← Chapters

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း ၉၁၈

Vol. 62 Ch. 918

အပိုင်း ( ၉၁၈ ) အသံမဲ့ တစ္ဆေများ

အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ တီးတိုးရေရွတ်သံတွေက အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး.. ဆင့်ကဲဆင့်ကဲ ထပ်နေတဲ့ အသံထည်ဝါမှုက ထူးဆန်းတဲ့ လိုက်လျောညီထွေဖြစ်မှုကို ဖန်တီးနေခဲ့ပါတယ်..။ ရလဒ်ကတော့ သူ့ရဲ့ စိတ်အာရုံကို တော်တော်လေး အနှောင့်အယှက် ဖြစ်စေခဲ့တာပါပဲ..။ ဆန်နီက ဒီမြှားတစ်စင်းတည်းနဲ့ သားရဲ အရေအတွက် ဘယ်လောက်တောင် သတ်လိုက်မိလဲဆိုတာ ချက်ချင်းပဲ မရေတွက်နိုင်တော့ပါဘူး..။ ဒါပေမဲ့ အနည်းဆုံးတော့… အကောင်တစ်ရာနီးပါးလောက် ရှိမယ်လို့ ထင်ရပါတယ်..။

သားရဲအုပ်ကြီးကတော့ မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့ရပါ​ပြီ..။ အနက်ရောင် လျှာ သားရဲ တွေရဲ့ တစ်ဝက်လောက်က သေဆုံးသွားခဲ့ပြီး.. ကျန်တဲ့တစ်ဝက်ကလည်း မတူညီတဲ့ အဆင့်အလိုက် လျှပ်စီးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးကုန်ခဲ့ကြတယ်..။ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က

အေးစက်နေခဲ့တဲ့ တောင်ပေါ်ရေအိုင်ရဲ့ ရေတွေဟာ အခုတော့ ဆူပွက်နေသလိုမျိုး ဖြစ်နေခဲ့ပါတယ်..။

သူက မှတ်သားမှု အစုအပြုံလိုက်ကို ရရှိဖို့အတွက်လည်း ကံကောင်းခဲ့ပါသေးတယ်..။ဒီအရာတွေထဲက အများစုက နိုးထမူအဆင့် သားရဲတွေဆီကနေ လာတာ ဖြစ်ရင်တောင်မှ.. သူတော်စင်ကတော့ ဒီည တော်တော်လေး ကောင်းကောင်းမွန်မွန် စားသောက်ရတော့မှာ သေချာပါတယ်..။

ဒါကလည်း သူမ အသက်ရှင်ကျန်ရစ် နိုင်မှပါ..။

…ဆန်နီ အနေနဲ့ စိတ်ကို ပြန်စုစည်းလို့ မရသေးခင်မှာပဲ.. ရင်းနှီးနေတဲ့ လျှပ်စီး ပစ်ခတ်သံက သူ့နားထဲကို ရောက်ရှိလာခဲ့ပါတယ်..။ ဆမ်မာရာက သူမရဲ့ လေးလံတဲ့ ရိုင်ဖယ်နဲ့ ချိန်ရွယ်နေခဲ့ပါပြီ..။ သေနတ်ပြောင်းဝဆီကနေ မီးပွင့်သွားခဲ့ပြီး.. ခနအကြာမှာတော့ ရေခဲတုံးကြီးပေါ်ကို ပြန်တက်ဖို့ ကြိုးစားနေတဲ့ ဒဏ်ရာရနေတဲ့ ကျရှုံးမှုအဆင့် သားရဲတစ်ကောင်ရဲ့ ခေါင်းက သွေးချင်းချင်းနီနေတဲ့ အသားစတွေအဖြစ် ပေါက်ကွဲသွားခဲ့ရတယ်..။ တဆက်တည်းမှာပဲ ကင်မ်ရဲ့ ကာဘိုင်သေနတ်ကလည်း စတင်ပစ်ခတ်ခဲ့ပါတယ်..။

‘ဟုတ်ပြီ…’

