ရုပ်သေးမျှော်စင်
Vol. 82 Ch. 1148
အခန်းသို့ ပြန်လာပြီးနောက် လီဖူချန်းက အလယ်ဆင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေကို စတင်လေ့လာခဲ့တယ်။
လက်ရှိအခြေအနေမှာ သူ့ရဲ့မီးတာအိုက အသန်မာဆုံးဖြစ်တယ်၊ ဓားတာအိုထက် အနည်းငယ်ပိုသန်မာတယ်။
ဥပဒေသနယ်ပယ်မှာ သူ့ရဲ့မီးတာအ်ိုဥပဒေသနယ်ပယ်က အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ရောက်ရှိထားပြီး ဓားတာအိုဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိထားတယ်။
နတ်ဘုရားစွမ်းအားအညွှန်းကိန်းအရ မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သူ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားဖြစ်ကာစထက် အများကြီးပိုမြင့်တယ်၊ ၁.၅သန်းမှ၂.၅သန်းအထိ တက်လာခဲ့ပြီး ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းကတော့ ၁.၅သန်းသာ ရှိတယ်။
နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုအရ မီးတာအိုက ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းရှိပြီး ဓားတာအိုက ခုနှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။
အလယ်ဆင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခု၊ သာမန်အဆင့်မှ အဆုံးစွန်းအဆင့်အထိ။
ပထမ၊ သာမန်အလယ်ဆင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်။
……
"လေ့ကျင့်ရေးအခက်အခဲက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို လေ့ကျင့်ရတာနဲ့ အလားတူတယ်"
သုံးလကြာပြီးနောက် လီဖူချန်းက အလယ်ဆင့်မီးတာအိုနတ်ဘုရားငါးခုလုံးကို ကျွမ်းကျင်ခဲ့တယ်၊ ဒါက သူထင်ထားတာထက် ပိုမြန်တယ်။
အစက နှစ်ဝက်လောက်အချိန်ယူရမယ်လို့ သူ တွေးထားခဲ့တာ။
နောက်တော့ အလယ်ဆင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခုကို ကျင့်ဖို့ ခုနှစ်လကြာခဲ့တယ်။
ဒီအချိန်အတွင်း လီဖူချန်းရဲ့ဓားတာအိုနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်မှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေအထိ နှစ်ဆင့်မြင့်တက်လာခဲ့တယ်။ တိုးတက်မှုအရှိန်က မီးတာအိုနယ်ပယ်ထက် လုံးဝအနိမ့်ကျပါဘူး။
အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်တွေကိုတောင် ကျင့်ကြံတာ ဒီလောက်မြန်တာ၊ အဆင့်နိမ့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်တွေကို ကျင့်ကြံတဲ့အခါမှာလဲ မနှေးပါဘူး။
နောက်ဆုံးမှာတော့ လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသနယ်ပယ်ကို အဆင့်မြင့်နတ်ဘုရားနယ်ပယ်မှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ ချိုးဖြတ်နိုင်ခဲ့တယ်။
နေရာလပ်-အချိန်စွမ်းအားက အစစ်အမှန်နတ်ဘုရားစွမ်းအားအဖြစ် စတင်ပြောင်းလဲလာတယ်။
