← Chapters

ဖီထယ်

Vol. 82 Ch. 1157

ဖီထယ်

Vol. 82 Ch. 1157

"ဒါကပဲ ဖြစ်နိုင်လောက်တဲ့တစ်ခုတည်းသောနည်းလမ်းပဲ"

ပထမဆုံးနည်းလမ်းကိုတော့ လီဖူချန်းက မစဉ်းစားပါဘူး၊ ဟာသလား၊ မြေတာအိုက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိဖို့ အချိန်ဘယ်လောက်တောင် ကြာမလဲကို မသိနိုင်ဘူးလေ။ အဲဒီအချိန်မှာ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်ကို သေချာပေါက် ရောက်ရှိနေပြီ။ သူ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဖြစ်တဲ့အခါ သူက စနေဂြိုလ်မှ ထွက်သွားဖို့ ယုံကြည်ချက်ရှိတယ်၊ မြေတာအိုဥပဒေသကို မလိုအပ်တော့ဘူး။

တတိယနည်းလမ်းအတွက်ကတော့ လိုအပ်တဲ့အချိန်က ကြာလွန်းတယ်။ နောက်ဆုံးအကြိမ် အလင်းမြေတောင်ရဲ့ကမ္ဘာဆွဲအားလျော့ကျတဲ့အချိန်က လွန်ခဲ့တဲ့နှစ်ငါးရာကျော်က၊ ကမ္ဘာဆွဲအားလျော့ကျတဲ့အချိန်က နောက်တစ်ခေါက်ဖြစ် ပေါ်လာဖို့ နှစ်လေးရာကျော် ကျန်သေးတယ်။

အခြားသူတွေအတွက် နှစ်လေးရာကျော်က နည်းပေမယ့် လီဖူချန်းရဲ့အသက်က စုစုပေါင်းမှ သက်တမ်းငါးဆယ်လောက်ပဲ ရှိတာလေ။

ထိုက်ဖျင်မြို့ကို ပြန်ရောက်လာပြီးနောက် လီဖူချန်းက အဆုံးစွန်းအဆင့်နိမ့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ယူထုတ်လိုက်တယ်။

ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ကုန်သည်သင်္ဘောတွေပေါ်မှာ နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက အလွန်ရှားတယ်၊ အဆင့်မြင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမပြောနဲ့၊ အလယ်ဆင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတောင် မရှိဘူး။

ဒီအဆုံးစွန်းအဆင့်နိမ့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက အချိန်ပင်လယ်လို့ခေါ်တဲ့ ခွရှင်တစ်ခုဖြစ်တယ်။ နေရာလပ်-အချိန်စွမ်းအားနဲ့ အသက်သွင်းပြီးနောက် ၎င်းက နေရာလပ်-အချိန်ဥပဒေသတွေကို ပိုထိန်းချုပ်လာနိုင်တယ်၊ နေရာလပ်-အချိန်ပတ်လမ်းရဲ့အရှိန်ကို မြှင့်တင်ပေးနိုင်တယ်၊ ရန်သူရဲ့အာရုံခံစားမှုကို နှောင့်ယှက်နိုင်လာတယ်။

အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မှာ အချိန်ပင်လယ်ရှိရင် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားကတောင် သူ့ကို မထိန်းချုပ်နိုင်ဘူး။ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မှာ အချိန်ပင်လယ်ရှိရင် သူက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့လက်ထဲမှ လွတ်မြောက်နိုင်မယ်။

အသက်ကို ဖြည်းညင်းစွာ ရှုထုတ်လျက် အာရုံထွေပြားနေတဲ့အတွေးတွေကို ဖယ်ရှားကာ လီဖူချန်းက အချိန်ပင်လယ်ထဲရှိနေရာလပ်-အချိန်အင်းကွက်တွေကို စတင်နားလည်ခဲ့တယ်။

ကျင့်ကြံခြင်းမှာ အချိန်ဆိုတာ မရှိဘူး။ သူက နားလည်မှုအခြေအနေတစ်ခုမှာ ရှိနေတဲ့အချိန်မှာ အနှောင့်အယှက်ခံရမှာကို သူ ကြောက်တယ်။ ဒါကြောင့် တည်းခိုခန်းခကို ဆယ်နှစ်စာ ပေးချေခဲ့တယ်။

နောက်ထပ်ကိုးနှစ်ကြာပြီးနောက် လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်ကို ဝင်ရောက်လာခဲ့တယ်။

တကယ်တော့ ကိုးနှစ်ဆိုတာ အရမ်းမြန်တယ်။ တစ်ယောက်ယောက်က ဥပဒေသနယ်ပယ်ကို အဆင့်သေးတစ်ခုမြှင့်ချင်တယ်ဆိုရင် နှစ်ထောင်သောင်းချီ ကြာလိမ့်မယ်၊ လီဖူချန်းကျင့်ကြံနေတာက အခက်ခဲဆုံးဖြစ်တဲ့နေရာလပ်-အချိန်ဥပဒကို တောင်  ဖော်ပြစရာမလိုဘူး။

