← Chapters

လူအများ၏ သံသယ၊ ချန်ကဲသခင်ငယ်၏ ဂီတပါရမီ

Vol. 69 Ch. 897

လူအများ၏ သံသယ၊ ချန်ကဲသခင်ငယ်၏ ဂီတပါရမီ

Vol. 69 Ch. 897

တစ်ချိန်တည်းမှာပင်။

စောင်းကိုသိမ်းပြီး ထွက်ခွာရန် ပြင်ဆင်နေသည့် ကျူရွှမ်နတ်မိမယ်သည် စူးချန်ကဲ၏ စကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် တွေဝေသွားသည်။

သူမ၏ လှပသော မျက်ဝန်းတို့မှာ မထိန်းချုပ်နိုင်ဘဲ ကျုံ့သွားပြီး ကုလားကာ အပေါက်ငယ်လေးမှတစ်ဆင့် စူးချန်ကဲရှိရာဘက်သို့ အလိုအလျောက် ငေးကြည့်လိုက်မိသည်။

သူမ၏ ကောင်းကင်စောင်းတောင်သည် အမတနယ်မြေရှိ အခြားကျင့်ကြံသူများကဲ့သို့ လှည့်လည်သွားလာကာ ကျင့်ကြံလေ့မရှိသော်လည်း စူးချန်ကဲ၏ ကျော်ကြားမှုကို ကြားဖူးထားကြသည်။

သို့သော် ထိုသူ၏ နောက်ခံနှင့် ပါရမီသည် မည်မျှပင် ထူးချွန်ပါစေ၊ သူမ၏ ကောင်းကင်စောင်းတောင်မှ တပည့်တစ်ယောက် မဟုတ်ဘဲနှင့် ဤမျှ နက်နဲသော လျှို့ဝှက်ချက်ကို မည်သို့ သိနေရသနည်း။

သူမ၏ ဆရာသခင်သည် တားမြစ်စူးမိသားစုမှ ပုဂ္ဂိုလ်များအတွက် စောင်းတီးပေးဖူးသော်လည်း၊ ဤမျှ လျှို့ဝှက်သောအရာကို ပြင်ပလူအား ပြောပြထားရန်မှာ မဖြစ်နိုင်ပေ။

............

ခဏတာ အံ့အားသင့်ပြီးနောက်တွင်မူ ကျင့်ကြံသူများစွာသည် သတိပြန်ဝင်လာကြပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။

"ချန်ကဲသခင်ငယ်က ကျူရွှမ်နတ်မိမယ် တီးခတ်သွားတာဟာ ဖူရှစ်အမတတေးသွား အပြည့်အစုံ မဟုတ်ဘူးဆိုတာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"

" ဖူရှစ်အမတတေးသွားဆိုတာက ကောင်းကင်စောင်းတောင်ရဲ့ လျှို့ဝှက်အမွေ မဟုတ်လား ၊ ငါမှတ်မိသလောက်ဆိုရင် ချန်ကဲသခင်ငယ်မှာ ကောင်းကင်စောင်းတောင်နဲ့ ပတ်သက်တဲ့ နောက်ခံမျိုး မရှိဘူးမဟုတ်လား"

"ဟုတ်တယ် ၊ ပြီးတော့ စူးချန်ကဲက ဖူရှစ်အမတတေးသွားကို ထျန်းချင်အမတဧကရာဇ် ဖန်တီးခဲ့တာ မဟုတ်ဘူး တခြားသူက ဖန်တီးခဲ့တာလို့ ပြောနေသေးတယ်၊ ဒီပြောစကားက နည်းနည်းတော့ ယုတ္တိမရှိဘူး မဟုတ်လား"

"လက်ရှိ အမတနယ်မြေမှာ ဖူရှစ်အမတတေးသွားကို ထျန်းချင်အမတဧကရာဇ် ဖန်တီးခဲ့တယ်ဆိုတာ မသိတဲ့သူ ရှိလို့လား... ဒါကို ရှေးဟောင်းမှတ်တမ်းတွေမှာတောင် အတိအလင်း ရေးသားထားတာ၊ ဘာအထောက်အထားမှမရှိဘဲ သူက ဘာလို့ ဒီလိုပြောရဲတာလဲ"

"ချန်ကဲသခင်ငယ်က ဒီလောက် အရည်အချင်းရှိပြီး နောက်ခံကောင်းသူဖြစ်နေမှတော့ ဒီကိစ္စကို အကြောင်းပြပြီး လူအာရုံစိုက်အောင် လုပ်နေတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်"

".........."

