အမွှာစိတ်ဝိညာဉ်၊ အနာဂတ်၏ ဖဲချပ်
Vol. 69 Ch. 889
ထိုအမျိုးသမီးအသံမှာ ငရဲပြည်မှ ပဲ့တင်သံတစ်ခုကဲ့သို့ပင်။
တစ်စုံတစ်ခုသော ထူးဆန်းသည့် မှော်အသံမျိုး ပါဝင်နေသဖြင့် စူးချန်ကဲပင်လျှင် ကြက်သီးထကာ ရှင်းပြရန်မဖြစ်နိုင်သော ထိတ်လန့်စေသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။
"ချန်ကဲ..."
ဘေးနားရှိ လော့ရန်ယွီသည် စူးချန်ကဲ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်ကို သတိထားမိလိုက်သည်။ ထိုကလေးမလေး၏ ထူးဆန်းသော ပြောင်းလဲမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်လာခဲ့သည်။
"ဘာမှမဖြစ်ပါဘူး”
စူးချန်ကဲသည် ခေါင်းခါလိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စူးချန်ကဲ၏ အတွင်းစိတ်မှာမူ လှိုင်းထန်နေခဲ့၏။
'ကံအကျိုးဆက်' ဟုတ်လား။
ဒေဝလောကတစ်ခွင်လုံးတွင် ဤစကားလုံး၏ အဓိပ္ပာယ်ကို မည်သူကများ မသိ ရှိမည်နည်း။
၎င်းမှာ တိုင်းတာရန်မဖြစ်နိုင်သော ကပ်ဘေးကြီးတစ်ခု ၊ ဒေဝလောကတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သော အဆုံးမရှိသော ကံအကျိုးဆက်များပင် ဖြစ်သည်။
၎င်းမှာ အမှောင်ထု ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ထို့အပြင် ကလေးမလေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်သူ ကံအကျိုးဆက်ဟု ခေါ်ဆိုနေသည်။
ဤအိပ်ပျော်နေသော ကလေးမလေးသည် ဒေဝလောက၏ ကံအကျိုးဆက်စွမ်းအားများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမည်မှာ သေချာသည်။
စနစ်သည် မိမိအား ဤမျှ ထူးဆန်းသော အရာကို ဘေးနားထား၍ ပြုစုပျိုးထောင်ခိုင်းခြင်းမှာ သူ့ဘဝကြီးသည် ချောမွေ့လွန်းနေသည်ဟု ထင်ကာ အမြန်သေစေချင်နေလေသလော။
စူးချန်ကဲ တစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ စနစ်ကို မေးခွန်းထုတ်လိုက်သည်။
"စနစ်၊ ခုနက ဘာဖြစ်တာလဲ ... ခုနက ပေါ်လာတဲ့ ကြက်သွေးရောင်မြူခိုးက ဘာတွေလဲ “
“ ပြီးတော့ ငါ အဲ့ဒီမြူခိုးတွေကို သန့်စင်တုန်းက ထူးဆန်းတဲ့ အရိပ်က သူ့ကိုယ်သူ ကံအကျိုးဆက်လို့ ခေါ်သွားတယ်”
“ ဒီကလေးမလေးက ကံအကျိုးဆက်နဲ့ ပတ်သက်နေတာ မဟုတ်လား စနစ်၊ မင်းက ဘာလို့ ဒီလို ထူးဆန်းတဲ့ အရာကို လက်ခံပြီး ပြုစုပျိုးထောင်ခိုင်းရတာလဲ"
