အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၄)
ရှောင်တန်နှင့် ရီရူယွီတို့ တွေ့ရှိခဲ့သော ထွက်ပေါက်သည် မြို့အနောက်ဘက်ရှိ တောင်တန်းများအတွင်း၌ တည်ရှိခြင်းဖြစ်၏။ သူတို့သည် မူလက၌ မြို့အရှေ့ဘက်ပိုင်းရှိ အိမ်များကို စူးစမ်းရှာဖွေနေစဉ်အတွင်း ဂူတစ်ခုထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး ယခုတွင်မူ သူတို့သည် ချန်လင်မြို့တစ်မြို့လုံး၏ မြေအောက်ကြမ်းပြင်ကို ဖြတ်သန်းခဲ့ကြပြီ ဖြစ်သည်။
မြေပြင်ပေါ်၌ဆိုပါက ဤခရီးစဉ်သည် နေ့တစ်ဝက်မျှသာ ကြာမြင့်မည် ဖြစ်သည်။ သို့သော်လည်း မြေအောက်၌မူ လမ်းကြောင်းများသည် ရှုပ်ထွေးလှပြီး ကွေ့ကောက်နေရုံသာမက မကြာခဏဆိုသလို အတားအဆီးများနှင့် ကြုံတွေ့ရသဖြင့် လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရသည်များပင် ရှိခဲ့သေးသည်။ သူတို့အနေဖြင့် တတိယမြောက်နေ့၏ အရုဏ်မတက်မီအချိန်၌ အပြင်သို့ ထွက်ခွာနိုင်ခဲ့ခြင်းမှာ အလွန်ကံကောင်းလှသည်ဟုပင် ဆိုရပေမည်။
သူတို့နှစ်ဦး ချန်လင်တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိသွားချိန်တွင်မူ အရုဏ်မတက်မီ အမှောင်ဆုံးအချိန်သို့ ရောက်ရှိနေခဲ့ပြီး တည်းခိုခန်း၏ ပင်မတံခါးကြီးမှာလည်း ပိတ်ထားဆဲ ဖြစ်သည်။ မှန်ပေသည်၊ တည်းခိုခန်းအတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများစွာ ရှိပေသည်။ ဘေးတံခါးများ၊ နောက်တံခါးများ၊ ဒုတိယထပ် စင်္ကြံပြတင်းပေါက်များ၊ တတိယထပ် စင်္ကြံပြတင်းပေါက်များ စသည်ဖြင့် ဖြစ်သည်။ အခြားသိုင်းသမားတစ်ဦးဦးအတွက်ဆိုပါက အတွေ့အကြုံအနည်းငယ် ရှိရုံမျှဖြင့် သော်လည်းကောင်း၊ ကိုယ်ဖော့ပညာ အခြေခံ ရှိရုံမျှဖြင့်သော်လည်းကောင်း တည်းခိုခန်းသို့ အဝင်အထွက် ပြုလုပ်ရသည်မှာ လက်ဖျစ်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလှပေလိမ့်မည်။ သို့သော်လည်း ဤလူနှစ်ယောက်မှာမူ...
ဒုန်း ဒုန်း ဒုန်း...
လူတိုင်းအိပ်မောကျနေသည့် မနက်အစောပိုင်း သုံးနာရီ သို့မဟုတ် လေးနာရီအချိန်ကြီး၌ သူတို့သည် တံခါးကို ပြင်းထန်စွာ လာခေါက်ကြတော့သည်။
အတန်ကြာအောင် ခေါက်ပြီးနောက် တည်းခိုခန်းအတွင်းမှ စားပွဲထိုး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ"
"