အခန်း ၂၄၁
Vol. 17 Ch. 241
အခန်း (၂၄၁)
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများ
စားသောက်ဆိုင် ဖွင့်ပွဲ ပထမနေ့တွင် အသစ်အဆန်း အရသာကို စမ်းသပ်ရန် လာရောက် မြည်းစမ်းသူတွေ အများကြီး ရှိခဲ့ပြီး စားသောက်ချင်လို့ လာသည့်သူများ များသည့်အပြင် တင်ဆက်သူကို တွေ့ချင်လို့ လာသည့် သူများလည်း တော်တော်များပါသည်။
လန်ကျားယီသည်လည်း ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။ စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပထမဆုံး ကံထူးရှင် တစ်ဦးအနေဖြင့် ဒီစားသောက်ဆိုင်ရှိ ဆေးဖက်ဝင် ဟင်းလျာများ၏ အကျိုးသက်ရောက်မှုကို သံသယ မရှိပေ။
ဒီတစ်ခါမှာတော့ သူက စိတ်အား ထက်သန်စွာ ပြေးလာခဲ့သည်။ စားသောက်ရတာ အဆင်ပြေပေမယ့် သူ ဒီကို လာရသည့် အဓိက ရည်ရွယ်ရင်းမှာ တင်ဆက်သူကို မြင်တွေ့ချင်လို့ပင် ဖြစ်သည်။
သို့ရာတွင် သူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
လန်ကျားယီသည် စားသောက်ဆိုင် အတွင်းသို့ ဝင်လာပြီးနောက် ထိုင်ရန် အလျင်စလို မလုပ်ခဲ့ပေ။ အဲ့ဒီအစား သူက စားသောက်ဆိုင် မန်နေဂျာကို ရှာဖွေရန် လှည့်ပတ် သွားလာခဲ့သည်။
ဆိုင်တွင်းရှိ ဝန်ထမ်းတွေက စားသောက်ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဆိုင်မန်နေဂျာက ဘယ်မှာလဲလို့ မေးနေခဲ့သည့် ထူးဆန်းသော စားသုံးသူကို အာရုံစိုက်ထားခဲ့သည်။ ဆိုင်ထဲသို့ ဝင်ပြီးနောက် စားပွဲဝိုင်း တစ်ခုတွင် ဝင်ရောက် ထိုင်နေခြင်း မရှိတာကြောင့် သူ့ကို ဒီနေရာမှာ ပြဿနာ လာရှာသည့် သူလို့ ထင်မြင် လာခဲ့ကြသည်။
သူက တတိယအကြိမ်မြောက် ရှာရန် ထရပ်လာတော့ ဝန်ထမ်းတွေက မမေးမြန်းပဲ မနေနိုင်တော့ပေ။
“ဆရာ၊ ဘာရှာနေတာပါလဲ။ ကူညီပေးဖို့ လိုအပ်သလား”
လန်ကျားယီသည် မတုံးမအပေ။ စားပွဲထိုးတွေက သူ့ကို သတိထားနေတာကို သူ ဘယ်လိုလုပ်ပြီး မမြင်ပဲ နေမှာလဲ။ လန်ကျားယီက သူ့နှာခေါင်းထိပ်ကို အပြစ်ရှိဟန် ထိတွေ့လိုက်ပြီး ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။
“ဒါက... ဒါက ဘာမှ မဖြစ်ပါဘူး။ ငါ လမ်းလျှောက်ကြည့်ရုံပါပဲ”
“ကောင်းပါပြီ။ အခု စားသောက်ဆိုင်မှာ အတော်လေး အလုပ်များပြီး လူစည်ကား နေတာကြောင့် စားသုံးသူရဲ့ စားသောက်မှု အတွေ့အကြုံကို မထိခိုက်စေဖို့ တတ်နိုင်သမျှ နေရာ အမြန်ဆုံး ရှာတွေ့နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ စားပွဲထိုး ဝန်ထမ်းမလေးတွေက စားသုံးသူကို တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်အောင် ဝန်ဆောင်မှု ပေးပါလိမ့်မယ်”
စားပွဲထိုးဝန်ထမ်းရဲ့ စကားလုံးတွေက ယဉ်ကျေးသော်လည်း သူ့ကို နေရာအတည်တကျ ထိုင်ပေးဖို့ သတိပေးနေတာမှန်း လန်ကျားယီ တစ်ယောက် ပြောနိုင်ပေသည်။ တကယ်လို့ သူက ဆက်လက်ပြီး ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှု နေမယ်ဆိုပါက၊ သူတို့က တစ်ခုခု ဆုံးဖြတ်ပေလိမ့်မည်။
လန်ကျားယီက တစ်စုံတစ်ယောက်ကို အမှန်တကယ် ရှာချင်နေသော်လည်း စားသောက်ဆိုင်ရှိ လူများနှင့် ပဋိပက္ခ မဖြစ်ချင်ပေ။
