← Chapters

တားမြစ်အင်အားစုကြီး ရှစ်ခု စုဝေးမိခြင်း!

Vol. 69 Ch. 894

တားမြစ်အင်အားစုကြီး ရှစ်ခု စုဝေးမိခြင်း!

Vol. 69 Ch. 894

“အစ်ကိုဝမ်းကွဲ ချန်ကဲ”

ထို့နောက်တွင်မူ နားဝင်ချိုပြီး ကြည်လင်သည့် မိန်းကလေးငယ်တစ်ဦး၏ အော်ဟစ်သံသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာလေ၏။

နှင်းဖြူရောင် ဝတ်ရုံနှင့် နတ်သမီးလေးကဲ့သို့ လှပသော မိန်းကလေးတစ်ဦးသည် ရုတ်တရက် စူးချန်ကဲ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားခဲ့သည်။

စူးချန်ကဲ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ဒါက သံသရာစက်ဝန်းအမတမင်းဆက်က မင်းသမီးလေး ယွင်ချင်ပဲ မဟုတ်လား...

သူမက ဒီတောက်ရွှီမြို့ကို ရောက်လာသတဲ့လား...

“ချန်ကဲမင်းသားကို ဂါရဝပြုပါတယ်”

သံသရာစက်ဝန်းအမတမင်းဆက်မှ ထိပ်တန်းပါရမီရှင်သုံးဦးသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ စူးချန်ကဲအား ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။

“ယွင်ချင်...”

သူ၏ရင်ခွင်ထဲမှ မိန်းကလေးကို ကြည့်ရင်း စူးချန်ကဲမှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူမလည်း ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“ချန်ကဲကိုကို ၊ ကိုကို က အရမ်းတော်တာပဲ”

“ကျွန်မတို့ မတွေ့တာ လအနည်းငယ်ပဲ ရှိသေးတယ်၊ ကိုကိုက ကောင်းကင်အမတအဆင့်ကိုတောင် ရောက်သွားပြီပေါ့”

“ချင်အာရဲ့ ကျင့်ကြံဆင့်နဲ့တောင် အတူတူပဲ”

ယွင်ချင်သည် ခေါင်းလေးမော့ကာ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စူးချန်ကဲအား တောက်ပစွာ ကြည့်လိုက်သည်။

“ကိုကို၊ ဒီတစ်ခေါက် ရှေးဦးလျို့ဝှက်နယ်မြေကို သွားတဲ့ခရီးမှာ ဖေဖေက ကိုကို့နောက်ကို ကပ်လိုက်ဖို့ ပြောထားတယ် ၊ ကိုကို ချင်အာကိုလည်း အတူခေါ်သွားပြီး ကာကွယ်ပေးနိုင်မလားဟင်”

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် တွေဝေသွားပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

ဤဝမ်းကွဲညီမလေး၏ အရည်အချင်းမှာ အမှန်တွင် ကောင်းမွန်လှပေသည်။ သူမသည် မဟာလမ်းစဉ် နယ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် အလွန်သန့်စင်သော သံသရာစက်ဝန်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အမတဧကရာဇ်မင်း၏ သွေးသားဖြစ်သည့်အတွက် အမတနယ်မြေတွင် ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်နိုင်သူဖြစ်သည်။

သို့သော် ကံမကောင်းသည်မှာ သူမသည် ကစားရသည်ကို အလွန်နှစ်သက်ပြီး သံသရာစက်ဝန်းအမတမင်းဆက်၏ မင်းသမီးလေးအဖြစ် အခွင့်ထူးခံကာ ကျင့်ကြံခြင်းတွင် ကြိုးစားအားထုတ်လေ့မရှိပေ။ သူမသည် အပြင်လောကသို့ လှည့်လည်သွားလာရခြင်းကိုသာ နှစ်သက်သည်။

ထို့ကြောင့် လွန်ခဲ့သော လအနည်းငယ်ကတည်းက သူမသည် ဘာမှမလုပ်ဘဲ ပျင်းရိနေခဲ့ရာ ကျင့်ကြံဆင့်သည် တိုးတက်လာခြင်းမရှိဘဲ ယခုအခါ ကောင်းကင်အမတနယ်ပယ် အဆင့် ၅တွင်သာ ရှိနေသေး၏။

