်ခံများ ဖြစ်နေနိုင်သည်ကို သူ မကြောက်ရွံ့ပေဘူးလော။

အံ့အားသင့်နေချိန်တွင် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား သည် လေးစားမှုကိုလည်း ခံစားလိုက်ရပေ၏။

ငယ်ရွယ်စဉ်ကတည်းက သူ၏ ရဲရင့်မှုကို လောကတွင် ပြိုင်ဘက်ကင်းသည်ဟု သူ ယူဆခဲ့သော်လည်း ကောင်းကင်နန်းတော် သို့ ရောက်ရှိပြီးနောက် သူသည် သတိထားလာခဲ့ပြီး တဖြည်းဖြည်း သူ၏ ထက်မြက်မှုကို ဆုံးရှုံးကာ အားနည်းသူများကို အနိုင်ကျင့်သော ထိုရွံရှာဖွယ် အမတနတ်ဘုရား များနှင့် တူညီလာခဲ့သည်။ လီရွှမ်မြှောင် ၏ မှတ်ချက်များသည် သူ၏ အတွေးများကို ဖော်ပြနေသော်လည်း သူ ဘယ်သောအခါမှ အသံထွက်၍ မပြောရဲခဲ့ချေ။

ရာပေါင်းများစွာသော အမတနတ်ဘုရား များ၏ အကြည့်အောက်တွင် လီရွှမ်မြှောင် သည် ကြောက်ရွံ့မှု မရှိဘဲ ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကို တည့်တည့် စိုက်ကြည့်နေခဲ့၏။

ဤအချိန်မှစ၍ အကြောင်းအရာသည် ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား က တပည့်များကို စမ်းသပ်နေခြင်း မဟုတ်တော့ဘဲ လီရွှမ်မြှောင် က ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကို စမ်းသပ်နေခြင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ လီရွှမ်မြှောင် ၏ စိတ်ထဲတွင် ထိုသို့ ဖြစ်ပေ၏။

"တကယ်လို့ ကောင်းကင်သားတော် ပြိုင်ပွဲရဲ့ ကပ်ဘေးက ပိုကြီးမားတယ် ဆိုရင်တောင် အဲဒါကို မင်း ဘယ်လို ပြောင်းလဲမှာလဲ... ဒီ ကောင်းကင်နန်းတော် မှာ ကောင်းကင်ဧကရာဇ် တစ်ပါးတည်းကသာ အရာရာတိုင်းကို ပြောင်းလဲနိုင်တယ်... ကောင်းကင်ဧကရာဇ် ကို တွေ့ရဖို့ ဆိုတာ အဓိပတိအမတ တစ်ပါး ဖြစ်လာဖို့ထက်တောင် ပိုပြီး ခက်ခဲသေးတယ်... သူ့ကို တွေ့ရရင်တောင်မှ သူ့ကို ယုံကြည်အောင် သိမ်းသွင်းနိုင်မယ်လို့ မင်းကို ဘယ်အရာက ထင်စေတာလဲ... ရှည်လျားလှတဲ့ နှစ်ကာလတွေ တစ်လျှောက်မှာ မင်းလိုမျိုး အကြံပြုခဲ့တဲ့ အမတ တစ်ပါးမှ မရှိခဲ့ဘူးလို့ မင်း ထင်နေတာလား..."

ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား က လီရွှမ်မြှောင် ကို စိုက်ကြည့်ရင်း အေးဆေးစွာ မေးမြန်းလိုက်သည်။ လီရွှမ်မြှောင် မျက်မှောင်ကြုတ်သွားပြီး အခြား အမတနတ်ဘုရား များ အားလုံး သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

အနည်းဆုံးတော့ ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား က သူ့ရဲ့ အသိစိတ်ကို မဆုံးရှုံးသေးဘူးပဲ...

လက်ရှိ ကောင်းကင်သားတော် နေရာအတွက် ယှဉ်ပြိုင်နေသူ နှစ်ဦးသည် ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကို မတုန်လှုပ်စေနိုင်သော်လည်း ကောင်းကင်သားတော် ပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် ၎င်းမှာ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

သမိုင်းကြောင်းအရ ပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် သူတို့၏ နောက်ဆုံး ကံကြမ္မာသည် ကြေကွဲဖွယ် ကောင်းနေလျှင်တောင် တစ်ဖက်က အမြဲတမ်း တက်လှမ်းလာလေ့ ရှိသည်။ ထိုအဆင့်တွင် ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကို စိန်ခေါ်နိုင်စွမ်း ရှိသူ တစ်ဦး ရှိလာရန် ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။

ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား က ပြောလိုက်၏။ "ကောင်းကင်သားတော် ပြိုင်ပွဲ အကြောင်း ညည်းညူနေမယ့် အစား အမှောင်နတ်ဘုရား ကြောင့် ဖြစ်လာတဲ့ ဖရိုဖရဲ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ စဉ်းစားကြည့်ပါလား... ကောင်းကင်သားတော် ပြိုင်ပွဲကို အဆုံးသတ်ဖို့ထက် အမှောင်နတ်ဘုရား ကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်ကူတယ် ဆိုတာကို မင်း သိပါတယ်... မင်းက အမှောင်နတ်ဘုရား ကြောင့် ဖြစ်လာတဲ့ ဖရိုဖရဲ အခြေအနေကို မဖြေရှင်းချင်လို့ ကောင်းကင်သားတော် ပြိုင်ပွဲကို အကြောင်းပြနေတာ မဟုတ်လား..."

