← Chapters

တိုက်ခိုက်ခြင်း

Vol. 82 Ch. 1150

တိုက်ခိုက်ခြင်း

Vol. 82 Ch. 1150

"ဒါ စိတ်ဝိညာဉ်နတ်ဘုရားအသုံးတစ်ခုရဲ့စွမ်းအားလား"

အခန်းထဲရှိသိုင်းလေ့ကျင့်ရေးကွင်းမှာ လီဖူချန်းက မီးခိုရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားတယ်။ သူ့မျက်နှာက အနည်းငယ်တုန်လှုပ်နေတယ်။

ဒီမီးခိုရောင်ဓားရှည်ကို မီးခိုးရောင်အရိပ်လို့‌ ခေါ်တယ်၊ အလွန်ရိုးရှင်းတဲ့နာမည်တစ်ခုပါပဲ။

ဒါပေမယ့် ၎င်းရဲ့စွမ်းအားက မရိုးရှင်းပါဘူး။ ဓားတစ်ချက်နဲ့အတူ ကြောက်စရာကောင်းတဲ့မီးခိုးရောင်ဓားအလင်းက အရာအားလုံးကို ဝါးမျိုမလို၊ အရာအားလုံးကို ဖြတ်တောက်မတတ်ပါပဲ။

သူက ဒီဓားကွက်ကို မရပ်တန့်နိုင်ဘူးလို့ လီဖူချန်းက ထင်တယ်။

မင်းက တားရင် သေခြင်းနဲ့ အဆုံးသတ်ဖို့သာ ရှိတယ်။

"အထဲရှိ ဓားအင်းကွက်က ကြောက်စရာကောင်းတယ်။ ဒါက သာမန်အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှပဲ။ ဒါက ပျမ်းမျှဆင့်၊ ထူးကဲအဆင့် ဒါမှမဟုတ် ပြီးပြည့်စုံခြင်းအဆင့်ဆိုရင် ဘယ်လိုတောင် ဖြစ်လိမ့်မလဲ"

နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့ခွန်အားက ရှုထောင့်နှစ်ခုပေါ်မှာ မူတည်တယ်။ ပထမက ပစ္စည်းကို သန့်စင်ခြင်းပဲ။ ပစ္စည်းက ပိုသန်မာလေလေ၊ သန့်စင်ထားတဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပိုသန်မာလေပဲ။ ဒုတိယက နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အင်းကွက်ပဲ။

အသုံးအဆောင်ပစ္စည်းအင်းကွက်မှာ ဥပဒေသပါဝင်တယ်။ အလားတူပင်၊ ဓားအင်းကွက်မှာ ဓားတာအိုဥပဒေသ ပါဝင်တယ်။

တကယ်တော့ မီးခိုးရောင်အရိပ်ဓားထဲရှိ ဓားတာအိုဥပဒေသက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မရောက်ရှိသေးဘူး၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့အဆုံးမဲ့ဓားတာအိုဥပဒေသတွေက ဓားအင်းကွက်ထဲသို့ ပေါင်းစပ်လာတဲ့အခါ သက်ရောင်မှုက ကြောက်စရာကောင်းပြီး ပမာဏပြောင်းလဲမှုတစ်ခုရှိလာတယ်။

"မီးခိုးရောင်အရိပ်ဓားနဲ့ဆိုရင် ငါ့ရဲ့ဓားတာအိုခွန်အားက မီးတာအိုလောက် မကောင်းရင်တောင် အများကြီးဆိုးဝါးတော့မှာ မဟုတ်ဘူး"

သိုင်းလေ့ကျင်ရေးကွင်းမှ ထွက်လာပြီးနောက် လီဖူချန်းက လေ့ကျင့်ရေးခန်းထဲသို့ လျှောက်သွားတယ်။

"အစစ်အမှန်သွေးဆေးက ဘယ်လောက်ထိသက်ရောက်မှုရှိသလဲ ငါ မသိဘူး"

