← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄ - အခုထိ လက်ဝါးတစ်ချက်တည်းနဲ့ အမှုန့်ခြေခံရတုန်းပဲ။

ကျန်ရှိနေသေးသော ဂေါ်မိသားစု မှ အစွမ်းထက် ကျွမ်းကျင်သူများသည်လည်း စိုးရိမ်ပူပန်ခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း အမူအရာများ ပေါ်ထွက်လာခဲ့ကြသည်။

သူတို့သည် တိုက်ခိုက်နေရင်းဖြင့် ဂေါ်ဖုန်းထျန်းရှိနေသည့် လမ်းကြောင်းဆီသို့ မရေမရာ လှမ်း၍ ကြည့်လိုက်ကြတော့သည်။

သူတို့သည် မိမိတို့၏ သက်တမ်း နှင့် အနှစ်သာရသွေး များကို လောင်ကျွမ်းစေခဲ့ခြင်းမှာ တိုက်ခိုက်ရေး စွမ်းရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ရန် အချိန်ဆွဲထားရန်နှင့် ဂေါ်ဖုန်းထျန်းအတွက် လွတ်မြောက်နိုင်မည့် အခွင့်အရေး ပိုမိုရရှိစေရန်အတွက် အတိအကျပင် ဖြစ်သည်။

အမှန်တရားက ဤလုပ်ဆောင်ချက်သည် တကယ်ပဲ ထိရောက်ခဲ့ပြီး ဂေါ်ဖုန်းထျန်းသည် ဘေးကင်းစွာ လွတ်မြောက်သွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပြခဲ့သည်။

သို့သော် ယခုအခါတွင်မူဂေါ်ဖုန်းထျန်းသည် တိုက်ပွဲမြေပြင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့၏ အသက်စွန့်မှုများမှာ အလဟဿ ဖြစ်သွားရတော့မည်လား။

သခင်လေး ဘာတွေလုပ်နေတာလဲ။

သူ ဘာဖြစ်လို့ ဒီလောက်အထိ မိုက်မဲနေရတာလဲ။

လိုက်လံဖမ်းဆီးသူများသည်လည်း ကြောင်အမ်းသွားခဲ့ကြသည်။

အလယ်အလတ်အရွယ် အမျိုးသား၏ အမိန့်ပေးမှုအောက်တွင် သူတို့သည် တိုက်ခိုက်ခြင်းကို ယာယီရပ်တန့်လိုက်ကြပြီး သူတို့၏ အာရုံစိုက်မှုအားလုံးကို ဂေါ်ဖုန်းထျန်းထံသို့သာ စုစည်းလိုက်ကြတော့သည်။

ဘာပဲဖြစ်ဖြစ်သူတို့၏ ယခုတစ်ကြိမ် အဓိက ပစ်မှတ်မှာ ဂေါ်ဖုန်းထျန်းသာ ဖြစ်နေဆဲပင်။

ဂေါ်ဖုန်းထျန်းသာ ဤနေရာတွင် သေဆုံးသွားမည်ဆိုပါကအခြားလူများ ဘာဖြစ်သွားသည်ဖြစ်စေ သိပ်ပြီး အရေးမကြီးချေ။

ထိုသူများထဲတွင် အလယ်အလတ်အရွယ် အမျိုးသား၏ မျက်နှာထက်တွင် နက်ရှိုင်းလှသော ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပေါ်ထွက်နေခဲ့ပြီးယွမ်လျှိုမြောင် ရှိရာ လမ်းကြောင်းဆီသို့ ရံဖန်ရံခါ လှမ်း၍ ကြည့်လိုက်မိသည်။

သူသည် အစောပိုင်းကတင် နံပါတ်ခြောက် ကို ဂေါ်ဖုန်းထျန်းနောက်သို့ လိုက်လံဖမ်းဆီးရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ဂေါ်ဖုန်းထျန်းက ရုတ်တရက် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သော်လည်းနံပါတ်ခြောက်က ဘယ်နေရာကို ရောက်နေသနည်း။

အကျိုးအကြောင်းအရဆိုလျှင်နံပါတ်ခြောက်သည်လည်း သူ့နောက်ကနေ ထွက်ပေါ်လာရမည် မဟုတ်ပါလား။

သူ မသိအပ်သော မမျှော်လင့်ထားသည့် အလှည့်အပြောင်းတစ်ခုခုများ ဖြစ်ပွားသွားခဲ့လို့လား။