အမတနတ်ဘုရား များသည် အနေရခက်သော အပြုံးများကို ပြသခဲ့ကြပြီး မချေပဝံ့ခဲ့ကြချေ။

လီရွှမ်မြှောင် ငြိမ်ကျသွား၏။ ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ၏ စကားများသည် ယုတ္တိရှိသည်ဟု သူ ခံစားရသော်လည်း ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား သည် ပြဿနာကို ရှောင်လွှဲနေသည်ဟုလည်း သူ ထင်မြင်ခဲ့သည်။

သူတို့က အမှောင်နတ်ဘုရား ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း ဟူသည်ကို တွေးတောနေချိန်တွင် ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား ကဲ့သို့သော မဟာစွမ်းအားရှင် များသည် ကောင်းကင်သားတော် ပြိုင်ပွဲကို မည်သို့ ဖြေရှင်းရမည်နည်း ဟူသည်ကို စဉ်းစားကြမည်လော။

သူသည် အဖြေတစ်ခု မရရှိခဲ့သကဲ့သို့ ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကလည်း ထိုအကြောင်းအရာကို ဆက်လက် မပြောဆိုတော့ဘဲ အမှောင်နတ်ဘုရား ၏ မဟာတာအို အရင်းအမြစ်များ အကြောင်းကို စတင် ဆွေးနွေးခဲ့သည်။ ဤအကြောင်းအရာကို အသုံးပြု၍ သူသည် ဆက်လက် ဟောပြောပို့ချခဲ့ပြီး တပည့်များကို တာအို ရည်ရွယ်ချက် ထဲတွင် နက်ရှိုင်းစွာ နစ်မြောသွားစေကာ သူတို့၏ ပြဿနာများကို တဖြည်းဖြည်း မေ့လျော့သွားစေခဲ့ပေ၏။

ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား သည် လီရွှမ်မြှောင် ကို ကြည့်လိုက်သည်။ လီရွှမ်မြှောင် သည် မျက်လုံးများကို မှိတ်ထားပြီး ဖြစ်ကာ ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ၏ အကြည့်တွင် ကျေနပ်အားရမှု နှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။

"တပည့်... ဒီ ကောင်းကင်နန်းတော် ထဲက ဒီရေတွေက မင်းထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းတယ်... မင်းရဲ့ မာနက မင်းကို ပိုမြင့်တဲ့နေရာဆီ ပျံသန်းနိုင်အောင် ကူညီပေးနိုင်သလို မင်းကို ပိုပြီး ပြင်းပြင်းထန်ထန် ကျဆင်းသွားစေနိုင်တယ်..."

ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား သည် မျက်လုံးများကို ပင့်ကာ ခန်းမဆောင် အပြင်ဘက်ရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ပြီး သူ၏ အမူအရာမှာ စိုးရိမ်ပူပန်လာခဲ့သည်။ သူ၏ နှလုံးသားထဲတွင် သက်ပြင်းချလိုက်၏။

"အမှောင်နတ်ဘုရား... မင်း ပြန်လာတော့မလို့လား..."

...

နှစ်တစ်သိန်းခွဲ အကြာတွင်။

လူသားကမ္ဘာ သည် ပဋိပက္ခများထဲတွင် ရစ်ပတ်နေဆဲ ဖြစ်သော်လည်း ကောင်းကင်ကြီးကမူ အပြာရောင် သန်းနေဆဲပင် ဖြစ်၏။

ယနေ့တွင် ကုအန် သည် လူသားကမ္ဘာတောင်ထိပ် မှ ပြန်လာခဲ့ပြီး သူ၏ သက်တမ်းမှာ ကွဒရီလီယံ ၂၀ သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် အတော်လေး တက်ကြွနေခဲ့သည်။ သူသည် တစ်ညတာ အနားယူပြီး နောက်ရက်တွင် အဆင့်ချိုးဖျက်ရန် စီစဉ်ထားပေ၏။

သက်တမ်းတာအိုနယ်မြေ သို့ ပြန်ရောက်လာပြီးနောက် လမ်းတစ်လျှောက်တွင် လေ့ကျင့်ကာ လက်ရည်ယှဉ်နေကြသော တပည့်များကို သူက နှုတ်ဆက်ခဲ့ရာ သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။

သူ၏ နေအိမ်သို့ မပြန်နိုင်မီ အန်ရှင်း က အရှေ့တွင် ထွက်ပေါ်လာပြီး အလျင်စလို ပြောဆိုလိုက်၏။

"ဆရာ... အမှောင်နတ်ဘုရားဂိုဏ်း က လှုပ်ရှားလာပြီ... အခုဆို အမှောင်ကောင်းကင်နတ်ဘုရား တစ်ပါး ထွက်ပေါ်လာပြီး အမတနတ်ဘုရား တွေတောင်မှ သူ့ကို ယှဉ်နိုင်စွမ်း မရှိဘူး..."

"တကယ်လို့ အမတနတ်ဘုရား တွေက သူ့ကို အနိုင်ယူနိုင်ရင် သူတို့က သဘာဝကျကျပဲ ဆုတ်ခွာသွားကြမှာပဲ..."

"ဆရာ ဝင်မပါဘူးလား..."

