← Chapters

ဘုရင်များ ထွက်လာပြီ

Vol. 81-85 Ch. 1210

ဘုရင်များ ထွက်လာပြီ

Vol. 81-85 Ch. 1210

သို့သော် တတိယဘိုးဘေးက အထင်သေးစွာ ပြုံး၍ ပြန်ပြောလာ၏။

“အရင်တစ်ခေါက် ငါ သူ့ကို ရှုံးသွားရတဲ့ အကြောင်းရင်းက ငါ့ကို နေရာတိုင်းမှာ ကန့်သတ်နေတဲ့ တာအို သဘောတရားကြောင့်ပဲ၊ ဒါပေမဲ့ ဒီလောကထဲမှာတော့ ငါ တူညီတဲ့ အမှားမျိုး ဘယ်တော့မှ ထပ်မလုပ်ဘူး”

“သွား … ယဲ့မိသားစုနဲ့ ပတ်သက်တဲ့ အင်အားစုတိုင်းကို စုစည်းပြီး ယဲ့ဖန်ရဲ့ အင်အားစုနဲ့ တိုက်ခိုက်တော့၊ ယဲ့မိသားစုရဲ့ ရန်သူအဖြစ် နေမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာကို အဲ့ပုရွက်ဆိတ်တွေ သိသွားအောင် လုပ်ပြလိုက်”

“ဟုတ်ကဲ့”

ယဲ့ရှန်က အလွန် ဝမ်းသာ ပျော်ရွှင်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ တတိယဘိုးဘေးက ယဲ့ဖန်ကို တစ်ဆင့်ချင်းစီ စိတ်ပျက် အားလျော့လာအောင် လုပ်ချင်နေမှန်း သူ သိသည်။ ပထမဆုံး သူ့အနားမှ အင်အားစုများကို ဖျက်ဆီးပြီး ထိုသူများအား ကြောက်ရွံ့သွေးပျက်စေပြီး ယဲ့ဖန်အား ကျောခိုင်းသွားအောင် လုပ်မည်။ ယဲ့ဖန် တစ်ကိုယ်တည်း ဖြစ်သွားချိန်ရောက်လျင် သူ့အား ထောင်ချောက်ထဲ ကျလာအောင် လုပ်ပေလိမ့်မည်။

“ပြင်းထန်တဲ့ ထိခိုက်နစ်နာမှုနဲ့ ကြုံတွေ့ရင် ယဲ့ဖန်အတွက် သေမယ့်အချိန်ကို ရောက်လာမှာပဲ”

တတိယဘိုးဘေးက ပြုံးလိုက်ပြီး နတ်ဆိုးနဂါး ဖုရှန်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“မင်း ငါ့လက်ထဲမှာ ရှိနေသရွေ့ အဲ့ကောင် ငါ့စကားကို နာခံလာမယ်ထင်တယ်၊ ဟုတ်တယ်မလား”

“ခင်ဗျားက ရွံစရာကောင်းတယ်”

နတ်ဆိုးနဂါးက အလွန် မုန်းတီးသော မျက်နှာထားဖြင့် ပထမဆုံးအကြိမ် ပုတ်ခတ် ပြောဆိုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် တတိယဘိုးဘေး၏ စကားက မှန်နေမှန်း သူ သိနေသောကြောင့်ပင်။

ယဲ့ဖန်သည် သူ၏ အမျိုးသမီးများနှင့် ညီအစ်ကိုများအတွက်ဆိုလျင် သေဝံ့သော လူစားမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် ယဲ့ဖန် ထိုသို့သောအဖြစ်မျိုးနှင့် ကြုံရမည်ကို သူ မလိုချင်ခဲ့ပေ။

တတိယဘိုးဘေးက အားပါးတရ ရယ်မောလိုက်ပြီးနောက် ကျေနပ်သော မျက်နှာထားဖြင့် ဆက်ပြောလေသည်။

“အပြစ်တင်ချင်လည်း ရန်မစသင့်တဲ့ ငါ့ကိုမှ လာရန်စတဲ့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်လိုက်တော့၊ မင်း ခံစားရတယ်ဆိုရင်လည်း အတူတူ လိုက်သေလိုက်ပေါ့ကွာ”

