မြားတာအိုအစစ်အမှန်နတ်ဘုရား
Vol. 82 Ch. 1152
ရန်သူတွေ များလွန်းပါတယ်။ လီဖူချန်းက ထိုးဖောက်ခဲ့ပေမယ့် ရန်သူတွေ တစ်သုတ်ပြီးတစ်သုတ် ရင်ဆိုင်နေရတယ်။
အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနဲ့ တွေ့တဲ့အခါ လီဖူချန်းက ဓားတစ်ကွက်နဲ့ သတ်ခဲ့တယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ရန်သူကို သူ့ရဲ့စိတ်ဝိညာဉ်နဲ့ သတ်ဖြတ်ခဲ့တယ်။
ဒီအချိန်အတောအတွင်း လီဖူချန်းကို ရင်ဆိုင်ဖို့ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားငါးယောက်က ပူးပေါင်းလာခဲ့တယ်။ ကံမကောင်းစွာနဲ့ လီဖူချန်းက စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကို ထုတ်ဖော်ပြီးနောက် ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားငါးယောက်က အသက်တစ်ခါရှုချိန်တောင် မခုခံနိုင်ခဲ့ဘူး။
စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ရဲ့စွမ်းအားက စိတ်ဝိညာဉ်ဓားသွားထက် အနည်းငယ်နိမ့်ကျပေမယ့် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကို သတ်ဖြတ်ခြင်းနတ်ဘုရားလို့ ခေါ်ဆိုနိုင်တယ်။
နာရီဝက်ကြာပြီးနောက် လီဖူချန်းက ဝိုင်းရံထားရာကနေ နောက်ဆုံးမှာ ထိုးဖောက်နိုင်ခဲ့တယ်။
မရပ်တန့်ဘဲ လီဖူချန်းက အရှေ့ရှိ ဥက္ကာခဲအစုအဝေးတစ်ခုဆီ ပျံသန်းသွားခဲ့တယ်။
နတ်ဘုရားဟင်းလင်းပြင်မှာ ဘာမှ မရှိပါဘူး။ နတ်ဘုရားဟင်းလင်းပြင်ရဲ့နေရာတော်တော်များများမှာ အပျက်အဆီးအမျိုးမျိူးတွေ၊ ဖုန်တွေ၊ ဥက္ကာခဲတွေ ရှိတယ်။
ဥက္ကာခဲအစုအဝေးတစ်ခုဆီ ဝင်ရောက်ပြိီးနောက် လီဖူချန်းက စိတ်သက်သာရာရသွားတယ်။ နတ်ဘုရားဟင်းလင်းပြင်နဲ့ယှဉ်ရင် ဥက္ကာခဲအစုအဝေးရဲ့အတွင်းပိုင်းက ဘေးကင်းပါသေးတယ်။
"အန္တရာယ်"
ရုတ်တရက် လီဖူချန်းရဲ့သူငယ်အိမ်တွေက ကျဉ်းမြောင်းသွားပြီး ဘေးသို့ မီတာအနည်းငယ် ရွှေ့ကာ ဥက္ကာခဲတစ်ခုအနောက်မှာ ပုန်းလိုက်တယ်။
ရွှီ........
