← Chapters

အနိုင်ယူရတာ လွယ်ကူခြင်း

Vol. 82 Ch. 1147

အနိုင်ယူရတာ လွယ်ကူခြင်း

Vol. 82 Ch. 1147

လီဖူချန်းက အချိန်အတော်ကြာတဲ့အထိ စားသောက်တာ မပြီးသေးပါဘူး၊ အကြောင်းကတော့ လန်ထင်ရွှယ်ရဲ့အစားအစာတွေက အရသာရှိလွန်းလို့ပဲ။ လီဖူချန်းက အစားကြီးတဲ့လူတစ်ယောက်မဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ သူက အစားကြီးနေပါပြီ။

ဒါပေမယ့် သူတို့က အစားကြီးရင်တောင် သာမန်အစစ်အမှန်နတ်ဘုရားတွေက စွမ်းအင်အများကြီးတဲ့ဒီလိုအစားအစာတွေ အများကြီးကို မစားနိုင်ပါဘူး။

ဒီအစားအစာတွေရဲ့ပါဝင်ပစ္စည်းတွေအားလုံးက အစစ်အမှန်နတ်ဘုရားသားရဲတွေနဲ့ကြယ်နှစ်လုံးနတ်ဘုရားပုံရိပ်ယောင်သက်ရှိတွေပဲ။ အသားနဲ့သွေးမှာပါဝင်တဲ့စွမ်းအင်က ထူးကဲလှပြီး အဆင့်မြင့်နတ်ဘုရားတစ်ယောက်က သေးငယ်တဲ့အပိုင်းအစတစ်ခုကို စားရင်တောင် ချေဖျက်ဖို့ အချိန်အကြာကြီး လိုအပ်လိမ့်မယ်။ မင်းက အစားများရင် ပေါက်ကွဲပြီး သေရလိမ့်မယ်။

ပြီးတော့ အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဒီလေက်အများကြီးကို တစ်ချက်တည်းနဲ့ မစားရဲပါဘူး။

ဒီအစားအစာတွေမှာ ပါဝင်တဲ့ စွမ်းအင်ကြောင့် နတ်ဘုရားစွမ်းအားက စွမ်းအင်အများစုကိုပဲ ချေဖျက်နိုင်ပြီး ကျန်ရှိနေတဲ့အစိတ်အပိုင်းကို နန်ဘုရားခန္ဓာကိုယ်က စုပ်ယူသန့်စင်ဖို့ လိုအပ်တယ်။ နတ်ဘုရားခန္ဓာကိုယ်က လုံလုံလောက်လောက် မသန်မာရင် အပြည့်အဝမစုပ်ယူနိုင်ပါဘူး။

လီဖူချန်းက ဒီလောက်အများကြီးကို တစ်ခါတည်းနဲ့ စားနိုင်တဲ့အကြောင်းကတော့ သူ့မှာ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ရှိလို့ပဲ။

သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က အဆင့်မြင့်နတ်ဘုရားအဆင့်မှာပဲ ရှိသေးပေမယ့် ဖျက်ဆီးဥပဒေသက ထူးကဲလှတာကြောင့် စွမ်းအင်စုပ်ရတာ အလွန်ခက်ခဲတဲ့အရာအချို့ကို တကယ် စုပ်ယူနိုင်တယ်၊ ဒီစွမ်းအင်ကို စုပ်ယူနေစဉ် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က တည်ငြိမ်စွာ မြင့်တက်နေတုန်းပဲ။ ဥပဒေသနယ်ပယ်ချိုးဖြတ်ခြင်းက အနည်းငယ်တိုးတက်လာပုံရတယ်။

ဥပဒသနယ်ပယ်ချိုးဖြတ်ခြင်းကို တိုးတက်စေဖို့ဆိုရင် နားလည်ခြင်းပဲ လိုအပ်တာမက ပြင်ပအားကိုလဲ အသုံးပြုဖို့ လိုအပ်တယ်။

လီဖူချန်းက စိတ်ထဲမှာ အလင်းရသွားတယ်။

"အချိန်ဆွဲတာက ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်နေတာလား" လီဖူချန်းက စားသောက်တာ မပြီးသေးတာကို မြင်တဲ့အခါ ခလာရာက ပြောလိုက်တယ်။

လီဖူချန်းက သူမကို လစ်လျူရှုကာ နောက်ဆုံးဟင်းကို အေးအေးဆေးဆေး စားလိုက်တယ်။

ဟင်းကုန်တော့မှ လီဖူချန်းက ထရပ်လိုက်တယ်"သွားကြစို့"

