အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း ၂၃၉ - တျန်းယွမ်မြို့တော် လီမိသားစုဆီ ချီတတ်ခြင်း။
အသံကြီးသည် ကျဆင်းသွားခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ ဂေါ်ရိ ၏ နားထဲသို့ တိုးဝင်သွားခဲ့တော့သည်။
လင်းချန် ၏ ပွင့်လင်းပြတ်သားလှသော စကားများကို ကြားလိုက်ရစဉ် ဂေါ်ရိသည် ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီးမှ ခါးသီးစွာ ပြုံးလိုက်မိတော့သည်။
“နောက်ဆုံးတော့လည်း သခင်လေးရဲ့ မျက်လုံးတွေကို ငါ မဖုံးကွယ်နိုင်ခဲ့ဘူးပဲ။”
“မှန်ပါတယ် ကျွန်တော် ဒီတစ်ကြိမ် လာရောက်ခဲ့တာက ကိစ္စတစ်ခုတည်းအတွက် တောင်းဆိုချင်လို့ပါ အဲ့တာကတော့ သခင်လေးအနေနဲ့ လက်တွဲကူညီပေးပြီး ကျွန်တော်တို့ ဂေါ်မိသားစု ကို ကူညီပေးဖို့ တောင်းဆိုချင်တာ ဖြစ်ပါတယ်။”
သူ စကားပြောနေစဉ်အတွင်းဂေါ်ရိသည် အလွန်တရာ တည်ငြိမ်လေးနက်နေခဲ့ပြီးရိုသေမှုများပင် ပါဝင်နေခဲ့ကာ လင်းချန်၏ ရှေ့မှောက်တွင် သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း သူ၏ မျက်နှာထက်တွင် စိတ်ရင်းမှန်လှသော အမူအရာများ ပြည့်နှက်နေခဲ့သည်။
“တျန်းယွမ်မြို့တော် လီမိသားစု က အတော့်ကို လွန်လွန်းလှပါတယ်။ ကျွန်တော်တို့ ဂေါ်မိသားစုရဲ့ မဟာအကြီးအကဲနဲ့ မိသားစုသခင်ငယ်လေးတို့ အပြင်လောကမှာ ခရီးသွားနေတဲ့ အချိန်ကို စောင့်ပြီးတော့...”
“သူတို့တွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြပြီး ကျွန်တော်တို့ ဂေါ်မိသားစုရဲ့ အနာဂတ်ကို ဖြတ်တောက်ဖို့ ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ကလဲ့စားချေချင်တဲ့ စိတ်ပြင်းပြနေခဲ့ပေမဲ့လည်း ကျွန်တော့်မှာ အင်အားမရှိပါဘူး။”
“တျန်းယွမ်မြို့တော် လီမိသားစုရဲ့ နောက်ကွယ်မှာ ကျိလဲ့မိစ္ဆာဂိုဏ်းက ကျောထောက်နောက်ခံအဖြစ် ရှိနေတာပါ။ ကျွန်တော်တို့ ဂေါ်မိသားစုက သူတို့ကို ယှဉ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သခင်လေးအနေနဲ့ လှုပ်ရှားပေးပြီး ကျွန်တော်တို့ ဂေါ်မိသားစုကို ကူညီပြီးတော့ ကျိလဲ့မိစ္ဆာဂိုဏ်းကို ရင်ဆိုင်ပေးဖို့ တောင်းပန်ပါတယ်။”
လင်းချန်က မိမိ လာရောက်ရတဲ့ ရည်ရွယ်ချက်ကို မြင်တွေ့သွားခဲ့ပြီ ဖြစ်သည့်အတွက်သူ ဖုံးကွယ်ထားစရာ ဘာမျှ မရှိတော့ချေ။
လင်းချန်က ပွင့်လင်းပြတ်သားလှသဖြင့် သူသည်လည်း ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသားပင် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
လင်းချန်သည် သူ၏ ခေါင်းကို မော့လိုက်
ရင်းမှောင်မိုက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော ကောင်းကင်ကြီးကို လှမ်း၍ ကြည့်လိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။
“ကြည့်ရတာ ငါဒီကိစ္စကို အလျင်အမြန် ဖြေရှင်းဖို့ လိုအပ်လိမ့်မယ် ထင်တယ်။ မှောင်သွားခဲ့ရင် သိပ်ပြီးတော့ ကောင်းမှာ မဟုတ်ဘူး။”
သူသည် အလုပ်ကိစ္စများကို နေ့ခင်းဘက်တွင်သာ လုပ်ဆောင်ရန် ပိုမိုနှစ်သက်ဆဲ ဖြစ်သည်။
လင်းချန်၏ အနည်းငယ် နားလည်ရခက်လှသော စကားများကြောင့် ဂေါ်ရိ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး သူ မသိစိတ်အရ မေးမြန်းလိုက်မိသည်။
“သခင်လေး... သခင်လေးက ဘာကို ဆိုလိုချင်တာလဲ...”
