နတ်ဘုရားစိတ်ဝိညာဉ်အတတ်နဲ့ ရန်သူကို သတ်ဖြတ်ခြင်း
Vol. 82 Ch. 1151
အရှေ့ရှိ ထိုးဖောက်လာနေတာကို ကြည့်ရင်း လီဖူချန်းရဲ့မျက်နှာက အရုပ်ဆိုးသွားတယ်။
စောနလေးတင် သူ သေလုမတတ်ပဲ။
ထိုအနီရောင်ဒူးလေးမြားက ကြောက်စရာကောင်းလွန်းတယ်၊ ၎င်းရဲ့ဖြာထွက်လာတဲ့အရှိန်အဝါက သူ့ကို သတ်လုနီးပါးဖြစ်ခဲ့တယ်။ တိုက်ရိုက်ရင်ဆိုင်ရရင် ရလာဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ကူးဖို့ ခက်ခဲတယ်။
ဒါပေမယ့် သတ်လုနီးပါးဖြစ်ခဲ့တာက သူ့မျက်နှာကို အရုပ်မဆိုးစေခဲ့ဘူး။
သူ့မျက်နှာကို အရုပ်ဆိုးစေတဲ့အကြောင်းရင်းကတော့ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမက ရှုံးနိမ့်သွားတာနဲ့ သူတို့က နတ်ဘုရားဟင်းလင်းပြင်မှာ ရှင်သန်နေထိုင်ရလိမ့်မယ်။ သူတို့က ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို အပြေးသွားဖို့ သူတို့ကိုယ်သူတို့ပဲ မှီခိုရပါလိမ့်မယ်။
ဒီနေရာက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ ဘယ်လောက်တောင် ဝေးမလဲကို ကောင်းကင်ကပဲ သိမယ်။
ကံကောင်းရင်တော့ နှစ်တစ်သောင်းနဲ့ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်ရှိနိုင်တယ်။
ကံမကောင်းရင်တော့ ငါ့ရဲ့တစ်ဘဝလုံး ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ဘယ်တော့မှ ရှာမတွေ့နိုင်မှာကို ကြောက်ရွံ့မိတယ်။
"အကြီးအကဲကွမ်းယီယင်း ဘာဒုက္ခမှ မဖြစ်ပါစေလို့ပဲ မျှော်လင့်ရမယ်"
ကွမ်းယီယင်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူ အဆင်ပြေသရွေ့ ပြဿနာမရှိဘူး။ သူ တစ်ခုခုဖြစ်သွားရင်တော့ ကျန်ရှိနေတဲ့သူတွေ ဘယ်လို အသက်ရှင်သန်ရမလဲကို မသိနိုင်တော့ဘူး။
ကုန်သည်သင်္ဘောထဲမှာပဲ မနေရဲတာကြောင့် လီဖူချန်းက မီးတန်းတစ်ခုအဖြစ် ပြောင်းကာ ပြေးထွက်လာတယ်။
အုန်း.....
နတ်ဘုရားစွမ်းအားအလင်းတန်းတွေရဲ့ပြင်းပြင်းထန်ထန်ပစ်ခတ်မှုအောက်မှာ ကုန်သည်သင်္ဘောက ရုတ်ချည်းဆုတ်ပြဲသွားပြီး လူအများစုက တစ်စစီဖြစ်သွားခဲ့တယ်၊ သူတို့က ထွက်ပြေးဖို့တောင် အချိန်မရှိခဲ့ဘူး။
"တောက်"
ဒီလောက်များတဲ့နတ်ဘုရားစွမ်းအားအလင်းတန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကုန်သည်သင်္ဘောရဲ့ဒီကွန်တွေက ရွေးချယ်စရာမရှိခဲ့ဘူး။ သူတို့အထဲမှာ ကျင့်ကြံခြင်းအခြေခံအမြင့်ဆုံးက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ရှိကာ ဒိအလင်းတန်းတစ်ခုစီက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့စွမ်းအားအကုန်ထုတ်တိုက်ခိုက်မှုနဲ့ ညီမျှတယ်။ သူတို့က တားဆီးခဲ့ပေမယ့် လွင့်ထွက်သွားခဲ့ကြရတယ်။
"ဒီနေရာမှာ သေခြင်းအဆုံးသတ်တစ်ခုပဲ ကျန်ရှိမယ်၊ ငါ ဒီစစ်မြေပြင်ကနေ အဝေးကို အရင်ထွက်သွားရမယ်"
အနေအထားကို ကြည့်ပြီး လီဖူချန်းက အနိုင်ရမယ့်သူကို တစ်ခဏအတွင်း မဆုံးဖြတ်နိုင်ဘူး။ ရလဒ်က ဘာပဲဖြစ်ဖြစ်၊ နတ်ဘုရားတွေ၊ အစစ်အမှန်နတ်ဘုရားတွေက ပုရွက်ဆိတ်တွေ လိုပဲ၊ သူတို့က ဘယ်အချိန်မဆို သေဆုံးသွားနိုင်တယ်။
