အလယ်ဆင့်အစစ်အမှန်နတ်ဘုရား
Vol. 82 Ch. 1153
"တော်သေးတာပေါ့"
အာကာသယာဉ်ရဲ့ကုန်းပတ်ပေါ်မှာ လီဖူချန်းက စိတ်သက်သာရာရစွာ လေကို မှုတ်ထုတ်လိုက်တော့တယ်။
ကံကောင်းစွာနဲ့ သူက ဒီအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဝယ်ထားခဲ့လို့၊ သို့မဟုတ်ရင် သူ သေသွားလောက်ပြီ။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေနဲ့ နှိုင်းယှဉ်ရင် သူက အားနည်းလွန်းနေသေးတယ်။ တစ်ဖက်လူက သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်တာနဲ့ သူက ဘာမှ လုပ်စရာမရှိတော့ဘူး။
"အရင်ဆုံး ကျင့်ကြံဖို့ နေရာတစ်ခုကို ရှာရမယ်၊ ပြီးမှ ငါ အသင့်ဖြစ်လုနီးပါးအခြေအနေရောက်မှ ဆက်သွားရမယ်"
နတ်ဘုရားဟင်းလင်းပြင်မှာ ခရီးနှင်ရတာ အန္တရာယ်များလွန်းတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ ရင်ဆိုင်တွေ့နိုင်တာကို မပြောနဲ့၊ အားကောင်းတဲ့နတ်ဘုရားဟင်းလင်းပြင်သက်ရှိတွေနဲ့တောင် တွေ့နိုင်တယ်လေ။
……
စစ်မြေပြင်ရဲ့အနေအထားက လုံးဝကို တစ်ဖက်သတ်သတ်ဖြတ်ခြင်းပါပဲ။
ရန်သူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမထက် အများကြီးပိုကောင်းတယ်။
"သေစမ်း....."
ကွမ်းယီယင်းနဲ့သက်လတ်ပိုင်းလူက တိုက်ခိုက်နေတယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အနေနဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်လှုပ်ရှားမှုတွေက အရမ်းကြီးမားပြီး နောက်ဆက်တွဲဖြစ်ရပ်တွေက ပျံ့နှံ့နေတယ်။ သူတို့က အကွာအဝေးရှည်တစ်ခု ခွာထားရင်တောင် အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို အလွယ်တကူသေစေနိုင်တယ်။
ယေဘုယျပြောရရင် သက်လတ်ပိုင်းလူရဲ့ခွန်အားက ကွမ်းယီယင်းထက် ပိုသန်မာတယ်၊ အထူးသဖြင့် သူ့လက်ထဲက ဓားပဲ၊ အဲဒါက အနည်းဆုံးပြီးပြည့်စုံခြင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်နိုင်တယ်။
"ကောင်းကင်ဘုံဓားနဲ့ စိတ်ဝိညာဉ်ဖျက်ဆီးခြင်း"
အနက်ရောင်ဓားအလင်းက ကွမ်းယီယင်းဆီ အရာအားလုံးကို ဝါးမျိုတဲ့အရှိန်အဝါတစ်ခုနဲ့အတူ ခုတ်ပိုင်းလိုက်တယ်။
ဝှစ်.......
