← Chapters

ရုတ်တရက် သမီးလေးတစ်ယောက် ရသွားခြင်း

Vol. 69 Ch. 890

ရုတ်တရက် သမီးလေးတစ်ယောက် ရသွားခြင်း

Vol. 69 Ch. 890

(၈) ကြိမ်မြောက် ယစ်ပူဇော်ခြင်းဖြင့် ကံကြမ္မာစက်ဝန်းကို ဖြတ်သန်းပြီးနောက် ထိုဝတ်ရုံဖြူနှင့် ပုဂ္ဂိုလ်သည် ရှုံးနိမ့်ခဲ့ရသည့် သမိုင်းကြောင်းအားလုံးကို ပြန်လည်သုံးသပ်ပြီး ဖြစ်သည်။

သူ၏ ရန်သူများမှာလည်း သာမန်လူများ မဟုတ်ပေ။ သူလှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် တန်ပြန်နည်းလမ်းများကိုပင် အသုံးပြုတတ်ကြသည်။

သူသည် အချိန်ကာလ၏ မြစ်ကြောင်းအတွင်း၌သာ အောင်မြင်နိုင်မည့် လမ်းကြောင်းကို အကြိမ်ကြိမ် ရှာဖွေနေရသည်။ ကံအကျိုးဆက်မှ ပေါက်ဖွားလာသော ဤဆံပင်အနက်ရောင်နှင့် မိန်းကလေးသည် ကပ်ဆိုးနတ်ဘုရားကို ဖြိုလဲနိုင်မည့် ဖဲချပ်တစ်ခုပင် ဖြစ်သည်။

.........

ထိုအချိန်မှာပင်။

ကုတင်ပေါ်တွင် လဲလျောင်းနေသည့် မိန်းကလေးငယ်၏ မျက်တောင်များမှာ အနည်းငယ် တုန်ရီလာသည်။ ထို့နောက် တင်းကျပ်စွာ ပိတ်ထားသော မျက်ဝန်းတို့မှာ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

မိမိရှေ့ရှိ ပတ်ဝန်းကျင်ကို မြင်လိုက်ရချိန်တွင် မိန်းကလေးမှာ ဇဝေဇဝါဖြစ်သွားပြီး အလိုလို ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

နောက်ဆုံးတွင် သူမ၏ အကြည့်များသည် စူးချန်ကဲနှင့် လော့ရန်ယွီတို့ဆီသို့ ရောက်ရှိသွားပြီး သုံးဦးစလုံးမှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားကြသည်။

စူးချန်ကဲတို့နှစ်ဦးသည် ဤမိန်းကလေးငယ်မှာ ယခုလို ရုတ်တရက် နိုးထလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့သလို၊ မိန်းကလေးမှာလည်း မည်သည့်နေရာတွင် ရှိနေမှန်း မသိဘဲ သူစိမ်းနှစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်နေမိသည်။

စူးချန်ကဲသည် သူမကို ငေးကြည့်နေစဉ် မိန်းကလေးငယ်၏ နက်မှောင်သော မျက်ဝန်းတို့မှာလည်း စူးချန်ကဲကို ပြန်လည် လေ့လာကြည့်ရှုနေခဲ့သည်။

ခဏအကြာတွင် မိန်းကလေးငယ်သည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ စူးချန်ကဲ၏ ဘေးသို့ရောက်ရှိလာပြီး သူ၏ ဝတ်ရုံအစွန်းကို ဆွဲကိုင်လိုက်သည်။

စူးချန်ကဲကို မော့ကြည့်၍ မျက်တောင်လေး တစ်ခတ်ခတ်ဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။

“ဖေဖေ......."

"............"

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

ကြယ်တာရာများကြားမှ ကောက်ယူလာခဲ့သော ထူးဆန်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည့်

ဤမိန်းကလေးငယ်သည် သူ့ကို အလွန်လိမ္မာစွာဖြင့် "ဖေဖေ" ဟု ခေါ်လိုက်လေသလော။

စူးချန်ကဲက လော့ရန်ယွီကို လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ဤသို့ပြောနေလေ၏။

“မင်းမြင်တဲ့အတိုင်းပဲ၊ ငါ ဘာမှမလုပ်ရသေးဘူးနော်၊ သူက ငါတို့အတူတူ ကောက်လာတာ"

လော့ရန်ယွီသည် စူးချန်ကဲ၏ ထိုကဲ့သို့သော အမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် ရယ်မိသွားသည်။