အန်ရှင်း က မေးလိုက်သည်။ သူမ၏ အမြင်တွင် ထို အမတနတ်ဘုရား များသည် သက်ရှိသတ္တဝါ အားလုံး၏ တည်ရှိမှုထက်ပင် သာလွန်နေပြီ ဖြစ်၏။ အကယ်၍ သူတို့ပင်လျှင် အမှောင်ကောင်းကင်နတ်ဘုရား ကို မဖြေရှင်းနိုင်ပါက သူမ၏ ဆရာ တစ်ယောက်တည်းသာ ဖြေရှင်းနိုင်ပေလိမ့်မည်။

အကယ်၍ သူမ၏ ဆရာက ၎င်းကို မဖြေရှင်းနိုင်ပါက သူတို့သည် ထွက်ပြေးရန်သာ စဉ်းစားရတော့မည် ဖြစ်သည်။

ကုအန်က ပြန်ဖြေလိုက်၏။

"မစိုးရိမ်ပါနဲ့... အမှောင်ကောင်းကင်နတ်ဘုရား က လောကကြီးကို ဖျက်ဆီးပစ်ဖို့ မရည်ရွယ်ပါဘူး...နောက်ပြီး ငါ လှုပ်ရှားရမယ့် အချိန်ကိုလည်း မရောက်သေးဘူး..."

သူသည် ခဏရပ်ကာ ဆက်ပြောလိုက်သည်။ "အမှောင်နတ်ဘုရားဂိုဏ်း ကို ဆန့်ကျင်တာက ခန္ဓာကိုယ်နဲ့ တာအို ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာ တပည့်တွေကို ပြောပြလိုက်ပါ... ငါက သူတို့အတွက် လက်စားချေပေးဖို့ အခွင့်အရေး ရှိနိုင်ပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာ သူတို့ကို မကာကွယ်ပေးနိုင်ဘူး..."

ဤသည်ကို ကြားချိန်၌ အန်ရှင်း သည် စိတ်အေးသွားခဲ့၏။ သူမ၏ ဆရာ ဤသို့ ပြောဆိုခြင်းက အမှောင်နတ်ဘုရားဂိုဏ်း ကို အလေးအနက် မထားကြောင်း ထင်ရှားနေပေသည်။

သူ ယခု မလှုပ်ရှားရခြင်း၏ အကြောင်းရင်းမှာ သက်ရှိသတ္တဝါ အားလုံးကို စမ်းသပ်ရန် ဖြစ်နိုင်ပေ၏။

"ကျွန်မ သူတို့ကို သတိပေးလိုက်ပါ့မယ်..."

အန်ရှင်း သည် လေးနက်စွာ ပြန်လည် ဖြေကြားလိုက်ပြီးနောက် အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။

ကုအန် သည် တောအုပ်ထဲမှတစ်ဆင့် ဆက်လက် လျှောက်သွားရင်း အခြား မဟာကမ္ဘာများဆီသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပြင် အခြား မဟာကမ္ဘာ ခြောက်ခုသည်လည်း အမှောင်ကောင်းကင်နတ်ဘုရား များ၏ ဖုံးလွှမ်းမှုကို ခံနေရ၏။

အမှောင်ကောင်းကင်နတ်ဘုရား ခုနစ်ပါးသည် ကမ္ဘာတစ်ခုစီ၏ အမတနတ်ဘုရား များကို နှိမ်နင်းပြီးဖြစ်ကာ ကံကြမ္မာများကို စတင် ထုတ်လွှတ်နေပြီး အမတနတ်ဘုရား စနစ်သစ်တစ်ခု တည်ထောင်ရန် ပြင်ဆင်နေပုံ ရပေသည်။

အမှောင်နတ်ဘုရား သည် မဟာတာအို မှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

ဤ အမှောင်နတ်ဘုရား သည် တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်ရှိ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ကုအန် အတွက် ခြိမ်းခြောက်မှု မရှိချေ။ ကုအန် သည် သူ့ကို အပြီးတိုင် ဖယ်ရှားပစ်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကောင်းကင်တာအို ကံကြမ္မာ ထံသို့ ချဉ်းကပ်လာနေသော နက်ရှိုင်းသည့် အနီရောင် မြူခိုးများမှာ ရပ်တန့်မသွားသေးချေ။ အမှောင်နတ်ဘုရား သည် ထို အနီရောင် မြူခိုးများနှင့် သက်ဆိုင်မှု ရှိ၊ မရှိကို ကုအန် မပြောနိုင်ပေ။ အကြောင်းအကျိုး အရ ၎င်းတို့ကြားတွင် ဆက်သွယ်မှု မရှိသေးသော်လည်း သူတို့ နှစ်ခုလုံးသည် ကောင်းကင်တာအို နယ်ပယ် အတွင်းသို့ တစ်ချိန်တည်း လောက်တွင် ဝင်ရောက်လာခဲ့ကြ၏။ အကယ်၍ တိုက်ရိုက် ဆက်သွယ်မှု မရှိလျှင်တောင် သူတို့သည် သေချာပေါက် ဆက်နွှယ်နေနိုင်ပေသည်။

"အမှောင်နတ်ဘုရား... မင်းက ဘာလို့ ကောင်းကင်နန်းတော် က အမတ တွေနဲ့ ဒီလောက်တောင် ဆင်တူနေသလို ခံစားရတာလဲ... အထူးသဖြင့် ကံကြမ္မာ ဖွဲ့စည်းပုံ မှာပေါ့..."

