← Chapters

အခန်း (၁၆၆၁-၁၆၆၂)

Vol. 119 Ch. 1661-1662

အခန်း (၁၆၆၁-၁၆၆၂)

Vol. 119 Ch. 1661-1662

အခန်း (၁၆၆၁) ချစ်သူတို့ဘဝ

“ဟုတ်တယ်... မျှော်လင့်ချက်နဲ့ ယုံကြည်ချက်ပဲ”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏ စကားကို ခပ်တိုးတိုးလိုက်ပြီး ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက ပိုပြီးစိတ်ဓာတ်တက်ကြွလာဟန်ဖြင့်...

“ကဲ... တခြားကိစ္စတွေ မစဉ်းစားနဲ့တော့ ၊ လက်ရှိ ငါတို့လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် အရင်လုပ်ကြတာပေါ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အနောက်ဘက်သူတော်စင်ဘုံမှ လုယူထားသည့် ကြာပန်းစိမ်းရတနာအလံကိုထုတ်ယူကာ ဝှေ့ယမ်းလိုက်သည်။

ဤရတနာအလံ၏ ခံစစ်စွမ်းအားက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ဆင်စွယ်ရောင်တိမ်တိုက်အလံ၊ မီးလျှံရောင်ခြည်အလံတို့နှင့် အဆင့်အတန်းတူညီပြီး မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများကိုပင် တားဆီးပိတ်ဆို့နိုင်စွမ်း ရှိသည်။

ကံမကောင်းစွာပင် ယနေ့ ကြာပန်းစိမ်းအလံက ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေများ စွန်းထင်းခံရပြီး အကြီးအကျယ် ထိခိုက်ပျက်ဆီးသွားခဲ့သည်။

အလံ၏ အပြင်ပန်းသဏ္ဌန်က ပုံမှန်အတိုင်းပင်ရှိနေသေးသ်ေလည်း အတွင်းပိုင်းစွမ်းအားများပျက်ဆီးသွားပြီး သာမန်အလံတစ်ခုပမာ ဖြစ်နေသည်။

ဖန်းယွင်ရှန်းက...

"ဒီရတနာရဲ့ မူလပိုင်ရှင်က အော်မီတော်ဖော်ဗုဒ္ဓ မဟုတ်လား... ကြည့်ရတာ မိုးကြိုးလျှပ်စီးဗုဒ္ဓက ခဏငှားသုံးတာ ဖြစ်ရမယ်”

သူမက ဆက်ပြောလိုက်သည်။

"ငရဲကိုးထပ်ရဲ့ နတ်ဆိုးပင်လယ်ရေက ဒီအလံကို ညစ်ညမ်းသွားစေပေမယ့် တကယ်လို့ အော်မီတော်ဖော်ဗုဒ္ဓကသာ ဒါကို ပြန်ယူချင်တယ်ဆိုရင် သူ့အတွက်ကတော့ အသေးအဖွဲကိစ္စလေးပဲ မဟုတ်ဘူးလား..."

ဟုတ်ပေ၏။

တာအိုအဆင့် ထိပ်တန်းတန်ခိုစွမ်းအားရှင်တစ်ယောက်က ဤရတနာကို ပြန်လည်လုယူရန် ခက်ခဲမည် မဟုတ်ပေ။

ရန်ကျောက်ကဲက...

“အရင်ကဆိုရင်တော့ အဲဒါက မှန်ပါတယ် ၊ ဒါပေမဲ့ ငါ အစ်ကိုယန်ကျန်းဆီက ကြားဖူးတာတော့ အော်မီတော်ဖော်ဗုဒ္ဓက ကြာပန်းစိမ်းရတနာအလံကို ကွမ်ယင်ဗောဓိသတ္တဆီ လွှဲပြောင်းပေးလိုက်တာတဲ့ ၊ ခဏငှားတာမျိုး မဟုတ်ခဲ့ဘူး”

သူက ဆက်ရှင်းပြလိုက်သည်။

"ကွမ်ယင်ဗောဓိသတ္တက ဒီရတနာကို သူ့ကိုယ်ပိုင်အဖြစ် သန့်စင်လိုက်ပြီဆိုတော့ အခုချိန်မှာ ဒီရတနာရဲ့ပိုင်ရှင်က သူပဲဖြစ်နေပြီလေ”

ထိုအခါမှ ဖန်းယွင်ရှန်း သဘောပေါက်သွားသည်။

“သြော်... အဲဒီလိုကိုး”

ရန်ကျောက်ကဲက...

"နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတုန်းကလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကွမ်ယင်ဗောဓိသတ္တဆီကနေ ကြာပန်းစိမ်းရတနာအလံကို ခဏငှားခဲ့တာလို့ပြောရင် ပိုမှန်မယ် ၊ အခုတိုက်ပွဲမှာတော့ ကွမ်ယင်ဗောဓိသတ္တက ဒီအလံကို မိုးကြိုးလျှပ်စီးဗုဒ္ဓဆီ ပေးထားခဲ့တာ ၊ ပြီးတော့ သူက တခြားသူတွေကို အာရုံပြောင်းအောင် အနောက်ဘက်သူတော်စင်ဘုံကနေ ဟန်ပြထွက်ခွာသွားတာ ၊ ကံဆိုးချင်တော့ သူတို့တွေ အစီအစဉ်ပျက်သွားတယ်လေ”

“အဲဒါကြောင့်ပဲ ငရဲကိုးထပ်က နတ်ဆိုးပင်လယ်ရေနဲ့ ကြာပန်းစိမ်းရတနာအလံကို ညစ်ညမ်းအောင်လုပ်ဖို့ အခွင့်အရေး ရသွားတာပေါ့... နောက်ဆုံးတော့ ကွမ်ယင်ဗောဓိသတ္တလည်း အချိန်မီ ပြန်မသိမ်းဆည်းနိုင်ဘဲ အလံက ငါတို့လက်ထဲ ရောက်လာတာပေါ့..."