“အချိန်ကျလာရင် ငါ မင်းညီအစ်ကိုကို မင်းရှေ့မှာ ဖြည်းဖြည်းချင်းစီ စုတ်ဖြဲပြမယ်”

တတိယဘိုးဘေး၏ လူသတ်ချင်စိတ်က ပြင်းထန်လွန်းလှသည်။

…

နောက်တစ်နေ့တွင် ထိတ်လန့်စရာကောင်းသော သတင်းတစ်ပုဒ်က ကျုံးကျိုး အင်ပါယာတစ်ခုလုံးကို ရုတ်ရုတ် သဲသဲ ဖြစ်သွားစေသည်။

ထိုသတင်းမှာ နာမည်ကြီးနေသော ယဲ့ဘုရင်က ချွန်းယန်အဆင့်သို့ ရောက်နေသည်ဟူသော သတင်းပင်။ အသက် နှစ်ဆယ်စွန်းစွန်း၌ ချွန်းယန်အဆင့်သို့ ရောက်နေခြင်းသည် ကျုံးကျိုး အင်ပါယာ၏ သမိုင်း၌ တစ်မူထူးခြားသော မှတ်တမ်းသစ် တစ်ခုပင်။

နိုင်ငံတွင်းရှိ အဓိက သတင်းစာဖိုရမ်များ၌ ယဲ့ဖန်နှင့် ပတ်သက်သော ကိစ္စများအားလုံးကို ချက်ချင်း ထည့်သွင်း ရေးသားလာကြသည်။

“ယဲ့ဘုရင်ဆိုတာ ခေါင်းရှစ်လုံး၊ လက်အချောင်းသုံးဆယ်နဲ့ ခြေထောက် တစ်ရာရှိတယ်လို့ ပြောကြတယ်၊ ပြီးတော့ သူက မီတာနှစ်ဆယ် ရှည်ပြီးတော့ ငယ်ပါသုံးခုရှိတယ်တဲ့”

“…”

“စီနီယာ အမျိုးသမီး သရုပ်ဆောင်တစ်ယောက်ရဲ့ တစ်ကိုယ်တော် စကားပြောခန်း: ကျွန်မ ပြောပြချင်တဲ့ ပြီးခဲ့သော နှစ်များအတွင်းက ယဲ့ဘုရင်အကြောင်း”

ချဲ့ကားပြောဆိုထားသည့် သတင်းများ တစ်ပုဒ်ပြီးတစ်ပုဒ်က ဖိုရမ်များတွင် ပေါ်ပေါ်လာကြသည်။ အစပိုင်း၌ ယဲ့ဖန်သည် ဟွိုင်အန်း စီရင်စုတွင်း၌သာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သော်လည်း ယခုအခါတွင် ကျုံးကျိုး အင်ပါယာတွင်းမှ လူများအားလုံး သိသွားကြလေသည်။

*ကြယ်တစ်လုံးကို ဆွဲယူပြီး အဲ့ဒါနဲ့ လူတစ်ယောက်ကို သေအောင် ရိုက်သတ်လိုက်တာက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ*

*ထိတ်လန့်ဖို့ကောင်းလွန်းတယ်*

*စိတ်ကူးယဉ်နေသလိုပဲ*

တစ်ခဏအတွင်းမှာပင် ယဲ့ဘုရင်၏ ပရိသတ်ကောင်လေးများနှင့် ကောင်မလေးများက မှိုသဖွယ် ပေါ်လာ ကြသည်။ ထို့အပြင် ယဲ့ဖန်ကို အရူးအမူး စွဲလမ်းသော ဂိုဏ်းတစ်ခုပင် ပေါ်ပေါက်လာသေးသည်။ ထိုအဖွဲ့အား ယဲ့ဘုရင်ဂိုဏ်းဟုပင် နာမည်ပေးထား၏။

ထိုဂိုဏ်း၏ အဖွဲ့သားတိုင်းက ခန္ဓာကိုယ်တွင် အရိုးခေါင်း တက်တူး ထိုးကိုထိုးရမည်ဖြစ်ပြီး ယဲ့ဖန်အပေါ် သေသည်အထိ သစ္စာသိပါမည်ဟု တရားဝင် ကြေညာရသည်။

