← Chapters

အခန်း ၉၁၉

Vol. 62 Ch. 919

အခန်း ၉၁၉

Vol. 62 Ch. 919

အပိုင်း ( ၉၁၉ ) ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ခြင်း

ဆန်နီ တောင်စောင်းအတိုင်း အောက်ကို ပျံသန်းဆင်းလာရင်းနဲ့ အရိပ်တွေထဲကနေ ထွက်လိုက်တယ်။ပြီးတာနဲ့.. တိုက်ပွဲတစ်ခုမှာဆိုရင် ပုံမှန်အားဖြင့် တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်လို့ သတ်မှတ်ကြမယ့်အရာကို လုပ်ဆောင်ခဲ့ပါတယ်..။ သူက လေထဲကို ခုန်တက်လိုက်ပြီး လျိုမြောင်ရဲ့ အပေါ်စီးကနေ ပျံဝဲကာ အရှိန်အဟုန်နဲ့ ထိုးဆင်းလိုက်တာပါပဲ..။

အတွေ့အကြုံရှိတဲ့ စစ်သည်တော်တွေအားလုံးက တိုက်ပွဲအတွင်းမှာ ခုန်ပျံတာက ဘာအကျိုးကျေးဇူးမှ မရှိဘဲ.. ကိုယ့်ကိုယ်ကိုယ် သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေဆီ လမ်းဖွင့်ပေးသလို ဖြစ်စေတယ်ဆိုတာ သိကြပါတယ်..။ အဆိုးဆုံးကတော့ ခုန်တက်လိုက်တဲ့သူဟာ အမှီသဟဲပြုစရာ ဘာမှမရှိတော့တာကြောင့်.. တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ ဒါမှမဟုတ် ဦးတည်ချက်ပြောင်းဖို့က လုံးဝ မဖြစ်နိုင်တော့တာပါပဲ..။ စွမ်းအားဆိုတာ ခြေဖဝါးအောက်မှာရှိတဲ့ မြေပြင်ကနေ စတင်မြစ်ဖျားခံပြီး တစ်ကိုယ်လုံးကို ဖြတ်သန်းကာ ဓားဖျားဆီကို ရောက်ရှိသွားတာ ဖြစ်တာကြောင့်.. ဒီလုပ်ရပ်က တကယ်တမ်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင်လည်း တားဆီးထားသလို ဖြစ်စေပါတယ်..။

ဒါပေမဲ့ အသည်းအသန် အခြေအနေတွေကတော့ အသည်းအသန် နည်းလမ်းတွေကိုပဲ တောင်းဆိုနေခဲ့တာပါ..။

ဆန်နီ အောက်ကို ထိုးဆင်းရင်းနဲ့ ကြွက်သားတွေကို အားစိုက်ပြီး လေးကို ဆွဲတင်လိုက်ပါတယ်..။ သူ့အနေနဲ့ လေထဲမှာ ဒီလိုလုပ်ဖို့က ပိုပြီးတော့တောင် ခက်ခဲတယ်ဆိုပေမဲ့.. တစ်နည်းနည်းနဲ့လုပ်ဆောင်နိုင်ခဲ့တယ်..။

လေပြင်းတွေက သူ့နားထဲမှာ တဝုန်းဝုန်းမြည်နေပြီး မြေပြင်က သူ့ဆီကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ချည်းကပ်လာချိန်မှာတော့.. သူက ဝိညာဉ်အဆီအနှစ် တံခါးတွေကို ဖွင့်ချလိုက်ပြီး တိုးမြှင့်မှု နှစ်ခုကို အသက်သွင်းလိုက်ပါတယ်..။

တစ်ခုက [မော်ဂန်ရဲ့ စစ်ပွဲလေး] ရဲ့ [သေဆုံးခြင်း ကုန်သည်] ပါ..။

နောက်တစ်ခုကတော့မြေအောက်ကမ္ဘာ ဝတ်ရုံတော် ရဲ့ [အမှန်တရားရဲ့ တောင်ပံ ] ဖြစ်ပါတယ်..။

အောက်ဘက်မှာတော့ သူတော်စင်က ပျက်ပြားခြင်းအဆင့် သားရဲ သုံးကောင်ကို အသည်းအသန် ရင်ဆိုင်နေရတုန်းပါပဲ..။ သူမရဲ့ ချပ်ဝတ်တန်ဆာက အက်ကြောင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး.. ပတ္တမြားမှုန်တွေကလည်း အက်ကြောင်းအချို့ကြားကနေ စီးကျနေခဲ့တယ်..။

