← Chapters

ခလာနာ

Vol. 82 Ch. 1146

ခလာနာ

Vol. 82 Ch. 1146

"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးပဲ၊ အညံ့စားနတ်ဘုရားကျောက်တုံးတွေ ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး"

‌လေ့ကျင့်ရေးခန်းထဲမှာ လီဖူချန်းက သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။

တောက်ပပနတ်ဘုရားကမ္ဘာရဲ့အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံး(အညံ့စားနတ်ဘုရားကျောက်တုံး)တွေနဲ့ ယှဉ်ရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက အဆဒါဇင်ကျော်ပိုအားကောင်းရုံသာမက အဆဒါဇင်ကျော်လဲ ပိုသန့်စင်တယ်။ အသက်အားကို စုပ်ယူနေရင်း ၎င်းက ဥပဒေသနယ်ပယ်ကိုလဲ တိုးစေနိုင်တယ်။ သက်ရောက်မှုက အလွန်အားနည်းပေမယ့် အရေအတွက်အများကြီးမလိုအပ်ဘူးလေ။ ဒါကို စဉ်းစားမိလိုက်တော့ အစစ်အမှန်တစ်ယောက်ဆိုရင် နေ့စဉ်ကျင့်ကြံနိုင်ဖို့ နတ်ဘုရားကျောက်တုံးတွေ ဘယ်လောက်တောင် အသုံးပြုရလိမ့်မလဲ။

အားလုံးခြုံကြည့်ရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေ အသုံးပြုနေကျဖြစ်တဲ့သူတွေက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို ဘယ်တော့မှ ထပ်မံအသုံးပြုလိမ့်မှာမဟုတ်ဘူး။

လီဖူချန်းက စဉ်းစားမိတယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်တုံးကို ရရှိရင် သူ့ရဲ့ကျင့်ကြံခြင်းအရှိန်က ပိုမြန်လာလိမ့်မယ်လို့ပေါ့။

နောက်တော့ လီဖူချန်းက သူ့ရဲ့နတ်ဘုရားအတတ်တွေကို စတင်လေ့ကျင့်ခဲ့တယ်။

စိတ်ဝိညာဉ်အဆင့်က အကြိုစိတ်ဝိညာဥ်နတ်ဘုရားအဆင့်မှာ ရှိတုန်းက လီဖူချန်းက သူ့ရဲ့ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဥ်အတတ်တွေနဲ့အတူ အဆင့်မြင့်နတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်။ အခု သူ့ရဲ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိတဲ့အခါ သာမန်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေကို သတ်ဖြတ်ခြင်းက ပြဿနာမရှိတော့ဘူး၊ ဒါပေမယ့် ရန်သူက နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုအတတ်ရှိရင် လီဖူချန်းအနေနဲ့ သတ်ဖြတ်ဖို့ ခက်ခဲပေလိမ့်မယ်။

ဒါပေမယ့် ဒါ အရင်တုန်းကပဲ၊ အခု သူမှာ အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်နဲ့ အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်ရှိလာပြီ။ သူက အဲဒါကို ကျွမ်းကျင်တာနဲ့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့က မခက်ခဲတော့ဘူး၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုတောင် သတ်ဖြတ်နိုင်မယ်။

ဒါပေမယ့် သူက တကယ်သတ်နိုင်သလားဆိုတြော မသိသေးဘူး။ တကယ်တော့ သူက အဲဒါကို အခုထိ မလေ့ကျင့်ရသေးဘူးလေ။

သာလွန်မြင့်မားတဲ့ထိုးထွင်းသိမြင်မှုနဲ့ သာလွန်မြင့်မားတဲ့အတွေးမြန်နှုန်းနဲ့အတူ လီဖူချန်းက အများကြီးအားထုတ်စရာ၊ အချိန်ပေးစရာမလိုဘဲ အလယ်ဆင့်စိတ်ဝိညာဉ်အတတ်အားလုံးကို ကျင့်ကြံခဲ့တယ်။

"သွားကြစို့"

လေ့ကျင့်ရေးခန်းထဲမှာ လီဖူချန်းရဲ့မျက်လုံးတွေက ထက်ရှလာပြီး ငွေရောင်အလင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။

အုန်.....