ယင်းဂိုဏ်းသည် ယဲ့မိသားစု၏ မိသားစုဝင် အယောက်တစ်ရာထက်မနည်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် ပုံများနှင့် သတ်ဖြတ်ခဲ့ပြီးလေပြီ။ သူတို့သည် အင်အားကြီးသော လူများမဟုတ်သော်လည်း ယဲ့မိသားစုအား အရှက်ရအောင် လုပ်နိုင်ခဲ့သည်။

ထိုဂိုဏ်း ထောင်ထားသည်မှာ တစ်ရက်မျှသာ ရှိသေးသည်။ သို့ရာတွင် ၎င်းတစ်နေ့အတွင်း လူပေါင်း သုံးရာကျော် စုစည်းနိုင်ခဲ့သလို အရေအတွက်ကလည်း ဆက်လက် မြင့်တက်နေ၏။

“အရှင်ယဲ့ဘုရင်က ကန့်သတ်ချက် မရှိဘူး၊ နှစ်ထောင်ချီ အဓွန့်ရှည်ပြီး နယ်မြေအားလုံးကို သိမ်းပိုက်နိုင်မှာ”

“အရှင်ယဲ့ဘုရင်အတွက် အသက်ပေးပြီး ယဲ့မိသားစုကို သုတ်သင်ပစ်မယ်”

ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်က ကျုံးကျိုး အင်ပါယာတစ်ခုလုံးအား အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

ကျုံးကျိုး အင်ပါယာ၌ ယဲ့ဘုရင်ဟု အမည်တွင်သော မိစ္ဆာတစ်ကောင်ရှိကြောင်း လမ်းများအားလုံးနီးပါးရှိ သက်ကြီးရွယ်အိုများနှင့် ကလေးများအဆုံး သိကြလေသည်။

ယဲ့ဘုရင်၏ ပုံပန်းသွင်ပြင်နှင့် ပတ်သက်သည့် ထင်ကြေးများနှင့် ဒွိဟများက ကျုံးကျိုး အင်ပါယာတွင်း၌ ကပ်ဘေးသဖွယ် ပျံ့နှံ့လာ၏။

တစ်ချို့လူများက ယဲ့ဘုရင်သည် ချောမော၍ လွတ်လပ်အေးဆေးသော လူငယ်လေးဟု ဆိုကြသည်။ တစ်ချို့လူများကမူ ယဲ့ဘုရင်က တုတ်ခိုင်သန်မာ၍ ကြီးမားကြမ်းကြုတ်သော လူ့ဘီလူးဟု ဆိုကြပြန်သည်။ တချို့တလေက ယဲ့ဘုရင်သည် အန္တရာယ်များသော မိစ္ဆာကောင်ဟု ပြောကြလေ၏။

တစ်ဒင်္ဂအတွင်းမှာပင် ယဲ့ဖန်သည် ကျုံးကျိုး အင်ပါယာတစ်ခုလုံးမှ အမျိုးသမီးများ၏ နှစ်သက်ရာ ဖြစ်လာပြီး သူတို့ကိုယ်သူတို့ နှစ်သိမ့်ရာ၌ ယဲ့ဖန်၏ နာမည်ကို အော်ညည်းကြသည်။

သို့သော် ကောင်းမွန်သော အချိန်က ကြာကြာမခံခဲ့ချေ။ နောက်တစ်နေ့၌ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားလာသည်။ ပိုမို၍ ရုတ်ရုတ်သဲသဲ ဖြစ်စေသည့် သတင်း တစ်ခုပြီး တစ်ခုက ကျုံးကျိုး အင်ပါယာတွင်း၌ ပျံ့နှံ့လာပြန်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက အဖမ်းခံထားရသင့်တဲ့ မြေအောက် အလောင်းဘုရင် ပြန်ပေါ်လာပြီးတော့ သူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ အဆိပ်ငွေ့တွေ ပျံ့လွင့်သွားတယ်”