“ဒါပေမဲ့ သူက တာအိုအဆင့်မရောက်သေးတော့ အော်မီတော်ဖော်ဗုဒ္ဓလိုမျိုး အဝေးကနေ ကိုယ့်ရတနာပစ္စည်းကို လှမ်းပြီးသိမ်းယူနိုင်တဲ့ စွမ်းအားမျိုး မရှိဘူးလေ”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ရှင်းပြရင်း လက်ရှိပြဿနာကိုပါ ဆက်လက်တွေးတောနေသည်။

ယခုအချိန်တွင် သူ့ကို စိတ်အနှောက်အယှက်ပေးနေသည်မှာ ကြာပန်းစိမ်းရတနာအလံကို မည်သို့ပြန်လည်သန့်စင်မည်ဆိုသော အချက်ဖြစ်သည်။

ညစ်ညမ်းမှုကို မသန့်စင်နိုင်ပါက ဤအလံက သူတို့လက်ထဲတွင်ရှိနေလျှင်လည်း အသုံးမဝင် ဖြစ်နေပေမည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ငါ့အထင်တော့ ဒီအလံကို ပြန်ပြီးသန့်စင်ပေးနိုင်တဲ့သူက ကွမ်ယင်ဗောဓိသတ္တပဲ ဖြစ်လိမ့်မယ်..."

သူက ဆက်ပြောလိုက်သည်။

“သူ့ရဲ့ မင်္ဂလာရေစင်က ဘယ်လိုအညစ်အကြေးမျိုးကိုမဆို သန့်စင်ပေးနိုင်စွမ်း ရှိတယ်လေ”

ဟုတ်ပေ၏။

ပြီးခဲ့သောတိုက်ပွဲတွင် တောင်ပိုင်းချန်စန်းဧကရာဇ်က ကွမ်ယင်ထံမှ မင်္ဂလာမိုးရေစက်များ ချေးငှားချင်သည်ဆိုသည့်စကားမှာ လှောင်ပြောင်ရုံသက်သက် မဟုတ်ဘဲ အမှန်တရားတစ်ဝက်လည်း ပါဝင်နေသည်။

သို့ပေသိ ကွမ်ယင်ဗောဓိသတ္တက သူတို့၏တောင်းဆိုချက်ကို မည်သည့်နည်းနှင့်မှ သဘောတူမည် မဟုတ်ပေ။

ဖန်းယွင်ရှန်းက...

“အရာရာမှာ အပြန်အလှန် တန်ပြန်သက်ရောက်မှုတွေ ရှိနေတာပဲနော်၊ ငရဲကိုးထပ်ရဲ့ နတ်ဆိုးပင်လယ်ရေက ကြာပန်းစိမ်းရတနာအလံကို ညစ်ညမ်းစေခဲ့ပေမယ့် ကွမ်ယင်ဗောဓိသတ္တရဲ့ မင်္ဂလာရေစက်ကတော့ အဲဒီညစ်ညမ်းမှုကို ပြန်ဆေးကြောပေးနိုင်တယ်”

သူမက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မတို့ကတော့ တခြးနည်းလမ်းပဲ စဉ်းစားရတော့မှာပေါ့”

သူများရတနာပစ္စည်းကိုလုယူပြီး ထိုရတနာကို ပြန်လည်သန့်စင်ပေးရန် မူလပိုင်ရှင်ကို သွားရောက်အကူအညီတောင်းခြင်းက အလွန်ပင် မျက်နှာပြောင်ရာ ကျပေမည်။

‘မျက်နှာပြောင်သည်’ ဟုတွေးမိတော့ ဖန်းယွင်ရှန်း မျက်လုံးစွေပြီး ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

ရန်ကျောက်ကဲက အလွန်တရာ မျက်နှာပြောင်သူဖြစ်ကြောင်း သူမ သိရှိထားသည် မဟုတ်ပါလား။

အောင်မြင်မှုရရှိရန် ရာနှုန်းပြည့် သေချာမည်ဆိုပါက ရန်ကျောက်ကဲက ဤသို့သော အရှက်မရှိသည့်အလုပ်မျိုးကိုလည်း နောက်မတွန့်ဘဲ လုပ်ဆောင်မည်သာပင်။

ဖန်းယွင်ရှန်းအကြည့်ကို သတိထားမိသည်နှင့် သူမ ဘာတွေးနေကြောင်း ရန်ကျောက်ကဲ ချက်ချင်း ရိပ်မိသွားသည်။

သူက ရင်ထဲနာကျင်သွားဟန် ရင်ဘက်ကိုဖိလိုက်ပြီး...

“မင်းအတွေးတွေက သိပ်လွန်နေပြီနော်”

ဖန်းယွင်ရှန်းက သူ့ကို မျက်နှာလွှဲလိုက်ပြီး...

“ရှင်လည်း အဲဒီလိုလုပ်လို့ရရင် လုပ်မှာပဲ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက တည်ငြိမ်ဟန်ဆောင်လိုက်ပြီး...