လင်းချန်သည် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကြောင်အမ်းအမ်း ဖြစ်နေသော ဂေါ်ရိကို ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။
“ကျိလဲ့မိစ္ဆာဂိုဏ်းနဲ့ တျန်းယွမ်မြို့တော် လီမိသားစုက ဘယ်နေရာမှာလဲ။ ငါတို့ သွားပြီးတော့ ဤကိစ္စရပ်တွေကို အလျင်အမြန် ဖြေရှင်းလိုက်ကြတာပေါ့။”
“ဤကိစ္စတွေ အားလုံး ပြီးဆုံးသွားတာနဲ့ ငါလည်း ငါ့ရဲ့ ကိုယ်ပိုင် အလုပ်ကိစ္စတွေကို သွားပြီးတော့ ကိုင်တွယ်ရဦးမယ်။”
သူသည် အရှေ့ဘုံနတ်ဘုရားနယ်မြေ ၏ ပြည့်စုံလှသော မြေပုံကို အရယူပြီးပြီ ဖြစ်သည့်အတွက် ဂေါ်မိသားစုတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ချေ။
ဂေါ်မိသားစုကို ဤဘေးဒုက္ခမှ ကူညီပေးပြီးသည့်နောက်တွင်မူ သူသည် တာအိုပြည်နယ် ၃၀၀၀ ဆီသို့ သွားရောက်ရှာဖွေရန် ထွက်ခွာရပေမည်။
ဂေါ်ရိ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပြီး သူ၏ မျက်နှာထက်တွင် မထိန်းချုပ်နိုင်လောက်သည့် ဝမ်းမြောက်လှသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
သူသည် အခြေအနေများက ဤမျှအထိ ချောမွေ့သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲမိမိ၏ ဆန္ဒကို တိုက်ရိုက်ပင် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
'တျန်းယွမ်မြို့တော် လီမိသားစုကျိလဲ့မိစ္ဆာဂိုဏ်း... မင်းတို့ရဲ့ လမ်းဆုံး ရောက်ရှိလို့ လာခဲ့ပြီ။'
“ဂေါ်မိသားစုကို ကူညီပေးတဲ့အတွက် သခင်လေးကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။”
“သခင်လေး... ကျွန်တော် အခုပဲ သခင်လေးကို တျန်းယွမ်မြို့တော် လီမိသားစုဆီကို ခေါ်သွားပေးပါ့မယ်။”
ဤသို့ ပြောကြားပြီးနောက်သူသည် ဟင်းလင်းပြင် ကို ဆုတ်ဖြဲလိုက်ရင်း ဝိညာဉ်အာကာသနယ်ပယ် အတွင်းသို့ ဖြတ်သန်းသွားရန် ပြင်ဆင်လိုက်တော့သည်။
ထာဝရတိုက်ကြီး ပေါ်တွင်ပင်မဟာဧကရာဇ်အဆင့်နီးပါး ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ၎င်းအတွင်း၌ ဖြတ်သန်းသွားလာနိုင်စွမ်း ရှိပေသေးသည်။
တစ်ခုတည်းသော အားနည်းချက်မှာမူ တာအိုပြည်နယ် ၃၀၀၀တွင် ရှိစဉ်ကထက် အရှိန်နှုန်းမှာ အကြီးအကျယ် လျော့ကျသွားခြင်း ဖြစ်သည်။
သူ မလှုပ်ရှားမီမှာတင် လင်းချန်သည် သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း သူ့ကို တားဆီးလိုက်ကာ သူ၏ အကြည့်မှာ ဂေါ်မိသားစု အိမ်ရာ၏ သီးသန့်နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
“ငါတို့ လောနေကြတယ် ဆိုပေမဲ့လည်း မထွက်ခွာခင်မှာ တခြား ကိစ္စတစ်ခုကို အရင်ဆုံး ပြီးအောင် လုပ်လိုက်ကြတာပေါ့။”
“ငါ အစောပိုင်းကတည်းက သတိထားမိတာကတော့ ဂေါ်လော့မှာ ပြန်လည်ကုသလို့မရနိုင်တဲ့ ဒဏ်ရာတစ်ခု ရှိနေပြီး သေဆုံးလုနီးပါး ဖြစ်နေတာ။ ဂေါ်ဖုန်းထျန်း ရဲ့ စစ်မှန်လှတဲ့ စိတ်ရင်းသဘောထားကို ကြည့်ပြီးတော ငါ သူ့ကို ကယ်တင်ပေးဖို့ ကူညီပေးပါ့မယ်။”
သူ၏ အသံ ပင် မဆုံးသေးမီမှာတင်သူသည် မိမိ၏ လက်ဖဝါးကို မြှောက်လိုက်ရာ စစ်မှန်လှသော ဖရိုဖရဲအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်အတွင်းသို့ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့တော့သည်။
ဂေါ်လော့ကို ကယ်တင်ရန်အတွက် လှုပ်ရှားမှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။