အခြား မာစတာတစ်ယောက်သာဆိုရင်.. တစ်စက္ကန့် အတွင်းမှာ အားကောင်းတဲ့ အိပ်မက်ဆိုး သားရဲအကောင်တစ်ရာကို သုတ်သင်နိုင်ခဲ့တဲ့ မယုံကြည်နိုင်စရာ အောင်မြင်မှုကို ချီးကျူးဖို့ အချိန်အနည်းငယ် ပေးမိနိုင်ပေမဲ့.. ဆန်နီမှာတော့ အဲဒီလို ကံကောင်းမှုမျိုး မရှိခဲ့ပါဘူး..။ သူက အချိန်နဲ့ ပြိုင်ဆိုင်နေရတုန်း ဖြစ်ပြီး.. သူ တိုက်ခိုက်ရဦးမယ့် တစ်ခြား သားရဲအုပ်ကြီးတစ်ခုက ရှိနေသေးတာပါ..။

တောင်ပေါ်ချိုင့်ဝှမ်းရဲ့ ဖြူစင်သန့်ရှင်း နေတဲ့ မြင်ကွင်းကျယ်ကြီးကတော့ မရှိတော့ပါဘူး..။ အဲဒီအစား သူ မြင်နိုင်တာကတော့ မီးကျွမ်းနေတဲ့ အလောင်းတွေ မျောပါနေတဲ့ အနက်ရောင် ရေပြင်နဲ့.. ကမ်းခြေဆီကို ရောက်ဖို့ ရူးသွပ်စွာ ကြိုးစားနေကြတဲ့ လောင်ကျွမ်းထားပြီးသား အိပ်မက်ဆိုး သားရဲအုပ်စုကြီးသာ ဖြစ်ပါတယ်..။

သူတို့က ရေခဲပြင်ပေါ်တက်ဖို့ ကြိုးစားမှုကို စွန့်လွှတ်လိုက်ကြပြီး.. အောက်ခြေကို ဖြတ်သန်းသွားလာဖို့အတွက် ရေအိုင်ထဲကို ငုပ်လျှိုးသွားခဲ့ကြတယ်..။ လျှပ်စစ်က ရေပြင်မျက်နှာပြင်ပေါ်မှာပဲ ပြန့်နှံ့တာကြောင့်.. မိုးကြိုးပစ်ခတ်ခြင်းကို ဒုတိယအကြိမ် ဆင့်ခေါ်တာက သူတို့အတွက် ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး..။

ဒီလို ကြောက်မက်ဖွယ် မြင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက်.. ဆန်နီက ခေါင်းလှည့်ကာ ပြောလိုက်တယ်..။

“ဒွန်း.. မင်းကိုပဲ တာဝန်လွှဲခဲ့မယ်..။ အဲဒီ ခွေးသားတွေက အပြင်းအထန် ဒဏ်ရာရထားကြတာ.. ရေခဲတွေကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ သူတို့က ထိခိုက်လွယ်နေလိမ့်မယ်..။ ဆမ်မာရာကို အသန်မာဆုံးကောင်တွေကို ပစ်ခိုင်းလိုက်.. ပြီးတော့ ကျန်တဲ့ကောင်တွေ တက်လာရင် ဘယ်လီနဲ့ လူစတာတို့နဲ့အတူ အပြတ်ရှင်းလိုက်ကြ..”

ဧရာမ လူသန်ကြီးက သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ စိုက်ကြည့်ရင်း ခေါင်းညိတ်ပြခဲ့ပါတယ်..။

“နားလည်ပါပြီ..။ ဒါပေမဲ့ ကပ္ပတိန်…ကရော..”

ဆန်နီကတော့ ကျောက်တုံးကြီးပေါ်ကနေ ခုန်ချနေခဲ့ပါပြီ..။

“ငါက ဒုတိယ သားရဲအုပ်ကို သွားရှင်းမလို့..”

ဒွန်းက မျက်တောင်ခတ်လိုက်တယ်..။

“…ဒုတိယ သားရဲအုပ်လည်း ရှိသေးတာလား..”