တော်တော်စိတ်အနှောင်အယှက်ပေးတဲ့အမျိုးသမီး၊ ဒင်းကို သင်ခန်းစာပေးရမယ်၊ လီဖူချန်းက တွေးထားတယ်။

……

ကုန်သည်သင်္ဘောထဲမှာ သိုင်းလေ့ကျင့်ရေးကွင်းပြင်သုံးခုရှိပြီး လန်ထင်ရွှယ်အနီးမှာ သိုင်းလေ့ကျင့်ရေးကွင်းပြင်ရှိတယ်။

လေ့ကျင့်ရေးကွင်းပြင်က အလွန်ကြီးတယ်၊ မီးတာတစ်ထောင်ထက် ပိုရှည်ပြီး အပြင်ဘက်မှာ ပွဲကြည့်နေရာတွေအများကြီးရှိတယ်။

"ကြည့်စမ်း၊ အဲဒါ ခလာနာမလား"

"သူမနောက်ကလူက အသစ်ရောက်လာတဲ့ကြယ်လေးလုံးအဆင့်မြင့်အ‌ရည်အသွေးရှိတဲ့သူပဲ ဖြစ်မယ်"

လေ့ကျင့်ရေးကွင်းမှာ လူဒါဇင်ခန့်ရှိနေတယ်။

လီဖူချန်းနဲ့ခလာနာလာတာကို မြင်ပြီး လူတိုင်းက အလွန်စိတ်ဝင်စားသွားတယ်။

သူတို့အထဲမှာ ခလာနာက သေချာပေါက်ရေပန်းအစားဆုံးပေါ့။ ကုန်သွယ်ရေးခန်းမရဲ့တပည့်တွေထဲမှာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိနေတဲ့ ပုထျဲကလွဲပြီး တစ်ယောက်မှ သူမရဲ့ပြိုင်ဘက်မဟုတ်ဘူးလေ။

"မင်း အရင်စ"

သိုင်းကွင်းပြင်ပေါ်မှာ ခလာနာကို ကြည့်ကာ လီဖူချန်းက အေးအေးဆေးဆေးပြောလိုက်တယ်။

"ယုံကြည်မှုများတာကလဲ ကောင်းလွန်းတာမဟုတ်ဘူး၊ ဖီးနစ်ငှက်သတ်ဖြတ်ခြင်း"

ခလာနာက သူမရဲ့လက်ဝါးကို လှန်လိုက်တယ်၊ မီးလျှံတွေရှိတဲ့သွေးနီရောင်လှံတံတစ်ခုက သူမရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ ခလာရာက မီးဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီ တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။

ဖီးနစ်ငှက်သတ်ဖြတ်ခြင်း၊ အဆုံးစွန်းအဆင့်မြင့်မီးတာအိုနတ်ဘုရားအတတ်။

"ဒါက မင်းလုပ်နိုင်တာ အကုန်ဆိုရင် ငါ့ရဲ့အချိန်ကို မဖြုန်းနဲ့တော့"

လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်၊ ခလာနာတစ်ကိုယ်လုံးကို မမြင်နိုင်တဲ့ဧရာမတူတစ်လက်က ရိုက်ချလိုက်သလို ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး သွေးတွေ ပန်းထွက်လာတယ်။

နှစ်ယောက်ကြားနတ်ဘုရားစွမ်းအားကွာဟချက်က ကြီးမားလွန်းတယ်လေ။

"သန်မာလွန်တယ်၊ ခလာနာက တစ်ချက်တောင် မခံနိုင်ဘူး"

"တစ်ကွက်ပဲလား။ သူက ဘာမှတောင် မလုပ်ရသေးဘူးလေ၊ နတ်ဘုရားစွမ်းအားတုန်ခါသွားရုံလေးပဲ"

"သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဘယ်အဆင့်မှာ ရောက်နေမလဲ ငါ သိချင်တယ်"

လူအုပ်ကြီးက မှင်တက်သွားတယ်၊ သူတို့ရဲ့မျက်လုံးတွေကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။

"ကြယ်လေးလုံးအဆင့်မြင့်အရည်အ‌သွေးနဲ့ တကယ်ကို ထိုက်တန်ပါတယ်" လန်ထင်ရွှယ်မှလာတဲ့တပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

"စပကောင်၊ နင် သေချင်နေတာပဲ"

ခလာနာက မြေပြင်မှ ထလာတယ်၊ သူမရဲ့မျက်နှာပေါ်ရှိဂုဏ်ယူဝင့်ကြွားမှုက လုံးဝပျောက်နေပြီး ဒေါသများသာ တည်ရှိနေတော့တယ်။