ရန်သူတွေက ဒီခိုင်မာတဲ့ သူရဲကောင်း ကို ဝါးမြိုတော့မယ့် အခြေအနေကို ရောက်နေခဲ့ပါပြီ..။

ဒါပေမဲ့ အဲ့အချိန်မှာပဲ.. ရွှေရောင်နဲ့ သွန်းလုပ်ထားပုံရတဲ့ မြှားတစ်စင်းက လေထုကို ဖြတ်သန်းသွားခဲ့ပြီး..အိပ်မက်ဆိုး သားရဲတစ်ကောင်ရဲ့ ပခုံးဆီကို စိုက်ဝင်သွားခဲ့ပါတယ်..။ မြှားမှာ ပါလာတဲ့ ခွန်အားက ပြင်းထန်လွန်းတာကြောင့် သတ္တဝါရဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာက အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့ပြီး.. မြှားရဲ့ ထိပ်ဖျားက အောက်က အသားတွေထဲကို နစ်ဝင်သွားခဲ့ရတယ်..။

မဟုတ်ဘူး.. ဒါတင်မကသေးပါဘူး…။

သားရဲရဲ့ လက်တစ်ဖက်လုံးက ပခုံးအပိုင်းအစ အကြီးကြီးနဲ့အတူ ပြတ်တောက်သွားခဲ့တာပါ..။ အနက်ရောင် သွေးတွေက ဆီးနှင်းတွေပေါ်ကို ပန်းထွက်သွားခဲ့ပြီး ပျက်ပြားခြင်းအဆင့် သားရဲက ဟန်ချက်ပျက်ကာ နောက်ကို ယိမ်းထိုးဆုတ်ခွာသွားခဲ့ရတယ်..။ ဒီမြင်ကွင်းက ကြောက်စရာကောင်းသလို တစ်ဖက်မှာလည်း အံ့အားသင့်စရာ ကောင်းနေခဲ့တာပါပဲ..။

…ယင်းနောက် ခနအကြာမှာပဲ ဆန်နီက နောက်ထပ် အသံမဲ့ သားရဲတစ်ကောင်ပေါ်ကို အမြှောက်ဆန်တစ်စင်းလိုမျိုး ဆင်းသက်လိုက်ပါတယ်..။ ဒီတိုက်ခိုက်မှုမှာ နည်းစနစ် မှ မပါဝင်ပါဘူး… သူက ကိုယ့်ကိုယ်ကိုယ် အသက်ရှင်နေတဲ့ တော်ပီဒို ဒုံးကျည်တစ်စင်းအဖြစ် သတ်မှတ်လိုက်ရုံပါပဲ..။

[အမှန်တရားရဲ့ တောင်ပံ] အကူအညီနဲ့ [မြေအောက်ကမ္ဘာ ဝတ်ရုံတော်] ကို တန်ချိန်အနည်းငယ်လောက် လေးလံသွားစေပြီး ကမ္ဘာမြေဆွဲအားကို အသုံးချကာ..ကောင်းကင်ပေါ်ကနေ ထိုးဆင်းပြီး သူတော်စင်ကို တိုက်ခိုက်နေတဲ့ ပျက်ပြားခြင်းအဆင့် နတ်ဆိုးရဲ့ အပေါ်တည့်တည့်ကို တိုက်ရိုက် ဝင်တိုက်ချလိုက် ပါတယ်..။