အရှိန်က ပေါက်ကွဲထွက်လာပြီး လီဖူချန်းက အဝေးသို့ ထွက်ပြေးသွားတယ်။
လီဖူချန်းနဲ့ အတွေးတူတဲ့သူတွေ အများကြီးရှိတယ်၊ လူတိုင်းက ထွက်ပြေးသွားခဲ့တယ်။
"ထွက်ပြေးချင်နေကြတာလား၊ မစဉ်းစားနဲ့၊ သေကြစမ်း"
ကျင်းရှစ်(ရွှေကျောက်တုံး)ကုန်သွယ်ရေးခန်းမက ချုံခိုတိုက်ခိုက်ဖို့ လူတွေ လွှတ်ထားပြီးသား၊ တစ်ယောက်ယောက် ပြေးထွက်လာတာကို မြင်တဲ့အခါ သူတို့က ချက်ချင်း သတ်ဖြတ်ခဲ့ကြတယ်။
ဒီလူတွေရဲ့ကျင့်ကြံခြင်းအခြေခံအနိမ့်ဆုံးက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတွေပဲ၊ အရေအတွက်က ထောင်လောက်ရှိပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ခုနှစ်ယောက်ဒါမှမဟုတ်ရှစ်ယောက်လောက် ရှိတယ်။
"ကောင်လေး၊ မင်းက ဒီလောက် ငယ်ရွယ်ပုံထောက်ရင် ပျံသန်းလင်ယုန်ကုန်သွယ်ရေးခန်းမရဲ့တပည့်ပဲဖြစ်ရမယ်။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို သေရမှာက စိတ်မကောင်းစရာတစ်ခုပဲ။ မင်းရဲ့ဆိုးဝါးတဲ့ကံကြမ္မာကိုပဲ အပြစ်တင်လိုက်တော့" လီဖူချန်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုပေမယ့် သူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ထိုအစစ်အမှန်နတ်ဘုရားက သူ့ကို အထင်မသေးရဲတာကြောင့် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားခြောက်ယောက်က သူ့ကို ဝန်းရံလာခဲ့တယ်။
လီဖူချန်းက ဝေ့ကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေက လေးဘက်လေးတန်ကို ပျံ့နှံ့သွားတယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မှ မချဉ်းကပ်လာတာကို တွေ့ရှိခဲ့တယ်။
"ကြည့်မနေတော့နဲ့၊ မင်းမှာ အခွင့်အရေးမရှိဘူး၊ သေလိုက်တော့"
လီဖူချန်းက ထိုးဖောက်ဖို့ အခွင့်အရေးတစ်ခုကို ရှာဖွေနေမှန်း လူခြောက်ယောက်က တွေးခဲ့တယ်။ သူတို့အားလုံးက နှာခေါင်းရှုံ့ကာ တစ်ဟုန်ထိုးတိုက်ခိုက်လာကြတယ်။
သေစေနိုင်တဲ့ဓားက ဓားအိမ်မှ ထွက်လာတယ်၊ မီးလျှံဓားအလင်းက လင်းလက်သွားတယ်။ နောက်အခိုက်အတန့်မှာ လီဖူချန်းက အနှီခြောက်ယောက်နောက်မှာ ထွက်ပေါ်လာတယ်။
"ဘယ်လိုတောင် မြန်ဆန်တဲ့ဓားလဲ၊ ဘယ်လိုတောင် ထက်ရှတဲ့ဓားလဲ"
လူခြောက်ယောက်ထဲမှာ တစ်ယောက်ရဲ့မျက်ခုံးထဲမှာ သွေးအမှတ်အသားတစ်ခုက ထွက်ပေါ်လာတယ်၊ သွေးအမှတ်အသားက ကြီးမားလာပြီး သူ့ခန္ဓာကိုယ်က ဆုတ်ပြဲသွားကာ သွေးမိုးတွေ စီးကျလာတော့တယ်။
တစ်ချိန်တည်းမှာ အခြားလူငါးယောက်ရဲ့ခန္ဓာကိုယ်တွေက ဆုတ်ပြဲသွားတယ်၊ သူတို့ရဲ့ဝိညာဉ်တွေက ပျက်ဆီးသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားတော့တယ်။
ဓားတစ်ကွက်နဲ့အတူ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားခြောက်ယောက်က သေဆုံးသွားခဲ့တယ်။
ဂုဏ်ယူတဲ့အမူအရာတစ်ခုလေးတောင် မပြဘဲ လီဖူချန်းက ဆက်လက်ထွက်ပြေးသွားခဲ့တယ်။
လက်ရှိ သူ့အတွက်တော့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားကို သတ်ရတာ ထမင်းစားရေသောက်တာနဲ့ မခြားပါဘူး။