ကုအန် သည် လျှောက်သွားရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

သစ်ပင်ဘေးတွင် တရားထိုင်နေသော တွမ်လီ သည် ကုအန် ၏ အသံကို ကြားချိန်တွင် မျက်လုံးများကို ဖွင့်လိုက်သည်။ ကုအန် ဖြစ်နေသည်ကို မြင်သောအခါ သူ အလျင်အမြန် ထရပ်ကာ အရိုအသေ ပေးလိုက်၏။

"မြေးတပည့် က ဘိုးဘေး ကို ဂါရဝပြုပါတယ်..."

တွမ်လီ က ရိုသေစွာ ပြောလိုက်သော်လည်း ကုအန် က သူ့ကို လျစ်လျူရှုကာ ဖြတ်လျှောက်သွားခဲ့သည်။

ကုအန် ၏ ကျောပြင်ကို ကြည့်ရင်း တွမ်လီ သည် တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် အံကိုက်ကာ နောက်မှ လိုက်သွားပြီး မေးလိုက်၏။ "ဘိုးဘေး... ကံကြမ္မာလွန်ဆန် နတ်ဘုရားကျင့်စဉ် နဲ့ ပတ်သက်ပြီး ကျွန်တော် မေးစရာ မေးခွန်းတွေ ရှိပါတယ်... တာအိုနယ်မြေ ထဲမှာ ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့သူ ဘယ်သူမှ မရှိလို့ ဘိုးဘေး ကိုပဲ မေးလို့ ရမှာမို့လို့ပါ..."

ကုအန် ရပ်တန့်သွား၏။ ဤသည်က တွမ်လီ ကို ပို၍ပင် စိုးရိမ်ပူပန်သွားစေခဲ့သည်။

တွမ်လီ ကို လှည့်ကြည့်ရင်း ကုအန် က ပြောလိုက်၏။ "ကံကြမ္မာဆန်ကျင့် နတ်ဘုရားကျင့်စဉ် က အဓိကအားဖြင့် တခြားသူတွေကို ကျင့်စဉ် လက်ဆင့်ကမ်းပေးဖို့ပဲ... ဖြစ်နိုင်ရင် မင်း တစ်ခါလောက် လက်ဆင့်ကမ်းပေးဖို့ ကြိုးစားကြည့်ပါ... အဲဒါက မင်းကို အံ့ဩစရာ တစ်ခု ယူဆောင်လာပေးနိုင်တယ်…”

အခန်း (၇၉၂) ဖရိုဖရဲ မူလဘူတ၊ ပြင်ပကောင်းကင်

ရှည်လျားသော နှစ်များတစ်လျှောက် ကုအန် ၏ ဝါသနာများ အားလုံးသည် သူ၏ တာအို ရည်ရွယ်ချက် ဖြင့် အသွင်ပြောင်းသွားမည်ဖြစ်ပြီး ကံကြမ္မာလွန်ဆန် နတ်ဘုရားကျင့်စဉ် သည်လည်း ချွင်းချက် မဟုတ်ချေ။ ဤ ရွှမ်ချီကမ္ဘာဦးအမတ မှ ပြုပြင်မွမ်းမံပြီးနောက် ဤကျင့်စဉ်သည် လောကီထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံးကို ကြည့်လျှင် မည်သည့် ကျင့်ကြံခြင်း နည်းစနစ်ကမှ ဤကျင့်စဉ်၏ ဖန်တီးမှုနှင့် မယှဉ်နိုင်ချေ။

ကံကြမ္မာဆန်ကျင် နတ်ဘုရားကျင့်စဉ် သည် မူလက အခြားသူများကို အလုပ်အကျွေးပြုရန် ဖန်တီးထားခြင်း ဖြစ်သော်လည်း ကုအန် ၏ ပြုပြင်မွမ်းမံမှုများမှတစ်ဆင့် အကြောင်းအကျိုး နှင့် ကံကြမ္မာ လမ်းစဉ် ကို ပေါင်းစပ်ထည့်သွင်းလိုက်ရာ ၎င်းသည် ဆက်ခံသူထံသို့ စွမ်းအားများ လွှဲပြောင်းပေးနိုင်ပြီး သဘာဝတရား၏ ဝိညာဉ်စွမ်းအင်နှင့် အကြောင်းအကျိုး စွမ်းအား၏ ကောင်းချီးများကို ရရှိကာ အချိန်တိုအတွင်း ပိုမိုကြီးမားသော စွမ်းအားကို ရရှိရန် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ပေသည်။

၎င်းသည် ကောင်းကင်ဘုံ အတွင်း၌သာမက မဟာတာအို ၏ နယ်ပယ် အတွင်း၌ပါ အသုံးချနိုင်ပေသည်။

ယေဘုယျအားဖြင့် ကံကြမ္မာဆန့်ကျင် နတ်ဘုရားကျင့်စဉ် သည် အရှိန်မြှင့်တင်ပေးသော ကျင့်ကြံခြင်း နည်းစနစ် အမျိုးအစားအဖြစ် မသတ်မှတ်ထားချေ။ အဘယ်ကြောင့်ဆိုသော် လွှဲပြောင်းပေးလိုက်သော စွမ်းအားကို ကိုယ်တိုင် ကျင့်ကြံရမည်ဖြစ်ပြီး လွှဲပြောင်းပြီးနောက် ရရှိလာသော စွမ်းအားကို သီးခြား တွက်ချက်မည်ဖြစ်ကာ အခြားသူများထံ ထပ်မံ လက်ဆင့်ကမ်း၍ မရနိုင်သောကြောင့် ဖြစ်သည်။

