အခန်း ၈
Vol. 1 Ch. 8
အခန်း(၈) - လူငယ်မျိုးဆက်သစ်
[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +21မှတ် ရရှိခဲ့သည်။ ယခုလက်ရှိအဆင့်မှာ ပထမအဆင့်ဖြစ်ပါသည်။ သင် နောက်တစ်ဆင့်တက်ရန်အတွက် နှစ်လိုမှုရမှတ် 79မှတ်သာ ကွာဝေးပါတော့သည်။ ကျေးဇူးပြုပြီး ဆက်လက်ကြိုးစားပေးပါ။]
စုယန်ယန်၏ ဦးနှောက်အတွင်း ရုတ်တရက် ကြားလိုက်ရသော သတိပေးချက်သည် သူမအား ကြက်သေ သေသွားစေသည်။ ဟောက်ချန်ဟွမ်းက သူမကို နှစ်သက် သဘောကျတာကို သူမ သိသော်လည်း ထိုလူက သူမကို ချစ်မြတ်နိုးတယ်လို့ သိရသည့် အချိန်တိုင်း သူမ ပျော်ရွှင်နေဆဲပင်။
‘21မှတ်က သူ ငါ့ကို ချစ်တယ်လို့ ဆိုလိုတာမလား’
(TN: 21သည် မင်းကိုချစ်တယ်ဆိုသော စာသား၏ အသံတူ စာလုံးပေါင်းကွဲပြားသော စကားလုံးဖြစ်ပြီး နက်ရှိုင်းစွာ ချစ်မြတ်နိုးခြင်းနှင့် အချစ်စစ်ကို ရေးသားသော စာလုံးစုတ်ချက်ရေပေါင်းလည်း ဖြစ်လေသည်။)
‘သူ ငါ့ကို လျှို့ဝှက်ပြီး ဝန်ခံချစ်စကားဆိုတာမလား’
စုယန်ယန်သည် ထိုအရာကို သဘောပေါက် နားလည်သွားသောအခါတွင် သူမ၏ မျက်နှာပေါ်က စိတ်ပျက်အားငယ်နေသော အရိပ်များ ချက်ချင်း ပြယ်လွင့်သွားသည်။ ထိုနေရာမှာ အနှိုင်းမဲ့ တောက်ပပြီး ညို့ယူဆွဲဆောင်နိုင်သော အပြုံးလေးတစ်ပွင့်က အောင်ပွဲခံသည့် အသွင်ဖြင့် အစားထိုး ဝင်ရောက်လာသည်။
သူမ၏ ဖြူစင်သော ပျော်ရွှင်မှုသည် စုမိသားစုအား စိတ်ဓာတ် ကျသွားစေသည်။ ထိုအခိုက်အတန့်၌ သူတို့သည် သူတို့ကလေးလေးက တခြားယောက်ျား တစ်ယောက်နဲ့ မည်သို့မည်ပုံ မသိလိုက်စွာ စေ့စပ်ကြောင်းလမ်းလိုက်သည့်အတွက် စုယုရွှမ်သည် သူမလေးအတွက် ပျော်ပေးရမလား စိတ်ဆိုးဒေါသ ထွက်သင့်လားဆိုတာကို မသိပဲ လမ်းပျောက်သွားမိသည်။
ဟောက်ချီဟန်က ဟောက်ချန်ဟွမ်း သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားသည့်ဟန်ပင်။ သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မသိစိတ်ခံစားချက်အရ သူတို့ကို တားမြစ်ချင်မိသည်။
“ချန်ဟွမ်း ဒီလို...”