"မင်း ငါ့အပေါ်မှာ အကြီးအကျယ် နားလည်မှုလွဲနေပြီ..."

သူက ဆက်ပြောလိုက်သည်။

“ငါ့အထင်တော့ ငါတို့တွေ ဒီထက်ပိုပြီး ပွင့်လင်းရိုးသားသင့်တယ် ၊ ငါပြောချင်တာက... အချင်းချင်းဆက်ဆံတဲ့နေရာမှာ ဒီထက်ပိုပြီး နက်နက်နဲနဲ ရှိသင့်တယ်ထင်တယ်”

ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးလိုက်ပြီး...

“ဟားဟား... ဟုတ်လို့လား ၊ ဒါဖြင့် လုပ်လိုက်လေ”

ရန်ကျောက်ကဲက အော်ဟစ်ရယ်မောလိုက်ပြီး...

"စိတ်မပူပါနဲ့... ငါ ချီစွမ်းအားပန်းပွင့်သရဖူ ပေါင်းစည်းပြီးတာနဲ့ မင်းက ငါ့လက်ခုပ်ထဲက ရေ ဖြစ်လာမှာ... ငါ ကောင်းကင်နတ်ဘုရားအဆင့် ရောက်တဲ့အထိတောင် စောင့်နေစရာ မလိုဘူး..."

ဖန်းယွင်ရှန်းက မျက်လုံးလှန်ရင်း ရယ်မောလိုက်ပြီး...

“ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်တက်အောင် တွန်းအားပေးတဲ့နည်းလမ်းက အတော်ထူးခြားတာပဲနော် ၊ သူများတွေသာ ဒီစကားတွေကြားသွားရင် ရှင်တော့ သိက္ခာတစ်စက်တောင် ကျန်မှာမဟုတ်ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“သူတို့တွေကတော့ ငါ့ရဲ့ ဒီလိုပုံစံကို ဘယ်တော့မှ မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး ၊ ဒါက မင်းတစ်ယောက်တည်းအတွက် သီးသန့်ဖြစ်တည်မှုလေ”

သူက ဆက်ပြောလိုက်သည်။

“မင်းလိုကောင်မလေးကတော့ စကားထက် အလုပ်ကပိုပြီး အရာရောက်တယ်ဆိုတာ မကြာခင် သိလာတော့မှာပါ”

သူက ဖန်းယွင်ရှန်းကို တမင်သက်သက် “ကောင်မလေး” ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

ဖန်းယွင်ရှန်းက မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ အေးဆေးစွာဖြင့်...

“အဟွန်းဟွန်း... အလုပ်က အရာရောက်တယ်ဆိုပေမယ့် ငါတို့ မလုပ်တာ ဘယ်လောက်တောင်ကြာပြီလဲ ၊ ကျွန်မဆို မေ့တောင်နေပြီ”

ရန်ကျောက်ကဲက နောင်တရဟန်ဖြင့်...

“အဲဒါ မင်းကြောင့်ပဲလေ ၊ အခုလိုဖြစ်လာမယ်မှန်း ကြိုသိရင် မင်းကို စောစောစီးစီးကလည်းက လက်စွမ်းပြခဲ့ပါတယ်”

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ကျွန်မရဲ့ ချစ်စရာကောင်းတဲ့ယောကျ်ားကတော့ ကျွန်မအပေါ် အရမ်းသက်ညှာလွန်းတယ်လို့ပဲ ပြောရတော့မှာပဲ”

ရန်ကျောက်ကဲက မကျေမနပ်ဖြစ်ဟန်ဆောင်ရင်း...

“အနှေးနဲ့အမြန်ပါပဲ ၊ မင်းဆီက အရင်းရော အတိုးရော ပြန်ယူရမယ်”

ထို့နောက် သူက ကျီစယ်သည့်လေသံဖြင့်...

“အဟွန်းဟွန်း.... ငါတို့တွေ တစ်ညလုံး မနားတမ်းသွားကြတာပေါ့”

ဖန်းယွင်ရှန်းက မျက်လုံးလှန်လိုက်ရင်း....

“အဲဒီလောက် အကြံသိုးနေရင်... ရှင် ဘယ်တော့မှ ကောင်းကင်နတ်ဘုရား ဖြစ်လာမှာ မဟုတ်ဘူး”

ချစ်သူနှစ်ယောက် အပြန်အလှန် ကျီစယ်နေကြသည့်တိုင် သူတို့က အဓိကအလုပ်ကိစ္စများကိုလည်း မေ့လျော့နေခြင်း မရှိပေ။

သူတို့က ပန်ပန်နှင့် ကြာပန်းစိမ်းရတနာအလံကိုယူဆောင်ကာ တာအိုစကြာဝဠာဆီသို့ ပြန်လာခဲ့ကြသည်။

သို့သော် သူတို့က ကျူတောပင်လယ်ကောင်းကင်ဘုံသို့ တန်းမပြန်သေးဘဲ ဗလာနယ် အခြားတစ်ဖက်တွင်ရှိသော ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံသို့ ဝင်ရောက်လိုက်ကြသည်။

ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံဆိုသည်က သုတ်သင်ခြင်းကောင်းကင်ဘုံအရှင်’စောမင်ကျန့်’ ပင်လယ်ငြိမ်သက်ပုလဲ အသုံးပြုကာ ဖန်ဆင်းထားသည့် စကြာဝဠာပင် ဖြစ်သည်။