လီဖူချန်းက အစစ်အမှန်သွေးဆေးရဲ့အစွမ်းကို သိချင်နေတယ်။

……

"အစစ်အမှန်သွေးဆေးတစ်လုံးဆိုတဲ့အတိုင်းပဲ၊ အရေအတွက်က နည်းတာ စိတ်မကောင်းစရာတစ်ခုပဲ"

အစစ်အမှန်သွေးဆေးခြောက်လုံးက လီဖူချန်းရဲ့အသက်နယ်ပယ်ကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်အခြေအနေသို့ တွန်းပို့နိုင်ခဲ့ပြီး အချိန်နဲ့အားထုတ်မှုစွမ်းအားပမာဏတစ်ခုကို လျှော့ချပေးခဲ့တယ်။

နောက်တော့ လီဖူချန်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တွေကို စတင်လေ့ကျင့်ခဲ့တယ်။

……

"ကြည့်ရတာ ငါ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တွေကျင့်ကြံရတဲ့အခက်အခဲကို လျော့တွက်ခဲ့မိတာပဲ"

သာမန်အဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို အောင်မြင်စွာ ကျင့်ကြံဖို့ လီဖူချန်းအနေနဲ့ နှစ်လအတိ ကျခဲ့တယ်။

ဒုတိယမြောက်ပျမ်းမျှအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်အတွက် လေးလကြာခဲ့တယ်။

တတိယမြောက်ထူးကဲအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်အတွက် ရှစ်လကြာခဲ့တယ်။

စတုတ္ထမြောက်ကိုတော့ လီဖူချန်းက မကျင့်ကြံရသေးဘူး၊ ဒါပေမယ့် တစ်နှစ်နဲ့တစ်ဝက်ထက်တော့ မလျော့နည်းဘူးလို့တော့ သူ ထင်တယ်။

"ဓားတာအိုကို အရင် လေ့ကျင့်ကြတာပေါ့"

လီဖူချန်းက မီးတာအိုကို ဆက်မလေ့ကျင့်တော့ဘဲ ဓားတာအိုကို ဆက်လေ့ကျင့်ခဲ့တယ်။

မမျှော်လင့်ထားတာကတော့ လီဖူချန်းက ပထမမြောက်သာမန်အဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို ကျင့်ကြံဖို့ နှစ်လပဲ ကြာခဲ့တာပဲ၊ အဲဒါက သာမန်အဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို ကျင့်ကြံဖို့ လိုအပ်တဲ့အချိန်နဲ့ အတူတူပါပဲ။

သူ့ရဲ့မီးတာအိုဥပဒေသတွေက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှာရှိပြီး ဓားတာအိုဥပဒေသနယ်ပယ်ကတော့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်မှာ ရှိတာကိုတော့  သိရမယ်။

လီဖူချန်းက သဘောပေါက်တယ်၊ ဒါက သူ့ရဲ့ဓားတာအ်ုပါရမီက သန်မာလွန်းလို့ပဲ၊ မီးတာအိုပါရမီထက် ပိုသန်မာတယ်၊ မီးတာအိုဥပဒေသက မြင့်မားရင်တောင် နားလည်မှုအရှိန်အရ ဓားတာအိုကို မယှဉ်နိုင်ပါဘူး။

ဒုတိယမြောက်ပျမ်းမျှအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်အတွက် လီဖူချန်းက သုံးလနဲ့လဝက် ကြာခဲ့တယ်။

တတိယမြောက်ထူးကဲအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်က ခြောက်လနဲ့လဝက် ကြာခဲ့တယ်။

နားလည်မှုအရှိန်အရ ဓားတာအိုက မီးတာအိုကို လုံးဝကျော်ဖြတ်ခဲ့တာပဲ။

လီဖူချန်းကို ဘာက စိတ်လှုပ်ရှားစေခဲ့သလဲဆိုရင် ဓားတာအိုဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်မှ ပျမ်းမျှနယ်ပယ်အထိ တိုးတက်လာခဲ့တာပဲ။

