ဖူရှစ်အမတတေးသွားနှင့် တူညီသော တေးသွား
Vol. 69 Ch. 895
တောက်ရွှီအမတစားသောက်ဆိုင်၏ အတွင်းပိုင်းမှာ ပြင်ပအလှအပထက်ပင် ပိုမိုခမ်းနားထည်ဝါပြီး ခန့်ညားလှသည်။ အတွင်းပိုင်းတွင် အဆုံးအစမရှိ ကျယ်ပြန့်သော ကမ္ဘာတစ်ခုကို သီးသန့်ဖန်တီးထားသည့်နှယ် ရှိသည်။
အဖိုးတန် အမတကျောက်တုံးပေါင်း သောင်းနှင့်ချီ၍ တည်ဆောက်ထားသည့် အပြင်အဆင်များက နတ်ဘုံနတ်နန်းတစ်ခုအလား ထင်မှတ်စေသည်။
ကျယ်ဝန်းလှသော ခန်းမကြီးထဲတွင် အမတနယ်မြေမှ လူငယ်ကျင့်ကြံသူများစွာသည် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနေကြပြီး ၊ သူတို့တစ်ဦးစီတိုင်းသည် ထူးကဲသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
လှပသော အစေခံမလေးများမှာလည်း အုပ်စုလိုက် သွားလာနေကြပြီး ကျင့်ကြံသူများအတွက် အဖိုးတန် အမတအရက်နှင့် အစားအစာများကို အမြဲမပြတ် ဝန်ဆောင်မှုပေးနေသည်။
ဧည့်ခန်းများထဲမှ အခါအားလျော်စွာ ထွက်ပေါ်လာသော ရှေးဟောင်းတေးသွားသံစဉ်များမှာလည်း လူကို စိတ်ကိုကြည်နူးစေသည်။
“ချန်ကဲသခင်ငယ်ကို ဂါရဝပြုပါတယ်”
“ရန်ယွီနတ်ဘုရားမကို ဂါရဝပြုပါတယ်”
“ယွင်ချင်မင်းသမီးကို ဂါရဝပြုပါတယ်”
“ဂါရဝပြုပါတယ်...”
စူးချန်ကဲနှင့် အခြားသူများ ရောက်ရှိလာခြင်းကြောင့် ပွဲတော်မှာ ပို၍ပင် စည်ကားလာသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေးစားမှုအပြည့်ဖြင့် အပြေးအလွှား လာရောက်နှုတ်ဆက်ကြသည်။ မည်သို့ဆိုစေကာမူ ၊ တစ်ဖက်လူ၏ နောက်ခံအရှိန်အဝါမှာ အမတနယ်မြေ တစ်ခုလုံးတွင် ထိပ်တန်းဖြစ်သည်။
အထူးသဖြင့် စူးချန်ကဲ၏ နောက်ကွယ်ရှိ တားမြစ်စူးမိသားစုမှာ ဟွမ်ကျိအမတနယ်မြေ တစ်ခုလုံးတွင် အုပ်စိုးထားသူများဖြစ်သည်။
ထို့အပြင် တောက်ရွှီမြို့သို့ ရောက်ရှိလာသူတိုင်းမှာ မြို့မုခ်ဦးရှေ့တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားသိထားပြီး ဖြစ်သည်။
ကျင့်ကြံသူများကို အံ့အားသင့်စေခဲ့သည်မှာ စူးချန်ကဲ၏ အံ့မခန်း နောက်ခံကိုတင်မကဘဲ သူ၏ သန်မာလှသော ခွန်အားကြောင့်လည်း ဖြစ်သည်။
ကောင်းကင်အမတနယ်ပယ် အဆင့်(၃) ကျင့်ကြံအဆင့်ဖြင့် ရွှေရောင်အမတအဆင့် အစောင့်လေးဦးကို တစ်ချက်တည်းဖြင့် နှိမ်နင်းပြခဲ့သည်။
ဤမျှ အစွမ်းထက်သော ခွန်အားမျိုးသည် လက်ရှိခေတ်၏ အမတနယ်မြေ ပါရမီရှင်များထဲတွင် မယုံနိုင်လောက်အောင်ပင် ထူးချွန်လွန်းသည်။ ခေတ်ဟောင်း ပါရမီရှင်အချို့ပင်လျှင် သူနှင့် နှိုင်းယှဉ်ရန် ခက်ခဲပေလိမ့်မည်။
.........
