← Chapters

ထိုက်ဖျင်မြို့

Vol. 82 Ch. 1154

ထိုက်ဖျင်မြို့

Vol. 82 Ch. 1154

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဖြစ်လာပြီးနောက် အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ကျင့်ကြံရတဲ့အရှိန်က ပိုမြန်လာတယ်ဆိုတာ လီဖူချန်းက တွေ့ခဲ့တယ်။

သုံးနှစ်အောက်နဲ့ လီဖူချန်းက နောက်ဆုံးအလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်နှစ်ခုကို အောင်မြင်စွာ ကျင့်ကြံခဲ့တယ်။

အလားတူစွာ နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေမှ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေသို့ ချိုးဖြတ်ခဲ့တယ်။

"နေရာလပ်-အချိန်ဥပဒေသက တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး၊ အခုက ဓားတာအိုဥပဒေသကို တိုးတက်ဖို့ အချိန်ပဲ"

ကုန်သွယ်ရေးခန်းမရဲ့ကုန်သည်သင်္ဘောပေါ်ကို မရောက်ခင် လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေမှ ခြေတစ်လှမ်းပဲ ကွာဝေးတော့တယ်။ ဒိီအကြောင်းပြချက်အတွက် သူက အဆုံးစွန်းအဆင့်မြင့်ဓားတာအိုအစစ်အမှန်နှစ်ခုကို ထပ်ဝယ်ယူခဲ့တယ်။

"အရာအားလုံးအဆင်ပြေပါစေလို့ မျှော်လင့်တယ်"

လီဖူချန်းက ပြောလိုက်တယ်။

……

တကယ်တော့ ဓားတာအိုဥပဒေသနယ်ပယ်ရဲ့တိုးတက်မှုက လီဖူချန်းထင်ထားတာထက် ဆယ်ဆပိုချောမွေ့တယ်။

အဆုံးစွန်းအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို လေ့ကျင့်ပြီးနောက် လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က ပျမ်းမျှအစစ်အမှန်နတ်ဘုရားမှ နှောင်းပိုင်းအခြေအနေသို့ ချိုးဖြတ်ခဲ့တယ်။

နှစ်ခုလုံးကို ပြီးမြောက်ပြီးနောက် လီဖူချန်းက ဓားတာအိုဥပဒေသနယ်ပယ်ကို ကျစ်လျစ်စေခဲ့တယ်။

ဒီအချိန်မှာ ဓားတာအိုနတ်ဘုရားစွမ်းအားက မီးတာအိုနတ်ဘုရားစွမ်းအားနဲ့ တစ်ပြေးညီဖြစ်လာပြီး နောက်ထပ်အားမနည်းတော့ပါဘူး။

လက်ရှိမှာ လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ခုနှစ်သန်းရှိပြီး နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ့်သုံးရာခိုင်နှုန်းရှိတယ်။

အခု ဓားတာအိုနတ်ဘုရားအညွှန်းကိန်းက ခုနှစ်သန်းရှိတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကလဲ ကိုးဆယ့်သုံးရာခိုင်နှုန်းရှိတယ်။

ဥပဒေသနယ်ပယ်အရ မီးတာအိုနယ်ပယ်က ဓားတာအိုထက် အဆင့်သေးတစ်ဆင့်ပိုမြင့်ပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှာ ရှိတယ်။

ဒါပေမယ့် လိုက်လျောညီထွေဖြစ်မှုအရ မီးတာအိုက ဓားတာအိုထက် အများကြီးဆိုးတယ်။

"ထွက်သွားဖို့ အချိန်ပဲ"

လီဖူချန်းက ထွက်သွားပါတော့မယ်။

အခု သူက ကဏ္ဍတိုင်းမှာ တစ်ဆို့နေပြီး ကျင့်ကြံခြင်းက အသုံးမဝင်တော့ဘူးလေ။

"အိုး၊ ကမ္ဘာဆွဲအားက သန်မာလွန်းတာပဲ"

အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ကိုင်တွယ်လျက် သူက လုံးဝအပေါ်မတက်နိုင်ဘူးဆိုတာကို လီဖူချန်းက တွေ့ခဲ့တယ်၊ အမြင့်မီတာဆယ်သန်းတောင် မရဘူး၊ သူက တည်နေရာ‌ရွှေ့ပြောင်းခြင်းကိုတောင် အသုံးမပြုနိုင်ဘူး။ ကြယ်ပေါ်ရှိကမ္ဘာဆွဲအားက နေရာလပ်-အချိန်ကို သက်ရောက်နေမှန်း သိသာတယ်။

"ဒီနေရာမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဖြစ်တဲ့အထိ ကျင့်ကြံရမှာလား" သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့အခါ တက်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်၊ ဒါပေမယ့် ကြာလွန်းပါတယ်လေ။ ဒါက အရမ်းခက်တယ်၊ ပြင်ပအားရဲ့အကူအညီမရှိရင် နှစ်ရာထောင်ကြာတာတောင် သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဖြစ်လာနိုင်မယ်လို့ လီဖူချန်းက မထင်ပါဘူး။

အကြိမ်ကြိမ်ကြိုးပမ်းပြီးနောက် လီဖူချန်းက လက်လျော့လိုက်တော့တယ်။

မြေကြီးရောင်နတ်ဘုရားကြယ်က မသေးဘူး။ သူက မထွက်သွားနိုင်မှတော့ လီဖူချန်းက ကြယ်တစ်ခုလုံးကို ရှာဖွေဖို့ စီစဉ်ထားတယ်၊ သူက ထွက်သွားဖို့ နည်းလမ်းတစ်ခုတောင် ရှာတွေ့နိုင်လောက်တယ်။

အုန်း အုန်း အုန်း......

အချိန်အကြာကြီးလျှောက်လမ်းပြီးနောက် အရှေ့မှာ တိုက်ပွဲတစ်ခုရှိနေတာကို လီဖူချန်းက အာရုံခံမိတယ်။

စိတ်ဝိညာဉ်စွမ်းအားတွေက အဝေးမှ ပျံ့နှံ့လာနေတယ်။

အဝေးမိုင်ဒါဇင်လောက်မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားသုံးယောက်က မြေကြီးရောင်ဧရာမဝံပုလွေတစ်ကောင်ကို ဝိုင်းအုံတိုက်ခိုက်နေတယ်။

ဧရာမဝံပုလွေရဲ့ခံစစ်က အလွန်မြင့်တယ်၊ ဒါပေမယ့် ရန်သူအရေအတွက်များတော့ ၎င်းက မတောင့်ခံနိုင်ခဲ့ဘူး။ တစ်ခဏကြာပြီးနောက် ၎င်းခန္ဓာကိုယ်က အမာရွတ်တွေနဲ့ ဖုံးလွှမ်းသွားတယ်။ လက်ဖက်ရည်တစ်ခွက်ကြာချိန်ပြီးနောက် ဧရာမဝံပုလွေက မြေပြင်ပေါ် ကျသွားတယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားသုံး‌ယောက်ထဲမှ တစ်ယောက်က ရှေ့သို့ လှမ်းကာ ဧရာမဝံပုလွေရဲ့ဝမ်းဗိုက်ကို ဖြတ်လိုက်တယ်၊ ပြီးနောက် သူတို့သုံးယောက်က ဧရာမဝံပုလွေခန္ဓာကိုယ်ကို သယ်ကာ ထွက်သွားဖို့ ပြင်ဆင်ခဲ့တယ်။

"ဒီသုံးယောက်၊ တစ်ချက်လောက် စောင့်ပါအုံး"

လူတွေနဲ့ တွေ့ဖို့ဆိုတာ ရှားတယ်၊ ဒါကြောင့် လီဖူချန်းက မေးမြန်းဖို့ အခွင့်အလမ်းကို လက်မလွတ်ချင်တာ သဘာဝပေါ့။

ပြဿနာဖြစ်လာနိုင်မလားကိုတော့ လီဖူချန်းက လုံးဝဂရုမစိုက်ပါဘူး။

အခု သူက နတ်ဘုရားစိတ်ဝိညာဉ်အတတ်တွေကို မမှီခိုရင်တောင် သူ့မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ခွန်အားရှိသေးတယ်။

"မင်း စနေဂြိုလ်ပေါ် ရောက်လာတာ သိပ်မကြာသေးဘူးထင်တယ်။ တကယ်ကို ကံဆိုးတာပဲ။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထိရောက်အောင် ကျင့်ကြံဖို့ ငါ မင်းကို အကြံပေးချင်တယ်။ သို့မဟုတ်ရင် မင်း ဒီနေရာမှာ အကြာကြီး နေနိုင်မှာမဟုတ်ဘူး" သုံးယောက်ထဲမှာ ဂျုံရောင်အသားအရေ၊ အညိုရောင်ဆံပင်နဲ့ အမျိုးသမီးက ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ဘယ်လိုလဲ၊ ရှင်းပြပေးပါအုံး'