ဒါက လီဖူချန်းရဲ့ဓားတာအိုနားလည်မှုအရှိန်ကို ထပ်တိုးမြှင့်ပေးခဲ့တယ်။ စတုတ္ထမြောက်ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို ခြောက်လအတွင်းမှာ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့တယ်။

"ဒါက အားကောင်းတဲ့အဖွဲ့တစ်ခုနဲ့ ပူးပေါင်းရတဲ့အကျိုးအမြတ်ပါလား"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။

သူ အရှေ့နေဂိုဏ်းကို ဝင်ရောက်တဲ့အခါ သူ့ရဲ့ကျင့်ကြံခြင်းအရှိန်က ရုတ်ချည်းတိုးတက်လာတယ်။ အခု သူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမကို ဝင်ရောက်တဲ့အခါ သူ့ရဲ့ကျင့်ကြံခြင်းအရှိန်က တစ်ဟုန်ထိုးတက်သွားပြန်တယ်။

သူ့တစ်ယောက်တည်းသာဆိုရင် ကျင့်ကြံရတာ ဒီလောက်မြန်ဖို့က မဖြစ်နိုင်ဘူး။

အချိန်တွေ ကုန်ဆုံးသွားပြီး လီဖူချန်းက အဆုံးစွန်းဓားတာအိုအတတ်ကို စတင်လေ့ကျင့်ခဲ့တယ်။

သူ့အတွက် လက်ရှ်ိအချိန်မှာ ဓားတာအိုက အရေးကြီးဆုံးအရာဖြစ်ပြီး အရာအားလုံးက ဒုတိယပါပဲ။

သုံးလ၊ ခြောက်လအထိ ရှိလာတယ်......

……

"အကြီးအကဲကွမ်းယီ၊ သဲဝါနတ်ဘုရားကမ္ဘာကို မကြာခင် ရောက်တော့မယ်"

ကုန်သည်ခန်းမထဲမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က သတင်းပို့လာတယ်။

"သဲဝါနတ်ဘုရားကမ္ဘာကို ရောက်တော့မှာလား"

အပြုံးတစ်ခုက ကွမ်းယီယင်းရဲ့မျက်နှာပေါ်မှာ ထွက်ပေါ်လာတယ်။

သဲဝါနတ်ဘုရားကမ္ဘာက သာမန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုမဟုတ်ဘဲ သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တယ်။

အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာ အဆင့်တွေရှိတယ်၊ အတွေ့များဆုံးက အဆင့်နိမ့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာ၊ အလယ်ဆင့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာ၊ အဆင့်မြင့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာနဲ့ အမြင့်ဆုံးကတော့ သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တယ်။

ယေဘုယျပြောရရင် အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အရွယ်အစားက အဆင့်နိမ့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာထက် ဆယ်ဆရှိပြီး ၎င်းရဲ့အသက်အားက နှစ်ဆပိုသိပ်သည်းတယ်။ ၎င်းရဲ့အရွယ်အစားက အဆင့်နိမ့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အဆတစ်ထောင်ရှိပြီး ၎င်းရဲ့အသက်အားက ရှစ်ဆပိုသန်မာတယ်။

သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုအနေနဲ့ ပါရမီရှင်အရေအတွက်ဖြစ်စေဒါမှမဟုတ်အစစ်အမှန်နတ်ဘုရားအရေအတွက်ဖြစ်စေ၊ သဲဝါနတ်ဘုရားကမ္ဘာက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ မယှဉ်နိုင်ဘူး။

သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို သွားတာက အဆင့်နိမ့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို သွားတာထက် နတ်ဘုရားကျောက်တုံးတွေ ပိုရမယ်လို့ ပြောရရင် မမှားပါဘူး။

အတွေးတစ်ချက်နဲ့အတူ ကုန်သည်သင်္ဘောက စတင်အရှိန်မြင့်တင်လာတယ်။

……

"မင်း ရှင်းရှင်းလင်းလင်းမြင်ရလို့လား။ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ကုန်သည်သင်္ဘောဆိုတာ မင်း သေချာလား" သဲဝါနတ်ဘုရားကမ္ဘာအနီးနားမှာ ကြီးမားတဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းစစ်သင်္ဘောတစင်းက ပုန်းကွယ်နေတယ်။