ရွှေရောင်အလင်းတန်းတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်ဖြတ်ကျော်သွားပြီး ဥက္ကာခဲရဲ့အနက်ပိုင်းထဲမှာ ပျောက်ကွယ်သွားတော့တယ်။
"ဒါ အဆင့်မြင့်လေးတာအိုအစစ်အမှန်နတ်ဘုရားပဲ" လီဖူချန်းက ပါးစပ်ဟလိုက်ပြီး နတ်ဘုရားမြားတစ်ချောင်းကို ထွေးထုတ်လိုက်တယ်။
ရွှေရောင်အလင်းက မြားတစ်ချောင်းဖြစ်တယ်၊ မြားကို နတ်ဘုရားစွမ်းအားနဲ့ ပြုလုပ်ထားတယ်။ သူ့ကို မြားပေါ်ရှိ နတ်ဘုရားစွမ်းအားက သက်ရောက်ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိဓားတာအ်ိုနတ်ဘုရားစွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းက ယုတ်လျော့သွားတယ်။
သူ့ကို အလွန်အားကောင်းတဲ့အဆင့်မြင့်မြားတာအိုအစစ်အမှန်နတ်ဘုရားတစ်ယောက် တိုက်ခိုက်ခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
"စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဆိုတဲ့အတိုင်းပဲ၊ သူက ငါ့ရဲ့အရှိန်မြားကနေ လွတ်မြောက်နိုင်တာပဲ"
အနောက်မှာ ပုံရိပ်တစ်ခုက ဥက္ကခဲတစ်ခုအပေါ်မှာ ထွက်ပေါ်လာတယ်။
ဒါက မျက်လုံးစုံနဲ့ ဦးခေါင်းပေါ်မှာ စက်ကွင်းဒါဇင်ရှိတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ဘယ်ဘက်လက်မှာ ကြီးမားတဲ့ရွှေရောင်လေးတစ်ခုကို ကိုင်ဆောင်ထားတယ်။ သူ့ရဲ့ညာဘက်လက်ချောင်းတွေအကြားမှာ ရွှေရောင်အလင်းတွေ ပြည့်နေပြီး ရွှေရောင်မြားတစ်ခုကို သိပ်သည်းထားတယ်။
ဆက်မတိုက်ခိုက်ဘဲ ထိုလူက ပြောလာတယ်" ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ၊ ငါနဲ့သဘောတူညီချက်တစ်ခု ပြုလုပ်ရအောင်၊ ဘယ်လိုလဲ၊ အဆင့်မြင့်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ချိတ်ပိတ်ထားတဲ့ ချိတ်ပိတ်ကျောက်တုံးတစ်တုံးကို ပေးရင် ငါ မင်းကို သွားခွင့်ပြုမယ်"
သူ့အမြင်အရ လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေကို ကျင့်ကြံထားတယ်ပေါ့လေ။
အဆင့်၁ကုန်သွယ်ရေးခန်းမတစ်ခုအနေနဲ့ ရွှေရောင်ကျောက်တုံးကုန်သွယ်ရေးခန်းမမှာ ဆန်းကြယ်နတ်ဘုရားအနည်းငယ်နဲ့ စိတ်ဝိညာဉ်နတ်ဘုရားတွေ အများကြီးရှိတယ်၊ ဒါပေမယ့် အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်အနည်းငယ်ကိုပဲ စုဆောင်းထားခဲ့တယ်။ သူက လီဖူချန်းရဲ့အဆင့်မြင့်စိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်ကို ရရှိနိုင်ရင် သူ့ရဲ့အသားတင်ကြွယ်ဝမှုက ချက်ချင်းမြင့်တက်သွားလိမ့်မယ်။
လီဖူချန်းက ငတုံးမဟုတ်ဘူး၊ အဆင့်မြင့်စိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားအတတ်ကို ပေးလိုက်တာနဲ့ သူက သေသွားမယ်ဆိုတာ သူ သိတယ်။
ဒါပေမယ့် သူ့မှာလဲ အဆင့်မြင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေ မရှိဘူး။
စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ရဲ့အရှိန်က အလွန်မြန်တယ်၊ ထိုလူရဲ့စိတ်ဝိညာဉ်ထဲကို နစ်မြုပ်သွားတယ်။
"ဘယ်လိုတောင် အားကောင်းတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုလဲ။ ကံမကောင်းစွာနဲ့ ဒါက အသုံးမဝင်ဘူး။ ငါတို့ရှယင်းကလန်ရဲ့စိတ်ဝိညာဉ်က မွေးကတည်းက အားကောင်းလာပြီးသား။ မင်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဆိုရင်တော့ ငါ့ကို ခြေလှမ်းသုံးလှမ်း နောက်ဆုတ်အောင် လုပ်နိုင်မှာပါ" ထိုလူက သွေးဆုတ်သလို ဖြူရော်သွားပြီးနောက် ပြန်သက်သာလာတယ်။
"တစ်ကြိမ်အလုပ်မလုပ်ရင် ဆယ်ကြိမ်ပေါ့ကွာ" လီဖူချန်းက တစ်ဖက်လူရဲ့စကားကို လုံးမယုံပါဘူး၊ ဒါကြောင့် သူက စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကို ထပ်မံထုတ်ဖော်လိုက်တယ်။
ဝှစ် ဝှစ် ဝှစ်.....
စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်တစ်ခုက ထိုလူရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့တယ်။
ထိုလူအနေနဲ့ ရှောင်တိမ်းဖို့က မဖြစ်နိုင်ဘူး။
စိတ်ဝိညာဉ်တာအိုတိုက်ခိုက်မှုရဲ့အရှိန်က မြန်လွန်းတယ်၊ သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဆိုရင်တောင် ရှောင်တိမ်းဖို့ ခက်ခဲတယ်။
"တောက်၊ တော်သေးတာပေါ့၊ ငါ အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်-အရိပ်အလင်းကို လေ့ကျင့်ထားလို့"
အရိပ်အလင်းရှိလို့ သူက လီဖူချန်းကို တစ်ယောက်တည်း အမဲလိုက်ရဲတာ။
"စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မင်း ဘယ်လောက်ထိ လုပ်နိုင်မလဲ ငါ ကြည့်မယ်" ထိုလူက အလောတကြီးမဖြစ်ပါဘူး။ စိတ်ဝိညာဉ်တာအိုတိုက်ခိုက်မှုက စိတ်ဝိညာဉ်စွမ်းအားအမြောက်အများကို အသုံးပြုတယ်။ လီဖူချန်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ရုံတင်မက သူက စိတ်ဝိညာဉ်စွမ်းအားကိုအများကြီးကုန်ဆုံးစေတဲ့အဆင့်မြင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို အသုံးပြုနေတယ်။ ဒါကြောင့် လီဖူချန်းအနေနဲ့ အကြိမ်အများကြီးအသုံးမပြုနိုင်ဘူးဆိုတာ သေချာတယ်။
ပြီးတော့ ရန်သူရဲ့စိတ်ဝိညာဉ်စွမ်းအားက ကုန်ဆုံးသွားတာနဲ့ ကြီးကြီးမားမားတိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။
ငါးကြိမ်၊ ဆယ်ကြိမ်......
မကြာမီမှာ လီဖူချန်းက စိတ်တိညာဉ်သတ်ဖြတ်ခြင်းအပ်ကို အကြိမ်နှစ်ဆယ်ကျော် အသုံးပြုခဲ့တယ်၊ ကြားမှာ ရပ်ခြင်း၊ တန့်ခြင်း မရှိခဲ့ဘူး။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ထိုလူရဲ့မျက်နှာက အနည်းငယ်ဖြူရော်နေသလို သူ့မျက်လုံးတွေက နားမလည်နိုင်တဲ့အမူအရာတွေ အပြည့်ဖြစ်နေတယ်။
တစ်ဖက်လူက အခုထိ ထုတ်ဖော်နိုင်သေးတယ်။ တစ်ဖက်လူရဲ့စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်ထိ အားကောင်းနေတာလဲ။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိတာမဟုတ်ဘဲ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ရှိတယ်ဆိုတာ သူ ဘယ်လိုလုပ် သိမှာလဲ။ ထပ်ပြောရရင် လီဖူချန်းအသုံးပြုနေတာက အဆင့်မြင့်စိတ်ဝိညာဉ်အစစ်အမှန်နတ်ဘုရားအတတ်မဟုတ်ဘဲ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ပဲလေ။ အဲဒါက စိတ်ဝိညာဉ်စွမ်းအားအများကြီးကို မကုန်ဆုံးစေပါဘူး။
အကြိမ်နှစ်ဆယ်ကျော်မပြောနဲ့၊ အကြိမ်နှစ်ရာကျော်ဆိုရင်တောင် လီဖူချန်းက အဆင်ပြေတယ်။
"မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့" ထိူလူက လေးကြိုးကို ဆွဲကာ လီဖူချန်းထံ မြားတစ်ချောင်း ပစ်လွှတ်လိုက်တယ်။
ဝှစ်......