"ကိုးရက်ကြာ ဖီးနစ်ငှက် ကခုန်ခြင်း"

ဖီးနစ်ငှက်အော်သံက ထွက်ပေါ်လာတယ်၊ ကြီးမားတဲ့ဖီးနစ်ငှက်ပုံရိပ်တစ်ခုက ခလာနာရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။ ဒေါသမီးလျှံတွေက အကွာအဝေးတစ်ခုမှလူတွေကို မခံရပ်နိုင်လောက်အောင် ပူစေတယ်။

မီးဖီးနစ်က တောင်ပံတွေ ခတ်လိုက်တယ်၊ မီးတာအိုဥပဒေသက သိုင်းကွင်းပြင်မှာ သိပ်သည်းလာတယ်။

ဒီလိုမျိုးမီးတာအိုဥပဒေသထိန်းချုပ်ခြင်းကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအများစုက မပြုလုပ်နိုင်ဘူး၊ ခလာနာက အဆင့်နိမ့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးပြုတာတောင် လုပ်နိုင်ရုံမျှပဲ။

ဖီးနစ်ငှက်က ထပ်မံအော်ဟစ်လိုက်တယ်၊ ခလာနာက သူမခန္ဓာကိုယ်ပေါ်ရှိ မီးဖီးနစ်အရိပ်ကို ယူကာ မီးအလင်းတန်းအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲပြီး လီဖူချန်းထံ တစ်ဟုန်ထိုးပြေးဝင်လာတယ်။

အရှိန်က မြန်လွန်းတယ်၊ အဲနေရာမှာ သူတို့ဆိုရင် ကျင့်ကြံခြင်းနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိရင်တောင် ရှောင်တိမ်းဖို့ နည်းလမ်းမရှိဘူး။

အစစ်အမှန်နတ်ဘုရားတွေဖြစ်တဲ့ကုန်သွယ်‌ရေးခန်းမရဲ့တပည့်အချို့က ခါးသီးစွာ ပြုံးလိုက်တယ်။ ဒီအကွက်နဲ့ရင်ဆိုင်ရရင် သူတို့ကတောင် ရှောင်တိမ်းဖို့ အချိန်ရှိမှာမဟုတ်ဘူး။ သူတို့ပြုလုပ်နိုင်တဲ့အရာကတော့ ‌သေဖို့စောင့်နေတာပဲ။

"အချိန်ဖြုန်းနေတာပဲ"

လီဖူချန်းက ခေါင်းခါလိုက်တယ်၊ ပိုကြမ်းတမ်းတဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်။

ဝှစ်.......

မီးဖီးနစ်ရဲ့အရိပ်က ပျက်ဆီးသွားတယ်၊ ဖလာနာက ကျိုးပြတ်သွားတဲ့အိတ်တစ်ခုအလား လွင့်ထွက်သွားပြီး လေ့ကျင်ရေးကွင်းပြင်ရဲ့အကာအကွယ်နဲ့ ရိုက်မိကာ နောက်ပြန်လဲကျသွားတယ်။

သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းသာမက နတ်ဘုရားစိတ်ဝိညာဉ်နဲ့ဓားတာအ်ိုနတ်ဘုရားစွမ်းအားပေါင်းစပ်မှုကို ခလာနာအနေနဲ့ မယှဉ်နိုင်ပါဘူးလေ။

ခလာနာရဲ့ရင်ဆိုင်ဖို့ဆိုရင် ဘာအကွက်မှ သုံးစရာမလိုဘူး။ သူက ဆန္ဒရှိရင် နတ်ဘုရားစွမ်းအားတုန်ခါမှုလှိုင်းတစ်ခုက ရန်သူရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ပျက်ဆီးကာ သေဆုံးသွားစေနိုင်တယ်။

"ဒါ ဘယ်လိုဖြစ်တာလဲ" ခလာနာရဲ့ခန္ဓာကိုယ်က အက်ကွဲသွားပြီး သူမရဲ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေတော့တယ်။

သူမကို လီဖူချန်းက အပြတ်အသတ် အနိုင်ယူခဲ့တာပဲ။

"နှစ်ပေါင်းတစ်သောင်းလေ့ကျင်ရင်တောင် မင်းက ငါ့အတွက် ပြိုင်ဘက်မဖြစ်လာနိုင်ဘူး"

ပြောပြီးနောက် လီဖူချန်းက ပြန်လှည့်ကာ သိုင်းလေ့ကျင့်ရေးကွင်းပြင်မှ ထွက်ခွာသွားတယ်။