ဒီစစ်သင်္ဘောက ကိုယ်ဖျောက်နိုင်တဲ့စွမ်းရည်ရှိရုံတင်မက ၎င်းအပေါ်မှာ နတ်ဘုရားအမြောက်တွေပါဝင်တဲ့အစီအရင်တစ်ခုရှိတယ်။ ထပ်ပြောရရင် သင်္ဘောဦးပိုင်းပေါ်မှာ ကြီးမားတဲ့အနီရောင်ဒူးလေးမြားတစ်ခုရှိတယ်။

ထိုအချိန်မှာ သင်္ဘောခန်းမထဲမှာ စိတ်ဝိညာဉ်နတဘုရားတစ်ဖွဲ့က တစ်စုံတစ်ခုကို ဆွေးနွေးနေတယ်။ သက်လတ်ပိုင်းအရွယ်ခေါင်းဆောင်က ကွမ်းယီယင်းလိုပဲ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။

"ငါ လုံးဝ သေချာတယ်"

"ကောင်းပြီလေ၊ သွားကြစို့၊ သူတို့အားလုံးကို သတ်ကြမယ်"

သက်လတ်ပိုင်းအရွယ်လူက ထရပ်လိုက်တယ်၊ သူခန္ဓာကိုယ်က သတ်ဖြတ်ခြင်းချီတွေ စီးဆင်းလာတယ်။

……

"နောက်ဆုံးတော့ ပြီးသွားပြီ"

အဆုံးစွန်းအဆင့်ဓားပညာကို လေ့ကျင့်ဖို့ လီဖူချန်းအနေနဲ့ ကိုးလတိတိကြတယ်။

သူ့ရဲ့ဓားတာအိုဥပဒေသနယ်ပယ်က ချိုးဖြတ်တော့မယ်၊ ခြေတစ်လှမ်းပဲ ကွာတော့တယ်ဆိုတာ လီဖူချန်းက ရေးတေးတေး ခံစားမိလာတယ်။

မသိစိတ်က သူ့ကို လှည့်စားမှာ မဟုတ်လောက်ဘူး၊ ဒါကြောင့် လီဖူချန်းက နောက်ထပ်အဆုံးစွန်းအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်နှစ်ခုကို ဝယ်ယူဖို့ သွားခဲ့ပြီး သူ့ကို နတ်ဘုရားကျောက်တုံးလေးရာ့ရှစ်ဆယ်ဘီလီယံ ကျသင့်စေခဲ့တယ်။

တစ်လ၊ နှစ်လ......

ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့ကျင့်ကြံခြင်းအရှိန်က ပိုမြန်လာတယ်။

အုန်း.......

ဒီနေ့မှာ လီဖူချန်းက ကျင့်ကြံခြင်းအခြေအနေမှာ နစ်မြုပ်နေတယ်၊ ကုန်သည်သင်္ဘောတစ်ခုလုံးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားတယ်။

"ဘာဖြစ်တာလဲ"

သူ့ရဲ့ကျင့်ကြံမှုကို အတင်းနှောင့်ယှက်ခဲ့တဲ့အပေါ် လီဖူချန်းက အားကိုးရာမဲ့ခံစားမိတယ်။

သိပ်သည်းတဲ့နတ်ဘုရားစွမ်းအားအလင်းတန်းတွေက ကုန်သည်သင်္ဘောရဲ့အကာအကွယ်ကို ထိမှန်လာတယ်။

မကြာခဏပိုသိပ်သည်းပြီးပိုထူထပ်တဲ့နတ်ဘုရားစွမ်းအားအလင်းတန်းတွေက ရိုက်ချလာတယ်။

"ဒါ ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားအမြောက်တွေပဲ"

ကွမ်းယီယင်းနဲ့ကုန်သွယ်ရေးခန်းမရဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေက ကုန်သင်္ဘောရဲ့ကုန်းပတ်ကို ပထမဆုံးရောက်ရှိလာကြတယ်၊ သူတို့ရဲ့မျက်အမူအရာက လေးနက်နေတယ်။

