← Chapters

မပြည့်စုံသော ဖူရှစ်အမတတေးသွား၊ ဖန်တီးရှင်က အခြားသူဖြစ်နေတာလား

Vol. 69 Ch. 896

မပြည့်စုံသော ဖူရှစ်အမတတေးသွား၊ ဖန်တီးရှင်က အခြားသူဖြစ်နေတာလား

Vol. 69 Ch. 896

စူးချန်ကဲမှာ အံ့အားသင့်နေရင်းနှင့်ပင် သူ၏စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်လာသည်။

ဖုန်းဝူယွင်သည် ဗလာနတ္ထိမူလရင်းမြစ်မျှော်စင်မှ ဖန်တီးလိုက်သည့် နိယာမပုံရိပ်တစ်ခုသာ ဖြစ်ပြီး၊ စူးချန်ကဲ၏ ကိုယ်ပွားပုံရိပ်ပင် ဖြစ်သည်။

အနှစ်သာရအားဖြင့် ပြောရလျှင် သူတို့နှစ်ဦးသည် မတူညီသော မဟာလမ်းစဉ်၏ အချိန်နှင့်အာကာသတွင် ရှိနေကြခြင်းဖြစ်သည်။

ဖုန်းဝူယွင်မှာ အတိတ်တွင်ရှိပြီး၊ သူသည် အနာဂတ်တွင် ရှိနေသည်။

အနာဂတ်နှင့် အတိတ်ဟူသည် တူညီသော အချိန်နှင့်အာကာသတွင် မည်သို့တွေ့ဆုံနိုင်မည်နည်း။

“အတိတ်... အနာဂတ်...”

တိုးတိုးလေး ရေရွတ်ရင်း စူးချန်ကဲ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိခဲ့သည်။

ဖုန်းဝူယွင်သည် အမတနယ်မြေတွင် ယခင်က တကယ်တမ်း ရှိခဲ့ဖူးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်။ သူသည် အမတနယ်မြေ၏ ရှေးခေတ်ကာလတစ်ခုခုတွင် ရှိခဲ့ဖူးပေမည်။

သူ သေဆုံးပျောက်ကွယ်သွားပြီးနောက် ဗလာနတ္ထိမူလရင်းမြစ်မျှော်စင်မှ ထူးခြားသောနည်းလမ်းဖြင့် သူ၏ကျန်ရှိနေသော နတ်အသိစိတ်ကို စုစည်းခေါ်ယူလိုက်ပြီး၊ နောက်ဆုံးတွင် သူ့ကို ထိုပုဂ္ဂိုလ်နှင့် ပေးတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

........

စူးချန်ကဲ တွေးတောနေစဉ် ၊ ဖူရှစ်အမတတေးသွားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကခုန်လှုပ်ရှားနေသော ဂီတသင်္ကေတများကြားတွင် ကျူရွှမ်နတ်မိမယ်သည် စောင်းကို တီးခတ်နေသည်။ သူမသည် ဝေးကွာလွန်း၍ ထိတွေ့ရန် ခက်ခဲသော လနတ်သမီးလိုပင်။

စူးချန်ကဲသည် ဖူရှစ်အမတတေးသွားကို တစ်ခါမျှ တီးခတ်ဖူးခြင်း မရှိသော်လည်း ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို ကောင်းစွာ သိရှိထားသည်။

နားထောင်သူတိုင်းကို ထူးခြားသော တေးသွားနင့်အတူ စိတ်ကူးယဉ်လောကထဲသို့ ဆွဲခေါ်သွားနိုင်ကာ ကျင့်ကြံသူများ၏ အိပ်မက်များကို နှိုးဆွပေးနိုင်သည်။

စစ်မှန်သော မဟာလမ်းစဉ်တွင် အရေးအကြီးဆုံးမှာ ခိုင်မာသော စိတ်ဆန္ဒ သို့မဟုတ် ထူးချွန်သော ပါရမီ မဟုတ်ဘဲ၊ အစောဆုံး စတင်ခဲ့သည့် မူလစိတ်ပင် ဖြစ်သည်။

