← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃ - လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းခြင်း။ ထွက်ခွာသွားပြီးမှ ပြန်လည်ရောက်ရှိလာခြင်း။

သာမန် သူတော်စင် မျှသာရှိသော ကျင့်ကြံခြင်းအဆင့်သည် လင်းချန် အဖို့တော့ လက်ညှိုးတစ်ချက် ခါထုတ်ရုံမျှဖြင့် အမှုန့်ခြေဖျက်ပစ်နိုင်သည့် အရာမျိုးသာ ဖြစ်သည်။

သူတော်စင်ကြီးအဆင့်ကို ထားဘိဦး။သူတော်စင်ဘုရင်အဆင့် သို့မဟုတ် မဟာဧကရာဇ်အဆင့်နီးပါး ကျွမ်းကျင်သူများပင်လျှင် သူ၏ စိတ်အာရုံ၌ အရေးတယူ ပြုလုပ်စရာ မလိုချေ။

သို့သော်လည်း ယခုအခါတွင် လူငယ်လေး ဂေါ်ဖုန်းထျန်းက ကူညီပေးရန်အတွက် ဦးစွာ တောင်းဆိုလာခဲ့သဖြင့်သူ၏ ကြားဝင်စွက်ဖက်မှုသည်လည်း သဘာဝကျသော နည်းလမ်းမျိုး ဖြစ်ရန် လိုအပ်ပေသည်။

ရှည်လျားပိန်ပါးသည့် လူငယ်ကို မိမိဘာသာ မိမိ မည်သို့သေချင်သည်ကို ရွေးချယ်ခိုင်းခြင်းသည် အလွန်တရာ ကောင်းမွန်လှသော အကြံဉာဏ် ဖြစ်သည်။

ဤနည်းလမ်းဖြင့်ဆိုပါက အပေါ်ယံတွင် ကြည့်ရဆိုးမည်မဟုတ်ချေ။ အနည်းဆုံးတော့ သူသည် ထိုရှည်လျားပိန်ပါးသည့် လူငယ်ကို မိမိ၏ သေခြင်းတရားကို မိမိဘာသာ ရွေးချယ်နိုင်မည့် အခွင့်အရေး ပေးသနားခဲ့သည် မဟုတ်ပါလား။

သူ လင်းချန်သည် မောက်မာရိုင်းစိုင်းလှသော အာဏာရှင်တစ်ယောက် မဟုတ်ချေ။

သူသည် တော်တော်လေးကို လူသားဆန်လှပေသည်။ သူ၏ အတွေးပင် မဆုံးသေးမီမှာတင် ရှည်လျားပိန်ပါးသည့် လူငယ်၏ မျက်နှာထက်ရှိ ရုပ်ဆိုးလှသော အမူအရာမှာ ခဲသွားခဲ့ပြီး ယင်းအစား မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားသည့် အရိပ်အယောင်များဖြင့် အစားထိုးသွားခဲ့တော့သည်။

သူ နားကြားမမှားဘူးမလား။

ဒီပုရွက်ဆိတ်က သူ့ကို ဘယ်လိုသေချင်လဲဆိုတာ ကိုယ်တိုင်ရွေးချယ်ခိုင်းနေတာလား။

တစ်စုံတစ်ခု မှားယွင်းနေတာလား။ သာမန် ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုဖြစ်လို့ ဤမျှအထိ မောက်မာရိုင်းစိုင်းပြီး ရဲတင်းနေရတာလဲ။

သူကိုယ်တိုင်ပင် ဤမျှအထိ သောင်းကျန်းခြင်း မရှိချေ။

“ပုရွက်ဆိတ်... မင်း သေချင်နေတာပဲ။ မင်းက မီးနဲ့ကစားနေတာ အသတ်ခံရဖို့ ထိုက်တန်တယ်။”

သတိပြန်ဝင်လာသည်နှင့် ရှည်လျားပိန်ပါးသည့် လူငယ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

သာမန် ပုရွက်ဆိတ်တစ်ကောင်က သူ့ကို ဘယ်လိုသေချင်လဲ မေးနေခြင်းမှာ ယင်းက တကယ့်ကို လောကကြီးတွင် ရယ်စရာအကောင်းဆုံး ကိစ္စပင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ထံမှနေ၍ သူတော်စင်အဆင့်၏ အစွမ်းထက်လှသော ကျင့်ကြံခြင်း အရှိန်အဝါများသည် မဖုံးကွယ်ဘဲ ပေါက်ကွဲထွက်လာခဲ့ပြီးလင်းချန် ရပ်တန့်နေသည့် နေရာဆီသို့ လှိုင်းတံပိုးတစ်ခုကဲ့သို့ တိုက်ခိုက်သွားခဲ့တော့သည်။