အညိုရောင်ဆံပင်နဲ့အမျိုးသမီးက ရှင်းပြလိုက်တယ်"စနေဂြိုလ်ရဲ့ကမ္ဘာဆွဲအားက အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာထက် အဆတစ်ထောင်ပိုတယ်။ ဒိီနေရာမှာ အလယ်ဆင့်နတ်ဘုရားဆိုရင် ကမ္ဘာဆွဲအားကို အန်တုဖို့ နတ်ဘုရားစွမ်းအားအများကြီးသုံးစွဲရမယ်၊ နတ်ဘုရားစွမ်းအားကိုလဲ အပြင်ကမ္ဘာလို့ ပြန်ဖြည့်လို့မရဘူး။ အသုံးပြုလေလေ၊ နတ်ဘုရားကျောက်တုံးက ပိုနည်းနည်းလာမှာပဲ။ ဒါက တိုက်ပွဲမရှိတာနော်။ တိုက်ပွဲရှိရင် နတ်ဘုရားစွမ်းအားအသုံးပြုမှုက အဆတစ်ရာလောက် တိုးလာမှာ"

"ဒီနေရာက ထွက်သွားဖို့ နည်းလမ်းတစ်ခုရှိလား" လီဖူချန်းက မေးလိုက်တယ်၊ သူက သာမန်အလယ်ဆင့်အစစ်အမှန်တစ်ယောက်မဟုတ်ဘူးလေ။

အညိုရောင်ဆံပင်နဲ့အမျိုးသမီးရဲ့ဘေးနားရှိ ကြံ့ခေါင်းနဲ့လူက ပြောလိုက်တယ်"မင်း အလယ်ဆင့်နတ်ဘုရားတစ်ယောက်ပဲ၊ အဲဒါနဲ့ပတ်သက်ပြီး အများကြီးမစဉ်းစားနေနဲ့။  စနေဂြိုလ်ပေါ် ကျလာရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေကတောင် ထွက်သွားချင်တိုင်း မရနိုင်တော့ဘူး"

"ဒိလိုဆိုရင် စိတ်ဝိညာဉ်နတ်ဘုရားမဖြစ်နိုင်သရွေ့ ထွက်သွားဖို့ နည်းလမ်းမရှိဘူးပေါ့" လီဖူချန်းက ပြောလိုက်တယ်။

အညိုရောင်ဆံပင်အမျိုးသမီးက ခေါင်းညိတ်ပြီးနောက် ခေါင်းခါလိုက်တယ်"ဘယ်အရာမှ အကြွင်းမဲ့မမှန်ဘူး၊ ဒါပေမယ့် လက်ရှိအချိန်မှာ တစ်‌ယောက်မှ ထွက်သွားဖို့ နည်းလမ်းရှာမတွေ့ဘူး၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရော၊ မြို့ကြီးတွေရဲ့မြို့တော်ဝန်တွေရောပေါ့"

"နတ်ဘုရားမြို့လား။ စနေဂြိုလ်မှာ နတ်ဘုရားမြို့တစ်မြို့ ရှိတာလား"

အညိုရောင်ဆံပင်အမျိုးသမီးက ပြောလိုက်တယ်" နှစ်သန်းချီဆိုရင် အစစ်အမှန်နတ်ဘုရားဘယ်လောက်ထိ စနေဂြိုလ်ပေါ်မှာ ကျလာမလဲ။ အစစ်အမှန်နတ်ဘုရားတွေ များလာတော့ အ‌ဖွဲ့ငယ်တွေ ဖွဲ့စည်းလာကြတာပေါ့၊ အဖွဲ့ငယ်ကနေ အဖွဲ့ကြီးတွေ ဖြစ်လာတာပေါ့။ နတ်ဘုရားမြို့ဆိုတာ အဖွဲ့ကြီးတစ်ခုပေါ့၊ နတ်ဘုရားမြို့ကို ဝင်ရောက်ချင်တဲ့ဘယ်သူမဆို ပထမဆုံးအကြိမ် အညံ့စားနတ်ဘုရားကျောက်တုံးတစ်ဘီလီယံ ပေးချေရမယ်၊ နောက်တစ်ခေါက်ကျရင် တစ်သန်းပေါ့။ မြို့ကို ဝင်လာပြီးနောက် လမ်းပေါ်မှာ နေဖို့ ခွင့်မပြုတော့ဘူး။ မင်းက အိမ်တစ်လုံး ဝယ်ချင်ရင် တစ်နေ့ကို အညံ့စားနတ်ဘုရားကျောက်တုံးတစ်သိန်းလောက် ပေးရမယ်။ သက်တမ်းက နှစ်တစ်ထောင်ပေါ့။ နှစ်တစ်ထောင်ပြည့်ရင် မင်း ထပ်ပေးစရာမလိုတော့ဘူး"

