ဘယ်လိုထွက်ခွာရမလဲ
Vol. 82 Ch. 1156
ဝန်ထမ်းကောင်လေးက သိတယ်၊ ပထမနည်းလမ်းက အနည်းငယ် ရယ်စရာကောင်းတာကိုပေါ့၊ ဒါကြောင့် သူက လျင်မြန်စွာ ပြောလိုက်တယ်"ဒုတိယနည်းလမ်းက နေရာလပ်-အချိန်ဥပဒေသကို လေ့ကျင့်ဖို့"
"နေရာလပ်-အချိန်ဥပဒေသလား" လီဖူချန်းက မေးငေါ့လိုက်တယ်။
ဝန်ထမ်းကောင်လေးက ခေါင်းညိတ်လိုက်တယ်" မြေတာအိုဥပဒေသဆိုရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအထိ ကျင့်ကြံရမယ်။ နေရာလပ်-အချိန်ဥပဒေသကတော့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ထိ ကျင့်ကြံနိုင်တာနဲ့ ထွက်သွားနိုင်တယ်လို့ ပြောကြတယ်"
"ဒါဆို တစ်ယောက်ယောက် အောင်မြင်သွားတာကိုရော မင်း ကြားဖူးလား" လီဖူချန်းရဲ့နှလုံးသားက လှုပ်ရှားသွားတယ်။
ဝန်ထမ်းကောင်လေးက ပြောလိုက်တယ်"တစ်ယောက်ယောက်က အောင်မြင်သလားကိုတော့ ငါ မသိဘူး။ ဘယ်လိုပဲပြောပြော၊ ဒီနည်းလမ်းက ပျံ့နှံ့နေတာ အတော်ကြာပြီ။ ပြီးတော့ နေရာလပ်-အချိန်ဥပဒေသဆိုတာကလဲ နားလည်ရတာ ပိုပိုခက်တယ်လေ"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဒီနည်းလမ်းက အတော်လေးယုံကြည်လို့ရမယ်လို့ ခံစားမိတယ်။ နေရာလပ်-အချိန်က အရာအားလုံးမှာ ပါတယ်။ နေရာလပ်-အချိန်ဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံခဲ့ရင် စေနဂြိုလ်မှ ထွက်သွားဖို့ ဖြစ်နိုင်လောက်တယ်။
လက်ရှိမှာ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေမှာ ရှိတယ်၊ သူက အထွတ်အထိပ်နဲ့ အဆင့်သေးနှစ်ခုပဲ ကွာဟတော့တာ။
ဒါပေမယ့် ဒါက နောက်ဆုံးမှီခိုအားထားရာဖြစ်ပြီး သူက အခြားနည်းလမ်းနှစ်ခုကို သိချင်တယ်။
"တတိယနည်းလမ်းက အလင်းမြေတောင်ကို သွားဖို့၊ အဲနေရာမှာ နှစ်တစ်ထောင်ပြည့်တိုင်း ကမ္ဘာဆွဲအားက ဆယ်ဆလျော့ကျလာတယ်။ ဒီအခွင့်အရေးကို သုံးပြီးတော့ မြေတာအိုဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားရင် ထွက်သွားဖို့ မျှော်လင့်ချက် ရှိလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့နတ်ဘုရားစွမ်းအားက လုံလုံလောက်လောက်အားကောင်းဖို့ လိုတယ်၊ မြေတာအိုဥပဒေသကိုပဲ မမှီခိုရင် စနေဂြိုလ်မှ ထွက်ဖို့ အခွင့်အလမ်းတစ်ခုရှိလာမှာပါ"
"စတုတ္ထနည်းလမ်းကို ငါ ထွင်ခဲ့တာပဲ။ ငါ ပြောရင် မင်း မရယ်နဲ့နော်" ဝန်ထမ်းကောင်လေးက အနည်းငယ်ရှက်ချင်သလိုဖြစ်နေတယ်။
"ပြောပါ'
"စတုတ္ထနည်းလမ်းက အားကို အသုံးပြုဖို့။ စနေဂြိုလ်မှာ အမြင့်သန်းဆယ့်ငါးမီတာခန့်ရှိတဲ့ ကမ္ဘာဆွဲအားအလွှာတစ်ခုရှိတယ်။ ကမ္ဘာဆွဲအားအလွှာက ထွက်နိုင်တာနဲ့ စနေဂြိုလ်မှ ထွက်နိုင်မယ်။ ကံမကောင်းစွာနဲ့ စနေဂြိုလ်တစ်ခုလုံးမှာ ကျောက်တုံးနက်မြို့တော်ဝန်ကပဲ အမြင့်ဆယ့်နှစ်သန်းမီတာကနေ ပြေးထွက်နိုင်တာ၊ အခြားသူတွေက ဆယ်သန်းကျော်ရုံပဲ။ ဧည့်သည်မှာ အမြင့်ဆယ်သန်းကျော်ကို ရောက်ဖို့ နည်းလမ်းတစ်ခုရှိတယ်ဆိုရင်၊ ပြီးရင် ကုတ်ကန်အားအမှတ်ကို ရှာတွေ့တယ်ဆိုရင် ကမ္ဘာဆွဲအားအလွှာကနေ ထွက်ဖို့ မျှော်လင့်ချက်တစ်ခုရှိလာမှာပါ"