ပြီးတော့ သူတို့အတွက် ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမီးခိုးရောင်အရိပ်ကိုတောင် အသုံးပြုဖို့ မလိုအပ်ပါဘူး၊ အဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေကို အသုံးပြုဖို့လဲ မလိုအပ်ဘူး၊ အလယ်ဆင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေကတင် လုံလောက်တယ်။
အစစ်အမှန်နတ်ဘုရားရန်သူတွေ အများကြီးရှိတယ်၊ လီဖူချန်းရဲ့လှုပ်ရှားမှုတွေက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားငါးယောက်နဲ့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့တယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှစ်ယောက်က လီဖူချန်းနဲ့ အနီးကပ်ဆုံးဖြစ်ပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှစ်ဆယ်ကျော်က သူ့ကို လျင်မြန်စွာ ဝိုင်းထားခဲ့တယ်။
"မင်း ထွက်ပြေးချင်တယ်ဆိုရင် ငါ့ကို အရင်မေးပေါ့ကွာ"
ပုံရိပ်တစ်ခုက လီဖူချန်းရဲ့လမ်းကို ပိတ်ဆို့လိုက်တယ်။
ဟွမ်ထျဲက အလွန်အားကောင်းတဲ့အရှိန်အဝါရှိတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်၊ သူက နံရံတစ်ခုအလား၊ တောင်တစ်ခုအလား ရပ်နေကာ လူတွေအနေနဲ့ သူ့ကို ဖြတ်သန်းကာ သွားလာဖို့ ပိုခက်ခဲစေတယ်။
"အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်လား"
လီဖူချန်းက အရှိန်ကို မလျော့ဘဲ ဟွမ်ထျဲထံ ဆက်လက်ပြေးသွားတယ်။
သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကို အထင်သေးတယ်လို့ မဆိုလိုပါဘူး။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးသန်းနဲ့ဆယ်သန်းကြားရှိပြီး နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ်ရာခိုင်နှုန်းကျော်တယ်။
လီဖူချန်းက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့မီးခိုးရောင်အရိပ်ကို ယူထုတ်ရင်တောင် သူက ရန်သူအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။
မီးတာအိုခွန်အားအတွက်ကတော့ အရိုးသားဆုံးပြောရရင် လီဖူချန်းရဲ့ဓားတာအိုခွန်အားက မီးတာအိုခွန်အားထက် အရမ်းမနိမ့်ကျပါဘူး။ တကယ်တော့ ဓားတာအိုခွန်အားက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမီးခိုးရောင်အရိပ်ကြောင့် တိုးမြင့်လာခဲ့တယ်လေ။
ဓားတာအိုခွန်အားက ရန်သူရဲ့ပြိုင်ဘက်မဟုတ်သလို မီးတာအိုခွန်အားက ရန်သူရဲ့ပြိုင်ဘက်မဟုတ်လောက်ဘူး။
ဒါပေမယ့် မီးတာအိုခွန်အားကို ပြောင်းလိုက်မယ်ဆိုရင် လီဖူချန်းက ဆယ်ဆလောက် ပိုခုခံနိုင်လာမယ်၊ နတ်ဘုရားမီးခွဲအစုံတစ်စုံက အသေးအဖွဲ့တစ်ခုမဟုတ်ဘူးလေ။
ဒါပေမယ့် ဒါက စစ်မြေပြင်ဖြစ်တယ်။ သူက ရန်သူကြောင့် တစ်ချက်ရပ်တန့်တာနဲ့ လွတ်မြောက်ဖို့ ပိုခက်ခဲလာလိမ့်မယ်။ ဒါက သူမြင်ချင်တဲ့အရာမဟုတ်ဘူး။
"ကောင်းပြီ၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ရဲ့စွမ်းအားကို သက်သေပြရမှာပေါ့လေ"
လီဖူချန်းရဲ့မျက်လုံးတွေက စူးရှလာတယ်၊ ထက်ရှတဲ့စိတ်ဝိညာဉ်ဓားသွားတစ်ခုက သူ့မျက်ခုံးတွေရဲ့အလယ်ဗဟိုမှ ပြေးထွက်လာတယ်။
စိတ်ဝိညာဉ်ဓားသွားက လျှပ်စီးလောက် မြန်တယ်၊ ၎င်းက ဟွမ်ထျဲရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ချက်ချင်း ကျသွားတယ်။