၎င်းသည် အရှိန်မြှင့်တင်ပေးသော နည်းစနစ် တစ်ခု မဟုတ်သော်လည်း ကျင့်ကြံသူ တစ်ဦး၏ အမြင့်ဆုံး ကန့်သတ်ချက်ကို အဆက်မပြတ် မြှင့်တင်ပေးနိုင်သည် သို့မဟုတ် ကန့်သတ်ချက်ကို ကျော်လွန်သွားစေနိုင်ပေသည်။

သာမန် ပါရမီနှင့် ထူးချွန်သော နားလည်နိုင်စွမ်း မရှိသည့် ကျင့်ကြံသူများ အတွက် ကံကြမ္မာလွန်ဆန် နတ်ဘုရားကျင့်စဉ် သည် တက်လှမ်းခြင်း အတွက် အလွန် ကောင်းမွန်သော လမ်းကြောင်းတစ်ခု ဖြစ်ပေ၏။

ယခုအခါ ဝိညာဉ်ကိုးပါး တိုက်ကြီး ရှိ သက်ရှိသတ္တဝါများ၏ ဝိညာဉ်ပါရမီမှာ အလွန် မြင့်မားနေပြီ ဖြစ်သော်လည်း ၎င်းမှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အတွင်း၌သာ ဖြစ်ပေသည်။ တာအိုအဆင့်တွင် ၎င်းမှာ ထူးခြားလှခြင်း မရှိချေ။

တွမ်လီ ၏ ပါရမီက သူ့ကို တာအိုအသီး အဆင့် သို့ ချောမွေ့စွာ ရောက်ရှိနိုင်စေသော်လည်း ရွှေအမတ အဆင့် သို့ ရောက်ရှိရန်မှာ သူ၏အတွက် နီးပါး မဖြစ်နိုင်ချေ။

ကံကြမ္မာဆန့်ကျင်နတ်ဘုရားကျင့်စဉ် သည် တွမ်လီ အတွက် ကုအန် က အထူး ဖန်တီးပေးထားခြင်း ဖြစ်ပြီး သူ့ကို ဤကဲ့သို့ ဆက်ဆံရသည့် အကြောင်းရင်းမှာ ကုအန် သည် သူ၏အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရကာ အကြောင်းအကျိုး တစ်ခု ပါဝင်နေပြီး အသိအကျွမ်းဟောင်း တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

"အံ့ဩစရာ..."

တွမ်လီ သည် ကုအန် ထွက်ခွာသွားသည်ကို ကြည့်ကာ သူ၏ စကားများကို ပါးစပ်မှ ရေရွတ်ရင်း တွေးတောနေခဲ့၏။

ဘိုးဘေးဆရာသခင် က သူ့ကို လှည့်စားမည် မဟုတ်ကြောင်း သူ ယုံကြည်သော်လည်း...သူ ဘယ်သူ့ကို စွမ်းအားတွေ လွှဲပြောင်းပေးရမလဲ...ငါလည်း တပည့်တွေ လက်ခံသင့်လား...

တွမ်လီ သည် တိတ်ဆိတ်စွာ တွေးတောလိုက်သော်လည်း ပိုမို အစွမ်းထက်လာစေရန်အတွက် စွမ်းအားများကို ဖြစ်သလို လွှဲပြောင်းပေးကာ မဆင်မခြင် မလုပ်ဆောင်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။ သူ၏ စွမ်းအင်ကို အမွေဆက်ခံနိုင်သူသည် ကိုယ်ကျင့်တရားနှင့် အရည်အသွေး နှစ်မျိုးလုံး ပြည့်စုံသူ ဖြစ်ရပေမည်။ ဤအရာက သေချာစွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပေသည်။

တိုက်ဆိုင်စွာပင် သူသည် ဝူရှီ ကိုယ်စား သက်ရှိသတ္တဝါ အားလုံးအတွက် စံနမူနာ တစ်ခု ပြသနိုင်ပေသည်။ ပါရမီ မလုံလောက်လျှင်တောင် ကောင်းမှုကုသိုလ်များသည် အမြဲတမ်း ကံကောင်းခြင်းများကို ယူဆောင်လာပေးမည် ဖြစ်၏။

တွမ်လီ ၏ အတွေးများသည် ရုတ်တရက် အသက်ဝင်လာပြီး သူ၏ မျက်လုံးများ တောက်ပလာကာ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်တော့သည်။ သူ၏ ဘဝတန်ဖိုး အဓိပ္ပာယ်ကို ရှာတွေ့သွားသကဲ့သို့ သူ ခံစားလိုက်ရပေ၏။

ဝူရှီ တပည့်များသည် မည်သည့် အငြိုးအာဃာတမျှ မရှိဘဲ သူတို့ကိုယ်တိုင်အတွက်သာ ကျင့်ကြံကြပြီး တာအိုနယ်မြေ အတွင်း အာဏာနှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်မှုများ မရှိသဖြင့် တပည့်များအား သူတို့၏ ကျင့်ကြံခြင်း အဓိပ္ပာယ်ကို တွေးတောရန် အချိန်ပိုမို ရရှိစေခဲ့သည်။