အရင်တစ်ခါနဲ့ မတူဘဲ ဒီတစ်ခါမှာတော့ ရွှေရောင်မြားက လေထဲမှာ ပေါ်ထွက်လာပြီး အဆုံးမဲ့ရွှေရောင်မြားတွေအဖြစ် ပြောင်းကာ လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ လွှမ်းခြုံတိုက်ခိုက်လာတော့တယ်။
အဆုံးစွန်းအလယ်ဆင့်မြားတာအိုအစစ်အမှန်နတ်ဘုရားအတတ်-ရွှေရောင်မြားမိုး။
လီဖူချန်းနဲ့ ရင်ဆိုင်ဖို့ဆိုရင် သူက အဆင့်မြင့်မြားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို အသုံးပြုဖို့ မလိုအပ်ဘူး၊ အလယ်ဆင့်မြားတာအိုအစစ်အမှန်နတ်ဘုရားအတတ်နဲ့တင် လုံလောက်တယ်။
"ကောင်းကင်မီးလွတ်မြောက်ခြင်း"
လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိ ဓားတာအိုစွမ်းအားက မီးတာအိုစွမ်းအားအဖြစ် ပြောင်းသွားခဲ့တယ်။
မီးတာအိုနတ်ဘုရားစွမ်းအားက ဓားတာအိုနတ်ဘုရားစွမ်းအားထက် ပိုသန်မာတယ်။ နတ်ဘုရားမီးခွဲတစ်စုံနဲ့ဆိုရင် နတ်ဘုရားစွမ်းအားက အဆအနည်းငယ် မြင့်တက်လာပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ သိပ်မကွာတော့ပါဘူး။ နောက်အခိုက်အတန့်မှာ လီဖူချန်းက မီးတန်းတစ်ခုအဖြစ် ပြောင်းကာ ဥက္ကာခဲအစုအဝေးရဲ့အနက်ပိုင်းဆီ ထွက်ပြေးခဲ့တယ်။
ဒင်း ဒင်း ဒင်း ဒေါင်း.....
လီဖူချန်းရဲ့အရှိန်က အလွန်မြန်ပြီး သူ့ရဲ့မီးစွမ်းအားက အလုံအလောက်သန်မာပေမယ့် သူက အနှီလူရဲ့မြားတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သေးတယ်။
"မဟုတ်ဘူး၊ ဒီတိုင်းဆက်သွားရင် မကြာခင် ငါ သေသွားလိမ့်မယ်"
လီဖူချန်းက တန်ပြန်တိုက်ခိုက်ဖို့ စဉ်းစားနေတယ်။
"ငါ့ရဲ့အချိန်နဲ့နေရာလပ်ဥပဒေသနယ်ပယ်က အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားရင် အရမ်းကောင်းမှာ"
အတွေးတစ်ချက်နဲ့ လီဖူချန်းက တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းများစွာကို စဉ်းစားမိပေမယ့် သူတို့အားလုံးက အသုံးမဝင်ခဲ့ဘူး။ တန်ပြန်နည်းလမ်းတွေထဲကတစ်ခုကတော့ နေရာလပ်-အချိန်တာအိုဥပဒေသကို သုံးဖို့ ထွက်ပြေးဖို့ပါပဲ။
နေရာလပ်-အချိန်တာအိုဥပဒေသက အလွန်အားကောင်းပြီး သူတို့က ထွက်ပြေးဖို့အတွက် သီးသန့်ဖန်တီးထားတာလေ။
ကံမကောင်းစွာနဲ့ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုဥပဒေသက နိမ့်ကျလွန်းတယ်၊ သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်မှာ ရှိတယ်။ သူက ဒါကို သိရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်က အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်တွေကို လေ့ကျင့်ခဲ့မှာပါ၊ ပြီးရင် သူ့ရဲ့နေရာလပ်-အချိန်တာအိုဥပဒေသက တိုးတက်ချင်တိုးတက်လာနိုင်မှာပါ။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့ရဲ့အချိန်အားလုံးကို အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်တွေကျင့်ကြံဖို့အတွက် အသုံးပြုရင်တောင် သူက နေရာလပ်-အချိန်တာအိုဥပဒေသနယ်ပယ်ကို မတိုးတက်စေနိုင်ဘူးဆိုတာလဲ သူ သိတယ်။
ပထမ၊ နေရာလပ်-အချိန်တာအိုဥပဒေသတွေက နားလည်ရတာ ခက်ခဲတယ်။
ဒုတိယ၊ သူ့ရဲ့နေရာလပ်-အချိန်တာအိုဥပဒေသနယ်ပယ်က နိမ့်ပြီး နေရာလပ်-အချိန်နတ်ဘုရားအတတ်တွေကို ကျင့်ကြံတဲ့မြန်နှုန်းက အများကြီးပိုနှေးတယ်။
"ဘာပဲဖြစ်ဖြစ်၊ ငါ လွတ်မြောက်တာနဲ့ အဲဒီအလယ်ဆင့်နေရာလပ်-အချိန်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ငါးခုကို လေ့ကျင့်ရမယ်" လီဖူချန်းက စိတ်ထဲမှာ ပြောလိုက်တယ်။
မြားတစ်ချောင်းက လီဖူချန်းကို ပြင်းပြင်းထန်ထန် မထိခိုက်စေခဲ့ဘူး၊ ထိုလူက ဒါကို မြင်တဲ့အခါ အနည်းငယ်အံ့အားသင့်သွားပေမယ့် သူက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံအစုံရဲ့အလင်းကို မြင်တဲ့အခါ သူ့မျက်လုံးတွေက ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကာ လင်းလက်သွားတော့တယ်။
"အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံတစ်စုံ၊ ဒီကလေးက တကယ်ကို ချမ်းသာတာပဲ"
ဒိီတစ်ကြိမ်တော့ လီဖူချန်းကို ရင်ဆိုင်ရတာ ပိုစိတ်အားတက်ကြွလာတယ်။ သူက အဆင့်မြင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ရရှိမှာကို ဂရုမစိုက်ရင်တောင် ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံနဲ့တင် ထိုက်တန်တယ်။
"ရွှေရောင်အလင်းသတ်ဖြတ်ခြင်း........"