ဒေါသကြောင့်ရော ကြောက်ရွံ့မှုကြောင့်ပါ စူးချန်ကဲသည် မေးခွန်းများကို တရစပ် မေးလိုက်သည်။
အမတနယ်မြေသို့ ရောက်လာပြီးကတည်းက ၊ စူးချန်ကဲသည် ရှေးဟောင်းမှတ်တမ်းများကို ဖတ်ရှုခဲ့ရာ အဆုံးမဲ့ကပ်ဘေး၏ ကံအကျိုးဆက်အကြောင်းများကို ကြားဖူးထားသည်။
ဤအရာနှင့် ပတ်သက်မိပါက အမတဧကရာဇ်မင်းများပင် ကျိန်စာသင့်ပြီး ပျက်စီးသွားနိုင်သည်။ သူသည် ယခုမှ ကောင်းကင်အမတ အဆင့်သာ ရှိသေးရာ ဤစွမ်းအားနှင့် ထိတွေ့စေခြင်းမှာ ကိုယ့်သေတွင်းကို တူးခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။
စူးချန်ကဲ၏ ဒေါသကို ခံစားမိဟန်ရှိသည့် စနစ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် တုံ့ပြန်လာသည်။
[ပိုင်ရှင် ၊ စိတ်ချပါ... ဒီစနစ်မှာ ပိုင်ရှင်ကို ထိခိုက်စေလိုတဲ့ စိတ်မျိုး လုံးဝမရှိပါဘူး၊ အကယ်၍သာ ပိုင်ရှင်ကို တကယ်ပဲ အန္တရာယ်ပြုချင်ရင် ဒီလိုလှည့်ကွက်တွေ သုံးစရာ မလိုပါဘူး]
[ပိုင်ရှင်လည်း သိတဲ့အတိုင်း ဒီကလေးမလေးရဲ့ ထွက်ပေါ်လာပုံက အရမ်းထူးဆန်းတယ်၊ စနစ်သာ သူမကိုသုံးပြီး ပိုင်ရှင်ကို လှည့်စားချင်ရင် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်]
စနစ်၏ စကားကြောင့် စူးချန်ကဲ၏ ဒေါသမှာ အနည်းငယ် လျော့ကျသွားသည်။
စနစ်သာ သူ့ကို အန္တရာယ်ပြုလိုပါက သူ အားနည်းနေစဉ်က အခွင့်အရေးများစွာ ရှိခဲ့သည်။ သူ စိတ်တိုရသည့် အကြောင်းရင်းမှာ စနစ်သည် အဘယ်ကြောင့် ဤမျှ လျှို့ဝှက်ထားရသနည်းဟူသော အချက်ပင် ဖြစ်သည်။
စနစ်က ဆက်ပြောသည်။
[ပိုင်ရှင် ၊ ဒီကလေးမလေးဟာ ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်လိုမျိုးပဲ အရေးပါတဲ့ အရာတစ်ခုနဲ့ ဆက်စပ်နေပါတယ်]
[ ပိုင်ရှင် က အခု ကောင်းကင်အမတ အဆင့်ကို ရောက်နေပေမဲ့ အမှန်တရားကို သိရှိဖို့ အရည်အချင်း မမီသေးပါဘူး]
[ ပိုင်ရှင် စိတ်ချပါ၊ အနာဂတ်မှာ အရာအားလုံးကို သိလာရပါလိမ့်မယ်၊ ဒီစနစ်က ပိုင်ရှင်ကို လောကကြီးရဲ့ အထွတ်အထိပ်ကို ရောက်ရှိစေပြီး စစ်မှန်ကာပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ ကူညီပေးမှာပါ]
စူးချန်ကဲသည် ခဏတာ တိတ်ဆိတ်သွားသည်။
စနစ်မှ ဤမျှပြောလာပြီ ဖြစ်၍ အခြားသော အကြောင်းရင်းများ သေချာပေါက် ရှိနေပေလိမ့်မည်။