"အဆင့်နိမ့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် သူမှာ လွတ်မြောက်ဖို့ အခွင့်အရေးကောင်းတစ်ခုရှိလာလိမ့်မယ်"
လွတ်မြောက်ရေးစွမ်းရည်အရဆိုရင် နေရာလပ်-အချိန်ဥပဒေသက အဆင့်၂ဖြစ်ရင် ဘယ်ဥပဒေသကမှ အဆင့်၁မယူရဲပါဘူး။
နေရာလပ်-အချိန်လှိုင်းတစ်ခုနဲ့အတူ လီဖူချန်းက လေ့ကျင့်ရေးခန်းရဲ့အခြားတစ်ဖက်မှာ ချက်ချင်း ထွက်ပေါ်လာတယ်။ အသံတစ်သံမှ မထွက်ဘူး၊ ပုံရိပ်အကြွင်းအကျန်တွေ မရှိဘူး၊ လီဖူချန်းက လေ့ကျင့်ရေးခန်းထဲမှာ ရှိနေသလိုပါပဲ။
"ဒါ တည်နေရာရွှေ့ပြောင်းခြင်းပဲ"
လီဖူချန်းက ပြုံးလိုက်တယ်။
နေရာလပ်-အချိန်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပြီးနောက် လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသအရိပ်အယောင်တစ်ခုကို ချိုးဖြတ်လာနိုင်တယ်။
ထိန်းချုပ်ခြင်းနဲ့အသုံးပြုခြင်းက လုံးဝမတူဘူးဆိုတာ မင်းသိရမယ်။ နေရာလပ်-အချိန်ဥပဒေသအရိပ်အယောင်တစ်ခုထိန်းချုပ်ခြင်းစွမ်းရည်နဲ့ဆိုရင် သူက နောက်တစ်နေရာကို ချက်ချင်းရွေ့လျားနိုင်တယ်။ ဒါပေမယ့် ဒီရွေ့လျားရေးအကွာအဝေးက အကန့်အသတ်ရှိတယ်၊ အကွာအဝေးအဆုံးမဲ့ရွေ့လျားဖို့က မဖြစ်နိုင်ဘူး။ အချိန်ဥပဒေသဘုရင်တွေကပဲ အဆုံးမဲ့အကွာအဝေးကို တည်နေရာရွှေ့ပြောင်းနိုင်တယ်။
လီဖူချန်းမှာ သူ့ရဲ့ကိုယ်ပိုင်အတွေးရှိတယ်။ သူက နေရာလပ်-အချိန်ဥပဒေသကို ကျင့်ကြံတယ်။ သူ့ရဲ့အသက်ရှင်သန်နိုင်စွမ်းကို ပိုသန်မာလာစေဖို့အပြင် အရေးကြီးဆုံးအရာကတော့ နေရာလပ်-အချိန်ဥပဒေသမှာ နေရာလပ်-အချိန်ပြောင်းပြန်ဖြစ်စေတဲ့သက်ရောက်မှု၊ သေခြင်းရှင်ခြင်းပြောင်းပြန်ဖြစ်စေတဲ့သက်ရောက်မှု ရှိတယ်။
တစ်နေ့မှာ သူ့ပတ်လည်ရှိလူတွေက အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် အသတ်ခံရတယ်ဒါမှမဟုတ်သေသွားရင် သူက နေရာလပ်အချိန်ဥပဒေသကို အသုံးပြုကာ နေရာလပ်-အချိန်ကို ပြောင်းပြန်လုပ်ပြီး သူတို့ကို ကယ်ဆယ်နိုင်လာမယ်။
တည်နေရာရွှေ့ပြောင်းခြင်းအပြင် လီဖူချန်းက နေရာလပ်အချိန်ကို အလွယ်တကူထိန်းချုပ်နိုင်ပြီး နေရာလပ်-အချိန်ကို တားဆီးနိုင်တယ်၊ ဒါက ပိုင်နက်နတ်ဘုရားအတတ်တစ်ခုနဲ့ ညီမျှတယ်။
ကံမကောင်းစွာနဲ့ သူ့ရဲ့လက်ရှိနေရာလပ်-အချိန်ဥပဒေသက အနည်းငယ်နိမ့်ကျနေသေးတယ်။ တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ထွက်ပြေးတာပဲဖြစ်ဖြစ်၊ လီဖူချန်းကို အများကြီးအကူအညီမပေးနိုင်ပါဘူး။
လီဖူချန်းက အစစ်အမှန်နတ်ဘုရားအတတ်နေရာသို့ ထပ်ရောက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ လီဖူချန်းက အဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခု၊ အဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခု၊ အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ငါးခုကို ဖလှယ်ခဲ့တယ်။