“သုတ်သင်ခြင်းကောင်းကင်ဘုံအရှင်” ဆိုသည်က စောမင်ကျန့်၏ လက်ရှိ ဘွဲ့အမည် ဖြစ်သည်။

သူ၏ ဘွဲ့အမည်အပြည့်အစုံမှာ “ကောင်းကင်အုပ်ချုပ်သူ မူလအထွတ်ထိပ်ကောင်းကင်ဘုံအရှင် ကျူးရုန်” ဖြစ်ပြီး ကျူးရုန်ကောင်းကင်ဘုံအရှင် သို့မဟုတ် မူလအထွတ်ထိပ်ကောင်းကင်ဘုံအရှင် ဟုလည်း ခေါ်ဆိုကြသည်။

ဘွဲ့အမည်ရှေ့တွင် “ကောင်းကင်အုပ်ချုပ်သူ” ဆိုသည့်အမည် ထည့်သွင်းခေါ်ဆိုခြင်းမှာ တာအိုဝါဒ စကြာဝဠာတည်ထောင်ထားသူများကို ကိုယ်စားပြုသော သင်္ကေတဖြစ်သည်။

မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်တွင် ရှိခဲ့ဖူးသော သူတော်စင်မ’ကျင်းလင်’ ၏ ဘွဲ့အမည် အပြည့်အစုံမှာ “ကောင်းကင်အုပ်ချုပ်သူ မြောက်ပိုင်းနန်းတော် သူတော်စင်နတ်မိမယ် ခရမ်းရောင်ကောင်းကင်ဘုံအရှင်” ဖြစ်သကဲ့သို့ပင် ဖြစ်၏။

နောက်ပိုင်း သူမရာထူးကို အစားထိုးဝင်ရောက်ခဲ့သော ကျီဝေးဧကရာဇ်၏ ဘွဲ့အမည်အပြည့်အစုံမှာလည်း “ကောင်းကင်အုပ်ချုပ်သူ မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” ဟူ၍ ဖြစ်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ကျီဝေးဧကရာဇ် ပျောက်ကွယ်သွားခဲ့ပြီး ယနေ့ထက်တိုင် သတင်းအစအန မရရှိတော့ပေ။

ယခုအချိန်အထိ စုဆောင်းရရှိထားသော အချက်အလက်များအရ ကျီဝေးဧကရာဇ်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဖြစ်နေနိုင်သလို ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကြောင့် ကျဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

ဟုတ်ပေ၏။

ထို့ကြောင့် စောမင်ကျန့်၏ ဘွဲ့အမည်ရှေ့တွင် “ကောင်ကင်အုပ်ချုပ်သူ” ဆိုသည့် စကားလုံးကို ထည့်သွင်းခဲ့ပြီး တာအိုဝါဒမှ အကြီးအကဲများကလည်း တစ်ယောက်မှ ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။

စောမင်ကျန့်၏ စွမ်းဆောင်ရည်နှင့် အစွမ်းအစမှာ ဤကဲ့သို့သော ဂုဏ်ဒြပ်ကို ခံယူရန် သံသယဖြစ်ဖွယ်မရှိ ပြည့်စုံလွန်းလှသည် မဟုတ်လား။

သူ ကျင့်ကြံခဲ့သော ပညာရပ်များတွင် နေမင်းထဲတွင်ပါဝင်သည့် မီးလျှံစွမ်းအား ၊ နက္ခတ်ပြောင်းလဲခြင်းတရားနှင့် ခပ်သိမ်းသောအရာတို့၏ ဖြစ်တည်မှုအမှန်တရားများ ပါဝင်သည်။

ထိုသို့သော ကျင့်ကြံမှုများကပင် သူ့ကို အထွတ်ထိပ်သို့ ရောက်ရှိစေခဲ့ပြီး မူလကောင်းကင်ကျမ်းစာများကို သိမြင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူက မူလကောင်းကင်ကျမ်းစာများကို အထွတ်ထိပ်သိုင်းပညာရပ်များနှင့်ပေါင်းစပ်ကာ 'ကောင်းကင်ဖြတ်တောက်ကျမ်းစာ' ကို တီထွင်ခဲ့သည်။

‌နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် စောမင်ကျန့်သည်လည်း ပင်လယ်ငြိမ်သက်ပုလဲတစ်လုံးကို ရရှိခဲ့ပြီး တာအိုစကြာဝဠာ (၆)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံကို တည်ထောင်ခဲ့သည်။

နောက်ပိုင်းမှာတော့ စောမင်ကျန့်က အခြားသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကဲ့သို့ လောကအလယ် လှည့်လည်သွားလာခြင်းမရှိဘဲ ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံတွင်သာ တံခါးပိတ်ကျင့်ကြံနေလေ့ ရှိသည်။

ယခု ရန်ကျောက်ကဲက စောမင်ကျန့်ထံမှ အကူအညီရယူရန် ရောက်လာခြင်း ဖြစ်၏။

အညစ်အကြေးများကို သန့်စင်နိုင်သည်မှာ ရေစင်တစ်မျိုးတည်းရှိသည် မဟုတ်ပေ။

အရာအားလုံးကို လောင်ကျွမ်းပြာကျစေနိုင်သော မီးလျှံစွမ်းအားသည်လည်း အညစ်အကြေးများကို သန့်စင်‌ပေးနိုင်သည် မဟုတ်ပါလား။