သို့သော် အခြားသော တားမြစ်အင်အားစုကြီး သုံးခုနှင့် အသစ်ပေါ်ထွက်လာသော ခေတ်ဟောင်းပါရမီရှင်များမှာမူ စူးချန်ကဲတို့ကို လျစ်လျူရှုထားကြသည်။
စူးချန်ကဲကို ကြည့်သည့် သူတို့၏ မျက်ဝန်းများတွင် အေးစက်မှု နှင့် အထင်သေးမှုများ ပါဝင်နေ၏။
အမတနယ်မြေ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည့်အတွက် မည်သူကများ မိမိကိုယ်ကိုယ် စူးချန်ကဲထက် ညံ့သည်ဟု ဝန်ခံချင်မည်နည်း။
လူအများစု၏ အမြင်တွင် စူးချန်ကဲသည် အမတနယ်မြေ၏ ပါရမီရှင်များကြားတွင် ဤမျှ အလေးထားခံရပြီး ကြောက်ရွံ့ခြင်းကို ခံရသည်မှာ သူ၏ နောက်ခံအရှိန်အဝါကြောင့်သာ ဖြစ်မည်ဟု ယူဆထားကြသည်။
စူးချန်ကဲ၏ အရည်အချင်းမှာ အမှန်ပင် ထူးချွန်သော်လည်း ၊ သူ၏ အံ့မခန်းနောက်ခံနှင့် ယှဉ်လိုက်ပါက လူတိုင်း၏ စိတ်ထဲတွင် စွဲမြဲသွားစေသည်အထိ မဖြစ်သေးမှန်း ယူဆထားကြသည်။
.........
အစားအစာများ စားပွဲပေါ်သို့ ရောက်ရှိလာပြီး ကျင့်ကြံသူများ စားသောက်ပြီးစီးသွားချိန်တွင် ချင်ဟုန်မြို့သခင်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဒီနေ့ပွဲကို လာရောက်ဆင်နွှဲပေးကြတဲ့ ပါရမီရှင်များအားလုံး ကျွန်တော် အလွန်ကို ဝမ်းသာမိပါတယ်”
“ဒီတစ်ခေါက်မှာ အားလုံးကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံ ရရှိစေဖို့ ကျူရွှမ်နတ်မိမယ်ကို ဖိတ်ခေါ်ထားပါတယ်၊ သူမက ကောင်းကင်စောင်းတောင်ရဲ့ အမွေဆက်ခံသူဖြစ်ပြီး အားလုံးအတွက် မဟာလမ်းစဉ် စောင်းတေးသွား တစ်ပုဒ်ကို တီးခတ်ပေးမှာ ဖြစ်ပါတယ်”
ထိုစကားသံကြောင့် စည်ကားနေသော ခန်းမဆောင်သည် ခဏတာ တိတ်ဆိတ်သွားသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ တိတ်ဆိတ်နေသော လူအုပ်ကြီးကြားမှ အံ့အားသင့်သံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်စောင်းတောင်”
“ငါမှတ်မိသလောက်ဆိုရင်... ကောင်းကင်စောင်းတောင်ရဲ့ အယူဝါဒက အလွန်ထူးခြားတယ်...ခေတ်တစ်ခေတ်ကို တပည့်ငါးဦးပဲ လက်ခံတယ် ၊ ဂိုဏ်းတစ်ခုလုံးမှာ ဒီတပည့်ငါးဦးပဲ ရှိတာ”
“ပြီးတော့ ဒီတပည့်ငါးဦးက တေးသွားပညာမှာ အလွန်မြင့်မားတဲ့ အောင်မြင်မှုတွေ ရရှိထားကြတယ်...ဂီတ အရည်အချင်းနဲ့ ပတ်သက်ရင် အမတနယ်မြေ တစ်ခုလုံးမှာ သူတို့ထက်သာသူ မရှိဘူးလို့ ပြောရင်တောင် မမှားဘူး”
“ကြားရတာတော့ ကောင်းကင်စောင်းတောင်ရဲ့ တေးသွားတွေက လူတွေကို မဟာလမ်းစဉ်ရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် ကူညီပေးနိုင်သလို၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ဉာဏ်အလင်းပွင့်ခြင်းကိုပါ ရရှိစေနိုင်တယ်တဲ့”
“ကျူရွှမ်နတ်မိမယ်က ဒီခေတ်ရဲ့ ကောင်းကင်စောင်းတောင် တပည့်ငါးဦးထဲမှာ... ထိပ်ဆုံးမှာ ရှိနေတဲ့သူပဲ”
“ကျူရွှမ်နတ်မိမယ် တီးခတ်မယ့် တေးသွားထဲမှာ ပါဝင်တဲ့ ဂီတဆိုင်ရာ လျှို့ဝှက်ချက်တွေက စိတ်ကူးလို့တောင် မရနိုင်ဘူး”
“..........”