စုစူပေါင်းအစစ်အမှန်နတ်ဘုရားအတတ်ဆယ့်ငါးခုက လီဖူချန်းကို အခမဲ့ခွဲတမ်း၂.၂ထရီယံကို ကျသင့်စေခဲ့တယ်။
အခုဆိုရင် လီဖူချန်းက အခမဲ့ခွဲတမ်းရှစ်ထရီလီယံနီးပါး အသုံးပြုပြီးခဲ့ပြီးပြီလို့ ဆိုရမယဆ
လီဖူချန်းက စားသောက်နေတယ်။
ကျင့်ကြံတဲ့အချိန်အပိုင်းအခြားမဟုတ်ရင် လီဖူချန်းက သူထွက်လာတိုင်း လန်ထင်ရွှယ်မှာ စားသောက်လေ့ရှိတယ်။
သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ဖျက်ဆီးခြင်းဥပဒေသနယ်ပယ်က တိုးတက်လာနေတယ်ဆိုတာ လီဖူချန်းက ခံစားမိတယ်။
သူက သူ့ခွန်အားတိုးတက်ဖို့ အလုပ်မများနေရင် လီဖူချန်းက ဒီနေရာမှာ နေ့တိုင်း စားသောက်နေလိမ့်မယ်။ ဘယ်လိုပဲပြောပြော၊ ဒီနေရာရဲ့အနည်းဆုံးသုံးစွဲမှုက ငါးသန်းသာရှိတယ်။ သူက တစ်နေ့ကို သန်းနှစ်ဆယ်စားသောက်ရင် တစ်နှစ်ကို ရှစ်ရာဘီလီယံပဲ ကျသင့်လိမ့်မယ်။ ဥပဒေသနယ်ပယ်ချိုးဖြတ်ဖို့နဲ့ယှဉ်ရင် ဒီလောက်အညံ့စားနတ်ဘုရားကျောက်တုံးပမာဏက ဘာမှမဟုတ်ပါဘူး။
လီဖူချန်းအပြင် လန်ထင်ရွှယ်မှာ အခြားတပည့်သုံးယောက်လဲ ရှိနေခဲ့တယ်။
"အလက်၊ ငါ့မှာ အညံ့စားနတ်ဘုရားကျောက်တုံး အလုံအလောက် မရှိတော့ဘူး၊ မင်းတို့ထဲက တစ်ယောက်ယောက် ငါ့ကို ချေးငှားပေးနိုင်မလား"
"မင်းကို ချေးရမယ်။ ငါတို့ဟာငါတို့တောင် မလုံလောက်ချင်ဘူး။ ကုန်သည်သင်္ဘောပေါ်မှာ ဒီလောက်များတဲ့ပစ္စည်းကောင်းတွေ ရှိရင် ငါတို့တွေ အညံ့စားနတ်ဘုရာကျောက်တုံးတွေ ပိုယူလာခဲ့သင့်တယ်"
"မဟုတ်ဘူး၊ ငါ အညံ့စားနတ်ဘုရားကျောက်တုံးဘီလီယံငါးရာ ယူလာခဲ့တယ်၊ ကုန်သွယ်ရေးခန်းမက ပေးတဲ့ ဘီလီယံတစ်ရာအပြင် စုစုပေါင်း ဘီလီယံခြောက်ရာရှိတယ်၊ ဒါက မလုံလောက်ဘူးဆိုတာ ဘယ်လိုလုပ် သိမှာလဲ၊ ဒီနေရာမှာ ခွန်အားတိုးဖို့ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာလေ"
"ခြောက်ရာဘီလီယံလား၊ ငါက တစ်ထရီလီယံ ယူလာတယ်"
သူတို့သုံးယောက်ပြောနေတာကို နားထောင်ရင် လီဖူချန်းက ပြုံးလိုက်တယ်။
တကယ်တော့ ကုန်သည်သင်္ဘောအတွင်းပိုင်းထဲမှာ အညံ့စားနတ်ဘုရားကျောက်တုံးတွေက ပေါက်ပြဲနေတဲ့ရေစစ်ထဲကို ရေထည့်နေသလိုပါပဲ။
ဒိီနေရာမှာ ခွန်အားကို တိုးစေနိုင်တဲ့ပစ္စည်းတွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ လီဖူချန်းကတောင် တစ်နှစ်အောက်နဲ့ ရှစ်ထရီလီယံလောက်အထိ အသုံးပြုခဲ့တယ်။ ဒါတောင် သူက တစ်ဆယ်ရာခိုင်နှုန်းနဲ့ ဝယ်ရလို့ပဲ၊ မဟုတ်ရင် ရှစ်ထရီလီယံမဟုတ်ဘဲ ရှစ်ဆယ်ထရီလီယံ ကျပေလိမ့်မယ်။
ပြီးတော့ အခြားသူတွေမှာ သူ့လို အခွင့်အရေးတွေ မရှိဘူး။ ကြယ်သုံးလုံးအရည်အသွေးတပည့်တွေ မူလဈေးနှုန်းအတိုင်းပဲ ဝယ်ရတယ်၊ လျှော့ဈေးဆိုတာ မရှိဘူး။ အခမဲ့ခွဲတမ်းကလဲ ကြယ်လေးလုံးအရည်အသွေးမှာပဲ ရှိတယ်။