ယခုအခါတွင် အားလုံးသော တည်ရှိမှုများထဲ၌ ဤအပြောင်းအလဲအတွက် တာဝန်ရှိနိုင်မည့် တစ်ခုတည်းသောသူမှာအလယ်အလတ်အရွယ် အမျိုးသား၏ မျက်ဝန်းများသည် မတတ်နိုင်ဘဲ လင်းချန် ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့တော့သည်။

မိမိနားထဲတွင် ရင်းနှီးနေခဲ့သော အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရစဉ်ဂေါ်ဖုန်းထျန်းသည် ဂေါ်လော့ရှိနေသည့် နေရာဆီသို့ ကြောင်တောင်တောင်ဖြင့် လှမ်း၍ ကြည့်လိုက်မိသည်။

သူသည် အစောနလေးတင် ယွမ်လျှိုမြောင်အတွင်း၌ ရှိနေခဲ့သည် မဟုတ်ပါလား။

ဘယ်လိုဖြစ်လို့ မျက်စိတစ်မှိတ်အတွင်းမှာတင် ဤနေရာသို့ ရောက်ရှိလာရတာလဲ။

သို့သော်လည်းယခုအချိန်သည် ဒါကို တွေးတောနေရမည့် အချိန်မဟုတ်ကြောင်း သူ သိသဖြင့် အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။

“အဖိုး... စိတ်မပူပါနဲ့ ကျွန်တော့်ကူညီပေးမယ့်သူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ စီနီယာကြီးက လှုပ်ရှားပေးပြီး ကျွန်တော်တို့ရဲ့ ဒီအကျပ်အတည်းကို ကူညီဖြေရှင်းပေးလိမ့်မယ်။”

ပြောပြီးသည်နှင့် ဂေါ်ဖုန်းထျန်းသည် လင်းချန်ကို တောင်းပန်တိုးလျှိုးလှသော မျက်ဝန်းများဖြင့် လှမ်း၍ ကြည့်လိုက်သည်။

ဒါကို မြင်လိုက်ရစဉ်လင်းချန်သည် ပခုံးကို အသာအယာ တွန့်လိုက်ပြီး စိုးရိမ်ပူပန်နေကြသော ဂေါ်လော့နှင့် အခြားသော ဂေါ်မိသားစု အစွမ်းထက် ကျွမ်းကျင်သူများဆီသို့ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ဤလူများသည် လူဆိုးများပုံစံ မပေါ်ချေ။ သူတို့ကို ကယ်တင်ပေးလိုက်ခြင်းကလည်း မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။

အဓိကအကျဆုံးအချက်မှာ ဤလူများသည် ထို့နောက်တွင် မိမိကို လမ်းပြပေးနိုင်မည်ဖြစ်ရာမိမိအနေဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း နားလည်သဘောပေါက်မှုကို ရရှိစေနိုင်ပေလိမ့်မည်။

သူသည် ထာဝရတိုက်ကြီး သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် သူ၏ လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ တာအိုပြည်နယ် ၃၀၀၀ ဆီသို့ အလျင်အမြန် သွားရောက်ရန်နှင့် မိစ္ဆာဘိုးဘေး တာအိုဘိုးဘေး တို့နှင့် ပြန်လည်ဆုံတွေ့ရန် ဖြစ်ပေသည်။

"ကူညီပေးမယ့်သူ ဟုတ်လား။"

"စီနီယာကြီး တဲ့။"

ဂေါ်လော့နှင့် အခြားသော ဂေါ်မိသားစု အစောင့်ကျွမ်းကျင်သူများသည် ဒါကို ကြားလိုက်ရစဉ် လင်းချန်ကို သံသယဖြစ်ဖွယ် အမူအရာများဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။

ဒီကောင်က ဂေါ်ဖုန်းထျန်းပြောတဲ့ ကူညီပေးမယ့်သူလား။

သို့သော် သူတို့၏ အာရုံခံမှုအရဆိုလျှင် ဤကောင်၏ ကျင့်ကြံခြင်း အရှိန်အဝါမှာ အလွန်တရာ အားနည်းလွန်းလှရာ သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။