သွေးတစ်ပွက် အန်ထွက်ပြီး ကွမ်းယီယင်းက ဒဏ်ရာရသွားတယ်။
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်စေဒါမှမဟုတ်အစစ်အမှန်နတ်ဘုရားအတတ်ဖြစ်စေ၊ သူက ရန်သူထက် အနည်းငယ် နိမ့်ကျတယ်၊ ပြီးတော့ သူ့ရဲ့နတ်ဘုရားစွမ်းအားက ရန်သူလောက် မသန်မာလို့ပဲ။
"ကောင်းကင်ဘုံဓားနဲ့ လ"
"ကောင်းကင်ဘုံဓားနဲ့ အထီးကျန်ကြယ်"
သက်လတ်ပိုင်းလူရဲ့တိုက်ခိုက်မှုက ပိုပိုကြမ်းတမ်းလာပြီး ပိုပိုဖိနှိပ်လာတယ်။
"ကောင်းကင်ဘုံဓားနဲ့ ခုတ်ချက်ရှစ်ချက်"
ပုံရိပ်က ကောင်းကင်သို့ ရုတ်တရက်မြင့်တက်သွားပြီး သတ်လတ်ပိုင်းလူက ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ဓားအလင်းရှစ်ခုက အနက်ရောင်နဂါးတစ်ကောင်ပမာ ကွမ်းယီယင်းကို ချက်ချင်း ဖုံးအုပ်သွားတယ်။
"မကောင်းတော့ဘူး"
ကွမ်းယီယင်းက ထိတ်လန့်လာတယ်။
ရန်သူရဲ့ဓားအလင်းရှစ်ခုက သာမန်ဓားအလင်းတွေ မဟုတ်ဘူး။ သူတို့က သာမန်ဓားအလင်းတွေ ဆိုရင် တစ်ထောင်၊ တစ်သောင်းဆိုရင်တောင် သူက ဂရုမစိုက်ပါဘူး။
ရန်သူရဲ့ဓားအလင်းရှစ်ခုလုံးရဲ့စွမ်းအားက စွမ်းအားအပြည့်ဖြစ်တယ်။
အခြားစကားဖြင့်ဆိုရင် လက်ရှိအချိန်မှာ သက်လတ်ပိုင်းလူရှစ်ယောက်က သူ့ကို အတူတကွ တိုက်ခိုက်နေသလိုပေါ့။
ဖူး......
အစွမ်းကုန်ခုခံခဲ့ပေမယ့် ကွမ်းယီယင်းက ဓားအလင်းသုံးခုကိုသာ တားဆီးနိုင်ပြီး အခြားဓားအလင်းငါးခုက သူ့ခန္ဓာကိုယ်အပေါ် ခုတ်ပိုင်းလာပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို ပျောက်ကွယ်သွားစေတယ်။
နောက်ထပ်နှစ်ခုပိုရင် သူ သေသွားလောက်ပြီ။
"ထွက်ပြေးရမယ်၊ လင်းယုန်ပျံသန်းလွတ်မြောက်ခြင်း"
အခြားသူတွေကို ဂရုမစိုက်တော့ဘဲ ကွမ်းယီယင်းက အဆင့်မြင့်လေတာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့ပြီး မိုးပြာရောင်လင်းယုန်ငှက်တစ်ကောင်အဖြစ် ပြောင်းကာ ၎င်းရဲ့အတောင်ပံတွေကို ဖြန့်လိုက်တော့တယ်။
"မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား၊ အရိပ်ပိတ်နေရာလပ်ဝင်္ကပါ၊ သွားစမ်း"
သက်လတ်ပိုင်းလူက သူ့ရဲ့လက်ကို မြှောက်လိုက်တယ်၊ အနက်ရောင်ဝင်္ကပါတစ်ခုက ပျံသန်းထွက်လာတယ်။ နောက်အခိုက်အတန့်မှာ ကြီးမားတဲ့အနက်ရောင်အရှိန်အဝါတစ်ခုက နတ်ဘုရားဟင်းလင်းပြင်မှာ ထွက်ပေါ်လာပြီး ကွမ်းယီယင်းနဲ့သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်လုံးကို လွှမ်းခြုံသွားတယ်။
အုန်း......
ကွမ်းယီယင်းက ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်သို့ ပြန်ကန်ထွက်လာတယ်။
"အသုံးမဝင်တာတွေ မလုပ်နဲ့တော့၊ အရိပ်ပိတ်နေရာလပ်ဝင်္ကပါက ကြယ်သုံးလုံးအဆင့်မြင့်ဝင်္ကပါတစ်ခုပဲ။ မင်းရဲ့ခွန်အားက ဆယ်ဆပိုသန်မာရင်တောင် ချိုးဖြတ်ဖို့ မစဉ်းစားနဲ့" သက်လတ်ပိုင်းလူက လျှာသပ်ကာ ကွမ်းယီယင်းကို သတ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။
လက်ဖက်ရည်တစ်ခွက်ကြာချိန်ပြီးနောက် ကွမ်းယီယင်းက လဲကျသွားတော့တယ်။
……
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့အတူ သုံးလကြာ ခရီးနှင်ပြီးနောက် နောက်ဆုံးမှာ လီဖူချန်းက ကျင့်ကြံဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။
ဒါက မြေကြီးရောင်ကြယ်တစ်လုံးပဲ။
အကွာအဝေးတစ်ခုကနေကြည့်ရင် ၎င်းက မြေကြီးရောင်ဝါဂွမ်းဘောလုံးတစ်လုံးနဲ့ တူတယ်။
"ဒါ နတ်ဘုရားကြယ်ပဲ ဖြစ်မယ်"
ကုန်သွယ်ရေးသင်္ဘောမှာ နှစ်အနည်းငယ် နေထိုင်ပြီးနောက် လီဖူချန်းက နတ်ဘုရားဟင်းလင်းပြင်နဲ့ပတ်သက်ပြီး အတော်လေးသိလာတယ်။
နတ်ဘုရားကမ္ဘာတွေလိုပဲ၊ နတ်ဘုရားကြယ်တွေက နတ်ဘုရားဟင်းလင်းပြင်မှ မွေးဖွားလာခဲ့တာပဲ။
နတ်ဘုရားကြယ်တွေမှာ မြေကြီး၊ မီး၊ ရေ စသဖြငါ့ စွမ်းပကားအမျိုးမျိုးရှိတယ်။
နတ်ဘုရားစွမ်းပကားတွေ မတူညီတဲ့ နတ်ဘုရားကြယ်တွေက မတူညီတဲ့ဥပဒေသတွေကို လေ့ကျင့်ဖို့အတွက် သင့်တော်တယ်။
ဥပမာအားဖြင့် မြေစွမ်းပကားနတ်ဘုရားကြယ်ပေါ်မှာဆိုရင် မြေတာအိုဥပဒေသက အလွန်ရှင်းလင်းတယ်၊ မြေတာအိုကျင့်ကြံသူတွေက ၎င်းအပေါ်မှာ လေ့ကျင့်ရင် အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆကို ရရှိလာလိမ့်မယ်။
ဒါပေမယ့် နတ်ဘုရားကြယ်တွေပေါ်ရှိ ပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းတယ်၊ ရေရှည်ကျင့်ကြံဖို့ မသင့်တော်ဘူး။
မြေကြီးရောင်ကြယ်က အလွန်နီးကပ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အဝေးကြီးမှာ ရှိတယ်။
နောက်ထပ်သုံးလကြာပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ မြေကြီးရောင်ကြယ်ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာခဲ့တယ်။
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို သိမ်းပြီးနောက် လီဖူချန်းက မြေကြီးရောင်ကြယ်ဆီ ပျံသန်းသွားတယ်။
မြေကြီးရောင်နတ်ဘုရားကြယ်နဲ့ ပိုနီးကပ်လာလေလေ၊ ကမ္ဘာဆွဲအားက ပိုသန်မာလာလေပဲ။ လီဖူချန်းက မြေကြီးရောင်နတ်ဘုရားကြယ်အပေါ် ဆင်းသက်လိုက်တဲ့အခါ ကမ္ဘာဆွဲအားက တောက်ပနတ်ဘုရားကမ္ဘာထက် အဆတစ်ထောင်ကျော်ကို ရောက်ရှိထားတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားက သာမန်နတ်ဘုရားတွေကို ဖုန်မှုန့်တွေဖြစ်စေတဲ့အထိ ဖိနှိပ်နိုင်တယ်။
"နတ်ဘုရားစွမ်းအားလျော့ကျတာက အနည်းငယ်မြန်တယ်၊ ကျင့်ကြံမှုကို ပြုလုပ်ဖို့ ခက်ခဲမယ့်ပုံပဲ"