ရလဒ်ကတော့… ကမ္ဘာပျက်မတတ်ပါပဲ..။

မြင့်မားတဲ့ သားရဲကြီးက လုံးဝ ပြားချပ်သွားတာမျိုး မဟုတ်ပေမဲ့.. ကတ်ထူပြားအိမ်တစ်လုံးလိုမျိုး လဲကျသွားခဲ့ရပြီး သူ့ရဲ့ ချပ်ဝတ်တန်ဆာတွေက ကွေးညွတ် ပျက်ဆီးသွားခဲ့ရတယ်..။ သူတို့နှစ်ယောက်လုံးက နားကွဲမတတ် အသံကြီးနဲ့အတူ မြေပြင်ပေါ်ကို ကျရောက်သွားခဲ့ပြီး ဆန်နီက အပေါ်က ဖြစ်နေခဲ့ပါတယ်..။ ပျို့အန်ချင်စရာကောင်းတဲ့ အက်ကွဲသံတစ်ခုနဲ့အတူ တစ်ခုခုက ကျိုးကြေသွားခဲ့ရတယ်..။ သူတို့အောက်က ကျောက်တုံးတွေက ပြင်းထန်စွာ အက်ကွဲသွားခဲ့ပြီး ရိုက်ချက်ကြောင့် ဆီးနှင်းမှုန်တွေက လေထဲကို ပျံတက်သွားခဲ့ကြပါတယ်..။

ဆန်နီကတော့ ဘေးကို လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်မှာ အကြိမ်အနည်းငယ် လှိမ့်သွားခဲ့ရပါတယ်..။ ဝီဗာအရိုးသာ မရှိရင် သူ့ရဲ့ လည်ပင်းက သဘာဝမကျတဲ့ ပုံစံအဖြစ် လိမ်ကောက်သွားလောက်ပါပြီ…။

‘…’

ဒါပေမဲ့ သူက အသက်ရှင်နေသေးပုံရပြီး.. အစိတ်အပိုင်းတွေလည်း စုံလင်နေတုန်းပါပဲ..။

‘…အား ’

ဒီလိုနဲ့.. တစ်စက္ကန့်ထက်နည်းတဲ့ အချိန်အတွင်းမှာတင် ပျက်ပြားခြင်းအဆင့် သားရဲ သုံးကောင်ထဲက နှစ်ကောင်က ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြပါတယ်..။ ဒါပေမဲ့လည်း…

ဒါက ဆန်နီရောက်ရှိလာခြင်းရဲ့ အစပျိုးမှုသက်သက်ပဲ ရှိပါသေးတယ်..။ ကံကောင်းထောက်စွာပဲ နောက်ထပ်ဖြစ်လာမယ့်အရာတွေက သူ့ရဲ့ တိုက်ရိုက်ပါဝင်မှုကို မလိုအပ်ခဲ့ပါဘူး..။သူက လက်ရှိအချိန်မှာ ဘာမှမလုပ်နိုင်သေးဘူးဆိုတော့ ဒါကလည်း ကောင်းမွန်တဲ့အချက်ပါပဲ..။ သူက စိတ်ကိုပြန်စုစည်းဖို့အတွက် တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်လောက် လိုအပ်နေသေးပါတယ်..။

…သုံးစက္ကန့်လောက်လည်း ဖြစ်နိုင်တာပါပဲ..။

သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အရိပ်နှစ်ခုက ရုတ်တရက် ခွဲထွက်သွားခဲ့တယ်..။ သူတို့ထဲက တစ်ခုက သူတော်စင်ကို ရစ်ပတ်လိုက်ပြီး.. ဒုတိယတစ်ခုကတော့ [အိပ်မက်ဆိုး] ဆီကို ပျံသန်းသွားခဲ့ပါတယ်..။

ခနအကြာမှာတော့ သူတော်စင်ရဲ့ ချပ်ဝတ်တန်ဆာက အနက်ရောင် တောက်ပမှုနဲ့အတူ လင်းလက်သွားခဲ့ပြီး.. သူမရဲ့ မျက်လုံးတွေထဲက ပတ္တမြားရောင် မီးတောက်တွေကလည်း အရောင်အနည်းငယ် ပြောင်းလဲသွားခဲ့တယ်..။ ဆန်နီက ခနလောက် မူးဝေနေခဲ့ပေမဲ့.. သူမကတော့ ဘာမှမဖြစ်ခဲ့ပါဘူး..။ထပ်ပြောရရင် သူမက တစ်စ​က္ကန့်လေးတောင် အချိန်မဖြုန်းပဲ.. သူ ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကို အသုံးချပြီး ရက်စက်တဲ့ တိုက်ခိုက်မှုကို ချက်ချင်း စတင်လိုက်ပါတယ်..။