လေ့ကျင့်ရေးခန်းရဲ့နံရံတွေက ရေလှိုင်းတွေပမာ  စက်ဝိုင်းပုံစံ လှိုင်းဂယက်ထနေတယ်။

"စွမ်းအားက စိတ်ဝိညာဉ်အမျှင်ထက် ဆယ်ဆပိုကြမ်းတာပဲ"

လီဖူချန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်တယ်။ သူက အဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ဖြစ်တဲ့နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ကို အသုံးပြုတဲ့အခါ လေ့ကျင့်ရေးခန်းထဲရှိစိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်ထဲမှာ သေးငယ်တဲ့လှိုင်းဂယက်စက်ဝိုင်းတစ်ခုကိုသာ ဖြစ်ပေါ်နိုင်စေခဲ့ပြီး ၎င်းက လက်သီးတစ်ဝက်အရွယ်အစားသာ ရှိတယ်။

သူပြောလိုက်တဲ့စိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်က‌တော့ ကျေနပ်စရာကောင်းတဲ့အံ့အားသင့်မှုတစ်ခုပါပဲ။

ကုန်သည်သင်္ဘောခန်းက စိတ်ဝိညာဉ်စွမ်းအားရှာ‌ဖွေမှုကို သီးခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းကတော့ စိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်တစ်ခုရှိလို့ပဲ၊ စိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်က စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကုန်သည်သင်္ဘောနဲ့ နီးကပ်စွာ ဆက်စပ်တယ်။ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားမပြောနဲ့၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားကတောင် စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကုန်သည်သင်္ဘောပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားရှာဖွေမှုကို ပြုလုပ်ဖို့ ခက်ခဲတယ်။

ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအားအကန့်အသတ်ရဲ့လက္ခဏာနဲ့အတူ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်နိုင်တယ်။

စောနက သူအသက်သွင်းခဲ့တဲ့ငွေရောင်အလင်းက အဆုံးစွန်းအလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်ရေးနတ်ဘုရားအတတ်ဖြစ်တဲ့ငွေရောင်အလင်းဆူးပါပဲ။ ၎င်းရဲ့စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ထက် ဆယ်ဆပိုတယ်။

"အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကတောင် ဒီလောက်အားကောင်းနေပြီ၊ အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ဆိုရင် ဘယ်လောက်တောင် အားကောင်းမလဲ"

လီဖူချန်းက စောင့်မျှော်နေမိတယ်။

……

နတ်ဘုရားဟင်းလင်းပြင်၊ ကျယ်ပြောတယ်၊ အဆုံးမဲ့တယ်။

ရံဖန်ရံခါမှာ ကြယ်နှစ်လုံးပုံရိပ်ယောင်သက်ရှိတစ်ကောင်က ချဥ်းကပ်လာရင် ၎င်းက ကုန်သည်သ‌င်္ဘောရဲ့မီးစွမ်းအားကြောင့် ချက်ချင်း ပျက်ဆီးသွားလိမ့်မယ်၊ ၎င်းရဲ့အသားနဲ့သွေးကို ကုန်သည်သင်္ဘောက စုဆောင်းပြီး အရသာအမျိုးမျိုးဒါမှမဟုတ်အသုံးဝင်တဲ့ပစ္စည်းအမျိုးမျိုးအဖြစ် ပြုလုပ်ပါလိမ့်မယ်။

လေ့ကျင့်ရေးခန်းထဲမှာ လီဖူချန်းရှိနေတာ လဝက်ခန့်ရှိပြီ။

အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်ရဲ့လေ့ကျင့်ရေးအခက်အခဲက အလယ်ဆင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်ထက် ဆယ်ဆပိုတယ်။ သူဆိုရင်တောင် အချိန်ပမာဏတစ်ခု လိုအပ်တယ်။

"သွားစမ်း၊ စိတ်ဝိညာဉ်ဓားသွား"

သုံးရက်ရှိပြီ၊ နောက်ဆုံးမှာ လီဖူချန်းက ကျင့်ကြံနိုင်ခဲ့တယ်။

လီဖူချန်းရဲ့မျက်လုံးတွေမှ နတ်ဘုရားစိတ်ဝိညာဉ်ပုံရိပ်ယောင်ဓားသွားတစ်ခုကို ပစ်လွှတ်လိုက်တယ်။ ဒီဓားသွားက အလွန်အမင်းထက်ရှပြီး အကြည့်တစ်ချက်နဲ့တင် စိတ်ဝိညာဉ်က ဆုတ်ပြဲသွားသလို ခံစားရစေတယ်။

အုန်း.......