ထိုလူက အဆင့်မြင့်လေးတာအိုအစစ်အမှန်အတတ်တစ်ခုကို ဖော်ထုတ်လိုက်တယ်၊ ရွှေရောင်မြားတစ်ချောင်းက ပေါက်ကွဲထွက်လာတယ်။
ဒီရွှေရောင်မြားရဲ့အရှိန်က အရင်မြားလောက် ပိုမသန်မာပေမယ့် ၎င်းရဲ့စွမ်းအားက အဆအနည်းငယ်ပိုသန်မာပြီး ရွှေရောင်မြားက ရွေ့လျားနေစဉ်အတွင်း အရွယ်အစားက လျင်မြန်စွာ ကြီးလာတယ်။ မီတာဒါဇင်ကျော်၊ မီးတာထောင်ကျော် ရှည်လာတယ်.......
အုန်း........
ရွှေရောင်အလင်းက ပေါက်ကွဲထွက်လာပြီး အရှေ့ရှိဧရိယာတစ်ခုလုံးက ရွှေရောင်အလင်းထဲမှာ နစ်မြုပ်သွားတယ်။
"သေရင်တောင် မင်းရဲ့အလောင်းကျန်နေရမယ်"
ထိုလူက နတ်ဘုရားစွမ်းအားနဲ့ ဝှေ့ယမ်းလိုက်ပေမယ့် လီဖူချန်းရဲ့အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပါဘူး။
ဒီမြားရဲ့စွမ်းအားနဲ့ ပတ်သက်ပြီး သူက အလွန်ရှင်းလင်းတယ်၊ လီဖူချန်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုတောင် ဖော်ပြစရာမလိုဘူး၊ လီဖူချန်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုရင်တောင် သူက သေချာပေါက် သေရလိမ့်မယ်။ အရင်တုန်းက ဒီမြားကို သုံးပြီး သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို သတ်ခဲ့တယ်။
"မဟုတ်ဘူးလေ၊ ငါ့ရဲ့မြားက ဘယ်လောက်ပဲ အားကောင်းကောင်း၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဖျက်ဆီးဖို့တော့ မဖြစ်နိုင်ဘူး"
ထိုလူက ရုတ်တရက် သတိဝင်လာတယ်။
နတ်ဘုရားစွမ်းအားပေါက်ကွဲမှုက ဦိးတည်ဘက်တိုင်းကို ဖြာထွက်သွားတယ်။
မကြာမီမှာတော့ သူက နတ်ဘုရားစွမ်းအားဖြာထွက်ရာရဲ့အစွန်အဖျားမှာ လီဖူချန်းရဲ့အရိပ်အယောင်ကို တွေ့ရှိခဲ့တယ်။
"တော်တော်တော်တဲ့ကောင်လေးပဲ"
သူက လီဖူချန်းထံ မြားတစ်ချောင်း ပစ်လွှတ်ပြီးနောက် အနောက်လိုက်သွားတယ်။
ဒီမြားက အရှိန်မြားလို့ခေါ်တယ်၊ ၎င်းရဲ့မြန်နှုန်းနဲ့ပတ်သက်ပြီး နာမည်ကြီးတယ်။
ဒင်း......