မဟာလမ်းစဉ်ကို စတင်လျှောက်လှမ်းချိန်မှစ၍ လူသားလမ်းစဉ်ဖြစ်စေ၊ အမတလမ်းစဉ်ဖြစ်စေ မူလရည်ရွယ်ချက် တစ်ခုစီ ရှိကြစမြဲဖြစ်သည်။

မဟာလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး အိုမင်းခြင်းမရှိသော ဘဝကို ရရှိရန် တောင့်တကြခြင်း ဖြစ်ကောင်းဖြစ်မည်။

သို့မဟုတ် လောကကြီး၏ ထိပ်ဆုံးနေရာမှ ရပ်တည်ကာ လောကကြီးကို အပေါ်စီးမှ ကြည့်ရှုလိုခြင်း ဖြစ်ကောင်းဖြစ်မည်။

သို့မဟုတ် အနှောင်အဖွဲ့များကို ဖျက်ဆီးကာ ပြိုင်ဖက်ကင်းသော စွမ်းအားကို ရရှိပြီး မိမိအတွက် အရေးပါသူများကို ကာကွယ်ပေးလိုခြင်း ဖြစ်ကောင်းဖြစ်မည်။

ဤဆန္ဒများအားလုံးသည် နောက်ဆုံးတွင် မိမိ၏ မူလ‌ဆန္ဒမှ ပေါက်ဖွားလာခြင်းသာဖြစ်သည်။

သို့သော် မသေမျိုးဘဝကို ရှာဖွေသည့် လမ်းခရီးတွင် ကနဦးရှိခဲ့သော မူလစိတ်ဆန္ဒမှာ တဖြည်းဖြည်း မေ့ပျောက်သွားတတ်ပြီး၊ နောက်ဆုံးတွင် လုံးဝ ပစ်ပယ်ခြင်း ခံလိုက်ရတတ်သည်။

ဖူရှစ်အမတတေးသွားတွင် ပါဝင်သော ကျယ်ပြောလှသည့် တေးသွားသံစဉ်များက ကျင့်ကြံသူများ၏ မူလစိတ်ဆန္ဒကို ပြန်လည်နှိုးဆွပေးနိုင်ပြီး တာအိုစိတ်နှလုံးသားကို ခိုင်မာစေကာ မဟာလမ်းစဉ်၏ စစ်မှန်သော အဓိပ္ပာယ်ကို သိမြင်စေနိုင်သည်။

ပွဲတက်ရောက်လာသော လူငယ်ကျင့်ကြံသူများသည် တိတ်ဆိတ်စွာဖြင့် ရပ်နေကြပြီး မျက်လုံးများကိုမှိတ်ကာ အလွန်ပင် နှစ်ခြိုက်စွာ နားထောင်နေကြသည်။

အချိန်အတော်ကြာပြီးနောက်တွင်မှ နားဝင်ချိုသည့် တေးသွားသံစဉ်သည် တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။

သို့သော် ဖူရှစ်အမတတေးသွားမှာမူ ပျောက်ကွယ်သွားခြင်းမရှိဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့လွင့်နေဆဲ ဖြစ်သည်။

ကျင့်ကြံသူများမှာ တိတ်ဆိတ်ခြင်းမှ ဖြည်းဖြည်းချင်း နိုးထလာကြပြီး၊ အံ့ဩတုန်လှုပ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းများဖြင့် ကုလားကာနောက်ကွယ်ရှိ စင်မြင့်ကို လှမ်းကြည့်လိုက်ကြသည်။

“အိုင်း.. ကောင်းကင်စောင်းတောင်ရဲ့ အမွေဆက်ခံသူဆိုတော့လည်း နာမည်နဲ့လိုက်အောင် တီးခတ်နိုင်တာပဲ”