"ဒီနှုန်းနဲ့ဆိုရင် ရာစုနှစ်အနည်းငယ်လောက်နဲ့ ငါက နေရာလပ်-အချိန်ဥပ‌ဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်သို့ တွန်းပို့နိုင်လိမ့်မယ်"

"ဒါပေမယ့် နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က တိုးတက်လာပြီးဆိုတော့ စနေဂြိုလ်ရဲ့ကမ္ဘာဆွဲအားအကန့်အသတ်မှ ထိုးဖောက်ဖို့ အလုပ်ဖြစ်နိုင်လား"

မြေတာအိုဥပဒေသနယ်ပယ်က ကမ္ဘာဆွဲအားကို တိုက်ရိုက်ဖိနှိပ်တယ်၊ နတ်ဘုရားစွမ်းအားပေါက်ကွဲမှုက ကမ္ဘာဆွဲအားကို ဖိနှိပ်ဖို့ အားကောင်းတဲ့ရွေ့လျားအရှိန်ကို အသုံးပြုတယ်။ ဒါပေမယ့် နေရာလပ်-အချိန်ဥပဒေသက မတူဘူး။ ၎င်းက ကမ္ဘာဆွဲအားအကန့်အသတ်မှ တိုက်ရိုက်လွတ်လပ်တယ်။

ကံမကောင်းစွာနဲ့ မင်းက နေရာလပ်-အချိန်ဥပဒေသကို အသုံးပြုရင် မင်းက အားကို မချေးငှားနိုင်ဘူး။ မင်းက အားကို ချေးငှားရင် နေရာလပ်အချိန်ဥပဒေသက နေရာလပ်-အချိန်ဥပဒေသမဟုတ်တော့ဘူး။

မည်သို့ဆိုစေ၊ လီဖူချန်းက ထွက်ပြီး စမ်းသပ်ရမှာပဲ။

ဝန်ထမ်းကောင်လေးပြောတဲ့အတိုင်းဆိုရင် နေရာလပ်-အချိန်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ကို ရောက်ရှိရမယ်၊ဒါမှ  သူတို့က စနေဂြုလ်ကနေ ထွက်သွားဖို့ မျှော်လင့်ချက်ရှိမယ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်က အနည်းငယ်ဆိုးဝါးပါသေးတယ်။

ထိုက်ဖျင်မြို့လမ်းပေါ်မှာ လီဖူချန်းက ဘယ်လာကို မြင်ခဲ့တယ်။

ဘယ်လာကို ကြည့်ရတာ အနည်းငယ်သနားစရာကောင်းနေတယ်၊ သူမရဲ့နတ်ဘုရားစွမ်းအားက အကြီးအကျယ်လျော့ပါးလာတယ်၊ ကြည့်ရတာ သူမက ဒဏ်ရာရထားပုံပဲ။

"မင်းကိုး" ဘယ်လာက လီဖူချန်းကို မှတ်မိတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"မင်း ဒဏ်ရာရထားတာလား"

ဘယ်လာက ပြောလိုက်တယ်"ငါ ဒေါသခြင်္သေ့ကို လိုက်ဖမ်း‌တဲ့အချိန်မှာ တိုက်မိပြီး အခုလိုဖြစ်သွားရတာပဲ"

"ဒေါသခြင်္သ့လား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

‌စနေဂြိုလ်ပေါ်ရှိကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတွေကို ခွန်အားအရ အဆင့်ငါးဆင့်ခွဲခြားထားတယ်၊ သာမန်အဆင့်၊ လက်ရွေးစင်အဆင့်၊ အဆင့်မြင့်အဆင့်၊ အရှင်သခင်အဆင့်၊ ရှင်ဘုရင်အဆင့်။

ဧရာမဝံပုလွေက သာမန်အဆင့်ထဲမှာ အသန်မာဆုံးဖြစ်တယ်၊ ဒေါသခြင်္သေ့က တစ်ဆင့်ပိုသန်မာပြီး လက်ရွေးစင်အဆင့်ဖြစ်တယ်၊ ချပ်ဝတ်ဝက်ဝံက အရှင်သခင်အဆင့်ဖြစ်တယ်။

အတိတ်တုန်းကလိုဆိုရင် သူမက ဒေါသခြင်္သေ့နဲ့ ရိုက်မိရင် ဘယ်လာက ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်၊ ဒါပေမယ့် သူပေးထားတဲ့ပြီးပြည့်စုံခြင်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားချပ်ဝတ်နဲ့ဆိုရင် သူမကို ဒေါသခြင်္သေ့က နာကျင်ထိခိုက်စေဖို့ မဖြစ်နိုင်ဘူး။