အလေးအနက်ပြောရရင် ဝန်ထမ်းကောင်လေးပြောတဲ့နည်းလမ်းလေးခုလုံးက နည်းလမ်းကောင်းတစ်ခုမှ မဟုတ်ဘူး။ သို့မဟုတ်ရင် တစ်ယောက်ယောက်က စေနဂြိုလ်ကနေ အောင်မြင်စွာ ထွက်ခွာသွားလောက်ပြီပေါ့။
ဒါပေမယ့် တစ်ယောက်ယောက် ထွက်သွားခဲ့တာကို ဘယ်သူမှ မသိတာလဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စတုတ္ထနည်းလမ်းက လီဖူချန်းကို ဖမ်းစားခဲ့တယ်။
အဆုံးစွန်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့ဆိုရင် သူက မီတာဆယ်သန်းအမြင့်ကို ရောက်နိုင်တယ်။ ပြီးရင် သူက ကုတ်ကန်အားအမှတ်တစ်ခုကို ရှာတွေ့တာနဲ့ ပိုမြင့်မားတဲ့အမြင့်တစ်ခုကို တက်နိုင်မယ်။
သော့ချက်ကတော့ ဒီကုတ်ကန်အားအမှတ်က လုံလုံလောက်လောက်သန်မာရမယ်၊ သို့မဟုတ်ရင် အားတွေအများကြီးကို ချေးငှားလို့ ရနိုင်မှာမဟုတ်ဘူး။
"ပျံသန်းရေးအသုံးအဆောင်ပစ္စည်းအနည်းငယ်ကို စွန့်ပစ်ရလောက်တယ်"
လီဖူချန်းရဲ့နေဂာလပ်လက်စွပ်ထဲမှာ ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းအနည်းငယ်ရှိတယ်၊ အားလုံးက အဆင့်နိမ့်နဲ့အလယ်ဆင့်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပဲလေ၊ သူက ရန်သူတွေကို သတ်ဖြတ်ပြီးတော့ ရရှိထားတာ။
ဒါကို စဉ်းစားပြီးနောက် လီဖူချန်းက ရက်အနည်းငယ်အတွင်း စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
……
"နောက်ဆုံးတော့ ထွက်လာပြီပေါ့"
လီဖူချန်းက ထိုက်ဖျင်တည်းခိုခန်းမှ ထွက်လာတာကို မြင်ပြီး ခရမ်းရောင်ဝံပုလွေရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ သူက အကိုခွမ်ကို အမြန်သတင်းပို့ပြီး နောက်မှ တိတ်တဆိတ်လိုက်သွားတယ်။
ထိုက်ဖျင်မြို့အပြင်ဘက်မှာ လီဖူချန်းက လေထဲသို့ မြင့်တက်သွားတယ်။
"သူ့ကို ထွက်ပြေးခွင့်မပေးနဲ့၊ လိုက်ကြ"
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ဖွဲ့က နောက်မှ လိုက်လာတယ်၊ ဦးဆောင်သူတွေကတော့ အကိုခွမ်နဲ့ခရမ်းရောင်ဝံပုလွေတို့ပေါ့။
နှစ်ဖက်လုံးက လိုက်တယ်၊ ပြေးတယ်၊ မကြာမီမှာပဲ သူတို့က ထိုက်ဖျင်မြို့မှ ထွက်ခွာလာခဲ့တယ်။
နာရီဝက်ကြာပြီးနောက် လီဖူချန်းက ရပ်ကာ ပြန်လှည့်လိုက်တယ်။
"ကောင်လေး၊ မင်း ဘာလို့ ထွက်မပြေးတော့တာလဲ" အကိုခွမ်က လီဖူချန်းကို ကြည့်လိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်" ဘာလို့ ထွက်ပြေးရမှလဲ၊ ဒီနေရာက လုံလောက်နေပြီ"