စူးချန်ကဲ၏ နောက်ခံအရှိန်အဝါကို ထောက်ထား၍ လူအများစုမှာ သူ့ကို တိုက်ရိုက်လှောင်ပြောင်ရန် မဝံ့မရဲ ဖြစ်နေကြသော်လည်း တိုးတိုးတိတ်တိတ်ဖြင့် ဝေဖန်နေကြသည်။

မည်သို့ဆိုစေကာမူ ဤကိစ္စမှာ အလွန်ပင် ထူးဆန်းသည်။ စူးချန်ကဲသည် အမတနယ်မြေရှိ တားမြစ်အင်အားစုကြီး သုံးခု၏ အမွေဆက်ခံသူသာ ဖြစ်သည်။

ကောင်းကင်စောင်းတောင်မှာမူ အလွန်ထူးခြားသည်။ သူတို့သည် လောကီရေးရာများတွင် ပါဝင်ပတ်သတ်ခြင်းမရှိဘဲ ဂီတတေးသွားလမ်းစဉ်ကိုသာ သီးသန့်ကျင့်ကြံသည့် ဂိုဏ်းဖြစ်သည်။

ထို့ကြောင့် ဤတားမြစ်အင်အားစုကြီးများနှင့် ဆက်စပ်မှုရှိနိုင်မည် မဟုတ်ပေ။

သူတို့တင်မက စူးချန်ကဲ၏ဘေးနားတွင် ရှိနေကြသော တားမြစ်စူးမိသားစု ၊ ကွေးယွမ်အမတဂိုဏ်းနှင့် သံသရာစက်ဝန်းအမတမင်းဆက်မှ ပါရမီရှင်များပင်လျှင် သံသယဖြစ်နေကြသည်။

စူးချန်ကဲသည် အဘယ့်ကြောင့် ဤသို့ ပြောရသနည်း။

ထို့အပြင် သူ့အသံမှာလည်း အလွန်ပင် ယုံကြည်ချက်ရှိနေသည်။ သူတို့ မသိထားသော လျှို့ဝှက်ချက်တစ်ခုခုကို သိရှိနေခဲ့လေသလော။

"ချန်ကဲကိုကို... ကိုကိုကရော ကောင်းကင်စောင်းတောင်ရဲ့ အမွေဆက်ခံသူ ဖြစ်နေတာလား"

ယွင်ချင်မှာ သူမ၏ စိတ်ထဲရှိ သံသယကို မဖုံးကွယ်နိုင်တော့ဘဲ စူးချန်ကဲအား မေးလိုက်သည်။

"ဒါကြောင့်ပဲ ဒီအကြောင်းရင်းတွေကို သိနေတာလားဟင်"

ထိုမေးခွန်းကို ကြားသောအခါ စူးချန်ကဲသည် အေးဆေးစွာ ပြုံးလိုက်သည်။

သို့သော် သူ စကားမပြောခင်မှာပင်။

လက်ခုပ်တီးသံ!

လက်ခုပ်တီးသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

ထျန်းဟောက်ရှန်း က လက်ခုပ်တီးကာ ရယ်မောလိုက်သည်။

"ဟားး... တကယ်ကို မထင်ထားမိဘူး၊ ချန်ကဲသခင်ငယ်က ကျင့်ကြံခြင်း အရည်အချင်းတင်မကဘဲ တေးသွားပညာမှာလည်း ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဒီဖူရှစ်အမတတေးသွားကို ကျွန်တော်တို့က အကြမ်းဖျင်းပဲ ကြားခဲ့ရတာကို ချန်ကဲသခင်ငယ်ကတော့ ဒါဟာ အပြည့်အစုံ မဟုတ်ဘူးလို့ ခန့်မှန်းနိုင်တာ တကယ်ကို လေးစားမိပါတယ်"

"ဒါပေမဲ့.."