“ယွင်ချင်မင်းသမီး၊ ချန်ကဲမင်းသားကို ဒုက္ခမပေးပါနဲ့တော့”

“ချန်ကဲမင်းသား၊ ခွင့်လွှတ်ပေးပါ”

သံသရာစက်ဝန်းအမတမင်းဆက်မှ အခြားပါရမီရှင်များက အမြန်ရှေ့တိုးလာပြီး စူးချန်ကဲ၏ ကိုယ်ပေါ်တွင် ပုစွန်လုံး တစ်ကောင်ကဲ့သို့ ကပ်တွယ်နေသော ယွင်ချင်ကို ဆွဲခွာလိုက်ကြသည်။

“အရှင်မင်းကြီးက ဒီတစ်ခေါက် ရှေးဦးလျို့ဝှက်နယ်မြေ ခရီးကို မင်းသမီးကိုယ်တိုင်ပဲ ကြိုးစားပြီး အောင်မြင်အောင် လုပ်ရမယ်လို့ မိန့်ကြားထားပါတယ်”

“မင်းသမီးသာ ချန်ကဲမင်းသားကို အမှီပြုဖို့ ကြိုးစားနေမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး၊ ဒီကိစ္စကို အရှင်မင်းကြီးဆီ အစီရင်ခံရလိမ့်မယ်”

“အဲဒီအခါကျရင် မင်းသမီးကို အပြင်မထွက်ရဆိုပြီး အပြစ်ပေးရင် ကျွန်တော်တို့ကို အပြစ်မတင်နဲ့”

ထိုစကားကို ကြားပြီးနောက်၊ ယွင်ချင်မှာ ချက်ချင်းပင် ညှိုးငယ်သွားသည်။

ဝမ်းကွဲအစ်ကိုဖြစ်သူ၏ နောက်မှ ကပ်လိုက်ပြီး အကာအကွယ်ယူမည့် စီမံကိန်းကြီးသည် မစရသေးခင်မှာပင် ပြီးဆုံးသွားရလေပြီ။

“ချန်ကဲ၊ ဒါက ရှင့်ရဲ့ဝမ်းကွဲညီမလေးလား”

လော့ရန်ယွီ၏ အသံကို ကြားလိုက်ရသဖြင့် ယွင်ချင်သည် သူမကို သတိပြုမိသွားသည်။

မှေးမှိန်နေသော သူမ၏ မျက်ဝန်းတို့မှာ လော့ရန်ယွီကို မြင်လိုက်ရသည့်အခိုက်တန့်မှာပင် ချက်ချင်း တောက်ပလာသည်။

ယွင်ချင်သည် အမတနယ်မြေတွင် နှစ်ပေါင်းများစွာ လှည့်လည်ဆော့ကစားခဲ့ဖူးသူ ဖြစ်ရာ လှပသော နတ်သမီးများကို မည်သို့ မမြင်ဖူးမည်နည်း။

သို့သော် ယခု လော့ရန်ယွီကို မြင်လိုက်ရချိန်တွင် သူမ အရင်ကတွေ့ခဲ့ဖူးသော နတ်သမီးများမှာ အလှကုန်ပစ္စည်းများသာ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

“ဟုတ်ပါတယ် ၊ ကျွန်မက ယွင်ချင်ပါ၊ ချန်ကဲကိုကိုရဲ့ ဝမ်းကွဲညီမလေးပါ”

“အစ်မက ရန်ယွီနတ်ဘုရားမလား ၊ ကျွန်မ ဒေါ်လေးရွှမ်ရုံဆီကနေ အစ်မအကြောင်း ကြားဖူးပါတယ်”

ယွင်ချင်သည် သံသရာစက်ဝန်းအမတမင်းဆက်မှ ပါရမီရှင်၏ လက်ထဲမှ လွတ်ထွက်သွားပြီး လော့ရန်ယွီဆီသို့ ချက်ချင်း ပြေးကပ်သွားသည်။

“ဒီကလေးမလေးက အစ်မနဲ့ကိုကိုတို့ကနေ မွေးလာတဲ့ ကလေးလား...”