"မင်း သေမလား ရှင်မလားကို မင်း မသိသေးဘူးပဲ။ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ နေရာလပ်လက်စွပ်ကို ငါ့ကို ပေး၊ ငါ မင်းရဲ့အလောင်းကို ကောင်းကောင်းမွန်မွန်ချန်ထားပေမယ်" အကိုခွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
"ဟုတ်လား၊ ငါ့ရဲ့ဓားက သဘောတူသလား မတူသလားကို အရင်ဆုံး မေးကြည့်လိုက်ကြအုံး"
လီဖူချန်းက သူ့ရဲ့ဓားကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်တယ်။
ဓားကို ခုတ်ပိုင်းလိုက်တဲ့အခါ ပတ်ဝန်းကျင်ရှိအရာအားလုံးက ဓားတွေဖြစ်လာတယ်လို့ အကိုခွမ်၊ ခရမ်းရောင်ဝံပုလွေနဲ့ အခြားအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ခံစားမိလာတယ်၊ လေထုနဲ့အလင်းကတောင် ဓားတွေအဖြစ် ပြောင်းလဲသွားတယ်။
"ဒါ ဘယ်လိုနတ်ဘုရားအတတ်မျိုးလဲ"
အကိုခွမ်က ထိတ်လန့်တကြားရေရွတ်လိုက်တယ်။
ဝှစ် ဝှစ် ဝှစ်.......
နောက်အခိုက်အတန့်မှာ အဆုံးမရှိဓားချီတွေက အကိုခွမ်နဲ့ ခရမ်းရောင်ဝံပုလွေအပါအဝင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့ခန္ဓာကိုယ်တွေကို ဇကာပေါက်တွေပမာ ထိုးဖောက်သွားခဲ့တယ်၊ နတ်ဘုရားစွမ်းအားတွေ ပျောက်ကွယ်သွားပြီးနောက် အသက်မဲ့သွားကြတော့တယ်။
"ဒါ မူလအဆုံးစွန်းခုတ်ချက်ရဲ့စွမ်းအားလား"
ဒါက မူလအဆုံးစွန်းခုတ်ချက်ကို အသုံးပြုပြီး ရန်သူကို သတ်တဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ စွမ်းအားနဲ့ဆန်းကြယ်မှုက မမျှော်လင့်ထားလောက်အောင် အားကောင်းတယ်။
ကမ္ဘာရှိအရာအားလုံးက ဓားတစ်လက်ဖြစ်နိုင်တယ်၊ ဒီအကြောင်းရာက မမှားပေမယ့် မှန်တယ်။
အခု သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်ပဲ ရှိသေးတယ်၊ သူက လေရောအလင်းရောကို ဓားအဖြစ် ပြောင်းလဲနိုင်ပြီး ရန်သူရဲ့အာရုံခံစားမှုကို သက်ရောက်နိုင်တယ်။ မူလအဆုံးစွန်းခုတ်ချက်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ကို ရောက်ရှိတဲ့အခါ ပိုတောင် အားကောင်းလာနိုင်တယ်။
ဒါပေမယ့် သူက ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအုပ်စုကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာက မူလအဆုံးစွန်းခုတ်ချက်က ပြိုင်ဘက်ကင်းလို့ မဟုတ်ဘူး၊ ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ကုန်သည်သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအုပ်စုနဲ့ ယှဉ်ရင် အားနည်းလို့ပဲ။
လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အကိုခွမ်နဲ့အခြားအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့နေရာလပ်လက်စွပ်တွေအားလုံးက သူ့ရဲ့လက်ထဲကို ရောက်ရှိလာတယ်။ ထို့နောက် လီဖူချန်းက အားလုံးကို သိမ်းလိုက်တယ်။
"ဒါ အလုပ်လုပ်ပါစေလို့ မျှော်လင့်တယ်"
လီဖူချန်းက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ယူထုတ်ပြီးနောက် တက်လိုက်တယ်။
ဝှစ်......
