← Chapters

ထိပ်တန်းအဆင့်နေရာ

Vol. 82 Ch. 1149

ထိပ်တန်းအဆင့်နေရာ

Vol. 82 Ch. 1149

ပဉ္စမထပ်။

အုန်း......

ဒီအလွှာရဲ့တိုက်ခိုက်ရေးရုပ်သေးက အဆုံးစွန်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၂၅သန်း၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၆၅ရာခိုင်နှုန်း၊ ဒါပေမယ့် ၎င်းက လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုကို မခုခံနိုင်သေးပါဘူး။

လက်ရှိလီဖူချန်းရဲ့ဓားတာအိုစွမ်းအားအညွန်းကိန်းက နှစ်သန်း၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၇၂ရာခိုင်နှုန်းမှာ ရှိနေတယ်၊ ဒါကြောင့် တိုက်ခိုက်ရေးရုပ်သေးကို ကဏ္ဍာတိုင်းမှာ ဖိနှိပ်နိုင်တယ်လေ။

ဆဌမထပ်။

ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုက ရန်သူကို ချက်ချင်းသတ်ဖြတ်ဖို့ ကျဆုံးသွားတယ်။

သတ္တမထပ်၊ အဥမထပ်၊ နဝမထပ်။

သူက နဝမထပ်ကို ရောက်လာတဲ့အခါ လီဖူချန်းက အလေးအနက်ထားလာတယ်။

ဒီအထပ်ရှိတိုက်ခိုက်ရေးရုပ်သေးက ပြီးပြည့်စုံခြင်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်ကို ဖော်ထုတ်နိုင်ပြီး နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၈၅သန်း ရှိတယ်။

"သေစမ်း"

သူ့လက်ထဲရှိဓားရှည်က အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး လီဖူချန်းက တိုက်ခိုက်ရေးရုပ်သေးရဲ့ခန္ဓာကိုယ်ကို ဓားနဲ့ ဝှေ့ယမ်းလိုက်တယ်။

"ဇွက်"

မီးပွားတွေက တိုက်ခိုက်ရေးရုပ်သေးမှ ထွက်လာပြီး ၎င်းရဲ့ခန္ဓာကိုယ်က နေရာမှာတင် ရပ်သွားတယ်။

အုန်း......

တိုက်ခိုက်ရေးရုပ်သေးက လဲကျကာ ပျောက်ကွယ်သွားတော့တယ်။

"ဒါ အဆင်တော့ပြေပါတယ်၊ ငါ့လက်ကို သွေးနိုင်ရုံလောက်ပေါ့"

လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။

လေကိုထိုးဖောက်လာတဲ့အသံက ထွက်ပေါ်လာပြီး နေရာလပ်လက်စွပ်တစ်ကွင်းက လီဖူချန်းဆီ ပျံသန်းလာတယ်။

လီဖူချန်းက ယူကြည့်လိုက်ရာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေနဲ့ ပြည့်နေတာကို မြင်လိုက်ရတယ်၊ အဲဒါက ၅.၁၁ဘီလီယံရှိတယ်။

ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်၊ ပထမအထပ်ကို ကျော်ဖြတ်ခြင်းအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ဆယ်၊ ဒုတိယအထပ်အတွက် သန်းနှစ်ဆယ်၊ တတိယအထပ်အတွက် သန်းလေးဆယ်၊ စတုတ္ထအထပ်အတွက် သန်းရှစ်ဆယ်၊ ပဉ္စမအထပ်အတွက် သန်းရှစ်ဆယ်၊ ပဉ္စမအထပ်အတွက် သန်းတစ်ရာ့ခြောက်ဆယ်၊ နဝမအထပ်အတွက် ၂.၅၆ဘီလီယံ၊ စုစုပေါင်း ၅.၁၁ဘီလီယံ။

နဝမအထပ်နောက်မှာ ဒဿမအထပ်မရှိတော့ဘူး၊ လီဖူချန်းက ရုပ်သေးမျှော်စင်မှ ထွက်လာခဲ့တယ်။

သူ့မျက်လုံးကို ဝေ့ကြည့်လိုက်ရာ ကျောက်ပြားပေါ်ရှိအဆင့်က ပြောင်းလဲသွားတာကို လီဖူချန်းက မြင်ခဲ့တယ်၊ ပထမနေရာက သူဆိုတာ အသေအချာပဲပေါ့။