လီဖူချန်းက အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူက ကမ္ဘာဆွဲအားအဆတစ်ထောင်ကျော်ကို ရင်ဆိုင်နိုင်ပေမယ့် အချိန်တစ်ခုကြာပြီးရင်တော့ သူက မရင်ဆိုင်နိုင်မှာ အသေအချာပဲ။
နောက်ဆုံးခိုကိုးရာတစ်ခုအနေနဲ့ လီဖူချန်းက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ယူထုတ်လိုက်တယ်။
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ထဲမှာ နေတဲ့အခါ လီဖူချန်းအပေါ် ကျရောက်နေတဲ့ကမ္ဘာဆွဲအားက အဆဒါဇင်လောက် ရုတ်တရက် ပိုအားနည်းသွားပြီး ကျန်ရှိနေတဲ့ကမ္ဘာဆွဲအားအဆဒါဇင်က လီဖူချန်းအပေါ် သက်ရောက်မှုမရှိတော့ဘူး။
ဒါပေမယ့် ကမ္ဘာဆွဲအားကို အဆက်မပြတ်အားနည်းစေချင်ရင်တော့ သင်္ဘောရဲ့အကာအကွယ်ကို အချိန်တိုင်း ထိန်းသိမ်းရပါမယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က တစ်နေ့မှာ အညံ့စားနတ်ဘုရားကျောက်တုံးသန်းအချို့ သုံးစွဲပြီး တစ်နှစ်ဆိုရင် နှစ်ဘီလီယံ ရှိမယ်။
ကံကောင်းစွာနဲ့ လီဖူချန်းက ဒီလောက်ပမာဏကို ဂရုမစိုက်ပါဘူး။
"ဒါက မြေကြီးအမျိုးအစားကြယ်တစ်လုံးပဲ ဖြစ်မယ်....."
လီဖူချန်းက မြေတာအိုဥပဒေသကို မလေ့ကျင့်ပေမယ့် မြေကြီးရောင်ကြယ်ပေါ်ရှိမြေတာအိုဥပဒေသက ရှင်းလင်းတာကြောင့် လီဖူချန်းက သူတို့ကို အလွယ်တကူ အာရုံခံနိုင်တယ်။
"နေရာလပ်-အချိန်စွမ်းပကားနတ်ဘုရားကြယ်တွေ၊ ဓားတာအိုစွမ်းပကားနတ်ဘုရားကြယ်တွေက အရမ်းရှားတယ်လို့ ငါ ကြားတယ်။ ငါ့အနေနဲ့ သူတို့ကို မြင်တွေ့ဖို့ ကံကြမ္မာအခွင့်အလမ်းတစ်ခုများ ရှိနိုင်မလား"
နတ်ဘုရားကြယ်တွေမှာ စွမ်းပကားအမျိုးအစားအားလုံးရှိပေမယ့် ထိပ်တန်းအဆင့်ဥပဒေသတွေပါရှိတဲ့နတ်ဘုရားကြယ်တွေက အလွန်အမင်းရှားပါးတယ်။
အသက်ကို တစ်ချက်ရှုပြီးနောက် လီဖူချန်းက ကုန်းပတ်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး အလယ်ဆင့်နေရာလပ်-အချိန်တာမိုအစစ်အမှန်နတ်ဘုရားအတတ်ကို စတင်လေ့ကျင့်ခဲ့တယ်။
ခြောက်လကြာတဲ့ လမ်းခရီးမှာ သူက ပထမမြောက်သာမန်အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ကို ကျင့်ကြံထားခဲ့တယ်၊ ဒါကြောင့် အခု သူက ဒုတိယမြောက်ပျမ်းမျှအလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ကို လေ့ကျင့်နေတယ်။
"နှေးလွန်းတယ်"
ပျမ်းမျှအလယ်ဆင့်နေရာလပ်-အချိန်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို ကျင့်ကြံတာ လီဖူချန်းအတွက် တစ်နှစ်ကြာခဲ့တယ်။
ဒါက သူ့ရဲ့နေရာလပ်-အချိန်တာအိုဥပဒေသနယ်ပယ်က နိမ့်လွန်းကာ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်မှာ ရှိတာကြောင့်မှန်း လီဖူချန်းက သိတယ်။
ထို့နောက် လီဖူချန်းက ထူးကဲအလယ်ဆင့်နေရာလပ်-အချိန်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို စတင်လေ့ကျင့်ခဲ့တယ်။
တစ်နှစ်၊ နှစ်နှစ်၊ နှစ်နှစ်နဲ့ ခုနှစ်ရက်။
အုန်း.....