ထို့နောက် မိန်းကလေးငယ်က သူမကိုလည်း သတိပြုမိသွားဟန်ရသည်။ မိန်းကလေးငယ်၏ အကြည့်ကို ခံလိုက်ရပြီးနောက် သူမသည် တစ်စုံတစ်ခုကို မျှော်လင့်လိုက်မိသည်။

မိန်းကလေးငယ်သည် စူးချန်ကဲကို ဖေဖေဟု ခေါ်ဆိုပါက ၊ သူမကိုရော 'မေမေ' ဟု ခေါ်ဆိုလိမ့်မလော။

သို့သော် လော့ရန်ယွီ၏ မျှော်လင့်ချက်အပြည့်ဖြင့် အကြည့်များအောက်တွင်၊ မိန်းကလေးငယ်သည် ခေါင်းကိုသာ စောင်းကြည့်လိုက်ပြီး သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် စူးချန်ကဲ၏ ဝတ်ရုံကိုသာ ဆွဲကိုင်၍ "ဖေဖေ" ဟု ထပ်ခေါ်လိုက်သည်။

ဤမြင်ကွင်းက လော့ရန်ယွီကို တစ်ဖန် အံ့အားသင့်သွားစေသည်။

"စနစ်၊ ဒါ ဘာဖြစ်တာလဲ ၊ ဒီကလေးမလေး ဘာလို့ ငါ့ကို ဖေဖေလို့ ခေါ်တာလဲ.. ငါ့ရဲ့ အတိတ်ဘဝက ကံအကျိုးဆက်နဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူးနော်"

စူးချန်ကဲ သည် စိတ်ထဲမှ မေးမြန်းလိုက်သည်။

[ပိုင်ရှင် စိတ်ချပါ ၊ စနစ်မှ စိုက်ထူထားတဲ့ အမှတ်အသားက သင်တို့နှစ်ဦးကြားမှာ ပဲ့တင်သံတစ်ခု ဖြစ်ပေါ်စေပါတယ်၊ ဒါ့ကြောင့်သာ သူမ နိုးလာချိန်မှာ အဲဒီပဲ့တင်သံကို ခံစားမိပြီး ပိုင်ရှင်ကို ဖေဖေလို့ ထင်မှတ်သွားတာ ဖြစ်နိုင်ပါတယ်]

စနစ်၏ ရှင်းပြချက်ကို ကြားမှသာ စူးချန်ကဲမှာ စိတ်လျော့နိုင်တော့သည်။

"အဟမ်း..."

စူးချန်ကဲ သည် ချောင်းဟန့်လိုက်ပြီး မိန်းကလေးငယ်လေးကို ငုံ့ကြည့်ကာ ပြောလိုက်သည် ။

"ညီမလေး မှားနေပြီ ငါက ဖေဖေ မဟုတ်ဘူး၊ အဆင်ပြေရင် 'ကိုကို' လို့ပဲ ခေါ်နော်”

မိန်းကလေးငယ်က ခေါင်းစောင်း၍ နားမလည်စွာဖြင့် ပြန်မေးသည် ။

"ဖေဖေ..."

သူမ ပြောင်းလဲ‌ေခါ်ဆိုရန် အစီအစဉ် မရှိသည်ကို သိလိုက်ရသဖြင့် စူးချန်ကဲလည်း သက်ပြင်းချလိုက်မိသည်။

"ညီမလေး၊ ကိုယ့်နာမည်ကို မှတ်မိသေးလား ဘယ်ကလာတာလဲ"

"နာမည်..."

မိန်းကလေးငယ်သည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ တိုးတိုးလေး ပြန်ပြောသည်။

"သမီးမှာ နာမည်မရှိဘူး... ဘယ်က လာတာလဲလည်း မသိဘူး... သတိဝင်လာကတည်းက အမှောင်ထဲမှာပဲ နေခဲ့ရတာ ဒါပေမဲ့ အမှောင်ထဲမှာ အစ်မဖြစ်သူ ရှိနေတော့ အထီးမကျန်ဘူး”

သူမသည် လက်ထဲတွင် ကိုင်ထားသော အနီရောင် ကျောက်သလင်းကို မြှောက်ပြလိုက်သည်။

"ဖေဖေ ကြည့်၊ ဒါက အစ်မပဲ သူမက အရမ်းတော်တာ ဒါပေမဲ့ ဖေဖေကလည်း အစ်မရဲ့ ဖေဖေပဲလေ”

စူးချန်ကဲမှာ ခေါင်းရှုပ်သွားသည်။ ထိုကျောက်သလင်းထဲမှ စိတ်ဝိညာဉ်မှာ ခုနကမှ သူတို့ကို တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

သူက ဘယ်လိုလုပ်ပြီး ဖေဖေ ဖြစ်လာရတာတုန်း..

"ချန်ကဲ၊ သူ့ပုံစံအရ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာ ဒါမှမဟုတ် ကောင်းကင်နဲ့ မြေကြီးကနေ ပေါက်ဖွားလာတာ ဖြစ်နိုင်တယ်”

လော့ရန်ယွီက ဝင်ပြောလိုက်သည်။

ထိုစဉ် မိန်းကလေးက လော့ရန်ယွီကို ကြည့်၍ ထပ်ပြောလာခဲ့သည်။

"အဲဒါဆို မမက ကျွန်မရဲ့ မေမေ ဖြစ်လို့ရမလား... အဲဒါဆို ကျွန်မမှာ ဖေဖေရော၊ မေမေရော ရှိ‌သွားပြီ.."

စူးချန်ကဲနှင့် လော့ရန်ယွီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြကာ ရယ်မောလိုက်မိသည်။

ကလေးမလေးမှာ ပွင့်လင်းပြီး ချစ်စရာကောင်းလှသည်။ သူမတွင် ကံအကျိုးဆက်၏ ရက်စက်ကြမ်းကြုတ်မှုမျိုး မတွေ့ရဘဲ သာမန်ကလေးငယ်တစ်ဦးကဲ့သို့ပင်။

စနစ်မှ သူမသည် အနာဂတ်တွင် အရေးပါမည်ဟု ပြောထားသဖြင့် စူးချန်ကဲလည်း သူမကို ဘေးနားတွင် ထားရှိရန် ဆုံးဖြတ်လိုက်သည်။

စူးချန်ကဲသည် သူမ၏ ဦးခေါင်းလေးကို ပွတ်သပ်ကာ ပြုံးလျက် ဆိုလိုက်သည်။

"မင်းမှာ နာမည်မရှိဘူးဆိုတော့ ယွီ့ကဲလို့ နာမည်ပေးမယ်၊ ကြိုက်လား"

"ယွီ့ကဲ..."

မိန်းကလေးငယ်၏ မျက်ဝန်းတို့မှာ တောက်ပသွားသည်။

"ဖေဖေ ပေးတဲ့ နာမည်ဆိုရင် ဘာမဆို ကြိုက်တယ်"

လော့ရန်ယွီက ပြုံးလိုက်သည်။ စူးချန်ကဲသည် သူတို့နှစ်ဦး၏ နာမည်ကို ပေါင်းစပ်၍ နာမည်ပေးလိုက်ခြင်းသာ ဖြစ်သည်။

"ဖေဖေ၊ အစ်မကိုရော နာမည်ပေးဦးမလား"

ယွီ့ကဲက မေးလိုက်သည်။

စူးချန်ကဲသည် ကျောက်သလင်းကို ကြည့်လိုက်သည်။ ထိုအရာက သူ့ကို ရန်လိုနေဆဲပင် ဖြစ်သည်။

"အစ်မရဲ့ နာမည်ကိုတော့ သူ့ဘာသာပဲ ဆုံးဖြတ်ပါစေတော့”

ထိုသို့ပြောရင်း ၊ စူးချန်ကဲသည် ယွီ့ကဲကို ကြည့်ကာ ထပ်မံပြောဆိုလိုက်သည်။

“ယွီ့ကဲ၊ သမီးရဲ့ စွမ်းအားကို ထုတ်ပြကြည့်ပါဦး ဖေဖေ ကြည့်ချင်လို့”

ယွီ့ကဲသည် လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး စွမ်းအားများကို စတင်ထုတ်လွှတ်လိုက်သည်။

ဝုန်း!

ယွီ့ကဲ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်နှင့် အနီရောင် ရောနှောနေသော အလွန် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

ထိုစွမ်းအားများမှာ ညအ‌မှောင် နှင့် သွေးမြစ်တို့ ပေါင်းစပ်ထားသကဲ့သို့ ပျက်သုန်းခြင်း အငွေ့အသက်များ ပါဝင်နေခဲ့သည်။

ဝုန်းခနဲ့ဟူသော အသံတစ်ချက်နှင့် အတူ ၊ မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းထားသော ခမ်းနားလှသည့် အမိုးမှာ ချက်ချင်းဆိုသလို အမှုန့်အဖြစ်‌ ခြေမွခံလိုက်ရသည်။

ထိုစွမ်းအား၏ လှိုင်းတံပိုးများမှာ ကောင်းကင်ယံအထိ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ရှိ ကြယ်တာရာများပင် တုန်လှုပ်သွားကြရသည်။

All Chapters