အခန်း (၁၆၆၂) ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းအတွက်သဲလွန်စ

စောမင်ကျန့်သည် ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံကို တည်ထောင်ခဲ့သော်လည်း မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ ယွင်ရှောင်းနတ်သမီးနှင့် ဝူတန့်မယ်တော်တို့ကဲ့သို့ တပည့်တပန်းများ ရှာဖွေစုဆောင်းခြင်း ၊ လူသစ်များ ပျိုးထောင်ပေးခြင်း လုံးဝမပြုလုပ်ခဲ့ပေ။

ထို့ကြောင့် ဤနေရာတွင် ကျင့်ကြံသူများ ၊ လူသားများဖြင့် စည်ကားသိုက်မြိုက်သည့် အရိပ်အယောင်မျိုး လုံးဝ တွေ့မြင်ရခြင်း မရှိပေ။

ဤစကြာဝဠာထဲတွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည့် ကြယ်စင်အလင်းတန်းများနှင့်အတူ ကမ္ဘာတစ်ခုသာ အထီးကျန်စွာ တည်ရှိနေသည်။

ထိုကမ္ဘာတွင် စီးဆင်းနေသည့်စမ်းချောင်းများ ၊ စိမ်းလန်းစိုပြေသော တောင်တန်းများ ၊ သစ်ပင်ပန်းမန်များ ဝေဝေဆာဆာ ရှိနေသည့်တိုင် လူသူတစ်ယောက်မှ မရှိခဲ့ပေ။

ထိုကမ္ဘာရှိ တောင်ကြားတစ်ခုထဲမှာတော့ စိမ်းပြာရောင်သစ်ကိုင်းသစ်ရွက်များ ဝေဆာစွာဖြန့်ကျက်ထားသည့် မြင်းမားသော ချန်းဟွာသစ်ပင်ကြီးတစ်ပင်က မားမားမတ်မတ် ရပ်တည်နေသည်။

လေမတိုက်ဘဲ လွင့်ပျံကြွေဆင်းနေသည့် အဖြူရောင်ပန်းပွင့်များက ကြည်နူးစရာပုံရိပ်ကို ဖန်တီးပေးနေသည်။

ထိုသစ်ပင်အောက်တွင် ဆံပင်တိုနှင့် လူငယ်တစ်ယောက် ထိုင်နေသည်။

သူက ခြေတစ်ဖက်ကိုဆန့်ထုတ်ထားပြီး တစ်ဖက်ကိုကွေးထားကာ လက်များကိုတော့ ကွေးထားသည့်ခြေထောက်ပေါ်သို့ သက်သောင့်သက်သာပင် တင်ထားသည်။

ထိုလူငယ်က ချန်းဟွာသစ်ပင်ကို ကျောမှီထိုင်နေခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအခြေအနေတစ်ခုသို့ ရောက်ရှိနေဟန်ပင်။

သူက ဤကမ္ဘာ၏ ဗဟိုချက် သို့မဟုတ် ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံ တစ်ခုလုံး၏ ဗဟိုချက်သဖွယ် ဖြစ်နေသည်။

ထိုအချိန်...

ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့ ထိုသူ့ရှေ့သို့ ရောက်ရှိလာလေသည်။

လူငယ်က ချက်ချင်းပင် မျက်လုံးများဖွင့်လိုက်ပြီး သူ့အကြည့်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းထံသို့ ကျရောက်သွားသည်။

ရန်ကျောက်ကဲက သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း စောမင်ကျန့်နှင့် ပထမဆုံး တွေ့ဆုံခဲ့ရသော ကာလဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ယခု ကွာခြားသွားသည့် တစ်ခုတည်းသောအချက်မှာ စောမင်ကျန့်အနားတွင် ချန်းဟွာသစ်ပင်ကြီး ရှိနေခြင်းသာ ဖြစ်သည်။

ဤစကြာဝဠာတွင် လူတစ်ယောက်နှင့် သစ်ပင်တစ်ပင်သာ အတူနေထိုင်လေသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် စောမင်ကျန့်ကို မနှောက်ယှက်လိုသဖြင့် ကျူ‌တောပင်လယ်ကောင်းကင်ဘုံတွင်သာ လာရောက်နေထိုင်သည်။

"ကျောက်ကဲနဲ့ ယွင်ရှန်း... မင်းတို့ ရောက်လာကြတာလား”

စောမင်ကျန့်က ပြုံးလျှက်နှုတ်ဆက်ရင်း ထိုင်ရာမှထလိုက်သည်။

ရန်ကျောက်ကဲက စောမင်ကျန့်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...

“အကြီးအကဲ’စော’... ကျွန်တော့်မှာ အနှောက်အယှက်ပေးစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ”

ထို့နောက် ရန်ကျောက်ကဲက ကြာပန်းစိမ်းရတနာအလံကိုထုတ်ယူပြီး စောမင်ကျန့်ကို ပေးလိုက်သည်။

စောမင်ကျန့်က ရတနာအလံကို တစ်ချက်မျှစစ်ဆေးပြီးသည်နှင့် မဆိုင်းမတွပင် မီးလျှံစွမ်းအားကိုဆင့်ခေါ်လိုက်သည်။ ထို့နောက် မီးတောက်မီးလျှံများက အလံအားကူးစက်လောင်ကျွမ်းသွားလေသည်။

မီးလျှံနှင့်ထိတွေ့မိသည်နှင့် အလံထက်တွင် မည်းနက်သည့်အရည်များ စွန်းထင်းနေကြောင်း တွေ့လိုက်ရသည်။