လော့ရန်ယွီအနားရှိ ယွိ့ကဲကို မြင်ပြီး ယွင်ချင်သည် ထပ်မံ တိုးကပ်သွားပြီး ကျောက်မျက်ရတနာအလား ကြည့်ရှုစစ်ဆေးနေသော မျက်လုံးများဖြင့် ယွိ့ကဲအား ကြည့်လိုက်သည်။

“ဒါပေမဲ့... ဘာလို့ သူ့ဆီမှာ အစ်မနဲ့ ကိုကိုတို့လိုမျိုး သွေးသားအငွေ့အသက်ကို မခံစားရတာလဲ...”

“ဪ... ကျွန်မ သိပြီ...”

ယွင်ချင်သည် ခေါင်းလေးကုတ်ကာ ကောက်ချက်တစ်ခု ချလိုက်သည်။

သူမအဖေ ပြောဖူးသည်မှာ အသက်တစ်ခုကို ပုံဖော်ရန်အတွက် ထူးခြားသော နည်းလမ်းနှင့် ထူးခြားသော ကိုယ်ဟန်အနေအထားများ လိုအပ်သည်ဟု ကြားဖူးသည်။

သူမ၏ကိုကိုနှင့် အစ်မရန်ယွီတို့သည် အလွန်ခက်ခဲသော ကိုယ်ဟန်အနေအထားမျိုးကို သုံးခဲ့ရသဖြင့် ဤကဲ့သို့ ထူးခြားသော ကလေးတစ်ဦးကို မွေးဖွားလာခြင်းဖြစ်ရမည်ဟု သူမ တွေးမိသွားသည်။

ယွင်ချင်သည် ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ လော့ရန်ယွီနား ကပ်ပြီးနောက် ယွိ့ကဲအနားသို့ ဆက်လက် ပူးကပ်လိုက်ပြန်သည်။

ယွင်ချင်၏ စရိုက်မှာ အလွန်တက်ကြွပြီး လူမှုဆက်ဆံရေး အလွန်ကောင်းမွန်သည်။ သူသည် မိန်းမလှလေးများကို မြင်တိုင်း ကပ်တွယ်ချင်တတ်သည့် အလေ့အထရှိသည်။

ဤမြင်ကွင်းကို ကြည့်ရင်း စူးချန်ကဲမှာ ခေါင်းခါကာ ပြုံးမိလိုက်သည်။

လူသူပေါများသည့် နေရာဖြစ်သဖြင့် သူလည်း ဝင်မရှင်းပြတော့ပေ။

ထို့အပြင် ယွိ့ကဲနှင့် ပတ်သက်သည့် အကြောင်းအရာများမှာ အလွန်ကြီးမားလွန်းသဖြင့် လျှို့ဝှက်ထားခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။

..........

ထို့အတူ တားမြစ်စူးမိသားစုနှင့် သံသရာစက်ဝန်းအမတမင်းဆက်မှသာမက အခြားသူများလည်း ဤနေရာသို့ ရောက်ရှိလာကြသည်။

ကွေးယွမ်အမတဂိုဏ်းမှ ယဲ့ချုံယွဲ့ နှင့် ထိပ်တန်းပါရမီရှင်များလည်း ရောက်ရှိလာကြသည်။

ယောင်ကွမ်အမတဂိုဏ်းမှ နတ်မိမယ်အချို့လည်း ရောက်ရှိလာကြပြီး စူးချန်ကဲနှင့် လော့ရန်ယွီတို့အား လာရောက်နှုတ်ဆက်ကြသည်။

ကောင်းကင်ယံထက်မှ အစွမ်းထက်သော ပုဂ္ဂိုလ်များကို ကြည့်ရင်း အောက်ရှိ ကျင့်ကြံသူများမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

သူတို့အားလုံးသည် တားမြစ်အင်အားစုကြီးများ၏ အဓိက အမွေဆက်ခံသူများဖြစ်ပြီး ၊ တစ်ဦးစီတိုင်း အစွမ်းထက်ကြကာ တုနှိုင်းမရသော စွမ်းအားများကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။