" နောက်ဆုံးတော့ ပျမ်းမျှအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားပြီး"
လီဖူချန်းက ဒီတိုးတက်မှုနဲ့ ပတ်သက်ပြီး အတော်လေးကျေနပ်မိတယ်။
တကယ်လို့ နေရာလပ်-အချိန်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိသွားတာနဲ့ သူ့ရဲ့အသက်ကယ်စွမ်းရည်က သံသယရှိစရာမလိုရလောက်အောင် အကြီးအကျယ် တိုးသွားလောက်မယ်။
နောက်ထပ်သုံးလကြာပြီးနောက် လီဖူချန်းက ထပ်မံချိုးဖြတ်ခဲ့တယ်။
ဒီချိုးဖြတ်မှုက နေရာလပ်-အချိန်ဥပဒေသနယ်ပယ်မဟုတ်ဘဲ အသက်နယ်ပယ်ဖြစ်တယ်။
နှစ်ပေါင်းများစွာကြာ ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးသွေးပျော်ဆေးကို သုံးရက်ပြည့်တိုင်း၊ ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးကို ကိုးရက်ပြည့်တိုင်း ဝါးမျိုပြီးနောက် အထွတ်အထိပ်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ပြီးပြည့်စုံခြင်းနယ်ပယ်ထဲသို့ နောက်ဆုံးမှာ ကျော်ဖြတ်နိုင်ခဲ့တယ်။
သူ့ရဲ့အသက်နယ်ပယ်အခြေခံအုတ်မြစ်က အဆုံးစွန်းကို ရောက်ရှိသွားတာနဲ့ သူက နောက်နယ်ပယ်တစ်ခုကို ချိုးဖြတ်နိုင်မယ်လို့ ဆိုလိုတယ်။
လီဖူချန်းရဲ့လက်ရှိမီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးသန်းကို ရောက်ရှိနေတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ရှစ်ဆယ်ရာခိုင်နှုန်းရှိကာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့အထွတ်အထိပ်မှာ ရှိတယ်လို့ ဆိုရမယ်။
ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၂.၅သန်းရှိတယ်။ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၇၈ရာခိုင်နှုန်းရှိကာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့အထွတ်အထိပ်နဲ့ နီးကပ်တယ်လို့ ဆိုရမယ်။
ဒါပေမယ့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေနဲ့ ယှဉ်ရင် ဖော်ပြဖို့ မထိုက်တန်သေးပါဘူး။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးသန်းနဲ့ဆယ်သန်းကြားမှာ ရှိတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ်ရာခိုင်နှုန်းကျော်ပြီး သူ့ထက် အများကြီးပိုမြင့်တယ်။
ဒါကြောင့် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဖြစ်မှသာ လီဖူချန်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ ယှဉ်ပြိုင်နိုင်မယ်။
စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ရှိ နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ မီးတာအိုနဲ့ဓားတာအိုဥပဒေသနယ်ပယ်တို့ကလဲ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာခဲ့တယ်။ နောက်ထပ်ချိုးဖြတ်မှုက လီဖူချန်းထင်တာထက် ပိုချောမွေ့တာပဲ။ ဥပဒေသနယ်ပယ်နဲ့အသက်နယ်ပယ်က အနည်းငယ်သာ ညီညွတ်ပြီး ချက်ချင်း တစ်ခုကိုတစ်ခု အထောက်အကူပြုလာလိမ့်မယ်။
အဆင့်မြင့်နတ်ဘုရားမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားသို့ အသက်နယ်ပယ်က ကြီးမားတဲ့အသက်ဆင့်ကဲဖြစ်စဥ်တစ်ခုဆိုရင် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားမှအလယ်ဆင့်အစစ်အမှန်နတ်ဘုရားက သေးငယ်တဲ့ဆင့်ကဲဖြစ်စဥ်တစ်ခုဖြစ်တယ်။
ဒိလိုဆင့်ကဲဖြစ်စဉ်က နက်ရှိုင်းတဲ့ဆင့်ကဲဖြစ်စဉ်တစ်ခုဖြစ်တယ်။
ဆင့်ကဲဖြစ်စဉ်တစ်ခုစီက ကျင့်ကြံသူရဲ့အလားအလာနဲ့ပါရမီကို တိုးမြင့်စေလိမ့်မယ်။
နတ်ဘုရားခန္ဓာကိုယ်က နတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစွမ်းအားပေါက်ကွဲမှုကို လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည်ဖွဲ့စည်းလာတယ်။ တစ်ချိန်တည်းမှာ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို ယူထုတ်ပြီး နတ်ဘုရားကျောက်တုံးတွေထဲရှိ အသက်အားကို စတင်စုပ်ယူခဲ့တယ်။
တစ်ရာ၊ နှစ်ရာ၊ သုံးရာ......