……

သူက လေ့ကျင်ဖို့ အလျင်မလိုပါဘူး။ ရက်အနည်းငယ်အထိ လီဖူချန်းက ကုန်သည်သင်္ဘောထဲမှာ လှည့်ပတ်နေပြီး သူ လိုချင်တာ တစ်ခုခုကို တွေ့တဲ့အခါ သူက တိုက်ရိုက်ဝယ်ယူခဲ့တယ်။

ဘယ်လိုပဲပြောပြော၊ လက်ရှိသူ့မှာ နတ်ဘုရားကျောက်တုံးအများကြီးရှိတယ်၊ အရေးကြီးဆုံးအရာကတော့ သူ့မှာ နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ အလကားအသုံးပြုခွင့်ရှိတယ်လေ။ သူ့ရဲ့သုံးစွဲမှုက နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံကို မကျော်သရွေ့ သူက နတ်ဘုရားကျောက်တုံးတွေအတွက် ပေးချေစရာမလိုပါဘူး။

ဒါပေမယ့် ‌တောက်ပနတ်ဘုရားကမ္ဘာကို ကုန်သည်သ‌င်္ဘောရောင်းချတဲ့တန်ဖိုးအရ လီဖူချန်းရဲ့ခွဲတမ်းတစ်ဆယ်ထရီလီယံက သိပ်မကြီးပေမယ့် ကုန်သွယ်ရေးခန်းမရဲ့ပင်မတပည့်တစ်ယောက်ဖြစ်လာပြီးနောက် အဲဒါက ကုန်သွယ်ရေးခန်းမအနေနဲ့ အဆတစ်ရာဈေးမြှင့်တင်ထားတဲ့ရလဒ်ဆိုတာ သူက သိလာခဲ့တယ်။ ‌ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက အညံ့စားနတ်ဘုရားကျောက်တုံးငါးဘီလီယံကနေနှစ်ဆယ့်ငါးဘီလီယံကြား ရှိတယ်၊ ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးအနေနဲ့ သူက အညံ့စားနတ်ဘုရားကျောက်တုံးသန်းငါးရာကနေ၂.၅ဘီလီယံထိသာ ပေးချေဖို့ လိုအပ်တယ်၊ ဒီနည်းလမ်းအားဖြင့် နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံခွဲတမ်းက အတော်လေးကြောက်စရာကောင်းလှတယ်။

"အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို အရင်ဝယ်ရမယ်"

အဆင့်နိမ့်နတ်အစစ်အမှန်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးက အညံ့စားနတ်ဘုရားကျောက်တုံးငါးဘီလီယံကနေနှစ်ဆယ့်ငါးဘီလီယံ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးက ဘီလီယံငါးဆယ်ကနေ ဘီလီယံနှစ်ရာ့ငါးဆယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ငါးရာဘီလီယံကနေ ဘီလိီယံနှစ်ထောင့်ငါးရာအထိ ရှိတယ်၊ ဒီလောက်တွေကတော့ လီဖူချန်းက တတ်နိုင်ပါတယ်။

စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကတော့ဘ ကုန်သည်သ‌င်္ဘောမှာ တစ်ခုမှ မရှိဘူး၊ ရှိရင်တောင် လီဖူချန်းက မတတ်နိုင်ပါဘူး။

သူ သိထားသလောက်ဆိုရင် စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ယူတဲ့အခါ အညံ့စားနတ်ဘုရားကျောက်တုံးတွေနဲ့ မပေးချေနိုင်ဘူး၊ ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေနဲ့သာ ဖြစ်ပြီး တန်ဖိုးက အလွန်မြင့်တယ်။ သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘီလီယံအနည်းငယ်ကျသင့်တယ်။

"နတ်ဘုရားမီးခွဲလက်အိတ်"၊"နတ်ဘုရားမီးခွဲချပ်ဝတ်"၊ "နတ်ဘုရားမီးခွဲဖိနပ်"၊ "နတ်ဘုရားမီးခွဲလည်ဆွဲ"၊ "နတ်ဘုရားမီးခွဲဒူးကာ"။

လီဖူချန်းက အဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို မျက်စိကျခဲ့တယ်။ စုစုပေါင်းအပိုင်းငါးခုရှိပြီး အရည်အသွေးက ပြီးပြည့်စုံတယ်။

ယေဘုယျပြောရရင် ပြီးပြည့်စုံခြင်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက နတ်ဘုရားကျောက်တုံးနှစ်ထရီလီယံခန့်ရှိပြီး ငါးပိုင်းဆိုရင် တစ်ဆယ်ထရီလီယံရှိတယ်။