"ကြည့်ရတာ ငါ ရုပ်သေးမျှော်စင်ကို သွားရမယ့်ပုံပဲ။ ငါက ကြယ်တစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်ရဲ့ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်ရင် တစ်ခါတည်းနဲ့ နတ်ဘုရားကျောက်တုံးတစ်ရာ့ခြောက်ဆယ်ဘီလီယံကို ရနိုင်မယ်"
"ပဉ္စမထပ်၊ အိမ်မက်မက်မနေနဲ့"
"ထျန်းရွှေကတောင် ဖြတ်ကျော်နိုင်တာပဲ၊ ဘာလို့ ငါက မဖြတ်ကျော်နိုင်ရမှာလဲ၊ ငါက သူ့ထက် ဆိုးမယ်လို့ ငါ မယုံဘူး"
"မင်း သူနဲ့ နှိုင်းယှဉ်နေတာလား။ သူက နှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ မင်းက သူနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ"
အသံတွေက ပိုကျယ်လာတော့တယ်။
"ရုပ်သေးမျှော်စင်လား"
ခရမ်းရောင်မျှော်စင်နဲ့ပတ်သက်ပြီး လီဖူချန်းက အလိုအလျောက် သိတယ်။ ကုန်သွယ်ရေးခန်းမတပည့်လက်စွဲစာအုပ်ထဲမှာ ရုပ်သေးမျှော်စင်နဲ့ပတ်သက်ပြီး မိတ်ဆက်တစ်ခု ရှိတယ်။
ရုပ်သေးမျှော်စင်ကို ကုန်သွယ်ရေးခန်းမရဲ့တပည့်တွေ ချိုးဖြတ်ဖို့အတွက် အသုံးပြုတယ်။ ကုန်သွယ်ရေးခန်းမရဲ့တပည့်တွေရဲ့ကျင့်ကြံခြင်းအဆင့်အရ ရုပ်သေးမျှော်စင်ကို ကြယ်အဆင့်တွေအဖြစ် ခွဲခြားထားတယ်။ အဆင့်နိမ့်နတ်ဘုရားအတွက် ကြယ်တစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်၊ အလယ်ဆင့်နတ်ဘုရားအတွက် ကြယ်တစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်၊ အဆင့်မြင့်နတ်ဘုရားအတွက် ကြယ်တစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်ဆိုပြီး ရှိတယ်။
ရုပ်သေးမျှော်စင်ကို ချိုးဖြတ်ဖို့အတွက် ဆုလာဒ်တစ်ခုရှိတယ်။ ကြယ်တစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်က ပထမအထပ်ကို ကျော်ဖြတ်တဲ့အခါ သန်းတစ်ရာရလိမ့်မယ်။ နောက်ထပ်,အထပ်အသီးသီးအတွက် ဆုလာဒ်က နှစ်ဆဖြစ်လိမ့်မယ်။
ကြယ်တစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်အတွက် ပထမအထပ်ကို ဖြတ်ကျော်ခြင်းက တစ်ဘီလီယံရလိမ့်မယ်၊ ဆုလာဒ်က ထပ်တိုးအထပ်အသီးသီးအတွက် နှစ်ဆဖြစ်လာလိမ့်မယ်။
ကြယ်တစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်အတွက် ပဖမအထပ်ကို ကျော်ဖြတ်ခြင်းက တစ်ဆယ်ဘီလီယံ ရရှိလိမ့်မယ်၊ ထပ်တိုးအထပ်အသီးသီးအတွက် ဆုလာဒ်က နှစ်ဆဖြစ်လာလိမ့်မယ်။
ပြီးတော့ ကြယ်တစ်လုံးရုပ်သေးမျှော်စင်ရဲ့အထက်မှာ ကြယ်နှစ်လုံးရုပ်သေးမျှော်စင် ရှိတယ်။
နာမည်အတိုင်းပဲ၊ ကြယ်နှစ်လုံးရုပ်သေးမျှော်စင်က အစစ်အမှန်နတ်ဘုရားတပည့်တွေအတွက် ဖြစ်ပြီး ဆုလာဒ်က အညံ့စားနတ်ဘုရားကျောက်တုံးမဟုတ်ဘဲ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး ဖြစ်တယ်။
ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်ရဲ့ပထမအထပ်ကို ချိုးဖြတ်ရင် ဆုလာဒ်က အဆင့်နိမ့်နတ်ဘုရားကျောက်တုဲးဆယ်သန်းရရှိလိမ့်မယ်။ ထပ်တိုးအထပ်အသီးသီးအတွက် ဆုလာဒ်က နှစ်ဆဖြစ်ပေလိမ့်မယ်။
ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားရုပ်သေတစ်ရုပ်ရဲ့ပထမအထပ်ကို ကျော်ဖြတ်ခြင်းအတွက် ဆုလာဒ်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာရရှိလိမ့်မယ်။ ထပ်တိုးအထပ်အသီးသီးအတွက် ဆုလာဒ်က နှစ်ဆဖြစ်လာလိမ့်မယ်။
"အင်း၊ ငါလဲ မျှော်စင်ကို တစ်ချက်လောက် သွားကြည့်ရမယ်"
စားသောက်ပြီးနောက် လီဖူချန်းက ရုပ်သေးမျှော်စင်ဆီ လျှောက်လာခဲ့တယ်။
မကြာမီမှာပဲ လီဖူချန်းက မျှော်စင်ခြောက်ခုကို မြင်ခဲ့တယ်။
ဘယ်ဘက်ရှိပထမဆုံးမျှော်စင်က ကြယ်တစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်၊ ပြီးနောက် ကြယ်တစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်၊ ကြယ်တစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်........
ရုပ်သေးမျှော်စင်တစ်ခုစီရဲ့အရှေ့မှာ နာမည်တွေပါတဲ့ကျောက်ပြားတစ်ခုရှိတယ်။
ဥပမာအားဖြင့် ကြယ်တစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်ကျောက်ပြားပေါ်မှာ ချမ်ယုလျန့်က အဆင့်၅ဖြစ်ပြီး မျှော်စင်ရဲ့စတုတ္ထအထပ်ကို ဝင်ရောက်ခဲ့တယ်။
ကြယ်တစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်ကျောက်ပြားပေါ်မှာ ထျန်းရွှေက အဆင့်၂ဖြစ်ပြီး မျှော်စင်ရဲ့ပဉ္စမအထပ်ကို ချိုးဖြတ်သွားခဲ့တယ်။
ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်ကျောက်ပြားပေါ်မှာ ခလာနာက အဆင့်၁ဖြစ်ပြီး မျှော်စင်ရဲ့စတုတ္ထအထပ်ကို ချိုးဖြတ်ခဲ့တယ်။
ကြယ်နှစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်ရဲ့ကျောက်ပြားပေါ်မှာ ပုထျဲက အဆင့်၁ဖြစ်ပြီး မျှော်စင်ရဲ့တတိယအထပ်ကို ဝင်ရောက်ခဲ့တယ်။
ကြယ်နှစ်လုံးအဆင့်မြင့်ရုပ်သေးမျှော်စင်ကျောက်ပြားပေါ်မှာတော့ နာမည်တစ်ခုမှ မရှိသေးပါဘူး။
"အခက်အခဲက နိမ့်ပုံမရဘူး"
ခလာနာရဲ့ခွန်အားက သူ့ထက် နိမ့်ကျတယ်ဆိုတာ လီဖူချန်းက သိတယ်၊ ဒါပေမယ့် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေအကြားမှာ သူမက နံပါတ်၁ဖြစ်တယ်။ သူမကတောင် စတုတ္ထအထထပ်ထိပဲ ကျော်ဖြတ်နိုင်တယ်။ ဒါကို ကြည့်ရင် မျှော်စင်ကို ချိုးဖြတ်ရတာ ဘယ်လောက်ခက်မှန်း စိတ်ကူးနိုင်တယ်။
တုံဆို့င်းမနေဘဲ လီဖူချန်းက ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်ထဲသို့ လျှောက်ဝင်သွားတယ်။
ပထမအထပ်။
ဦးခေါင်းအထက်မှာ အလင်းတစ်ခုလက်သွားပြီး သာမန်လူတွေနဲ့ မခြားတဲ့တိုက်ခိုက်ရေးရုပ်သေးတစ်ခုက လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။
ဖြောက်......