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက အညံ့စားနတ်ဘုရားကျောက်တုံးတွေထက် အသုံးပြုရတာ ပိုလွယ်တယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေမှာ ပါဝင်တဲ့ အသက်အားက အညံ့စားနတ်ဘုရားနတ်ဘုရားကျောက်တုံးတွေထက် ပိုသန့်စင်ပြီး ပိုအားကောင်းတယ်၊ နားလည်ခြင်းသက်ရောက်မှုက အညံ့စားနတ်ဘုရားနတ်ဘုရားကျောက်တုံးတွေရဲ့ အဆတစ်ထောင်ရှိပြီး စုပ်ယူမှုထိရောက်မှုက အညံ့စားနတ်ဘုရားနတ်ဘုရားကျောက်တုံးတွေရဲ့အဆတစ်သောင်းရှိတယ်။
ပြီးတော့ စုပ်ယူမှုထိရောက်ခြင်းက အချိန်ကို ကိုယ်စားပြုတယ်။
စုပ်ယူမှုထိရောက်ခြင်းပိုမြင့်လေ၊ အချိန်ကုန်တာ ပိုသက်သာလေပဲ။
သို့မဟုတ်ရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးက အညံ့စားနတ်ဘုရားနတ်ဘုရားကျောက်တုံးတစ်ထောင်နဲ့ ညီမျှမှာ မဟုတ်ဘူး။
တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်......
ချိုးဖြတ်ဖို့လိုအပ်တဲ့စွမ်းအင်က အများကြီး၊ ဒါက အစပဲ ရှိတယ်။
သူ့ရှေ့ဆီ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းက ကုန်ဆုံးသွားတဲ့အခါ လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားက ကြီးထွားနေရာမှ နောက်ဆုံးမှာ ရပ်တန့်သွားခဲ့တယ်။
"ခြောက်သန်းနဲ့တစ်ဝက်၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆိုတဲ့အတိုင်းပဲ"
အဲ့နေရာမှာ အညံ့စားနတ်ဘုရားကျောက်တုံးဆိုရင် လီဖူချန်းက မီးတာအိုနတ်ဘုရားစွမ်းအားကို အများဆုံးငါးသန်းလောက်ထိပဲ တွန်းပို့နိုင်မှာ။
နောက်တော့ လီဖူချန်းက သူ့ရဲ့ဓားတာအိုစွမ်းအားကို ခြောက်သန်းအထိ မြှင့်တင်ခဲ့တယ်။
နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက တိုးတက်ဖို့လိုတာပဲ"
အချိန်တိုအတွင်းမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့မီးတာအိုနတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ်ရာခိုင်နှုန်းကို ရောက်ရှိလာတယ်။
ဒါပေမယ့် နတ်ဘုရားစိတ်ဝိညာဉ်နဲ့ဓားတာအိုနတ်ဘုရားစွမ်းအားပေါင်းစပ်မှုကလဲ ကိုးဆယ်ရာခိုင်နှုန်းကို ရောက်ရှိလာတယ်။
ဒါက သူ့ရဲ့ဓားတာအိုပါရမီက မြင့်မားတယ်ဆိုတဲ့ အကြောင်းပြချက်ပဲဆိုတာ လီဖူချန်းက နားလည်တယ်။