"စိတ်ဝိညာဉ်နတ်ဘုရားအတတ်လား"
ဟွမ်ထျဲရဲ့မျက်လုံးတွေမှာ နာကျင်မှုအရိပ်အယောင်တစ်ခုရှိလာတယ်၊ ထို့နောက် သူ့မျက်လုံးတွေက မှေးမှိန်သွားပြီး သူ့စိတ်ဝိညာဉ်က ရှုံးဆုံးသွားတယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဟွမ်ထျဲက သေသွားခဲ့တော့တယ်။
ဟွမ်ထျဲကို ဖြတ်ကျော်ရင်း လီဖူချန်းက တစ်ဖက်လူရဲ့နေရာလပ်လက်စွပ်ကို ယူခဲ့တယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့အသားတင်ကြွယ်ဝမှုက မနည်းဘူး၊ ဖြုန်းတီးလို့ မရဘူး။
"ဟွမ်ထျဲက သေသွားတာလား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဟွမ်ထျဲက ငါတို့အထဲမှာ ထိပ်တန်းအဆင့်မရှိပေမယ့် ပျမ်းမျှအထက်မှာ ရှိတာလေ။ ဘယ်လိုလုပ်ပြီး တိတ်တဆိတ် သေသွားရတာလဲ"
"တစ်စုံတစ်ယောက်က တိတ်တဆိတ် သတ်နိုင်တယ်ဆိုတာက ဘယ်လိုမျိုးလဲ"
လိုက်ဖမ်းနေတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်၊ မကြာမီမှာပဲ သူတို့ရဲ့မျက်လုံးတွေက ကျုံ့သွားတော့တယ်၊ ဒါ နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ။
ဟွမ်ထျဲက ပြန်တိုက်ခိုက်ဖို့ စွမ်းအားမရှိလောက်အောင် နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုကပဲ ပြုလုပ်နိုင်မှာ။ သို့မဟုတ်ရင် သူ့ရဲ့ခွန်အားက ဟွမ်ထျဲထက် ဆယ်ဆပိုသန်မာရင်တောင် ဟွမ်ထျဲကို တိတ်တဆိတ်သတ်ဖြတ်ဖို့ မဆိုနဲ့၊ အလွယ်တကူသတ်ဖြတ်ဖို့တောင် မဖြစ်နိုင်ဘူး။
"လိုက်နေတာ ရပ်ရမယ်"
သူတို့နှစ်ယောက်က ကြောက်ရွံ့သွားတယ်။
သူတို့က ဘာတစ်ခုကိုမှ မကြောက်ဘူး၊ သူတို့က စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုပဲ ကြောက်တာ။
တကယ်တော့ လူအနည်းငယ်ကလွဲပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မကြောက်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုက အလွန်အမင်းအန္တရာယ်များတယ်။ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့ အလွယ်တကူ သတ်ဖြတ်နိုင်တယ်။ သူတို့နှစ်ယောက်ရဲ့မျက်လုံးထဲမှာ တစ်ဖက်လူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပါရမီက အလွန်အမင်းသန်မာပြီး အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်ကို အနည်းဆုံး ကျင့်ကြံထားတာပဲ ဖြစ်ရမယ်။
သူတို့က မသေချင်သေးဘူးလေ။
"စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို တွေ့မယ်ဆိုတာ စောစောကတည်းက သိရင် အဆင့်နိမ့်စိတ်ဝိညာဉ်ခုခံမှုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို သင်ယူထားခဲ့တယ်" အဆင့်နိမ့်စိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ရှာတွေ့ဖို့ဆိုတာ အလွန်ခက်တယ်၊ ဒါပေမယ့် ကျင်းရှစ်(ရွှေရောင်ကျောက်တုံးကုန်သွယ်ရေးခန်းမ)ရဲ့ဌာနချုပ်မှာ အနည်းငယ် ရှိနေပါသေးတယ်။ ဒါပေမယ့် တန်ဖိုးက အလွန်မြင့်တယ်။