မြားကို လီဖူချန်းရဲ့နောက်ဘက်ရှိဥက္ကာခဲက တားဆီးခဲ့တယ်။
နတ်ဘုရားကြယ်ဥက္ကာခဲတွေက သာမန်ဥက္ကာခဲတစ်ခုမဟုတ်ဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဆိုရင်တောင် ဖျက်ဆီးဖို့ ခက်ခဲတယ်။
ဒါက အဆင့်နိမ့်နတ်ဘုရားကြယ်ဥက္ကာခဲသာ ဖြစ်သေးတယ်။ အဆင့်မြင့်နတ်ဘုရားကြယ်ဥက္ကာခဲတွေသာဆိုရင် ဆန်းကြယ်နတ်ဘုရားနဲ့ဆန်းကြယ်နတ်ဘုရားကို ကျော်လွန်တဲ့တည်ရှိမှုတွေကတောင် ဖျက်ဆီးဖို့ ခက်ခဲတယ်။
"ဒီဥက္ကာခဲတွေက တကယ်ပဲ တားဆီးနိုင်ခဲ့တာပဲ"
အရင်က လီဖူချန်းက ဥက္ကာခဲတွေကို အများကြီးအာရုံမစိုက်ခဲ့ဘူး၊ သာမန်ဥက္ကာခဲတွေလို့ပဲ တွေးထားခဲ့တာ။ တစ်ဖက်လူက သူ့ရဲ့တိုက်ကွက်ကို ထုတ်ဖော်တဲ့အချိန်မှာ ဥက္ကာခဲတွေက မဖျက်ဆီးနိုင်ဘူးဆိုတာ သူ သတိပြုမိခဲ့တယ်။ ဒီဥက္ကာခဲတွေသာမရှိရင် သူက တစ်ဖက်လူရဲ့လက်ချက်နဲ့ သေသွားလောက်ပြီ။
ဒင်း......
ဒင်း ဒင်း.......
မျက်လုံးအစုံနဲ့ထိုလူက လီဖူချန်းကို မြားတွေ အဆက်မပြတ် ပစ်လွှတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
သူ့ရဲ့မြားတိုက်ခိုက်မှုက ချီကို ပိတ်ထားနိုင်တဲ့ သက်ရောက်မှု ရှိတယ်၊ ရန်သူက ဦးတည်ဘက်ကို ယာယီပြောင်းလိုက်ရင်တောင် အပြည့်အဝလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
ရန်သူ ရှောင်တိမ်းနိုင်တဲ့ အကြောင်းရင်းကတော့ ရန်သူက တည်နေရာရွှေ့ပြောင်းနိုင်လို့ပဲ။
"သူက နေရာလပ်-အချိန်တာအိုအစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုတာ ငါ မမျှော်လင့်ထားဘူး။ ကံဆိုးစွာနဲ့ အဆင့်နိမ့်နေရာလပ်-အချိန်နတ်ဘုရားတစ်ယောက်ဖြစ်နေတာပဲ"
မျက်လုံးအစုံနဲ့လူက ဂရုမစိုက်ဘဲ သူက လီဖူချန်းကို ဆက်လက်တိုက်ခိုက်ခဲ့တယ်။
ဒီတစ်ခါမှာတော့ ရွှေရောင်မြားတွေက မြန်ရုံတင်မက သူတို့ရဲ့ကိုယ်ပိုင်ရွှေရောင်အလင်းပိုင်နက်ရှိတယ်။ လီဖူချန်းတည်ရှိရာ နေရာလပ်-အချိန်ကို ရွှေရောင်အလင်းက တိုက်ရိုက် ဖုံးအုပ်သွားတယ်။
တည်နေရာရွှေ့ပြောင်းရေးက ကျဆုံးသွားခဲ့တယ်၊ မျက်လုံးအစုံနဲ့လူရဲ့တိုက်ခိုက်မှုကလဲ လီဖူချန်းကို မထိမှန်ခဲ့ပါဘုး၊ လီဖူချန်းအနောက်ကဥက္ကာခဲက တားဆီးနိုင်ခဲ့ပြန်တယ်လေ။
"မင်းရဲ့ချီတည်ရှိမှုကို လုံးဝဖုံးကွယ်နိုင်တာလား"
မျက်လုံးအစုံနဲ့လူက အံ့အားသင့်သွားတယ်။
စောစောက အခိုက်အတန့်မှာ သူ့ရဲ့မြားတိုက်ခိုက်မှုက ပစ်မှတ်ရဲ့ချီတည်ရှိမှုကို ရုတ်ချည်း ဆုံးရှုံးသွားတယ်၊ ဒါကြောင့် သူက ဥက္ကာခဲကို မရှောင်လွှဲနိုင်ခဲ့ဘူး။
"သူ့ကို လွတ်မြောက်ခွင့်ပေးလို့မရဘူး" မျက်လုံးအစုံနဲ့လူက တိုက်ခိုက်တာကို ရပ်တန့်ပြီး စတင်လိုက်ဖမ်းလာတယ်။