နတ်ဆိုးက အသစ်ရရှိလာတဲ့ စွမ်းအားတွေကို ထုတ်ဖော်ရင်းနဲ့ တိတ်ဆိတ်နေတဲ့ ရှေ့ကို အရှိန်အဟုန်နဲ့ ပြေးဝင်သွားခဲ့တယ်..။ လမ်းပျောက်နေတဲ့ အိပ်မက်ဆိုး သားရဲတွေ မတုံ့ပြန်နိုင်ခင်မှာပဲ.. သူမက ဆန်နီ မြေပြင်ပေါ်ကို ဆောင့်ချထားခဲ့တဲ့ အသံမဲ့ သားရဲပေါ်ကို ခုန်အုပ်လိုက်ပါတယ်..။ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က လင်းလက်သွားခဲ့ပြီး ဒဏ်ရာရနေတဲ့ ချပ်ဝတ်တန်ဆာရဲ့ ကျယ်ပြန့်တဲ့ အက်ကြောင်းကြားထဲကနေ တိုးဝင်ကာ နတ်ဆိုးရဲ့ နှလုံးသားကို ထိုးဖောက်လိုက်တယ်။ပြီးတာနဲ့ သွေးမိုးတွေကြားထဲကနေပဲ ဓားက သားရဲ ရဲ့ ကျောပြင်ကနေ ပြန်လည်ထွက်ပေါ်လာခဲ့တယ်..။

ဆန်နီ မြေပြင်ကနေ ထဖို့ ရုန်းကန်နေရတုန်းမှာပဲ.. အခိုက်အတန့်ရဲ့ တီးတိုးရေရွတ်သံက ထွက်ပေါ်လာခဲ့တယ်..။

[သင်သည် ပျက်ပြားခြင်းအဆင့် နတ်ဆိုး ‘အသံမဲ့ ဘုန်းတော်ကြီး ’ ကို သတ်ဖြတ်နိုင်ခဲ့သည်..]

[သင့်အရိပ်က ပိုမိုသန်မာလာခဲ့ပါပြီ.]

[သင်သည် မှတ်သားမှုတစ်ခုကို ရရှိခဲ့သည်…]

ဒါက သူ စိတ်ပြန်လည်လာဖို့နဲ့ မူးဝေမှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်နေတဲ့ အရာပါပဲ..။ ကမ္ဘာကြီး ချာချာလည် နေတာက ရပ်တန့်သွားခဲ့ပါပြီ..။ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေပေမဲ့လည်း… ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား..။

[ရက်စက်သော မြင်ကွင်း] က မှောင်မိုက်တဲ့ အလင်းစက် တွေထဲကနေ ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်ပြီး.. လက်တွေ့ကမ္ဘာမှာ အကောင်အထည်ပေါ်လာဖို့ တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်လောက်ပဲ လိုပါတော့တယ်..။

ဝမ်းနည်းစရာကောင်းတာက.. သူ့မှာ အဲဒီအတွက် အချိန် မရှိပါဘူး..။

အနက်ရောင် လက်တစ်ဖက်က သူ့ဆီကို ဆန့်တန်းလာနေခဲ့ပြီ ဖြစ်ပြီး.. သားရဲ ရဲ့ ဖမ်းဆုပ်မှုက နာကျင်မှုနဲ့ သေခြင်းတရားကလွဲလို့ ဘာမှ ကတိမပေးထားပါဘူး..။ မင်ရည်လို အရေပြားရဲ့အောက်မှာတော့ တစ္ဆေဆန်တဲ့ အပြာရောင်အလင်းရောင်တွေက ရစ်ဝဲနေခဲ့ကြတယ်..။

အဲဒီလက်က ဆန်နီရဲ့ လည်ပင်းအစား.. [လအမြုတေ] ရဲ့ ဓားသွားနဲ့ ဆုံတွေ့သွားခဲ့ရပါတယ်..။ ရှည်လျားတဲ့ ဓားသွားက သားရဲရဲ့ လက်ဝါးကို ထိုးဖောက်သွားခဲ့ပြီး .. လိမ်ချိုးကာ ဆွဲဖြဲပစ်လိုက်တယ်..။ တစ္ဆေဆန်တဲ့ အလင်းရောင်တွေက ဒဏ်ရာထဲကနေ စီးကျလာပြီး မြင်သာတဲ့ ဓားသွားပေါ်ကို ကပ်ငြိသွားခဲ့ပေမဲ့.. ဘာထိခိုက်မှုမှ မပေးနိုင်ခဲ့ပါဘူး..။