"ငါ ကြယ်နှစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်ကို မချိုးဖြတ်နိုင်တာ စိတ်မကောင်းစရာပဲ"

သူ့ရဲ့ဓားတာအိုခွန်အားနဲ့ဆိုရင် ကြယ်နှစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်ဆိုရင်တောင် သူက ပထမအထပ်အနည်းငယ်ကို ကျော်ဖြတ်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

မီးတာအိုခွန်အားကို ဖော်ထုတ်ရင် တိုက်ခိုက်ရေးစွမ်းအားက အဆဒါဇင်လောက် ပိုသန်မာနိုင်တယ်။

ဒါ့ပြင် သူ မသင်ရသေးတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တွေ ရှိသေးတယ်။ သူက ဒီတစ်ကြိမ်ချိုးမဖြတ်နိုင်ရင် နောက်တစ်ကြိမ်မှာ ဆက်လက်ချိုးဖြတ်နိုင်တယ်။

ကံမကောင်းစွာနဲ့ ကြယ်နှစ်လုံးအလယ်ဆင့်ရုပ်သေးမျှော်စင်ကို ချိုးဖြတ်ဖို့ဆိုရင် မင်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်‌‌ယောက်ဖြစ်ရမယ်၊ သို့မဟုတ်ရင် မင်းက ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။

လီဖူချန်းက ဥပဒေသနယ်ပယ်မှာ လျင်မြန်စွာတိုးတက်လာခဲ့ပေမယ့် အသက်နယ်ပယ်က ဥပဒေသနယ်ပယ်မဟုတ်ဘူး၊ အသက်နယ်ပယ်က တစ်ဆင့်ပြီးတစ်ဆင့်သာ တိုးတက်နိုင်တယ်။

လက်ရှိမှာ လီဖူချန်းက ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးသွေးပျော်ဆေးကို သုံးရက်ပြည့်တိုင်း ဝါးမျိုပြီး ကြယ်နှစ်လုံးအဆင့်မြင့်သွေးပျော်ဆေးကို ဆယ်ရက်တိုင်း ဝါးမျိုတယ်။ ဒါတောင်မှ တစ်နှစ်နီးပါးကုန်သွားတဲ့အချိန်မှာ အသက်နယ်ပယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအစောပိုင်းအခြေအနေမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေထိသာ မြှင့်တင်ခဲ့တယ်။

သွေးပျော်ဆေးတွေက သာမန်နတ်ဘုရားဆေးတွေသာ ဖြစ်ပြီး ရေရှည်အသုံးပြုဖို့အတွက် သင့်တော်တယ်။

သို့သော်လဲ အသက်နယ်ပယ်ကို အဆင့်သေးတစ်ဆင့်ဒါမှမဟုတ်အဆင့်ကြီးတစ်ဆင့်တောင် ချက်ချင်း မြှင့်တင်နိုင်တဲ့ ထိပ်တန်းအဆင့်ဆေးအချို့ရှိတယ်။

ဥပမာအားဖြင့် ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေအထဲမှာ အစစစ်အမှန်သွေးဆေးဆိုတာ ရှိတယ်။ အသက်နယ်ပယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေသို့ မြှင့်တင်ဖို့ တစ်လုံးပဲ လိုအပ်တယ်။

ဒါပေမယ့် အစစ်အမှန်သွေးဆေးရဲ့တန်ဖိုးက သာမန်ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးထက် အဆတစ်ထောင်ပိုဈေးကြီးပြီး ကုန်သည်သ‌င်္ဘောမှာတောင် ဝယ်ယူဖို့က မဖြစ်နိုင်ဘူး။

"ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်ကို တကယ် ရှင်းလင်းခဲ့တာပဲ။ ဒီကလေးရဲ့ပါရမီက မျှော်လင့်ထားတာထက်တောင် အနည်းငယ်ပိုသန်မာပြီး ကြယ်ငါးလုံးပါရမီထက် မနိမ့်ကျပါဘူး"