“ပြီးတော့ သူ ဦးတည်နေတဲ့အရပ်က ဖျင်အန်းမြို့ရှိတဲ့အရပ် ဖြစ်နေတယ်”

“လွန်ခဲ့တဲ့ နှစ်တစ်ရာက ကျုံးကျိုးအင်ပါယာမှာ ထွက်ပေါ်လာတဲ့ အရိုးခေါင်း စစ်ဘုရင်က အဆင့်ချိုးဖောက် ပြီးတော့ ချွန်းယန်အဆင့်ကို တက်နိုင်သွားပြီ”

“ယဲ့ဖန်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်တယ်လို့ ရဲရဲတင်းတင်း ပြောနေတာ၊ တကယ်ကို တင်စီး လွန်းတယ်”

“လွန်ခဲ့တဲ့ နှစ်ငါးရာက ယဲ့မိသားစုရဲ့ အသန်မာဆုံးတပည့် ရှောင်နန်က ပြည်ပကနေ ပြန်လာပြီ၊ အသက်တစ်ရာ ရောက်ကတည်းက ချွန်းယန်အဆင့်ကို ရောက်ခဲ့သူဆိုတော့ ယဲ့ဖန်ရဲ့ အလောင်းကို နုတ်နုတ်စင်းပြီး ယဲ့မိသားစု၏ ဂုဏ်သိက္ခာကို သက်သေပြမယ်လို့ ခြိမ်းခြောက်လာတယ်”

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားပြီး နာမည်များပင် မေ့လျော့ခံနေရသည့် လူများက တစ်ယောက်ပြီး တစ်ယောက် ပြန်ပေါ်လာကြသည်။ ထို့အပြင် သူတို့အားလုံး၏ ပန်းတိုင်က ယဲ့ဖန်ကို သတ်ရန် ဖြစ်နေသည်။

ထိုအခါ လူတိုင်း သွေးမပျက်ဘဲ မနေနိုင်တော့ချေ။ ယဲ့မိသားစုက ဤသို့ ကြောက်စရာကောင်းသော သူများအား ထိန်းချုပ်ထားနိုင်သည် မဟုတ်ပါလော။ ဤနည်းအားဖြင့် ယဲ့မိသားစုက ယဲ့ဖန်ကိုသတ်ရန် သူတို့ကိုယ်တိုင် လုပ်စရာမလိုကြောင်း ပြသနေ၏။

ထိုအခါ ယဲ့ဖန်ကို လေးစားနေသည့် လူများအားလုံး အကြီးအကျယ် နောင်တရလာကြသည်။ အဘယ်ကြောင့် ဆိုသော် ပြန်ပေါ်လာသည့်လူများက နာမည်ကြီးသော ဘုရင်များ ဖြစ်နေကြသောကြောင့်ပင်။

သူတို့ထဲမှ တစ်ယောက်ချင်းစီသည် လောကတွင်း၌ ပြိုင်စံရှားခဲ့သည်။ တစ်ချိန်က သူတို့အားလုံး ရက်စက်သည်ဟု အမည်တွင်ခဲ့ပြီး ကျုံးကျိုး အင်ပါယာအား အမှောင်ကျ၍ သွေးချောင်းစီးအောင် လုပ်ဆောင် ခဲ့သည်။

ထိုသို့ကြောက်စရာကောင်းသူများအားလုံး အသက်ရှင်နေလိမ့်ဦးမည်ဟု မည်သူမှ ထင်မထားမိပေ။ ထို့အပြင် သူတို့အားလုံးက တညီတညွတ်တည်း ယဲ့ဖန်ကို ပစ်မှတ်ထားနေကြသည်။

“ဒီတစ်ခါတော့ ယဲ့ဖန် သေချာပေါက် သေတော့မှာပဲ”

“ယဲ့ဘုရင် တုန်လှုပ်နေလောက်ပြီ၊ ဒါ ငါတို့ နဂါးမြို့တော်က ယဲ့မိသားစုကို ရန်စရင် ဖြစ်လာမယ့် အဆုံးသတ်ပဲ၊ ငါတို့ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘဲ မင်းကို အသေသတ်လို့ရတယ်ကွ”