အခြားအမတနယ်မြေများမှ ကျင့်ကြံသူများသာမက ပွဲတက်ရောက်လာသည့် ထိပ်တန်းအင်အားစုနှင့် တားမြစ်အင်အားစုများမှ အမွေဆက်ခံသူများ၏ ရင်ထဲတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာကြသည်။
ကောင်းကင်စောင်းတောင်၏ နာမည်သည် ဂီတလမ်းစဉ်တွင် အမတနယ်မြေ၌ အထွတ်အထိပ်ဟု ဆိုနိုင်သည်။
သူမ၏ တေးသွားထဲတွင် ပါဝင်သော လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များမှာ ထိပ်တန်းပါရမီရှင်များအတွက်ပင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ကောင်းကင်စောင်းတောင်၏ လက်ရှိ ထိပ်တန်းတပည့်ကို တောင်အောက်သို့ ဆင်းသက်ပြီး တီးခတ်စေရန်မှာ သာမန်ကိစ္စမဟုတ်ပေ။
ကောင်ကင်စောင်းတောင်၏ အရှင်သခင် ထျန်းချင်အမတဧကရာဇ်မင်း၏ စရိုက်မှာ ထူးဆန်းသည်ဟု နာမည်ကြီးသည်။ သူသည် မည်သူ၏ ခြိမ်းခြောက်မှုကိုမျှ ဂရုမစိုက်တတ်သူ ဖြစ်သည်။
မင်းက သူ့ကို အတင်းအကျပ် လုပ်ခိုင်းရဲလား...
အဲ့လိုသာဆို သူက ကောင်းကင်စောင်းတောင် တစ်ခုလုံးကို ဆွဲခေါ်ပြီး ထွက်ပြေးသွားလိမ့်မယ်...
အမတနယ်မြေရဲ့ အာကာသအက်ကြောင်းထဲ ပုန်းအောင်းသွားတာနဲ့ ဘယ်လိုရှာရှာ ရှာလို့တောင်တွေ့မှာ မဟုတ်ဘူး..
နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထိုအာကာသအက်ကြောင်းထဲမှ ထွက်မလာတော့ချေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အမတနယ်မြေ၏ အင်အားစုကြီးများကလည်း ဤအချက်ကို လက်ခံလိုက်ရသည်။
မည်သို့ဆိုစေကာမူ အမတနယ်မြေတွင် ကောင်းကင်စောင်းတောင်မှ လူများမှလွဲ၍ စောင်းတီးခတ်ရာတွင် အကောင်းဆုံးသူ မည်သူမျှ မရှိပေ။
သူ၏တပည့်များအား အပြင်လောကသို့ ဆင်းသက်ကာ အခြားသူများအတွက် တီးခတ်စေရန် သဘောတူညီမှုရယူရန်အတွက် နည်းလမ်းမရှိပေ။ ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။
ထိုကံကြမ္မာမှာလည်း အလွန်ထူးဆန်းပြီး အကြိမ်တိုင်း မတူညီပေ။ ထိုကံကြမ္မာမျိုးနှင့် ကြုံတွေ့ရဖို့က ကံတရားအပေါ်တွင်သာ မူတည်သည်။
ချင်းဟုန်မြို့သခင်အနေဖြင့် သူမကို ဖိတ်ခေါ်နိုင်ရန် မည်မျှ ပေးဆပ်ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။
“ကောင်းကင်စောင်းတောင်... အမတနယ်မြေရဲ့ ဂီတလမ်းစဉ်မှာ အထွတ်အထိပ်တဲ့လား...”