ကွမ်းယီယင်းက ကြယ်နှစ်လုံးအဆင့်နိမ့်ရုပ်သေးမျှော်စင်ရှိ လီဖူချန်းရဲ့ရှင်းလင်းမှုကို အာရုံခံမိခဲ့တယ်။ တကယ်တော့ ကုန်သည်သင်္ဘောတစ်ခုလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ သူ လိုချင်ရင် သူက ကုန်သည်သင်္ဘောထဲရှိ အရာအားလုံးကို သိနိုင်တယ်။

ကွမ်းယီယင်းနဲ့‌သောက်နေတဲ့ကုန်သွယ်ရေးခန်းမရဲ့ဒီကွန်က ပြောလိုက်တယ်" အရည်အသွေးက အရည်အသွေးပဲ၊ ထိုးထွင်းသိမြင်မှုက ထိုးထွင်းသိမြင်မှုပဲ။ ဒီကမ္ဘာမှာ ထူးကဲတဲ့ပါရမီရှိပြီး ထိုးထွင်းသိမြင်မှုအရမ်းမကောင်းတဲ့သူအချို့ရှိသလို ထိုးထွင်းသိမြင်မှုအရမ်းကောင်းတဲ့သူအချို့လဲ ရှိတယ်။ မင်းက နှစ်ခုလုံးကို ပိုင်ဆိုင်ရင် ထိပ်တန်းအဆင့်ပါရမီရှင်ဖြစ်ပြီး ကြယ်ငါးလုံးဂိုဏ်းနဲ့အဆင့်၂ကုန်သွယ်ရေးခန်းမတွေက အပြေးလာကြမှာ အမှန်ပဲ"

နှစ်ယောက်စလုံးက လီဖူချန်းရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အလွန်ကျေနပ်တယ်။ သူတို့ရဲ့အမြင်အရ လီဖူချန်းက ထိပ်တန်းအဆင့်ပါရမီရှင်တစ်ယောက်ဆိုမဟုတ်ရင်တောင် အများကြီးမကွာခြားပါဘူး။

"သူ့ရဲ့အခမဲ့ခွဲတမ်းကို နှစ်ဆယ်ထရီလီယံအထိ တိုးပေလိုက်၊ ပြီးတော့ သူ့အတွက် ထိပ်တန်းအဆင့်နေရာကို ဖွင့်ပေးလိုက်"

ကွမ်းယီယင်းက ပြတ်ပြတ်သားသား ဆုံးဖြတ်ချလိုက်တယ်။

လီဖူချန်းက ထွက်ပေါ်လာဖို့ခက်ခဲတဲ့ပါရမီရှင်တစ်ယောက်ပဲ။ သူက မနေနိုင်ရင် ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမအတွက် ဆုံးရှုံးမှုတစ်ခုပဲ။ သူက လီဖူချန်းကို  ပြန်ခေါ်လာတဲ့အခါ ဌာနချုပ်က ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းသလဲဆိုတာ စိတ်ကူးယဉ်နိုင်တယ်။ ထိုအချိန်ကျရင် ဆုလာဒ်က နည်းမှာမဟုတ်ဘူး။

"အခမဲ့ခွဲတမ်းက နှစ်ဆယ်ထရီလီယံတိုးလာတယ်၊  ထိပ်တန်းအဆင့်နေရာကို လွတ်လွတ်လပ်လပ်ဝင်ခွင့်ထွက်ခွင့်ရမယ်ပေါ့လေ"

ကွမ်းယီယင်းရဲ့အမိန့်နဲအတူ တစ်စုံတစ်ယောက်က လီဖူချန်းကို အကြောင်းကြားဖို့ ချက်ချင်း ရောက်လာခဲ့တယ်။

"ဟုတ်တယ်၊ ကုန်သည်သင်္ဘောထဲမှာ ထိပ်တန်းအဆင့်နေရာတွေအားလုံးက ရှားပါးတဲ့ရတနာတွေပဲ။ ပုံမှန်အခြေအနေအောက်မှာ သူတို့က ကြယ်ငါးလုံးအရည်အသွေးအတွက်ပဲ ဖွင့်ထားတာ" အကြောင်းကြားလာတဲ့အစစ်အမှန်နတ်ဘုရားက ရှင်းပြခဲ့တယ်။

"ငါ သိပြီ"