“အမှိုက်ကောင်တွေ၊ အမှောင်ထုကို စွန့်လွှတ်ပြီး အလင်းထဲလာဖို့ မင်းတို့ကို အကြံပေးလိုက်မယ်၊ မဟုတ်လို့ ကတော့ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ”

“သုံးရက်နေရင် ဖျင်အန်းမြို့ကို ရှင်းလင်းမယ်၊ အဲ့အချိန်ကျရင် ယဲ့ဘုရင်နဲ့ ပတ်သက်တဲ့လူတိုင်း သေရမယ်”

နဂါးမြို့တော်တစ်ခုလုံး ဆူညံနေပြီး နဂါးမြို့တော်မှ လူတိုင်းက အင်တာနက်ပေါ်၌ ရန်စ၍ စော်ကား ပုတ်ခတ်သော စကားများ ပြောနေ၏။

ယဲ့ဖန်က နောက်တစ်ကြိမ် ဆန်းကြယ်မှုတစ်ခုကို ဖန်တီး၍ ဘုရင်များစွာတို့အား ယှဉ်နိုင်မည်လားဟု သူတို့ သိချင် နေကြသည်။ ထို့ကြောင့် သူတို့၏ အပြုအမူက အလွန် မောက်မာနေသည်။

သို့ရာတွင် ယဲ့ဖန်က ဤကိစ္စအားလုံးကို လုံးဝ မသိချေ။ သိခဲ့လျင်လည်း ရယ်ရုံသာ ရယ်နေလောက်သည်။ ခွေးတစ်သိုက် ဟောင်နေသည်ကို သူက အဘယ်ကြောင့် အရေးစိုက်ရမည်နည်း။

လက်ရှိတွင် ယဲ့ဖန်သည် ဖျင်အန်းမြို့သို့ ပြန်ရောက်နေပြီး ကျုံးဝမ်ကို ကုသပေးနေသည်။

“မင်းအဝတ်အစားတွေ ချွတ်လိုက်”

ယဲ့ဖန်က လိမ်းဆေးကို ပြင်ဆင်ရင်း ပြောလိုက်သည်။

“အာ …”

ကျုံးဝမ် မသိမသာ တုန်လှုပ်သွားသည်။

“ကျွန်မက အတွင်းဒဏ်ရာ ရှိနေတာလေ၊ ဘာလို့ အဝတ်ချွတ်ဖို့ လိုတာလဲ”

“ဒီဆေးကို တစ်ဝက်သောက်ပြီး နောက်တစ်ဝက်က အပြင်ကနေ လိမ်းရမှာ၊ အဲ့ဒါမှ မြန်မြန် ပြန်ကောင်း လာမှာလေ”

ယဲ့ဖန်က အပြုံးဖြင့် ဆက်ပြောလိုက်သည်။

“မင်း မြန်မြန် ပြန်မကောင်းချင်ဘူးဆိုရင်လည်း …”

“ဒါဆို … ကျွန်မ ချွတ်မယ်”

ကျုံးဝမ်သည် ယဲ့ဖန် သူမကို မလိမ်လောက်ဟု တွေးမိသည်။ သို့မဟုတ်ပါက ယဲ့ဖန်၏ ခွန်အားအရဆိုလျင် သူမကို သူ စိတ်ရှိသလို ပြုမူနိုင်သလို သူမ၌လည်း ခုခံနိုင်မည့် အရည်အချင်းမရှိပါ။ ထို့အပြင် သူမ စင်ပေါ်သို့ ပြန်တက်ချင် လွန်းလှသည်။

သူမ၏ ညဝတ် ဂါဝန်ရှည်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်သောအခါ နှင်းကဲ့သို့ ဖြူဖွေး၍ ပန်းရောင်သန်းသော အသားအရေ ပေါ်လာပြီး ခရမ်းရောင် နှင်းဆီသဏ္ဌာန် ဇာပန်းထည် ပေါ်လာ၏။ သူမထံမှ နှင်းဆီပန်းရနံ့ကဲ့သို့သော ကိုယ်သင်းနံ့လေး ပျံ့လွင့်လာသည်။