ဆန်နီကတော့ ဒါကို မကြားတော့ပါဘူး..။ သူကလျင်မြန်တဲ့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး.. သူတော်စင်ကို စေလွှတ်ထားခဲ့တဲ့ နေရာဆီကို အစွမ်းကုန် အလျင်အမြန်ပဲ အမှောင်ထုထဲကနေ ဖြတ်သန်းသွားခဲ့ပါတယ်..။

‘တောင့်ခံထား.. တောင့်ခံထား.. တောင့်ခံထားဦး.. နည်းနည်းလောက်ပဲ ထပ်တောင့်ခံထားဦး.. သူတော်စင်.. ငါလာနေပြီ…”

မကြာခင်မှာပဲ.. သူက မတ်စောက်တဲ့ တောင်စောင်းတံတိုင်းပေါ်ကို ရောက်ရှိသွားခဲ့ပြီး.. အောက်ကို ငုံ့ကြည့်ရင်း ခနလောက် တောင့်တင်းသွားခဲ့ရတယ်..။

အောက်ဘက်က ကျဉ်းမြောင်းတဲ့ လျို ထဲမှာတော့.. ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားနေခဲ့ပါတယ်..။

အိပ်မက်ဆိုး သားရဲတွေရဲ့ ပုံသဏ္ဍာန်က မင်ရည်လို အနက်ရောင် အရေပြား၊ ချိုင့်ဝင်နေတဲ့ မျက်လုံးတွေ နဲ့.. မလှုပ်မယှက် ရှိနေတဲ့ မျက်နှာတွေနဲ့အတူ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ လူသားတွေနဲ့ တူနေခဲ့ကြတယ်..။ သူတို့က အနက်ရောင် သတ္တုနဲ့ ပြုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားကြပြီး.. ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိကြပါဘူး..။ ဒါပေမဲ့ ဆန်နီကတော့ သူတို့ရဲ့ လက်တွေ နဲ့ ထိတွေ့မိတာနဲ့တင် သေဆုံးသွားနိုင်တယ်ဆိုတဲ့ ပြင်းထန်တဲ့ ခံစားချက်ကို ရရှိနေခဲ့ပါတယ်..။

သူတို့ရဲ့ ပါးစပ်တွေကလည်း… အပ်နဲ့ အသေချုပ်ထားသလို ဖြစ်နေခဲ့တာပါ..။

“အော်ဟစ်သံတွေ မရှိတာ မထူးဆန်းတော့ဘူး..”

သူတော်စင်က အသံမထွက်တဲ့ အမျိုးအစားဖြစ်ပြီး.. ဒီသနားစရာ သတ္တဝါတွေကလည်း တူတူပါပဲ..။

သူမက လက်ရှိမှာ ပျက်ပြားခြင်းအဆင့် သားရဲ လေးကောင်ထဲက သုံးကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နေရပါတယ်..။ အလောင်းတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့ပြီး.. [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က ကခုန်နေရင်းနဲ့ တိုက်ခိုက်မှုတွေကို တစ်ခုပြီးတစ်ခု ခုခံကာကွယ်ပေးနေခဲ့တယ်..။ တိတ်ဆိတ်နေတဲ့ နတ်ဆိုးက သူမရဲ့ ပုံမှန် တည်ငြိမ်တဲ့ တိုက်ခိုက်ရေး ပုံစံကို စွန့်လွှတ်လိုက်ပြီး.. တည်ငြိမ်မှု မရှိတော့ပဲ မျှော်လင့်ချက်မဲ့တဲ့ အသည်းအသန် ပုံစံမျိုးနဲ့ တိုက်ခိုက်နေခဲ့ရပါတယ်..။ ဒါကို ကြည့်ရင်းနဲ့ ဆန်နီက အမှောင်မြို့တော်ရဲ့ ခြောက်သွေ့တဲ့ မြေကွက်လပ်တစ်ခုပေါ်မှာ ဒီသက်ရှိကျောက်တုံး စစ်သည်တော် နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တာကို မတွေးဘဲ မနေနိုင်ခဲ့ပါဘူး..။

အဲဒီတုန်းကတော့.. မူလ မာဗယ်သူတော်စင်ဟာ သူမရဲ့ အသက်ကို ရင်းပြီး သူမထက် အဆင့်မြင့်တဲ့ သားရဲအများအပြားကို ရင်ဆိုင် သတ်ဖြတ်ခဲ့ရပါတယ်..။