စွမ်းအား တိုးတက်မှု သက်သက်က ဝူရှီ တပည့်များကို မကျေနပ်စေတော့ဘဲ သူတို့တွင် ပိုမို ကြီးမားသော စံနမူနာများ ရှိနေကြပေသည်။

သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ခြင်းက အလွန် ကျယ်ပြန့်ပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ ဤလောကကြီးသည် အလွန်အမင်း ကျယ်ပြောလှသဖြင့် သူတို့၏ ကာကွယ်မှုကို မလိုအပ်သေးချေ။ သူတို့ တွေးတောရမည့်အရာမှာ ဤလောကအတွက် သူတို့ ဘာလုပ်ပေးနိုင်မည်နည်း ဟူသည်သာ ဖြစ်ပေ၏။

တွမ်လီ ၏ အတွေးများသည် ကုအန် ကို ကျေနပ်စေရန် မလုံလောက်ခဲ့ချေ။ တွမ်လီ အား ကြီးမြတ်သူ သို့မဟုတ် အောင်မြင်သူ တစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်၍ သူ ကူညီခဲ့ခြင်း မဟုတ်ပေ။

တွမ်လီ ၏ အတွေးများနှင့် နှိုင်းယှဉ်ပါက ကုအန် သည် ယခုအခါ အဆင့်ချိုးဖျက်ခြင်း ကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။

လာမည့် အဆင့်ချိုးဖျက်ခြင်း အတွက် တာအိုကျင့်စဉ် တစ်ခုကို ဦးစွာ အဆင့်မြှင့်တင်သင့်၊ မသင့်ကို သူ စဉ်းစားနေခဲ့၏။

ယခုအချိန်အထိ သူ၏ ကျင့်ကြံခြင်း နည်းစနစ်နှင့် နတ်ဘုရားစွမ်းရည် များမှာ လုံလောက်ပြီဟု သူ ခံစားရပေသည်။ ဥပမာအားဖြင့် သောင်းပြောင်း တာအို ပျက်သုဉ်းခြင်း ကျင့်စဉ် သည် ဤ ရွှမ်ချီကမ္ဘာဦးအမတ အထွတ်အထိပ်အဆင့် တွင် သူ့အတွက် အဆုံးမရှိ အသုံးဝင်နေဆဲဖြစ်ပြီး အချိန်နှင့်အမျှ အသိအမြင်သစ်များကို ယူဆောင်လာပေးနေ၏။

နောက်ဆုံးအကြိမ် သူ အဆင့်ချိုးဖျက်စဉ်က သူ၏ ခန္ဓာကိုယ်ကို ကြိုတင်၍ပင် အဆင့်မြှင့်တင်ခဲ့သေးသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များမှာ လိုအပ်ချက် မရှိဟု သူ ခံစားရပြီး နှစ်ကာလများနှင့် အတွေ့အကြုံများ၏ အနည်ထိုင်မှုများသာ လိုအပ်နေခြင်း ဖြစ်သည်။ ကုရွှမ် ၏ ဘဝအတွေ့အကြုံကို ပေါင်းထည့်လိုက်လျှင်တောင် သူ၏ အတွေ့အကြုံများသည် ရွှမ်ချီကမ္ဘာဦးအမတ များ၏ အတွေ့အကြုံများနှင့် မယှဉ်နိုင်သေးဘဲ တာအိုအထွတ်အထိပ် တာလော့အမတ များ ဆိုလျှင် ဝေးစွပင်။

ထို မဟာစွမ်းအားရှင် များသည် ဉာဏ်လင်းအသိအမြင် ရရှိရန်အတွက် ဝင်စားခြင်း များကို ဖြတ်သန်းခဲ့ကြပြီး သေမျိုး သတ္တဝါများ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ရှည်လျားလှသော နှစ်ကာလများကို တွေ့ကြုံခံစားခဲ့ကြရသည်။ သူတို့၏ ကျင့်ကြံမှုနှင့် တာအို ကို ရရှိခဲ့သည့် အချိန်ကာလမှာ ကုအန် ထက် များစွာ သာလွန်နေပေ၏။

ကုအန် သည် မေးခွန်းတစ်ခုကို အမြဲတမ်း တွေးတောနေခဲ့သည်။

သူ၏ စွမ်းအား ကြီးထွားလာသည်နှင့်အမျှ ကောင်းကင်ကပ်ဘေး သည် ပိုမို အစွမ်းထက်လာမည်လော။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းမှာ မှန်ကန်ပေသည်။ တူညီသော အဆင့်အတွင်း ပါရမီ ပိုမို အားကောင်းလေ၊ စွမ်းအား ပိုမို မြင့်မားလေ ပါရမီရှင်များ ရင်ဆိုင်ရသော ကပ်ဘေးက ပိုမို အစွမ်းထက်လေလေ ဖြစ်ပေ၏။