သူ ပြောလိုသည့်စကား အဆုံးမသတ်ခင်မှာ ဟောက်ချန်ဟွမ်းရဲ့ အေးစက်သည့် အကြည့်များဖြင့် မြင်တွေ့လိုက်ရသည်။
“အစ်ကိုကြီး ဒီစေ့စပ်တာကို ကန့်ကွက်ချင်တာလား”
ဟောက်ချီဟန်၏ ကျောရိုးသည် အနည်းငယ် အေးစိမ့်သွားကာ သူ့ရှုံးနိမ့်မှုကို လက်ခံလိုက်ရသောအခါတွင် သူ့မျက်နှာအမူအရာဟာ အနည်းငယ် ဆိုးရွားသွားခဲ့သည်။
“မရှိ... မရှိပါဘူး”
“ဖေဖေ မေမေ...” ဟောက်ချန်ဟွမ်းဘက်မှ ပြဿနာကို ဖြေရှင်းပြီးသောအခါတွင် စုယန်ယန်သည် ချိန်ရှုချင်၏ လက်မောင်းကို ပွေ့ဖက်ကာ တိုးတိုးလေး တောင်းပန်သည့်ဟန် စကားဆိုသည်။
ချိန်ရှုချင်သည် အလွန်အမင်း ဒေါသထွက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသမီးလေးသည် ဟောက်မိသားစုကို အရှက်ရစေလိုရုံမျှဖြင့် ပျော်ရွှင်ဖွယ် အနာဂါတ်နှင့် အိမ်ထောင်ရေးကို စွန့်လွှတ်လိုက်သည်ဟု ထင်မြင်မိလို့ပင် ဖြစ်လေသည်။
‘ဟောက်ရှောက်ဖုန်းက ရွံစရာကောင်းတဲ့ လူဖြစ်ပေမယ့် သူ့ဦးလေးအငယ်ဆုံးရဲ့ စရိုက်လက္ခဏာက ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးသေးပါဘူး... ငါ ဆိုလိုချင်တာက သူ့ခြေထောက်တွေကို ကြည့်ပါဦး...’
သူမသမီးလေးက အရင်က မကောင်းသော အမျိုးသားတစ်ယောက်ကို ရွေးချယ်မိခဲ့ပြီးပြီ။ ဒါကို ဘာ့ကြောင့် နောက်ထပ် လက်ထပ်မယ့် အမျိုးသားကို လမ်းမလျှောက်နိုင်သည့် လူကို ရွေးချယ်လိုက်ရတာလဲ။
စုယန်ယန်သည် ချိန်ရှုချင်ရဲ့ အတွေးတွေကို နားလည်နိုင်သည့်အတွက် သူမက “အမေ” လို့ သနားစဖွယ် ခေါ်လိုက်သည်။
ချိန်ရှုချင်၏မျက်နှာသည် အေးစက်နေပြီး ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။
“ဒါက တစ်ဘဝလုံးနဲ့ သက်ဆိုင်တဲ့ ကတိကဝတ်ပဲ။ ဒါကို သမီး လေးလေးနက်နက် စဉ်းစားပြီးပြီလား။ သမီး နောင်တမရမှာ သေချာလား”
“လုံးဝ နောင်တမရဘူး”
စုယန်ယန်သည် ချိန်ရှုချင်၏အနားသို့ကပ်ကာ သူမ ကြားနိုင်ရုံအသံမျှဖြင့် ပြောသည်။ သူမသည် တိုးညင်းစွာ တောင်းပန်သည်။
“အမေ သဘောတူတယ်လို့ပဲ ပြောပေးပါ။ သမီး ဘာလုပ်နေတယ်ဆိုတာ သမီး သိပါတယ်”
“အိမ်ပြန်ရောက်တဲ့အခါ သမီး အစအဆုံး သေချာရှင်းပြမယ်လို့ အမေ ယုံကြည်တယ်”
ချိန်ရှုချင်မှာ အခြားရွေးချယ်စရာ မရှိပေ။ သူမက စုယန်ယန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် သူမအကြည့်တွေကို ဟောက်ချီဟန်တို့ဇနီးမောင်နှံထံ ပြောင်းရွှေ့လိုက်သည်။