ယဲ့ဖန်တောင်မှ မသိမသာ မှင်တက်သွားရသည်။ ကျုံးဝမ်၏ ခန္ဓာကိုယ်လေးက စိုးရိမ်စိတ်ကြောင့် တုန်နေပြီး ပါးနှစ်ဖက် နီရဲကာ မျက်တောင် တဖျပ်ဖျပ် ခတ်နေမိသလို ယဲ့ဖန်ကို လှမ်းမကြည့်ရဲချေ။

“မင်းအတွင်းခံကိုလည်း ချွတ်ရလိမ့်မယ်”ယဲ့ဖန် ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ ကျုံးဝမ်၏ ခန္ဓာကိုယ်လေးက ပို၍ တုန်ယင်သွားပြီး သွယ်လျသော လက်ချောင်းလေးများဖြင့် ခါးမှ ဘောင်းဘီစကို ကျစ်နေအောင် ဆုပ်ထားမိသည်။

တစ်ခဏကြာပြီးမှ သူမဘောင်းဘီကို ဖြည်းဖြည်းချင်း ချွတ်လိုက်သဖြင့် ဖြူဖွေး၍ ပန်းရောင်သန်းနေသော အသားအရေက ယဲ့ဖန်ရှေ့သို့ ထင်းခနဲ ထွက်ပေါ်လာသည်။

ထိုအခါတွင်မှ ယဲ့ဖန်တစ်ယောက်သည် ကောက်ကြောင်းဟူသော အရာကို နားလည်သွားလေသည်။ ကျုံးဝမ်၏ ခါးသည် သေးသွယ်ရုံသာမက လုံးဝန်းသည်။ အပေါ်ပိုင်းက ဖွံ့ထွား၍ မျက်စိပသာဒ ဖြစ်လှသည်။

အသားအရေက နှင်းပွင့်သဖွယ် ဖြူဥနေပြီး လေတိုက်လျင်ပင် အသားပဲ့သွားမည်ကို စိုးရိမ်ရသည်အထိ နူးညံ့လွန်းလှည်။ သူမ၏ သေးသွယ်သော ခါးကလည်း လက်ဖြင့် ညှစ်လိုက်၍ပင် ရနေသည်။

သူမ၏ လှပသော မျက်နှာပေါ်တွင် ရှက်ရွံ့စိုးရိမ်နေသော အမူအရာလေးပါ ရှိနေသဖြင့် လူအများအား သူမကို အနိုင်ကျင့်ချင်စိတ် ဖြစ်လာအောင် လုပ်နေသလိုပင်။

ယဲ့ဖန် စိတ်ကို ခပ်မြန်မြန် တည်ငြိမ်အောင်လုပ်၍ ပြောလိုက်သည်။

“နည်းနည်းတော့ အေးမယ်၊ သည်းခံ”

“အင်း”

ကျုံးဝမ် သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းနေသော်လည်း သူမအသံက မသိမသာ တုန်ယင်နေသည်ကို ယဲ့ဖန် ကြားနေရသည်။

သူမအတွက် ယောက်ျားသားတစ်ယောက်နှင့်အတူ တစ်ခန်းတည်း ရှိနေခြင်းက ပထမဆုံးအကြိမ် ဖြစ်သလို ယောက်ျားသားတစ်ယောက်ရှေ့၌ သူမအတွင်းခံကိုပါ ချွတ်ထားရသည်ကလည်း ပထမဆုံးပင်။ ထို့ကြောင့် သူမ အလွန် ရှက်ရွံ့နေမိသည်။

ယဲ့ဖန် ကျုံးဝမ်၏ ကိုယ်ပေါ်သို့‌ ဆေးလိမ်းပေးလိုက်သည်။

“အား….”