စောမင်ကျန့်၏ မီးလျှံစွမ်းအားက အလံကိုထိခိုက်ခြင်းမရှိဘဲ အနက်ရောင်ရေများကိုသာ တိုက်စားပစ်လိုက်သည်။ အနက်ရောင်အစွန်းအထင်းများနှင့် မီးလျှံစွမ်းအားထိတွေ့သည်နှင့် အလံက အနည်းငယ်ပင် တုန်ခါသွားသည်။

အဆုံးသတ်မှာတော့ စောမင်ကျန့်၏ ဖိနှိပ်သန့်စင်မှုအောက်တွင် မိစ္ဆာစွမ်းအားများ ငြိမ်သက်သွားပြီး အလံသည်လည်း လေထဲတွင် ညင်သာစွာလွင့်ပျံလာသည်။

တောက်ပလှသော မီးလျှံများက မည်းနက်သောအစွန်းအထင်းများကို တဖြည်းဖြည်းချင်း လောင်ကျွမ်းသန့်စင်ပေးနေသည်။

ဤသို့သန့်စင်ခြင်းက အလွန်မြန်ဆန်ခြင်းမရှိသော်လည်း ထိရောက်မှုရှိသည်။

အနက်ရောင်အစွန်းအထင်းများမှာ မည်မျှပင်ရုန်းကန်တွန်းလှန်နေပါစေ ဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေရသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သည်လည်း စိတ်ဓာတ်များတက်ကြွလာကြသည်။

လမ်းမှန်တာအိုဝါဒ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များတွင် ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေကို ဖယ်ရှားသန့်စင်ပေးနိုင်သူမှာ စောမင်ကျန့်တစ်ယောက်တည်း မဟုတ်ပေ။

ကြာပန်းစိမ်းရတနာအလံကို စောမင်ကျန့်၏လက်ထဲအပ်နှံလိုက်ပြီးနောက် ရန်ကျောက်ကဲစိတ်ထဲ တစ်ပူအေးသွားရသည်။

သူက စောမင်ကျန့် ရတနာအလံကို သန့်စင်ပေးသည်ကို စောင့်ကြည့်ရင်း လတ်တလောအဖြစ်အပျက်များအကြောင်း အပြန်အလှန် စကားပြောဆိုကြသည်။

စောမင်ကျန့်က လူသူကင်းဝေးရာတွင် တစ်ကိုယ်တည်းနေသူ ဖြစ်သော်လည်း သူ၏ တန်ခိုးစွမ်းအားနှင့် ဂုဏ်သိက္ခာက လမ်းမှန်တာအိုဝါဒနှင့် အခြားသောအင်အားစုများမှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များထက်ပင် ကျော်လွန်ထင်ရှားသူ ဖြစ်သည်။

ထို့ကြောင့် တာအိုဝါဒမှ ကျင့်ကြံသူများက သတင်းထူးရှိပါက သူ့ထံသို့ လာရောက်အသိပေးလေ့ ရှိကြသည်။

ယနေ့ ရန်ကျောက်ကဲ ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံသို့ ရောက်ရှိလာခြင်းမှာလည်း ရတနာအလံသန့်စင်ခြင်းအပြင် သတင်းပေးပို့ခြင်းအလုပ်ကိုပါ တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်ဆောင်ခြင်း ဖြစ်၏။

စောမင်ကျန့်က...

"ထိုက်ယီကျန်းရန်နဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်တို့ အသက်ရှင်နေသေးတာ တကယ့်သတင်းကောင်းပဲ”

ထို့နောက် သူ့မျက်နှာထက် ‌လေးစားအားကျသည့်အရိပ်အယောင်များ ထွက်ပေါ်လာပြီး...

"ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ ကျော်ကြားမှုကတော့ ဘယ်ခေတ်မှာမဆို မိုးကြိုးမုန်တိုင်းလို ဟိုးဟိုးကျော်နေတာပဲ မဟုတ်လား”

စောမင်ကျန့်က သိုင်းကျင့်ကြံခြင်းတစ်ခုတည်းတွင်သာ စိတ်နှစ်မြှုပ်ထားသူဖြစ်ပြီး စာကြည့်တိုက်အောင်းကာ သမိုင်းဒဏ္ဍာရီနှင့် ကျင့်စဉ်များကို သုတေသနပြုနေတတ်သူ မဟုတ်ပေ။

သူက အထက်ဘုံကမ္ဘာ ခေတ်ဦးကာလ ခွန်လွန်အထင်ကရ(၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ခဲ့ပြီး အတော်ဆုံးကျင်ကြံသူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။

သူ၏ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများကြောင့်လည်း ထင်ရှားကျော်ကြားသူ ဖြစ်သည်။

ထို့ပြင် စောမင်ကျန့်ကိုယ်တိုင်က အတိုင်းအတာတစ်ခုအထိ တိုက်ပွဲများကို သွေးဆာမွတ်သိပ်သူလည်း ဖြစ်သည်။

ရှောက်ကျွင်းဟွမ် ဆုံးပါးသွားပြီးနောက် စောမင်ကျန့်က အရင်ကထက်ပိုပြီး တည်ငြိမ်ရင့်ကျက်လာခဲ့သည်။

သို့သော် ကျော်ကြားလှသည့် ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေ့ဆုံရမည့်အရေးကို ကြားသိရသည့်အခါ သူ့ရင်ထဲ အတော်လေး စိတ်လှုပ်ရှားသွားမိသည်။