ထျန်းဟောက်ရှန်းသည် စကားလမ်းကြောင်း ပြောင်းလဲလိုက်သည်။

"ကျွန်တော် တစ်ချက်လောက်တော့ ပြင်ပေးရလိမ့်မယ်၊ လက်ရှိ အမတနယ်မြေမှာ ဖူရှစ်အမတတေးသွားကို ထျန်းချင်အမတဧကရာဇ်မင်း ဖန်တီးခဲ့တယ်ဆိုတာ မသိတဲ့သူ ရှိလို့လား"

"ရှေးဟောင်းမှတ်တမ်းတွေမှာတောင် အတိအလင်း ရေးသားထားတာကို ချန်ကဲသခင်ငယ်က ဖန်တီးရှင်က တခြားတစ်ယောက်ပါလို့ ပြောနေတာ..."

"ချန်ကဲသခင်ငယ်က အောက်ကမ္ဘာကနေ တက်လာတာမို့လို့ ကျွန်တော်တို့ အမတနယ်မြေရဲ့ သမိုင်းကို မသိတာများလား"

အပေါ်ယံကြည့်ရင် ထျန်းဟောက်ရှန်း၏ စကားမှာ လှောင်ပြောင်ခြင်း မပါဝင်သယောင် ရှိသော်လည်း သူ၏ နောက်ကွယ်မှ လှောင်ပြောင်သည့် အသံနေအသံထားကို မည်သူမဆို ခံစားမိသည်။

သူ၏ အမတသခင် တရားစီရင်ရေးရုံးတော်သည် တားမြစ်စူးမိသားစုနှင့် အမြဲတစေ ဆန့်ကျင်ဘက်ဖြစ်ရာ ယခုလို အခွင့်အရေးကို သူ အလွတ်ပေးမည်မဟုတ်ပေ။

ထျန်းဟောက်ရှန်းမှ ရှေ့ထွက်လာသည်နှင့် ၊ ဆက်ဆံရေးမကောင်းမွန်သော အခြားအင်အားစုမှ ပါရမီရှင်များကလည်း ချက်ချင်းပင် ထောက်ခံပြောဆိုလာကြသည်။

"ချန်ကဲသခင်ငယ်က တေးသွားပညာမှာ ထူးချွန်နိုင်ပေမဲ့ ကောင်းကင်စောင်းတောင်ရဲ့ အမွေဆက်ခံသူနဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားမှာပဲ... ဒီလိုမျိုး အတင့်ရဲစွာ ပြောဆိုတာကတော့ နည်းနည်းတော့ မလျော်ကန်ဘူး"

"မှန်တယ်၊ ရှေးဟောင်းမှတ်တမ်းတွေအရ ဒီဖူရှစ်အမတတေးသွားက ထျန်းချင်အမတဧကရာဇ်မင်းရဲ့ အကောင်းဆုံး လက်ရာပဲ၊ ချန်ကဲသခင်ငယ်ရဲ့ ပါးစပ်ထဲရောက်မှ ဘာလို့ တခြားသူရဲ့ လက်ရာ ဖြစ်သွားရတာလဲ"

ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ မင်းသားကြီး ယန်တောက်ကျွင်းကလည်း အေးဆေးစွာ ပြုံး၍ ပြောဆိုလိုက်သည်။

"ချန်ကဲသခင်ငယ်ဟာ အရေးပါတဲ့ အင်အားစုတွေရဲ့ အမွေဆက်ခံသူ ဖြစ်ပါလျက်နဲ့ ဒီလိုမျိုး မမှန်ကန်တဲ့ စကားတွေ ပြောဆိုတာကတော့ အင်အားစုကြီးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"

..........

"ဟမ်! ချန်ကဲဆက်ခံသူက ဒီလိုပြောတယ်ဆိုရင် သူ့မှာ အကြောင်းရင်းရှိလို့ နေမှာပေါ့.. မင်းတို့လို လူတွေက ဘာကိစ္စနဲ့လာပြီး ဝေဖန်နေရတာလဲ"

"မှန်တယ်၊ ငါတို့ ချန်ကဲသခင်ငယ်က ဂီတလမ်းစဉ်မှာ အရည်အချင်း ရှိပြီးသား၊ မင်းတို့လို နားပင်းတဲ့လူတွေက နားမလည်တာနဲ့ပဲ ငါတို့သခင်ငယ်ကို မဟုတ်တာ ပြောခွင့်မရှိဘူး"

"တကယ်ကို အတင့်ရဲလှပါလား၊ သံသရာစက်ဝန်းအမတမင်းဆက်ရဲ့ မင်းသားကို မင်းတို့လိုလူတွေက ဝေဖန်ဖို့ မသင့်တော်ဘူး"

" ငါ နတ်ဘုရားမနဲ့ ချန်ကဲ က တိုက်မြေသုံးထောင်ကနေ တက်လာခဲ့ကြတာ၊ ချန်ကဲရဲ့ ဂီတပါရမီက ဘယ်လိုလဲဆိုတာကို ငါကိုယ်တိုင် အသိဆုံးပဲ"

"..........."