"စိတ်ဝိညာဥ်တာအိုကျင့်ကြံသူ၊ ဘယ်သူကရော သူတို့နဲ့ တွေ့မယ်ဆိုတာ သိမှာလဲ။ ပြီးတော့ ငါတို့က အဆင့်နိမ့်ခုခံမှုစိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားတစ်ခုကို ကျင့်ကြံရင်တောင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ"
သူတို့ကနှစ်ယောက်က မလိုက်ပေမယ့် အခြားသူတွေ မလိုက်ဘူးလို့တော့ မဆိုလိုဘူး။ တကယ်တော့ ဟွမ်ထျဲ အသတ်ခံရတာကို လူအနည်းငယ်ကပဲ မြင်ခဲ့တာလေ။
ဒီတစ်ခါမှာတော့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားသုံးဆယ့်ငါးယောက်က လီဖူချန်းကို ကြည့်နေတယ်။
အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်သုံးဆယ့်ငါးယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အတတ်ကို အသုံးမပြုခဲ့ပါဘူး။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားမဟုတ်သရွေ့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဘယ်လောက်တောင် ရှိနေပါစေ သူတို့က ပုရွက်ဆိတ်သာသာပါပဲ။
သေမင်းဓားက မီးတောက်အလင်းတစ်ခုကို ထုတ်ဖော်လိုက်တယ်၊ ဓားလင်းတစ်ရာ့ရှစ်ခုက လေထဲမှ ထွက်ပေါ်လာပြီး ဓားပိုက်ကွန်တစ်ခုအဖြစ်သို့ လိမ်ယှက်သွားပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားငါးယောက်ကို တစ်ခါတည်းနဲ့ ရစ်ပတ်သွားတယ်။
ဖူး........
သဲတွေ လေထဲမှာ လွင့်ပျံသွားသလို အလယ်ဆင့်အစစ်အမှန်နတ်ဘုရားသုံးဆယ့်ငါးယောက်က ရုန်းကန်ဖို့ ခွန်အားမရှိဘဲ သူတို့ရဲ့ခန္ဓာကိုယ်တွေက တစ်စစီပျက်စီးသွားတော့တယ်။
အဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်- မရှောင်လွဲနိုင်သောပိုက်ကွန်။
"သန်မာလွန်းတယ်၊ ဒါ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရော ဟုတ်ရဲ့လား" မနီးမဝေးမှ တစ်ဟုန်ထိုးပြေးလာတဲ့လူအိုကြီးတစ်ယောက်ရဲ့ မျက်လုံးတွေက ကျုံ့သွားတယ်။
သူ အသက်ရှင်လာတာ နှစ်တစ်သန်းကျော်ပြီ၊ ပါရမီရှင်တွေ မရေမတွက်နိုင်လောက်အောင် မြင်ဖူးတယ်၊ ဒါပေမယ့် လီဖူချန်းလောက်သန်မာတဲ့ပါရမီရှင်တွေက လက်ဝါးနှစ်ဖက်ထက် မပိုပါဘူး။
"ဒီလိုပါရမီရှင်တစ်ယောက်ကြီးထွားလာရင် ငါတို့ရဲ့ရွှေကျောက်စိမ်းကုန်သွယ်ရေးခန်းမအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လိမ့်မယ်။ ဒါကို အမြန်ဆုံး ဖယ်ရှားနိုင်လေ၊ ပိုကောင်းလေပဲ"
လီဖူချန်းက အားကောင်းပေမယ့် လူအိုကြီးကလဲ သာမန်မဟုတ်ပါဘူး။
သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၈.၅သန်းလောက် မြင့်မားတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ့်ခြောက်ရာခိုင်နှုန်းကို ရောက်ရှိထားတယ်။ လီဖူချန်းက ဆယ်ဆပိုသန်မာရင်တောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။
"သေစမ်း"
လူအိုကြီးက သူ့လက်ကို မြှောက်ကာ စတင်တိုက်ခိုက်လိုက်တယ်။
ကံမကောင်းစွာနဲ့ လီဖူချန်းက သူ့ထက် ခြေတစ်လှမ်းဦးတာပဲ။
နတ်ဘုရားစိတ်ဝိညာဉ်ဓားသွားတစ်ခုက လူအိုကြီးရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ နစ်မြုပ်သွားတယ်။
"မဟုတ်ဘူး၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုလား"
လူအိုကြီးက ကြောက်ရွံ့သွားတယ်။
ဝှစ်......