လီဖူချန်းက ခေါင်းညိတ်ခဲ့တယ်။

အစက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ကို ကျင့်ကြံဖို့ ပြင်ဆင်ထားတဲ့ လီဖူချန်းက သူ့စိတ်ကို ပြောင်းပြီး တစ်ဖက်လူရဲ့ဦးဆောင်မှုအောက်မှာ ထိပ်တန်းအဆင့်နေရာသို့ လျှောက်လာခဲ့တယ်။

ထိပ်တန်းအဆင့်နေရာက အလွန်လျှို့ဝှက်ထားတယ်။ တစ်ဖက်လူက လမ်းကို ဦးမဆောင်ရင် လီဖူချန်းက အဲဒါကို ရှာဖွေနိုင်လိမ့်မှာမဟုတ်ဘူး။

ထိပ်တန်းအဆင့်က သိပ်မကြီးဘူး၊ အထဲမှာ ပင်မခန်းမတစ်ခုသာ ရှိပြီး ခန်းမထဲမှာ ပုံဆောင်ခဲတိုင်တွေရှိတယ်။ ပုံဆောင်ခဲတိုင်တစ်ခုစီရဲ့အတွင်းပိုင်းမှာ ရှားပါးတဲ့ရတနာတွေကို ထိန်းထားတယ်။

"အစစ်အမှန်သွေးဆေး"

လီဖူချန်းက အစစ်အမှန်သွေးဆေးကို တစ်ချက်တည်းနဲ့ မြင်လိုက်တယ်။

ကုန်သည်သင်္ဘောထဲမှာ အစစ်အမှန်သွေးဆေးတစ်လုံးရှိမယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

ခန်းမထဲရှိငွေရောင်ဆံပင်နဲ့လူအိုတစ်ယောက်က လီဖူချန်းဝင်လာတာကို မြင်ပြီး သူ့ကို ချက်ချင်း နှုတ်ဆက်ခဲ့တယ်။

သူက မိတ်ဆက်ပေးလိုက်တယ်"ဟုတ်တယ်၊ ဒါ အစစ်အမှန်သွေးဆေးပဲ။ ကြယ်နှစ်လုံးအဆင့်နိမ့်ဆေးတစ်ခုပဲ ဆိုပေမယ့် အစစ်အမှန်သွေးဆေးကို သန့်စင်ဖို့အတွက် ပစ္စည်းတွေက အလွန်အမင်းရှားပြီး ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ ရှားတယ်။ ဒါကြောင့် ဈေးအနည်းငယ်ကြီးပြီး တန်ဖိုးက သာမန်ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်ထောင်နဲ့ ညီမျှတယ်။ ဒါက အတွင်းပိုင်းဈေးပဲ ရှိသေးတာ"

"အစစ်အမှန်နတ်ဘုရားဆေးတွေ ဘယ်လောက်တောင် ရှိလို့လဲ" လီဖူချန်းက မေးလိုက်တယ်။

"စုစုပေါင်းခြောက်ခု"

"ငါ အားလုံးလိုချင်တယ်"

"အမ်၊ ဒါကရော ဘာလဲ"

လီဖူချန်းက ငွေရောင်သစ်သားအပိုင်းအစတစ်ခုကို မြင်လိုက်တယ်။

ငွေရောင်ဆံပင်နဲ့လူအိုကြီးက ပြောလိုက်တယ်"ဒါက စိတ်ဝိညာဉ်မြှင့်တင်ခြင်းသစ်သားပဲ။ ပြီးတော့ စိတ်ဝိညာဉ်အကြွင်းအကျန်ကိုလဲ ထိန်းသိမ်းပေးနိုင်တယ်၊ ဒါကြောင့် စိတ်ဝိညာဉ်အကြွင်းအကျန်က မပျောက်သွားတော့ဘူးပေါ့"

"ငါ အဲဒါကို ယူမယ်"

စိတ်ဝိညာဉ်မြှင့်တင်ခြင်းသစ်သားက ‌ဈေးမပေါဘူး။

ဒါပေမယ့် ဒီလိုရတနာမျိုးက ထွက်ပေါ်လာဖို့ အရမ်းခက်ခဲတယ်။ မင်းက ဒီအခွင့်အရေးကို လက်လွတ်မိရင် ဒီနေရာမှာ နောက်တစ်ခုဆိုတာ မရှိလာလောက်တော့ဘူး။