နျဲ့ကျင်းရှန်ကြောင်း ကြားသိလိုက်ရချိန်မှာတော့ စောမင်ကျန့်တစ်ယောက် တိတ်ဆိတ်ငြိမ်သက်သွားရသည်။

သူက ရန်ကျောက်ကဲလောက် နျဲ့ကျင်းရှန်နှင့် ရင်းနှီးခြင်းမရှိသော်လည်း ထိုလူငယ်၏ ထူးခြားပြောင်မြောက်သော ပါရမီကို အမြဲတမ်း တန်ဖိုးထား အသိအမှတ်ပြုသူ ဖြစ်သည်။

ထို့ကြောင့် အရင်ကဖြစ်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်ပြီး စောမင်ကျန့်မှာလည်း နျဲ့ကျင်းရှန်အတွက် စိတ်ထဲ နှမျောတသဖြစ်ခဲ့မိသည်.

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ စောမင်ကျန့်က တိုးလျသည့်လေသံဖြင့်...

"တကယ့်ကို နှမြောစရာကောင်းတာပဲ..."

ယခုတော့ ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်နေပြီ ဖြစ်သည်။

သူက...

"အစ်ကို'နျဲ့' ရဲ့ ကိစ္စကိုတော့ ကျွန်တော်တို့ နောက်မှပဲ အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့ ၊ ‌လောလောဆယ်တော့ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ထားတယ်”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...

"ဂိုဏ်းတူအစ်မ'ယွီ' ကတော့ ဒဏ်ရာတွေ တဖြည်းဖြည်း သက်သာလာနေပြီ... ဒါပေမဲ့ ပြန်သတိရမလာသေးဘူး ၊ အဲဒါကလည်း သူ့ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာဟောင်းတွေကျန်ခဲ့ပြီး ဒုက္ခဖြစ်မှာမျိုးကို မလိုလားလို့ သတိထားပြီး ဆေးကုသပေးနေရလို့ပါ”

“ပြီးတော့ အခုဆိုရင် သူ့ကိုဆေးကုသဖို့အစီအစဉ် အောင်မြင်ဖို့အတွက် လိုအပ်တာဆိုလို့ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းပဲ ကျန်တော့တယ်”

အစောပိုင်းက ယင်လုန်ထူသည်ပင် စန့်ချင်အဆက်အနွယ်များနှင့်ပူးပေါင်းပြီး ထိုရတနာကို လိုက်လံရှာဖွေခဲ့သည် မဟုတ်လား။

သို့သော် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို မတွေ့ရှိဘဲ မတော်တဆ မဟာပျက်သုဉ်းခြင်းမူလနန်းတော်သို့ ရောက်ရှိသွားကာ ထိုက်ယီကျန်းရန်၊ နီကျားတို့နှင့် တွေ့ဆုံပြီး နောက်ပိုင်းကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ ဒီတစ်ခေါက် အပြင်ထွက်လာတာ ခိုင်မာတဲ့သဲလွန်စတစ်ခု ရခဲ့တယ် ၊ အဲဒါက တကယ့်ကို မျှော်လင့်မထားတဲ့ ဝမ်းသာစရာသတင်းပဲ”

ထိုစကားကြာတော့ ဖန်းယွင်ရှန်းရော စောမင်ကျန့်ပါ အံ့အားသင့်သွားပြီး...

“ဟုတ်လား...”

ဟု ပြိုင်တူ ရေရွတ်လိုက်ကြသည်။

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...

"နတ်မိစ္ဆာမျိုးနွယ်တွေ စကြာမုနိသရီရဓာတ်တော်ကို လိုက်ရှာနေကြတုန်းက ကျွန်တော့်ကို အံ့ဩသွားစေတာက မဟာနတ်မိစ္ဆာတစ်ပါး ပေါ်လာတာပဲ ၊ အစက အဲဒီနတ်မိစ္ဆာကို မဟာကပ်ဘေးကြီးကတည်းက သေသွားပြီလို့ ထင်ခဲ့တာ ၊ သူ့သတင်း ဘာမှမကြားရဘူးလေ ၊ သူ အခုထိ အသက်ရှင်နေဦးမယ်လို့ ထင်မထားမိဘူး ၊ ကျွန်တော့်အထင်တော့ သူက အရင်က ချန်စန်းရှင်းဟိုင်မှာ ပုန်းနေတာဖြစ်ရမယ် ၊ အခုမှ လူရှေ့ကိုပြန်ထွက်လာတာ”

ဖန်းယွင်ရှန်းက သဘောပေါက်သွားဟန်ဖြင့်...

“သြော်... ရှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လွှတ်လိုက်တာ သူ့နောက်ခြေရာခံခိုင်းလိုက်တာလား”

ဟုတ်ပေ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူတို့နှစ်ယောက်နှင့်အတူ တာအိုစကြာဝဠာသို့ ပြန်လည်လိုက်ပါလာခြင်းမရှိဘဲ စကြာမုနိသရီရဓာတ်တော်နှင့် ကြာပန်းစိမ်းရတနာအလံလုပွဲ ပြီးဆုံးကတည်းက ထွက်ခွာသွားခြင်း ဖြစ်သည်။

ထိုအချက်ကို ဖန်းယွင်ရှန်း သတိပြုမိသော်လည်း ရန်ကျောက်ကဲ၏ ကိုယ်ပိုင်အစီအစဉ်များကို စပ်စုလိုခြင်းမရှိသဖြင့် အသေးစိတ်မေးမြန်းခြင်း မရှိခဲ့ပေ။