ယေဘုယျအားဖြင့် ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားလက်နက်တွေတပ်ဆင်ထားတာအများစုက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေ ဖြစ်ပြီး သူတို့ရဲ့ကုန်သည်သင်္ဘောထက် တစ်ဆင့်ပိုမြင့်တယ်။

ကုန်သည်သင်္ဘောရဲ့အကာအကွယ်တွေက နတ်ဘုရားအလင်းတန်းတွေကြီးမားတဲ့အရေအတွက်တစ်ခုရဲ့တိုက်ခိုက်မှုအောက်မှာ ပျက်ဆီးလာတယ်။

"စိတ်မပူကြနဲ့"

ကွမ်းယီယင်းက ပြောလိုက်တယ်၊ သူ့လက်ကို ရှေ့သို့ တွန်းလိုက်ရာ ကြီးမားတဲ့မိုးပြာရောင်နတ်ဘုရားစွမ်းအားဒိုင်းကာတစ်ခုက ထွက်ပေါ်လာပြီး နတ်ဘုရားစွမ်းအားအလင်းတန်းကို တားဆီးလိုက်တယ်။

အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်-မိုးပြာရောင်ဆန်းကြယ်ဒိုင်းကာ။

"မင်းရဲ့နတ်ဘုရားအတတ်ကို ငါ ဘယ်လိုချိူးဖြတ်ပြမလဲဆိုတာ မင်း ကြည့်၊ အာဏာရှင်ဓား"

အနက်ရောင်ဓားအလင်းတစ်ခုက လေထဲမှ ထွက်လာပြီး မိုးပြာရောင်နတ်ဘုရားစွမ်းအားဒိုင်းကာကို ခုတ်ပိုင်းလာတယ်။

ဖြောက်.......

မိုးပြာရောင်နတ်ဘုရားစွမ်းအားဒိုင်းကာက ပျက်ဆီးသွားတယ်။

"ဓားတာအိုလား။ မင်းက ကျင်းရှစ်ကုန်သည်အစည်းအရုံးရဲ့အဖွဲ့ဝင်တစ်ယောက်လား" ကွမ်းယီယင်းက အနှီဓားတာအိုနတ်ဘုရားအတတ်ကို မှတ်မိလိုက်တယ်။

အာဏာရှင်ဓားက ကျင်းရှစ်ကုန်သွယ်ရေးခန်းမရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေထဲကတစ်ခုဖြစ်တယ်။

သူ ပြောလိုက်တဲ့ကျင်းရှစ်ကုန်သွယ်ရေးခန်းမဆိုတာကတော့ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့မဟာရန်ဘက်ဖြစ်တယ်။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ နှစ်ဖက်လုံးက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်းမှာ သေကျေပျက်ဆီးမှုတွေက မရေမတွက်နိုင်လောက်အောင်ပဲ။

"ဟုတ်တယ်၊ သေကြစမ်း"

ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ကွမ်းယီယင်းကို ထပ်မံခုတ်ပိုင်းလိုက်တယ်။

တိုက်ပွဲရဲ့နောက်ဆက်တွဲတွေက ကုန်သည်သင်္ဘောကို ဖျက်ဆီးခြင်းမှ ကာကွယ်ဖို့ ကွမ်းယီယင်းက ကုန်သည်သင်္ဘောထဲမှ ပျံသန်းထွက်လာတယ်။

ဖြောက်.......

ကွမ်းယီယင်းထွက်သွားပြီး မကြာခင်မှာပဲ ကြီးမားတဲ့အနီရောင်ဒူးလေးမြားတစ်ခုက လေကို ဖြတ်ကာ ကုန်သည်သင်္ဘောကို ထိုးဖောက်လာပြီး ကုန်သည်သ‌င်္ဘောကို အတွင်းမှ ဆုတ်ဖြဲသွားခဲ့‌တယ်။

All Chapters