အပြာရောင်မီးလျှံတစ်ခုက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့အမြီးမှ ထွက်ပေါ်လာပြီး အားကောင်းတဲ့စွမ်းအားက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ကောင်းကင်သို့ မြင့်တက်သွားစေတယ်၊ မကြာမီမှာ သေးငယ်တဲ့အနက်ရောင်အစက်လေးတစ်ခုပဲ ကျန်တော့တယ်။
မီတာငါးသန်း။
မီတာခုနှစ်သန်း။
မီတာကိုးသန်း။
မီတာကိုးသန်းမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က စတင်ယိုယွင်းလာတယ်။
မီတာ၉.၅သန်း၊ မီတာ၉.၈သန်း......
မီတာဆယ်သန်းကို ချဉ်းကပ်လာတဲ့အခါ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က ဆက်မတက်နိုင်တော့ဘူး။
အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ချက်ချင်း သိမ်းလျက် လီဖူချန်းက ချပ်ပြားအမျိုးအစားပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ကောင်းကင်သို့ ပစ်လွှတ်ပြီးနောက် ၎င်းအပေါ်သို့ ခြေချခဲ့တယ်။
မူလက ချပ်ပြားပုံသဏ္ဍာန်ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားအောက်မှာ လျင်မြန်စွာ မမြင့်တက်နိုင်တော့ဘူး၊ မကျဘဲနဲ့ အချိန်တိုလေးတစ်ခုအထိ ထိန်းသိမ်းနိုင်တာ အရမ်းကောင်းတယ်။ အခု လီဖူချန်းက ၎င်းအပေါ် ခြေချတဲ့အခါ ၎င်းက လျင်မြန်စွာ ချက်ချင်း ကျဆင်းသွားတယ်။
ကုတ်ကန်အားအမှတ်ကိုရောက်ရှိထားတဲ့လီဖူချန်းက အမြင့်မီတာဆယ့်တစ်သန်းသို့ ခုန်တက်သွားတယ်။
နောက်၊ ဒီနည်းလမ်းအရ လီဖူချန်းက အသက်တစ်ခါရှုချိန်အတွင်း အမြင့်၁၃.၅သန်းသို့ ခုန်တက်သွားတယ်။
"နည်းနည်းလိုသေးတယ်"
ဒီနည်းလမ်းက တကယ်ထိရောက်တယ်၊ ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ ပထမဆုံးအကြိမ်က လုံလောက်တဲ့အမြင့်တစ်ခုဆီ တက်ထားရမယ်ဆိုတာပဲ။
ပထမဆုံးအကြိမ်သူ ပြေးတက်တဲ့အမြင့်က လုံလုံလောက်လောက် မမြင့်ဘူး။ သူက လုံလုံလောက်လောက်မြင့်ခဲ့ရင် ဒိီအချိန်မှာ ကမ္ဘာဆွဲအားအလွှာကနေ ထွက်နိုင်လောက်ပြီ။