စိတ်ဝိညာဉ်ဓားသွားက လေ့ကျင့်ရေးအခန်းရဲ့နံရံပေါ်မှာ ပန်းထွက်လာပြီး လှိုင်းဂယက်အလွှာတစ်ခုက ဖြစ်လာတယ်။

"စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ထက် ဆယ်ဆပိုပြီး ငွေရောင်အလင်းဆူးထက် သုံးဆပိုတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်‌ယောက်ကတောင် ၎င်းကို မရပ်တန့်နိုင်ဘူး"

လီဖူချန်းက စိတ်ဝိညာဉ်ဓားသွားရဲ့စွမ်းအားနဲ့ ပတ်သက်ပြီး အလွန်ကျေနပ်နေမိတယ်။

သူ ဝယ်ယူခဲ့တဲ့အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်သုံးခုထဲမှာ စိတ်ဝိညာဉ်ဓားသွားက အဆင့်နိမ့်ဆုံး၊ ထူးကဲအဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး အခြားနှစ်ခုဖြစ်တဲ့နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်ရေးနတ်ဘုရားအတတ်နဲ့နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအတတ်တို့က ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတယ်။ ပိုကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကတော့ ကုန်သည်သင်္ဘောမှာ မရှိဘူး၊ ကုန်သွယ်ရေးခန်းမမှာပဲ ရှိမယ်လို့ ခန့်မှန်းထားတယ်။

နောက်တော့ လီဖူချန်းအနေနဲ့ အခြားအဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်နှစ်ခုကို ကျွမ်းကျင်ဖို့ တစ်လကြာခဲ့တယ်။

နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်ရေးအတတ်က စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်လို့ ခေါ်တယ်။ ၎င်းရဲ့နာမည်က ကြောက်စရာကောင်းပြီး တိုက်ခိုက်ရေးသက်ရောက်မှုက ပိုတောင် ကြောက်စရာကောင်းတယ်။ ၎င်းကို အသုံးပြုလိုက်တာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက နွားမွေး(နွားနားရွက်ရှိအမွေး)လောက် ပါးလွှာတဲ့အပ်တွေအဖြစ် ပြောင်းသွားလိမ့်မယ်။

တိုက်ခိုက်ရေးလက္ခဏာတွေက မတူတာကြောင့် ဖြစ်နိုင်တယ်။ စိတ်ဝိညာဉ်သတ်ဖြတ်သူက အဆုံးစွန်းသေစေနိုင်စွမ်းကို မပေးနိုင်ပေမယ့် ခုခံရတာ တော့ ခက်ခဲတယ်။ ဒါကြောင့် ၎င်းရဲ့စွမ်းအားက စိတ်ဝိညာဉ်ဓားသွားနဲ့သာ ယှဉ်နိုင်တယ် ဒါမှမဟုတ် အနည်းငယ်ပိုအားနည်းတယ်။

လီဖူချန်းက ဒါကို ဂရုမစိုက်ပါဘူး။

တစ်ခါတစ်ရံမှာ တိုက်ခိုက်ရေးပိုကောင်းတာက ပိုသန်မာတာ မဟုတ်ဘူး။

စိတ်ဝိညာဉ်ဓားသွားက အားကောင်းပေမယ့် ခုခံရတာလဲ လွယ်ကူပြီး စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်က မတူဘူး။ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကြီးမားတဲ့အပိုင်းအစတစ်ခုက ပေါ်ထွက်လာတာနဲ့ ရန်သူရဲ့စိတ်ဝိညာဉ်ခံစစ်က ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ ချို့ယွင်းချက်တွေ ပြသပေလိမ့်မယ်။

နတ်ဘုရားစိတ်ဝိညာဉ်ခုခံမှုနတ်ဘုရားအတတ်ကို ပုံရိပ်ယောင်စိတ်ဝိညာဉ်မျှော်စင်လို့ ခေါ်တယ်။ ၎င်းကို အသုံးပြုလိုက်တာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်ကို ကာကွယ်ဖို့ ပုံရိပ်ယောင်မျှော်စင်တစ်ခုအဖြစ် ပြောင်းသွားပေလိမ့်မယ်။