ယခု ရန်ကျောက်ကဲ ထုတ်ပြောလာမှ သူမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအကြောင်းကို ချိတ်ဆက်တွေးမိသွားခြင်း ဖြစ်သည်။

"ဟုတ်တယ်... ဒါပေမဲ့ လောလောဆယ်တော့ အခြေအနေကို အသေအချာ မပြောနိုင်သေးဘူး... ခွေမုလန်က တခြားနတ်မိစ္ဆာ မဟာသူတော်စင်တွေနဲ့အတူ သွားလာနေတာဆိုတော့ တိုက်ရိုက်ဆက်သွယ်ဖို့က မလွယ်ကူဘူး ၊ အခွင့်အရေးစောင့်ပြိး ကြိုးစားရမှာပေါ့”

ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။

“အဖြူရောင်ကြာပန်းနဲ့ အမတခုံရုံးလည်း အပြင်းအထန် တိုက်ခိုက်နေကြတယ် ၊ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အနောက်ဘက်သူတော်စင်ဘုံက ဝင်မပါကြသေးဘူးဆိုပေမယ့် အရေးကြုံရင် ဒီအတိုင်း ကြည့်နေကြမှာ မဟုတ်ဘူး ၊ ကြည့်ရတာ... ခွေမုလန်ပေါ်လာတာ သူတို့ဘက်က တစ်ခုခုကြံစည်နေတဲ့ပုံပဲ”

စောမင်ကျန့်က...

“ခွေမုလန်... ဟုတ်လား ၊ သစ်သားဝံပုလွေ’ခွေမုလန်’ ပေါ့”

စောမင်ကျန့်နှင့် ဖန်းယွင်ရှန်းတို့သည်လည်း 'ခွေမုလန်' ဆိုသောအမည်ကို ကြားဖူးကြသည်။

သူက မူလက စန့်ချင်အဆက်အနွယ် အခွဲတစ်ခုမှဖြစ်ပြီး နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ကာ ကြယ်သခင်(၂၈)ပါးမှ တစ်ပါးဖြစ်လာခဲ့သည်။

သူက အတော်လေး အရည်အချင်းရှိသူဖြစ်ပြီး မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်၏ ကောင်းကင်ဘုံအရှင်များထဲမှလည်း တစ်ပါးဖြစ်ခဲ့ဖူးသည်။

ထိုစဉ်အချိန်က နတ်မိစ္ဆာမျိုးနွယ်နှင့် ဗုဒ္ဓဘာသာတို့အကြား ဖြစ်ပွားခဲ့သောစစ်ပွဲမှာ အလယ်ခေတ်တွင် အတော်လေး လှုပ်ခတ်စေခဲ့သော အဓိကဖြစ်ရပ်ကြီးတစ်ခု ဖြစ်၏။

ထိုစစ်ပွဲနောက်ကွယ်တွင် ငရဲကိုးထပ်နှင့် လမ်းမှန်တာအိုဝါဒတို့ကလည်း ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြံစည်နေခဲ့ကြသည်။

ထို့ကြောင့် ထိုစစ်ပွဲကာလက အလွန်ရှုပ်ထွေးပွေလီသော ကာလတစ်ခု ဖြစ်ခဲ့သည်။

အလယ်ခေတ်တွင် ခွေမုလန်က 'ဝတ်ရုံဝါမိစ္ဆာ' ဆိုသော အမည်ဝှက်ကို အသုံးပြုကာ အနောက်ဒေသမှဗုဒ္ဓဘာသာ အရှေ့ဘက်သို့ ပြန့်ပွားလာမည်ကို တားဆီးရန်အတွက် ထိပ်တန်းအအဆင့် နတ်မိစ္ဆာမျိုးနွယ် ကျင့်ကြံသူများနှင့် အစီအရင်တစ်ခု တည်ဆောက်ခဲ့သည်။

ထို့ပြင် သူနှင့် ကြဿပတေးဂြိုဟ်မင်း(၄)ပါးထဲမှ (၃)ပါးတို့က ထန်စန်းကျန့်နှင့် စွန်းရှင်ကျေတို့အုပ်စု အခြားသောနတ်မိစ္ဆာများကို နှိမ်နင်းရာတွင် ကူညီပေးခဲ့ပြန်သည်။

ဟုတ်ပေ၏။

ဤကိစ္စများတွင် အင်အားစုပေါင်းစုံ ပါဝင်ပတ်သက်ခဲ့ကြသည်ဖြစ်ရာ အမှန်တရားသည်ပင် မရေမရာ ဖြစ်ခဲ့ရသည်။

နောက်ပိုင်း မဟာကပ်ဘေးကြီးအတွင်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင် အများစု ပျက်ဆီးသွားခဲ့ကြပြီး ခွေမုလန်နှင့်ပတ်သက်သောသတင်းသည်လည်း လုံးဝ ပျောက်ကွယ်သွားသည်။

သူသည်လည်း အခြားသူများနှင့်အတူ သေဆုံးသွားပြီဟုသာ လူအများက ယူဆခဲ့ကြသည်။

သို့သော် မည်သူက မျှော်လင့်ထားပါမည်နည်း။

ခွေမုလန်က အပြင်လောကသို့ လုံးဝထွက်ခွာမလာဘဲ ချန်စန်းရှင်းဟိုင်တွင် ပုန်းအောင်းနေခဲ့သည်။

All Chapters