အလယ်အလတ်အရွယ် အမျိုးသားကို ထားဘိဦး။ အခြားသော လိုက်လံဖမ်းဆီးသူ အများအပြား၏ မျက်နှာထက်တွင်မူ သရော်လှောင်ပြောင်လှသော အပြုံးများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

သူက ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ပြီးပြီ ဖြစ်သော်လည်း ကျော့ကွင်းအတွင်းသို့ မိမိဘာသာ ပြန်လည်လမ်းလျှောက်ဝင်လာခဲ့ခြင်း ဖြစ်သည်။

အဓိပ္ပာယ်မရှိလှသော ကူညီပေးမယ့်သူတစ်ယောက်ကို ခေါ်ဆောင်လာပြီး ဤနေရာသို့ တိုက်ရိုက် ပြန်လာရဲခြင်းမှာတကယ့်ကို အလွန်တရာ ကလေးကလားဆန်ပြီး တုံးအလွန်းလှပေသည်။

သူက သူတို့ကို ဘာမှတ်နေတာလဲ။ ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ရတဲ့ အားနည်းလှသော တည်ရှိမှုများဟု ထင်နေတာလား။

လိုက်လံဖမ်းဆီးသူ အများအပြားထဲတွင်အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးတည်းသာလျှင် ငါ ထင်ထားတဲ့အတိုင်းပါပဲလားဟူသော မျက်နှာအမူအရာမျိုး ပေါ်ထွက်နေခဲ့သည်။

သူ၏ မျက်ဝန်းအစုံ၏ အောက်၌မူလေးနက်တည်ငြိမ်မှု အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်ထွက်သွားခဲ့သည်။

သူသည် ဤအလွန်တရာ အားနည်းလှသော အရှိန်အဝါရှိသည့် လူငယ်လေးသည် သူတို့ စိတ်ကူးကြည့်ထားသကဲ့သို့ ရိုးရှင်းလှသောသူ မဟုတ်နိုင်ကြောင်း ခံစားမိလိုက်ခြင်း ဖြစ်သည်။

အစောနလေးတင် ဂေါ်ဖုန်းထျန်းသည် သူတို့ထဲက ဘယ်သူမှ သတိမထားမိဘဲ ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းက ဤလူငယ်လေး၏ လုပ်ဆောင်ချက် ဖြစ်ရန် အလွန်တရာ ရာခိုင်နှုန်းများလှပေသည်။ သူတို့ လုံးဝ ပေါ့ဆ၍ မရချေ။

သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အထင်သေးမှုကို သတိပြုမိစဉ်အလယ်အလတ်အရွယ် အမျိုးသားသည် ပြတ်ပြတ်သားသား ဟိန်းဟောက်လိုက်တော့သည်။

“ပေါ့ဆလို့ မရဘူး။ အားလုံးပဲ... သတိထားကြစမ်း။ ဒီလူငယ်က မရိုးရှင်းဘူး။”

အလယ်အလတ်အရွယ် အမျိုးသား၏ စကားများကို ကြားလိုက်ရမှ လိုက်လံဖမ်းဆီးသူ အများအပြားမှာ လန့်ဖြတ်သွားခဲ့ကြသည်။

ထိုလူငယ်က ရှင်းရှင်းလင်းလင်း သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်ကိုဘယ်လိုဖြစ်လို့ မရိုးရှင်းဘူးဟု ပြောရသနည်း။

သို့သော် သူတို့၏ အစ်ကိုကြီးက ထိုသို့ပြောလာခဲ့ပြီ ဖြစ်သဖြင့် သူတို့ ငြင်းဆန်၍မရတော့ဘဲ သူတို့၏ ကျင့်ကြံခြင်း အရှိန်အဝါများကို ဟန်ဆောင်ပန်ဆောင်သာ လှည့်ပတ်လိုက်ကြတော့သည်။

လင်းချန်၏ မျက်နှာထက်တွင်မူ ချီးကျူးအသိအမှတ်ပြုသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

“မင်းက တော်တော်လေးကို သတိကြီးတာပဲ။ ငါ မင်းကို အထူးအနေနဲ့ မင်းရှေ့က ကောင်လိုပဲ ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ သေခြင်းတရားမျိုးကို ရွေးချယ်ခွင့် ပေးလိုက်မယ်။”

“နှမြောစရာကောင်းတာကတော့အစောနက ကောင်က အခွင့်အရေး ရခဲ့ပေမဲ့ အလေးအနက် မထားခဲ့မိတာပဲ။"