"မင်း ဘာလို့ ငါ‌ ပေးတဲ့ ချပ်ဝတ်ကို မဝတ်တာလဲ" လီဖူချန်းက မေးလိုက်တယ်။

ကြံ့ခေါင်းလူက ပြောလိုက်တယ်"အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်အမှောင်လအကာအကွယ်ကို မင်းပေးခဲ့တာလား။ အဲဒါက တကယ်ကို အဆင်ပြေတယ်။ အရင်နှစ်အနည်းငယ်ကဆိုရင် ငါတို့တွေ အဲဒါကို မှီခိုပြီး လက်ရွေးစင်အဆင့်ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတွေကို သတ်ခဲ့တယ်။ ဒါပေမယ့် အခု အဲဒါကို တပ်ရင်းခေါင်းဆောင်ဖီထယ်က ယူသွားပြီ"

လီဖူချန်းက ပြောလိုက်တယ်"မင်းတို့ရဲ့တပ်ရင်းခေါင်းဆောင်က အဖွဲ့ဝင်တွေရဲ့အရာတွေကို ယူချင်တိုင်းယူလို့ရတာလား"

ကြံ့ခေါင်းလူက ပြောလိုက်တယ်" ငါတို့ရဲ့အရင်ခေါင်းဆောင်မစ်တေလာဆိုရင် အဲလိုလုပ်မှာမဟုတ်ဘူး ဒါပေမယ့် ဒီဖီထယ်က လူကောင်းမဟုတ်ဘူး။ ဘယ်လာက မပေးရင် သူမက သေချာပေါက်သတ်ဖြတ်လိမ့်မယ်"

သူတို့ရဲ့စကားမှ အဖွဲ့ရဲ့အရင်ခေါင်းဆောင်မစ်တေလာက အရှင်သခင်အဆင့်ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတစ်ကောင်ကို ဝန်းရံတိုက်ခိုက်တဲ့အချိန်မှာ သေသွားခဲ့တယ်။ ဖီထယ်က ခေါင်းဆောင်နေရာကို ယူခဲ့တယ်။ ဘာကြောင့်မှန်းတော့မသိ၊ သိဖုက ဘယ်လာကို သစ္စာဖောက်ပြီး ဘယ်လာမှာ အမှောင်လအကာအကွယ်ရှိတယ်ဆိုတာ ဖီထယ်ကို ပြောပြခဲ့တယ်။ ဖီထယ်က ပြီးပြည့်စုံခြင်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို ဘယ်လိုလုပ်ပြီး လက်လျော့ရမှာလဲ၊ ဘယ်လာကို အတင်းထုတ်ခိုင်းခဲ့တာပေါ့။

""ဖီထယ်ရဲ့ခွန်အားက ဘယ်လောက်ရှိလဲ" လီဖူချန်းက မေးလိုက်တယ်။

ဘယ်လာက ပြောလိုက်တယ်"အရမ်းသန်မာတယ်၊ မစ်တေလာထက် အားမနည်းဘူး။ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၉.၅သန်းကျော်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၉၈ရာခိုင်နှုန်းကျော် ရှိမယ်လို့ ခန့်မှန်းထားတယ်"

"တကယ် အားမနည်းဘူးပဲ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"သွားကြစို့၊ ငါ့ကို မင်းတို့ရဲ့ခေါင်းဆောင်နဲ့ တွေ့ရအောင် ခေါ်သွား" သူ့မှာ ခွန်အားမရှိရင်တော့ အဆင်ပြေပါတယ်။ သူ့မှာ ခွန်အားရှိတာကြောင့် လီဖူချန်းက ဘယ်လာအတွက် နေရာတစ်ခုကို ရှာပေးရမှာပေါ့။

ဘယ်လာက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်" မင်း ရူးနေလား၊ မင်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပဲ ရှိသေးတာ၊ မင်း သေချင်နေတာလား"

ဘယ်လာရဲ့အမြင်အရ လီဖူချန်းက အဆင်အခြင်မဲ့လွန်းတယ်လို့ ဆိုရမယ်။

"ငါ မင်းကို ပြီးပြည့်စုံခြင်းအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုကို ပေးရဲမှတော့ ငါ့မှာ ယုံကြည်ချက်လုံးဝမရှိဘူးလို့ ထင်နေတာလား။ မှတ်ထား၊ ဘယ်သူ့ကိုမှ အထင်မသေးနဲ့" ပြောရင် လီဖူချန်းရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်ကို  ကြည့်လိုက်တယ်၊ လေထုက ရုတ်တရက်ပြောင်းလဲသွားတယ်။

လေက ဓားတစ်လက်ဖြစ်သွားတယ်၊ အလင်းက ဓားတစ်လက်ဖြစ်သွားတယ်၊ အသံက ဓားတစ်လက်ဖြစ်သွားတယ်၊ သူတို့အသက်ရှုထုတ်လိုက်သမျှက ဓားဖြစ်သွားတယ်လို့ ဘယ်လာနဲ့ကြံ့ခေါင်းတို့တောင် ခံစားရတယ်။ ဓားစွမ်းအင်က သူတို့ကို အသက်ရှုရခက်ခဲစေတယ်၊ နတ်ဘုရားခန္ဓာကိုယ်ရဲ့လက်မတိုင်းက ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေတယ်။

All Chapters