ဒါပေမယ့် အစုံလိုက်က မတူဘူး။ အပိုင်းသုံးခုပါတစ်စုံဆိုရင် နှစ်ဆယ်ထရီလီယံကို ကျော်လွန်ပြီး အပိုင်းငါးပိုင်းပါတစ်စုံဆိုရင် ငါးဆယ်ထရီလီယံကို ကျော်လွန်တယ်။

ကံကောင်းစွာနဲ့ လီဖူချန်းက ဝယ်ရင် သူက တန်ဖိုးရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုပဲ ပေးချေဖို့ လိုအပ်ပြီး ငါးဆယ်ထရီလီယံက ငါးထရီလီယံဖြစ်တယ်၊ အခမဲ့ခွဲတမ်းရဲ့တစ်ဝက်ကို အသုံးပြုခဲ့တယ်။

"ဒီအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံနဲ့ဆိုရင် ငါ့ရဲ့မီးတာအိုခွန်အားက ဆယ်ဆကျော် တိုးလာမှာသေချာတယ်"

အစုံတစ်စုံရဲ့ခွန်အားတိုးမှုက ကြောက်စရာကောင်းလွန်းတယ်။ တစ်နဲ့တစ်ပေါင်းရင် နှစ်ဖြစ်တာလောက် မရိုးရှင်းဘူး။ ဒါ့အပြင် ဒါက ပြီးပြည့်စုံခြင်းအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ပြီး လီဖူချန်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပဲ ရှိသေးတယ်။

"အဆုံးစွန်းအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံတစ်စုံတောင် မရှိဘူးပဲ"

အစုံတစ်စုံကို သန့်စင်ရတာ ပန်းပဲဆရာတွေအတွက် အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုဆိုတာ လီဖူချန်းက မသိပါဘူး၊ အပိုင်းငါးခုပါတစ်စုံကို သန့်စင်ရတာ အဆတစ်ရာပိုတောင်ခက်ခဲတယ်။ အရင်နှစ်တွေကတုန်းကဆိုရင် ပျမ်းမျှဒါမှမဟုတ်ထူးကဲအဆင့်တွေသာ အများဆုံးရှိပြီး အခြေခံအားဖြင့် အပိုင်းသုံးပိုင်းပါအစုံတစ်စုံသာ ရှိတယ်။

မီးတာအိုခွန်အားက တိုးတက်လာသလို အဆုံးစွန်းဓားတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ကို ဝယ်ယူဖို့ လီဖူချန်းက နှစ်ရာ့လေးဆယ်ဘီလီယံကို အသုံးပြုခဲ့တယ်။

ဒီအစစ်အမှန်ဓားတာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သေမင်းဓားလို့ ခေါ်တယ်။ ၎င်းက အလွန်ရိုးရှင်းတဲ့နာမည်တစ်ခုဖြစ်သလို အလွန်အန္တရာယ်များတဲ့နာမည်တစ်ခုလဲ ဖြစ်တယ်။

အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဝယ်ယူပြီးနောက် လီဖူချန်းက အစစ်အမှန်နတ်ဘုရားအတတ်နေရာကို ရောက်ရှိလာတယ်။

အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ ယှဉ်ရင် အစစ်အမှန်နတ်ဘုရားအတတ်ရဲ့တန်ဖိုးက လုံးဝမနိမ့်ဘူး၊ ၎င်းက အခြေခံအားဖြင့် အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ အတူတူပါပဲ။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက အလယ်ဆင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခု၊ အလယ်ဆင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခု၊ အဆင့်နိမ့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ငါးခုကို ဝယ်ယူခဲ့ပြီး စုစုပေါင်း အခမဲ့ခံစားခွင့်နှစ်ရာဘီလီယံ ကျသင့်ခဲ့တယ်။

"ဒိီလောက်ဆို ရပြီ"

အခမဲ့ခံစားခွင့်ပမာဏအများကြီးရှိနေသေးပေမယ့် သူတို့အားလုံးကို တစ်ကြိမ်တည်းနဲ့ အသုံးပြုဖို့ လီဖူချန်းမှာ အစီအစဉ်မရှိပါဘူး။ လက်ရှိမှာ ဒိီဟာတွေနဲ့တင် သူ့အနေနဲ့ ကြေညက်အောင်လုပ်ဖို့ အချိန်အကြာကြီး လိုအပ်တယ်။

All Chapters