“ခုနက ငါ အလွန်လှပတဲ့ စိတ်ကူးယဉ်လောကထဲကို ပြုတ်ကျသွားပြီး အလွန်ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်လိုက်သလိုပဲ”

“ဒါက ဘယ်သီချင်းလဲဟင်၊ ငါ့ရဲ့ တာအိုစိတ်နှလုံးသားတွေက ပိုပြီး ခိုင်မာလာသလိုပဲ၊ ကျင့်ကြံဆင့်တောင် တိုးတက်လာမလို ဖြစ်နေတယ်”

“ဟားး... အားလုံးက ဒါကို မသိကြဘူးပဲ”

ထျန်းဟောက်ရှန်းက ပြုံး၍ ရှင်းပြသည်။

“ဒီသီချင်းကို ဖူရှစ်အမတတေးသွားလို့ ခေါ်ပြီး ကောင်းကင်စောင်းတောင်ရဲ့ အမွေဆက်ခံ တေးသွားပဲ...အဲဒီထဲမှာပါတဲ့ နက်နဲတဲ့ စွမ်းအားတွေက ငါတို့ရဲ့ မူလစိတ်ဆန္ဒကို နှိုးဆွပေးနိုင်ပြီး မဟာလမ်းစဉ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကူညီပေးနိုင်တယ်”

“ဖူရှစ်အမတတေးသွားကို အဆုံးထိ နားထောင်ရတာဟာ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ”

ထိုစကားများ ထွက်ပေါ်လာချိန်တွင် အမှန်တရားကို မသိကြသည့် ကျင့်ကြံသူများမှာ ချက်ချင်းပင် နားလည်သွားပြီး တအံ့တဩ တီးတိုးပြောဆိုလေတော့သည်။

“ဒါဆို ဒါက ဒဏ္ဍာရီလာ ဖူရှစ်အမတတေးသွားပေါ့”

“ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေ ပြောဖူးတယ်၊ ဖူရှစ်အမတတေးသွားဆိုတာ ထျန်းချင်အမတဧကရာဇ်မင်းက သူ့တစ်သက်တာ ဂီတပညာတွေကို ပေါင်းစပ်ပြီး ဖန်တီးခဲ့တာတဲ့...အဲဒီထဲမှာပါတဲ့ ထူးခြားတဲ့ စွမ်းအားတွေက အမတဧကရာဇ်မင်းအဆင့် ပုဂ္ဂိုလ်တွေအတွက်တောင် အကျိုးသက်ရောက်မှု ရှိတယ်တဲ့”

“ကျူရွှမ်နတ်မိမယ်က တကယ်ကို တော်တာပဲ၊ ဖူရှစ်အမတတေးသွားကို ဒီလောက်အထိ ကျွမ်းကျင်အောင် တီးခတ်နိုင်တာ၊ ကောင်းကင်စောင်းတောင်မှာ နောက်ဆက်ခံမယ့်သူ ရှိနေပြီပဲ”

“.........”

ကုလားကာ နောက်ကွယ်တွင် ပုန်းကွယ်နေသော ကျူရွှမ်နတ်မိမယ်မှာမူ ဂရုမစိုက်ပေ။

လက်ရှိ ကောင်းကင်စောင်းတောင်၏ အမွေဆက်ခံသူအနေဖြင့် သူမသည် အမတနယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်များစွာအတွက် တီးခတ်ပေးဖူးသည်။ ဤကဲ့သို့သော ချီးကျူးစကားများကို သူမ မည်သို့ မကြားဖူးဘဲ နေမည်နည်း။

ထို့အပြင်၊ သူမတီးခတ်ခဲ့သည်မှာ ဖူရှစ်အမတတေးသွား၏ အပြည့်အစုံ မဟုတ်ဘဲ အခန်းသုံးခန်းထဲမှ ပထမအခန်းသာ ဖြစ်သည်။

ဖူရှစ်အမတတေးသွားမှာလည်း အမှန်အားဖြင့် သူမ၏ ဆရာသခင် ထျန်းချင်အမတဧကရာဇ်မင်းမှ ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ အခြားသူတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဆရာသခင်ကသာ ဤရှေးဟောင်းတေးသွားကို အကောင်းဆုံးဖြစ်အောင် တီးခတ်ပြနိုင်ခဲ့သဖြင့် အမတနယ်မြေမှ ကျင့်ကြံသူများက သူမဆရာသခင်၏ လက်ရာဟု မှတ်ယူနေကြခြင်း ဖြစ်သည်။

သို့သော် ကျူရွှမ်နတ်မိမယ်သည် ဤအကြောင်းကို ဝင်ရောက်ရှင်းပြနေမည် မဟုတ်ပေ။

သူမသည် စောင်းကိုသိမ်းပြီး ထွက်ခွာတော့မည့်အချိန်တွင် ယောက်ျားတစ်ဦး၏ တက်ကြွသော အသံကို ကြားလိုက်ရသည်။

“ဟားး...ဖူရှစ်အမတတေးသွား အပြည့်အစုံတဲ့လား ၊ ဒါက အပြည့်အစုံလို့ မင်းတို့ကို ဘယ်သူပြောလိုက်တာလဲ”

“ပြီးတော့ ဒီဖူရှစ်အမတတေးသွားက ထျန်းချင်အမတဧကရာဇ်မင်းက ဖန်တီးခဲ့တာ မဟုတ်ဘဲ တခြားသူက ဖန်တီးခဲ့တာပဲ”

ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ၊

ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ယခင်က စည်ကားနေသော တောက်ရွှီအမတစားသောက်ဆိုင်သည် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားလေး၏။

ထိုလူ၏ အသံသာလျှင် ကျယ်ပြောလှသော ခန်းမထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

လူတိုင်း၏ အကြည့်များက ထိုအသံလာရာဆီသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။

သို့သော် ပြောဆိုသူမှာ မည်သူဖြစ်ကြောင်း သေချာမြင်လိုက်ရချိန်တွင် လူတိုင်း၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားကြပြီး အံ့ဩတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။

ပြောဆိုသူမှာ တခြားသူမဟုတ်၊ စူးချန်ကဲပင် ဖြစ်သည်။

လူအချို့က လှောင်ပြောင်လိုစိတ်ဖြင့် အော်ဟစ်ရန် ကြိုးစားလိုက်သော်လည်း သူတို့၏ လည်ချောင်းထဲအထိ ရောက်နေသည့် လှောင်ပြောင်စကားများကို ချက်ချင်းပင် မြိုသိပ်လိုက်ရသည်။

အကယ်၍ ပြောဆိုသူမှာ အမတနယ်မြေ၏ သာမန်ပါရမီရှင်တစ်ဦးသာဆိုပါက လူအများ၏ ဆဲဆိုခြင်းကို ခံရပေလိမ့်မည်။

သို့သော် စူးချန်ကဲ၏ဘေးတွင် ကွေးယွမ်အမတဂိုဏ်း၊ တားမြစ်စူးမိသားစု၊ သံသရာစက်ဝန်းအမတမင်းဆက်နှင့် ယောင်ကွမ်အမတဂိုဏ်းတို့မှ ပါရမီရှင်များစွာ ရှိနေကြသည်။

သူတို့လို အဆင့်နိမ့်လူတန်းစားတွေက လှောင်ပြောင်ရဲပါ့မလား...

စူးချန်ကဲ ကိုယ်တိုင် လက်စွမ်းပြစရာပင် မလိုပေ။ဤအင်အားစုကြီးများမှ ပါရမီရှင်များနှင့်ပင် သူတို့၏အရိုးပြာကို လေထဲလွင့်စင်သွားအောင် လုပ်ပစ်နိုင်ပေသည်။

All Chapters