← Chapters

အပိုင်း (၁၅၃)

Vol. 004 Ch. 153

အပိုင်း (၁၅၃)

Vol. 004 Ch. 153

သူက ပြေးနေရင်းဖြင့် အားနည်းနေသော မီးတောက်ပြာကို စစ်ဆေး ကြည့်လိုက်သည်။ မီးတောက်ပြာသည် သူ၏ရှေ့ပြေး အမြုတေမှ ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် မီးတောက်ပြာကို အသုံးပြုတိုင်း ရှေ့ပြေးအမြုတေမှ စွမ်းအင်များက ဆုံးရှုံးသွား၏။ ထို့ကြောင့် သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ မရောက်သေးဘဲနှင့် မီးတောက်ပြာကို အသုံးမပြုချင်ပေ။

မီးတောက်ပြာသည် စွမ်းအား ကောင်းသော်လည်း အရင်းအမြစ် မရှိပေ။ မီးတောက်ပြာကို အသုံးပြုတိုင်း မီးတောက်ပြာက တဖြည်းဖြည်း အားနည်း သွား၏။ အလောင်း တောင်ကြားတွင် ရှိစဉ်က မီးတောက်ပြာကို အမှန်တကယ် သုံးခဲ့ခြင်း မရှိချေ။ သူက ရေခဲများကို အရည်ပျော်စေရန် မီးတောက်ပြာ၏ အပူချိန်ကို အသုံးခဲ့ခြင်း ဖြစ်သည်။

မီးတောက်ပြာဖြင့် ရန်သူတစ်ယောက်ကို သတ်လျှင် အကာအကွယ်များ အများအပြား မထုတ်ဖော်ထားသော ကျင့်ကြံသူများကိုသာ လွယ်ကူစွာ သတ်နိုင်သော်လည်း ရတနာများ ထုတ်ဖော်၍ ကာကွယ်ထားသော ကျင့်ကြံသူများကို သတ်လျှင်မူ မီးတောက်ပြာကို အကြိမ်များစွာ အသုံးပြု ရပေလိမ့်မည်။

အမြုတေအဆင့်ကို မရောက်ခင်အထိ မည်သည့် အမှားမျိုးကိုမှ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့်လည်း အရေးကြီးသည့် အခြေအနေရောက်မှ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

မီးတောက်ပြာကသာ ရှေ့ပြေး အမြုတေနှင့် ဆက်စပ်နေခြင်း မရှိပါက အစကတည်းက ထုတ်သုံးပြီး ၃ယောက်စလုံးကို သတ်ပစ်မည် ဖြစ်သည်။

သူတို့ ၃ယောက်က သူ့နောက်သို့ ဆက်လိုက် နေခြင်းကြောင့် မီးတောက်ပြာကို ထုတ်သုံးခဲ့ရသည်။ သို့သော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်၇ယောက်၊ ၈ယောက်ခန့်က ရုတ်တရက် ပေါ်လာ၏။ ထိုကျင့်ကြံသူများထဲတွင် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်ကို ရောက်နေသည့် လူတစ်ယောက် ပါနေသည့်အတွက် ဝမ်လင်းက အံ့ဩသွားပြီး သူတို့ ၃ယောက်စလုံးကို သတ်ပစ်မည့် အကြံအား စွန့်လွှတ်ကာ ထွက်ပြေးလာခြင်း ဖြစ်သည်။

သူက ထွက်ပြေးနေရင်း တွေးမိလိုက်သည်။ သူကသာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ မရောက်ပါက ဤကိစ္စကြီးက အလွယ်တကူဖြင့် ပြီးသွားလိမ့်မည် မဟုတ်ပေ။

မိုင်၃သိန်းခန့် ထွက်ပြေး လာသော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့်များက သူ့နောက်သို့ လိုက်နေဆဲ ဖြစ်သည်။

သူတို့ထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ဝမ်လင်း၏ နောက်မှ လိုက်နေရင်း ပြောလိုက်သည် … “တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ကို သတ်ပြီး ဘယ်နေရာထိ ပြေးနိုင်ဦးမလဲ ငါ အဘိုးကြီး သိချင်သေးတယ် … မင်းဘာသာမင်း ကမ္ဘာကြီးရဲ့ အစွန်းတစ်ဖက်ကို ရောက်အောင် ပြေးပြေး… မင်းက သေလူတစ်ယောက်ပဲ…”

ပြောပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် သင်္ကေတတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ရွှေရောင် သင်္ကေတကို ဝမ်လင်းဆီသို့ ပစ်လိုက်၏။

ဝမ်လင်းသည် ပြေးနေရင်း သူ၏ကုပ်မွေးများ ထောင်သွားပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်သွားကာ ရွှေရောင်သင်္ကေတကို လွတ်ရုံလေး ရှောင်လိုက်သည်။ သို့သော်လည်း ရှောင်ပြီးပြီးချင်းမှာပင် နောက်ထပ် သင်္ကေတများ ရောက်လာသည်။ အားလုံးကို ရှောင်တိမ်း လိုက်ပြီးနောက် ဝမ်လင်းက အံကြိတ်ကာ ရှေ့သို့ ဆက်လက်သွား၏။ သူက အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေသော်လည်း တဖြည်းဖြည်းနှင့် နောက်မှ လိုက်လာသော ကျင့်ကြံသူများက တဖြည်းဖြည်း နီးလာလေပြီ။

ဝမ်လင်း၏ စိတ်ထဲတွင် နည်းလမ်းတစ်ခု ရှိနေလေသည်။ သူ၏နည်းလမ်းက အလွန် အန္တရာယ်ရှိသော်လည်း အောင်မြင် သွားပါက ပြဿနာများ အားလုံးကို ဖြေရှင်း နိုင်လိမ့်မည် ဖြစ်သည်။

ထိုနည်းလမ်းကို စဉ်းစားရင်း သူ၏မျက်လုံးများက ပိုပြီး အေးစက် လာသည်။ ထို့နောက် သူက ရုတ်တရက် ပျံသန်းနေသည့် ဦးတည်ဘက်ကို ပြောင်းလဲ လိုက်သည်။

မကြာမီ မြူများဖြင့် ဖုံးလွှမ်းနေသည့် တောင်တစ်လုံးကို ဝမ်လင်း၏ မျက်လုံးထဲတွင် မြင်လိုက်ရသည်။ တောင်ကို မြင်ရသည်နှင့် ဝမ်လင်းက အမြန်နှုန်းကို တတ်နိုင်သလောက် မြန်ကာ ပျံသန်းသွား၏။

သူက မြူများ၏ အနားသို့ ရောက်သည်နှင့် မြူများက သူ့ကို လမ်းဖယ် ပေးလိုက်ရာ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကြောက်လန့်နေသည့် မျက်နှာနှင့် လှပသော မိန်းမပျိုးလေး တစ်ယောက် ပေါ်လာသည်။

ထိုအချိန်တွင် ရွှေရောင် သင်္ကေတများက မြူထဲသို့ ဝင်ရောက်သွားသော ဝမ်လင်း ကျောပြင်ကို ဆက်တိုက် ထိမှန်သွား၏။ ဝမ်လင်းက သွေးများကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ် သွားသည့် စွန်ကဲ့သို့ မြူထဲသို့ ပြုတ်ကျ သွားသည်။

ခရမ်းရောင်ဝတ် မိန်းမပျိုလေးသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူများကို ကြည့်ပြီး သူမ၏မျက်နှာက ဖြူရော်သွား၏။ သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ မြူများက ပြန်လည် ဖုံးအုပ်သွား၏။

တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ၁၀ယောက်က မြူများ၏ အပြင်ဘက်သို့ ရောက်လာသည်။ သူတို့ထဲမှ တခြားသူများထက် ခေါင်းက ပိုကြီးနေသော အဘိုးအိုက ရောက်ရောက်ချင်း ပြောလိုက်သည်… “အဲဒီမိန်းကလေးက ဒီအဘိုးကြီးရဲ့ဟာပဲ…”

သူက ပြောပြီးသည်နှင့် ကြီးမားသော လက်ကြီးတစ်ခုကို ဖန်တီးလိုက်ကာ မြူများထဲသို့ ကုတ်ဆွဲလိုက်သည်။ သို့သော်လည်း လက်က မြူကို ထိသွားသည်နှင့် ပေတစ်ထောင်ခန့် ရှည်သော နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ခေါင်းကြီးကြီးနှင့် ကျင့်ကြံသူသည် စူးရှစွာ အော်လိုက်ရပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ တခြား အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများ သည်လည်း အံ့ဩနေသည့် မျက်နှာများဖြင့် မြူများကို စိုက်ကြည့်လိုက်၏။