"နတ်ဘုရားမြို့ကို ဝင်တာ ဘယ်လိုကောင်းကျိုးတွေ ရှိလဲ" လီဖူချန်းက မေးလိုက်တယ်။

အညိုရောင်ဆံပင်နဲ့အမျိုးသမီးက ပြောလိုက်တယ်"မြို့တိုင်းကို နတ်ဘုရားအစီအရင်တစ်ခုက ကာကွယ်ထားတယ်။ အစီအရင်က ကမ္ဘာဆွဲအားကို အားနည်းစေနိုင်တယ်၊ နတ်ဘုရားစွမ်းအားအသုံးပြုမှုကို လျော့ကျစေတယ်။ ထပ်ပြောရရင် စနေဂြိုလ်ပေါ်မှာ နတ်ဘုရားကြယ်သက်ရှိတွေ မျိုးစုံရှိတယ်။ ဧရာမဝံပုလွေက ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတစ်ယောက်ပဲ။ အဲဒီလိုနတ်ဘုရားကြယ်သက်ရှိတစ်ယောက်နဲ့ တွေ့တာ ကောင်းသေးတယ်။ မင်းက နတ်ဘုရားကြယ်သက်ရှိအုပ်စုလိုက်ကြီးနဲ့ တွေ့မိရင် မင်းက သေချာပေါက် ‌သေရလိမ့်မယ်"

"ဒိီလိုကိုး" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

နတ်ဘုရားကြယ်သက်ရှိတစ်ကောင်က ပြဿနာမရှိပေမယ့် တစ်သိန်းနဲ့တစ်သန်းက တကယ်ကို ပြဿနာများတယ်။

"ဒီဧရာမဝံပုလွေကို နတ်ဘုရားကျောက်တုံးတွေနဲ့ ရောင်းရလား" လီဖူချန်းက ဧရာမဝံပုလွေရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်တယ်။

အညိုရောင်ဆံပင်အမျိုးသမီးက ခေါင်းညိတ်လိုက်တယ်"ခန္ဓာကိုယ်အရွယ်အစားအရ ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတစ်ကောင်ရဲ့အလောင်းက အညံ့စားနတ်ဘုရားကျောက်တုံးငါးသန်းကျော်နဲ့ ရောင်းချနိုင်တယ်။ ဒီဧရာမဝံပုလွေကို ရှစ်သန်းခန့်နဲ့ ရောင်းချနိုင်တယ်။ ၎င်းရဲ့မြေရင်းမြစ်အမြုတေကို အညံ့စားနတ်ဘုရားကျောက်တုံးဆယ်သန်းနဲ့ ရောင်းချနိုင်တယ်"

တစ်ဖက်လူရဲ့စကားအရ သူတို့က စနေဂြိုလ်မှ ထွက်သွားဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မလားဆိုတာကို သိဖို့အတွက် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက မြေတာအိုဥပဒေသကို ကျင့်ကြံဖို့ ကြိုးစားနေတယ်ပေါ့၊ မြေရင်းမြစ်အမြုတေမှာ မြေတာအိုဥပဒေသပါဝင်ပြီး မြေတာအိုတိုးတက်မှုကို ပိုမြန်စေနိုင်တယ်လေ။

"အပြင်ဘက်မှာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်အနေနဲ့က အရမ်းအန္တရာယ်များလွန်းတယ်၊ မင်း ဘာလို့ ငါတို့နဲ့အတူ ထိုက်ဖျင်မြို့ကို မသွားတာလဲ" အညိုရောင်ဆံပင်နဲ့အမျိုးသမီးက ကြင်နာစွာ ပြောလိုက်တယ်။