သို့သော် စွမ်းအားကို လျစ်လျူရှု၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ စွမ်းအား မလုံလောက်ပါက ကောင်းကင်ကပ်ဘေး အောက်တွင် သေဆုံးရခြင်းမှာ အလွန် ကြေကွဲဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ လက်တွေ့တွင် ကျင့်ကြံသူ အများအပြားသည် ကောင်းကင်ကပ်ဘေး အောက်တွင် အမှန်တကယ် သေဆုံးခဲ့ကြရပေ၏။

ထို့အပြင် ကပ်ဘေး ပိုမို အစွမ်းထက်လေလေ ကပ်ဘေးအပြီးတွင် ပိုမို ရရှိလေလေ ဖြစ်သည်။ ဤသည်မှာလည်း ပါရမီရှင် အများအပြားက ပိုမို အစွမ်းထက်သော ကပ်ဘေးများကို အစွမ်းကုန် စိန်ခေါ်ရန် ကြိုးပမ်းကြသည့် အကြောင်းရင်းပင် ဖြစ်၏။

အများကြီး တွေးတောပြီးနောက်

ဆင့်ကဲပြောင်းလဲလာမည့် ကောင်းကင်ကပ်ဘေး အပေါ် ရိုသေလေးစားမှု ပြသသည့်အနေဖြင့် တာအိုကျင့်စဉ် တစ်ခုကို အဆင့်မြှင့်တင်ရန် ကုအန် ဆုံးဖြတ်လိုက်ဆဲပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ ရင်ဆိုင်ရမည့် ကပ်ဘေးမှာ လက်တွေ့နှင့် နှိုင်းယှဉ်၍ ရနိုင်သော အရာမျိုး မဟုတ်ချေ။

ဤညသည် ယခင် ညများထက်ပင် ပိုမို ရှည်လျားနေခဲ့၏။

အရုဏ်တက်ချိန်တွင် ကုအန် သည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ပုံမှန်အတိုင်း သူသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး လမ်းတစ်လျှောက်ရှိ တပည့်များသည် သူ အဆင့်ချိုးဖျက်ရန် သွားနေကြောင်း မခန့်မှန်းနိုင်ခဲ့ကြချေ။ သူသည် ပေါ့ပေါ့ပါးပါး အပန်းဖြေရန် ထွက်သွားသည်ဟုသာ သူတို့ ထင်မှတ်ခဲ့ကြသည်။

ဝူရှီ သက်တမ်းတာအိုနယ်မြေ မှ ထွက်ခွာပြီးနောက် ကုအန် သည် သူ၏ ပုံမှန် အလေ့အကျင့်အတိုင်း သက်တမ်း အဆင့်ချိုးဖျက်ခြင်း ကို ဖွင့်လှစ်ရန် ကျွန်းပျက်ကြီးတစ်ကျွန်းသို့ ရောက်ရှိလာခဲ့၏။

သက်တမ်း နှစ်ဘီလီယံ တစ်ရာ ကို သုံးခြင်းက ယခုအခါ သူ့အတွက် ဘာမှမဟုတ်တော့သော်လည်း ၎င်းသည် သွားခြင်း၊ လာခြင်း ၏ အကြောင်းအကျိုး များကို ဖျက်ပစ်နိုင်သဖြင့် ၎င်းမှာ အရေးကြီးလှပေသည်။

သူသည် သူ့ထက် ပိုမို အစွမ်းထက်သော သတ္တဝါ တစ်ဦးနှင့် မကြုံတွေ့ရသေးလျှင်တောင် သူသည် သတိထားနေရန် ရွေးချယ်ခဲ့ဆဲပင် ဖြစ်၏။

[ သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို သင် အသက်သွင်းလိုက်ပါပြီ... သင့်၏ လက်ရှိ အဆင့်အပေါ် အခြေခံ၍ အောက်ပါ အဆင့်ချိုးဖျက်မည့် နေရာများကို သင့်အတွက် ရွေးချယ်ပေးထားပါသည်... ]

[ ၁. မဟာတာအို လမ်းစဉ် ]

[ ၂. ထိုက်ချင်း နက်ရှိုင်းသောနယ်မြေ ]

[ ၃. ဖရိုဖရဲ ရွှမ်မူလဘူတ ]

[ ၄. နက်ရှိုင်းသော နယ်မြေ ]

[ ၅. တာအိုသင်္ချိုင်းတောင် ]

[ ၆. ပြင်ပကောင်းကင် ]

[ ၇. အဆုံးမဲ့ယင်ယန်ပြောင်းပြန်နယ်မြေ ]

[ ၈. အဆုံးသတ်နယ်မြေ ]

[ ၉. သောင်းပြောင်းတာအိုနတ်ဘုရားအရင်းအမြစ် ]

နေရာအမည် အသစ်များစွာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ ဤနေရာများသည် ရွှမ်ချီကမ္ဘာဦးအမတ ထက် သာလွန်သော တည်ရှိမှုများကို ပြုစုပျိုးထောင်ပေးနိုင်ကြောင်းပင် ဖြစ်၏။

မဟာတာအို လမ်းစဉ် ၏ နက်နဲမှုကို ကုအန် အံ့ဩချီးကျူးမနေဘဲ မနေနိုင်ခဲ့ချေ။ သူ မည်သည့် အဆင့်သို့ ရောက်ရှိစေကာမူ မဟာတာအို လမ်းစဉ် သည် သူ အဆင့်ချိုးဖျက်နိုင်သည့် နေရာတစ်ခု ဖြစ်နေဆဲပင်။

အသစ်ထွက်ပေါ်လာသော နေရာအမည်များ အားလုံးသည် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေ၏။ ဖရိုဖရဲ ရွှမ်မူလဘူတ သည် ကောင်းကင်တာအို ၏ အပြင်ဘက်ရှိ ဖရိုဖရဲ ဒေသတစ်ခု ဖြစ်ရမည်ဖြစ်သော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

တာအိုသင်္ချိုင်းတောင်... တာအိုကို မြှုပ်နှံထားတဲ့ နေရာလား...