သို့သော် ကျုံးဝမ်သည် အအေးဓာတ်ကြောင့် တုန်ယင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးထကာ ညည်းလိုက် မိသည်။

ယဲ့ဖန် ချက်ချင်း ကြက်သေ သေသွားသည်။ သူမ၏ ညည်းသံကြောင့် လက်ထဲမှ လိမ်းဆေးပင် မနှံ့သလို ဖြစ်သွားရသည်။ ကျုံးဝမ် ကျင်းတူး၍ ဝင်ပုန်းချင်စိတ် ပေါက်သွားသည်။

*ရှက်စရာ ကောင်းလိုက်တာ၊ ငါ ဘာလို့ ညည်းလိုက်မိတာလဲ*

ယဲ့ဖန်က ဘာမှမမေးဘဲ ဆေးသာ ဆက်လိမ်းပေး၍ တော်သေးသည်။ ကျုံးဝမ်သည်လည်း ဆေးက သူမကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး အစအန ရှာမတွေ့အောင် ပျောက်သွားကြောင်း သတိထားမိသွားသည်။

သူမကိုယ်ပေါ်မှ အအေးဓာတ်သည် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်နှင့် အနွေးဓာတ်အဖြစ် ပြောင်းလဲသွားပြီး အလွန် နေရထိုင်ရ သက်သာလာစေသဖြင့် သူမ ထူးဆန်းသော အသံများ ထပ်ထွက်လာမိသည်။

အထူးသဖြင့် ယဲ့ဖန်၏ နွေးထွေးသော လက်တစ်စုံက နူးညံ့ညင်သာစွာဖြင့် သူမကိုယ်ကို ဆေးလိမ်းကာ နှိပ်နယ်ပေးသဖြင့် မီးနှင့်ရေတွေ့သကဲ့သို့ သည်းခံရ ခက်နေသည်။

“ပြီးပြီ”

နာရီဝက်အကြာတွင် ယဲ့ဖန်က ဆေးလိမ်းပေးခြင်းအား ရပ်လိုက်သည်။ ဆက်လက်၍ အနှိပ်မခံရတော့သဖြင့် ကျုံးဝမ်၏ မျက်နှာတွင် မကျေနပ်ဟန်လေး ပေါ်နေသည်။

“ပြီးသွားပြီလား”

“တစ်ခုခု မှားနေတာကို သတိမထားမိဘူးလား”

ယဲ့ဖန်က အပြုံးနှင့် ပြန်မေးလိုက်သည်။

“ဟင့်အင်း”

ကျုံးဝမ် ပဟေဠိဖြစ်နေသော အကြည့်ဖြင့် ပြန်ကြည့်လိုက်မိသည်။ သို့သော် တစ်ခဏအတွင်း သူမ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားလေသည်။

“ကျွန်မအသံ … အရင်အတိုင်း ပြန်ဖြစ်သွားပြီ”

သူမအသံက ခြောက်ကပ်၍ ပြာအက်မနေဘဲ မူလအသံ ဖြစ်နေသည်ကို ကျုံးဝမ် သတိထားမိသွားသည်။ သူမအသံ ပကတိအတိုင်း ပြန်ဖြစ်သွားလေပြီ။

“ငါ မင်းကို ကုပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ၊ မှတ်မိလား”

ယဲ့ဖန်က ပြုံးကာ ပြောလိုက်ပြီး တစ်ဖက်လှည့်ကာ ဆေးပုလင်းအား ဆေးဘူးထဲသို့ ပြန်ထည့်လိုက်သည်။ ထိုစဉ် သူ့အနောက်မှ နူးညံ့ချိုမြိန်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး မွှေးပျံ့သော ရနံ့တစ်ခု တိုးဝင်လာ၏။

ကျုံးဝမ်က သူ့ကျောပြင်အား တင်းကြပ်စွာ ဖက်ထားပြီး တစ်ကိုယ်လုံး ပစ်မှီထားလေသည်။ သူမ၏ ကိုယ်သင်းနံ့လေးက အလွန် မွှေးကြိုင်လွန်းလှသည်။

ထိုအခိုက်တွင် ယဲ့ဖန်သည် သူ့ပခုံးက တစ်စုံတစ်ရာကြောင့် စိုစွတ်လာသလို ခံစားလိုက်ရသည်။ ကျုံးဝမ် မျက်ရည်လည်ရွဲဖြင့် ငိုကြွေးနေ၏။

“ကျေးဇူးတင်ပါတယ်၊ တကယ် ကျေးဇူးတင်ပါတယ်”

All Chapters