"ဘယ်လာ၊ မင်းရူးနေလား၊ သူ့ကို မလုယက်ဘဲနဲ့ သူ့ကို ခေါ်သွားရအောင်" အသံတိတ်နေတဲ့မျက်လုံးကျဉ်းကျဉ်းလူက အညိုရောင်ဆံပင်နဲ့ အမျိုးသမီးထံ သတင်းပို့လိုက်တယ်။

ကြံ့ခေါင်းနဲ့လူက ပြောလိုက်တယ်"  ပြောတာ မှန်တယ်၊ ငါ့အမြင်အရ သူ့ကို လုယက်တာ ပိုကောင်းမယ်။ သူက လူသစ်တစ်ယောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ နတ်ဘုရား‌ကျောက်တုံးဘီလီယံတစ်ရာ အနည်းဆုံးရှိမယ်"

"ဟုတ်တယ်၊ မင်း မလုယက်ရင် အခြားသူတွေ လုပ်လိမ့်မယ်။ ဘယ်သူက သူ့ကို အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ခိုင်းလို့လဲ" သိဖုက လီဖူချန်းကို ကြည့်လိုက်တယ်။

ဘယ်လာက ပြောလိုက်တယ်"ငါ စနေဂြိုလ်ကို ပထမဆုံး ရောက်လာတုန်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ပဲ၊ ငါလဲ လုယက်ခံရမယ့်ကံကြမ္မာကို ရင်ဆိုင်ခဲ့ရတယ်။ ကံကောင်းစွာနဲ့ ငါ မစ်တေလာနဲ့ တွေ့ဆုံပြီး သူက ငါ့ကို ထိုက်ဖျင်မြို့ကို ခေါ်လာပေးခဲ့တယ်။ ထိုက်ဖျင်မြို့မှာ သူမရဲ့ကာကွယ်မှုအောက်မှာ ငါက အဆင်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်၊ ဒါကြောင့် ငါ သူ့ကို အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်ထားတယ်၊ သူ့ကို ထိုက်ချင်မြို့ကို ခေါ်သွားမယ်၊ ထိုက်ဖျင်မြို့မှာ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်လေ"

လီဖူချန်းကို မြင်ပြီး ဘယ်လာက သူမရဲ့အတိတ်ကို ပြန်မြင်ယောင်လာခဲ့တယ်။

"ကောင်းပြီလေ"

ဘယ်လာပြောတာကို မြင်ပြီး သူတို့က လီဖူချန်းကို မလှုပ်ရှားနိုင်တော့မှန်း သိဖုနဲ့ကြံ့တို့က သိတယ်၊ ဒါကြောင့် သူတို့က လက်လျော့ရတော့မှာပေါ့။

"ဒါဆိုလဲ ကျေးဇူးအများကြီးတင်ပါတယ်" ထိုက်ဖျင်မြို့ကို အရင်သွားတာက ကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်မယ်လို့ လီဖူချန်းက ခံစားမိတယ်။

ထိုက်ဖျင်မြို့က ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့မြို့တစ်မြို့ဖြစ်တယ်။ မြို့ဂိတ်ပေါက်နှစ်ခုရှိတယ်။ မြို့ဂိတ်ပေါက်တစ်ခုစီရဲ့အပြင်ဘက်မှာ အဆင့်မြင့်အစစ်အမှန်တွေက စောင့်ကြပ်နေတယ်။ မြို့တံတိုင်းပေါ်မှာလဲ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ကင်းလှည့်နေတယ်။

ထိုက်ဖျင်မြို့ကို လာတာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် လီဖူချန်းက နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ‌ ပေးခဲ့ရတယ်၊ ဘယ်လာတို့သုံးယောက်က တစ်သန်းစီပဲ ပေးရတယ်။

ထိုက်ဖျင်မြို့ကို ဝင်ရောက်ပြီးနောက် ဘယ်လာက လီဖူချန်းကို ပြောလိုက်တယ်"မင်း တည်းခိုခန်းမှာ အရင်နေလိုက်၊ ပြီးရင် ဈေးပေါတဲ့အိမ်တစ်လုံးကို ရှာ။ ရှိလာရင် ချက်ချင်းဝယ်ပြီးတော့ ကျင့်ကြံနေ။  အဆင့်မြင့်အစစ်အမှန်နတ်ဘုရားမဟုတ်ရင် စနေဂြိုလ်မှာ နေဖို့ အရမ်းခက်ခဲတယ်ဆိုတာ ငါ မင်းကို ပြောပြပြီးပြီးနော်"