ကျင့်ကြံသူများ၏ ပြောဆိုသံများကို ကြားလိုက်ရသဖြင့် စူးချန်ကဲလည်း စိတ်ဝင်စားသွားသည်။
ယခင်က ဗလာနတ္ထိရင်းမြစ်မျှော်စင်၏ ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးနောက်တွင် စူးချန်ကဲသည် ဖုန်းဝူယွင်၏ ဂီတအမွေကို ဆက်ခံခဲ့ရသည်။
ယခုလက်ရှိတွင် သူသည် အမတနယ်မြေ တစ်ခုလုံးကို အနိုင်ယူနိုင်သည်ဟု မဆိုနိုင်သော်လည်း လက်ရှိမျိုးဆက်သစ်များကြားတွင်မူ သူသည် အားလုံးကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ယုံကြည်ချက်ရှိသည်။
ကောင်းကင်စောင်းတောင်မှ အဓိကတပည့် ဖြစ်သူ၏ စွမ်းဆောင်ရည်ကို သူ အတော်လေး သိချင်နေမိသည်။
ဒင်—
ချက်ချင်းပင် နားဝင်ချိုလှသော စောင်းသံတစ်ခုက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားသည်။
ဤတေးသွားမှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ တီးခတ်လိုက်သည့် အခိုက်အတန့်တွင်ပင် လက်တွေ့နှင့် စိတ်ကူးယဉ်ကို ခွဲခြားမရနိုင်သည်အထိ ခံစားရစေသည်။ ပျံ့လွင့်နေသော တေးသွားသံစဉ်များမှာ လူတို့ကို စိတ်ကူးယဉ်လောကထဲသို့ ဆွဲခေါ်သွားဟန် ရှိသည်။
တေးသွားသံစဉ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကခုန်နေသော မှော်သင်္ကေတများကြားတွင် နတ်မိမယ်တစ်ဦးသည် တင်ပျဉ်ခွေထိုင်နေပြီး စောင်းကြိုးများကို တီးခတ်နေသယောင် မြင်ယောင်လာသည်။
စောင်းသံတစ်ချက်ချင်းစီမှာ နတ်ဘုံနတ်နန်းမှ တေးသွားများအလား လူတို့၏ စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး လောကီ၏ အညစ်အကြေးများကို ဖယ်ရှားပေးနေသည်။
လူတိုင်း ထိုတေးသွားသံစဉ်တွင် နစ်မြုပ်နေစဉ်မှာပင် စူးချန်ကဲမှာ အံ့အားသင့်သွားသည်။
ဖူရှစ်အမတတေးသွား...
ဖုန်းဝူယွင်၏ ဂီတအမွေကို လက်ခံရရှိပြီးနောက်တွင် စူးချန်ကဲသည် မဟာလမ်းစဉ်တေးသွားများစွာကို နားလည်သဘောပေါက်ခဲ့သည်။
ဖူရှစ်အမတတေးသွားမှာ သူ၏ စိတ်ထဲတွင် အနက်ရှိုင်းဆုံး စွဲထင်ကျန်ရစ်ခဲ့သော တေးသွားတစ််ခုပင် ဖြစ်သည်။
သို့သော်လည်း ကောင်ကင်စောင်းတောင်မှ ဤတပည့်သည် အဘယ့်ကြောင့် ဤူဖူရှစ်အမတတေးသွားကို တီးခတ်နိုင်ရသနည်း။
.........