အကြီးအကဲချုပ် ချင်ကွန်းက အေးစက်စွာ ပြောလိုက်သည်… “ဘယ်အချိန်တုန်းက ဒီလိုဝင်္ကပါ အစီအရင်မျိုးက ပေါ်လာလာလဲ…”

ကျန်သည့် ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်မှ ပြန်မဖြေကြပေ။

ချင်ခွန်းသည် ဝင်္ကပါအစီအရင်ကို သေချာကြည့်ပြီး ထပ်ပြောလိုက်သည်… “ဒီလိုဝင်္ကပါ အစီအရင်က နဂါး တစ်ကောင်ကို ဆင့်ခေါ်နိုင်တယ် ဆိုတော့ သာမန်တော့ မဟုတ်ဘူး … ခွန်ဆန်း… အစီအရင် တစ်သောင်း တံဆိပ်ကို သုံးပြီး စမ်းကြည့်စမ်း…”

ခွန်ဆန်းသည် ဝမ်လင်းနောက်မှ လိုက်သော ၃ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူက ရှေ့သို့ တက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် တံဆိပ်တစ်ခု ပေါ်လာသည်။ ထိုတံဆိပ်က တဖြည်းဖြည်း တောင်အသေးတစ်ခု၏ ပုံသဏ္ဌာန်ကဲ့သို့ ကြီးမားလာသည်။ သူက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ တောင်အသေးက အပေါ်မှ အရှိန်ဖြင့် ဆောင့်ချလိုက်၏။

ထိုအခါ မြူထဲမှ နဂါးက ကျယ်လောင်စွာ ဟိန်းဟောက်ကာ တောင်အသေးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး တောင်အသေးနှင့် ဝင်တိုက်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး ခွန်ဆန်း၏မျက်နှာက ဖြူရော်သွား၏။

ထို့နောက် နဂါးကြီးက မြူထဲသို့ ပြန်ဝင်သွားပြီး ဝင်္ကပါ အစီအရင်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ချင်ခွန်းက ပြောလိုက်သည်… “ခွန်ဆန်း… မင်းရဲ့ တံဆိပ်ကို ငါ သုံးပြမယ်…”

သူက ပြောပြီးသည်နှင့် ခွန်ဆန်း၏ သဘောထားကိုပင် စောင့်မနေဘဲ လက်လှမ်း လိုက်သည်။ သူ့လက်ထဲမှ ဆွဲအားတစ်ခုက ထွက်လာပြီး တောင်အသေးကို ဆွဲယူလိုက်သည်။ ထို့နောက် တောင်အသေးက မူရင်းတံဆိပ် အဖြစ်သို့ ပြန်ပြောင်းသွားပြီး သူ၏ လက်အတွင်းသို့ ရောက်လာ၏။

ချင်ခွန်းသည် တံဆိပ်ပေါ်မှ ခွန်ဆန်း၏ နတ်ဘုရား စိတ်အာရုံကို ဖယ်ရှားပြီး သူ၏နတ်ဘုရား စိတ်အာရုံဖြင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်များဖြင့် တံဆိပ်ကို ဝန်းရံစေပြီး လေထဲသို့ ပစ်လိုက်သည်။ ထိုအခါ တံဆိပ်က တောင်အသေး တစ်လုံးအဖြစ် ပြန်ပြောင်း သွားသော်လည်း ယခင်ကထက် နှစ်ဆခန့် ပိုပြီး ကြီးမားလာသည်။

ချင်ခွန်းက ဖြူထဲသို့ စိုက်ကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်အသေးက နောက်တစ်ကြိမ် မြူထဲသို့ ဆောင့်ချ လိုက်ပြန်သည်။ ထိုအခါ နဂါးကလည်း မြူထဲမှ ထွက်ပေါ်လာပြီး တောင်အသေးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ပြန်သည်။