ထိုက်ဖျင်မြို့မှာ ဈေး‌ပေါတဲ့အိမ်တစ်လုံးကို တစ်ဆယ်ဘီလီယံနဲ့ ဝယ်နိုင်တယ်။ နှစ်တစ်ထောင်ပြည့်တဲ့အထိ ပေးချေရရင်တောင် လီဖူချန်းရဲ့အသားတင်ကြွယ်ဝမှုအရ ပြဿနာမရှိပါဘူး။ မင်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာရင် စနေဂြိုလ်ပေါ်မှာ အသက်ရှင်သန်နိုင်လိမ့်မယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ ဒီဘယ်လာက အတော်လေးသဘောကောင်းတာပဲ။ သူက သူမကို အလွန်ကျေးဇူးတင်နေမိတယ်။

"ဘယ်လာ၊ ဒါက သေးငယ်တဲ့လက်ဆောင်လေးတစ်ခုပါ။ လမ်းတစ်လျှောက်ကူညီပေးတာတွေအတွက် ကျေးဇူးပါ" နေရာလပ်လက်စွပ်တစ်ကွင်းကို ဘယ်လာထံ ပစ်ပေးပြီးနောက် လီဖူချန်းက လှည့်ကာ ထွက်ခွာလာတယ်။

ဘယ်လာက အများကြီးဂရုမစိုက်ပါဘူး၊ အထဲမှာ အညံ့စားနတ်ဘုရားကျောက်တုံးအချို့ ရှိလောက်မှာပါ။ အသစ်ရောက်လာကစဘယ်သူမဆို နတ်ဘုရားကျောက်တုံးတွေ အမြောက်အများ သုံးစွဲတာ သဘာဝပဲ။ နှစ်ထောင်အနည်းငယ်ကြာပြီးရင် သူတို့က နတ်ဘုရားကျောက်တုံးရဲ့အရေးပါမှုကို သိမှာပါ။

ဒါပေမယ့် သူမက မငြင်းခဲ့ပါဘူး။ သူမတံခါးကို လာခေါက်တာကို သူမက ဘာလို့ ငြင်းရမှာလဲ။

နေရာလပ်လက်စွပ်ကို ဖွင့်ပြီးနောက် သူမက တစ်ချက်ကြည့်လိုက်တယ်။

"အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလား" ဘယ်လာက တစ်ခဏ မှင်တက်သွားမိတယ်။

နေရာလပ်လက်စွပ်ထဲရှိအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်ဘဲ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်နေတာ။

"ဘယ်လိုဟာသလဲ"

သူမက အသက်ရှုမဝတော့သလို ဘယ်လာက ခံစားလာရတယ်။

ဒါက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အပြင်ကမ္ဘာမှာ တစ်ခုကို ရှာတွေ့ဖို့တောင် အရမ်းခက်တာ။ ဈေးနှုန်းအရဆိုရင် ဒီအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံလောက်နဲ့ အနည်းဆုံး ရောင်းချနိုင်တယ်။

"အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးကို သူ မသိတာများလား" ဘယ်လာက တွေးလိုက်တယ်။

ဘယ်လာက မှင်တက်နေတာကို မြင်ပြီး သိဖုက မေးလိုက်တယ်"ဘယ်လာ၊ လက်ဆောင်က ဘာလေးလဲ"

ဘယ်လာက နေရာလပ်လက်စွပ်ကို သိမ်းကာ ပြောလိုက်တယ်"အညံ့စားနတ်ဘုရားကျောက်တုံးတစ်ဘီလီယံလောက်ပဲ" ဒါက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလို့တော့ သူမက မပြောနိုင်ဘူး။ ဒါက လီဖူချန်းကို ထိခိုက်စေလိမ့်မယ်။

"ဒါက တကယ်ကို သဘောထားကြီးတာပဲ၊ ဘာလို့ မင်းကရော ငါတို့ကို လက်ဆောင်သေးသေးတစ်ခုလောက် မပေးတာလဲ" ကြံ့ခေါင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်၊ သူအနေနဲ့ နတ်ဘုရားကျောက်တုံးတစ်ဘီလီယံကို ရဖို့ အရမ်းကြာတာ။

All Chapters