သူသည် မိမိ၏ ကျင့်ကြံခြင်းအဆင့် ဖိအားကို အသုံးပြု၍ လင်းချန်ကို ဒူးထောက်အညံခံစေရန်နှင့် မိမိ၏ အမှားကို ဝန်ခံစေရန် ပြုလုပ်ချင်နေသည့်အလား ဖြစ်သည်။

ကံဆိုးစွာဖြင့် ဤသို့ဆိုအပ်သော ကျင့်ကြံခြင်း ဖိအားများ ကျရောက်လာသည့်တိုင်အောင်လင်းချန်သည် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်စွာ ရှိနေခဲ့ရာလေပြေအေးလေးတစ်ခု ဖြတ်သန်းသွားသည်ကိုပင် ခံစားမိခြင်း မရှိချေ။

သူတော်စင်အဆင့်သည် အလွန်တရာ အားနည်းလွန်းလှသဖြင့်သူ အထူးတလည် မှတ်သားထားရန် သို့မဟုတ် တုံ့ပြန်ရန်အတွက်ပင် အရည်အချင်း မပြည့်မီချေ။

ဧရာမ နဂါးကြီးတစ်ကောင်သည် ပုရွက်ဆိတ်တစ်ကောင် ကလေးကလားဆန်စွာ သောင်းကျန်းနေရုံမျှဖြင့် မည်သို့ စိတ်မသက်မသာ ဖြစ်ရပါမည်နည်း။

ဒါကို မြင်လိုက်ရသဖြင့်လင်းချန်သည် သနားစရာ ကောင်းလှသည်ဟူသော အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

“ကြည့်ရတာ မင်းက ငါပေးသနားခဲ့တဲ့ နောက်ဆုံးအခွင့်အရေးကို ခံစားနိုင်မဲ့ကံတရား မရှိဘူး ထင်တယ်။”

“မင်းအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ သေခြင်းတရားမျိုးကို ရှင်းရှင်းလင်းလင်း ရွေးချယ်နိုင်ခဲ့ပြီး မင်းရဲ့ သေဆုံးမှုကို နည်းနည်းပိုပြီး ကြည့်ကောင်းအောင် ပိုပြီး အဓိပ္ပာယ်ရှိအောင် ပြုလုပ်နိုင်ခဲ့တာပဲ။”

“အခုအချိန်မှာတော့... မင်း ချက်ချင်း သေရုံပဲ ရှိတော့တယ်။”

သူ စကားပြောလိုက်သည်နှင့်အမျှရှည်လျားပိန်ပါးသည့် လူငယ်ကို သတိပြန်ဝင်လာမည့် အခွင့်အရေး မပေးဘဲ သူ၏ လက်ဝါးကို မြှောက်လိုက်ကာ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

သူ၏ အမူအရာမှာ စိတ်မရှည်ခြင်းကြောင့် စိတ်အနှောင့်အယှက်ပေးနေသော ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သည့်အလား ဖြစ်ပေသည်။

မည်သည့် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမျှ ရှိမနေခဲ့ဘဲ သန့်စင်လှသော ခန္ဓာကိုယ် ခွန်အားကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်းဤကဲ့သို့ ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့်ယွမ်လျှိုမြောင်အတွင်းရှိ ဟင်းလင်းပြင်ကြီးသည် သက်ရောက်မှု ခံလိုက်ရပြီး အက်ကြောင်းတစ်ခု ပွင့်ဟသွားခဲ့ရသည်။

"ရှပ်..."