စိတ်ဝိညာဉ်တိုက်ခိုက်ရေးစွမ်းအားကို လီဖူချန်းက စမ်းသပ်နိုင်ပေမယ့် စိတ်ဝိညာဉ်ခုခံမှုကိုတော့ လီဖူချန်းက မစမ်းသပ်နိုင်ဘူး၊ ဒါကြောင့် လက်ရှိမှာ ပုံရိပ်ယောင်စိတ်ဝိညာဉ်မျှော်စင်က ဘယ်အဆင့်စိတ်ဝိညာဉ်တိုက်ခိုက်မှုကို တားဆီးနိုင်မလဲဆိုတာ သူ မသိဘူး။

"လမ်းတစ်ချက်လျှောက်ပြီး ပတ်ဝန်းကျင်နဲ့ ကျွမ်းဝင်အောင် လုပ်ရမယ်"

နတ်ဘုရားဟင်းလင်းပြင်ထဲမှာ အားလပ်ချိန်တွေ အများကြီးရှိတယ်၊ ဒါကြောင့် ကျင့်ကြံဖို့အတွက် အသည်းအသန်ဖြစ်နေစရာမလိုပါဘူး။

အခန်းတံခါးကို ဖွင့်ကာ လီဖူချန်းက အခန်းထဲမှ ထွက်လာတယ်။

လန်ထင်ရွှယ်၊ စိတ်ဝိညာဉ်အသုံးအဆောင်ပစ္စည်းကုန်သည်သင်္ဘောထဲရှိအဆင့်မြင့်စားသောက်ဆိုင်တွေထဲကတစ်ခု။

ဒီနေရာရဲ့အနည်းဆုံးသုံးစွဲခြင်းပမာဏက အညံ့စားနတ်ဘုရားကျောက်တုံးငါးမီလီယံရှိတယ်။ ဒါက အနည်းငယ်ဖြုန်းတီးလွန်းပါတယ်။ ဟင်းတစ်ပွဲအတွက် သန်းရာအနည်းငယ်အသုံးပြုရတာက ပုံမှန်ပါပဲ။

ကုန်သွယ်ရေးခန်းမရဲ့အစစ်အမှန်နတ်ဘုရားဆိုရင်တောင် သူက ဟင်းပွဲတစ်ပွဲအတွက် ရံဖန်ရံခါမှာပဲ လာနိုင်တယ်။ နေ့တိုင်းလာစားဖို့ဆိုတော့ လုံးဝမတတ်နိုင်ပါဘူး။

လန်ထင်ရွှယ်ကို ဝင်ရောက်ပြီးနောက် ဝန်ဆောင်မှုရုပ်သေးကမ်းပေးတဲ့စားသောက်ဖွယ်စာရင်းကို ကြည့်ကာ လီဖူချန်းက စတင်မှာလိုက်တယ်။

"နွားလျှာပူ၊ ပါဝင်ပစ္စည်း-အလယ်ဆင့်အစစ်အမှန်နတ်ဘုရားသားရဲဖြစ်တဲ့သွေးအင်းကွက်နတ်ဘုရားနွားရဲ့လျှာ၊ တန်ဖိုးက ၁.၈၈သန်းရှိတယ်"

"ကသပိုးငါးအစပ်၊ ပါဝင်ပစ္စည်း-အလယ်ဆင့်အစစ်အမှန်နတ်ဘုရားသားရဲရေဘဝဲကသပိုးငါးရဲ့လက်တံ၊ တန်ဖိုးက နတ်ဘုရားကျောက်တုံး၂.၈၈သန်း"

"ခရမ်းရောင်ကျောက်စိမ်းစပျစ်၊ ပါဝင်ပစ္စည်း-ကြယ်နှစ်လုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိဖြစ်တဲ့မျက်လုံးတစ်ရာမွန်းစတားရဲ့မျက်လုံး၊ တန်ဖိုးက နတ်ဘုရားကျောက်တုံး၃.၈၈သန်း"