တားမြစ်အင်အားစုကြီးများမှ လူများသည် အလွန်ဒေါသထွက်သွားပြီး အော်ဟစ်ဆဲဆိုကြသည်။

သူတို့၏ အမွေဆက်ခံသူအား မည်သို့ ပြုမူရမည်ဆိုသည်ကို ပြင်ပလူများအနေဖြင့် ပြောဆိုဝေဖန်ပိုင်ခွင့် မရှိပေ။

ခဏအတွင်းမှာပင် တားမြစ်အင်အားစုကြီးများနှင့် အခြားအင်အားစုများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာကာ ပွဲတော်မှာ ရှုပ်ထွေးသွားတော့သည်။

ချင်းဟုန်မြို့သခင်မှာလည်း ဘာလုပ်ရမှန်း မသိတော့ပေ။

စူးချန်ကဲ၏ နောက်ခံအရှိန်အဝါမှာ ကြီးမားသော်လည်း အခြားအင်အားစုကြီးများ၏ နောက်ခံမှာလည်း မသေးလှပေ။ သူ့လို မြို့သခင်အနေဖြင့် ဖြေရှင်းရန် မလွယ်ကူပေ။

ချင်းဟုန် အခက်အခဲ ဖြစ်နေချိန်တွင် စူးချန်ကဲက ထပ်မံ ပြောဆိုလိုက်သည်။

"စကားတွေ အများကြီး ပြောနေဖို့ လိုလို့လား"

"ကျူရွှမ်နတ်မိမယ်က ဒီနေရာမှာပဲ ရှိနေတာ မဟုတ်လား"

"သူမကို မေးကြည့်လိုက်ရင် အမှန်တရားကို သိရမှာပေါ့"

ထိုစကားထွက်လာချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

ယခင်က သူတို့သည် စူးချန်ကဲ၏ စကားကို အလွန်ရူးမိုက်သည်ဟု ထင်ခဲ့ကြပြီး အခြေအမြစ်မရှိသော စကားဟုသာ ယူဆခဲ့ကြသည်။

ယခုအခါ အခြေအနေမှာ ဤမျှအထိ ရောက်ရှိလာပြီဖြစ်ရာ ဤကိစ္စကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ ကျူရွှမ်နတ်မိမယ်ကိုယ်တိုင် ရှင်းပြခိုင်းခြင်းသာ ဖြစ်သည်။

...........

လူတိုင်း၏ အကြည့်များမှာ သူမထံသို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရချိန်တွင်။

ကုလားကာနောက်ကွယ်ရှိ ကျူရွှမ်နတ်မိမယ်မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ဤသည်မှာ သူမနှင့် မသက်ဆိုင်ဘဲ ကြုံတွေ့ရသည့် ဘေးဒုက္ခတစ်ခုပင် ဖြစ်သည်။

သူမ တီးခတ်ခဲ့သည့် ဖူရှစ်အမတတေးသွားမှာ အပြည့်အစုံ မဟုတ်ခြင်းကို သူမ ရှင်းပြနိုင်သည်။

သို့သော် ဖူရှစ်အမတတေးသွားမှာ ဆရာသခင်၏ လက်ရာမဟုတ်ကြောင်း သူမ မည်သို့ ရှင်းပြရမည်နည်း။

ဤသည်မှာ ကောင်းကင်စောင်းတောင်၏ လျှို့ဝှက်ချက်တစ်ခုနှင့် သက်ဆိုင်နေသည်။ လူအများရှေ့တွင် ထုတ်ဖော်ပြောဆိုရန်မှာ အနည်းငယ် မလျော်ကန်ပေ။

သို့သော်လည်း ပွဲတက်ရောက်နေသူများမှာ ဂုဏ်သရေရှိ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ သူမသာ ဤမေးခွန်းကို ရှောင်လွှဲနေပါက အဖြေပေးနိုင်မည် မဟုတ်ပေ။

All Chapters