လေးကောင်မြောက် ပျက်ပြားခြင်းအဆင့် သားရဲကတော့ ဦးတည်ချက်ကင်းမဲ့စွာ လျှောက်သွားနေခဲ့ပြီး.. သူမရဲ့ နှုတ်ခမ်းတွေကို ထိုးဖောက်ထားတဲ့ အနက်ရောင် ချည်မျှင်တွေကို ဆွဲဖြဲဖို့ ကြိုးစားနေခဲ့တယ်..။ မင်ရည်လို သွေးတွေက သူမရဲ့ မျက်နှာတစ်ခုလုံးမှာ ပေကျံနေခဲ့ပါတယ်..။ သတ္တဝါရဲ့ စိတ်အာရုံကတော့ ကျိန်စာသင့်ဓားကြောင့် ကြေမွသွားပြီး ပျောက်ဆုံးနေခဲ့ပါပြီ..။ …ဒါပေမဲ့ သူတော်စင်ကလည်း ဒဏ်ရာရထားခဲ့ပြီး.. သူမရဲ့ မဟူရာ ချပ်ဝတ်တန်ဆာရဲ့ အက်ကြောင်းတွေကြားထဲကနေ ပတ္တမြားမှုန်တွေက စီးကျနေခဲ့တယ်..။

သူမက ဖြည်းဖြည်းချင်း ဆိုသလိုပဲ ခွန်အားတွေ လျော့နည်းလာနေခဲ့ပါပြီ…။

အနည်းကယ် ဝေးတဲ့ တစ်နေရာမှာတော့.. [အိပ်မက်ဆိုး] က ကျရှုံးမှုအဆင့် သားရဲ အများအပြားကို တားဆီးထားခဲ့တယ်..။ အနက်ရောင် မြင်းရိုင်းကြီးက သားရဲတွေ အလယ်မှာ သောင်းကျန်းနေခဲ့ပြီး.. သူတို့ကို ဆွဲဖြဲပစ်ဖို့ သူ့ရဲ့ သံခွာတွေ၊ သားရဲဆန်တဲ့ ခွန်အားတွေနဲ့ ဝံပုလွေလို အစွယ်တွေကို အသုံးပြုနေခဲ့တယ်..။ သူ့ရဲ့ ခန္ဓာကိုယ်က အရိပ်တွေနဲ့ ရစ်ပတ်ထားခဲ့ပြီး.. မှောင်မိုက်တဲ့ မြူခိုးတွေကြားထဲကနေ မီးတောက်နှစ်ခုက ဒေါသတကြီး တောက်ပနေသလို ဖြစ်နေခဲ့ပါတယ်..။ အနက်ရောင် မြင်းရိုင်းကြီးက ထိတ်လန့်စရာနဲ့ ကြောက်ရွံ့စရာ ရောက်ရှိလာမှုတစ်ခုလို ဖြစ်နေခဲ့တယ်..။

ဒါပေမဲ့ သူလည်း အခြေအနေ မကောင်းပါဘူး..။ လောလောဆယ်တော့.. [အိပ်မက်ဆိုး] က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဟုန်ကြောင့် ရန်သူ့ရှေ့မှာ ရှိနေနိုင်တာ ဖြစ်ပေမဲ့.. သားရဲတွေ သူတော်စင်ကို နောက်ကို ဝိုင်းမသွားစေဖို့ မတားဆီး ထားနိုင်ခဲ့ပါဘူး..။ သားရဲတွေ ဝန်းရံဖို့ ကြိုးစားတိုင်းမှာတော့.. အနက်ရောင် မြင်း က သတ္တဝါတွေနဲ့ သူ့ရဲ့ စီးနင်းသူကြားထဲမှာ ဝင်ခံပေးဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ပေ..။

သူ့ရဲ့ နံဘေးတွေက စုတ်ပြဲနေခဲ့ပြီး..သိုးမွှေးလို ကုတ်အင်္ကျီပေါ်မှာလည်း တစ္ဆေဆန်တဲ့ အပြာရောင်အလင်းရောင်နဲ့ တောက်ပနေတဲ့ အမှတ်အသားတွေ ကျန်ရှိနေခဲ့ပါတယ်..။

ဒီ အမှတ်အသားတွေရဲ့ ဘေးပတ်လည်မှာတော့.. [အိပ်မက်ဆိုး] ရဲ့ အသားတွေက ပုပ်ပွနေသလိုမျိုး ဖြစ်နေခဲ့တာပါပဲ..။