……

"အနည်းဆုံးသုံးစွဲမှုက နတ်ဘုရားကျောက်တုံးငါးသန်း။ ပါဝင်ပစ္စည်းတွေကလဲ အစစ်အမှန်နတ်ဘုရားသားရဲဒါမှမဟုတ်ကြယ်နှစ်လုံးပုံရိပ်ယောင်သက်ရှိတွေ" သူ့ရဲ့အစာအိမ်ကတောင် ဖောင်းလာသလို လီဖူချန်းက ခံစားရတယ်။

တူညီတဲ့ပါဝင်ပစ္စည်းဆိုရင်တောင် ကုန်သွယ်ရေးခန်းမရဲ့စားဖိုမှူးက ပိုအရသာရှိအောင် ပြုလုပ်နိုင်တယ်......

အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက ဟင်းစားပွဲတစ်ပွဲအပြည့်ကို မှာယူခဲ့တယ်။ ဈေးအကြီးဆုံးဟင်းလျာတွေက နတ်ဘုရားကျောက်တုံးငါးဆယ့်ရှစ်သန်းရှိတယ်။

"အရသာရှိလိုက်တာ"

လီဖူချန်းက အားရပါးရလွေးနေတယ်၊ သူက ခေါင်းတစ်လုံးအရွယ်အစားရှိတဲ့မျက်လုံးတစ်ရာမွန်းစတားရဲ့မျက်လုံးတစ်လုံးကို စားလိုက်တယ်။

ဒီအစားအစာတွေက သန့်စင်ထားတာကို သူက မြင်နိုင်တယ်၊ သူတို့ရဲ့အရွယ်အစားက အနည်းဆုံးအဆတစ်သောင်းအထိ လျော့ကျ‌နေတယ်၊ သန့်စင်ထားတဲ့အားလုံးက အဆီအနှစ်တွေပဲ၊ မဟုတ်ရင် မျက်လုံးတစ်ရာမွန်းစတားရဲ့မျက်လုံးက ဒီလောက်သေးမှာမဟုတ်ဘူး။

"မင်းက လီဖူချန်း။ မင်းမှာ ကြယ်လေးလုံးအဆင့်မြင့်ပါရမီရှိတယ်လို့ ငါ ကြားတယ်။ မင်း ပြိုင်ပွဲတစ်ခုကစားဖို့ စိတ်ဝင်စားလား" လီဖူချန်းက စားနေစဉ် အချိန်အခါမသင့်တဲ့အသံတစ်ခုက ထွက်လာတယ်။

လီဖူချန်းက ကြည့်လိုက်တယ်၊ သူ့ရှေ့မှာ ရပ်နေတဲ့အနီရောင်ဆံပင်နဲ့အမျိုးသမီးတစ်ယောက်ကို မြင်လိုက်တယ်။ သူမရဲ့ကျင့်ကြံခြင်းက သူနဲ့ အတူတူပဲ၊ သူမက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။

"စိတ်မဝင်စားဘူး"

လီဖူချန်းက ခေါင်းငုံ့ကာ ဆက်စားနေခဲ့တယ်။

"ဘာလို့၊ နင် မရဲတာလား" အနီရောင်ဆံပင်နဲ့အမျိုးသမီးက မေးငေါ့လိုက်တယ်။

လီဖူချန်းက ခေါင်းတောင် မမော့ဘူး"ငါ မရဲတာ မဟုတ်ဘူး။ မလိုအပ်လို့ပဲ၊ မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ကို မယှဉ်နိုင်ဘူး"

ဒါကို ကြားပြီး အနီရောင်ဆံပင်နဲ့အမျိုးသမီးရဲ့မျက်နှာက နစ်မြုပ်သွားတယ်"နင်က ယုံကြည်မှုလွန်ကဲလှပါလား။ မတိုက်ခိုက်ဘဲနဲ့ ငါက နင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