အလင်းတန်းက လျှပ်သွားတယ်၊ ၎င်းက ထွက်ပေါ်လာချင်းချင်း တိုက်ခိုက်ရေးရုပ်သေးက အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ပေါက်ကွဲထွက်စေပြီး လီဖူချန်းကို ထိုးလိုက်တယ်။
အုန်း.......
တိုက်ခိုက်ရေးရုပ်သေးက လာတာမြန်သလို သွားတာ မြန်တယ်။ ၎င်းကို လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုက တိုက်ရိုက်ရိုက်ခတ်သွားတယ်။ ၎င်းရဲ့နတ်ဘုရားစွမ်းအားက ပြန့်ကျဲသွားပြီး နောက်ထပ် မသိပ်သည်းနိုင်တော့ပါဘူး။
"သာမန်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းခြောက်သိန်း၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ်ရာခိုင်နှုန်း။ သာမန်အဆင့်နိမ့်နတ်ဘုရားတွေအနေနဲ့ ပထမအထပ်ကို ကျော်ဖြတ်ဖို့ ခက်ခဲမှာကို ငါ ကြောက်ရွံ့မိတယ်"
လီဖူချန်းက မေးငေါ့လိုက်တယ်။
ဖြစ်ကာစအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေက နတ်ဘုရားစွမ်းအားအညွှန်းကိန်းငါးသိန်းကနေခြောက်သိန်းခန့် ရှိတယ်၊ ဒါက တိုက်ခိုက်ရေးရုပ်သေးတစ်ရုပ်နဲ့ အများကြီးမကွာပါဘူး၊ ဒါပေမယ့် နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ့်ငါးရာခိုင်နှုန်းကို မရောက်ရှိပါဘူး။
ဒုတိယအထပ်။
လီဖူချန်းနတ်ဘုရားစွမ်းအားရဲ့တုန်ခါမှုအောက်မှာ တိုက်ခိုက်ရေးရုပ်သေးက ၎င်းရဲ့တိုက်ခိုက်ရေးထိရောက်မှုကို ချက်ချင်း ဆုံးရှုံးသွားတယ်။
"အလယ်ဆင့်နဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်တွေ၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းခုနှစ်သိန်းငါးသောင်း၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ့်ရှစ်ရာခိုင်နှုန်း။ ဝါရင့်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေကပဲ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်မယ်"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
တတိယအထပ်။
ရလဒ်တွေက အတူတူပါပဲ။
"ထူးကဲအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းကိုးသိန်း၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုခြောက်ဆယ်ရာခိုင်နှုန်း။ ဒီအဆင့်ကို ယှဉ်ပြိုင်ဖို့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေထဲမှစွမ်းအားကြီးပုဂ္ဂိုလ်ကို လိုအပ်မယ်"
အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ်ရာခိုင်နှုန်းကနေခြောက်ဆယ်ရာခိုင်နှုန်းအထိ ရှိတယ်။ အလွန်နည်းပါးတဲ့သူတွေကပဲ ဒီတန်ဖိုးကို ကျော်လွှားနိုင်လိမ့်မယ်။
စတုတ္ထအထပ်။
ရလဒ်က မပြောင်းလဲပါဘူး။
"စတုတ္ထမြောက်တိုက်ခိုက်ရေးရုပ်သေး၊ပြီးပြည့်စုံခြင်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၁.သန်း။ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ခြောက်ဆယ်ရာခိုင်နှုန်းကို ကျော်လွန်ကာ ခြောက်ဆယ့်နှစ်ရာခိုင်နှုန်းကို ရောက်ရှိနေတယ်"