လန်ကျားယီသည် တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် ကြည့်ရှုသူများကို ဒီလို တားမြစ် ထားလိမ့်မယ်ဟု တွေးထားခဲ့ပြီးသား ဖြစ်သည်။ သူတို့သည် ကြည့်ရှုသူတွေရဲ့ အိုင်ပီလိပ်စာများကိုပင် စစ်ဆေးကြည့်ရှုနိုင်ပြီး သူတို့ရဲ့ တစ်မိသားစုလုံးကို ပိတ်ပင်နိုင်သည်။ လန်ကျားယီသည် ဆက်လက်ပြီး အထက်စီး မဆန်ရဲတော့ပေ။ သူက ထိုင်ဖို့ နေရာကို အမြန်ရှာပြီး ကြက်တစ်ကောင်လို တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့သည်။
စားသောက်ဆိုင် တစ်ခုလုံး လူပြည့်နေခဲ့ပြီး ထိပ်ပြောင်ဂိုဏ်းဝင်တွေနဲ့ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲသည့် အန်တီအဖွဲ့ဝင်တွေက စားသောက်ဆိုင်ရဲ့ ဧရိယာ တစ်ဝက်နီးပါး သိမ်းပိုက်နေရာယူ ထားခဲ့သည်။
လန်ကျားယီသည် ဒုတိယထပ် ထောင့်နားမှာ လစ်လပ်နေသော ထိုင်ခုံတစ်လုံးကို မတွေ့ခင် အချိန် အတော်ကြာအောင် ရှာဖွေခဲ့ရသည်။
“မိန်းကလေး၊ မင်း ကြည့်ပါလား၊ ဒီစားသောက်ဆိုင်မှာ ခုံလွတ် မရှိတော့ဘူး။ ကျွန်တော်တို့ အတူ ဝိုင်းထိုင်မယ် ဆိုရင်ရော အဆင်ပြေနိုင်မလား”
လန်ကျားယီသည် ထိုစကားကို ပြောပြီးနောက် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားရသည်။ သူ့အပြောက ကောင်မလေး တစ်ယောက်ကို ရိုက်နှက် လိုက်သလို ဖြစ်သွားသည်။
စုယန်ယန် တစ်ယောက် အခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေရတာကို ငြီးငွေ့နေခဲ့သည်။ သူမသည် လေကောင်းလေသန့်ရှူပြီး ရေနွေးကြမ်း တစ်ခွက်လောက် သောက်ချင်လို့ အပြင် ထွက်လာခဲ့သော်လည်း သူမနှင့် စကားပြောဆိုရန် တစ်စုံတစ်ယောက်က သူမထံ လမ်းလျှောက် လာလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ခေါင်းမော့ပြီး လန်ကျားယီကို တစ်ချက် ကြည့်လိုက်သည်။
လန်ကျားယီ နှင့်အတူ လိုက်ပါလာသည့် စားပွဲထိုးဝန်ထမ်းက အံ့အားသင့် သွားသည်။ “ဆရာ၊ သင်...”
“ထိုင်ပါ” စုယန်ယန်က စားပွဲထိုးဝန်ထမ်းကို တစ်ချက် ကြည့်လိုက်ပြီး လန်ကျားယီ၏ အကြုံပြုချက်ကို မငြင်းဆန်ခဲ့ပေ။
စားပွဲထိုးဝန်ထမ်းက အမြန်တုံ့ပြန်သည်။ သူက လည်ချောင်းရှင်းပြီး ပြောလိုက်သည်၊ “ဆရာ၊ ဒါက မန်နေဂျာ သင့်အတွက် အတည်ပြုပေးထားတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေနဲ့ တန်ဖိုးငွေပါ။ ကျေးဇူးပြုပြီး အတည်ပြု စစ်ဆေးပေးပါ”
လန်ကျားယီသည် ဒီစားသောက်ဆိုင်ကို လုံးဝ ယုံကြည်သည်။ စဉ်းစား တွေးတောခြင်း မရှိပဲ၊ အမှာစာကို အတည်ပြုပြီး ငွေပေးချေခဲ့သည်။
စားပွဲထိုး ဝန်ထမ်း ထွက်ခွာ သွားပြီးနောက် သူက စုယန်ယန်နှင့် စကားစမြည် ပြောဆိုလာခဲ့သည်။
“မိန်းကလေး၊ မင်းကရော တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူ ပရိသတ် တစ်ယောက်လား”
စုယန်ယန် တစ်ယောက် မျက်ခုံးပင့်သွားသည်။ “ကြည့်ရှုသူလား”
“မင်း မဟုတ်ဘူးလား”
စုယန်ယန် ခေါင်းခါ လိုက်သည်။
လန်ကျားယီ ကြည့်ရတာ စိတ်ပျက်သွားပုံပဲ။ “ဒါဆိုရင် မင်း ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
“ဒီဆိုင်က အသစ် ဖွင့်လှစ်လို့လေ။ ဆိုင်ရဲ့ အပြင်အဆင်က လှပပြီး မီနူးကလည်း အထူး ထုတ်ထားလို့၊ ကျွန်မ တစ်ချက်လောက် လာကြည့်လိုက်တာ၊ ဘာဖြစ်လို့လဲ။ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူ မဟုတ်ရင် ဒီကို လာစားလို့ မရဘူးလား”
“မဟုတ်၊ မဟုတ်ပါဘူး”
လန်ကျားယီက သူ့လက်တွေကို အလျင်စလို ခါယမ်းပြကာ “မင်း အထင်မလွဲပါနဲ့။ ကျွန်တော်က အဲ့လို ပြောချင်တာ မဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းလောက် အံ့အားသင့် သွားလို့ပါ။
***