တောင်အသေးနှင့် နဂါးက ရင်ဆိုင်မိသော်လည်း ရလဒ်ကတော့ ယခင် တစ်ကြိမ်ကနှင့် မတူတော့ချေ။ တိုက်မိသည့် အချိန်တွင် တောင်အသေးက ခဏတာသာ ရပ်တန့်သွားပြီး နဂါးက ပျောက်ကွယ် သွား၏။ နဂါးပျောက်ကွယ် သွားသည်နှင့်‌ တောင်အသေးက ဆက်လက် ကျဆင်းလာသည်။

သို့သော်လည်း နဂါး၁၀ကောင်ကျော်က မြူထဲမှ ချက်ချင်း ထွက်ပေါ်လာပြီး တောင်အသေးဆီသို့ တိုးဝင်သွား၏။ ထိုအခါ ချင်ခွန်းက သရော်သည့် လေသံဖြင့် ပြောလိုက်သည်… “အကြီးအကဲတို့ တိုက်…”

ကျန်သည် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့၏ ရတနာများကို ထုတ်ယူပြီး ဝင်္ကပါကို တိုက်ခိုက် လိုက်ကြသည်။

ဝမ်လင်းကတော့ ဂူထဲသို့ ရောက်သည်နှင့် သွေးများ အန်ထုတ် လိုက်ရသည်။ သူ့ကိုယ်တွင် နဂါးအရေခွံ ကိုယ်ကျပ်အင်္ကျီမှ အနက်ရောင် မီးခိုးများ ထွက်နေသဖြင့် ချွတ်ပစ်လိုက်ရသည်။ သို့သော်လည်း မကြာမီ နဂါးအရေခွံအင်္ကျီက မည်သည့် တိုက်ခိုက်မှုမှ မခံရသကဲ့သို့ ပုံမှန် ပြန်ဖြစ်သွား၏။

သူ့တွင် နဂါးအရေခွံအင်္ကျီသာ မရှိပါက ဒဏ်ရာ အပြင်းအထန်ရမှာ ကျိန်းသေလှသည်။ ချင်ခွန်းသည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်သာ ရှိသေးသော်လည်း သူ၏သင်္ကေတများက စွမ်းအား အလွန်ကောင်း၏။

ဝမ်လင်း၏ မျက်နှာသည် ဖြူရော် နေသော်လည်း သူက သစ်သား သေတ္တာလေးကို လီမူဝမ်အား အလျင်အမြန် ထုတ်ပေး လိုက်သည်။

“ဒါက အဆင့် ၅ ဆေးမီးဖိုပဲ… ဝေးကွာခြင်း ကောင်းကင်ဆေးလုံးကို အမြန်ပြီးအောင် သန့်စင်လိုက်ပါ…”

ပြောပြီးသည်နှင့် သူက သလင်းကျောက်ဓားကို ပါးစပ်ထဲမှ ထုတ်လိုက်သည်။

ဓားပျံသည် သူ၏ပခုံးပေါ်သို့ ဖြည်းညင်းစွာ ကျလာ၏။ သူသည် လီမူဝမ်၏ဝိညာဉ် အဆီအနှစ် သွေးစက်ကို ရထားသော်လည်း သူမအား အပြည့်အဝ မယုံပေ။ ထို့ကြောင့် ပြင်ဆင်ထားမှု အနည်းငယ် လုပ်ထားရန် လိုသေးသည်။

လီမူဝမ်သည် သူ၏လက်ထဲမှ သစ်သား သေတ္တာလေးကို ကြည့်ပြီး မေးလိုက်သည်… “ဒီဟာကြောင့် သူတို့ လိုက်လာတာလား…”

ဝမ်လင်းက မျက်လုံးကို ပိတ်ပြီး ကျင့်ကြံသူခြင်းကို အာရုံစိုက်နေရင်းမှ ပြန်ဖြေလိုက်သည်… “မဟုတ်ဘူး…”

လီမူဝမ်သည် ဝမ်လင်းက ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် ကြည့်လိုက်သည်။ ထိုအမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ ၁၀ယောက်သည် ဤဆေးမီးဖိုကြောင့် လိုက်လာမှန်း သူမ၏ ဉာဏ်ရည်နှင့်ပင် ခန့်မှန်းနိုင်သည်။ အဆင့်၅ ဆေးမီးဖိုတစ်လုံး၏ တန်ဖိုးသည် အလွန်မြင့်မားမှန်း လီမူဝမ် သိနေလေသည်။