ထိပ်တန်းအဆင့်နေရာမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်၊ တစ်ခုစီကလဲ အလွန်တန်ဖိုးရှိတယ်။

"ဒါက ထူးကဲအဆင့်မြင့်အစစ်အမှန်အသုံးအဆောင်ပစ္စည်းအာကာသယာဉ်ပဲ၊ ၎င်းရဲ့အရှိန်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကိုးဆယ့်ကိုးရာခိုင်နှုန်းထက် ပိုမြန်တယ်။ ထပ်ပြောရရင် ၎င်းမှာ ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားအမြောက်လေးခုကို တပ်ဆင်ထားတယ်။ ၎င်းရဲ့စွမ်းအားက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုနဲ့ ညီမျှတယ်။ ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုရဲ့စွမ်းအားက အားကောင်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုနဲ့ ညီမျှတယ်"

ပုံဆောင်ခဲတိုင်တစ်ခုရဲ့အရှေ့မှာ ငွေရောင်ဆံပင်နဲ့လူကြီးက အထဲရှိအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့ပုံရိပ်ကို ညွှန်ပြကာ မိတ်ဆက်လိုက်တယ်။

တစ်ဖက်လူရဲ့မိတ်ဆက်ကို နားထောင်ရင်း လီဖူချန်းက အတော်လေးစိတ်လှုပ်ရှားသွားတယ်။

နတ်ဘုရားဟင်းလင်းပြင်မှာဒါမှမဟုတ်နတ်ဘုရားကမ္ဘာမှာ ခရီးသွားတာပဲဖြစ်ဖြစ်၊ အရေးကြီးဆုံးအရာကတော့ မြန်ဖို့ပါပဲ။

ယေဘုယျပြောရရင် အရှည်ဆယ်မီတာအောက်ရှိတဲ့ခရီးသွားပစ္စည်းကို ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းလို့ ခေါ်တယ်။ ခရီးသွားဖို့နဲ့ကျင့်ကြံဖို့အတွက် အသုံးပြုတာက လွဲပြီး ဒီပျံသန်းရေးအသုံးအဆောင်ပစ္စည်းအမျိုးအစားမှာ အခြားလုပ်‌ဆောင်ချက်တွေ မရှိဘူး။ ဒါက အလွန်ရိုးရှင်းတယ်။

ဒါပေမယ့် အရှည်မီတာတစ်ရာအောက်ရှိတဲ့အသေးစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က နန်းတော်ပုံသဏ္ဍာန်လဲ ရှိနိုင်တယ်၊ အခြားပုံသဏ္ဍာန်လဲ ဖြစ်နိုင်တယ်။

မီတာတစ်ထောင်အောက်ရှိတဲ့အလတ်စားနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေ၊ မီတာတစ်သောင်းအောက်ရှိတဲ့အကြီးစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေ၊ မီတာတစ်သိန်းအောက်ရှိတဲ့သာလွန်အကြီးစားနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေ........

အတိုချုပ်အားဖြင့် ခန္ဓာကိုယ်က ပိုကြီးလေ၊ ပိုဈေးကြီးပြီး ပိုရှားလေပါပဲ။

နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို အဆင့်ငါးဆင့်ခွဲခြားထားတယ်၊ သာမန်အဆင့်၊ ပျမ်းမျှအဆင့်၊ ထူးကဲအဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်၊ အဆုံးစွန်းအဆင့်။

အဆင့်တစ်ခုစီရဲ့မြန်နှုန်းကလဲ မတူပါဘူး။ သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ ညီမျှတယ်။ ပျမ်းမျှအဆင့်က သာလွန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရား၊ ထူးကဲအဆင့်က လက်ရွေးစင်အဆင့်မြင့်အစစ်အမှန်နတ်ဘုရား၊ ပြီးပြည့်စုံခြင်းအဆင့်က အားကောင်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရား၊ အဆုံးစွန်းအဆင့်က အထွတ်အထိပ်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ ညီမျှတယ်။

ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားအမြောက်တွေကိုတော့ လီဖူချန်းက သိပ်ဂရုမစိုက်ပါဘူး။ နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့ပတ်သက်ပြီးတော့ အရေးကြီးဆုံးအရာက မြန်နှုန်းမဟုတ်ဘဲ မီးစွမ်းအားဖြစ်တယ်။

ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အလွန်ဈေးကြီးတယ်၊ ထူးကဲအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် ပိုဈေးကြီးတယ်၊ အညံ့စားနတ်ဘုရားကျောက်တုံးနှစ်ဆယ့်ငါးထရီလီယံရှိပြီး တစ်ဆယ်ရာခိုင်နှုန်းဆိုရင် ၂.၅ထရီလီယံ ရှိမယ်။

ကံကောင်းစွာနဲ့ လီဖူချန်းရဲ့အခမဲ့ခွဲတမ်းက နှစ်ဆယ့်ထရီလီယံအထိ ရှိပြီး ဒါကို ဝယ်ဖို့ ဖိအားမရှိပါဘူး။

"ထိပ်တန်းအဆင့်နေရာမှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ရှိသေးတာလား"

ခန်းမအတွင်းပိုင်းထဲမှာ သူက ပုံဆောင်ခဲတိုင်ထဲရှိစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို မြင်တဲ့အခါ လီဖူချန်းက အံ့အားသင့်သွားတယ်။

ငွေရောင်ဆံပင်နဲ့လူအိုက ပြောလိုက်တယ်"ဒါက ကြယ်ငါးလုံးအရည်အသွေးရဲ့အကျိုးအမြတ်ပဲ။ မင်းက အညံ့စားနတ်ဘုရားကျောက်တုံးတွေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်တယ်။ ပုံမှန်အခြေအနေအောက်မှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူဖို့ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေ လိုအပ်တယ်"

"ဒီလိုကိုး"

ကွမ်းယီယင်းက သူ့ကို ကြယ်ငါးလုံးပါရမီရှင်အနေနဲ့ အသိအမှတ်ပြုခဲ့မှန်း လီဖူချန်းက သိလိုက်တယ်။ သို့မဟုတ်ရင် သူ့အတွက် ထိပ်တန်းအဆင့်နေရာကို ဖွင့်ပေးမှာ မဟုတ်ဘူး။

ထိပ်တန်းအဆင့်နေရာထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ အများကြီးမရှိဘူး၊ ရှိတာတွေအားလုံးက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပါပဲ။

တန်ဖိုးကတော့ ကြမ်းလွန်းတယ်။ ဈေးအပေါဆုံးစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက အညံ့စားနတ်ဘုရားကျောက်တုံးဘီလီယံချီ ကျသင့်ပြီး ပိုကောင်းတာတွေက ထရိီလီယံရာနဲ့ချီ ကျသင့်တယ်။

လီဖူချန်းက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

မကြာမီမှာပဲ လီဖူချန်းက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ခဲ့တယ်။

ဒါက သာမန်အဆင့်နိမ့်ဓားတာအိိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ တန်ဖိုးက တစ်ရာ့နှစ်ဆယ်ထရီလီယံဖြစ်ပြီး တစ်ဆယ်ရာခိုင်နှုန်းဆိုရင် ဆယ့်နှစ်ထရီလီယံရှိတယ်။

လီဖူချန်းရဲ့အခမဲ့ခွဲတမ်းက နှစ်ဆယ်ထရီလီယံဖြစ်တယ်။ အရင်က သူ ရှစ်ထရီလံနီးပါး အသုံးပြုခဲ့ပြီး ဆယ့်နှစ်ထရီလီယံကျော် ကျန်တယ်။ ထိပ်တန်းအဆင့်နေရာကို ရောက်ရှိပြီးနောက် သူက သုံးထရီလီယံကျော် အသုံးပြုခဲ့ပြီး ကိုးထရီလီယံပဲ ကျန်တော့တယ်။ အခု ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဝယ်ယူဖို့အတွက် ဆယ့်နှစ်ထရီလီယံပြည့်ဖို့ သုံးထရီလီယံ လိုအပ်နေသေးတယ်။

။

ကံကောင်းတာက လီဖူချန်းမှာ အရှေ့နေဂိုဏ်းမှပေးအပ်ခဲ့တဲ့နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ ကျန်ရှိသေးတာပဲ။

All Chapters