“မင်းကတော့ သူ့လိုမျိုး မဖြစ်ဘဲ အနည်းဆုံးတော့ နည်းနည်းလေး ပိုပြီး ဂုဏ်သိက္ခာရှိရှိ သေဆုံးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

သူ၏စကား ထွက်ပေါ်လာသည်နှင့်အမျှ အလယ်အလတ်အရွယ် အမျိုးသား၏ မျက်သူငယ်အစုံမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရသည်။

အစောနက ကောင်... ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ သေခြင်းတရား ဟုတ်လား... ဒီနေရာမှာ ပြောသွားတဲ့ အစောနက ကောင်ဆိုတာ... ငါ လွှတ်လိုက်တဲ့ နံပါတ်ခြောက်ကို ဆိုလိုတာလား။

မျက်စိတစ်မှိတ်အတွင်းမှာတင်အလယ်အလတ်အရွယ် အမျိုးသားသည် အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့ပြီး အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

မှန်တာပေါ့။ နံပါတ်ခြောက်သာ သေဆုံးသွားခဲ့ပြီ ဖြစ်မှသာလျှင်ဤမျှအထိ ကြာမြင့်လှသော အချိန်အထိ သူ ပြန်လည်ရောက်ရှိမလာခြင်း ဖြစ်ရပေမည်။

ပြီးတော့ နံပါတ်ခြောက်ကို သတ်ပစ်လိုက်သူမှာလည်း... ဧကန်မုချ မိမိရှေ့မှောက်ရှိ သာမန်မျှသာရှိပြီး အလွန်တရာ နိမ့်ကျလှသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ဤလူငယ်လေးသာ ဖြစ်ရပေမည်။

ဤအခိုက်အတန့်တွင် ဂေါ်လော့နှင့် အခြားသော ဂေါ်မိသားစု ကျွမ်းကျင်သူများသည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွားခဲ့ကြသည်။

ဂေါ်ဖုန်းထျန်း ခေါ်ဆောင်လာခဲ့သော ဤကူညီပေးမယ့်သူသည် သူတို့ စိတ်ကူးကြည့်ထားသကဲ့သို့ ရိုးရှင်းလှသောသူ မဟုတ်ကြောင်း ပုံပေါ်နေသည်။

သူတို့သည် အစောပိုင်းက ဂေါ်ဖုန်းထျန်းနောက်သို့ လိုက်လံဖမ်းဆီးသွားခဲ့သော ကျွမ်းကျင်သူကို သေသေချာချာ မှတ်မိနေခဲ့ကြပြီးဒါကိုလည်း အလွန်တရာ စိုးရိမ်ပူပန်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူတို့သည် ဂေါ်ဖုန်းထျန်းကိုသာ မြင်တွေ့ရပြီး သူ့နောက်သို့ လိုက်သွားခဲ့သော လိုက်လံဖမ်းဆီးသူကိုမူ မြင်တွေ့ရခြင်း မရှိတော့ချေ။

ဂေါ်ဖုန်းထျန်း ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် ပုံစံနှင့် ဒါကို ပေါင်းစပ်ကြည့်လိုက်ရာ သူတို့သည် အခြေအနေကို တကယ်ပဲ မှားယွင်းစွာ ခန့်မှန်းမိခဲ့ခြင်း ဖြစ်ကြောင်း ခံစားလိုက်ရသည်။

လင်းချန်သည် သာမန်လူတစ်ယောက် မဟုတ်ဘဲ သူတို့ စိတ်ကူးကြည့်နိုင်သည့် အဆင့်ထက် ကျော်လွန်လှသော အစွမ်းထက် ကျွမ်းကျင်သူကြီး ဖြစ်ပေသည်။

အလယ်အလတ်အရွယ် အမျိုးသား တိတ်ဆိတ်နေသည်ကို မြင်တွေ့ရစဉ် လင်းချန်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

“ထားလိုက်ပါတော့။ မင်းတို့အားလုံးက တကယ်ပဲ တစ်ပုံစံတည်း ထွက်လာကြတဲ့ ကောင်တွေပဲ။ ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းတို့က အသုံးမကျခဲ့ကြဘူး။”

“ဒီလိုဆိုမှတော့ မင်းတို့အားလုံးလည်း အစောနက ကောင်လိုပဲ အခုချက်ချင်း သေလိုက်ကြတော့။”

ပြောပြီးသည်နှင့် သူသည် အစောပိုင်းကကဲ့သို့ပင် သူ၏ လက်ဝါးကို မြှောက်လိုက်ပြီး အလယ်အလတ်အရွယ် အမျိုးသားနှင့် အခြားသော လိုက်လံဖမ်းဆီးသူများ ရှိရာ နေရာဆီသို့ ခပ်ဖျော့ဖျော့လေး ရိုက်ချလိုက်တော့သည်။

"ဝုန်း..."