သူမက ဝမ်လင်းကို စိုက်ကြည့်ပြီး ယခင်ကထက် နူးညံ့သော အသံဖြင့် မေးလိုက်သည်… “နင်… ဒီဆေးမီးဖိုကို ဝယ်လာတာလား… လုလာတာလား…”

ဝမ်လင်းက မျက်လုံးဖွင့်ပြီး အေးစက်စွာ ပြောလိုက်သည်… ‘ဆေးကို သန့်စင်တော့…’

ထိုအချိန်တွင် ဂူတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျင့်စဉ် ကျင့်နေလိုက်၏။

လီမူဝမ်သည် ဝမ်လင်းအား ၃နှစ်ကျော် မမြင်ခဲ့ရပေ။ ထိုသုံးနှစ်လုံးတွင် သူမသည် သူနှင့် ရှိနေစဉ် အချိန်များကို ပြန်တွေးပြီး သူက သူမအား ထိခိုက်အောင် လုပ်မည် မဟုတ်ဟု ကောက်ချက် ချခဲ့သည်။

လွန်ခဲ့သည့် ၃နှစ်အတွင်းတွင် အပြင်ထွက်ရန် သူမသည် အလွန် ကြောက်လန့် နေခဲ့၏။ ကံကောင်း သွားသည်က ကျင့်ကြံသူများသည် အစားများများ စားရန် မလိုအပ်ပေ။ စိတ်ဝိညာဉ်သစ်သီး အနည်းငယ်နှင့် ဆေးလုံးတချို့ကို သောက်ရုံဖြင့် လုံလောက်၏။ လွန်ခဲ့သည့် ၃နှစ်လုံး သူမသည် ဝမ်လင်း၏ အကြောင်းကို တွေးတိုင်း သူမ၏စိတ်များ ရှုပ်ထွေးလာရသည်။ ဝမ်လင်းသာ အပြင်ဘက်တွင် သေသွားပါက သူမသည်လည်း ရုတ်တရက် သေသွား လိမ့်မည်ဟုပါ တွေးနေမိ၏။

ဝမ်လင်းသည် ပြန်လာတော့လည်း အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁၀ယောက်နှင့် ပြန်လာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

သူမက သက်ပြင်းချပြီး ဆေးမီးဖိုကို ယူကာ ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကို သန့်စင်ရန် သူမ၏ အခန်းအတွင်းသို့ အလျင်အမြန် ဝင်သွားလိုက်၏။

အချိန်များက တဖြည်းဖြည်း ကုန်လာပြီး လီမူဝမ်သည် ဆေးကို စတင် သန့်စင်နေလေပြီ။ သူမက ယောက်ယက်ခတ် နေသည့် အတွေးများကို ထုတ်ပစ်ပြီး ဆေးသန့်စင်သည့် အပေါ်တွင်သာ အာရုံစိုက် ထားလိုက်တော့၏။ သူမ၏စိတ်ထဲတွင် အလွန် ထိတ်လန့်နေသည်။ သူမ၏ဆရာ ဆေးသန့်စင်သည်ကိုသာ မြင်ဖူးသော်လည်း တစ်ခါမှ ဝေးကွာခြင်း ကောင်းကင် ဆေးလုံးအား ကိုယ်တိုင် မသန့်စင်ဖူးပေ။

သူမသည် အောင်မြင်ရမည်ဟု သူမကိုယ်သူမ ပြောလိုက်သည်။ အပြင်ဘက်မှ ဝင်္ကပါ ပျက်စီးသွားလျှင် မခန့်မှန်းရဲသည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်။ သူမ၏ ဆေးသန့်စင်ခြင်းက အောင်မြင်သွားလျှင် ထိုအကျိုးဆက်များက လွတ်မြောက်ရန် အခွင့်အရေး ရှိလာမည်ဖြစ်သည်။

ဂူတစ်ခုလုံးသည် ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။ နံရံနှင့် မျက်နှာကြက်မှ အမှုန်များက အောက်ကြမ်းပြင်သို့ ကျနေပြီး အလွှာတစ်ခုပင် ဖြစ်ပေါ်လာသည်။ အပြင်ဘက်မှ တိုက်ခိုက်သံများကလည်း တဖြည်းဖြည်း ကျယ်လောင်လာပြီး ပို၍ နီးကပ်လာလေပြီ။

***

All Chapters