နတ်ဘုရားမြားတစ်စင်းက အန်ထွက်လာပြီး လူအိုကြီးက ဒွာရခုနှစ်ပေါက်မှ သွေးတွေ ထွက်လာတယ်၊ သူ့ရဲ့အသက်ရှုသံက အလွန်အမင်း နှေးကွေးလာတယ်၊ သူက သူ့ရဲ့စိတ်ဝိညာဉ်ကို ဆုံးရှုံးသွားသလိုပေါ့။
"မသေဘူးလား"
လီဖူချန်းက မေးငေါ့လိုက်တယ်။
အရင်က သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အလွယ်တကူသတ်ဖြတ်ခဲ့တယ်ဆိုတော့ လူအိုကြီးရဲ့စိတ်ဝိညာဉ်ကိုလဲ အလွယ်တကူသတ်ဖြတ်နိုင်မယ်လို့ တွေးထားခဲ့တာ။ ကြည့်ရတာ သူက သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အထင်ကြီးပြီး အဆင့်မြင့်နတ်ဘုရားရဲ့စိတ်ဝိညာဉ်ကို လျော့တွက်ခဲ့တာပဲ။
ဟုတ်ပါတယ်လေ၊ တကယ်တော့ စိတ်ဝိညာဉ်ဓားသွားက အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုသာဖြစ်တယ်၊ အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုမဟုတ်ဘူးလေ။ အဆင့်က နိမ့်လွန်းပါတယ်။ စိတ်ဝိညာဉ်ဓားသွားက အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဆိုရင် ၎င်းက အဆိုးဝါးဆုံးအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဆိုရင်တောင် လူအိုကြီးကို သတ်ရတာ အလွယ်တကူပါပဲ။
ထပ်ပြောရရင် စိတ်ဝိညာဉ်မှာ သန်မာတာ၊ အားနည်းတာ ရှိတယ်။ လူအိုကြီးရဲ့စိတ်ဝိညာဉ်က ယခင်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားထက် ပိုသန်မာတယ်ဆိုတာ သိသာပါတယ်လေ။
လူအိုကြီးက ဘာကြောင့် မသေသလဲကိုတော့ လီဖူချန်းက မသိပါဘူး။ သူ့ရဲ့စိတ်ဝိညာဉ်က ဟွမ်ထျဲထက် ပိုသန်မာတဲ့အချက်အပြင် အရေးကြီးဆုံးအရာကတော့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ဟွမ်ထျဲထက် ပိုမြင့်လို့ပါပဲ။
နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားက ခွဲထုတ်မရလောက်အောင် ချိတ်ဆက်နေတယ်။ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်တယ်။
စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကဆိုရင် လုံးဝအပြည့်အဝပေါင်းစပ်နေတယ်။ နတ်ဘုရားစွမ်းအားရဲ့အကာအကွယ်အောက်မှာ နတ်ဘုရားစိတ်ဝိညာဉ်ဘယ်လိုတိုက်ခိုက်မှုမဆို အားနည်းသွားပေလိမ့်မယ်။ ဘယ်လောက်ထိအားနည်းစေနိုင်မလဲဆိုတာကတော့ စိတ်ဝိညာဉ်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအပေါ်မှာပဲ မူတည်တယ်။
ဒီလိုဆိုရင်တောင် အားနည်းတဲ့အပိုင်းတစ်ခုရှိတယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို အကြွင်းမဲ့ခံနိုင်ရည်ရှိဖို့က မဖြစ်နိုင်ဘူး။
စိတ်ဝိညာဉ်ဓားသွားက လူအိုကြီးကို မသတ်နိုင်မှတော့ လီဖူချန်းက နောက်ထပ်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုကို ထုတ်ဖော်လိုက်ရတာပေါ့။
ဒီတစ်ခါမှာတော့ လူအိုကြီးက မလွတ်မြောက်နိုင်ဘဲ ပုံလဲကျသွားတော့တယ်။