ကျယ်လောင်လှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်တစ်ခုလုံး ကွဲအက်သွားခဲ့ကာ နက်မှောင်လှသော ဟင်းလင်းပြင် လက်ဝါးရိပ် ကြီးတစ်ခု ပုံပေါ်လာခဲ့သည်။

ထိုဟင်းလင်းပြင် လက်ဝါးရိပ်ကြီးသည် လိုက်လံဖမ်းဆီးသူများ အားလုံးကို လွှမ်းခြုံသွားခဲ့ပြီးအစွမ်းထက်လှသော အရှိန်အဝါများက ဖိနှိပ်လိုက်ရာ သူတို့ ရပ်တန့်နေသည့် နေရာတွင်တင် လှုပ်ရှား၍မရတော့ဘဲ ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။

ဤအခိုက်အတန့်ကျမှသာလျှင်အလယ်အလတ်အရွယ် အမျိုးသားနှင့် အခြားသော လိုက်လံဖမ်းဆီးသူများသည် မိမိတို့ မည်ကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့ကြသည်။

ဤလူ၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းဆုံးတော့ ဧကရာဇ်အဆင့် အထွတ်အထိပ် ရှိပြီး၊ မဟာဧကရာဇ်

နယ်ပယ် ပင် ဖြစ်ရန် အလွန်တရာ နီးစပ်လှပေသည်။

ယခုတစ်ကြိမ်တွင်မူ သူတို့ လုံးဝ ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။

လိုက်လံဖမ်းဆီးသူများ အားလုံး၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးများ ပေါ်ထွက်လာခဲ့ကြသည်။

သူတို့၏ နောက်ဆုံး ရလဒ်သည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

မလာခဲ့လျှင်လည်း သေရမည်။ လာခဲ့လျှင်လည်း နောက်ဆုံးတွင် သေခြင်းတရားထံမှနေ၍ လွတ်မြောက်နိုင်ခြင်း မရှိချေ။

"ဒုန်း..."

မဟာဟင်းလင်းပြင် လက်ဝါးရိပ်ကြီး ကျရောက်လာခဲ့ပြီး အရာအားလုံးကို အစအနမကျန် ချေမှုန်းပစ်လိုက်ရာလိုက်လံဖမ်းဆီးသူများ အားလုံးသည် ဘာမျှမရှိသော အနတ္တအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတော့သည်။

တောက်ပလှသော အလင်းလုံးလေးတစ်ခုသာလျှင် လင်းချန် ရှိနေသည့် နေရာဆီသို့ ဖြည်းညှင်းစွာ လွင့်မျောလာခဲ့သည်။

လင်းချန်၏ လက်ဝါးသည် ထိုအလင်းလုံးလေးပေါ်သို့ ကျရောက်သွားခဲ့ရာသူ၏ မျက်နှာထက်တွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

ကြည့်ရတာ ဤကောင်များသည် နောက်ကွယ်မှ ကြိုးကိုင်သူ အစစ်အမှန်များ မဟုတ်ကြဘဲ သနားစရာကောင်းလှသော လက်ပါးစေ လူမိုက်အုပ်စုတစ်စုမျှသာ ဖြစ်ပုံရသည်။

သူ၏ လက်များကို နောက်ထပ်တစ်ကြိမ် ကျောနောက်သို့ ပို့လိုက်ရင်းလင်းချန်သည် မိမိဘေးနားတွင် လုံးဝ ကြောင်အမ်းနေခဲ့သော ဂေါ်ဖုန်းထျန်းကို ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။

“အဟမ်း အမှန်အတိုင်း ပြောရရင် ငါ့မှာလည်း တောင်းဆိုချင်တဲ့ အချက်တစ်ခု ရှိပါတယ်... မင်း ငါ့ကို လမ်းပြပေးနိုင်မလား။"

All Chapters