ပွင့်ဟသွားသော အက်ကြောင်းထံမှနေ၍ ဟင်းလင်းပြင် အငွေ့အသက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

လက်ဝါးအတွင်း သယ်ဆောင်လာသော သန့်စင်လှသည့် စွမ်းအားများ အားလုံးသည် ရှည်လျားပိန်ပါးသည့် လူငယ် ရှိနေသည့် နေရာဆီသို့ မချန်မလှပ် တဟုန်ထိုး ကျရောက်သွားခဲ့တော့သည်။

ရှည်လျားပိန်ပါးသည့် လူငယ်သည် မူလက မိမိ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် မိမိမျက်စိရှေ့မှောက်ရှိ ပုရွက်ဆိတ်ကို အစောပိုင်းကကဲ့သို့ပင် အလွယ်တကူ အမှုန့်ခြေပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ကာ မောက်မာ စိတ်ကြီးဝင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုလက်ဝါးအတွင်းရှိ စွမ်းအားများကို ခံစားမိလိုက်သည့် အခိုက်အတန့်တွင်မူမိမိ မှားယွင်းသွားခဲ့ပြီ ဖြစ်ကြောင်းအကြီးအကျယ် မှားယွင်းသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။

မိမိရှေ့မှောက်ရှိ အားနည်းလှသော အရှိန်အဝါရှိပြီး မိမိက ပုရွက်ဆိတ်ဟု သတ်မှတ်ထားခဲ့သော ဤလူသည်တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီး ဖြစ်ပေသည်။

လက်ဝါးတစ်ချက်တည်းဖြင့် ဟင်းလင်းပြင်ကို အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်ခြင်း အထူးသဖြင့် ယွမ်လျှိုမြောင်၏ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်ခြင်းမျိုးသည် ဤကဲ့သို့သော စွမ်းအားမျိုးက အနည်းဆုံးတော့ မဟာဧကရာဇ်အဆင့်နီးပါး ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရပေမည်။

"မဟာဧကရာဇ်အဆင့်... "

ရှည်လျားပိန်ပါးသည့် လူငယ်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားခဲ့ရပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရတော့သည်။

သူသည် အသိစိတ်အရ သနားပေးရန် အော်ဟစ်တောင်းပန်ချင်ခဲ့မိသည်။ မဟာဧကရာဇ်အဆင့်နီးပါး ကျွမ်းကျင်သူတစ်ဦးဟူသည် မိမိအနေဖြင့် ပြစ်မှားစော်ကားရဲသောသူ မဟုတ်ချေသူတို့သည် စစ်မှန်သော အင်အားကြီး ပုဂ္ဂိုလ်များအဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။

သို့သော် သူ အသံမထွက်နိုင်သေးမီမှာတင် လက်ဝါးအတွင်းရှိ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင်ရှည်လျားပိန်ပါးသည့် လူငယ်၏ မျှော်လင့်ချက်ကင်းမဲ့လှသော မျက်ဝန်းများ၏ အောက်တွင် စွမ်းအားများသည် အပြည့်အဝ ပေါက်ကွဲထွက်သွားခဲ့ပြီး အရာအားလုံးကို အစအနမကျန် ချေမှုန်းပစ်လိုက်တော့သည်။

စွမ်းအားများ နောက်ဆုံးတွင် ပျောကကွယ်သွားခဲ့စဉ် ရှည်လျားပိန်ပါးသည့် လူငယ်၏ အရိပ်အယောင်မှာ ဘယ်နေရာမှာ ကျန်ရှိနေပါဦးမည်နည်း။

သူ ရှိခဲ့သည့် နေရာတွင်မူလုံးဝ ပြန်လည်မကောင်းမွန်သေးသော ဟင်းလင်းပြင် အပိုင်းအစလေးတစ်ခုသာ ကျန်ရှိတော့ရာ၊ရှည်လျားပိန်ပါးသည့် လူငယ်သည် မိမိ၏ ပြောဆိုခဲ့သော စကားများအတွက် ထိုက်တန်လှသော တန်ဖိုးကို ပေးဆပ်သွားခဲ့ရပြီ ဖြစ်သည်။

လင်းချန်သည် သူ၏ လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်တောင့်သက်သာရှိလှသော မျက်နှာအမူအရာဖြင့် ပြုံးလိုက်သည်။

“နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီပဲ။ အစောနက အော်ဟစ်နေတာ တော်တော်လေးကို ဆူညံတာပဲ။”

"ဂလု..."