သို့သော် စူးချန်ကဲနှင့် လော့ရန်ယွီတို့၏ ရှေ့တွင်မူ အလွန်လေးစားစွာဖြင့် ဂါရဝပြုနေကြသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးမှာ ထိုတားမြစ်အင်အားစုကြီးများ၏ ပါရမီရှင်များကြားတွင် မည်မျှလေးစားမှု ရရှိထားသည်ကို ဖော်ပြနေသည်။

သာမန်လူတစ်ယောက်က စူးချန်ကဲကို စိန်ခေါ်ရဲပါက ၊ စူးချန်ကဲကိုယ်တိုင် လက်စွမ်းပြစရာ လိုမည်မဟုတ်။ ဤတားမြစ်အင်အားစုကြီးများမှ ပါရမီရှင်များနှင့်ပင် ထိုသူ၏ အရိုးပြာကို လေထဲလွင့်စင်သွားအောင် လုပ်ပစ်နိုင်သည်။

ထို့အပြင် သူတို့၏ နှလုံးသားထဲတွင် ထူးဆန်းသော မျှော်လင့်ချက်တစ်ခု ရှိနေခဲ့သည်။

အောက်တွင်ရှိသော အမတသခင်တရားစီရင်ရေးရုံးတော် ၊ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ နှင့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်တို့ကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက

သုံဟွမ်မိစ္ဆာမဟာမိတ် အပြင် အမတနယ်မြေ၏ တားမြစ်အင်အားစုကြီး ရှစ်ခုစလုံးသည် ဤနေရာတွင် စုဝေးမိနေပြီ ဖြစ်သည်။

အခြားထိပ်တန်းအင်အားစုများနှင့် သာလွန်အင်အားစု ၁၈ ခုတို့နှင့်အတူ ဤတစ်ကြိမ် ကျင်းပမည့် ပွဲတော်နှင့် နောက်ပိုင်းတွင် ဖြစ်လာမည့် ရှေးဦးလျို့ဝှက်နယ်မြေ ခရီးစဉ်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းမည်မှာ ဧကန်မလွဲပင်။

..........

“အချိန်ကျပြီ ၊ ချန်ကဲသခင်ငယ်နှင့် ပါရမီရှင် အပေါင်းတို့ ..ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ အထဲကို ဝင်ရောက်ပြီး ပွဲတော်ကို ဆင်နွှဲပေးကြပါဦး”

ချင်ဟုန်မြို့သခင် မှာ ပျော်ရွှင်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ပေ။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အကြည့်များကို ဂရုမစိုက်တော့ဘဲ သူသည် စူးချန်ကဲနှင့် တားမြစ်အင်အားစုကြီးများမှ အမွေဆက်ခံသူများကို တောက်ရွှီအမတစားသောက်ဆိုင်ထဲသို့ လေးစားစွာ ဖိတ်ခေါ်လိုက်သည်။

စူးချန်ကဲသည် အမတနယ်မြေ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံဖြစ်သည်မှာ အမှန်ပင်။

သူတစ်ယောက်တည်း ရောက်လာသည်နှင့် ထိပ်တန်းပါရမီရှင်များစွာက လာရောက်တွေ့ဆုံကြပြီး ၊ ထို့အပြင် သူတို့အားလုံးမှာလည်း အဓိက အမွေဆက်ခံသူများ ဖြစ်ကြသည်။

ထို့အပြင် ဤအမွေဆက်ခံသူများအကြားတွင် စူးချန်ကဲကိုသာ အဓိကထား၍ ပြုမှုဆောင်ရွက်နေကြသည်။

ပြောစရာပင် မလိုပေ။ စူးချန်ကဲသည် ဤထိပ်တန်းပါရမီရှင်များ၏ အဓိက အသက်သွေးကြောပင် ဖြစ်သည်။

ဤကဲ့သို့သော အာဏာရှိပုဂ္ဂိုလ်ကြီးနှင့် ကောင်းမွန်သောဆက်ဆံရေး မတည်ဆောက်ပါက မိုက်မဲရာကျပေတော့မည်။

All Chapters