အချိန်ကြာလာတာနဲ့အမျှ မျက်လုံးအစုံနဲ့လူက လီဖူချန်းနဲ့ ပိုပိုနီးကပ်လာတယ်။
လီဖူချန်းက ဥက္ကာခဲအစုအဝေးကို ကျော်ဖြတ်လာခဲ့ပြီး နတ်ဘုရားဟင်းလင်းပြင်ဆီ ရောက်ရှိလာခဲ့ပြန်တယ်။
"မင်း ဘယ်သွားမလဲ ကြည့်ရတာပေါ့"
အနောက်မှာ မျက်လုံးအစုံနဲ့လူက အံကြိတ်လိုက်တယ်။
ဥက္ကာခဲအစုအဝေးမှာ သူရဲ့မြားတိုက်ခိုက်မှုကို အလွန်ကန့်သတ်ထားပြီး အပြည့်အဝအသုံးမပြုနိုင်ခဲ့ဘူး။
"တကယ်လား။ ဒါဆိုလဲ ငါ မင်းကို ပြမယ်"
လက်ကို ဝှေ့ယမ်းလိုက်ရာ အာကာသယာဉ်တစ်စင်းက ထွက်ပေါ်လာပြီး လီဖူချန်းက အပေါ်တက်ခဲ့တယ်။
"အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်လား"
အပြာရောင်အလင်းမီးလျှံတွေက အာကာသယာဉ်ရဲ့အမြီးမှ ပန်းထွက်လာပြီး နောက်အခိုက်အတန့်မှာတော့ အာကာသယာဥ်ရဲ့မြန်နှုန်းက ထိုးတက်သွားတော့တယ်။
ဥက္ကာခဲအစုအဝေးမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို အသုံးမပြုတဲ့အကြောင်းရင်းကတော့ ဥက္ကာခဲတွေ အများကြီးရှိနေတယ်၊ အရာဝတ္ထုကြီးတွေအနေနဲ့ ရွေ့လျားဖို့ မလွယ်လှဘူးလေ။ သို့မဟုတ်ရင် လီဖူချန်းက အဲဒါကို အသုံးပြုခဲ့တာကြာပေါ့။
လီဖူချန်းက ဥက္ကာခဲအစုအဝေးကို ဝင်ရောက်ခဲ့တဲ့အကြောင်းပြချက်ကတော့ သူ့ကို စိတ်ဝိညာဉ်နတ်ဘုရားတွေက ပစ်မှတ်ထားမှာကို ကြောက်ရွံ့လို့ပဲ။
အာကာသယာဉ်ရဲ့အရှိန်က ပိုပိုမြန်လာပြီး အဆုံးမှာ မျက်လုံးအစုံလူက လိုက်မမီတော့ဘူး။
ဒါက ပြီးပြည့်စုံခြင်းဒါမှမဟုတ်အဆုံးစွန်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအာကာသယာဉ်တစ်ခုဆိုတာ မျက်လုံးအစုံနဲ့လူက သိတယ်၊ သူ့အနေနဲ့ ဘယ်လိုမှ လိုက်မမီနိုင်ဘူးလေ။
"သွေးအရိပ်ရွှေရောင်အလင်း........"
မျက်လုံးအစုံနဲ့လူက သူ့ရဲ့အသန်မာဆုံးအဆင့်မြင့်မြားတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တယ်။ သွေးရောင်အရိပ်တွေ ဖုံးလွှမ်းနေတဲ့ ရွှေရောင်မြားတစ်ချောင်းက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နောက်ကို လိုက်သွားပြီး တင်းကြပ်စွာ ထိုးဖောက်သွားခဲ့တယ်။
အုန်း.......
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အရောင်လက်သွားပြီး ပုံမှန်အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားတယ်။
တစ်ခဏကြာပြီးနောက် အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က မျက်လုံးစုံလူကို အလွန်အမင်းအကွာအဝေးတစ်ခုနဲ့ ချန်ထားရစ်ခဲ့တယ်။
"တောက်၊ တောက်........"
မျက်လုံးစုံလူက ဒေါသထွက်လျက် ကျန်ခဲ့တယ်။