“နင်တို့သားကလည်း သူ့အချစ်စစ်ကို ရှာတွေ့နေပြီဆိုတော့ ငါတို့ကလည်း ယုတ္တိမရှိတဲ့လူတွေ မဟုတ်ဘူး။ ပြီးတော့ ငါတို့ အတင်းအကြပ် လုပ်လိုက်မယ်ဆိုရင် ဘာတစ်ခုမှ အဆင်ပြေလာနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါတို့ သူတို့ လိုချင်တဲ့သူနဲ့ လက်ထပ်လို့ရအောင် လက်ခံပေးလိုက်ရအောင်’
ချိန်ရှုချင်ရဲ့စကားတွေက သူမ စိတ်လျော့လိုက်ပုံ ရသော်လည်း သူမသည် ဟောက်ရှောက်ဖုန်းရဲ့ မိဘတွေကို သူတို့သားသာလျှင် မိမိတို့သမီးအပေါ် ပထမဆုံး အပြစ်လုပ်သူ အမှန်တကယ်ဖြစ်ကြောင်းကို အသိပေးလိုက်သည်။
‘အခု ငါတို့သမီးက မင်းတို့သား မဟုတ်ရင်တောင် အထက်တန်းစား အမျိုးသားကောင်းတွေကို ရနိုင်တယ်ဆိုတာ အခု နင်တို့အိမ်ထဲမှာတင် သက်သေပြလိုက်နိုင်တယ်။ မင်း သူတို့ကို ကောင်းချီး မပေးဘူးဆိုရင်တောင် ငါ နင်တို့တွေဆီက တခြားစကားကို မကြားချင်ဘူး’
သို့သော် ဟောက်ရှောက်ဖုန်းကတော့ ထပ်တူမခံစားရပေ။ ထိုစကားကို ကြားပြီးနောက် သူက ချက်ချင်း ထေ့ငေါ့ပြောဆိုလိုက်သည်။
“မင်းက စေ့စပ်ပြီးသွားတာတောင် မင်းသတို့သားလောင်းရဲ့ ဦးလေးနဲ့ ပတ်သက်ရှုပ်ထွေးနေသေးတယ်။ ဒီသတင်းသာ ထွက်သွားခဲ့ရင် ဒါက အရမ်းရှက်စရာကောင်းတဲ့ သတင်းပဲ ဖြစ်လိမ့်မယ်”
စုယန်ယန်က လှောင်ရယ်ရယ်လိုက်သည်။
“တကယ်လား။ ဘယ်အရာကမှ မနေ့ညက ဖြစ်ပျက်ခဲ့တာထက် ပိုရှက်စရာကောင်းတယ်လို့ မထင်ဘူး”
“မင်း ဘာကြောင့်...”
ဟောက်ရှောက်ဖုန်း၏ မျက်နှာသည် မည်းပြာသွားပြီး ဒေါသတကြီး ဟောက်ဟမ်းလိုက်တော့မည့် အချိန်တွင် မစ္စဟောက်က သူ့ကိုနောက်သို့ ပြန်ဆွဲလိုက်သည်။
ဟောက်ရှောက်ဖုန်းသည် လုံးဝ မကျေမနပ်ဖြစ်နေပြီး မစ္စဟောက် ညွှန်ပြသောနေရာသို့ ကြည့်လိုက်သည်။ သူ ဒေါသထွက်နေသော်လည်း အခြားစကားတစ်ခွန်းကိုမှ မပြောရဲတော့ပေ။
ဟောက်ချန်ဟွမ်းသည် တစ်နည်းနည်းဖြင့် အပေါ်ထပ်မှ ဆင်းလာခဲ့ပြီး သူ့နောက်ဘက်ရှိ သူ ယုံကြည်စိတ်ချရသော နောက်လိုက် တစ်ဦးနှင့်အတူ ရပ်နေသည်။
“မင်္ဂလာပါ ဦးလေးစုနဲ့ အန်တီစု”
ဟောက်ချန်ဟွမ်းသည် သူတို့ကို ဒီလို သုံးနှုန်းလိုက်ခြင်းက ချိန်ရှုချင်နှင့် မစ္စတာစုအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေပြီး ဟောက်ချီဟန်၏ မိသားစုဝင်တွေသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။
***