"ဒါဆို ခုနက ကြက်သွေးရောင်မြူခိုးတွေက ဘာလဲ ၊ အဲ့တာက ကံအကျိုးဆက်စွမ်းအားလား ဘာလို့ ငါ့ရဲ့စွမ်းအားက အဲ့တာကို သန့်စင်နိုင်တာလဲ"
[စနစ်ရဲ့ စစ်ဆေးချက်အရ ခုနကမြူခိုးတွေက ကံအကျိုးဆက် မဟုတ်ပါဘူး၊ တခြားသော ထူးခြားတဲ့ ဒြပ်စင် စွမ်းအင်တစ်ခုပါ]
[ အနီရောင် ကျောက်သလင်းနဲ့ ကလေးမလေးက သက်ရှိနှစ်ခုပါ ]
[ စနစ်ရဲ့ တွက်ချက်မှုအရ အနီရောင် ကျောက်သလင်းထဲမှာ ကလေးမလေးနဲ့ ဆင်တူတဲ့ စိတ်ဝိညာဉ်တစ်ခု ပိတ်လှောင်ထားပုံရပါတယ်]
[ ကလေးမလေးက နှစ်ကာလများစွာအတွင်း ပြောင်းလဲမှုဖြစ်ပြီး 'အမွှာစိတ်ဝိညာဉ်' ဖြစ်လာတာပါ]
[ ပိုင်ရှင် က အဲ့ဒီမြူခိုးကို သန့်စင်နိုင်တာကတော့ စနစ်က ကလေးမလေးရဲ့ ကိုယ်ထဲမှာ အထူးအမှတ်အသားတစ်ခု စိုက်ထားပေးလို့ပါ၊ အဲ့ဒီအမှတ်အသားက ပိုင်ရှင်ရဲ့ စွမ်းအားနဲ့ ပဲ့တင်ထပ်နေတဲ့အတွက် အလွယ်တကူ ထိန်းချုပ်နိုင်တာပါ]
"အမွှာစိတ်ဝိညာဉ်..."
စူးချန်ကဲသည် ထူးခြားသောအမှတ်အသားကို ဂရုမစိုက်မိဘဲ အမွှာစိတ်ဝိညာဉ်အပေါ် စိတ်ဝင်စားသွားသည်။ အမွှာစိတ်ဝိညာဉ်ဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် မတူညီသော စိတ်ဝိညာဉ်နှစ်ခု ရှိနေခြင်းမျိုးဖြစ်သည်။
ဥပမာအားဖြင့် တစ်ခုက အလွန်ကောင်းမွန်ပြီး တစ်ခုက အလွန်ဆိုးဝါးခြင်းမျိုး ဖြစ်သည်။
...........
စူးချန်ကဲ စဉ်းစားနေသည်ကို ကြည့်ပြီး စနစ်၏ နောက်ကွယ်မှ ဗလာနတ္ထိ ဖန်တီးရှင်မှာ သက်ပြင်းချလိုက်သည်။
“တော်သေးတယ်၊ အရင်က ကလေးမလေးဆီမှာ ချန်ထားခဲ့တဲ့ မူလရင်းမြစ် ဗလာနိတ္တိစွမ်းအား
နဲ့ အမှန်တရားအချို့ကို ကြိုတင်စစ်ဆေးထားမိလို့ မဟုတ်ရင် ဒီနေ့ ငါ့ရဲ့ "စနစ်" အသွင် ဖုံးကွယ်ထားတာ ပေါ်သွားလိမ့်မယ်”
“ချန်ကဲက ကျင့်ကြံမှုမြင့်လေ၊ ပညာဉာဏ် ရင့်သန်လေပဲ..အသေးအဖွဲကနေ အမှန်တရားကို အမြဲတမ်း ရှာဖွေနိုင်တယ် ဒါပေမဲ့ အခုတော့ သူအမှန်တရားကို သိရမယ့်အချိန် မဟုတ်သေးဘူး”
"ငါ ဒီစွန့်ပစ်ခံရဲ့ ကိုယ်ထဲမှာ ငါ့ရဲ့ မူလစွမ်းအား ချန်ခဲ့တာကို အဲ့ဒီကောင် ကပ်ဘေး က သတိထားမိသွားပြီ...”
“ဒီကိစ္စမှာ အမှားမခံနိုင်ဘူး...ချန်ကဲသာ ဒီစွန့်ပစ်ခံကလေးကို ကောင်းကောင်း အသုံးချနိုင်ရင်... အနာဂတ်မှာ ငါ့ရဲ့ ကူညီမှုနဲ့အတူ အဲ့ဒီကပ်ဘေးကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး”