← Chapters

သခင်လေးချန်ကဲကို ဂါရဝပြုပါတယ်

Vol. 69 Ch. 893

သခင်လေးချန်ကဲကို ဂါရဝပြုပါတယ်

Vol. 69 Ch. 893

" ကြည့်ရတာ အဓိက ပုဂ္ဂိုလ်ရောက်လာပြီပဲ”

ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ကျီးချောင်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။

သူသည် ယခုတစ်ကြိမ် ရှေးဦးလျို့ဝှက်နယ်မြေ သို့ လာရောက်ရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိသည်။

ရှေးဦးလျို့ဝှက်နယ်မြေထဲရှိ အတုမရှိသော အခွင့်အလမ်းများသည် သူ့အတွက် ဒုတိယအချက်သာ ဖြစ်ပြီး၊ အဓိကမှာ စူးချန်ကဲနှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုခြင်းပင် ဖြစ်သည်။

သို့သော် သူသည် စူးချန်ကဲ၏ ဘေးတွင်ရှိနေသော ယွီ့ကဲကို သတိပြုမိလိုက်ရာ သူ့အလိုလို မျက်မှောင်ကြုတ်မိသွားသည်။

ယခုအခါ သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်အမတနယ်ပယ် အဆင့် (၄)သို့ ရောက်ရှိနေပြီဖြစ်ရာ စူးချန်ကဲထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။

သို့သော် ယွီ့ကဲကို မြင်လိုက်ရချိန်တွင် သူ၏စိတ်ထဲတွင် ထိတ်လန့်စရာ အငွေ့အသက်တစ်ခုကို မရေမရာ ခံစားလိုက်ရသည်။

သူ၏ အာရုံခံစားမှုအရ ၊ စူးချန်ကဲဘေးတွင် ရပ်နေသော ဆံပင်အနက်ရောင်နှင့်မိန်းကလေးမှာ အလွန်ပင် အန္တရာယ်များလှသည်။

တစ်ချိန်တည်းမှာပင် ဇဝေဇဝါ ဖြစ်နေမိသည်။ သူသည် စူးချန်ကဲနှင့်လော့ရန်ယွီတို့ နှစ်ဦးကို နတ်ဘုရားလက်နက် အမတမျှော်စင်တွင် နောက်ဆုံးတွေ့ခဲ့ရသည်။

သို့သော် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ကလေးတစ်ယောက် ရလာသည်မှာ အတော်လေး နားမလည်နိုင်စရာပင်။

........

"စူးချန်ကဲ....."

လူအုပ်ကြားထဲတွင် သေဆုံးသွားသော ယွမ်ချန်းဟုန်နှင့် အနည်းငယ် ဆင်တူသည့် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ သူသည် ကောင်းကင်ယံရှိ စူးချန်ကဲကို အလွန်အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

သူ၏အမည်မှာ ယွမ်ကျွင်းတောက် ဖြစ်ပြီး ၊ ယွမ်ချန်းဟုန်၏ အစ်ကိုအရင်းဖြစ်ကာ ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ အိမ်ရှေ့စံမင်းသားကြီး ဖြစ်သည်။ ယခုအခါ သူ၏ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်အမတနယ်ပယ် အဆင့် (၅) သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ပါရမီနှင့် စွမ်းအားမှာ ယွမ်ချန်းဟုန်ထက်ပင် ပို၍ မြင့်မားသည်။

သူနှင့် ယွမ်ချန်းဟုန်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းသည်ဟု မဆိုနိုင်သော်လည်း ၊ သို့သော် သူသည် မိမိ၏ ညီအရင်းတစ်ယောက် ဖြစ်သည်။

စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် အလောင်းပင် မကျန်ရစ်ခဲ့သည်ကို သူ မည်သို့ လျစ်လျူရှုနိုင်မည်နည်း။

.........

"သူက စူးချန်ကဲဆိုတာလား....."

တောက်လျန်ရှန်းသည်လည်း စူးချန်ကဲရှိရာဘက်သို့ အလိုအလျောက် ကြည့်မိလိုက်ပြီး ၊ သူမ၏ လှပသော မျက်ဝန်းများတွင် ထူးခြားသော အလင်းတစ်ချက် တောက်ပသွားသည်။

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တွင် ကျင့်ကြံနေစဉ်က သူမသည် စူးချန်ကဲနှင့် ပတ်သတ်၍ တော်တော်များများ ကြားဖူးထားသည်။

မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်စာရင်းတွင် ပထမဆုံး စာရင်းဝင်ခဲ့ပြီး ၊ ကိုယ်ထည်(၆)မျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။

နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ပါရမီရှင်များစွာကို အနိုင်ယူခဲ့ပြီး ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်

၏ ယွမ်ချန်းဟုန်ကို သတ်ဖြတ်ပစ်ခဲ့သည်။

မည်သည့်ဖြစ်ရပ်ကိုပင် ကြည့်ကြည့် ၊ အမတနယ်မြေ၏ သမိုင်းတွင် အရေးပါသော မှတ်တမ်းတစ်ခု အဖြစ် ချန်ထားရန် လုံလောက်ပေသည်။

သို့သော် တောက်လျန်ရှန်းကို ပို၍ စိတ်ဝင်စားစေခဲ့သည့်အရာမှာ တိုက်မြေသုံးထောင်မှ တက်လှမ်းလာသူများသည် သူ့ကို ထျန်းတိ့ဟု ခေါ်ဆိုခြင်းပင် ဖြစ်သည်။ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သဖြင့် သက်ရှိအပေါင်းတို့က သူတို့၏ဆန္ဒအလျောက် ထျန်းတိ့ဟု ခေါ်ဆိုကြလေသနည်း။

"လျန်ရှန်း၊ စူးချန်ကဲရဲ့ နောက်ခံက အလွန်ထူးခြားတယ်၊ အမတသခင် တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့အတွက် ရန်သူတွေပဲ”

သူ၏ဘေးတွင် ရပ်နေသော ထျန်းဟောက်ရှန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

"မင်း သူ့ကို စိတ်ဝင်စားနေတာက ဘယ်လိုပဲဖြစ်ဖြစ် သင့်လျော်တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး”

ထိုစကားကို ကြားပြီးနောက် တောက်လျန်ရှန်းသည် အကြည့်ကို အေးဆေးစွာ ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"အင်း၊ ကျွန်မ သိတယ်"

ထို့နောက် သူမသည် တုံ့ဆိုင်းမနေတော့ဘဲ တောက်ရွှီအမတစားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထျန်းဟောက်ရှန်းမှာ ခေါင်းယမ်းမိလေသည်။ သူနှင့် တောက်လျန်ရှန်းမှာ ငယ်စဉ်ကတည်းက ရင်းနှီးလာကြသူများဖြစ်ရာ သူမ၏ စရိုက်ကို သူကောင်းကောင်း သိသည်။

သူမသည် အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်မဝင်စားဘဲ မဟာလမ်းစဉ်၏ အထွတ်အထိပ်ကိုသာ ရောက်ရှိလိုသူဖြစ်သည်။ စူးချန်ကဲကို သတိထားမိခြင်းမှာလည်း သူမ၏ ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းသာ ဖြစ်ပေသည်။

သို့သော် ပါရမီနှင့် အရည်အချင်းအရ ၊ သူ ထျန်းဝူရှန်းသည် စူးချန်ကဲကို အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။ သူနှင့် စေ့စပ်ထားသူက အခြားအမျိုးသားတစ်ယောက်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည်ကို သူ မနှစ်သက်ပေ။

"ဟမ်.... စူးချန်ကဲတဲ့လား...."

ထျန်းဟောက်ရှန်းသည် စူးချန်ကဲကို အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီတစ်ခါ ရှေးဦးလျို့ဝှက်နယ်မြေမှာ မင်းရဲ့ ကျော်ကြားလှတဲ့ စွမ်းအားတွေက ဘယ်လောက်ထိ ထက်မြက်လဲဆိုတာ ငါ မြည်းစမ်းကြည့်ဦးမယ်”

“မင်း ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်မိစေနဲ့"

အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့သည် တားမြစ်စူးမိသားစုနှင့် ယခင်ကတည်းက ဆက်ဆံရေး မကောင်းပေ။ ထို့ကြောင့် သူတို့နှစ်ဦးကြား ပဋိပက္ခ ဖြစ်လာမည်မှာ ဧကန်မလွဲပင်။

.........

ဝုန်း!!

ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးခြိမ်းသံအလား ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မိုးကုပ်စက်ဝိုင်းမှ အလင်းတန်းများစွာသည်် ဤနေရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ နောက်ဆုံးတွင် စူးချန်ကဲ၏ ရှေ့၌ အားကောင်းသော အရှိန်အဝါများ ရှိသည့် ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။

၎င်းတို့မှာ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်ပြီး ၊ သူတို့နှစ်ဦးစလုံးသည် အလွန်ပြင်းထန်သော သွေးစွမ်းအားများကို ထုတ်လွှတ်လျက် ၊ ကျင့်ကြံမှုမှာလည်း ကောင်းကင်အမတနယ်ပယ်သို့ ရောက်ရှိထားပြီး ဖြစ်သည်။

သူတို့နှစ်ဦးသည် စူးချန်ကဲကို ဦးညွှတ်ဂါရဝပြုကာ တစ်ပြိုင်နက် ဆိုလိုက်ကြသည်။

"သခင်လေးချန်ကဲကို ဂါရဝပြုပါတယ်"

"အဲဒါ.... အဲဒါက...."

"ငါ အကြည့်မမှားဘူးဆိုရင် ဒီနှစ်ယောက်က တားမြစ်စူးမိသားစုရဲ့ အန္တိမမျိုးဆက်တွေ မဟုတ်ဘူးလား......"

"ဘုရားရေ.... တားမြစ်စူးမိသားစုက စူးချန်ကဲတစ်ယောက်တည်း လာတာ မဟုတ်ဘဲ အန္တိမမျိုးဆက်နှစ်ယောက်တောင် ပါလာတာလား"

ဤမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူတိုင်း အံ့အားသင့်သွားကြသည်။ တားမြစ်စူးမိသားစု၏ လက်ဖွှာမှုမှာ အတော်လေးကို ကြီးကျယ်လှပေသည်။ ဤမျိုးဆက်နှစ်ဦးသည် ထူးခြားသော မဟာလမ်းစဉ်ကိုယ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသည်။

"အဲဒီမိန်းကလေးက စူးမို ၊ တားမြစ်စူးမိသားစုရဲ့ အန္တိမလူငယ်မျိုးဆက်ပဲ...ပါရမီမြင့်မားပြီး သွေးသားစွမ်းအားကလည်း အသန့်စင်ဆုံး နတ်ဘုရားကိုယ်ခန္ဓာပဲ “

“မကြာသေးခင်ကမှ အမတသခင် တရားစီရင်ရေးရုံးတော်ရဲ့ အန္တိမမျိုးဆက်တစ်ယောက်ကို (၁၀)ကွက်အတွင်း အနိုင်ယူသွားခဲ့တာ”

"အဲဒီယောက်ျားကတော့ စူးမင်..ဒဏ္ဍာရီလာ ဗလာတာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူပဲ ၊ ဗလာနယ်စွမ်းအားကို ထိန်းချုပ်နိုင်တယ်...သူက ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုမှာ အမတသခင် တရားစီရင်ရေးရုံးတော်က လူ့ဘီလူးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုပဲ”

"တားမြစ်စူးမိသားစုရဲ့ မျိုးဆက်တွေကို ကြည့်ရတာ စကြဝဠာတစ်ခုလုံးမှာ ပြိုင်ဘက်မရှိလောက်အောင်ပဲ"

"စူးချန်ကဲ ကိုယ်တိုင်တောင် လှုပ်ရှားစရာ မလိုဘဲ တားမြစ်စူးမိသားစုရဲ့ မျိုးဆက်တွေနဲ့တင် အမတနယ်မြေက ပါရမီရှင်တွေကို အနိုင်ယူနိုင်နေပြီ”

“.....”

ပတ်ဝန်းကျင်မှ ပြောဆိုနေသံများကို ကြားလိုက်ရသော အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင် များမှာ မျက်နှာအမူအရာများ ပျက်ယွင်းလာကြသည်။

အကြောင်းမှာ မကြာသေးမီက လျို့ဝှက်နယ်မြေ တစ်ခုတွင် တားမြစ် စူးမိသားစုမှ အန္တိမမျိုးဆက်များနှင့် အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

ဝီ!

ရုတ်တရက်ပင်၊ ကောင်းကင်ယံ၌ နောက်ထပ် အလင်းတန်းများ ထွက်ပေါ်လာပြန်သည်။

အာကာသအက်ကြောင်းများမှတစ်ဆင့် လျို့ဝှက်ဆန်းကြယ်သော သံသရာစက်ဝန်း စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲမှ နောက်ထပ် လူအချို့ ထွက်ပေါ်လာပြီး စူးချန်ကဲရှိရာ ဦးတည်ရာနေရာသို့ ဆင်းသက်လာကြသည်။

လူတိုင်း တစ်ဖန် အံ့အားသင့်သွားကြရပြန်သည်။

သံသရာစက်ဝန်း စွမ်းအား...

မဟုတ်မှလွဲရော.... သံသရာစက်ဝန်းအမတမင်းဆက်က လူတွေများလား…

All Chapters