အရာအားလုံးကို လူကိုယ်တိုင် မြင်တွေ့ခဲ့ရသော ဂေါ်ဖုန်းထျန်းသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်မိရပြီးသူ၏ မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဒါက ဒီလိုတင် ပြီးသွားတာလား။

မူလကတော့ လင်းချန်အနေဖြင့် ရန်သူကို အစွမ်းထက်စွာ ဖိနှိပ်ခြင်း မပြုမီအပြန်အလှန် တိုက်ခိုက်မှုများဖြင့် ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှု တိုက်ပွဲကြီး ဖြစ်ပွားလာရမည် မဟုတ်ပါလား။

ဒါက ဘယ်လိုမျိုး အကွက်လဲ သူ့ကို တိုက်ရိုက်တင် ရိုက်သတ်ပစ်လိုက်တာလား။

သူ့အနေဖြင့် လင်းချန်သည် မိမိကို တပည့်အဖြစ် လက်ခံချင်နေသည့် ယွန်းထျန်းနတ်ဘုရားဂိုဏ်းမှ အကြီးအကဲနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ နိမ့်ကျခြင်း မရှိကြောင်း ခံစားလိုက်ရသည်။

မိမိ ဆုံတွေ့ခဲ့ရသော ဤစီနီယာကြီးသည် မည်ကဲ့သို့သော ကျင့်ကြံခြင်းနယ်ပယ်မျိုး ဖြစ်သနည်း။

သူက... ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းလှသည်။

“စီ... စီနီယာကြီး ဟို... အခု... ဘေးကင်းသွားပြီလားဟင်။”

ဂေါ်ဖုန်းထျန်းသည် မိမိ၏ စိတ်အာရုံများ လုံးဝ ပြန်လည်မတည်ငြိမ်သေးဘဲ လင်းချန်ကို ကြောင်တောင်တောင်ဖြင့် လှမ်း၍ မေးလိုက်မိသည်။

ယခုအချိန်အထိပင်။ သူသည် လွန်ခဲ့သည့် မိနစ်ပိုင်းလောက်က မြင်ကွင်းထံမှနေ၍ လုံးဝ ရုန်းမထွက်နိုင်သေးချေ။

ဟင်းလင်းပြင်ကို စိတ်ကြိုက် ဆုတ်ဖြဲပစ်နိုင်ခြင်းနှင့် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်နိုင်ခြင်းမျိုးသည် ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းရည်မျိုးမှာ တကယ့်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

လင်းချန်သည် ဂေါ်ဖုန်းထျန်းကို လှမ်း၍ ကြည့်လိုက်ရာ အနည်းငယ် အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။

“အဲဒီကောင်က သေသွားပြီလေ။ မင်းသာ ဘေးမကင်းဘူးဆိုရင် ငါက မင်းကို တိုက်ခိုက်တော့မယ်လို့ ဆိုလိုတာလား။”

'ဒီကလေးက အစောနကတော့ တော်တော်လေး ပုံမှန်ရှိပြီး စိတ်ဓာတ်ကောင်းပုံရပါတယ်။ အခုကျမှ ဘာဖြစ်လို့ ဒီလောက်အထိ ကြောင်တောင်တောင် ဖြစ်နေရတာလဲ။'

လင်းချန်၏ စကားများကို ကြားလိုက်ရမှဂေါ်ဖုန်းထျန်းသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ သတိပြန်ဝင်လာခဲ့သော်လည်း သူ၏ နှလုံးသားမှာမူ မြန်ဆန်စွာ ခုန်ခတ်နေဆဲ ဖြစ်သည်။

ယခုအချိန်တွင်သူသည် လင်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။ယင်းက အနည်းဆုံးတော့ မဟာဧကရာဇ်အဆင့်နီးပါး ရှိပေလိမ့်မည်။

မဟာဧကရာဇ်အဆင့်နီးပါး ကျွမ်းကျင်သူတစ်ဦးသာလျှင် ဟင်းလင်းပြင်ကို အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်ပြီး သူတော်စင်အဆင့်တည်ရှိမှုကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခြင်း ဖြစ်သည်။

လေကို ဝဝရှူလိုက်ရင်း ဂေါ်ဖုန်းထျန်းသည် လင်းချန်ထံသို့ နောက်ထပ်တစ်ကြိမ် တောင်းပန်တိုးလျှိုးလိုက်ပြန်သည်။

“ကျေးဇူးပြုပြီး စီနီယာကြီး... လှုပ်ရှားပေးပြီး ကျွန်တော့်ရဲ့ အဖိုးနဲ့ အခြားလူတွေကို ကယ်တင်ပေးပါဦး။"

လင်းချန်သည် ဒါကို ကြားလိုက်ရစဉ် ပြန်လည်ဖြေကြားခြင်း မပြုဘဲ ယင်းအစား ယွမ်လျှိုမြောင်၏ အပြင်ဘက် နေရာဆီသို့ သူ၏ မျက်ဝန်းများကို လွှဲပြောင်းလိုက်သည်။