တိုက်ပွဲရဲ့ စည်းချက်ကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ..။

အစောပိုင်းကတော့ သူတော်စင်က ပျက်ပြားခြင်းအဆင့် သားရဲ သုံးကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နေရတာပါ..။ အခုတော့ ဒီအထဲက နှစ်ကောင်ပဲ ကျန်တော့ပြီး.. တစ်ကောင်ကလည်း လက်တစ်ဖက် ပြတ်တောက်ကာ ကြောက်စရာကောင်းတဲ့ ဒဏ်ရာကနေ သွေးတွေ အဆက်မပြတ် စီးကျနေခဲ့ပါတယ်။

သူမက တစ်ယောက်တည်း မဟုတ်တော့ပါဘူး..။ ဆန်နီက သူမရဲ့ ဘေးနားမှာ ရှိနေခဲ့တယ်။

ပြီးတော့ သူတို့နှစ်ယောက်က…

ဆန်နီကတော့ သူတို့ကို ဆန့်ကျင်ဖို့ ရွေးချယ်မယ့် လူမိုက်တွေကို သနားနေမိခဲ့တယ်..။

ပျက်ပြားခြင်းအဆင့် သားရဲတွေက သန်မာပြီး ခြိမ်းခြောက်မှု ရှိနေပေမဲ့.. သူတို့မှာ မာစတာနဲ့ သူ့ရဲ့ အရိပ်တို့လို ကျွမ်းကျင်မှုနဲ့ ဇွဲလုံ့လမျိုး မရှိကြပါဘူး..။ သူတို့မှာ အရေးကြီးတဲ့ အရည်အချင်းတစ်ခုလည်း ကင်းမဲ့နေခဲ့ပါတယ်…။ အဲဒါကတော့ အစိတ်အပိုင်းတွေရဲ့ စုစည်းမှုထက် တစ်သားတည်းကျစွာ တိုက်ခိုက်ပြီး အဟန့်အတားမရှိ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်ပါပဲ..။

ဆန်နီနဲ့ သူတော်စင်ကတော့… အဲဒီအရည်အချင်းကို အပြည့်အဝ ပိုင်ဆိုင်ထားကြပါတယ်..။ သူတို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြတာကြောင့် သူတို့ကြားမှာ စကားလုံးတွေလိုမျိုး သာမန်အရာတွေတောင် မလိုအပ်ပါဘူး..။ ဆန်နီက သူ့ရဲ့ သစ္စာရှိတဲ့ နတ်ဆိုးမရဲ့ တိုက်ခိုက်ရေးဆန္ဒကို ပြီးပြည့်စုံစွာ နားလည်ဖို့အတွက် [အရိပ်ကခုန်ခြင်း ] ကိုတောင် အသုံးပြုစရာ မလိုခဲ့ပါဘူး..။ ဘာပဲဖြစ်ဖြစ် သူမက သူ့ရဲ့ အရိပ်ဖြစ်သလို.. သူ အများဆုံး သင်ယူခဲ့ရတဲ့ ဆရာတွေထဲက တစ်ယောက်လည်း ဖြစ်နေခဲ့လို့ပါပဲ..။

သူတော်စင်နဲ့ ကျောချင်းကပ် တိုက်ခိုက်ရတာက… အာ.. သူ ဒီခံစားချက်ကို လွမ်းနေခဲ့တာ ကြာပါပြီ..။ သူမက နောက်ပိုင်းမှာ အခြေအနေတွေအရ သီးခြားစီ လှုပ်ရှားခဲ့ရတာကြောင်.. တိုက်ပွဲထဲကို သူတို့ အတူတူ ဝင်ရောက်ခွင့်ရမယ့် အခွင့်အရေးက အတော်လေး ရှားပါးနေခဲ့ပါတယ်။

‘ဒီ တစ္ဆေ တွေကို မြန်မြန်သတ်ပြီး..အိပ်မက်ဆိုးကို သွားကူကြရအောင်…’

သူတို့နှစ်ယောက်က [ရက်စက်သော မြင်ကွင်း] နဲ့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] တို့ကို ဝှေ့ယမ်းရင်း..ပျက်ပြားခြင်းအဆင့် သားရဲတွေကို ရင်ဆိုင်လိုက်ကြတယ်..။

သူတို့က တိုက်ခိုက်ဖို့အတွက် အချိန်ဆွဲမနေကြတော့ပါဘူး..။

အပိုင်း ( ၉၁၉ ) ပြီး၏။

All Chapters