ပြင်ပကောင်းကင်... ဒီနာမည်က လွှမ်းမိုးနိုင်စွမ်း လွန်းလို့ သွားကြည့်ချင်စိတ်ကိုတောင် ဖြစ်ပေါ်စေတယ်...

သောင်းပြောင်း တာအို နတ်ဘုရား အရင်းအမြစ် က နက်နဲတယ်... သူ့ရဲ့ လျှို့ဝှက်ချက်ကို လောလောဆယ် ခွဲခြားသိမြင်ဖို့ မဖြစ်နိုင်ဘူး...

ယခင်က ထွက်ပေါ်ခဲ့ဖူးသော အဆုံးမဲ့ ယင်ယန် ပြောင်းပြန် နယ်မြေ နှင့် အဆုံးသတ်နယ်မြေ တို့ကိုလည်း ကုအန် များစွာ စိတ်ဝင်စားနေခဲ့ပြီး ၎င်းက သူ့ကို အနည်းငယ် ရှုပ်ထွေးသွားစေခဲ့၏။

ဘယ်နေရာက အဆင့်ချိုးဖျက်ဖို့ အကောင်းဆုံး ဖြစ်မလဲ...

အများကြီး တွေးတောပြီးနောက် သူသည် ဖရိုဖရဲရွှမ် မူလဘူတ သို့ သွားနိုင်ကြောင်း ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဤနေရာကို ကောင်းကင်တာအို ၏ နယ်ပယ် အပြင်ဘက်တွင် သေချာပေါက် သတ်မှတ်နိုင်ပေ၏။ ထို့အပြင် အကယ်၍ သူသာ ဆူညံသံ အချို့ကို ပြုလုပ်ခဲ့ပါက ထို နက်ရှိုင်းသော အနီရောင် မြူခိုးများကိုပင် အာရုံလွှဲနိုင်ပြီး ကောင်းကင်တာအို မှ သတ္တဝါများ အတွက် နှစ်များစွာ ပိုမို အချိန်ဆွဲပေးနိုင်ပေလိမ့်မည်။

ကုအန် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။

[ ဖရိုဖရဲ ရွှမ်မူလဘူတ သို့ ပို့ဆောင်ခြင်းအတွက် သင့်သက်တမ်း နှစ် ၁၀,၀၀၀,၀၀၀,၀၀၀ ကုန်ကျပါမည်။ ဆက်လုပ်ရန် ဆန္ဒရှိပါသလား... ]

ဆက်လုပ်မည်...

ထိုအတွေးနှင့်အတူ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော မူးဝေခြင်းက ဝင်ရောက်လာခဲ့၏။ သူ၏ အဆင့်သည် အလွန် မြင့်မားနေပြီ ဖြစ်သော်လည်း ဤမသက်မသာ ဖြစ်မှုကို သူ ခံစားနေရဆဲဖြစ်ပြီး ယင်းက သက်တမ်း စွမ်းရည်အပေါ် ပို၍ ကြီးမားသော ရိုသေလေးစားမှုကို ရှိလာစေခဲ့ပေသည်။

သူ၏ စွမ်းရည်၏ အရင်းအမြစ်ကို မမြင်တွေ့နိုင်မီအထိ သူ့ကိုယ်သူ ယှဉ်ပြိုင်ဘက်ကင်းသည်ဟု ဘယ်သောအခါမှ မခေါ်ဆိုနိုင်ချေ။

သက်တမ်း ဆင့်ကဲပြောင်းလဲခြင်း မှတစ်ဆင့် သူ ပိုမို အစွမ်းထက်လာခဲ့သည်။ အဓိပ္ပာယ်မဲ့သည့်အတွက် ၎င်း၏ အရင်းအမြစ် အကြောင်းကို သူ အများကြီး စိတ်ပူနေမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှတစ်ဆင့် စွမ်းအားများကို သူ ရရှိခဲ့ပေ၏။ သူ လုပ်ဆောင်ရမည့်အရာမှာ ၎င်းကို ပန်းတိုင်တစ်ခု အဖြစ် သတ်မှတ်ကာ သူ့ကိုယ်သူ ပိုမို လှုံ့ဆော်ရန်ပင် ဖြစ်သည်။

ခဏအကြာတွင် မျက်လုံးများ ဖွင့်နိုင်ပြီဟု ကုအန် ခံစားလိုက်ရ၏။ သူ ဖွင့်လိုက်သည့် အခိုက်အတန့်တွင် သက်တမ်း အတားအဆီး ကို ချက်ချင်း အသက်သွင်းလိုက်ရာ မမြင်ရသော သက်တမ်း အတားအဆီး တစ်ခု လျင်မြန်စွာ ပြန့်နှံ့သွားပြီး သူ၏ နှလုံးသားကို ချက်ချင်း တည်ငြိမ်သွားစေခဲ့တော့သည်။

All Chapters