သူသည် အဝေးတစ်နေရာမှနေ၍ ဂေါ်ဖုန်းထျန်းနှင့် အလွန်တရာ ဆင်တူလှသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအရှိန်အဝါ၏ ပိုင်ရှင်မှာ လက်ရှိတွင် ဆိုးရွားလှသော အခြေအနေနှင့် ကြုံတွေ့နေရပြီး သူတို့၏ မူလစွမ်းအင်များမှာ ပြဿနာရှိနေပြီ ဖြစ်ကြောင်း ပုံပေါ်နေသည်။

လင်းချန်က ပြန်လည်မဖြေကြားသဖြင့် ဂေါ်ဖုန်းထျန်းသည် နောက်ထပ်တစ်ကြိမ် တောင်းပန်ရန် ပြင်လိုက်သည်။

လင်းချန်၏ စွမ်းအားများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်လင်းချန်သာ ကြားဝင်စွက်ဖက်ပေးမည်ဆိုပါက သူတို့၏ ယခုတစ်ကြိမ် အကျပ်အတည်းမှာ ဧကန်မုချ အလွယ်တကူ ပြေလည်သွားလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။

သူ၏ အဖိုးနှင့် ထိုမိသားစု ကျွမ်းကျင်သူများသည် အလဟဿ အသက်စွန့်စရာ မလိုတော့ချေ။

သို့သော် ဂေါ်ဖုန်းထျန်း ထပ်မံ၍ စကားမပြောနိုင်သေးမီမှာပင်လင်းချန်သည် သူ့ကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး ထိုနေရာမှနေ၍ ပျောက်ကွယ်သွားခဲ့တော့သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းလောက်က သူတို့နှစ်ဦး ဤနေရာတွင် ရှိနေခဲ့ကြောင်း သက်သေပြရန်အတွက် ထူထပ်လှသော ဟင်းလင်းပြင် အငွေ့အသက်တစ်ခုသာ ကျန်ရှိနေခဲ့တော့သည်။

သူတို့နှစ်ဦး ပြန်လည်ပေါ်ထွက်လာခဲ့စဉ်သူတို့သည် ဂေါ်လော့နှင့် အခြားသော ကျွမ်းကျင်သူများ တိုက်ခိုက်နေကြသည့် နေရာဆီသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

ဂေါ်လော့သည် လက်ရှိတွင် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့ပြီး ကျွမ်းကျင်သူအများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသော်လည်းသူ၏ မျက်နှာထက်တွင်မူ အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ မြေးဖြစ်သူ ဂေါ်ဖုန်းထျန်းသည် ယွမ်လျှိုမြောင်အတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သူ လတ်တလောတင် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

သူသာ ယွမ်လျှိုမြောင်ထဲသို့ ဝင်ရောက်သွားနိုင်သရွေ့တော့ အရာအားလုံးအတွက် မျှော်လင့်ချက် ရှိနေသေးသည်။

သူ၏ အသက်စွန့်မှုနှင့် မိသားစုကျွမ်းကျင်သူ အများအပြား၏ အသက်စွန့်မှုများ အားလုံးမှာ တန်ဖိုးရှိလှပေသည်။

သို့သော် ကွက်တိဆိုသလို ဤအခိုက်အတန့်တွင် ဂေါ်လော့သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား လမ်းကြောင်းတစ်ခုဆီသို့ သူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရပြီး မအောင့်နိုင်ဘဲ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။

“ဖုန်းထျန်း... မင်း ဘာဖြစ်လို့ ပြန်လာတာလဲ။”

သူ၏ အာရုံခံမှုအတွင်း ယွမ်လျှိုမြောင်အတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်သွားခဲ့သော ဂေါ်ဖုန်းထျန်းသည် မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့နှင့် မလှမ်းမကမ်း နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူ၏ ဘေးနားတွင်မူ ရိုးရိုးရှင်းရှင်းနှင့် သာမန်မျှသာရှိပြီး အလွန်တရာ အားနည်းလှသော ကျင့်ကြံခြင်း အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

သို့သော် လက်ရှိတွင် သူ ယင်းကို ဂရုမစိုက်နိုင်တော့ချေ။ သူ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်မှာ... ဂေါ်ဖုန်းထျန်းအနေဖြင့် ဘာဖြစ်လို့ ပြန်လာခဲ့ရသနည်း ဆိုခြင်းပင် ဖြစ်တော့သည်။

All Chapters