လီဖူချန်းက တိုးတိုးလေးပြောလိုက်တယ်" မင်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ရှစ်သိန်းပဲ ရှိတယ်၊ ငါက တစ်သန်းကျော်တယ်။ မင်းက ငါ့ကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ" ပြောနေရင်း လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်နတ်ဘုရားစွမ်းအားအတက်အကျကို ထုတ်လွှတ်လိုက်တယ်၊ အားကောင်းတဲ့နတ်ဘုရားစွမ်းအားအတက်အကျက အနီရောင်ဆံပင်နဲ့အမျိုးသမီးကို ‌နောက်သို့ ခြေတစ်လှမ်းဆုတ်စေခဲ့တယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" အနီရောင်ဝတ်အမျိုးသမီးက အနည်းငယ်မယုံချင်နိုင်ဘူးဖြစ်နေတယ်။ ပုံမှန်အခြေအနေအောက်မှာ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးသိန်းနဲ့တစ်သန်းအကြားမှာ ရှိတယ်။ အစစ်အမှန်ပါရမီရှင်တစ်ယောက်ကပဲ ဒီတန်ဖိုးကို ကျော်လွန်နိုင်တယ် ဒါပေမယ့် ပါရမီရှင်တစ်ယောက်ဆိုရင်တောင် နတ်ဘုရားစွမ်းအားကို စုဆောင်းဖို့ အချိန်ယူရမယ်၊ သူမကို အချိန်ပေးရင် နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သန်းကို ကျော်လွန်မယ်လို့ သူမက ယုံကြည်ချက်ရှိတယ်၊ ဒါပေမယ့် လီဖူချန်းကကျ‌ရော၊ သူမထက် ငယ်တယ်၊ သူ ဘယ်လိုလုပ်ပြီး နတ်ဘုရားစွမ်းအားကို စုဆောင်းနိုင်ခဲ့တာလဲ။

အေးစက်စွာ နှာခေါင်းရှုံ့လျက် အနီရောင်ဝတ်အမျိုးသမီးက ပြောလိုက်တယ်" နတ်ဘုရားစွမ်းအားက ငါ့ထက် ပိုသန်မာရင်တောင် လူတစ်ယောက်ရဲ့ခွန်အားက နတ်ဘုရားစွမ်းအားပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး" သူမက ကြယ်လေးလုံးအလယ်ဆင့်အရည်အသွေးရှိပြီး အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားခဲ့တယ်။ ၎င်းရဲ့စွမ်းအားက အခြားသူတွေရဲ့ပြီးပြည့်စုံခြင်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်ဒါမှမဟုတ်အဆုံးစွန်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်နဲ့တောင် ညီမျှတယ်။ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သူမထက် ပိုမြင့်ရင်တောင် သူမရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ သူမက ယုံကြည်တယ်။

လီဖူချန်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားမလားကိုတော့ သူမက လုံးဝမတွေးထားပါဘူး။

"မင်းက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားမှတော့ တိုက်ကြတာပေါ့။ ဒါပေမယ့် ငါ စားပြီးတဲ့အထိ စောင့်အုံး" တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်းက ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာ လီဖူချန်းက သိတယ်။ အနာဂတ်မှာ အနှောင့်အယှက်တွေ မကြာခဏမဖြစ်လာဖို့ သူက သူ့ခွန်အားကို အနည်းငယ်ပြဖို့ ဆုံးဖြတ်ခဲ့တယ်။

"ကောင်းပြီ၊ ငါ စောင့်နေမယ်"

အနီရောင်ဆံပင်နဲ့အမျိုးသမီးက ကပ်လျက်စားပွဲပေါ်မှာ ထိုင်ကာ သောက်စရာတစ်ခုကို မှာလိုက်တယ်။

"အဲဒါ ခလာနာပဲ၊ အသစ်ရောက်လာတဲ့သူက ကံဆိုးတာပဲ"

"အသစ်လာတဲ့သူလား။ သူ ဘယ်သူလဲဆိုတာ မင်း သိလား၊ သူက လက်ရှိ ငါတို့အထဲမှာ အရည်အချင်းအရှိဆုံးပဲ၊ သူမှာ ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးရှိတယ်"

"ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးလား၊ ကျွတ်၊ ကျွတ်......."

လန်ထင်ရွှယ်ထဲရှ်ိ ကုန်သွယ်ရေးခန်းမရဲ့အခြားတပည့်နှစ်‌ယောက်က ဒါကို မြင်ပြီး စိတ်လှုပ်ရှားသွားကြ‌ကာ ပြပွဲကောင်းတစ်ခုကို ကြည့်ဖို့ စောင့်မျှော်နေတော့တယ်။

All Chapters