အရိပ် နှစ်ခုဟာ အဆင့် ၃ ထွက်ပေါက်ကနေ ရောက်လာကြပုံရတဲ့ ကြောက်မက်ဖွယ် သားရဲအုပ်ကြီးကို မယှဥ်နိုင်ဖြစ်နေခဲ့ပါတယ်..။ သူတို့က အသံမဲ့ တစ္ဆေ သားရဲ တွေဆီကနေ ထွက်ပြေးနိုင်ပေမဲ့.. သူတို့ကို အနိုင်ယူနိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပေ..။သူတို့က…ရှုံးနိမ့်ဖို့ပဲ ရှိပါတယ်..။ သူတော်စင်နဲ့ [အိပ်မက်ဆိုး] တို့က သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေနဲ့.. ဆန်နီ ယုံကြည်စွာ ပေးအပ်ထားခဲ့တဲ့ မှတ်သားမှုတွေကြောင့်သာ ဒီလောက်အထိ တောင့်ခံနိုင်နေခဲ့တာပါ..။

သူတော်စင်က ပျက်ပြားခြင်းအဆင့် သားရဲတွေကို အဆက်မပြတ် အားနည်းပြီး ထိခိုက်စေတဲ့ [ကျိုးပျက်ကျိန်စာ ] ကို အသုံးပြုနေခဲ့တယ်..။ သူမက စွမ်းအားမြင့် အထွတ်အထိပ်အဆင့် လက်နက်တစ်ခု ဖြစ်တဲ့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကိုလည်း ကိုင်ဆောင်ထားပါသေးတယ်..။ ဒီစွမ်းရည်က သူ့ရဲ့ ကိုင်ဆောင်သူကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပေးစွမ်းနိုင်တဲ့ သက်ရောက်မူရှိပေမယ့်.. သူတော်စင်ကတော့ ဒါကို ကာကွယ်ပြီးသား ဖြစ်ပါတယ်..။

ဝိညာဉ် တိုက်ခိုက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တွေဟာ. အထူးသဖြင့် သူမရဲ့ မြင့်မြတ်တဲ့ ဓားသိုင်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုဖြစ်လာခဲ့တယ်..။

ထပ်ပေါင်းပြောရရင်.. [နှစ်သိမ့်ခြင်းပြစ်ဒဏ်] မှာ [ကြောက်ရွံ့မူ နိမိတ်] တိုးမြှင့်မှု ရှိနေပြီး.. ဒါက ရန်သူတွေရဲ့ စိတ်အာရုံကို ကြောက်ရွံ့မှုတွေနဲ့ အဆိပ်သင့်စေပါတယ်..။ အဲဒီ တိုးမြှင့်မှုက အိပ်မက်ဆိုး ပိုင်ဆိုင်ထားတဲ့ [ကြောက်ရွံ့ခြင်း ဝတ်ရုံတော်] နဲ့ [ကြောက်မက်ဖွယ်အရှင်] တို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့်.. အနက်ရောင် မြင်း က ပိုပြီး ကြောက်လန့်ဖို့ ကောင်းလာလေလေ ပိုပြီး အားကောင်းလာလေလေပါပဲ..။

အတိတ်မှာတော့.. ဒီလို ချောမွေ့တဲ့ ပေါင်းစပ်မှုက ဘယ်တုန်းကမှ မကျရှုံးခဲ့ဖူးပါဘူး..။ ဒါပေမဲ့ ဒီနေ့မှာတော့.. ဒါနဲ့တင် မလုံလောက်ခဲ့ပေ..။

ကောင်းပြီလေ…ဒါကတော့.. ဆန်နီကိုယ်တိုင် တိုက်ပွဲထဲကို မဝင်ရောက်ခင် အခြေအနေတွေပါ..။

သူက လျိုထဲကို ပြေးဝင်သွားရင်း..အာရုံခံစားမှုတွေကို ရှေ့ကို ပို့လွှတ်လိုက်တယ်..။

ဒီ အသံမဲ့ သားရဲတွေက သူ့ရဲ့ အရိပ်တွေကို အနိုင်ကျင့်ဖို့ လုံလောက်အောင် သန်မာနေခဲ့ကြတာပါ..။

ဒါပေမဲ့ အရိပ်အရှင်သခင် ရောက်ရှိလာပြီးတဲ့နောက်မှာရော.. သူတို့ ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမှာလဲ...

အပိုင်း ( ၉၁၈ ) ပြီး၏။

All Chapters